Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

 ၂၃.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ကုန်စည် စီးဆင်းမှုသည် တရုတ်နိုင်ငံမှ အများဆုံးဖြစ်
  1. ကမ္ဘာ့ရေနံဈေးအကြောင်းပြ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းကစား
  2. ရသေ့တောင်မြို့နယ်တွင်း အကြမ်းဖက်မှုကြောင့် လူ ၂၂ဦးအား မသင်္ကာမှုဖြင့် ဖမ်းဆီးထားကြောင်း သိရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများသို့ ကော်မရှင် အကြောင်းကြားစာပို့

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************

ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ကုန်စည် စီးဆင်းမှုသည် တရုတ်နိုင်ငံမှ အများဆုံးဖြစ်

မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသမှ တစ်ဆင့် တရားမဝင်ကုန်သွယ်စီးဆင်းမှု အများဆုံးနိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တရုတ်နယ်စပ်ကုန်သွယ်ရေး စခန်းများသည်လည်း ကုန်သွယ်မှုအများဆုံးဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

“မြန်မာနိုင်ငံထဲမှာရှိတဲ့ ကုန်စည်တစ်ဝက်ကျော်ကျော်လောက်က နယ်စပ်ဒေသကနေ ဝင်လာတာပါ။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စတဲ့ ကုန်သွယ်ရေးစခန်းတွေကလည်း ကုန်စည်တွေ ဝင်တယ်ဆိုပေမယ့် တရုတ်နိုင်ငံလောက်တော့ မများပါ ဘူး။ တရုတ်နိုင်ငံကတော့ တရားမဝင်ကုန်တွေများပါတယ်။ ကုန်သွယ်မှုအနည်းဆုံးကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်က မောင်တောနဲ့ စစ်တွေ ကုန်သွယ်ရေးစခန်းတွေဖြစ်ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးပစ္စည်းဈေးကွက်၌ တရုတ်မှတင်သွင်းသော ကြွေထည်ပစ္စည်းများမှာ အခြားပစ္စည်းများထက် ဈေးကွက်ကို ပိုမို လွှမ်းမိုးလျက်ရှိပြီး ဈေးနှုန်းမှာလည်း ချိုသာသည့်အတွက် တရုတ်ကြွေထည်များကိုသာ အများစု ဝယ်ယူသုံးစွဲလေ့ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းသို့ မကြာသေးမီက နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံမှ ကျန်းမာရေးထိခိုက်စေနိုင်မည့် ပြန်သုံးဆီများကို တင်ပို့ခဲ့ မှုများပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ဈေးကွက်အတွင်း ယင်း ပြန်သုံးဆီများကို ပြန်လည်တားမြစ်ပိတ်ပင်၍ နိုင်ငံပိုင်သတင်းစာများမှလည်း အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

“ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ ပုံစံမျိုးနဲ့ တရုတ်ကလုပ်နေတာတွေပါ။ သူတို့က မြန်မာပြည်သူတွေကို အစမ်းသပ်ခံသတ္တဝါတွေလို သဘောထားတာ။ သူတို့ဆီကပစ္စည်းတစ်ခုထုတ်လို့ သူတို့ အရင်မသုံးဘူး။ မြန်မာနိုင်ငံကို အရင်ပို့တာ။ စေတနာရှိလို့တော့မပာုတ်ဘူး။ ဒီမှာသုံးကြည့်လို့ ဘာမှမဖြစ်ဘူး အဆင်ပြေတယ်ဆိုမှာ သူတို့လူမျိုးတွေသုံးဖို့အတွက် ထုတ်တာ”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မကြာသေးမီကာလအတွင်းကလည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်စပါးကို တရုတ်နိုင်ငံအတွင်းသို့ တင်သွင်မခံဘဲ အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆိုနေမှုများအပေါ် ပြည်တွင်းသို့ ဝင်ရောက်လျက်ရှိသည့် တရုတ်သွင်းကုန်များကို ပိတ်ပစ်ခြင်းဖြင့် ပြန်လည်လက်တုန့်ပြန်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကမ္ဘာ့ရေနံဈေးအကြောင်းပြ၍ ပြည်တွင်းစက်သုံးဆီဈေးနှုန်းကစား

ကမ္ဘာပေါ်ရှိ နိုင်ငံတကာရေနံစိမ်း အတက်အကျဈေးနှုန်းများပေါ်မူတည်၍ မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်အချို့မှ ဈေးကစားမှု များ ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်းပုဂ္ဂလိကစက်သုံးဆီဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“နိုင်ငံတကာရေနံစိမ်း ဈေးနှုန်းတွေက တစ်နေ့နဲ့တစ်နေ့ မတူပါဘူး။ အတက်အကျ ဖြစ်ပေါ်နေတာပါ။ ဒါကိုအခွင့်ကောင်းယူပြီးတော့ ပြည် တွင်းက ပုဂ္ဂလိကဆီဆိုင်အချို့မှာ ဈေးကစားတာတွေလုပ်နေပါတယ်။ စက်သုံးဆီဆိုင်တွေက ပြန်ရောင်းချမယ့်သူတွေကိုပေးတဲ့ လက်ကားဈေးနှုန်းနဲ့ ပြည်သူတွေဆီကို ပြန်ဖြန့်ပေးတဲ့ လက်လီဈေးနှုန်းက မတူပါဘူး။ နည်းနည်းကွာပာနေပါတယ်”ပာု အထက်ပါပုဂ္ဂိလ်က ဆက်လက်ဆိုသည်။

ပြည်တွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်အချို့မှာ ကမ္ဘာ့ရေနံစိမ်း အတက်အကျဈေးကွက်ပေါ်မူတည်၍ နေ့စဉ် စက်သုံးဆီဈေးနှုန်း အပြောင်းအလဲ ပြုလုပ်ကာ ပြည်သူများထံသို့ ဝယ်ရင်းဈေးထက် ဈေးနှုန်းပိုမိုမြှင့်တင်၍ ရောင်းချလျက်ရှိပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းသွားသော်လည်း ပြည်တွင်းရှိ စက်သုံးဆီဆိုင်များမှ ပြည်သူများထံသို့ ရောင်းချသော ဈေးနှုန်းများမှာ လိုက်လံကျဆင်းသွားခြင်းမရှိကြောင်း သိရသည်။

“ကမ္ဘာရေနံစိမ်းဈေးနှုန်းတွေ တက်နေပြီဆို ဒါကို အကြောင်းပြပြီးလိုက်တက်တယ်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ကျသွားတော့လည်း သူတို့က လိုက်မကျဘူး။ ဒီကိစ္စကိုပြောတော့ ကျွန်တော်တို့က ချက်ချင်းကြီးချလို့မရသေးလို့ပါဆိုပြီး အကြောင်းပြတယ်။ သူတို့က ဒီလိုလုပ်နေတော့ ပြည်သူတွေ အရမ်းနစ်နာတာပေါ့”ပာု ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများထံသို့ ပေးသည့် လက္ကားဈေးနှုန်းမှာ ဒီဇယ်တစ်ပီပါလျှင် ကျပ် ၁၆၂၀၀၀ ရှိရာ ဂါလန်နှင့် တွက်ချက်ပါက တစ်ဂါလန်လျှင် ၃၂၄၀ နှုန်းသာ ကျသင့်မည်ဖြစ်သော်လည်း အများပြည်သူများ လက်လီဝယ်ယူရာတွင် ပြန်လည်ဖြန့်ဖြူးပေးသည့်ဈေးနှုန်းမှာ တစ်ဂါလန်လျှင် ကျပ် ၃၉၀၀ ကျပ်နှုန်းဖြင့် ပြန်လည်ဝယ်ယူရကြောင်း သိရသည်။

Ref:News Watch

--------------------------------------------------------------------------------------------------------------------------------

ရသေ့တောင်မြို့နယ်တွင်း အကြမ်းဖက်မှုကြောင့် လူ ၂၂ဦးအား မသင်္ကာမှုဖြင့် ဖမ်းဆီးထားကြောင်း သိရ

ဇွန်လ ၁၉ ရက်နေ့၌ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရခိုင်တိုင်းရင်းသား ၁၀ ဦး အကြမ်းဖက် သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာများမှ တရားခံများဟု မသင်္ကာမှုဖြင့် ၂၂ဦးတို့အား ဖမ်းဆီးထားကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သည့် ဒေသခံလူကြီးတစ် ဦး၏ ပြောပြချက်အရ သိရှိရသည်။

"အခုလောလောဆယ်တော့ ၂၂ယောက်ကို မသင်္ကာမှုနဲ့ ဖမ်းထားတယ်။ ပြီးတော့ နောက်ထပ် လူ ၃၀ ကိုလည်း စစ်ဆေးနေတယ်လို့ သိရ တယ်။ အသတ်ခံရလို့ သေသွားကြတဲ့ လူတွေရဲ့ ရုပ်အလောင်းတွေကို မြေမြှပ်ထားတယ်။ ပထမ ဖြစ်ဖြစ်ပြီးချက်ချင်း အသတ်ခံရသူတွေရဲ့ ရုပ်အလောင်း ကိုသွားတောင်တာ ၁၀ လောင်းမှာ တစ်လောင်းပဲ ပြန် ရတယ်။ အခုတော့ အားလုံးနီးပါး ပြန်ရပါပြီ။ တစ်ချို့အလောင်းတွေဆို မီးပါရှို့ခံထားရတယ်"ဟု ၎င်းက ဆိုသည်။

အဆိုပါ လူ ၁၀ ဦးအကြမ်းဖက်အသတ်ခံရခြင်းသည် ရသေ့တောင်မြို့နယ်ရှိ အောက်ငယ်ကျေးရွာအား ဘင်္ဂါလီများမှ ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် လူနေအိမ်များအား မီးရှို့မှုများ ပြုလုပ်ကြသောကြောင့် ရခိုင်တိုင်းရင်းသားများက မကျေနပ်၍ ပြန်လည်တိုက်ခိုက်ကြရာမှ စတင်ဖြစ်ပွား ခဲ့ပြီး ယင်းသို့ဖြစ်ပွားရာ၌ ဘင်္ဂါလီများ၏ လူဦးရေသည် ၄၀၀ နီးပါးခန့်ရှိကြောင်း သိရပြီး သေဆုံးခဲ့ကြသည့် ရုပ်အလောင်းများအား ဆရာဝန်များမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ဆက်လက်ပြောပြချက်အရ သိရှိရသည်။

ထို့ပြင် ဇွန်လတွင်း ပြီးခဲ့သည့်အပတ်ထဲ၌ မြန်မာပြည်တောင်ပိုင်းရှိ ရေးမြို့နယ် သဲခုံရွာသို့ ဆိုက်ကယ်ဝင်ရောက်လာသည့် ဘင်္ဂါလားဒေ့ရှ်လူမျိုး ၈၄ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ်ရှိ တရားရုံးတွင် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

ATM

*****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများသို့ ကော်မရှင် အကြောင်းကြားစာပို့

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ရိုပာင်ဂျာအကြမ်းဖက်မှုများနှင့် ပတ်သက်၍ လူထိနှင့် တိုက်ရိုက်ထိတွေ့ပောာပြောခြင်း၊ မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်းနှင့် ပါတီသဘောထား သတင်းထုတ်ပြန်ကြေညာခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများသို့ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်မှ ၂၀၁၂ ဇွန်လ ၁၈ ရက် နေ့စွဲဖြင့် အကြောင်းကြားစာများပေးပို့ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

“ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေထဲက ရခိုင်ပြည်က ရိုပာင်ဂျာအရေးမှာ စည်းရုံးပောာပြောတာတွေ၊ မီဒီယာတွေကို တစ်ဆင့်ပြောတာတွေ၊ ပါတီသဘောထားရပ်တည်ချက်တွေကို ထုတ်ပြန်ကြေညာခဲ့တဲ့ ပါတီတွေကို ကော်မရှင်က အကြောင်းကြားစာတွေ ပို့ထားပါတယ်။ ကျွန်တော်တို့ ပါတီ ထောင်တယ်ဆိုတာကလည်း ပြည်သူအတွက်ပါ။ ပြည်သူတွေအတွက် လုပ်တဲ့ကိစ္စကို အကြောင်းကြားစာတွေပို့တယ်ဆိုတော့ ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး”ပာု နိုင်ငံရေးပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ ပေးပို့ခဲ့သည့် အကြောင်းကြားစာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ အရ  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်း စောင့်ရှောက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေး၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ် ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ်  စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး၊ ဘာသာရေး ကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့ အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်း မပြုရေးဟူသော အချက်များကို နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျောက်ထားစဉ်ကပင် စောင့်ထိန်းလိုက်နာမည် ဖြစ်ကြောင်း ဝန်ခံချက်ပြုထားပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

                ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆ ကို ချိုးဖောက်ခွင့်မရှိကြောင်း၊ နိုင်ငံရေးပါတီဝင်တစ်ဦးစီ ချိုးဖောက်ခြင်းမရှိစေရန် ပါတီမှ ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ပုဒ်မ ၆ ပါဝန်ခံချက်များကို ချိုးဖောက်သူပါတီဝင်များအား ထုတ်ဖော်ခြင်းမရှိဘဲ တမင်ထိမ်ချန်ထားပါက ယင်းပါတီ အား နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းသည်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဆုံးဖြတ်သွားမည်ဖြစ် ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

Ref:Weekly Eleven

*****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“စက်မှုနိုင်ငံဖြစ်ရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ရည်မှန်းဆောင်ရွက်ရာမှာ အဓိကအလိုအပ်ဆုံးဖြစ်တဲ့ စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ အပြန်အလှန် ဆက်စပ်မှီခိုနေတာကြောင့် Energy Plan နဲ့ Industrial Development Plan တွေကို စနစ်တကျ ရေးဆွဲချမှတ်နိုင်မှသာ နိုင်ငံနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုများ၊ အလုပ်အကိုင်အခွင့်အလမ်းများကို တိုးတက်စီမံ ရေးဆွဲ နိုင်မှာဖြစ်ပါတယ်”

ဇွန် ၂၁ ထုတ် Popular News အတွဲ (၄) အမှတ် (၂၄) တွင် ပါသည့် “နိုင်ငံတော်၏ စွမ်းအင်ကိစ္စအရပ်ရပ်အတွက် အမျိုးသားလျှပ်စစ်စီမံကိန်း ရေးဆွဲ ဆောင်ရွက်သွားမည်ဟု သမ္မတပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “ရန်ကုန်က တော်တော်များများက ကချင်ပြည်နယ်အရေးအခင်းကို သိပ်မသိကြဘူး။ အထူးသဖြင့် လူငယ်တွေ ပိုသိလာအောင် အဓိကအရေးကြီးတဲ့၊ အထူးသဖြင့် မြန်မာပြည်မှာကျတော့ တိုင်းရင်းသား၊ ဗမာဆိုပြီးတော့ ကွဲတယ်လေ၊ ကျွန်မတို့ ဗမာတွေကလည်း တိုင်းရင်းသားတွေနဲ့ အတူတူရှိနေ ပါတယ်။ ဒါကြောင့် ဒီလို ဓာတ်ပုံပြပွဲတွေ လိုအပ်တယ်။ လူငယ်တွေက အဲဒီနေရာတွေကို သွားပြီးတော့ အတတ်နိုင်ဆုံး ဘယ်လိုကူညီနိုင်မလဲ၊ ဒါမျိုးတွေလုပ်သင့်တယ်ပေါ့၊ လူငယ်တွေအနေနဲ့ ဒီလို စစ်ပွဲတွေ ရပ်ပေးဖို့ တောင်းဆိုမှုတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်”

ဇွန် ၂၁ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၉၉) တွင်ပါသည့် “ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် အလွှာအသီးသီးမှ သဘောထားအမြင်များ” မှ မနန္ဒာထက် (Social Woker) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ရန်ကုန်မြို့မှာရှိနေတဲ့ ဓာတ်တိုင်တွေမှာ သွယ်ထားတဲ့ကြိုးတွေက ရှုပ်ထွေးပြီးမြင်လို့ကိုမကောင်းဘူး။ မြင်မကောင်းဘူးဆိုတာထက် မလိုလားအပ်တဲ့ လျှပ်စစ်အန္တရာယ်တွေက ပိုကြောက်ဖို့ကောင်းတယ်။ ပိုအန္တရာယ်ရှိတယ်။ အထူးသဖြင့် လျှပ်စစ်ဝန်ထမ်းတွေအတွက် ပိုအန္တရာယ်ရှိတာပေါ။ နဂိုကတည်း က စနစ်တကျ ရှင်းရှင်းလင်းလင်းနဲ့ ကြိုးတွေကိုလုပ်ထားရင် မလိုလားအပ်တဲ့ လျှပ်စစ်အန္တရာယ်တွေ ဖြစ်မလာတော့ဘူးပေါ့”

ဇွန် ၂၁ ထုတ် 7DAY NEWS အတွဲ (၁၁) အမှတ် (၁၅) တွင်ပါသည့် “သွယ်တန်းမှု စနစ်မကျခြင်းကြောင့် လျှပ်စစ်လုပ်သားအချို့ ဓာတ်လိုက်သေဆုံး နေရ” သတင်းမှ ရန်ကုန်မြို့နေ ပြည်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**********************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၂၂) ကိုပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ မြို့ရွာစီမံကိန်းဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင်
အဓိကအခက်အခဲမှာ မြေကစားမှုဖြစ်ကြောင်း သမ္မတ ပြော ကြား
၂။ ကျန်ရှိ နိုင်ကျဉ်းများအား ဇူလိုင်လအတွင်း ပြန်လည်လွှတ်ပေးမည်ဟုဆို
၃။ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် မြန်မာပြည်သူပြည်သားများ ဂုဏ်ယူလျက်ရှိ
၎။ ၈၈ မျိုးဆက်ကျောင်းသားများနှင့် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတွေ့ဆုံ
၅။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်ပြည်သူများကို ပြန်တရားစွဲရန်ကြံ
၆။ စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင် ရပ်ကွက် ပြောင်းရွှေ့
၇။ ရသေ့တောင်မြို့နယ်တွင်း အကြမ်းဖက်မှု ဖြစ်ပွားပြီး လူဦးရေ ၁၂ဦးခန့်သေဆုံး
၈။ The Voice Weekly အမှု အခြေခံဥပဒေ ခုံရုံးတင်စရာမလိုဟု ဆုံးဖြတ်
၉။ မြန်မာ့ဆန် တရုတ်လက်မခံခြင်းအား တရုတ်သွင်းကုန်ပိတ်ပစ်ခြင်းဖြင့်
လက်တုန့်ပြန်တော့မည်
၁၀။ မန္တလေးမြို့၌ နိုင်ငံကူးလက်မှတ်ရုံးခွဲတစ်ခု ထပ်မံဖွင့်လှစ်မည်
စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ
သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်
ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာလားဘားမားလား

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာလားဘားမားလား

မောင်အံ့ (မဟာဝိဇ္ဖာ-ဘုံဘေ)

(ဇွန် ၂၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၃၂) မှ ထုတ်ယူဖော်ပြသည်)

မြန်မာတို့သည် နိုင်ငံကို မြန်မာနိုင်ငံဟူ၍လည်းကောင်း၊ လူမျိုးကို မြန်မာလူမျိုးဟူ၍လည်းကောင်း ခေါ်ဆိုသုံးနှုန်းခဲ့ကြသည်မှာ နှစ်ပေါင်း ထောင်ချီ၍ ကြာမြင့်ခဲ့လေပြီ။ အိမ်နီးချင်းဖြစ်သောတရုတ်လူမျိုးများက (မြန်) ဟူ၍ စကားလုံးတစ်လုံးတည်းဖြင့် ခေါ်ဆိုသုံးနှုန်းကြသည်။ တိဗက်လူမျိုးများ ကလည်း ကျွန်ုပ်တို့ကို ‘မြန်’ ဟူ၍ ခေါ်ဆိုကြသည်။

သို့ရာတွင် အန္ဒိယနိုင်ငံသားများက ကျွန်ုပ်တို့ကို (ဗြဟ္မာ(ဗရမာ)= ဗားရမား) ဟူ၍ ခေါ်ဆိုသုံးနှုန်းကြသည်။ မြန်မာနိုင်ငံကို ဗရမားဒေးရှ်ဟူ၍ ခေါ် ဆိုပြီး မြန်မာနိုင်ငံသားတို့ကို (ပရမားဒေးရှီး) ဟူ၍ ခေါ်ဆိုကြသည်။ အဆိုပါ အိန္ဒယနိုင်ငံသားများမှတစ်ဆင့် အင်္ဂလိပ်လူမျိုးများက ကျွန်ုပ်တို့ကို (ဘားမား) (Burma) ဟူ၍ ခေါ်ဆိုပြီး ဂျာမန်လူမျိုးများက အင်္ဂလိပ်ထံမှတစ်ဆင့် (ဗူးရမား) ဟူ၍ ခေါ်ဆိုကြသည်။ ဂျပန်လူမျိုးများက (ဘိရှုမာ) ဟူ၍ ခေါ်ဆိုကြသည်။ ထိုင်းလူမျိုးများက (ဖမ) ဟူ၍ ခေါ်ဆိုကြသည်။

ထို့ကြောင့် (မြန်မာ) ဟူသောဝေါဟာရနှင့် (ဗမာ) ဟူသောဝေါဟာရဟာ နှစ်မျိုးကွဲပြားလာခဲ့သည်။ ယင်းဝေါဟာရနှစ်မျိုးအနက် (မြန်မာ) ဟူ သောဝေါဟာရမှာ နှစ်ပေါင်းထောင်းချီ၍ ကြာမြင့်ခဲ့ပြီးဖြစ်သည်။ ပုဂံခေတ်ကျောက်စာများ၌ မြန်မာဟူ၍သာ သုံးနှုန်းရေးထိုးခဲ့ကြသည်။ အင်းဝခေတ်တိုင် အောင် ဗမာဟူသောဝေါဟာရအသုံးအနှုန်း မပေါ်ခဲ့သေးချေ။

အန္ဒိယနိုင်ငံသားစကားပြန်များမှ တစ်ဆင့်ရရှိသော (ဘားရမား) ဟူသောအသုံးအနှုန်းကို အင်္ဂလိပ်များက တွင်ကျယ်စွာသုံးနှုန်းခဲ့သဖြင့် (Burma) ဟူသောအသုံးအနှုန်းသည် ကမ္ဘာသို့ ပြန့်နှံ့သွားခဲ့သည်။

လွတ်လပ်ရေးရသောအခါ နိုင်ငံအကြီးအကဲဖဆပလခေါင်းဆောင်များက ကျွန်ုပ်တို့နိုင်ငံ၏ တရားဝင်ရုံးသုံးအမည်နာမကို (ပြည်ထောင်စု မြန်မာနိုင်ငံတော်) ဟူ၍ နိုင်ငံတော်တံဆိပ်အတွင်း၌ စာတန်းထိုး၍ အတည်ပြုသုံးနှုန်းခဲ့ကြသည်။ သို့ရာတွင် အင်္ဂလိပ်ဘာသာဝေါဟာရအတိုင်း (ဘား မား) ဟူ၍ အတည်ပြုသုံးနှုန်းခဲ့သည်။

ယင်းBurma  ဟူသော အသုံးအနှုန်းမှာ အခြေခံဥပဒေနှင့်အညီ ပြဋ္ဌာန်းထားသော (မြန်မာ) ဟူသောဝေါဟာရကို တိုက်ရိုက် အသံပြောင်း လဲခြင်း (Direct Transcription) မဟုတ်သဖြင့် တိုက်ရိုက်အသံထွက် ပြောင်းလဲခြင်း၊ (အက္ခရာ) ပြောင်းလဲခြင်းနည်းကို အသုံးပြု၍ (မြန်မာ) (Myanmar) ဟူ၍ တပ်မတော်အစိုးရ (န.ဝ.တ) က ပြောင်းလဲသုံးစွဲလိုက်သည်။

ထိုအခါ အင်္ဂလိပ်တို့၏ ဝေါဟာရ (ဗားမား)ကို အစွဲအလမ်းကြီးနေသော လူငယ်တစ်ချို့က ဒီလိုသာ ဗထက်ခြိုက်ကို (မ) ပြောင်းတမ်းဆိုရင် (ဗုဒ္ဓကိုလဲ=မုဒ္ဓလို့ပြောင်းပါတော့လား)ဟူ၍ မကျေမနပ်ထုတ်သံကို ကြားလိုက်ရဖူးပါသည်။

အမှန်စင်စစ် မြန်မာလူမျိုး၊ မြန်မာနိုင်ငံ၊ မြန်မာပြည်ဟူ၍ စတင်ခေါ်ဝေါ်သုံးစွဲမှု ဖြစ်ပေါ်လာပုံမှာ ပျူလူမျိုးအများစုနေထိုင်သော သရေခေတ္တရာ တိုင်းပြည်ကြီး ဖရိုဖရဲပြိုကွဲပျက်စီးသွားသောအခါ ဗျူ၊ ကမ်းယံ၊ သက် အုပ်စုသုံးစုကွဲသွားပြီးလျှင် (ကမ်း၊ ယံ) သည် ရခိုင်လူမျိုးဖြစ်သွားခဲ့၍ (သက်) မှာ စစ်တကောင်းတောင်တန်းတစ်လျှောက် (မစ္ဆဂီရိ) တိုင်းပြည်ဟူ၍ ဖြစ်ပေါ်လာခဲ့ကြသည်။

ပျူလူမျိုးအုပ်စုသည် ပုဂံဒေသသို့ ရောက်ရှိပြီးရွာကြီး ၁၉ ရွာကို စုပေါင်းပြီး တိုင်းပြည်တည်ထောက်ခဲ့ကြောင်း ယင်းသောအခါ လူမျိုးစု ခေါင်းဆောင် ထက်မြက်သူတစ်ဦးကို အကြီးအကဲဘုရင်မင်းအဖြစ် တင်မြှောက်ကြသည်။ ယင်းအကြီးအကဲကို (သမ္မုတိရာဇာ) (ပြည်သူအများကတင် မြှောက်သော ဘုရင်) ဟူ၍ အဓိပ္ပယ်ရသည်။ ထိုဘုရင်ကို (သမ္မုတိရာဇ်) (သမုဒ္ဒရာဇ်) မင်းဟူ၍လည်း ခေါ်ဆိုကြသည်။ အဆိုပါ သမုဒ္ဒရာဇ်မင်းကြီးသည် တိုင်းသစ်ပြည်သစ် နိုင်ငံသစ်တည်ထောင်ရာ၌ မိမိနိုင်ငံအတွင်း လူမျိုးစုအသီးသီးကွဲပြားနေသည်ကို မလိုလားသဖြင့် နိုင်ငံတွင်းရှိ လူမျိုးအားလုံးကို (လျင် မြန်-သန်မာ-သောလူမျိုး)ဟူ၍ အဓိပ္ပယ်ဖြင့် (မြန်မာ) ဟူ၍ မှည့်ခေါ်လိုက်လေသည်။ မြန်လည်းမြန်သည်။ မာရေကျောရေလည်းရှိသည်။ ထိုကြောင့် နိုင်ငံ အတွင်းရှိလူမျိုးအားလုံးသည် မြန်မာလူမျိုးဖြစ်ကြ၍ နိုင်ငံသည်လည်း မြန်မာနိုင်ငံဟူ၍ ဖြစ်ပေါ်လတော့သည်။

ဤကဲ့သို့ အတိတ်ကောင်း၊ နိမိတ်ကောင်းအနက်အဓိပ္ပယ်နှင့် ပြည့်ဝသော မင်္ဂလာအပေါင်းခညောင်းသော အမည်နာမအသစ်ဖြင့် တိုင်းသစ်၊ ပြည်သစ်၊ လူမျိုးသစ်အဖြစ် တည်ထောင်ခဲ့သည်ကို အစွဲပြု၍ ပုဂံခေတ်ကျောက်စာများ၌ မြန်မာလူမျိုး၊ မြန်မာပြည်ဟူ၍ ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။ ကျွန်ုပ်တို့ မြန်မာများ၏ ယဉ်ကျေးမှုအစဉ်အလာ၊ မျိုးရိုးအစဉ်အလာကို မသိသူများ (သိသော်လည်း မြန်မာ့အစဉ်အလာ မြန်မာ့ယဉ်ကျေးမှုကို လက်မခံလို သော ပယ်ဖျက်လိုသောလူအချို့သည် မြန်မာလူမျိုး၊ မြန်မာပြည်၊ မြန်မာနိုင်ငံဟူသော မြန်မာအသုံးအနှုန်းကို မသုံးနှုန်းဘဲ ကိုလိုနီနယ်ချဲအင်္ဂလိပ်များ အမည်ပေးသုံးစွဲခဲ့သော (ဗားမား) (Burma) ဟူသောဝေါဟာရကိုသာ သည်းခြေခြိုက် စွဲလမ်းနှစ်သက်စွာ ဆက်လက်သုံးစွဲနေကြလေတော့သည်။

ဤတိုင်းပြည်နှင့် ဤနိုင်ငံသားအားလုံးတို့ကို (မြန်မာ- Myanmar) အခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းချက်အရ ကုလသမဂ္ဂသို့ အမည်စာရင်း ပေးသွင်းရာ၌ ယခင်ကရေးသားခဲ့သော (ဗားမား) (Burma) ဟူသောအမည်အစား (မြန်မာ) (Myanmar) ဟူ၍ အမည်သစ်တင်သွင်းခဲ့သည်ကို ကုလ သမဂ္ဂအဖွဲ့ကြီးက အတည်ပြု သုံးစွဲလျက်ရှိပေသည်။ သို့ရာတွင် အင်္ဂလိပ်၊ အမေရိကန်အုပ်စုနှင့် ယင်း၏ သြဇာခံသတင်းစာများ၊ အသံလွှင့်ဌာနများကမူ ကျွန်ုပ်တို့ဥပဒေနှင့် အညီ အတည်ပြုထားသော (မြန်မာ) ဟူသောဝေါဟာရကို လုံးဝမသုံးစွဲဘဲ (ဗားမား) ဟူ၍သာ ခေါင်းမာစွာ အစွဲကြီးလွန်းစွာ သုံးနှုန်း ပြောဆိုလျက်ရှိကြသည်။

အင်္ဂလိပ်တို့သည် သီဟိုဋ္ဌ်နိုင်ငံကို ယခင်က စီလုံ (Celon) ဟု ခေါ်ဆိုခဲ့ကြသော်လည်း လွတ်လပ်ရေးရသောအခါ သီရိလင်္ကာ (Srilanka) ဟူ၍ အမည်ပြောင်းလိုက်သည့်အတိုင်း လိုက်နာ ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။ ၁၉၅၆ ခုနှစ် ဆဋ္ဌသဂါင်္ယနာ တင်ပြီးသည့်အချိန်ထိ ယိုးဒယားနိုင်ငံကို စီယမ် (SIAM) ဟူ၍ သတ်မှတ်သုံးစွဲခဲ့သော်လည်း နောက်ပိုင်းတွင် စီယမ် (SIAM) ဟူသောအမည်ကိုဖျောက်၍ ထိုင်းလင်း/ ထိုင်းနိုင်ငံ (Thaialnd) ဟူသော အမည်သစ်ပြောင်းလိုက်သည်ကို အင်္ဂလိပ်၊ အမေရိကန်တို့သည် ကျေနပ်စွာ လိုက်နာသုံးနှုန်းခဲ့ကြသည်ကို တွေ့ရှိရပေသည်။

သို့ရာတွင် ကျွန်ုပ်တို့နိုင်ငံ၏ အမည်ကို (ဘားမား) (Burma) ဟူသောဝေါဟာရမှ (မြန်မာ) (Myanmar) ဟူ၍ အခြေခံဥပဒေဖြင့် ပြောင်းလဲသတ် မှတ် ပြဋ္ဌာန်းလိုက်သည်ကို အဘယ်ကြောင့် လက်မခံနိုင်ရပါသနည်။ ကျွန်ုပ်တို့လူမျိုးနှင့် ကျွန်ုပ်တို့နိုင်ငံသည် နှစ်ပေါင်း (၆၀)ကျော် လွတ်လပ်ရေးရပြီးဖြစ် သော်လည်း အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတစ်ခုဖြစ်နေပြီဆိုသည်ကို ဘဝင်မကျ အသိအမှတ်မပြုနိုင်ဘဲ (တချိန်တစ်ခါက ငါတို့ရဲ့ ခြေဖဝါး အောက်မှာနေခဲ့ရပြီး မျက်နှာဖြူတို့ရဲ့ မျက်နှာတော်ကိုမော်၍မျှမကြည့်ရဲသော ဒီတိုင်းပြည်၊ ဒီလူမျိုးက မင်းတို့ပြောင်းချင်းရာပြောင်းလို့မရဘူး၊ ငါပေးထား တဲ့နာမည်ပဲ ဆက်လက်ခံယူရမည်) ဟူ၍ စွဲလမ်းနေပုံရသည်။

ထို့ကြောင့် အသင်စာရှု့သူအနေဖြင့် ဤနိုင်ငံသည် မြန်မာ(Myanmar)လော၊ ဘားမား(Burma)လော သင်ကိုယ်တိုင် ကြိုက်နှစ်သက်ရာ ဆုံးဖြတ်ပါလော့။

(မြန်မာမင်းသားကြီး (ဝန်ထောက်မင်း) ဦးမောင်မောင်တင် ရေးသားပြုခဲ့သော ရွှေနန်းသုံးဝေါဟာရအဘိဓာန် စာမျက်နှာ-၂၅၇-၈)

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs