Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၅.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပြီးတွင် ဗြိတိသျှကုန်သွယ်ရေးမစ်ရှင် မြန်မာနိုင်ငံသို့လာမည်

(Business Daily မှ 22 June 2012 ရက်စွဲပါ "Burma trade mission follows Suu Kyi visit" ကို ဘာသာပြန်ဆိုသည်။)

  1. အိန္ဒိယ United Bank မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးဖွင့်မည်

( The Hindu Business Line မှ 22 June 2012 ရက်စွဲပါ “United Bank to set up office in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

  1. လာမည့်လတွင် သတ္တုတွင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

(Bernama News မှ 23 Jun 2012 ရက်စွဲပါ “Myanmar to hold Mining Summit next month”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ဂျပန်ကုမ္ပဏီများအတွက် ဂျပန်ဘဏ်များ ပံ့ပိုးရန်ပြင်ဆင်

(23 June 2012 ရက်စွဲပါ Japan Times မှ Banks step up support for moves into Myanmar ကိုဘာသာပြန်ဆိုသည်)

****************************************************************

ဘာသာပြန်သတင်းများ        

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပြီးတွင် ဗြိတိသျှကုန်သွယ်ရေးမစ်ရှင် မြန်မာနိုင်ငံသို့လာမည်

(Business Daily မှ 22 June 2012 ရက်စွဲပါ "Burma trade mission follows Suu Kyi visit" ကို ဘာသာပြန်ဆိုသည်။)

ဗြိတိန်နိုင်ငံ UKTI စီးပွားရေးသံတမန်များ အုပ်စု၏ ဥက္ကဌ လောဒ့်မာလန်သည် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ နောက်လတွင် သွားရောက်မည်ဟု သိရှိရသည်။

ပြီးခဲ့သောဧပြီလတွင် EU Sanctions အချို့ တစ်စိတ်တစ်ပိုင်းရုတ်သိမ်း၍ မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံကုန်သွယ်မှု တားမြစ်ထားသည့် ဗြိတိန်၏ ယခင်မူဝါဒကို ရုတ်သိမ်းပေးပြီးနောက်ပိုင်း ပထမဆုံးသွားရောက်မည့် ဗြိတိသျှကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဖြစ်သောကြောင့် လော့ဒ်မာလန်၊ UKTI CEO နစ်စ်ဘိုင်းတို့နှင့်အတူ ဗြိတိသျှကုမ္ပဏီများ လိုက်ပါရန် စီစဉ်နေကြသည်။

ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး လော့ဒ်ဂရင်းက "UK စီးပွားရေးလုပ်ငန်းတွေဟာ လူမှုဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိမှု၊ တာဝန်သိမှုကို အားပေးမြှင့်တင်တဲ့နေရာမှာ အကောင်းဆုံးတာဝန်ယူ ဆောင်ရွက်တက်တယ်ဆိုတာကို ကုန်သွယ်ရေးမစ်ရှင်မှာပါဝင်တဲ့ ကုမ္ပဏီ တွေက ပြသကြ ပါလိမ့်မယ်"ဟု ပြောကြားသည်။

"အထူးသဖြင့် မှန်ကန်တိကျတဲ့ ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုနဲ့ ပွင့်လင်းမြင်သာရှိမှုကို တိုးတက်လာစေဖို့အတွက် ယူကေနိုင်ငံဟာ မြန်မာအစိုးရနဲ့ အတူ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမှာဖြစ်ပါတယ်"ပာု လော့ဒ်ဂရင်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ကြီးထွားဖွံ့ဖြိုးမည့်အလားအလာများ၊ ကြွယ်ဝသောသယံဇာတများနှင့် ပျိုမြစ်သော လုပ်သားအင်အားစုတို့ဖြင့် ပြည့်စုံသော နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံမှ အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လတ်တလော ဗြိတိန်နိုင်ငံသို့ ရောက်ရှိကာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများ၏ အရေးကြီးပုံကို ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် ယခု ဗြိတိသျှကုန်သွယ်ရေး မစ်ရှင်အဖွဲ့သွားရောက်မည့် အစီအစဉ် ထွက်ပေး လာခြင်း ဖြစ်သည်။

                                        *********************************

အိန္ဒိယ United Bank မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးဖွင့်မည်

( The Hindu Business Line မှ 22 June 2012 ရက်စွဲပါ “United Bank to set up office in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယဘဏ်လုပ်ငန်း United Bank of India သည် ရန်ကုန်မြို့တော်တွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် မြန်မာနိုင်ငံဗဟိုဘဏ်ထံမှ ခွင့်ပြုချက် ရရှိသွားပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင် ရုံးဖွင့်ထားသည့် ပထမဆုံး အိန္ဒိယဘဏ်ဖြစ်လာမည်ဟု ဘဏ်ကထုတ်ပြန်သော ကြေညာ ချက်တွင် ဖေါ်ပြထားသည်။

ထိုသို့ မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးဖွင့်ရန်အတွက် RBI ၏ ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးဖြစ်သည်ဟု ဘဏ်အုပ်ချုပ်မှု ဒါရိုက်တာ ဒီပါတ်နာရန်းကပြောကြားသည်။

ရန်ကုန်မှာဖွင့်မယ့် ကိုယ်စားလှယ်ရုံးဟာ ငွေကြေးလွှဲပြောင်းမှုတွေကိုတော့  လုပ်ပေးနိုင်ဦးမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့ ဘဏ်ခွဲတွေထဲမှာ ပါဝင်သွားပြီဆိုရင်တော့ ကျွန်တော်တို့ဘဏ်ကနေဆောင်ရွက်သွားမှာပါ”ဟု ၎င်းကဆိုသည်။

                                                    ************************************

လာမည့်လတွင် သတ္တုတွင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

(Bernama News မှ 23 Jun 2012 ရက်စွဲပါ “Myanmar to hold Mining Summit next month”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်လုပ်ကိုင်မှုများကို အားပေးရန် ရည်ရွယ်ကာ သတ္တုရှာဖွေတူးဖော်မှုဆိုင်ရာဆွေးနွေးပွဲကို လာမည့် လတွင် ကျင်းပမည်ပာု ဆင်ပွာာက သတင်းကဆိုသည်။

ဇူလိုင် ၂၃ မှ ၂၅ အထိ ကျင်းပရန် စီစဉ်ထားသော သတ္တုတွင်းဆွေးနွေးပွဲသို့ သတ္တုတွင်းနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ ဝန်ကြီးဌာန တာဝန်ရှိသူများ၊ ဘူမိနည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ၊ နိုင်ငံခြားသတ္တုတူးဖော်ရေး ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ ပါဝင်တက်ရောက် ကြမည်ပာု သိရသည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ သတ္တုတွင်းဆိုင်ရာ ဥပဒေသစ်များကို ဆွေးနွေးကြလိမ့်မည်ပာု မျှော်လင့်ရသည်။

                                                    *************************************

မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ဂျပန်ကုမ္ပဏီများအတွက် ဂျပန်ဘဏ်များ ပံ့ပိုးရန်ပြင်ဆင်

(23 June 2012 ရက်စွဲပါ Japan Times မှ Banks step up support for moves into Myanmar ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ အဓိကဘဏ်သုံးခုသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန်ပြင်ဆင်နေသော ဂျပန်ကုမ္ပဏီများအားကောင်းစေရန် ပံ့ပိုးမှုများ ပြုလုပ် ပေးလျက်ရှိသည်။

ဧပြီလက Bank of Tokyo-Mitsubishi UFJ သည် ရန်ကုန်တွင် အကြီးအကဲတစ်ဦး အချိန်ပြည့်ရုံးထိုင်လိုက်သည်။ ယခင်က ၎င်း၏ ဒက္ကားမြို့တွင်းရှိ ကိုယ်စားလှယ်ရုံးမှ အကြီးအကဲက ရန်ကုန်ရုံးကို ပူးတွဲကိုင်တွယ်ခဲ့သည်။

ထို့နောက် အဆိုပါ ဘဏ်ကြီး၏ ရန်ကုန်ရုံးသည် ၎င်း၏ မျှော်လင့်၍ရနိုင်သော ဖောက်သည်ကုမ္ပဏီ(၁၅၀)ခန့်ကို မြန်မာနိုင်ငံသို့ ဝင်ရောက် အကြံ ပြုခဲ့သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုအခြေခံရာတွင် စရိတ်နည်းခြင်းကြောင့် ပို၍ဆွဲဆောင်မှုရှိလာခဲ့သည်။

အဆိုပါ ရန်ကုန်ရုံးသည် လာမည့်မတ်လအထိ ကုမ္ပဏီ(၆၀၀)ခန့်အထိအား အကြံဉာဏ်ပေးခြင်း၊ ထောက်ပံ့ကူညီခြင်း၊ ဝန်ဆောင်မှုများ အဆို ပြုခြင်းများ ပြုလုပ်ပေးနိုင်ရန် မျှော်လင့်နေပြီး ပြီးခဲ့သည့်နှစ်ကထက် သုံးဆခန့် ပိုမိုလုပ်ဆောင်နိုင်မည်ပာု ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်း၏ အဖွဲ့ဝင်များကလည်း မြန်မာနိုင်ငံတွင် ဖောက်သည်များအား ဝန်ဆောင်မှုပေးခြင်းများ တိုးမြှင့်ရန် ပြင်ဆင်လျက်ရှိသည်။

Mizuho Corporate Bank ကလည်း ဧပြီလတွင် ရန်ကုန်တွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခဲ့သည်။ Sumitomo Mitsui Banking Corp ကလည်း ကမ္ဘောဇဘဏ်နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် နည်းပညာအကူအညီများပေးရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

Sumitomo Mitsui သည် ကမ္ဘောဇဘဏ်နှင့် မပာာမိတ်ပြုရန် စဉ်းစားလျက်ရှိသည်ပာု သတင်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ(၆၂)သန်းရှိသောကြောင့် ဂျပန်ကုမ္ပဏီများအတွက် ထုတ်လုပ်မှု အလားအလာကောင်းများရှိပြီး စားသုံးသူဈေးကွက် သစ်ကြီးလည်းဖြစ်သည်။

“နေ့စဉ်သုံးပစ္စည်းတွေ၊ အစားအသောက်နဲ့ ဆောက်လုပ်ရေး စက်ပစ္စည်းတွေလိုအပ်ချက်တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်”ပာု Tokyo-Mitsubishi UFJ မှ ရန်ကုန်ရုံးအကြီးအကဲ Ritsuo Fukadai ကပြောသည်။ ၎င်း၏ ရုံးသည် ဖောက်သည်များအား ထုတ်လုပ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သော သတင်းများပေးလျက်ရှိသည်ပာုဆိုသည်။

သို့သော် Fukadai ကပြောကြားရာတွင် ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် အပြည့်အဝရင်းနှီးမြှုပ်နှံခြင်းပြုလုပ်ရန် သုံးနှစ်မှ ငါးနှစ် စောင့်ရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပေးငွေစာရင်းလွှဲပြောင်းခြင်းစနစ်၊ လျှပ်စစ်စွမ်းအင်ကွန်ရက်များ အပါအဝင် အခြေခံ အဆောက်အဦး များ တိုးတက်ရန် စောင့်ရခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

                        ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၅.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကုန်သွယ်မှုတားမြစ်သည့်ကြားမှ အမေရိကန်ပစ္စည်းတွေ မြန်မာကိုဘယ်လိုရောက်

(Global Post မှ 20 June 2012 ရက်စွဲပါ "Myanmar: How American products slip through sanctions" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဒေါ်အောင်ဆန်းစုကြည်လည်း အသွင်ကူးပြောင်းမှု လုပ်ရမည်

(20 June 2012 ရက်စွဲပါ Wall Street Journals မှ Vikram Nehru ရေးသားသော Aung San Suu Kyi must transition too ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများရေနံ၊ ဓါတ်ငွေ့ ရှာဖွေရန် သဘောတူလက်မှတ်ထိုး

(AFP News မှ 21 June 2012 ရက်စွဲပါ “Myanmar inks oildeals with foreign firms”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ကုန်သွယ်မှုတားမြစ်သည့်ကြားမှ အမေရိကန်ပစ္စည်းတွေ မြန်မာကိုဘယ်လိုရောက်

(Global Post မှ 20 June 2012 ရက်စွဲပါ "Myanmar: How American products slip through sanctions" သတင်းကို ဘာသာပြန်ဆိုသည်။)

အနောက်နိုင်ငံ ကုန်ပစ္စည်းထုတ်လုပ်သူများက မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ရှောင်ရှားခဲ့ကြသော်လည်း ယခုအခါ ကိုကာကိုလာကို မြန်မာနိုင်ငံသားများ တရားဝင်သောက်သုံးနိုင်တော့မည်။ သို့သော် ယခင်ကလည်း ယင်းအတားအဆီးများကို ကုမ္ပဏီများက အလွယ်တကူ ရှောင်ကွင်းနိုင်ခဲ့ကြသည်။

အရှေ့တောင်အာရှ တံခါးပိတ်၊ အမှောင်ချ၊ အထီးကျန်နိုင်ငံ၌ ကိုကာကိုလာ နှစ်ပေါင်း ၆၀ ခန့် လစ်ဟာနေခဲ့ပြီး နောက်တွင် ယင်းနိုင်ငံ ဈေးကွက်သို့ ဝင်တော့မည်ဟု ကမ္ဘာ့အကြီးဆုံးအချိုရည် ကုမ္ပဏီကြီးက မကြာမီက ထုတ်ပြန် ကြေညာလိုက်ခြင်းသည် သံစဉ်ချိုသတင်းစကားတစ်ခုပင် ဖြစ်သည်။

ယခင်က Burma ဟုသာ ခေါ်ဝေါ်ကြသော မြန်မာနိုင်ငံ၏ ဈေးကွက်သို့ဝင်တော့မည့် ဆုံးဖြတ်ချက်ကို ကြေညာရာတွင် ဒရာမာတစ်ပိုဒ်သီကျူးခွင့် ကို ကိုကာကိုလာစီအီးအိုက လက်လွတ်မခံပဲ အသုံးပြုသွားသည်။ "ဘာလင်တံတိုင်း ပြိုကျသွားသည့် ဂျာမနီ၊ အမေရိကန်တို့နှင့် ပြန်လည်ပေါင်းဖက်ခဲ့သည့် ဗီယက်နမ် နိုင်ငံတို့တွင် ကိုကာကိုလာ လုပ်ခဲ့သည့်အတိုင်း မြန်မာနိုင်ငံကိုလည်း လန်းဆန်းသွားစေမည်"ဟု ကိုကာကိုလာ အကြီးအကဲက သတင်းစာရှင်းလင်းပွဲတွင် ကျူးရင့်လိုက်သည်။

မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ စီးပွားရေးမလုပ်ရန် ဝါရှင်တန်အစိုးရက နှစ်ပေါင်းများစွာ တားမြစ်ထားခြင်းကြောင့် ကိုကာကိုလာ မရှိတဲ့ကမ္ဘာမှာ မြန်မာတွေ နေကြရသည်ဟု သင့်အနေနှင့် ယူဆကောင်း ယူဆနိုင်သည်။ တကယ်တော့ လုံးဝမဟုတ်ပါ။ အဲသလောက် အခြေအနေမဆိုးပါ။

မြန်မာနိုင်ငံမှ ဆိုင်များတွင် ကိုကာကိုလာနှင့်အခြား အမေရိကန်စားစရာများကို နှစ်ပေါင်းများစွာ မပြတ်တမ်း ရောင်းချခဲ့ကြသည်။ ဥပဒေ အတားအဆီးများကို ရှောင်ကွင်းရခြင်းမှာ မထိရောက်သလိုနှင့် ရိုးစင်းလွယ်ကူ လှသည်။ အိမ်နီးချင်းနိုင်ငံများမှ လိုင်စင်ရထုတ်လုပ်သူများသည် သူတို့ လိုအပ်သည်ထက် ပိုမိုထုတ်လုပ်ကာ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းဖြန့်သူများအား ရောင်းချပေးကြသည်။ ထို့နောက်တွင် မလိုလားအပ်သော ပြဿနာကို ရှောင်ရှားရန် ဈေးနှုန်းစတစ်ကာကို ဆွဲခွာလိုက်ကြသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အမေရိကန် Sanctions များကို ဆိုင်းငံ့ရုံသာရှိသေးသော်လည်း လုပ်နေကြ၊ ကိုင်နေကြ ပုံစံဟောင်းကတော့ အလွန့်အလွန်ထိရောက်စွာ သက်ဝင်လှုပ်ရှားလျက် ရှိသည်။ မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးမြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်သို့ အလုပ်တာဝန်ဖြင့် စာရေးသူရောက်ရှိစဉ် နာမည်အကြီးဆုံး အမေရိကန်ထွက်ကုန်များကို ရောင်းချပေးနေသော စူပါမားကတ်ထဲသို့ ဝင်ရောက် လှည့်ပတ်ကြည့်ရှုခဲ့သည်။

ပထမဆုံး တွေ့ရသည်မှာ ကိုကာကိုလာပါ။ ၎င်း Coke သံဗူးများကို ထိုင်းနိုင်ငံတွင် ထုတ်လုပ်ပြီး၊ တစ်ဗူးကို ၅၅ ဆင့်(၄၆၀ကျပ်)ဖြင့် ရောင်းချ သည်။ တစ်မိထဲပေါက် ရှောက်သံပုရာ စပရိုက်သံဗူးတွေကတော့ စင်္ကာပူထုတ်များ ဖြစ်ကြသည်။

နောက်ထပ်တွေ့ရသည်မှာ အာကာသယာဉ်မှူးတွေရဲ့ ထွက်ကုန်ဖြစ်တဲ့ Pantene Pro-V ရှန်ပူ ခေါင်းလျှော်ရည်ဗူးများကို တွေ့ရသည်။ Hemz ရဲ့ အဆီလျော့မရောနိစ် ကိုလည်း တွေ့ရသည်။ နှစ်မျိုးစလုံး ထိုင်းနိုင်ငံထုတ်များ ဖြစ်သည်။

တွေ့သမျှထဲမှာ အကြိုက်ဆုံးရွေးပြချင်တာက အမေရိကန်မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ အသည်းစွဲ Budweiser ဘီယာပင် ဖြစ်သည်။ Budweiser ဘီယာများကိုတော့ ထိုင်းနှင့်စင်္ကာပူတွင် မထုတ်ဘဲ အမေရိကန်အလယ်ခေါင် မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ်တွင် ထုတ်လုပ်ခြင်းဖြစ်ပြီး လိုင်စင်ရ ကမ္ဘောဒီးယား တင်သွင်းသူများထံမှတစ်ဆင့် မြန်မာဈေးကွက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော် ကုန်သွယ်ရေးအတားအဆီးများကို ရှောင်ကွင်းဖြတ်ကျော်ရခြင်းမှာ ဈေးမပေါလှပါ။ ၁၂ အောင်စဝင် Budweiser ဘီယာတစ်ဗူး ရဲ့ဈေးနှုန်းက ၂.၃ ဒေါ်လာ (သို့) ၁၉၃၀ ကျပ်ခန့် ကျသင့်သည်။

*********************************

ဒေါ်အောင်ဆန်းစုကြည်လည်း အသွင်ကူးပြောင်းမှု လုပ်ရမည်

(20 June 2012 ရက်စွဲပါ Wall Street Journals မှ Vikram Nehru ရေးသားသော Aung San Suu Kyi must transition too ကိုဘာသာပြန်ဆိုသည်)

(Vikram Nehru သည် Carnrgie Endowment for International Peace ၏ အရှေ့တောင်အာရှလေ့လာရေး အကြီးတန်း အဖွဲ့ဝင်နှင့် Bakrie ဥက္ကဋ္ဌ ဖြစ်သည်)

ဒေါ်အောင်ဆန်းစုကြည်သည် အော်စလို၌ နိုဘယ်ဆုလက်ခံခြင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ ပြီးခဲ့သည့်လက ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတိထားရန်တိုက်တွန်းခဲ့ခြင်းအတွက် ထပ်မံထောက်ခံပြောကြားခဲ့သည်

“မြန်မာနိုင်ငံအပေါ် သတိထားပြီး အကောင်းမြင်ပါလို့ ကျွန်မကိုပြောပါဆိုရင် မပြောပါဘူး။ အနာဂါတ်ကို ယုံကြည်မှုမရှိလို့ မပာုတ်ပါဘူး။ မျက်ကန်းယုံကြည်မှုကို အားမပေးလိုတာကြောင့်ပါ”ပာု သူက စနေနေ့က ပြောကြားခဲ့သည်။ ထိုအချက်သည် ဒီမိုကရေစီခေါင်းဆောင်အနေဖြင့် အပြုသဘောဆောင်သော အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်လာရေးတွင် ခက်ခဲသောလမ်းကြောင်းရှိနေသည်ပာု သဘောကိုပြသနေသည်။

မြန်မာနိုင်ငံက ရုတ်တရက် တံခါးဖွင့်လိုက်သောအခါ ကမ္ဘာကအံ့သြမှင်သက်နေခဲ့ပြီး၊ တဖန် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင် ရောက်ရှိသွားသောအခါ အားတက်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလအတွင်း လူ့အခွင့်အရေးနှင့် နိုင်ငံရေးအရ လွတ်လပ်ခွင့်ကို ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ခြင်းကြောင့် ရဲရင့်သော၊ အကြမ်းမဖက်သော စစ်အစိုးရအား ဆန့်ကျင်သူအဖြစ် နိုင်ငံတကာအတွက် စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် ထိုက်တန်စွာ သတ်မှတ်ခြင်း ခံခဲ့ရသည်။

သို့သော် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး အသွင်ကူးပြေင်းရေးဖြစ်စဉ် အောင်မြင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်သည်လည်း တဖြည်းဖြည်းပြောင်းလဲလာရမည်ဖြစ်သည်။ တိုင်းပြည်သည် အာဏာရှင်စနစ်၊ နိုင်ငံတကာ၏ အပစ်ပယ်ခံဘဝမှ လွတ်မြောက်လာပြီးနောက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင် ပြည်သူများ၏ လိုလားချက်များကို ကိုယ်စားပြုသော အတိုက်အခံခေါင်းဆောင် ဖြစ်ရမည်ဖြစ်ပြီး နိုင်ငံတကာနှင့် ပတ်သက်သော မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုလည်း ပံ့ပိုးပေးရမည်ဖြစ်သည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒများနှင့် အဖွဲ့အစည်းများသည် လုံးဝပြင်ဆင်ရန် လိုအပ်နေသည့်တိုင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အားပေးရမည် ဖြစ်သည်။

အတိုက်အခံနေရာမှ အတွင်းလူအဖြစ်သို့ပြောင်းသွားသည့်အခါတိုင်း စိန်ခေါ်မှုများနှင့် ကြုံတွေ့ရလေ့ရှိရာ၊ ဒေါ်အောင်ဆန်းစုကြည် မကြာမီက ဘန်ကောက်သို့ ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်ခဲ့သည့် ခရီးစဉ်က ပြသခဲ့သည်။ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး၏ ဗိသုကာဖြစ်သော သမ္မတ ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် အဆိုပါ ဖိုရမ်တွင် စကားပြောရန် စီစဉ်ထားခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် သွားရောက်မည်ပာု ၎င်းအားအကြောင်းကြားခဲ့ခြင်းမရှိပေ။ ၎င်းအား ကျော်၍ ဒေါ်အောင်ဆန်းစုကြည်အား အလေးပေးမှုများဖြစ်လာနိုင်ခြင်းကို ရှောင်ရှားသည့်အနေဖြင့် ၎င်းသည် ဘန်ကောက်ခရီးစဉ်ကို အလျင်အမြန် ဖျက်သိမ်းခဲ့သည်။

ဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ တရားရုံးဥပဒေ အကောင်အထည်ဖော်မှု အားနည်းခြင်းနှင့် အစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိခြင်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို သတိပေးခဲ့ပြီး ဆန့်ကျင်ဖက် အယူအဆရှိသော သတင်းစကားကို ပြောကြားခဲ့သည်။ သူ၏ မိန့်ခွန်းမှာ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရန်မလိုဘဲ တရားဥပဒေစိုးမိုးရေးကို ထူထောင်ရမည်ပာု ဆိုလိုပာန်ရှိသည်။ သို့သော် အဆိုပါ အချက်ကို မြန်မာနိုင်ငံမှ ဆင်းရဲမွဲတေနေသော အလုပ်သမားများနှင့် လယ်သမားများက သဘောတူလာလိမ့်မည်မပာုတ်ပာု ယူဆရသည်။

သူ့အနေဖြင့် ထိုသို့ပြောရမည့်အစား မတူသောပုံစံဖြင့် သတင်းစကားပါးသင့်လှသည်။ ဥပမာအားဖြင့်၊ မြန်မာနိုင်ငံသည် သယံဇာတ ထုတ်ယူသော(ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မျက်၊ သတ္တု)နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပြန်လည်သုံးသပ်နေချိန်တွင် လုပ်သားအင်အားသုံးသော ပို့ကုန် စက်မှုလုပ်ငန်းများ၊ နိုင်ငံခြားဝင်ငွေရပြီး၊ အလုပ်အကိုင်ဖန်တီးပေးမည့် ခရီးသွားကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နွေးထွေးစွာကြိုဆိုလျက်ရှိသည် ပာု ပြောဆိုသင့်သည်။

ပို၍ အရေးကြီးသောအချက်မှာ သူ၏မိန့်ခွန်းသည် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှာဖွေတွေ့ရှိသော စီးပွားရေး နိုးထလာရေးအတွက် ပြုပြင်ပြောင်းလဲမှု လိုအပ်မှုအများဆုံး ကိစ္စများကို အစိုးရအား လုပ်ဆောင်ရေးဖိအားပေးသည့် ညွှန်ပြမှုများဖြစ်သင့်လှသည်။ နောက်ဆုံးတွင် ချက်ခြင်း လုပ်ဆောင်ရန် လိုအပ်သည်။ အရေးကြီးပြုပြင်ပြောင်းလဲမှုများရှိနေရာ လျှပ်စစ်စွမ်းအင် တိုးပွားရေးမှသည် ပြည်သူတို့အတွက် ပို့ဆောင်ရေးအပါအဝင် ထုတ်လုပ်မှုအား တိုးတက်စေမည့် ရင်းနှီးမြှုပ်နှံမှု ရာသီဥတုကောင်းလာရန် လုပ်ဆောင်ရမည်ဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် လွှတ်တော်သို့ ရောက်ရှိလာပြီဖြစ်ရာ အထက်ပါ ပြုပြင်ပြောင်းလဲရမည့် ကိစ္စများကို ဆုပ်ကိုင်ရ မည်ဖြစ်သည်။ ၎င်းတို့သည် တိုင်းပြည်က ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စများကို ရှင်းရှင်းလင်းလင်း နားလည်ရန်လိုအပ်ပြီး၊ အစိုးရက ကိုင်တွယ်ဖြေရှင်း ရေးကို ညှိနှိုင်းရမည်ဖြစ်သည်။ NLD သည် ဒေသခံအသိုင်းအဝိုင်းများနှင့် အလုပ်လုပ်ရန် စိတ်အားထက်သန်မှုရှိရမည်ဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဖြစ်သည်။ တိုင်းပြည်၏ များပြားလှသော စိန်ခေါ်မှုများကို အကောင်းဆုံးနည်းလမ်းဖြင့် ကိုင်တွယ်နိုင်ရန် လိုအပ်သည့် နည်းလမ်းများရှာရန် ပညာရှင်များကို အသုံးပြုရမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က တရားမျှတပြီး ကြွယ်ဝသော လူ့အဖွဲ့အစည်းအတွက် အခြေခံများ လုပ်ဆောင်ရာတွင် တရားဥပဒေစိုးမိုးမှုကို ထူထောင်ရမည်ပာု ပြောခဲ့ရာ သံသယဖြစ်ဖွယ်မရှိ မှန်ကန်ပါသည်။ သို့သော် ထိုအချက်ကိုဖော်ဆောင်ရန် သူ့အနေဖြင့် NLD ကိုမည်သို့ ဦးဆောင်မည်ပာု ပြောသွားခြင်းမရှိပေ။ ဆင်းရဲနေသူများ ရင်ဆိုင်နေသော အနီးစပ်ဆုံးပြဿနာများကို ဖော်ထုတ်ရမည်ဖြစ်ပြီး NLD အနေဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ရုတ်တရက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မပာာဗျူပာာနှင့် လုပ်ဆောင်နိုင်စွမ်းကို ပြသရနလိုအပ်သည်။

ကြားဖြတ်ရွေးကောက်ပွဲရလဒ်က အားကောင်းစွာညွှန်ပြနေသည့် အချက်မှာ အကယ်၍ ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတပါက ကျန်သည့်နှစ်များတွင် လက်ရှိအစိုးရ၏ စွမ်းဆောင်ရည်မည်မျှ ရှိသည်ဖြစ်စေ၊ NLD ကသာ အားလုံးအနိုင်ရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် လာမည့် သုံးနှစ်သည် NLD အတွက် အသက်တမျှ အရေးကြီးသောကာလဖြစ်ပြီး တိုင်းပြည်ကို တာဝန်ယူအုပ်ချုပ်နိုင်သည့် တာဝန်အတွက် ပြင်ဆင် ရမည်ဖြစ်သည်။

ပါတီသည် အသေးစိတ်စီမံချက်များ ရေးဆွဲရန် လိုအပ်သည်။

လူ့အခွင့်အရေးအတွက် ရပ်တည်ချက်၊ တိုင်းရင်းသားဒေသများရှိ တင်းမာမှုများ၊ စစ်တပ်နှင့် ဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် ပုဂ္ဂလိက ကဏ္ဍ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရ၏ ရပ်တည်ရမည့်နေရာများ စသည်များကို ရေးဆွဲမှုအတွက် စမ်းသပ်ရန်လိုအပ်သည်။

ဥပမာအားဖြင့် မကြာမီက ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ် ပြောကြားခဲ့ရာတွင် တိုင်းပြည်၏ နိုင်ငံသားပြုမှုဥပဒေသည် ရှင်းလင်းနားလည်ရန် လွယ်ကူရန်လိုအပ်သည်ပာု ပြောကြားခဲ့သည်။ သို့သော် နိုင်ငံမဲ့ ရိုပာင်ဂျာများအား မြန်မာ အဖြစ် စဉ်းစား၍ ရနိုင်ပါ၏လောပာု တိုက်ရိုက်မေးခါန်းကို မေးမြန်းရာ သူက မသိပါပာုဖြေခဲ့သည်။ ထိုသို့သော စိန်ခေါ်မှုပါသော မေးခွန်းမျိုးကို ပို၍ ခိုင်မာသော တုန့်ပြန်မှုမျိုးလိုအပ်သည်။

အတိုချုပ်ဆိုရသော် NLD သည် လက်ရှိအာဏာရပါတီတွင် မရှိသည့် အရည်အသွေးများဖြစ်သည့် တရားဥပဒေစိုးမိုးမှုကိုလိုလားခြင်း၊ စည်းကမ်းရှိခြင်း၊ အမြင်ရှိခြင်းများ ပြည့်ဝပြီး အနာဂါတ်တိုင်းပြည်ကို ဦးဆောင်မည့် အရည်အချင်းရှိ စနစ်တကျ အဖွဲ့အစည်းဖြစ်သည့်အတွက် ထူထောင်ရေးကို လေးနက်စွာလုပ်ဆောင်ရမည်ဖြစ်သည်။NLD သည် သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ အပြုသဘောဆောင်သော ပါတနာအဖြစ် လုပ်ဆောင်ခြင်းဖြင့်၊ NLD အပေါ် ယုံကြည်မှုများ ရလာနိုင်ပြီး၊ နောက်ဆုံးတွင် NLD ထံ အာဏာကျင့်သုံးမှုအတွက် ငြိမ်းချမ်းစွာလွှဲပြောင်းရန် ခွင့်ပြုလာလိမ့်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် မှန်ကန်စွာချင်ခင်မှု၊ သဘောကျမှုများကို ရရှိထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဆိုပါ အားလုံး၏ ချစ်ခင်လေးစားခံရမှုကို အသုံးချ၍ သူ၏ တိုင်းပြည်၏ စစ်မှန်သော ရေရှည်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ခဲ့ပါက ယခင် ဆယ်စုနှစ် နှစ်ခုအတွင်း လူ့အခွင့်အရေးနှင့် လွတ်မြောက်ရေးအတွက် ရဲဝံ့စွာရပ်တည်ခဲ့မှုထက် ပို၍ကြီးသော အောင်မြင်ပြီးမြောက်မှုကို ရရှိမည်ဖြစ်သည်။

                                                    ***********************************

မြန်မာအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများရေနံ၊ ဓါတ်ငွေ့ ရှာဖွေရန် သဘောတူလက်မှတ်ထိုး

(AFP News မှ 21 June 2012 ရက်စွဲပါ “Myanmar inks oildeals with foreign firms”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသည် နိုင်ငံခြားကုမ္ပဏီများနှင့် ရေနံဓါတ်ငွေ့ရှာဖွေရေး သဘာတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းသည် အာရှနှင့် ဥရောပကုမ္ပဏီများအား ရေနံ၊ဓါတ်ငွေ့ရှာဖွေခွင့်ပြုရန် မတ်လ အစောပိုင်းမှစ၍  သဘောတူညီချက် ၉ ခု လက်မှတ်ရေးထိုးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အချိန်တိုအတွင်း သဘောတူစာချုပ် ၉ခု လက်မှတ်ရေးထိုးနိုင်ခြင်းသည် မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ၏သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး၊ အထူးသဖြင့် သဘောတူစာချုပ် ၉ ခုစလုံးတွင် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများက အကျိုးတူစီးပွားဖက်အဖြစ် ပါဝင်ခဲ့သည်ဟု အစိုးရအာဘော်သတင်းစာက ဆိုသည်။

လက်မှတ်ရေးထိုးကြသောကုမ္ပဏီများမှာ ဟောင်ကောင် EPI Holdings၊ ဆွစ်ဇာလန် Geopetro International Holdings၊ မလေးရှားPetronas၊ အိန္ဒိယ Jubilant Energy၊ ထိုင်း PTTEP၊ အင်ဒိုနီးရှားIstech Energy နှင့် ရုရှား CIS Nobel Oil တို့ဖြစ်သည်။

ရေနံ၊ ဓါတ်ငွေ့နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြန်မာပိုင်ကုမ္ပဏီများနှင့် ဖက်စပ်ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်း လိုင်စင် ခွင့်ပြုရန် မူဝါဒချမှတ်ကာ စွမ်းအင်ဝန်ကြီးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာကဆိုသည်။

နိုင်ငံခြားကုမ္ပဏီ ၁၀ ခုသည် ကမ်းလွန်လုပ်ကွက် ၂၄ ကွက်တွင် ရေနံ၊ ဓါတ်ငွေ့ရှာဖွေလျက်ရှိပြီး၊ ကုန်းတွင်းလုပ်ကွက် ၂၀ ခန့်တွင် နိုင်ငံခြား ကုမ္ပဏီ ၈ ခုက ပြည်တွင်းကုမ္ပဏီ ၇ ခုနှင့် ပူးပေါင်းကာ ဖက်စပ်ရှာဖွေလုပ်ကိုင်နေသည်ဟု သိရှိရသည်။

မြန်မာကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက်များတွင် ရေနံနှင့်ဓါတ်ငွေ့ရှာဖွေရန် နိုင်ငံခြားကုမ္ပဏီများက မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းကို ဆက်သွယ် နေကြသည်ဟုဆိုသည်။

မြန်မာပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတဦးသိန်းစိန်က မကြာသေးမီက ရုပ်သံမိန့်ခွန်းတွင် “ပြုပြင်ပြောင်းလဲမှုနောက်အဆင့်၌ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးကာပုဂ္ဂလိကကဏ္ဍကို မြှင့်တင်အားပေးရန် ရည်မှန်းထားသည်”ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ မြန်မာသယံဇာတရောင်းရငွေများကို နိုင်ငံခြားကုမ္ပဏီများနှင့် မြန်မာအစိုးရတို့ ခွဲဝေယူခဲ့ကြပြီး၊ ဆင်းရဲနွမ်းပါးနေသော ပြည်သူ များ အကျိုးခံစားရခြင်းမရှိခဲ့ဟု ပြည်တွင်း၊ ပြည်ပမှ အကဲခတ်လေ့လာသူများက မှတ်ချက်ပေး ဝေဖန်ထားသည်။

                                        ******************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs