Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၇. ၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြစ်ကြီးနားမြို့နှင့်ပူတာအိုတွင် ရေဘေးဒုက္ခသည် များပြားလာ
  2. ဇွန်လမှ စတင်၍ မြန်မာ့ပေါင်းဆန် ရုရှားသို့တင်ပို့မည်
  3. ကုန်းလမ်းပို့ဆောင်ရေးလက်အောက်ရှိ လုပ်ငန်းများအားလုံး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. သမ္မတ အကြောင်းကြားပါက ဇူလိုင်လ လွှတ်တော်အစည်းအဝေးများတွင် ဒုတိယသမ္မတနေရာ ပြန်လည်ရွေးချယ်မည်  
  2. ဇူလိုင်လဆန်းတွင် KIO နှင့် အစိုးရ တပ်မတော်အရာရှိများကိုယ်တိုင် ငြိမ်းချမ်းရေးတက်ရောက် ဆွေးနွေးမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြစ်ကြီးနားမြို့နှင့်ပူတာအိုတွင် ရေဘေးဒုက္ခသည် များပြားလာ

ဧရာဝတီမြစ်ရေကြီးမှုကြောင့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့နှင့် ပူတာအိုမြို့တို့တွင် ရေဘေးဒုက္ခသည် တစ်စထက်တစ်စ များပြား လာကြောင်း ယင်းမြို့ရှိ ဒေသခံများက ရန်ကုန်ခရော်နီကယ်သို့ ဆက်သွယ်ပြောကြားသည်။

ဇွန် ၁၃ ရက်နေ့မှစတင်၍ ဧရာဝတီ မြစ်ဖျားပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေမျက်နှာပြင် မြင့်တက်လာသည့် ဧရာဝတီ မြစ်ရေသည် ယနေ့အချိန်တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်၁၂၀၀ စင်တီမီတာသို့ ရောက်ရှိရန် နီးကပ်လာပြီဖြစ်သည့်အပြင် ပူတာအိုမြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်အချို့တွင်လည်း ဧရာဝတီမြစ်ရေ ဖုံးလွှမ်းခြင်းနှင့် ကြုံတွေ့နေရပြီ ဖြစ်ကြောင်း ယင်းမြို့များရှိ ဒေသခံများက တစ်ညီတစ်ညွတ်တည်း ဆိုကြ သည်။

 “စိုးရိမ်ရေမှတ်က ၁၂၀၀ စင်တီမီတာ၊အခုရောက်နေတာ ၁၁၈၀ စင်တီမီတာ၊ နည်းနည်းပဲ လိုတော့တာ၊ စိုးရိမ်ရေမှတ် ရောက်ရင်တော့ ၂၀၀၄ ခုနှစ်ကလို အဖြစ်မျိုးကို နောက်တစ်ကြိမ် ကြုံတွေ့ရနိုင်တယ်”ဟု မြစ်ကြီးနားမြို့ပေါ် ရဲစခန်းတစ်ခုမှ ရဲအရာရှိတစ်ဦးကဆိုသည်။

ရေလွှမ်းခြင်း ခံနေရသည့် မြစ်ကြီးနားမြို့ပေါ်နေ ပြည်သူများမှာ အစိုးရအထက်တန်းကျောင်း၊ ဘုရားရှိခိုးကျောင်းများတွင် တိုးဝှေ့မှီခိုနေရပြီး ယင်းနေရာများတွင် စစ်ဘေးဒဏ်ခိုလှုံနေသည့် ဒုက္ခသည်များရှိနေခြင်းကြောင့် နေရာအခက်အခဲကြီးမားစွာ ဖြစ်ပေါ်နေကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“မြစ်ကြီးနားမြို့က မြို့သစ်ကြီးတို့၊ စီတာပူတို့၊ မနောကွင်းတို့ဘက်က လူတွေရယ်၊ မြေနိမ့်ပိုင်းရပ်ကွက်တွေ၊ ဧရာဝတီမြစ်နဲ့နီးတဲ့ ရပ်ကွက်နေ ပြည်သူတွေကတော့ တင်္နလာနေ့ကနေစပြီး၊အစိုးရကျောင်းတွေကို ပြောင်းရွှေ့နေကြရတယ်။ ဒါပေမယ့် အဲဒီနေရာတွေကို ရေဘေးဒုက္ခသည်တွေ ထပ် ရောက်လာဦးမှာဆိုတော့ နေရာအခက်အခဲတွေ တော်တော်ဖြစ်နိုင်တယ်”ဟု မြစ်ကြီးနားမြို့ပေါ်ရှိ ရေဘေးဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသည့် ပရဟိတ အဖွဲ့အစည်းတစ်ခုမှ ကိုဒေါင်လွမ်းက ဆိုသည်။

ကချင်ပြည်နယ် အစိုးရရုံးစိုက်ရာ မြစ်ကြီးနားမြို့တော်တွင် ရေဘေးဒုက္ခသည် တစ်စထက်တစ်စ များပြားလာသော်လည်း အစိုးရ၏ ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး အနေအထားမှာ အားရစရာမရှိကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“သူတို့တွေကို မေးလိုက်ရင် စောင့်ကြည့်နေတယ်ဆိုတဲ့ အဖြေပဲ ရတယ်”ဟု ယင်းက ပြောကြားသည်။

၂၀၀၄ ခုနှစ်ကလည်း ကချင်ပြည်နယ် မြစ်ကြီးနား၊ပူတာအိုနှင့်ဗန်းမော် မြို့များတွင် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဆိုးရွာစွာ ဖြစ်ပေါ်ခဲ့သည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

ဇွန်လမှ စတင်၍ မြန်မာ့ပေါင်းဆန် ရုရှားသို့တင်ပို့မည်

၂၀၁၂ ဇွန်လမှ စတင်၍ မြန်မာ့ပေါင်းဆန်များကို ရုရှားသို့ လစဉ်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာ့ပေါင်းဆန် ပြည်ပကိုရောင်းဖို့အတွက် ဈေးကွက်ကလည်း အခိုင်အမာရှိတယ်။ လစဉ် ရုရှားဈေးကွက်ကို တန်ချိန် ၁၀၀၀ လောက် တင်ပို့ သွားမယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

မြန်မာ့ပေါင်းဆန်ကို ယခင်နှစ်က ပြည်ပဈေးကွက်သို့ တန်ချိန် ၅၀၀၀ ကျော် စတင်တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းနှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ ပူပေါင်း၍  ပြည်ပသို့ ဆန်တန်ချိန် ပိုမိုတင်ပို့နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိအချိန်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံထွက်ဆန်များကို အကြောင်းအမျိုးမျိုးပြ၍ တင်သွင်းမှု ပိတ်ပင်ထားသည့်အတွက် ဆန်များမှာ ပြည်တွင်း၌ စုပုံ၍ ဆန်ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး တောင်သူများမှာလည်း ရာသီဥတုဖောက်ပြန်မှုများ၊ လယ်ယာမြေလုပ်သား ရှားပါးမှုများနှင့် စိုက်ပျိုးစရိတ်ချေးငွေ အပြည့်အဝ မရရှိမှုများကြောင့် အခက်အခဲ၊ အကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ပြည်တွင်းရှိ ဆန်စပါး အထူးပြုကုမ္ပဏီ ၉၀ ရာခိုင်နှုန်းကျော်မှလည်း လုံးဝ ရပ်ဆိုင်းရတော့မည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေကြောင်း သိရသည်။

“တရုတ်က မြန်မာနိုင်ငံထွက်တဲ့ ဆန်တွေကို ပိတ်ထားတယ်။ ဒီလို ပိတ်ထားတော့ ပြည်တွင်းမှာ ဆန်တွေကပုံပြီး ဆန်ဈေးတွေ ကျဆင်း ကုန်တယ်။ ဆန်ဈေးတွေကျဆင်းပြီဆိုတော့ တကယ်ကို သွားထိတာ တောင်သူပဲ။ တောင်သူကလည်း သူ့မှာ အခက်အခဲရှိတော့ ဆန်အထူးပြုကုမ္ပဏီက ချေးထားတဲ့ငွေတွေကို ပြန်မဆပ်နိုင်ဘူး။ တောင်သူက ပြန်မဆပ်နိုင်တော့ ဆန်အထူးပြုကုမ္ပဏီတွေ ရပ်လိုက်ရတော့တာပေါ့။ တရုတ်က လုပ်တဲ့အမှုက တစ်နိုင်ငံလုံးကို ရွာပတ်တော့တာပဲ။ မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်ကို တခုခုနဲ့ ပြန်လက်တုန့်ပြန်သင့်ပါပြီ”ပာု ဆန်အထူးပြု ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ထိုသို့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံထွက်ဆန်များကို တရားဝင်သွင်းကုန်အဖြစ် မသတ်မှတ်သည့်အတွက်  မှောင်ခိုလမ်းကြောင်းမှသာ တင်ပို့နေရ သည့်အပြင် တရုတ်ကုန်သည်များမှာလည်း မြန်မာ့ဆန်ကို အကြောင်းအမျိုးမျိုးပြကာ ဈေးနှိမ်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကုန်းလမ်းပို့ဆောင်ရေးလက်အောက်ရှိ လုပ်ငန်းများအားလုံး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းမည်

ကုန်းလမ်းပို့ဆောင်ရေးလက်အောက်ရှိ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းများအားလုံးကို အများပိုင် ကုမ္ပဏီများအဖြစ် ပြောင်းလဲလုပ်ကိုင် နိုင်ရန် ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကုန်းလမ်းပို့ဆောင်ရေး လက်အောက်မှာရှိတဲ့ လုပ်ငန်းတွေအားလုံးကို အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလုပ်ကိုင်တော့မှာပါ။ လက်ရှိမှာလည်း နိုင်ငံခြးကုမ္ပဏီတွေက ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် လာဆွေးနွေးထားတာတွေ ရှိပါတယ်။ ပြီးတော့ ဈေးကွက်စီးပွားရေးစနစ်ကို အခြေခံပြီး တော့ အစိုးရဌာနတွေကနေ အများပိုင်ကုမ္ပဏီတွေကို ကူးပြောင်းဖို့အတွက်လည်း ညွှန်ကြားချက်တွေ ရှိပါတယ်”ပာု ကုန်းလမ်းပို့ဆောင်ရေး၊ ရန်ကုန်တိုင်း ဒေသကြီးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ကုန်လမ်းပို့ဆောင်ရေးလက်အောက်ရှိ လုပ်ငန်းများအားလုံးကို အများပိုင်ကုမ္ပဏီများအဖြစ် ပြောင်းလဲရခြင်းမှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို လက်ခံခြင်းအားဖြင့် ယင်းလုပ်ငန်းများတွင် အရင်းအနှီးငွေကြေးများ၊ ယာဉ်နှင့် နည်းပညာအရင်းအနှီးများ ရရှိစေနိုင်ရန်ဖြစ်ပြီး ပြည်တွင်းရှိ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို အဆင့်အတန်းမြင့်မြင့် ဆောင်ရွက်သွားနိုင်စေရန်အတွက်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် က.ပ.ရလက်အောက်တွင်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ တက္ကစီလုပ်ငန်း၊ ကုန်စည်ပို့ ဆောင်ရေး လုပ်ငန်းနှင့် မော်တော်ယာဉ်ပြင်ဆင်ရေးလုပ်ငန်းတို့တွင် ပြည်တွင်းလုပ်ငန်းရှင်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တစ်ဦးချင်းသော်လည်း အဖွဲ့အစည်းအလိုက်သော်လည်းကောင်း ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပြီး BOT စနစ်ဖြင့် လုပ်ကိုင်လိုပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတကာမှာက ဒီလိုမျိုး အများပိုင်ကုမ္ပဏီတွေအများကြီးရှိပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းမှာလည်း လိုအပ်ပါတယ်။ ခရီးသည်တင် ကားတွေရဲ့ ဝန်ဆောင်မှုတွေလည်း ပိုကောင်းလာမယ်။ ပိုပြီးစနစ်တကျဖြစ်လာမယ်။  ပြည်တွင်းမှာ ရှိတဲ့သူတွေအတွက်လည်း အလုပ်အကိုင် အခွင့် အလမ်းတွေ ပိုပေါလာနိုင်တယ်။ ပြီးတော့ ပြည်သူလူထုအတွက်လည်း နေ့စဉ်ပင်ပန်းမှုဒဏ်တွေက သက်သာခွင့်ရလာမယ်ပေါ့”ပာု ဗန္ဓုလသယ်ယူပို့ဆောင် ရေး ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာနတွင် ဝန်ထမ်းအင်အား ၃၀၀၀၊ ယာဉ်စီးရေ ၁၈၀၀ ခန့်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref:Flower News

 *****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတ အကြောင်းကြားပါက ဇူလိုင်လ လွှတ်တော်အစည်းအဝေးများတွင် ဒုတိယသမ္မတနေရာ ပြန်လည်ရွေးချယ် မည်

လာမည့် ဇူလိုင် ၄ ရက်နေ့တွင် ကျင်းပမည့် စတုတ္ထအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် နိုင်ငံတော်သမ္မတမှ အကြောင်းကြား လာပါက ဒုတိယသမ္မတနေရာ ပြန်လည်ရွေးချယ်အတည်ပြုမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ဒုတိယသမ္မတ သီပာသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးချို့ယွင်းနေတယ်ဆိုတော့ နိုင်ငံတာဝန်တွေ ထမ်းဆောင်ဖို့က ဘယ်လိုမှကို အဆင်မပြေတော့ဘူး။ ပြီးတော့ သူအနားယူဖို့အတွက်ကိုလည်း သမ္မတဆီကို အကြောင်းကြားပြီးသား။ ဒီတော့ သမ္မတကသာ လက်ခံပြီး အကြောင်း ကြားလာမယ်ဆိုရင် ခုကျင်းပမည့် လွှတ်တော်အစည်း အဝေးမှာ ဒုတိယသမ္မတတစ်ဦး ထပ်မံရွေးချယ်သွားမှာပါ”ပာု အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ သီပာသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေလ ၃ ရက်နေ့တွင် အနားတောင်းခံခဲ့ကြောင်း သိရသည်။

“ဒုတိယသမ္မတတစ်ဦးက ပြန်ရွေးချယ်ရဖို့များပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ အရင်က အရေးပေါ်အစည်းအဝေး မခေါ်ဘူးဆိုပေမယ့် ခု ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက စတော့မှာဆိုတော့ ဒီအစည်းအဝေးမှာ ဒုတိယသမ္မတတစ်ဦးကို တပ်မတော်သားအစုအဖွဲ့က ပြန်ရွေးချယ် ကြမှာပါ”ပာု ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပုဒ်မ ၇၃(စ)၊ (ဆ)တွင် ဒုတိယသမ္မတတစ်ဦးဦးသည် ရာထူး သက်တမ်းမကုန်မီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ရာသော အကြောင်းကြောင်းကြောင့်ဖြစ်စေ၊ ဒုတိယသမ္မတ ရာထူးနေရာလစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်ပါက ယင်း ဒုတိယသမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော အစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ရေးအတွက် နိုငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန် မပာုတ်လျှင် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးသည် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာရရှိသည့်နေ့မှ ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ် တော်အစည်းအဝေးခေါ်ယူ၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဇူလိုင်လဆန်းတွင် KIO နှင့် အစိုးရ တပ်မတော်အရာရှိများကိုယ်တိုင် ငြိမ်းချမ်းရေးတက်ရောက် ဆွေးနွေးမည်

လာမည့် ဇူလိုင်လဆန်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၌ တပ်မတော်အရာရှိများကိုယ်တိုင် တက်ရောက်၍ လေးကြိမ်မြောက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ KIO တို့ရဲ့ လေးကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇူလိုင်လ ဆန်းပိုင်းမှာ လုပ်သွား မှာပါ။ တပ်မတော်က အရာရှိကြီးကိုယ်တိုင် တက်ရောက်မယ်လို့ ကြားပါတယ်။ ဒီဆွေးနွေးပွဲမှာ တပ်နေရာချထားရေးကိစ္စရပ်ကို အဓိက ဆွေးနွေးသွား မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် KIO တပ်များမှာ ပဋိပက္ခဖြစ်ပွားလျက်ရှိပြီး တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်နေမှုများကြောင့် ကချင်ဒေသခံ ပြည်သူများမှာ ဒုက္ခသည်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ကချင်ဒုက္ခသည်စခန်းတွင် လည်း တစ်နေ့တစ်ခြား ဒုက္ခသည်ဦးရေ တိုးပွားလာ လျက် ရှိကြောင်း သိရသည်။

“ကချင်ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေက တစ်နေ့တစ်ခြား တိုးလာပါတယ်။ တော်တော်ကို အခက်အခဲ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါ တယ်။ သူတို့အတွက် တကယ်လိုအပ်နေတာက ငြိမ်းချမ်းရေးပါပဲ။ ဒုက္ခသည်စခန်းမှာ တစ်ချို့တွေဆို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုများပြီး တော် တော်ကို ဒုက္ခရောက်နေပါတယ်။ အကူအညီတွေ အများကြီး လိုအပ်နေပါတယ်”ပာု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥပဒေရေးရာကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်း လက်နက်ကိုင် အဖွဲ့များနှင့် ပဋိပက္ခများ ပြီးဆုံးသွားပါက ထာဝရငြိမ်းချမ်းရေးအတွက် လွှတ်တော်တွင်း ဥပဒေတစ်ရပ် အတည်ပြုနိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်များ ဖော်ပြချက်အရ သိရသည်။

“ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်အကြားဖြစ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ရပြီဆိုရင်တော့ လွှတ်တော်တွင်းမှာတင်ပြပြီး ထာဝရငြိမ်းချမ်းရေးကို ဦးတည်နိုင်မယ့် ဥပဒေ တစ်ရပ် ပြဋ္ဌာန်းနိုင်အောင် စီစဉ်ဆောင်ရွက်သွားမှာပါ”ပာု အဆိုပါ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဦးအောင်မင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် KIO မှ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ၂၀၁၂ မေလ ၂၁ ရက်နေ့၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လည်းကောင်း၊ ၂၀၁၂ ဇွန်လ ၁ ရက်နေ့၊ ဇွန်လ ၁၉ ရက်နေ့နှင့် ဇွန် ၂၀ ရက်နေ့များတွင် ကချင်ပြည်နယ် မိုင်ဂျာယန်တို့ တွင်လည်းကောင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ကျင်းပပြုလုပ်ခဲ့သည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၁)ဖွဲ့ရှိသည့်အနက် (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

YC

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သမ္မတဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ကျွန်မအရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေးကွဲပြားခြားနားမှုတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာ တာဝန်ယူ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဝါအရင့်ဆုံး ပါလီမန်ဒီမိုကရေစီ ဖြစ်တဲ့ ဗြိတိန်နိုင်ငံအနေနဲ့ ကျွန်မတို့နိုင်ငံရဲ့ပါလီမန် ဒီမိုကရေစီထူထောင်ရေးမှာ စစ်မှန်တဲ့လုပ်ငန်းဌာနတွေ ပေါ်လာရေး ကူညီပေးဖို့အပြင် သမ္မတ ဦးသိန်းစိန် ဦးဆောင်လုပ်ကိုင်နေတဲ့ ပြုပြင်ရေးလုပ်ငန်းစဉ်တွေကို ကြိုဆိုဖို့ပြောလိုပါတယ်”

ဇွန် ၂၆ ထုတ် Flower News အတွဲ (၈) အမှတ် (၂၄) တွင်ပါသည့် “ဗြိတိန်နိုင်ငံအနေဖြင့် သမ္မတဦးသိန်းစိန်ဦး ဆောင်လုပ်ဆောင်နေသော ပြုပြင်ရေးလုပ်ငန်းစဉ်များကို ကြိုဆိုဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“စောင့်ကြည့်စီးပွားရေးဆိုတာ ကျွန်တော်တို့ဆီမှာ ကြာခဲ့ပြီ၊ ဒီလိုပဲ စောင့်ကြည့်နေရတယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ ကိုယ်တိုင်က ဘယ်လို ရင်းနှီး မြုပ်နှံမလဲဆိုတာကို စောင့်ကြည့်နေဆဲပဲ၊ လက်ရှိ စီးပွားရေး အပြောင်းအလဲတွေမှာ သတိကြီးကြီးထားပြီး ပြုလုပ်သင့်တာကတော့ ပေါ်လစီတွေကို တည်ငြိမ်အောင် ပြုလုပ်ပေးဖို့ပါပဲ”

ဇွန် ၂၆ ထုတ် ကုမုဒြာ အတွဲ (၂) အမှတ် (၁၄) တွင်ပါသည့် “မြန်မာ့စီးပွား တဖြည်ဖြည်း ကျနေသလား” သတင်းမှ ဘဏ်လုပ်ငန်းရှင် တစ်ဦး ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သူတို့နိုင်ငံသားတွေက ဒီမှာခဏတဖြုတ် အလုပ်လာလုပ်တာလေ။ တချို့လည်းပါသွားတာတွေ ရှိတာပေါ့။ အခုလည်း တရားရုံးတွေမှာ နိုင်ငံခြားသားနဲ့ လက်ထပ်ဖို့ ကန့်သတ်ထားတယ်ပေါ့နော်။ ရင်းနှီးမြုပ်နှံမှုဥပဒေကလည်း ဒီကိစ္စတွေကို လွှမ်းမိုးမှာမဟုတ်ဘူး။ မြန်မာအမျိုးသမီးတွေ နိုင်ငံခြားသားနဲ့ လက်ထပ်ပြီး ဒုက္ခရောက် သွားကြတာတွေရှိတယ်။ အဲ့ဒါကြောင့် ကာကွယ်ဖို့လုပ်ထားတာပါ။ အမျိုးသမီးတွေအနေနဲ့ ငွေကြောင့်သော် လည်းကောင်း၊ ချစ် ကြိုက်လို့သော်လည်းကောင်း၊ ယူမိရင်လည်း တရားဝင်မှာ မဟုတ်ဘူး။ အဲ့ဒီလိုတရားမဝင် ဘဲနဲ့သွားပြီး ပတ်သက်တယ်ဆိုရင် သူတို့ရဲ့ အခွင့်အရေးတွေ အကုန်ဆုံးရှုံးမှာပဲ။ ဘာပဲပြောပြော အမျိုးသမီး တွေဘက်က သတိထားရှောင်ရှားသင့်တယ်”

ဇွန် ၂၈ ထုတ် 7DAY NEWS အတွဲ (၁၁) အမှတ် (၁၆) တွင်ပါသည့် “မြန်မာအမျိုးသမီးများအတွက် စဉ်းစားရမယ့်အချိန်” သတင်း ဆောင်း ပါးမှ ကချင်ပြည်နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

 

**************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၆.၆.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. မြန်မာနိုင်ငံတွင် မရေရာမှုများ ရှိနေဆဲ

(25 June 2012 ရက်စွဲပါ  Bangkok Post မှ Uncertainty rules in Myanmar ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံမှ ဒုက္ခသည်များအား စောင့်ရှောက်ရန် တရုတ်ကို တိုက်တွန်း

(26 June 2012 ရက်စွဲပါ Fox News မှ Reuters ၏ China urged to safegees from Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မဲခေါင်တိုင်းပြည်များတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန်

(26 June 2012 ရက်စွဲပါ Business Times မှ Mohit Mehrotra နှင့် Anurodh Pandey တို့ရေးသားသော Banking on the Mekong Countries ကို ဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် မရေရာမှုများ ရှိနေဆဲ

(25 June 2012 ရက်စွဲပါ  Bangkok Post မှ Uncertainty rules in Myanmar ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် လက်ရှိပြုပြင်ပြောင်းလဲမှုများကြောင့် အပေါင်းလက္ခဏာဆောင်သော ရလဒ်အချို့ ထွက်ပေါ် လာနိုင်သော်လည်း၊ ထိုင်းနှင့်အခြား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လာမည့်နှစ်နှစ်ခန့်အတွင်း ထွက်ပေါ်လာနိုင်သော မသေချာ မရေရာမှုများအတွက်လည်း ပြင်ဆင်ထားသင့်သည်ဟု မြန်မာနှင့် နိုင်ငံတကာဝေဖန်သုံးသပ်သူများက ပြောကြသည်။

လက်ရှိရေးဆွဲနေသော ဥပဒေများတွင် လာမည့်တစ်နှစ်၊ နှစ်နှစ်အတွင်း နိုင်ငံခြားဘဏ်ခွဲများ အပြည့်အဝဖွင့်လှစ်ခွင့်ပြုမည့် ဘဏ်ဥပဒေသစ်အပြင် အလုပ်သမားဥပဒေသစ်လည်း ပါဝင်သည်။

လာမည့်လတွင် အတည်ပြုမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် အခွန်ကင်းလွတ်ခွင့်ပြုမည့်ကာလ တိုးမြှင့်ပေးထားသည်။

“လာမည့်နှစ်အနည်းငယ်အတွင်း  ကျွန်တော်တို့လုပ်စရာတွေ အများကြီးရှိလာမှာပါ”ဟု ရန်ကုန်အခြေစိုက် အကြံပေးကုမ္ပဏီဖြစ်သော Myanmar Vigour Co.မှ မန်နေးဂျင်းဒါရိုက်တာ ဦးစိုးဝင်းက ပြောသည်။

လက်ရှိပြုပြင်ပြောင်းလဲရေးများတွင် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့်ပတ်သက်သော လုပ်ငန်းအဆင့်ဆင့်ကို အဆင့်မြှင့်ခြင်းနှင့် အချိန်တိုအတွင်း ပြီးမြောက်အောင် လုပ်ဆောင်လျှက်ရှိရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးရှိမည် ဖြစ်သည်။

အထက်ပါ အချက်များကို ဦးစိုးဝင်းက သောကြာနေ့တွင် ထိုင်းနိုင်ငံ၌ အမေရိကန်ကုန်သည်ကြီးများအသင်းမှ အဖွဲ့ဝင်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။ နေ့တစ်ပိုင်းကုန်သော အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် မဟာဗျူဟာများကို ဆွေးနွေးကြသည်။

ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ စီးပွားရေးသံမှူး Michael Mc Gee ကလာမည့် လေးငါးနှစ်အတွင်း ဥပဒေများ မှန်မှန်ပြောင်းလဲ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အရေးကြီးတဲ့ သိရမယ့်အချက်ကတော့ ဘယ်သူနဲ့စီးပွားရေး လုပ်မယ်ဆိုတာရယ်၊ ဘာလုပ်ရမယ်ဆိုတာရယ်ပါပဲ”ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရာတွင် မပြည့်စုံသော အခြေခံ အဆောက်အဦးသည် ပြဿနာတစ်ခု ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

“ဥပဒေအကြံပေးတစ်ယောက် ကောင်းကောင်းရှာပါ။ ပြီးတော့ အကြံကောင်းရအောင်လုပ်ပါ”ဟု  Mc Gee က ပြောသည်။ ထို့နောက် ၎င်းက အမေရိကန်ကုမ္ပဏီများအား စီးပွားရေးအခွင့်အလမ်းများနှင့် အဆက်အသွယ်များကို စတင်ရှာဖွေတည်ဆောက်ရန်အားပေးပြီး၊ သတိနှင့်စတင်ရန် ပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မေလလယ် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်ငွေစာရင်း လွှဲပြောင်းခြင်းများ ပိတ်ပင်ထားမှုကို ယာယီရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ပြီးခဲ့သည့်နှစ်က အမေရိကန်၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေးသည် ဒေါ်လာ(၄၈)သန်းထိ တိုးတက်လာကြောင်း Mr. Mc Gee ကပြောသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ခြင်းကြောင့် ကြုံတွေ့ရနိုင်သည့်စွန့်စားရမှုများ ဖြေရှင်းရာတွင် မှန်ကန်သော ပါတနာရရှိရေးသည် အရေးကြီးကြောင်း DFDL ဥပဒေကုမ္ပဏီမှ ပါတနာတစ်ဦးဖြစ်သူ  James Finch ကပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာသန်း(၄၀)ရှိခဲ့ရာ၊ ၈၅ % မှာ လျှပ်စစ်စွမ်းအား၊ ရေနံနှင့် ဓါတ်ငွေ့များ ဖြစ်သည်။            အမေရိကန်အခြေစိုက် Chevron သည် Unocal ၏အအောက်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပြင်သစ် Total နှင့် ပါတနာအဖြစ် လွန်ခဲ့သည့် နှစ်(၂၀)ကတည်းက လုပ်ကိုင်နေသည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေသစ်တွင် အခွန်ကင်းလွတ်ခွင့်ကာလကို သုံးနှစ်မှ ငါးနှစ်အထိ တိုးမြှင့်ပေးထားကြောင်း Mr. Finch ကပြောသည်။

ဝါရှင်တန်သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများအပေါ် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပုံမှန်ဖြစ်အောင် အရေးကြီးသော ခြေလှမ်းတစ်ရပ်လှမ်းခဲ့ပြီးဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေးဌာနသည် မြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုအချို့ကို လိုင်စင်ချပေးမည် ဖြစ်သည်။

                                                               **************************************************

မြန်မာနိုင်ငံမှ ဒုက္ခသည်များအား စောင့်ရှောက်ရန် တရုတ်ကို တိုက်တွန်း

(26 June 2012 ရက်စွဲပါ Fox News မှ Reuters ၏ China urged to safegees from Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ ကချင်ဒုက္ခသည်(၁၀၀၀၀)ခန့်သည် တရုတ်နိုင်ငံရှိ ယာယီစခန်းများ၌ ရေနှင့် စားနပ်ရိက္ခာပြတ်လပ်ခြင်းနှင် ရေနှင့် သန့်ရှင်းမှုဆိုင်ရာများ မပြည့်စုံမှုများနှင့် ကြုံတွေ့နေရကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက သတိပေးပြောကြားခဲ့သည်။

နယူးယောက်အခြေစိုက် Human Rights Watch ၏ အင်္ဂါနေ့က အစီရင်ခံစာတွင် ယူနန်ပြည်နယ်မှ ဒုက္ခသည်များသည် စစ်မက်ဖြစ်ပွားရာ နေရာဒေသသို့ ပြန်လွှတ်နေသည့် အန္တရာယ်ကို ကြုံတွေ့နေရကြောင်းလည်း ဖော်ပြထားသည်။ အစီရင်ခံစာတွင် တရုတ်အစိုးရအား ဒုက္ခသည်များကို ယာယီအကာအကွယ်ပေးရန်နှင့် ကုလသမဂ္ဂနှင့် လူသားချင်းစာနာသော အေဂျင်စီများအား ဒုက္ခသည်များနှင့် လွတ်လပ်စွာ ဆက်သွယ်ခွင့်ပေးရန် တိုက်တွန်းခဲ့သည်။

ကချင်တိုင်းရင်းသားများနှင့် မြန်မာအစိုးရတို့သည် ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ(၇၅၀၀၀)ခန့် ရှိလာပြီဖြစ်သည်။

                                            *                        *********************************************

မဲခေါင်တိုင်းပြည်များတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ရန်

(26 June 2012 ရက်စွဲပါ Business Times မှ Mohit Mehrotra နှင့် Anurodh Pandey တို့ရေးသားသော Banking on the Mekong Countries ကို ဘာသာပြန်ဆိုသည်။)

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့သည် ဘဏ်မရှိသေးသော ကြီးမားသည့် ဈေးကွက်ကြီးများဖြစ်ပြီး အာဆီယံဘဏ်များအတွက် အားကောင်းစွာကြီးထွားနိုင်သော အလားအလာများ ရှိနေသည်။ အဆိုပါ သုံးနိုင်ငံပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု(GDP) သည် ဒေါ်လာ(၉၀)ဘီလီယံ ရှိသည်။ အဆိုပါ သုံးနိုင်ငံတွင် လူဦးရေ(၈၁)သန်းရှိပြီး တစ်ဝက်မှာ အသက်(၁၅)နှစ်မှ(၅၀)အတွင်း ရှိသူများဖြစ်သည်။ အဆိုပါနိုင်ငံ များတွင် မြို့ပြဖွံ့ဖြိုးတိုးတက်မှု လျင်မြန်စွာဖြစ်ပေါ်နေသည်ကို တွေ့ရပြီး GDP ကြီးထွားမှုမှာအားကောင်းပြီး ၆% ခန့်တွင် အသီးသီးရှိနေကြသည်။

၎င်းတို့တွင် ပြည်တွင်းစိန်ခေါ်မှုများ ရှိနေသည်။ အဆိုပါသုံးနိုင်ငံ၏ GDP အချိုးတွင် ခန့်မှန်းချေးငွေမှာ အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်သည်။ အဆိုပါ အချက်မှာ မတို့မထိရသေးသော ပြည်တွင်းစီးပွားရေး အခွင့်အလမ်း ကြီးစွာရှိနေကြောင်း ထင်ဟပ်နေသည်။

သယံဇာတကြွယ်ဝသောဒေသတွင် စီးပွားရေးလုပ်ဆောင်မှုများ တိုးတက်ဖော်ဆောင်လာခြင်းသည် သုံးနိုင်ငံအတွက် ကုန်သွယ်ရေးနှင့် ဒေသတွင်းနိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို အားကောင်းစွာ တိုးတက်ကြီးထွားလာစေသည်။ လာအိုနှင့် မြန်မာနိုင်ငံတို့က ကမ္ဘာကြီးနှင့် ကုန်သွယ်မှုသည် ၂၀၀၉-၂၀၁၀ တွင် ၃၀% တိုးတက်ခဲ့ပြီး ကမ္ဘောဒီးယားသည် ၂၀% နီးပါး တိုးတက်ခဲ့သည်။

အာဆီယံ+၃ (အာဆီယံ ၁၀ နိုင်ငံ+တရုတ်+ဂျပန်+တောင်ကိုရီးယား)ကုန်သွယ်မှုပုံစံသည် အဆိုပါနိုင်ငံများ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏတွင် အရေးကြီးသော အချိုးအစားမှ ပါဝင်နေသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ဒေသတွင်း FDI ၏ ၄၇% နီးပါးသည် အာဆီယံ+၃ မှ လာခဲ့ခြင်းဖြစ်သည်။ အာဆီယံ+၃ မှ ကမ္ဘောဒီးယားသို့ သွင်းကုန်သည် ၆၈% ရှိပြီး ကမ္ဘောဒီးယားမှ အာဆီယံ+၃ ထုတ်ကုန် သည် ၁၅% ရှိသည်။ မြန်မာနိုင်ငံ၌ ၂၀၁၀ တွင်ရင်းနှီးမြှုပ်နှံမှု၏ အများစုသည် အာဆီယံ+၃ မှဖြစ်ပြီး ဒေသတွင်း FDI ၏ ၇၀% ရှိသည်။

                        ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs