Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၎.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကောင်းချီးပေးရန် စောလွန်းနေသေးသောနေ့ရက်များ

(The Star News မှ 5 Apr 2012 ရက်စွဲပါ "Still early days in Myanmar"သတင်းကို ဘာသာပြန်ဆိုသည်။)

  1. အိမ်နီးချင်းနိုင်ငံများတွင် ဈေးကွက်ချဲ့ထွင်ရန် ထိုင်းပို့ကုန်လုပ်ငန်းရှင်များကို တိုက်တွန်းထားသည်

(Bernama မှ 2 July 2012 ရက်စွဲပါ Thai Exporters Advised to Widen Markets in Neighbouring Countries ကိုဘာသာပြန်ဆိုသည်)

  1. အိန္ဒိယကို အရေးနိမ့်စေမည့် မဟာဗျူဟာ တရုတ်တွင်မရှိဟုဆို

(Asian News Service မှ 2 July 2012 ရက်စွဲပါ China has no strategy to strangle Inida ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ကောင်းချီးပေးရန် စောလွန်းနေသေးသောနေ့ရက်များ

(The Star News မှ 5 Apr 2012 ရက်စွဲပါ "Still early days in Myanmar"သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်ထားသော Sanctions များကိုရုတ်သိမ်းရန် အာဆီယံက တောင်းဆိုနေသည့် အချိန်တွင် ဥရောပသမဂ္ဂ ကလည်း ထိုသို့ပြုလုပ်ရန် စိတ်ဝင်တစားရှိနေသည့် လက္ခဏာရှိသည်။ သို့သော် ထိုသို့ပြုလုပ်ပါက အချိန်မကျခင် အလောတကြီး အလျင်စလို ပြုလုပ်ရာ ရောက်ပေလိမ့် မည်။

မကြာသေးမီက နွေဦးကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီ က ၄၅ နေရာအနက် ၄၃ နေရာ အနိုင် ရရှိသွားသည့် သတင်းကိုဖတ်ရခြင်းမှာ အမှန်တကယ်ပင် ကြည်နူးစရာကောင်းသည်။

ယခင်အာဏာပိုင်များက နှစ်ပေါင်း ၂၀ နီးပါး အကျယ်ချုပ်ထိန်းသိမ်းခဲ့သည့်ကြားမှ သူမ၏ ကြာရှည်ခံပေါ်ပြူလာဖြစ်မှုကို စမ်းသပ်သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထောက်ခံမဲ ၉၀ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသည်ဟု ကနဦးသတင်းများက ဆိုသည်။

တပ်မတော်ကျောထောက်နောက်ခံပြုထားသော အာဏာရပါတီကြီးစိုးထားသည့် နေပြည်တော် မဲဆန္ဒနယ်များတွင်ပင် NLD ပါတီက အနိုင် ရရှိသည်ဟူသော သတင်းများမှာလည်း အလွန်စိတ်ဝင်စားစရာ ကောင်းပေသည်။

ဤအချက်ကိုကြည့်၍ မြန်မာပြည်သူလူထုတစ်ရပ်လုံး တစ်ယောက်မကျန် အပြောင်းအလဲကို မျှော်လင့်နေကြကြောင်း ထင်ရှားပေါ်လွင်နေသည်။ သို့သော် စာရေးသူ၏မိတ်ဆွေ မြန်မာတစ်ဦးပြောသကဲ့သို့ အနုစိတ်သော အဆင့်ပေါင်းများစွာ ကျန်ရှိနေသည်။ အချိန်စောလွန်းနေသေးသည်။

အာဏာရပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ ၆၀၀ ခန့်ကို ထိန်းချုပ်ထားဆဲဖြစ်သောကြောင့် တကယ့်အပြောင်းအလဲ မှန်သမျှ ဖြစ်ပေါ်လာရန်အတွက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဘာတွေဖြစ်လာမလဲဆိုသည်ကို စောင့်ကြည့်ရန် လိုအပ်သည်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကိုသာမကပဲ ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီ၏ အပြုအမူများကိုပါ စောင့်ကြည့်ရန် လိုသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီ ကျင့်ဝတ်များကို လေးစားလိုက်နာရန် စတင်ကြိုးစား နေသော်လည်း ယခင်က အလွန့်အလွန်အဆိုးဝါးဆုံး မှတ်တမ်းဟောင်းရှိခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးအပါအဝင် ဒီမိုကရေစီဆန္ဒပြပွဲများတွင် လူ့အသက်များသေဆုံးသည်အထိ နှိမ်နင်းဖြိုခွင်းခဲ့သော အစိုးရ၏ ရက်စက်မှု သည် ကမ္ဘာတစ်လွှား ထင်သာမြင်သာသော လူသေဆုံးမှုများစွာတို့အကြား ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့လေသည်။

လုပ်ပိုင်ခွင့်အပေါ် ပွင့်ပွင့်လင်းလင်းစိန်ခေါ်မှုနှင့် ရင်ဆိုင်ရချိန်တွင် မြန်မာအစိုးရက တုန့်ပြန်လာနိုင်ခြင်းအတွက် မည်သူကမှ မကူညီနိုင်သော်လည်း ဝိုင်းဝန်း ပူပန်စိုးရိမ်လျက်ရှိကြသည်။

"မြန်မာနိုင်ငံတွင် အတိုက်အခံများ၏ အယူအဆကို ပွင့်ပွင့်လင်းလင်းအပြည့်အဝ ဖော်ထုတ်ခွင့်ရှိပြီလား၊ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှုရှိမှာလား၊ ဒီမိုကရေစီဆန့်ကျင်ရေး နှိမ်နင်းဖြိုခွဲမှုတွေ နောက်ထပ်ရှိဦးမှာလား"စသည့် မေးခွန်းများစွာသည် ယခုတိုင်အဖြေမရှိသေးပါ။

မှန်ပါသည်။ အချိန်တွေစောလွန်းနေသေးသည်။ အာဆီယံဆီက တောင်းဆိုထားသလို၊ ဥရောပသမဂ္ဂကလည်း စိတ်ဝင်စားနေသည့် Sanctions ရုတ်သိမ်းရေးကိစ္စသည် အလျင်လိုလွန်းရာရောက်နေသည်။

အမှန်အတိုင်းပြောရလျှင် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဆိုးဆိုးဝါးဝါးရက်စက်မှုများကို အာဆီယံက လုံးဝအရေးတယူ မရှိခဲ့သည့်အပြင် ကုန်သွယ်မှုမှာလည်း လုံးဝမရပ်သွားခဲ့ပါ။ မြန်မာအစိုးရ(ဟောင်း)၏ ရက်စက်မှုများ၊ ပျက်ကွက်မှုများအပေါ် အာဆီယံအဖွဲ့ဝင်များက ငြင်ငြင်သာသာ လူသိရှင်ကြား ဝေဖန်ထောက်ပြမှုမျိုးကိုပင် မတွေ့ရှိရပါ။

အာဆီယံအဖွဲ့၏ ကြားဝင်မစွက်ဖက်ရေးမူဝါဒသည် "လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်၊ မင်းထိုက်နဲ့မင်းကံ"ဟူသော သဘောတရားနှင့် ကွာခြား ခြင်းမရှိခဲ့ပါ။

သို့ရာတွင် ယခုအခါ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ တရားသောဥပဒေစိုးမိုးရေးတို့ကို မြှင့်တင် ရန် အာဆီယံချာတာတွင် သဘောတူ လက်မှတ်ရေးထိုးကြခြင်းနှင့်အတူ အာဆီယံ၏မူဝါဒသည်လည်း စတင်ပြောင်းလဲ လာပြီဖြစ်သည်။

သို့သော် မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေး၊ ပုံမှန်အဆင့်ဖြစ်လာအောင် အာဆီယံက အလျင်စလိုတောင်းဆိုနေခြင်းကို ကြည့်ခြင်းအားဖြင့် အာဆီယံချာတာပါ နားထောင်ကောင်းသော စာသားများကို ထိန်းသိမ်းမြှင့်တင်ကြမှာလားဟု စာရေးသူ သံသယဖြစ်မိသည်။

ထိုနည်းတူစွာ အနောက်အုပ်စုနိုင်ငံများကလည်း မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရေးအတွက် အပြေးအလွှား ခုန်ဝင်ကြရန် အလောတကြီး ဆန္ဒပြင်းပြနေကြခြင်းမှာ ရယ်စရာအကောင်းဆုံးဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။

အမှန်အတိုင်းဆိုရလျှင် အဆိုးဝါးဆုံးကာလများ၌ပင် အနောက်နိုင်ငံကုမ္ပဏီများက မြန်မာ့ရေနံ၊ ဓာတ်ငွေ့ ကမ္ဘာတွင် ဆက်လက်လုပ်ကိုင်နေကြခြင်းကြောင့် အနောက်အုပ်စုသည် မြန်မာအစိုးရ(ဟောင်း)နှင့် အပြည့်အဝ အဆက်ဖြတ်ခြင်းလုံးဝ မရှိခဲ့ဘူးပါ။

သို့ဖြစ်ရာ မြန်မာအစိုးရအပေါ် နိုင်ငံတကာကပေးထားသော ဖိအားကလေးအနည်းငယ်ကို ကြားဖြတ်ရွေးကောက်ပွဲရလဒ်အပေါ် အလွယ်တကူ အခြေခံ၍ ရုတ်တရက်ရပ်ဆိုင်းခြင်း မပြုသင့်သေးပါ။ ဒေါ်အောင်ဆန်းစုကြည်ပြောသည့် စကားအတိုင်း ယခုအောင်ပွဲလေးသည် ပြည်သူလူထု၏ အောင်ပွဲသာ ဖြစ်သည်။

မြန်မာပြည်သူများသည် လွတ်လပ်ခွင့်နှင့်ဒီမိုကရေစီအတွက် အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ကြပြီး သူတို့ တတ်နိုင်သလောက် လက်တွေ့ကျကျ လုပ်ဆောင်ခဲ့ကြသည်ဟု စာရေးသူအသိအမှတ်ပြု တင်ပြလိုသည်။ ယခုအခါ မြန်မာအစိုးရကို ပုံမှန်ပြန်လည် ဆက်ဆံခြင်းအားဖြင့် မြန်မာပြည်သူတို့၏ ကံကြမ္မာကို လွှတ်ထားပေးရန်အတွက် အချိန်စောလွန်းနေသည်။

မြန်မာနိုင်ငံမှ ရဲရင့်သောပြည်သူများက သူတို့ ကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသော လွတ်လပ်ခွင့်ကို အမှန်တကယ် စတင်ခံစားရပြီဟူသော သဲသဲကွဲကွဲလက္ခဏာများ ထွက်ပေါ်လာချိန်အထိ စာရေးသူတို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စိတ်ရှည်သည်းခံ စောင့်ဆိုင်းကြရန် သေချာပေါက် လိုအပ်နေသည်ဟု သုံးသပ်တင်ပြလိုက်သည်။

                                                                  ******************************

အိမ်နီးချင်းနိုင်ငံများတွင် ဈေးကွက်ချဲ့ထွင်ရန် ထိုင်းပို့ကုန်လုပ်ငန်းရှင်များကို တိုက်တွန်းထားသည်

(Bernama မှ 2 July 2012 ရက်စွဲပါ Thai Exporters Advised to Widen Markets in Neighbouring Countries ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် အစရှိသော နိုင်ငံများတွင် ဈေးကွက်ချဲ့ထွင် သင့်သည်ဟု ကာစီကွန်းသုတေသနစင်တာ(KRC)က တိုက်တွန်းလိုက်ကြောင်း ထိုင်းသတင်း အေဂျင်စီကရေးသားသည်။

ထိုင်းပို့ကုန်လုပ်ငန်းရှင်များ ဈေးကွက်ချဲ့ထွင်ရေးအတွက် ဖြစ်နိုင်ခြေရှိသောနိုင်ငံများမှာ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ ဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံများသည် အနာဂါတ်ကာလတွင် ၎င်းတို့၏ဈေးကွက် ကြီးမားလာရေးအတွက် လုပ်ဆောင်လာဖွယ်ရှိကြောင်း KRC ကဆိုသည်။ အဆိုပါ နိုင်ငံများ၏ တစ်ဦးချင်းစီဝင်ငွေ၊ တိုရစ်ဇင်ကဲ့သို့ ဝန်ဆောင်မှုစီးပွားရေး လုပ်ငန်းများသည် စဉ်ဆက်မပြတ်တိုးတက်လာမည်ဖြစ်ရာ ထိုင်းကုန်ပစ္စည်းများအပေါ် ဝယ်လိုအားလည်းမြင့်မားလာလိမ့်မည်ဟု ဆိုသည်။

ယင်းသို့ အပေါင်းလက္ခဏာဆောင်သော အကြောင်းအရင်းများကြောင့် အဆိုပါနိုင်ငံများသို့ ထိုင်းကုန်ပစ္စည်း တင်ပို့မှုမှာ ယခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းမြင့်တက်လာကာ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်ဒေါ်လာ ၁၈ ဒဿမ ၇ ဘီလီယံ ရှာဖွေနိုင်မည်ဖြစ်ကြောင်း KRC က ခန့်မှန်းချက် ထုတ်ပြန်သည်။

ယူရိုဇုန်တွင်ဖြစ်ပေါ်နေသော ဘဏ္ဍာရေးအကျပ်အတည်းက အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးတစ်ခုလုံးအပေါ် တိုးတက်မှုမရှိအောင် လုပ်ဆောင် လာဖွယ်ရှိသည်ဟုလည်း ဆိုသည်။

ယူရိုဇုန်၏ အခြေအနေ တဖြည်းဖြည်းချင်းဆိုးရွားလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုအပေါ် ထိခိုက်လျက်ရှိသည်။ သို့သော် အဆိုပါ ယူရိုဇုန်ကိစ္စကြောင့်ပင် အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် အစရှိသည့်နိုင်ငံများသို့ ထိုင်းကုန်ပစ္စည်းတင်ပို့မှု ဆက်လက်မြှင့်တင် သွားရန်လည်း စီမံချက် ရေးဆွဲထားသည်။

ထိုင်းအကောက်ခွန်ဌာနအဆိုအရ အဆိုပါအိမ်နီးချင်းနိုင်ငံများသို့ ၂၀၁၂ ခုနှစ် ပထမ ငါးလတာအတွင်း ထိုင်းပို့ကုန်တင်ပို့မှုမှာ သိသိသာသာ မြင့်တက်ခဲ့ကြောင်း၊ ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၁၆ ဒဿမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

                                                            ************************************

အိန္ဒိယကို အရေးနိမ့်စေမည့် မဟာဗျူဟာ တရုတ်တွင်မရှိဟုဆို

(Asian News Service မှ 2 July 2012 ရက်စွဲပါ China has no strategy to strangle Inida ကိုဘာသာပြန်ဆိုသည်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ လက်ဦးမှုရယူထားသည့် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် အိန္ဒိယအစိုးရ၏ကြိုးပမ်းချက်များကို ဘေဂျင်းအစိုးရကကြိုဆိုလိုက်ပြီး "မိမိတို့တွင် အိန္ဒိယနိုင်ငံအရေးနိမ့်စေမည့် နည်းဗျူဟာမျိုး မရှိပါကြောင်း"အသိပေးပြောဆိုသည်။

မြန်မာနှင့် ကီလိုမီတာ ၁၆၀၀ ကျော်ရှည်လျားသော နယ်နိမိတ်ထိစပ်နေသည့် အိန္ဒိယသည် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာသို့ သွားရောက် လည်ပတ်ခဲ့စဉ် သမ္မတဦးသိန်းစိန်အစိုးရနှင့် သဘောတူညီချက်ပေါင်း များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

အိန္ဒိယနှင့် မြန်မာကုန်သွယ်မှုတန်ဖိုးမှာ ၁ ဒဿမ ၂ ဘီလီယံရှိပြီး မြန်မာ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နှင့် ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၁၀ ပြည့်နှစ်တွင် ၄ ဒဿမ ၄၄ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ အဆိုပါ ပမာဏသည် ၂၀၀၉ ခုနှစ်ကထက် ၅၃ ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း အစိုးရကထုတ်ပြန်သော စာရင်းဇယားများကဆိုသည်။

"တောင်အာရှနဲ့ မြန်မာပြည်တွင်း တရုတ်စီးပွားရေးအနေအထားက အင်မတန်ခိုင်မာတောင့်တင်းပါတယ်။ အိန္ဒိယနိုင်ငံကလာမယ့် စီးပွားရေး ယှဉ်ပြိုင်မှုတွေကို တရုတ်နိုင်ငံအနေနဲ့ကြိုဆိုပါတယ်"ဟု China Institute of International Studies မှ Senior Fellow ဖြစ်သူ Jia Xiudong က သတင်းစာဆရာများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

တရုတ်အနေဖြင့် အိန္ဒိယ၏ "အရှေ့မျှော်မူဝါဒ"အပေါ် စိုးရိမ်ပူပန်မှုနှင့်ပတ်သက်၍ မေးမြန်းရာတွင် "တရုတ်က အဆိုပါကိစ္စကို စိုးရိမ်ခြင်း မရှိပါကြောင်း၊ ယှဉ်ပြိုင်မှုကို ကြိုဆိုပါကြောင်း" ဖြေကြားသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က ထုတ်ပြန်သော ကိန်းဂဏန်းများကို Myanmar Times ဂျာနယ်က ကိုးကား ဖော်ပြချက်အရ တရုတ်သည် မြန်မာနိုင်ငံ၌ ဒေါ်လာ ၁၃ ဒဿမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း MIC သို့ တရုတ်ကိုယ်စားလှယ်များ သွားရောက်ခဲ့ပြီး အခြေခံ အဆောက်အဦး တည်ဆောက်ရေး၊ သတ္တုတူးဖော် ရေး၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်ရေးအစရှိသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရေးအတွက် ဆွေးနွေးခဲ့ကြသည်။

တရုတ်သည် ယခုအခါ ရေနံနှင့် သဘာဝဓာတ်ငွေပိုက်လိုင်းနှစ်ခု သွယ်တန်းမှုကို စတင်အကောင်အထည် ဖော်နေပြီဖြစ်သည်။ အဆိုပါပိုက်လိုင်း များမှာ မြန်မာနိုင်ငံအနောက်ပိုင်း ကျောက်ဖြူမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ သွယ်တန်းမည်ဖြစ်သည်။ သို့သော် တရုတ်နိုင်ငံ၏ စီမံကိန်း တစ်ခုဖြစ်သော မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကြီးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မည့်အရေး၊ ဒေသခံပြည်သူတို့၏ လူမှုဘဝ ထိခိုက်မည့်အရေး တို့ကြောင့် ရပ်ဆိုင်းခဲ့လိုက်ရသည်။ အဆိုပါ စီမံကိန်းပြန်လည်စတင်နိုင်ရေးအတွက် တရုတ်နိုင်ငံပိုင် China Power Investment Corporation က မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

အိန္ဒိယ၏ မြန်မာပြည်တွင်း အခြေခံအဆောက်အဦးစီမံကိန်းမှာ 'ကုလားတန်'အမည်ရ ဘက်စုံစီမံကိန်းဖြစ်ပြီး စစ်တွေဆိပ်ကမ်းမှ မီဇိုရမ်သို့ ကားလမ်း၊ ရေကြောင်းလမ်းတို့ ချိတ်ဆက်မည့် အစီအစဉ်လည်း ပါဝင်သည်။

အဆိုပါ စီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့သော်လည်း လုပ်ငန်းပြီးစီးမှုမှာ နှေးကွေးလျက်ရှိသည်။ ကုန်းတွင်းပိုင်း လမ်းဖောက်လုပ်မှုမှာ ၂၀၁၄ ခုနှစ်တွင်ပြီးဆုံးမည်ဟု ခန့်မှန်းရပြီး ရေလမ်းကြောင်း ဖောက်လုပ်မှုကို ၂၀၁၃ ခုနှစ်တွင် အဆုံးသတ်ရန် ခန့်မှန်းထားသည်။

ထို့ပြင် အိန္ဒိယသည် မြန်မာနိုင်ငံတွင်း အဓိကကျသော လမ်းအချို့အား အဆင့်မြှင့်တင်မှုများပြုလုပ်ရန်လည်း စေ့စပ်ညှိနှိုင်းထားသည်။

အိန္ဒိယနိုင်ငံပိုင် ရေနံလုပ်ငန်းဖြစ်သော NGC နှင့် GAIL တို့က မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်နှစ်ခုတွင် အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ထည့်ဝင်ထားသည်။ ထို့ပြင် အိန္ဒိယသည် ရေနက်ပိုင်းတူးဖော်ရေးလုပ်ကွက် သုံးခုလည်းရရှိထားပြီးဖြစ်သည်။

တရုတ်တွင်"ပုလဲကုံး"မဟာဗျူဟာဖြင့် အိန္ဒိယကို ရစ်ပတ်ရန် ဦးတည်ချက်ရှိ၊မရှိ မေးမြန်မှုအပေါ် JiaXiudong က "အိန္ဒိယ ဒုက္ခရောက်အောင် ရစ်ပတ်မယ် မဟာဗျူဟာမျိုးမရှိပါဘူး"ဟု ဖြေကြားသည်။ "အဲဒါ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံဟာ ပါဝါအင်အားကြီး နိုင်ငံတစ်ခု ပါ။ တခြားနိုင်ငံတွေကရော အိန္ဒိယကိုအကွက်ကျကျရစ်ပတ်ဖို့ ပူးပေါင်းလုပ်ကြမှာမိုလို့လား"ဟု ဆိုသည်။

အိန္ဒိယသတင်းစာဆရာများနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အရာရှိတစ်ဦးနှင့် တွေ့ဆုံရာတွင် "တရုတ်အနေဖြင့် နိုင်ငံပြင်ပ၌ စစ်အခြေစိုက်စခန်းတည်ထောင်သွားရန် ဦးတည်ချက်မရှိ"ဟု အဆိုပါ အရာရှိက ဆိုသည်။ အိန္ဒိယသမုဒ္ဒရာတွင်း စစ်စလီကျွန်းစုများအနီး ခြေကုပ်ယူရန် ကြိုးပမ်းနေခြင်းမှာ တရုတ်ရေတပ်အား ထောက်ပို့ပစ္စည်းများ ပေးရန်အတွက်သာ ဖြစ်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

                                ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၎.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးအုပ်စုများကြား အငြင်းပွားနေမှုကြောင့် အမေရိကန်၏ မြန်မာနိုင်ငံမူဝါဒနှင့် ပတ်သက်၍ အများထောက်ခံမှုတွင် အက်ကြောင်းရှိလာနိုင်

( 2 July 2012 ရက်စွဲပါ Canda.com မှ AP၏  Malthew Pennington ရေးသားသော Consensus cracking on US policy for Myanmar as business,human rights lobbies clash ကိုဘာသာပြန်ဆိုသည်။)

  1. ကလေးသူငယ်လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကူညီရန် ပောာင်ကောင်ရုပ်ရှင်စတား ဂျက်ကီချန်း မြန်မာနိုင်ငံသို့လာမည်

(The Associated Press မှ 3 Jan 2012 ရက်စွဲပါ “Hong Kong actionstar Jackie Chan to visit Myanmar this week to help combat child trafficking”သတင်းကို ဘာသာပြန်ဆိုသည်)

                                         ***************************************************************

ဘာသာပြန်သတင်းများ

စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးအုပ်စုများကြား အငြင်းပွားနေမှုကြောင့် အမေရိကန်၏ မြန်မာနိုင်ငံမူဝါဒနှင့် ပတ်သက်၍ အများထောက်ခံမှုတွင် အက်ကြောင်းရှိလာနိုင်

( 2 July 2012 ရက်စွဲပါ Canda.com မှ AP၏  Malthew Pennington ရေးသားသော Consensus cracking on US policy for Myanmar as business,human rights lobbies clash ကိုဘာသာပြန်ဆိုသည်။)

အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် မူဝါဒ၏နောက်တွင်ရှိသော ဝါရှင်တန်၏ အများသဘောတူညီချက်တွင် အက်ကြောင်းရှိလာသည့် လက္ခဏာပြသနေသည်။ အမေရိကန်စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စောင့်ဆိုင်းနေရာ စိတ်မရှည်နိုင်တော့သည့် အချိန်တွင် လူ့အခွင့်အရေးအုပ်စုများက နောက်ပြန် လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်တွင် သံတမန်ရေးအရ အထီးကျန်ပြုထားမှုကို ပြန်လည် ရုတ်သိမ်းလျက်ရှိပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိခြင်းကြောင့် စီးပွားရေးအရ အရေးယူမှုများကို ဖြေလျော့ပေးလျက်ရှိသည်။ အမေရိကန်တို့သည် ၎င်းတို့ဆယ်စုနှစ်နှစ်ခုခန့် အသာစီးယူ၍ တွန်းအားပေးလာခဲ့သော လူ့အခွင့်အရေးကိစ္စကို လစ်လျူရှု၍ မြန်မာနိုင်ငံ၏ ဈေးကွက်သစ်တွင် အမေရိကန် ကုမ္ပဏီများအတွက် ကုန်သွယ်မှု အခွင့်အလမ်းများကို တံခါးဖွင့်ပေးရန် ကြိုးစားလျက်ရှိသည်။

ပုံမှန်မဟုတ်သောဖြစ်စဉ်တစ်ခုအဖြစ် ပြီးခဲ့သည့်အပတ်က ဒီမိုကရက်တစ်ဆီနိတ်တာတစ်ဦးသည် အမေရိကန်နိုင်ငံရေး ပါတီနှစ်ခုစလုံးမှ လေးစားပြီး၊ အစိုးရမူဝါဒကို ပါတီနှစ်ခုလုံးကထောက်ခံမှုပြုရာတွင် အဓိကကျသော အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ခဲ့သည်။ မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ပွင်းလင်းမြင်သာမှုမရှိခြင်းကြောင့် အစိုးရဓာတ်ငွေ့လုပ်ငန်းအပေါ် နိုင်ငံခြားကုမ္ပဏီများ သတိထားရန် သတိပေးခဲ့ရာ ထင်ရှားသော ရီပတ်ဗလစ်ကင်တစ်ဦးက ထောက်ခံခဲ့သည်။

အဆိုပါ အမြင်ခြားနားနေမှုများက အမေရိကန်အစိုးရသည် ၎င်း၏ မြန်မာနိုင်ငံအပေါ်မူဝါဒကို ကျယ်ပြန့်သော ထောက်ခံမှုဖြင့် ဆက်လက် ထိန်းသိမ်းထားရန် ခက်ခဲလာပြီဆိုသည်ကို ပြသနေသည်။

ထိုသို့ စကားအချေအတင် ပြောလာမှုများမှာ မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြားတွင် ပြင်းထန်သော ဖြစ်ရပ်များ ဖြစ်ပွားခြင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားသူပုန်များနှင့် စစ်တပ်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းများကြောင့် ဖြစ်ပေါ် လာခဲ့ပြီး လူ့အခွင့်အရေးနှင့်ပတ်သက်၍ စိုးရိမ်ရမှုများကြီးမားစွာ ရှိနေဆဲဖြစ်ကြောင်း သတိပေးနေမှုများ ရှိသည်။

သို့သော် အစိုးရ၏ မြန်မာနိုင်ငံအပေါ် မူဝါဒနှင့်ပတ်သက်၍ ရှားရှားပါးပါးရရှိထားသော နိုင်ငံရေးအရ ညီညွတ်မှုမှာ ရှိနေဆဲ ဖြစ်သည်။ ဒီမိုကရက်များရော ရီပက်ဗလစ်ကင်များရော မြန်မာနိုင်ငံတွင် နောက်ထပ်ပြုပြင်ပြောင်းလဲရေးအတွက် အားပေးနိုင်ရန် အရေးယူမှုများ ဖြေလျော့ ပေးရေးကို ထောက်ခံကြသည်။ သောကြာနေ့က ဆီးနိတ်သည်(၂၂)နှစ်အတွင်း မြန်မာနိုင်ငံအတွက် သံအမတ်အဖြစ် Derck Mitchell အား ခန့်အပ်ခြင်းကို အတည်ပြုပေးခဲ့သည်။

သို့သော် အစိုးရအဖွဲ့အတွင်းမှာပင် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများအား အဂတိလိုက်စားမှုကို အားပေးခြင်းမပြုဘဲ၊ စစ်တပ်နှင့် ဆက်စပ်နေသော စီးပွားရေးအီလစ်များ ဆက်လက်ကြီးထွားစေခြင်းမရှိစေဘဲ မည်သို့အားပေးရမည်ဆိုသည့် အမြင်များတွင် သဘောထားကွဲမှုများရှိနေသည်။

အမေရိကန်ကော်ပိုရေးရှင်းများအတွက် အချိန်သည်သာ အရေးကြီးသောအရာ ဖြစ်တော့သည်။ ဥရောပကုမ္ပဏီများမှာလည်း မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လုပ်ကိုင်နိုင်ပြီဖြစ်သည်။ လာမည့် သုံးလအတွင်း မြန်မာအစိုးရသည် ကုန်းတွင်းရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ကွက်(၁၈)ခုအတွက် တင်ဒါ ခေါ်ယူမည်ဖြစ်ရာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကသာ လွှမ်းမိုးထားသော အမြတ်အစွန်းများသည် စွမ်းအင်ကဏ္ဍတွင် အနောက်နိုင်ငံကုမ္ပဏီများ ဝင်ရောက်ရန် အခွင့်အလမ်း ရရှိမည်ဖြစ်သည်။

အမေရိကန်ကုန်သည်ကြီးများအသင်းသည် စီးပွားရေးလုပ်ငန်းပေါင်း သုံးသန်းကျော်ကို ကိုယ်စားပြုပြီး၊ ဝါရှင်တန်တွင် အားကောင်းသော အင်အားစုကြီးတစ်ခု ဖြစ်သည်။ ၎င်းက အစိုးရကို မြန်မာနိုင်ငံ၌ ဝင်ရောက်လုပ်ကိုင်နိုင်ရေး တွန်းအားပေးလျက်ရှိသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန်တိုက်တွန်းပြီး ရက်သတ္တပတ်ခုနှစ်ပတ်ကြာသည့်တိုင် အစိုးရသည် လိုအပ်သည့် စည်းမျဉ်းများ မထုတ်ပြန်နိုင်သေးသဖြင့် ကုန်သည်ကြီးများအသင်းသည် စိတ်ပျက်ရမှုကို ဖော်ပြခဲ့သည်။

ဒီမိုကရက်တစ်ဆီနိတ်တာ Jim Webb သည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြုလုပ်ရန် ကာလရှည်ကြာကပင် ပြောကြား ခဲ့သည်။ ၎င်းသည် ရှေးရိုးစွဲ ရီပက်ဗလစ်ကင်များနှင့် အုပ်စုဖွဲ့၍ စီးပွားရေးအရအရေးယူမှုများကို ခြုံ၍ ရုတ်သိမ်းပေးရန် ဖိအားပေးနိုင်ရန် စီစဉ်ခဲ့သည်။ ပြီးခဲ့သည့်အပတ်က ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ခဲ့ရာ နိုင်ငံခြားအစိုးရ တစ်ခုခုမှ တာဝန်ရှိသူတစ်ဦးသည် ၎င်းတို့အား မည်သည့်ကဏ္ဍတွင် ရင်းနှီး မြှုပ်နှံသင့်သည်။ မည့်သည့်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်မသင့်ဟု ပြောသင့်သလောဟု မေးခွန်းထုတ်ခဲ့သည်။ ၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်သို့ ဖြစ်ရိုး ဖြစ်စဉ် မဟုတ်သော တိုက်ရိုက်ဝေဖန်ပြောကြားခဲ့မှု ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ရီပက်ဗလစ်ကင်ဆီနိတ်တာ John McLain က ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်ကို ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်း(MOGE)သည် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုမရှိသောကြောင့် စိတ်ပူရကြောင်း ပြောကြားခဲ့ရာ၊ ၎င်းက အမေရိကန်ကုမ္ပဏီများ ထိုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ၊ ထိုကိစ္စ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ်မူတွေကို ဦးစားပေးရမှာပါ”ဟု McLain က ကြေညာချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် ၎င်း၏ရောင်းဝယ်ရေးအကျိုးစီးပွားကိုသာ ဦးစားပေးကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောသည်။

“မြန်မာနိုင်ငံရဲ့ မူဝါဒဖွဲ့စည်းရာမှာ နှစ်ပေါင်းများစွာ အဓိကကျတဲ့နေရာကရှိနေတဲ့ ကိစ္စရပ်တွေအပေါ် ပြိုင်ဆိုင်မယ့် ဦးတည်ချက်အသစ်တွေ ရုတ်တရက်ပေါ်လာနေပါတယ်။ ဒါကတော့ လာမယ့်လအနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့လုပ်ကွက်များ တင်ဒါခေါ်ရာမှာ အမေရိကန် ကုမ္ပဏီတွေ လွတ်မသွားအောင် အကူအညီပေးဖို့ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်”ဟု Human Right Watch၏ ဝါရှင်တန်ရုံး ဒါရိုက်တာ Tom Malinowski က ပြောသည်။

အမေရိကန်တာဝန်ရှိသူများ၏ ပြည်သူများသို့ ထုတ်ပြန်ကြေညာချက်များကိုကြည့်၍ အကဲဖြတ်ရလျှင်၊ အစိုးရသည် တိုင်းရင်းသားများအပေါ် ရက်စက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများနှင့် မြန်မာနိုင်ငံစစ်တပ်နှင့် မြောက်ကိုရီးယား ဆက်ဆံရေးများကို ပူပန်နေရမှုများရှိနေဆဲဟု ဖော်ပြလင့်ကစား ပြီးခဲ့သည့်လများအတွင်း မူဝါဒသိသာစွာ ပြောင်းလဲလာသည်ဟု ဆိုရမည်ဖြစ်သည်။

ဧပြီလအစောပိုင်းက အမေရိကန်ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုများကို ပစ်မှတ်ထား၍ ဖြေလျော့ပေးခဲ့ကြောင်း ကြေညာခဲ့ရာ အစိုးရ တာဝန်ရှိသူများက သယံဇာတအခြေခံသော လုပ်ငန်းများထက်စာလျှင် စိုက်ပျိုးရေး၊ ဆက်သွယ်ရေးနှင့် ခရီးသွားကဲ့သို့သောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်  စတင်ပြောလာခဲ့သည်။ သို့သော်ရက်သတ္တပတ် ခြောက်ပတ်အကြာတွင် ကလင်တန်က အသေးစိတ်ပြောကြားလာရာတွင် အမေရိကန် စီးပွားရေးလုပ်ငန်းများသည် ရေနံ၊ ဓါတ်ငွေ့နှင့် သတ္တုတွင်းအပါအဝင် စီးပွားရေး၏ ကဏ္ဍအားလုံးတွင် ရင်းနှီြးှမှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့သည်။

ထိုကိစ္စကို ထိုင်းနိုင်ငံရှိ ကချင်အမျိုးသမီးများအဖွဲ့မှ ဆော်သြရေးမှူး Moon Nay Li ကဲ့သို့သော တက်ကြွလှုပ်ရှားသူများက စိတ်ဆိုးကြသည်။ သူက မြန်မာစစ်တပ်သည် ကချင်ပြည်နယ်တွင် ရက်စက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ပြောခဲ့သည်။ သူက အမေရိကန်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုတွင် ပါဝင်ပတ်သက် မလာစေရေးအတွက် တရားဝင်တားဆီးပေးရန် အင်တာနက်တွင် အသနားခံတင်ပြခဲ့ရာ ငါးပတ်အတွင်းထောက်ခံသူ ၁၂၅၀၀၀ ရရှိခဲ့သည်။

“နိုင်ငံခြားစီးပွားရေးနဲ့ လူ့အခွင့်အရေးပြင်းထန်စွာချိုးဖောက်မှုတွေဟာ ခွဲမရပါဘူး”ဟု သူက အီးမေးလ်တွင် ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည် မြေသိမ်းယူမှုများနှင့် ရွာသားများကို အတင်းဓမ္မရွှေ့ပြောင်းစေမှုများ ဖြစ်စေကြောင်း ဆိုသည်။

အိုဘားမားအစိုးရက ပြောကြားရာတွင် အမေရိကန်ကုမ္ပဏီများအနေဖြင့် သတိကြီးစွာထားမည်ဟု မျှော်လင့်ကြောင်း၊ မြန်မာစစ်တပ်က ပိုင်ဆိုင် လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့် လုပ်ကိုင်ခြင်းကို ဆက်လက်ပိတ်ပင်ထားမည်ဟု ဆိုသည်။ သို့သော်အစိုးရက အမေရိကန်ရေနံနှင့် ဓါတ်ငွေ့ကုမ္ပဏီများ မြန်မာအစိုးရပိုင် MOGE နှင့် ပါတနာအဖြစ် လုပ်ကိုင်ခွင့်ပြုမည် မပြုမည်ကိုမူ ပြောကြားခြင်းမရှိပေ။

New American Security think-tank ဗဟိုမှ Patrick Cronin ကပြောကြားရာတွင် အမေရိကန်ကုမ္ပဏီများသည် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သည့်အခါ အမေရိကန်၏ အဂတိလိုက်စားမှုဆန့်ကျင်ရေး ဥပဒေကို သေချာစွာလိုက်နာရပြီး၊ ၎င်းတို့ မြန်မာနိုင်ငံတွင် ပါဝင်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ ဥပဒေပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို အကူအညီမပေးရုံမျှမက ထိခိုက်မှုပင်ဖြစ်စေမည်ဟု ဆိုသည်။ အဘယ့်ကြောင့်ဆိုသော် ဥရောပ၊ ရုရှား၊ တရုတ်နှင့် အခြားအာရှကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံနေသောကြောင့် ဖြစ်သည်။

ကုမ္ပဏီများအနေဖြင့် မြန်မာအစိုးရအား ၎င်းတို့ဘာတွေပေးရသနည်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ စောင့်ကြည့်အစီရင်ခံရန် လိုအပ်ချက်ကို သဘောတူကြမည် မဟုတ်သော်လည်း မြန်မာနိုင်ငံကဲ့သို့သော အဓိကလူ့အခွင့်အရေး ပြဿနာများရှိသော နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ထိုသို့အစီရင် ခံရခြင်းက ထိန်းညှိပေးမည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း Croninက ပြောသည်။

*******************************

ကလေးသူငယ်လူကုန်ကူးမှုတိုက်ဖျက်ရေးကို ကူညီရန် ပောာင်ကောင်ရုပ်ရှင်စတား ဂျက်ကီချန်း မြန်မာနိုင်ငံသို့လာမည်

(The Associated Press မှ 3 Jan 2012 ရက်စွဲပါ “Hong Kong actionstar Jackie Chan to visit Myanmar this week to help combat child trafficking”သတင်းကို ဘာသာပြန်ဆိုသည်)

ပောာင်ကောင်ရုပ်ရှင်စတား ဂျက်ကီချန်းသည် အရှေ့အောင်အာရှ မြန်မာနိုင်ငံမှ ကလေးသူငယ်လူကုန်ကူးမှု တိုက်ဖျက်ရေးကိုကူညီရန်အတွက် ယခုသီတင်းပတ်အတွင်း ၃ ရက်ကြာ မြန်မာခရီးစဉ် လာရောက်မည်ဖြစ်သည်။

ယူနီဆက်(UNICEF) ၏ လူမှုရေးသံတမန်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်မည့် ကမ္ဘာကျော်ရုပ်ရှင်မင်းသား ဂျက်ကီချန်းသည် မြန်မာနိုင်ငံ ယူနီဆက်(UNICEF)စီမံကိန်းများကို သွားရောက်ကြည့်ရှုကာ အထူးဂရုစိုက်စောင့်ရှောက်ရန် လိုအပ်နေသော လူကုန်ကူးခံကလေးသူငယ်များကို အားပေးကူညီမည်ပာု ယူနီဆက်က အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အထက်အညာမြို့တော် မန္တလေးမှ လူမှုဝန်ထမ်းဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးဦးမည်ပာု သိရှိရသည်။

မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးသူငယ်စစ်သားအရေအတွက် ထောင်နှင့်ချီ၍ အသုံးပြုလျက် ရှိသည်ပာု အမေရိကန်နိုင်ငံခြားရေးဌာန၏ လူကုန်ကူးမှုဆိုင်ရာ နှစ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း မြန်မာအစိုးရက ကလေးသူငယ်စစ်သားစုဆောင်းမှုတားဆီးရန်နှင့် စုဆောင်းထားပြီးသူများကို ပြန်လွှတ်ရန် ကုလသမဂ္ဂနှင့် ယခင်အပတ်က သဘောတူလက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

၂၀၀၄ ခုနှစ်မှစ၍ ယူနီဆက်(UNICEF) ၏ လူမှုရေးသံတမန်ဖြစ်လာခဲ့သူ ရုပ်ရှင်စတား ဂျက်ကီချန်းသည် ၎င်း၏ကျော်ကြားမှု အရှိန်အဝါကို အသုံးပြုကာ ကမ္ဘာ့အားအနည်းဆုံးကလေးသူငယ်များအပေါ် လူသားချင်းစာနာသောကူညီမှုများ တိုးတက်အောင်မြင်အောင် အားပေးမြှင့်တင်ရန် ကြိုးစား နေသူဖြစ်သည်။

ယူနီဆက်(UNICEF)၏ မြန်မာဌာနေကိုယ်စားလှယ် ရာမက်ရှ်က “ဂျက်ကီချန်းပာာ မြန်မာနိုင်ငံမှာ အရမ်းကိုနာမည်ကြီးသူဖြစ်ပြီး၊ ကလေး သူငယ်တွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် လှုံဆော်နိုင်သူဖြစ်ပါတယ်။ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်တွေက ဂျက်ကီရဲ့ ကိုယ်ခံပညာ စွမ်းရည်၊ ရဲရင့်မှု၊ စွန့်စားမှုနဲ့ ပာာသဉာဏ်တွေကို စိတ်ဝင်တစားသဘောကျကြပါတယ်။ ဂျက်ကီက လူငယ်မျိုးဆက်တွေ စိတ်ဓာတ်တက်ကြွလာအောင် လှုံဆော်နိုင်သူပါပဲ”ပာု ပြောကြားသည်။

ယခုကဲ့သို့ မြန်မာကြိုက်တရုတ်မင်းသားတစ်ဦးလာရောက်သည့် ခရီးစဉ်၏နောက်ကွယ်တွင် မြန်မာနိုင်ငံ၌ ကိုရီးယားဆော့ဖ်ပါဝါလွှမ်းမိုးမှုကို ယှဉ်ပြိုင်ရန်ကြိုးပမ်းနေသော တရုတ်နိုင်ငံ၏ အစီအစဉ်တစ်ချို့ ပတ်သက်ဆက်နွယ်နေသည်ပာု မြန်မာ့နိုင်ငံရေးဂုရုအချို့က သုံးသပ်ပြောဆိုထားသည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs