Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကလင်တန်နှင့် အာရှခရီးစဉ်ကို မြန်မာနှင့်ဆက်ဆံရေးကောင်းမွန်လာခြင်းဖြင့် အဆုံးသတ်

(The Peninsula News မှ 14 July 2012 ရက်စွဲပါ “Clinton ends Asia Trip in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

  1. တပ်မတော်အစိုးရကို ရန်ပုံငွေဖြည့်တင်းပေးခဲ့သော ရေနံလုပ်ငန်းသို့ အမေရိကန်ကုမ္ပဏီများ ၀င်ကြတော့မည်

(Global Post မှ 15 July 2012 ရက်စွဲပါ “Petrol that funded Myanmar Junta now open to US firms” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. Sanctions အရုတ်တွင် မြန်မာနိုင်ငံသို့ အမေရိကန်ကုမ္ပဏီများ တပာုန်ထိုးဝင်

(ABC News မှ 15 July 2012 ရက်စွဲပါ “US firms rush back to burma as sanctions lift”သတင်းကို ဘာသာပြန်ဆိုသည်)

                        ***************************************************************

ဘာသာပြန်သတင်းများ

ကလင်တန်နှင့် အာရှခရီးစဉ်ကို မြန်မာနှင့်ဆက်ဆံရေးကောင်းမွန်လာခြင်းဖြင့် အဆုံးသတ်

(The Peninsula News မှ 14 July 2012 ရက်စွဲပါ “Clinton ends Asia Trip in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ယခင်ဒဏ်ခတ်ထားသော သယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံသို့ အမေရိကန်ကုမ္ပဏီများဝင်ရန် ဝါရှင်တန်က ခွင့်ပြုလိုက်ခြင်းကြောင့် မြန်မာ အာဏာပိုင်များနှင့် ဆက်ဆံရေးသိသိသာသာ နွေးထွေးမှုရှိခဲ့သော ခရီးစဉ်အပြီးတွင် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် မနေ့က အာရှမှ ပြန်လည်ထွက်ခွာသွားသည်။

ရေနံ၊ ဓာတ်ငွေ့အပါအဝင် မြန်မာ့စီးပွားရေးနယ်ပယ်၌ အမေရိကန်တို့ရင်းနှီးမြှုပ်နှံနိုင်ရန် ဝါရှင်တန်က မီးစိမ်းပြပြီးနှစ်ရက်အကြာ ဗုဒ္ဓပာူးနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဆီရန်ရိဒ်စီးပွားရေးဖိုရမ်၌ မြန်မာသမ္မတဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ယင်းသို့တွေ့ဆုံခဲ့ရာတွင် ရာစုနှစ်ဝက်စစ်အုပ်ချုပ်ရေးမှ မြန်မာနိုင်ငံ ရုန်းထလာခြင်းကို ကလင်တန်က ချီးကျုးပြောဆိုခဲ့ပြီး၊ တိုးပွားလာသော အမေရိကန်ရင်းနှီးမြှုပ်နှံမှုများက မြန်မာပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို တိုးတက်စေမည့်အစီအမံများကို ဝါရှင်တန်က သေချာချမှတ်ထားသည်ပာု ပြောကြားခဲ့သည်။

အမေရိကန်ကုမ္ပဏီများသည် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသော တာဝန်ခံရမည့်ကိစ္စရပ်များကို အစီရင်ခံစာရေးတင်ကြရမည်ဖြစ်သော်ငြားလည်း ငွေပုံအောမှုမြန်ဆန်လွန်းအားကြီးသည်ပာု လူ့အခွင့်အရေးအုပ်စုများက ပြောဆိုကြသည်။

အမေရိကန်ပြည်ထောင်စုသည် အလွန်အကျွံ့ရန်လိုစိတ်များသော ဘီဂျင်းကို ရှောင်ရှားနေသော်လည်း တရုတ်နိုင်ငံ၏ပါဝါကို ပာန်ချက် ထိန်းရန်အတွက် အာရှမပာာမိတ်များကို အားပေးရန်ကြိုးစားနေသည့်အလျောက်၊ ကလင်တန်၏ အရှေ့တောင်အာရှခရီးစဉ်တွင် ဒေသတွင်း လုံခြုံရေးဆိုင်ရာဖိုရမ်လည်း ပါဝင်သည်။

ကြာသပတေးနေ့က ကလင်တန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျားချီတို့တွေ့ဆုံကြရာတွင် အတူတကွ ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားကြရန် ကတိပြုခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဘီဂျင်းနှင့် အာရှအိမ်နီးခြင်းများအကြားမှ ရေပြင်ပိုင်နက်ပြဿနာ၏ လက်သည်မဖြစ်အောင် ရှောင်ရှားရန် ကြိုးစားခဲ့သော်လည်း တင်းမာမှုများကြီးထွားလာနိုင်သည့် အလားအလာရှိကြောင်း သတိပေးပြောဆိုခဲ့သည်။

တရုတ်နိုင်ငံနှင့် ညှိနှိုင်းရန်အတွက် စည်းလုံးကြရန်အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကို အမေရိကန်ပြည်ထောင်စုက ယခုတစ်ပတ် တောင်းဆိုခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံများအကြားသဘောထားအကြီးအကျယ်ကွဲလွဲမှုကြောင့် သဘောတူကြေညာချက် မထုတ်ပြန်နိုင်ခဲ့ပေ။

                                                                        ********************************************

တပ်မတော်အစိုးရကို ရန်ပုံငွေဖြည့်တင်းပေးခဲ့သော ရေနံလုပ်ငန်းသို့ အမေရိကန်ကုမ္ပဏီများ ၀င်ကြတော့မည်

(Global Post မှ 15 July 2012 ရက်စွဲပါ “Petrol that funded Myanmar Junta now open to US firms” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာပြည်သူများ ဆင်းရဲတွင်းနက်နေချိန်တွင် ယခင်တပ်မတော်အစိုးရ ချမ်းသာကြွယ်ဝအောင်လုပ်ပေးခဲ့သော သယံဇာတများမှာ ကျောက်စိမ်း၊ ပတ္တမြား၊ ကျွန်းသစ်များမဟုတ်ဘဲ ရေနံနှင့်သဘာဝဓာတ်ငွေ့သယံဇာတများသာ ဖြစ်သည်။

Sanctions များ ချမှတ်ခံထားရသော မြန်မာအစိုးရပိုင်ရေနံလုပ်ငန်းနှင့် စာချုပ်ချုပ်ရန်ကြိုးစားသည့် အမေရိကန်ကုမ္ပဏီများ ယခုထပ်အထိ မရှိခဲ့သော်လည်း ယခုဤသို့ မဟုတ်တော့ပါ။

အိုဘားမားအစိုးရက အမေရိကန်ကုမ္ပဏီများအား မြန်မာ့ရေနံနှင့်ဓာတ်ငွေ့သိုက်များကို ဖောက်ယူခွင့်ပြုလိုက်ပြီဟု ၀ါရှင်တန်ပို့စ် သတင်းစာတွင် ဖတ်ရှုရသည်။

ဤကိစ္စသည် လွန်စွာအရေးကြီးသည်။ လျို့ဝှက်ဖုံးကွယ်မှု၊ မြေယာသိမ်းဆည်းမှု၊ ညှင်းပန်းနှိပ်စက်မှုများဖြင့် ထင်ရှားသည့် မြန်မာ့ရေနံဓာတ်ငွေ့ကဏ္ဍသို့ အမေရိကန်ကုမ္ပဏီများအား သွားရောက်ခွင့်ပေးခြင်းသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက လုံလုံလောက်လောက်ယုံကြည်သွားပြီဟု ဆိုလိုရာရောက်ပေသည်။

ဤကိစ္စသည် မြန်မာပြည်အလယ်ပိုင်းလွင်ပြင်နှင့် ပင်လယ်ကမ်းခြေအောက်တွင် နစ်မြုပ်နေသောဘူမိရုပ်ကြွင်း ရေနံသဘာဝ ဓာတ်ငွေ့များနှင့်မဆိုင်ဘဲ အငြင်းပွားဖွယ်ဒီမိုကရေစီပုံစံဖြင့် ယခုအစားထိုးထားသော ယခင်တပ်မတော်အစိုးရနှင့်သာသက်ဆိုင်ပြီး အာဏာလက်ဝယ်ရှိသူ ဗိုလ်ချုပ်မှုးကြီးအား အဓိကရန်ပုံငွေ ဖြည့်တင်းပေးသည့် လမ်းကြောင်းအားနည်းသွားစေရေးသာဖြစ်သည်။

အနောက်နိုင်ငံများမပါဝင်ဘဲ အဓိကအားဖြင့်တရုတ်နိုင်ငံနှင့်ချုပ်ဆိုသော ပွပေါက်တိုးစွမ်းအင်စာချုပ်များက ယခင်တပ်မတော်အစိုးရကို ပစ်တိုင်းထောင် ဖြစ်နေစေသည်။ Eleven Media Group က ကိုးကားပြထားသော ကိန်းဂဏန်းများအရ ပြီးခဲ့သည့်ဆယ်စုနှစ်တစ်စုလုံးလုံး ရေနံဓာတ်ငွေ့စီမံကိန်းများမှရရှိသော ဒေါ်လာ ၁၆ ဘီလီယံကို တပ်မတော်အစိုးရက ဘယ်လိုဖြုန်းတီးပစ်ခဲ့သလဲဆိုသည်ကို ယခုရှင်းမပြနိုင်ခဲ့ပါ။ (ပြည်သူ့ဘ၀တိုးတက်စေမည့် စာသင်ကျောင်း၊ ဆေးရုံ၊ အခြေခံအဆောက်အဦးကဏ္ဍများအပေါ် မသဒ္ဒါရေစာဖြန့်ကြဲမှုမှာ အနည်းငယ်မျှသာ ဖြစ်ပေသည်။)

ပြီးခဲ့သော ဇွန်လအတွင်း မြန်မာစွမ်းအင်ကဏ္ဍ အာဏာပိုင်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးသော ပွဲအပြီးတွင် စာရေးသူ ယုံယုံကြည်ကြည်ပြောနိုင်သော အချက်မှာ မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ်အနောက်နိုင်ငံကုမ္ပဏီများ ထပ်မံ ၀င်ရောက်လာခြင်းကို အာဏာပိုင်များက လိုလားနေသောအချက်ပင် ဖြစ်သည်။ (နောက်ထပ်ဟူသောစကားလုံးကို သုံးစွဲရခြင်းမှာ Sanctions များမရှိခင်ကပင် Total နှင့် Cheveron တို့ရှိနေကြပြီး ဖြစ်သောကြောင့်ဖြစ်သည်။)

လက်ရှိမြန်မာ့ရေနံဓာတ်ငွေ့နယ်ပယ်တွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ ကုမ္ပဏီ ၂၀ ခန့်ဝင်ရောက်လှုပ်ရှားနေကြသည်။

တရုတ်နိုင်ငံသည် ရေနံဓာတ်ငွေ့စီမံကိန်းများကို မြန်မာ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိလာအောင် ပြုလုပ်ပေးခြင်းဖြင့် မြန်မာ့စွမ်းအင်ကဏ္ဍတွင် အင်အားကြီးပလေယာအဖြစ် ရပ်တည်နေသည်။

သို့သော် မြန်မာအစိုးရက ကမ်းလွန်ရေပြင်အောက်တွင် ပွပေါက်တိုးမည့်ဓာတ်ငွေ့သိုက်နောက်ထပ်များစွာ ကျန်နေသေးသည်ဟု ယုံကြည်ထားသည်။ အစိုးရကိန်းဂဏန်းများအရ စွမ်းအင်ကုမ္ပဏီကြီးများလုပ်ကိုင်နိုင်မည့် ကမ်းလွန်ဓာတ်ငွေ့သိုက် (လေ့လာပြီးနှင့်မလေ့လာရသေး)၂၅ ခုခန့်ရှိသည်ဟုသိရသည်။

ထို့အတွက် အဆင့်မြင့်ဆုံးနည်းပညာများပိုင်ဆိုင်ထားသော အနောက်အုပ်စုရေနံကုမ္ပဏီကြီးများသည် ထိုဒေသ၌ ရှာဖွေထုတ်ယူရန် အစိုးရကို အမြတ်များခွဲဝေပေးရန်အတွက် အကောင်းဆုံးအံဝင်နေသူများဖြစ်သည်။ တရုတ်ကုမ္ပဏီကြီးများနှင့် မတူကွဲပြားသောအချက်မှာ အမေရိကန်ကုမ္ပဏီများ၏ လုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှု ကင်းရှင်းကြောင်းသက်သေပြရန် အမေရိကန်နိုင်ငံခြားရေးဌာနက ဖိအားပေးထားခြင်းပင်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် စွမ်းအင်လိုအပ်ချက်ရှိနေခြင်းကြောင့် အိုဘားမား၏ ဆုံးဖြတ်ချက်အပေါ် အနည်းငယ်သာ အံ့သြသင့်မိသည်။ ပိုမိုအံ့သြသင့်စရာကောင်းသော အချက်မှာ အမေရိကန်၏ မြန်မာ့ရေးရာမူဝါဒကို လမ်းညွှန်နေပုံရသော ဒေါ်အောင်ဆန်းစုကြည်အပေါ် အမေရိကန် သံတမန်များ၏ ရှားရှားပါးပါးသစ္စာဖောက်မှုပင် ဖြစ်လေသည်။

မြန်မာအစိုးရပိုင်ရေနံဓာတ်ငွေ့လုပ်ငန်း MOGE ၏ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တာဝန်ယူမှုမရှိခြင်းတို့ကို ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်ထားသည်။ ဤအခြေအနေသည် မြန်မာ့မြေအောက်မှ ဘူမိရုပ်ကြွင်းများကို ထုတ်ယူရန်ကြိုးစားကြမည့် အမေရိကန်ကုမ္ပဏီများ အတွေ့အကြုံရမည့် အခင်းအကျင်းပင် ဖြစ်သည်။

                                                        **********************************************

Sanctions အရုတ်တွင် မြန်မာနိုင်ငံသို့ အမေရိကန်ကုမ္ပဏီများ တပာုန်ထိုးဝင်

(ABC News မှ 15 July 2012 ရက်စွဲပါ “US firms rush back to burma as sanctions lift”သတင်းကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သောအပတ်အတွင်း ဝါရှင်တန်ကနေပြည်တော်အပေါ်ချမှတ်ထားသော Sanctions များကိုဖြေလျော့ပေးပြီးနောက်ပိုင်း General electrics ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ စီးပွားရေးပြန်လည်စတင်လုပ်ကိုင်သော ပထမဆုံးအမေရိကန်ကုမ္ပဏီဖြစ်လာသည်။

ဗုဒ္ဓပာူးနေ့တွင် သမ္မတအိုဘားမားက မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံခွင့်ပေးကြောင်း ကြေညာပြီးချိန်မှစ၍ အမေရိကန်ကုမ္ပဏီများကလည်း အချိန်ကိုဖြုန်းတီးခြင်းမပြုကြပေ။

ပထမဆုံး စတင်လှုပ်ရှားခဲ့သော GE ကုမ္ပဏီက နှလုံးနှင့်ခန္ဓာကိုယ် ရိုက်ကူးသော ဓာတ်ရောင်ခြည်စက်များကို ပြည်တွင်းဒေသခံ ကုမ္ပဏီတစ်ခုမှ တစ်ဆင့် မြန်မာပုဂ္ဂလိက ဆေးရုံနှစ်ခုသို့ပေးသွင်းရန် သဘောတူညီမှုရရှိသွားပြီဖြစ်သည်။

ကမ္ဘာတစ်လွှားရင်းနှီးမြှုပ်နှံသူများက အခြေခံအဆောက်အဦး၊ ဘဏ်လုပ်ငန်း၊ သတင်းနည်းပညာနှင့် ရေနံ၊ ဓါတ်ငွေ့ကဏ္ဍများမှသည် အရာရာကိုလုပ်ကိုင်ရန်စိတ်ဝင်စားနေကြသော မြန်မာနိုင်ငံသို့ အမေရိကန်ကုမ္ပဏီများ လာရောက်ကြသည့်ခရီးစဉ်အတောအတွင်း စနေနေ့က ယင်းသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

အာရှကုမ္ပဏီများ၏နောက်တွင် ကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေကြသော အမေရိကန်ကုမ္ပဏီ ၃၇ ခုမှ ဦးဆောင်ပုဂ္ဂိုလ် ၇၀ ခန့်သည် တစ်ချိန်က တံခါးပိတ်မှောင်အတိကျခဲ့သော မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို စူးစမ်းလေ့လာနေကြပြီဖြစ်သည်။

မြန်မာကုမ္ပဏီ Sealion co.,Ltd မှတစ်ဆင့်ရရှိသော အရောင်းအဝယ်စာချုပ်သည် ဒေါ်လာ ၂ သန်းနီးပါးသာရှိ၍ ပမာဏ သေးငယ်သော်ငြားလည်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဓာတ်အားကဏ္ဍများတွင် အစိုးရက ရန်ပုံငွေတိုးမြှင့်သုံးစွဲရန် ပြင်ဆင်နေသော မြန်မာနိုင်ငံနှင့် ပတ်သက်၍ GE ကုမ္ပဏီက ကြီးမားသောအစီအစဉ်များချမှတ်ထားသည်။

ကမ္ဘောဒီးယားဆီရိမ်ရိဒ်စီးပွားရေးဖိုရမ် အဝန်းအဝိုင်းတွင် သောကြာနေ့ကပြုလုပ်သော အင်တာဗျူး၌ GE ၏ အာဆီယံဒေသအကြီးအကဲ Stuart Dean က “ကျွန်တော်တို့အခါသွားကြဖို့ အချိန်ကောင်းပါပဲ”ပာု ပြောကြားသွားသည်။

“အရင်ကတော့ ပိတ်ဆို့မှုတွေရှိနေတဲ့ မီးခိုးရောင်နယ်မြေဖြစ်လို့ ဒီကိစ္စကိုခွင့်ပြုသလား၊ ခွင့်မပြုဘူးလား ဆိုတာကို ကျွန်တော်တို့မသိခဲ့ပါဘူး။ ကျွန်တော်တို့က နောက်ဆုံးသုံးစွဲမယ့်သူနဲ့တွေ့ရတဲ့နည်းလမ်းကို ပိုသဘောကျပါတယ်။ ကျွန်တော်တို့က ဆေးရုံကို ရက်ပေါင်း ၆၀ အတွင်း ငွေချေခွင့်ပေးမယ်ဆိုရင် ဒိငွေပေးငွေယူကိစ္စက Sanctions တွေကို ချိုးဖောက်ရာရောက်သလားဆိုတာကို ကျွန်တော်တို့ သေချာမသိပါဘူး။ ဒါပေမယ့် အခုတော့ဒီပြဿနာကို ကျော်လွှားဖို့လိုင်စင်ပေးလိုက်ပြီဆိုတော့ ကျွန်တော်တို့အတွက် အရမ်းအဆင်ပြေသွားပါတယ်”ပာု stuart Dean ကဆိုသည်။

သယံဇာတကြွယ်ဝသော်လည်း နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေးကြောင့် ဖွာလန်ကျဲစုတ်ပြတ်သွားသော မြန်မာနိုင်ငံကို လက်ရှိအာဏာရ ၁၅ လသားအစိုးရက ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ဆွဲတင်ရန် ကြိုးပမ်းလျက်ရှိသည်။

Sanctions များ မချမှတ်မီကပင် မြန်မာနိုင်ငံ၌ ခြေချခဲ့ပြီးသော Chevron ရေနံကုမ္ပဏီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးမှတဆင့် မြေထိုးစက်၊ မြေကော်စက်များ ရောင်းချခဲ့သော Caterpillar ကုမ္ပဏီတို့သည်လည်း မြန်မာနိုင်ငံနှင့် ဆွေးနွေးနေသော အဓိကအမေရိကန်ကုမ္ပဏီကြီးများဖြစ်သည်။

                                        ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၆.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဗြိတိန်က ရန်ကုန်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန၏ ရုံးခွဲဖွင့်

(12 July 2012 ရက်စွဲပါ The Telegraph မှ Alex Spillius ရေးသားသော UK opens trate office as Westren firms eye Burma riches ကိုဘာသာပြန်ဆိုသည်)

  1. အထိန်းသိမ်းခံ ကုလဝန်ထမ်းများကို မြန်မာအစိုးရ တရားစွဲ

(Reuters သတင်းမှ  13 July 2012 ရက်စွဲပါ “Myanmar brings charges against detained UN staff” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဒုတိယလေးလပတ်တွင် တရုတ်၏ စီးပွားရေးတိုးတက်မှုနှုန်း ၇.၆% ဖြင့်နှေးကွေးဆဲ

(13 July 2012 ရက်စွဲပါ BBC News မှ China Economics growth slows to 7.6% in second quarter ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ဗြိတိန်က ရန်ကုန်တွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန၏ ရုံးခွဲဖွင့်

(12 July 2012 ရက်စွဲပါ The Telegraph မှ Alex Spillius ရေးသားသော UK opens trate office as Westren firms eye Burma riches ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းများအတွက် တံခါးဖွင့်ကြောင်းကြေညာခဲ့ပြီး၊ အမေရိကန်ကလည်း(၁၅)နှစ်ကြာချမှတ်ထားသော အမေရိကန် ရင်းနှီးမြှုပ်နှံမှုအတွက် ပိတ်ဆို့အရေးယူမှုကို ရုတ်သိမ်းပေးခဲ့ရာ ဗြိတိန်၏ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဌာနသည် ရန်ကုန်တွင် ရုံးခန်းဖွင့်လှစ်ခဲ့သည်။

၎င်း၏ ရည်ရွယ်ချက်မှာ အာရှ၏နောက်ဆုံးကျသော ထုတ်ယူသုံးစွဲခြင်းမပြုရသေးသောဈေးကွက်ဖြင့် အချိတ်အဆက်များရရှိရေး ကြိုးပမ်းရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပိာုက်ဒရိုကာဗွန်အရင်းအမြစ်များ၊ သတ္တုများ၊ ကျောက်မျက်ရတနာများနှင့် သစ်များမြောက်မြားစွာရှိရာ ဈေးပေါသော လုပ်သားစုကြီးကို ထည့်မပြောရသေးပေ။ နှစ်ပေါင်းများစွာ အရေးယူမှုများ ချမှတ်ခံထားရသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အစိမ်းသက်သက် နေရာတစ်ခုဖြစ်နေသည်။

ရန်ကုန်မြို့နှင့်နေပြည်တော်သို့ သုံးရက်ကြာသွားရောက်ခဲ့သည့် ဗြိတိသျှရင်းနှီးမြှုပ်နှံမှုကိုယ်စားလှယ်အဖွဲ့တွင် Anglo American၊ BP၊ British Gas၊ Ernst & Young၊ Rolls Royce နှင့် Shell တို့မှအမှုဆောင်များ ပါဝင်သည်။

ခရီးစဉ်နှင့်ပတ်သက်၍ထုတ်ဝေသော စာအုပ်ငယ်တွင် UKT မှ အမှုဆောင်ချုပ် Nick Baird က မြန်မာနိုင်ငံသည်တိုးတက်ကြီးထွားရန် ကြီးမားသောအလားအလာရှိသော နိုင်ငံဖြစ်ကြောင်း၊ အာရှတွင် စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံး စီးပွားရေးနယ်မြေသစ်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါခရီးစဉ်သည် ဗြိတိန်နှင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို တုန့်ပြန်သောအားဖြင့် လက်နက်ရောင်းဝယ်ခြင်းမှလွဲ၍ အရေးယူမှုအားလုံး ယာယီရုတ်သိမ်းကြောင်းကြေညာအပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့သော် ဗြိတိန်အစိုးရက ကျင့်ဝတ်များထိန်းရန်အရေးကြီးပုံနှင့် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံမှုအရေးကြီးပုံကို အလေးပေးပြောကြားခဲ့ပြီး၊ လှုပ်ရှားသူများကလည်း စစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲဖြစ်၍ မြန်မာနိုင်ငံ၏သယံဇာတများအတွက် အပြေးအလွှားဝင်ရောက်ရန် မသင့်တော်သေးကြောင်း သတိပေးခဲ့သည်။

“လူတိုင်းက မြန်မာနိုင်ငံကိုဝင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ ဒီတော့ သူတို့မူဝါဒကိုကာကွယ်ဖို့ အပေါင်းလက္ခဏာဆောင်တဲ့ ပြောင်းလဲမှုတွေအကြောင်းပဲပြောပြီး၊ လူ့အခွင့်အရေးချိုးဖောက်မှုအကြောင်းတွေကို သိပ်အလေးမပေးကြပါဘူး”ပာု Burma campaign UK မှ Mark Farmaner ကပြောသည်။

WPP မှ အမှုဆောင်ချုပ် Martin Sarrell ကပြောကြားရာတွင် ဤအရှေ့တောင်အာရှမှနိုင်ငံသည် ကြီးမားသော အခွင့်အလမ်းများပေးနေကြောင်း ပြောသည်။

“ဗြိတိန်နှင့် အမေရိကန်တို့ရဲ့ မူဝါဒတွေကလည်းပြောင်းနေတော့ အချိန်ကောင်းလို့ ကျွန်တော်ထင်ပါတယ်။ လူဦးရေသန်း(၆၀)ကျော် ရှိတဲ့အခါကျတော့ ဒီလောက်ပမာဏရှိတဲ့ ဈေးကွက်ပွင့်လာဖို့က အမြဲမဖြစ်နိုင်ပါဘူး။ နိုင်ငံပေါင်းစုံက မကြုံဘူးအောင် စိတ်ဝင်စားတဲ့ပမာဏရှိနေပါတယ်”ပာု ၎င်းက Daily Telegraph သို့ပြောသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့ကဲ့သို့ ပေါက်မြောက်အောင်မြင်သွားမှုကို မျှော်လင့်လျက်အဓိက အမေရိကန် စ်ီးပွားရေးများပါဝင်သောကိုယ်စားလှယ်အဖွဲ့သည် ရှေ့လတွင် မြန်မာနိုင်ငံသို့သွားရောက်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပီာလာရီကလင်တန်သည် ယနေ့ သမ္မတဦးသိန်းစိန်နှင့် ကမ္ဘောဒီးယားတွင်တွေ့ဆုံ၍ အမေရိကန်အစိုးရက အမေရိကန် ရင်းနှီးမြှုပ်နှံမှုများခွင့်ပြုရန် ဆုံးဖြတ်ချက်ချခဲ့မှုနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် သမ္မတအိုဘားမားသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းတစ်လျှောက် အရေးကြီးသောတိုးတက်မှုများကို အလေးပြုခဲ့သည်။ သို့သော် အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် ဆက်ဆံခြင်းမပြုရန် ရှင်းလင်းစွာတောင်းဆိုခဲ့မှုအား လျစ်လျုရှုခဲ့ခြင်းကြောင့် လှုပ်ရှားသူများ၏ ပြင်းထန်စွာဝေဖန်ခြင်းကို ခံရသည်။

အိုဘားမားဆုံးဖြတ်ချက်မှာ ဒေသတွင်းတရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်လုပ်ဆောင်လိုသောဆန္ဒ၏လွှမ်းမိုးမှုကို အရင်းခံသည်ပာု Asia forecasting at Exclusive Analusis မှ အကြီးအကဲ Rachel Shoemaker ကပြောသည်။ Beijing သည် မြန်မာနိုင်ငံ၌ အနောက်နိုင်ငံများ လစ်လပ်နေသည့် အနှစ်နှစ်ဆယ်အတွင်း မြန်မာနိုင်ငံကိုအမြတ်ထုတ်ပြီး ခြေကုတ်ယူနိုင်ခဲ့သည်။

သို့သော် ဝါရှင်တန်သည် မြန်မာစစ်တပ်နှင့်စီးပွားရေးမလုပ်ရန် ပိတ်ပင်ထားဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ်သည် နှစ်ပေါင်းငါးဆယ် သြဇာအာဏာ ရှိခဲ့ခြင်းကြောင့် ၎င်းကိုရှောင်၍ လုပ်ကိုင်ရန်မလွယ်ကြောင်း Rachel ကပြောသည်။

“ရှေ့မှာရောက်နေတဲ့ မြန်မာကုမ္ပဏီတွေပာာ စစ်တပ်နဲ့ဆက်နွယ်နေကြတာပါပဲ။ အဆက်အသွယ်တွေကို လက်ညှိုးထိုးဖို့ခက်ပါတယ်”ပာု သူကပြောသည်။

********************************************

အထိန်းသိမ်းခံ ကုလဝန်ထမ်းများကို မြန်မာအစိုးရ တရားစွဲ

(Reuters သတင်းမှ  13 July 2012 ရက်စွဲပါ “Myanmar brings charges against detained UN staff” သတင်းကို ဘာသာပြန်ဆိုသည်)

ရခိုင်ပြည်နယ်တွင် မငြိမ်သက်မူဖြစ်ပွားသည့်ကာလအတွင်း ယခင်လက ထိန်းသိမ်းထားခဲ့သော ကယ်ဆယ်ရေးလုပ်သား ၁၀ ဦးအနက်မှ အနည်ဆုံး ကုလသမဂ္ဂ ဝန်ထမ်း ၃ ဦးကို မြန်မာအာဏာပိုင်များက တရားစွဲဆိုထားသည်ဟု ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားသည်။

၎င်းတို့ ၃ ဦးစလုံးမှာ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR တွင်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများဖြစ်သည်။

လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသော အကြမ်းဖက်မူများအထိပြန့်ပွားခဲ့သော ရခိုင်နှင့်ရိုဟင်ဂျာများအကြား တင်းမာမူများဖြစ်ပွားရာ ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် အဆိုပါကယ်ဆယ်ရေးလုပ်သားများကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

UNHCR ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး မယ်လီဆာဖလန်းမင်းက “ကုလဝန်ထမ်း ၃ ဦးကိုအာဏာပိုင်များက တရားစွဲဆိုထားကြောင်း၊ သို့သော် မည်ကဲ့သို့သော စွဲချက်များဖြစ်သည်ကို မသိရသေးကြောင်း” ရှင်းလင်းပြောကြားသည်။

ယခု သီတင်းပတ်အတွင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး အန်တိုနီယိုဂူတာရက်စ် မြင်မာနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း ကုလဝန်ထမ်းများလွတ်မြောက်အောင် ညှိနိုင်း၍မရခဲ့ပေ။ UNHCR က“တရားစွဲဆိုမူများနှင့် ပတ်သက်၍ အသိပေးရန်နှင့် အထိန်းသိမ်းခံဝန်ထမ်းများကို တွေ့ခွင့်ပေးရန်” တောင်းဆိုထားသော်လည်း ယခုအချိန်ထိ အကြောင်းမထူးသေးပါဟု မဟာမင်းကြီး အန်တိုနီယိုဂူတာရက်စ်က ကြာသာပတေးနေ့ ရန်ကုန်မြို့တော်တွင် ပြောကြားခဲ့သည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အတွက် အလုပ်လုပ်နေသူ ၃ ဦးအပါအဝင် ကျန်အထိန်းသိမ်းခံကယ်ဆယ်ရေးလုပ်သား ၇ ဦးအပေါ် တရားစွဲဆိုထားသလားဆိုသည်ကိုလည်း လတ်တလောသဲကွဲစွာ မသိရသေးပါ။ ကျန်ကယ်ဆယ်ရေးလုပ်သား ၇ ဦးအနက်မှ အခြား ၄ ဦးမှာ နယ်စည်းမတားဆရာဝန်များအဖွဲ့ Medecins Sans Frantieres အတွက် အလုပ်လုပ်နေသူများဖြစ်သည်ဟု ကုလသမဂ္ဂတာဝန်ရှိသူကပြောကြားသည်။

                                                            ************************************************

ဒုတိယလေးလပတ်တွင် တရုတ်၏ စီးပွားရေးတိုးတက်မှုနှုန်း ၇.၆% ဖြင့်နှေးကွေးဆဲ

(13 July 2012 ရက်စွဲပါ BBC News မှ China Economics growth slows to 7.6% in second quarter ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများနှေးကွေးသွားခဲ့ပြီး၊ အမေရိကန်နှင့် ဥရောပကဲ့သို့ အဓိကဈေးကွက်များမှာ ပစ္စည်းမှာယူမှုများ ကျဆင်း ခဲ့ခြင်းကြောင့်၊ တရုတ်၏ စီးပွားရေးသည် သုံးနှစ်အတွင်းကြီးထွားမှုနှုန်း အနည်းဆုံးဖြစ်လျက်ရှိသည်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ဒုတိယလေးလပတ်တွင် လွန်ခဲ့သည့်နှစ် ယခုလိုအချိန်ထက်စာလျှင် ၇.၆% တိုးတက်ခဲ့သည်။ သို့သော် ၎င်းသည် လွန်ခဲ့သောသုံးလ က ၈.၁% ရှိခဲ့သည်။

မတ်လ Beijing သည် ၂၀၁၂ တစ်နှစ်လုံးအတွက် တိုးတက်မှုနှုန်း ၇.၅% သာရှိရန် ရည်မှန်းထားသည်။

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးစုစုပေါင်းထုတ်လုပ်နိုင်မှု၏ ငါးပုံတစ်ပုံရှိပြီး၊ ယခုကဲ့သို့ နှေးကွေးသွားမှုမှန်သမျှသည် ကမ္ဘာကြီးပြန်လည် နလံထလာမှုအတွက် အနှောက်အယှက်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အာရှ၏ အကြီးဆုံးနှင့် တိုးတက်လာနေသော စီးပွားရေးနိုင်ငံများသည် တရုတ်အပေါ်ကုန်သွယ်ဖက်ဖြစ်သော်လည်း ပို၍ တည်မှီလာနေသည်။

“ဒီနှစ် အာရှမှာနှေးကွေးသွားမှုအတွက် တရုတ်ပာာ ကြီးမားတဲ့အကြောင်းအချက်တစ်ခုဖြစ်ပါတယ်”ပာု စင်္ကာပူရှိ Standard Chartered Bank မှ Tai Hui ကပြောကြားခဲ့သည်။

အကယ်၍ တရုတ်သည်လာမည့်နှစ်ဝက်တွင် တိုးတက်မှုနှုန်းကိုနိုးထလာခြင်းမရှိပါက ဒေသတွင်းမှ ထုတ်လုပ်သူအများစုသည် ယခုလာမည့် ဒုတိယနှစ်ဝက်တွင် အခက်ခဲဆုံးအချိန်များကို ကြုံရမည်ဖြစ်သည်ပာု ၎င်းက ဖြည့်စွက်ပြောသည်။

သို့သော် သောကြာနေ့ကထုတ်ပြန်သော တရုတ်၏ကြီးထွားမှုနှုန်း နှေးကွေးမှုနှင့်ပတ်သက်သော ကိန်းဂဏန်းများကို သိရှိရသော်လည်း ဝေဖန်သုံးသပ်သူအများစုက တရုတ်၏စီးပွားရေး အခက်အခဲသည် ကမ္ဘာကြီးတစ်ခုလုံးကို သက်ရောက်မှုများအတွက် စိုးရိမ်မှုလျော့နည်းသွားစေရန် ကြိုးပမ်းလျက်ရှိသည်။

“တိုးတက်မှုနှုန်းတစ်နှစ်ကို ၁% လောက်ကျဆင်းသွားရုံနဲ့တော့ ကမ္ဘာကြီးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှုန်းအတွက် များလှတယ်လို့ မဆိုနိုင်ပါဘူး”ပာု ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံရေးဘောဂဗေဒပါမောက္ခ Edmund Phelps က BBC သို့ပြောသည်။

၎င်းက ဖြည့်စွက်ပြောကြားရာတွင် တရုတ်သည် ဤသို့နှေးကွေးလာခြင်းကို တန်ပြန်ကုစားရန် လက်နက်ကိရိယာများစွာရှိကြောင်း၊ အချို့ကိုစတင် အသုံးပြုနေပြီ ဖြစ်ခြင်းကြောင့် အမေရိကန်နှင့်ယူရိုဇုန်ရှိ လက်ရှိကြွေးများနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်အချို့တွင် ကောင်းမွန်သော သက်ရောက်မှုများ ရှိလာကြောင်း ဆိုသည်။

တရုတ်ဗပိာုဘဏ်သည် ဘဏ်များချေးငွေမြှင့်တင်နိုင်ရန် အရန်ငွေထားရှိမှုပမာဏကို လျော့ချပေးခဲ့ပြီး၊ ချေးငွေအတိုးနှုန်းကိုလည်း တစ်လအတွင်း နှစ်ကြိမ်လျှော့ချပေးခဲ့သည်။

ယခုအပတ် အစောပိုင်းက ဝန်ကြီးချုပ်ဝမ်ကျားပေါင်က ပြောကြားခဲ့ရာတွင် ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ပြုလုပ်ခြင်းသည် တိုးတက်မှုနှုန်း တည်ငြိမ်ရေးအတွက်အရေးပါကြောင်း၊ အစိုးရက ငွေထည့်ဝင်ပေးမှုအတွက် မျှော်လင့်ချက်များကို ပိုမိုဖြစ်စေကြောင်းဆိုသည်။

“အခု တရုတ်ရဲ့ တိုးတက်ကြီးထွားမှုနှုန်းပာာ နှေးကွေးနေပါတယ်။ နောက်ထပ်ငွေထပ်ထည့်ပေးဖို့တောင်းဆိုနေပါပြီ”ပာု ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးအဖွဲ့(GMO)မှ ကမ္ဘာလုံးဆိုင်ရာမပာာဗျူပာာရေးဆွဲသူ Edward Chancellor ကပြောကြားခဲ့သည်။

သို့သော် သုံးသပ်သူများက သတိပေးရာတွင် ကြီးထွားမှုနှုန်းပြဿနာကို သာမန်အရင်းအနှီးထည့်ဝင်ပေးရုံ၊ အစိုးရက ငွေပိုမိုသုံးပေးရုံဖြင့် မဖြေရှင်းနိုင်ကြောင်းပြောခဲ့သည်။ ယနေ့ကိစ္စရပ်အများစုကို ၂၀၀၈-၂၀၀၉ ကမ္ဘာ့ငွေကြေးကပ်ဆိုက်မှုမှ ပြန်လညနိုးထရန်ကြိုးပမ်းခဲ့သော လမ်းကြောင်းအား ပြန်လည်ခြေရာကောက်နိုင်သည်။

ထိုအချိန်က ဗပိာုအစိုးရသည် စီးပွားရေးကဏ္ဍသို့ ကြီးမားသောပမာဏရှိသည့် ငွေများကိုထည့်သွင်းပေးခဲ့ရာ၊ အဓိကအားဖြင့် အခြေခံ အဆောက်အဦးနှင့် ဆောက်လုပ်ရေးသုံးစွဲမှုများတွင် ထည့်သွင်းခဲ့သည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် စွမ်းဆောင်ရည်များလိုသည်ထက်ပိုကာ အခြေပစ္စည်းဈေးနှုန်းများ တက်လာခြင်း၊ စားသုံးသူများကုန်ကျစရိတ် ပိုမိုလာခြင်းနှင့် ငွေကြေးဖောင်းပွမှုပိုမိုလာခြင်းများကို ဖြစ်စေသည်။

ထိုပြဿနာများကို ကြုံတွေ့ရခြင်းနှင့် စီးပွားရေးအပူချိန်လွန်ကဲမှုတို့ကို စိုးရိမ်ရခြင်းတို့ကြောင့် မူဝါဒချမှတ်သူများသည် ငွေချေးမှုကို ကန့်သတ်ရန်နှင့် ငွေကြေးဖောင်းပွမှုနှုန်းလျှော့ချရန် ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ လုပ်ဆောင်မှုများလုပ်ဆောင်လာချိန်တွင် အမေရိကန်နှင့် ဥရောပကဲ့သို့သော အဓိကကျသောဈေးကွက်များမှ တရုတ်ကုန်ပစ္စည်းများမှာ ယခုပိုမိုကျဆင်းလာသောအခါ ယခုကဲ့သို့ ကြီးထွားမှုနှုန်းနှေးကွေးသွားသော သံသရာကိုပြန်လည်ရောက်စေသည်။

တရုတ်စီးပွားရေး၏ကြီးထွားမှုနှုန်းသည် ၂၀၁၀ တွင် ၁၀.၄% ရှိခဲ့ရာမှ ၂၀၁၁ တွင် ၉.၂% သာရှိခဲ့သည်။

ရေရှည်လမ်းကြောင်းမှာ နှေးကွေးမည့်သဘောရှိနေသော်လည်း တရုတ်နိုင်ငံက သောကြာနေ့ကထုတ်ပြန်သော အခြားကိန်းဂဏန်းများတွင် စီးပွားရေးနှင့်ပတ်သက်၍ ခြားနားသော အဓိပ္ပါယ်နှင့် ရှုပ်ထွေးမှုများကို တွေးလာစေသည်။

တရားဝင်ကိန်းဂဏန်းများအရ ဇွန်လက လက်လီရောင်းချရမှုနှုန်းသည် ၁၃.၇% ရှိခဲ့ရာ၊ မေလက ကိန်းဂဏန်း ၁၃.၈% ထက်စာလျှင် အနည်းငယ်သာ အပြောင်းအလဲရှိသည်။

တချိန်တည်းမှာပင် သုံးသပ်သူများ လက်ရှိစီးပွားရေးနှင့် စားသုံးသူ၏လှုပ်ရှားမှုများကို တွက်ချက်ရာတွင် ထည့်သွင်းစဉ်းစားသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ဇွန်လတွင်လည်း ယခင်အတိုင်းပင် ၃.၃၉ ဘီလီယံ KWh ရှိသည်ကို တွေ့ရသည်။

သို့သော် အကောင်းမြင်သူများအတွက် ယုံကြည်မှုပိုစေမည့်သတင်းမှာ ဘဏ်ချေးငွေသည် မေလတွင် ဒေါ်လာ ၁၂၄.၄ ဘီလီယံရှိခဲ့ရာမှ ဇွန်လတွင် ဒေါ်လာ ၁၄၄.၄ ဘီလီယံထိတိုးလာခြင်းဖြစ်သည်။

BBC မှ John Sudworth ကပြောကြားရာတွင် အဆိုပါကိန်းဂဏန်းများသည် တရုတ်နိုင်ငံအနေဖြင့် အကျနာမည်လား၊ ဖြေးညှင်းသက်သာစွာ ကျမည်လားဆိုသည့် စီးပွားရေးအရငြင်းခုန်နေမှုများ ရပ်သွားအောင်လုပ်ဆောင်ပေးနိုင်မည် မပာုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျောက်မီးသွေးတွေ စုပုံနေမှု တိုးတက်လာနေခြင်းပာာ ၇.၆% သည် စီးပွားရေးအရ အထိနာမှုဖြစ်လာတော့မည့် လက္ခဏာပာု ငြင်းခုန်ရာတွင် တရုတ်ကြီးက အသုံးပြုမည့် ညွှန်းကိန်းတစ်ခုအဖြစ် ရှင်းလင်းစွာပြသနေပါတယ်”ပာု ၎င်းကပြောသည်။

“ဒါပေမယ့် နောက်ထပ်ပြနေတာတစ်ခုကတော့ ရှန်ပဲာမြို့ပြင်မှာ DHL ဖြန့်ဝေရေးဌာနတစ်ခု အသစ်တည်ဆောက်နေတာကြည့်ခြင်းအားဖြင့် အလုပ်ဖြစ်နေသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့အတွက်ကတော့ ၇.၆% ဆိုတာ အလှည့်အပြောင်းဖြစ်နိုင်ပြီး၊ ဒီကိစ္စကို ထောက်ပံ့ကူညီနိုင်မည့် အခြားအချက်တွေ ရွေးစရာရှိနေဦးမှာပါ”ပာု ၎င်းကဆိုသည်။

 *****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive