Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၈.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာလုပ်သားများအား ဂျပန်မီးရထား အလုပ်သမားသမဂ္ဂ ကူညီမည်
  2. ဇေကမ္ဘာကုမ္ပဏီမှ တောင်သူအရေးလှုပ်ရှားသူ ဦးနေမျိုးဝေအား တရားစွဲဆို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုစာရင်းပြရန် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏အဆို ဆွေးနွေးရန်သဘောတူ
  2. ဘဏ္ဍာငွေအသုံးစရိတ်ဆိုင်ရာ အခက်အခဲများ ကျော်လွန်နိုင်ရန် ဘဏ္ဍာရေးနှစ်သက်တမ်း ပြောင်းလဲသင့်ကြောင်း ပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

မြန်မာလုပ်သားများအား ဂျပန်မီးရထား အလုပ်သမားသမဂ္ဂ ကူညီမည်

မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ၏ အဖိနှိပ်ခံရမှုများ၊ လုပ်အားခငွေ အပြည့်အဝမရရှိမှုများ စသည့် ကိစ္စရပ်များတွင် ဂျပန်မီးရထား အလုပ်သမားများသမဂ္ဂအဖွဲ့မှ အကူအညီများပေးသွားမည်ဖြစ်ကြောင်း ဂျပန်မီးရထား အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ ဖိနှိပ်ခံရမှုတွေ၊ အခက်အခဲ၊ အကြပ်အတည်းတွေအတွက် ကျွန်တော်တို့က အကူအညီတွေပေးသွားမှာပါ။ အလုပ်သမားအခွင့်အရေးတွေ အပြည့်အဝရစေဖို့အတွက်လည်း တောင်းဆိုပေးသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဒီကအလုပ်သမားတွေရဲ့ တင်ပြချက် တွေကို နားထောင်မယ်။ ပြီးရင် တွေ့ရှိချက်တွေကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်းရှစ်နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ ICLS(International Center for Labour Solidarity)ကို တင်ပြပြီး ကူညီမှုတွေ လုပ်ဆောင်ပေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ပေးေါက်လာနိုင်စေရန်၊ နိုင်ငံခြားသားလုပ်ငန်းရှင်များမှ ပြည်တွင်းအလုပ် သမားများအား ဖိနှိပ်မှုများအပေါ် သက်ဆိုင်ရာနိုင်ငံမှ ကုမ္ပဏီရုံးချုပ်နှင့် အလုပ်သမားများသိရှိစေရန်နှင့် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်နိုင်စေရန် ဂျပန်မီးရထား အလုပ်သမားများသမဂ္ဂအဖွဲ့မှ တွန်းအားများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလို ဒီနိုင်ငံကိုလာပြီး အလုပ်သမားတွေကို ဖိနှိပ်နေတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင်အချို့ပာာ သူတို့ရဲ့နိုင်ငံတွေမှာ ဒီလိုလုပ်လို့မရပါဘူး။ ဒီမှာ လုပ်နေတာ လုပ်လို့ရလို့လုပ်နေတာပါ”ပာု ဂျပန်မီးရထား အလုပ်သမားသမဂ္ဂမှ နိုင်ငံတကာအလုပ်သမားရေးရာ သုတေသနကော်မတီ ဒါရိုက်တာ Satoru Yamada မှ ဇူလိုင် ၂၃ ရက်နေ့တွင် ယုဇနပိာုတယ်၌ ပြုလုပ်ခဲ့သည့် မြန်မာလုပ်သားသမဂ္ဂဖွဲ့ရန် စီစဉ်နေသူအချို့နှင့် ဂျပန်မီးရထား အလုပ် သမားသမဂ္ဂမှ တာဝန်ရှိသူများ ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်းရှိ အလုပ်သမားတို့၏ အခက်အခဲ၊ အကြပ်အတည်းများကို ဖြေရှင်းနိုင်စေရန် အလုပ်သမားအဖွဲ့အစည်းများကို တရားဝင်ဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဇေကမ္ဘာကုမ္ပဏီမှ တောင်သူအရေးလှုပ်ရှားသူ ဦးနေမျိုးဝေအား တရားစွဲဆို

ရန်ကုန် စက်မှုဇုန် (၄) ဖော်ထုတ်ရာတွင် လယ်ယာမြေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည့် ဇေကမ္ဘာကုမ္ပဏီမှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ တောင်သူများ လယ်ယာမြေပြန်လည်ရရှိရေးအတွက် လှုပ်ရှားခဲ့သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေအား ဇူလိုင်လ တတိယပတ် တွင် တရားစွဲဆိုခဲ့ကြောင်း တောင်သူတစ်ဦးက ပြောကြားသည်။

“ဇူလိုင် တတိယပတ်မှာ ဇေကမ္ဘာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါတယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီက ကိုနေမျိုးဝေကို တရားစွဲဆိုထား ပါတယ်။ အခု သက်ဆိုင်ရာက ဒီကိစ္စကို စတင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။ ဇေကမ္ဘာကုမ္ပဏီဘက်က သက်သေတွေကို စစ်ဆေးပြီးပြီလို့ ကြား ပါတယ်။ သက်ဆိုင်ရာအနေနဲ့ မျှမျှတတဖြစ်အောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်ပါတယ်”ပာု အထက်ပါ တောင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇူလိုင် ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက စက်မှုမြေအဖြစ် ရောင်းချပြီးဖြစ်သောကြောင့် လယ်သမားမျာအား လယ်ယာများပြန်လည်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်လျက်ရှိသည့် ဇေကမ္ဘာကုမ္ပဏီမှ ပြည်တွင်းရှိ ကုမ္ပဏီများ၊ စက်မှုဇူန်များ၊ အိမ်ရာများ၊ စီမံချက်များချမှတ်၍ ဆောင်ရွက်နေသည်ပာု စွပ်စွဲချက်များမှာ လွဲမှားသော စွပ်စွဲချက်များသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မင်္ဂလာဒုံဥယျာဉ်မြို့တော် မူလဧက ၂၀၀၀ ကျော်ကို ၁၉၉၇ ခုနှစ်ခန့်က မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် တစ်ဧကလျှင် ကျပ် တစ်သောင်းသာပေးခဲ့ရပြီး စက်မှုဇုန် (၄)တည်ဆောက်မည့် ကျန်ဧက ၈၀၀ ကျော်ကို လယ်သမားများ နစ်နာမှုမရှိစေရေးအတွက် ကုမ္ပဏီမှ အကြိမ်ကြိမ် ညှိနှိုင်းပြီး လယ်သမားခေါင်းဆောင်၏ တော်းဆိုချက်အရ တစ်ဧက ကျပ်သုံးသိန်းနှုန်းနဲ့ပေးအပ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ သတင်းမီဒီယာမှတစ်ဆင့် လယ်သမားများအား သွေးထိုးမြှောက်ပင့်၍ အရေးဆိုနေကြသော ကုမ္ပဏီများသိမ်းယူပြီး စက်မှုဇုန်များ၊ အိမ်ရာများ၊ စီမံချက် များ ဆောင်ရွက်နေသည်ပာု စွပ်စွံချက်များသည်လည်း လွဲမှားသော စွပ်စွဲချက်များသာဖြစ်ကြောင်း” ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက ပြောကြားသည်။

မြန်မာနိုင်ငံသည် ယခင်အစိုးရလက်ထက်ကတည်းကပင် လုပ်ဆောင်ခဲ့သော စီမံကိန်းများကြောင့် အစိုးရသစ်လက်ထက်ထိတိုင် ကုမ္ပဏီများ နှင့် တောင်သူများအကြား လယ်ယာမြေ အငြင်းပွားမှုများ၊ လယ်မြေသိမ်းဆည်းမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

YC

*************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုစာရင်းပြရန် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏အဆို ဆွေးနွေးရန်သဘောတူ

ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ နိုင်ငံတော်သမ္မတကြီး မိန့်ကြားသည့်အတိုင်း ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ပစ္စည်းများ၊ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူညီခဲ့ကြကြောင်း နိုင်ငံပိုင်မီဒီယာများ၏ သတင်းဖော်ပြ ချက်အရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အုပ်ချုပ်နေသောအစိုးရသည် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို ဖော်ဆောင်လျက်ရှိသည့်အပြင် သန့်ရှင်းသည့် အစိုးရဖြစ် လာနိုင်စေရန် ဆောင်ရွက်လျက်ရှိပြီး အစိုးရသည် ပြည်သူ့ကိုယ်စား ပြည်သူတို့မှ အပ်နှင်းထားသည့် အုပ်ချုပ်ရေးအာဏာကို ပြည်သူ့အကျိုးအတွက် ထမ်းဆောင်ကြသူများဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ကြောင့် ၎င်းပုဂ္ဂိုလ်တို့၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုမှာ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်လည်းဖြစ်သည့်အပြင် အစိုးရနဲ့ ပြည်သူအကြား ပွင့်လင်းမြင်သာမှုများ၊ တာဝန်ခံမှုများ ရှိလာတာနဲ့အမျှ အစိုးရအဖွဲ့၏ လုပ်ငန်းများတွင် ပြည်သူများအနေဖြင့် ယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်လာမည် ဖြစ်သကဲ့သို ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာတာနဲ့အမျှ ဥပဒေကို လေးစားလိုက်နာမှု၊ အုပ်ချုပ်ရေးအဖွဲ့အပေါ် ကျေနပ်အားရ မှုများ တိုးပွားလာပြီး နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လာသည့်အခါ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရက်တစ် တန်ဖိုးတွေ မြင့်မားလာ၍စ စ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ယင်းအဆိုအား တင်သွင်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

ထိုသို့ ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုပစ္စည်းများ၊ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် အဆိုအား လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူညီခဲ့ကြသည့်အတွက် ယင်းအဆိုအား ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဇူလိုင် ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအရောက် အမည်စာရင်းပေးပို့ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဘဏ္ဍာငွေအသုံးစရိတ်ဆိုင်ရာ အခက်အခဲများ ကျော်လွန်နိုင်ရန် ဘဏ္ဍာရေးနှစ်သက်တမ်း ပြောင်းလဲသင့်ကြောင်း ပြောကြား

၂၀၁၂ ဇူလိုင် ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဖြည့်စွက်ရန် ပုံငွေ တောင်းခံခြင်းနှင့် ပတ်သက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ တွေ့ရှိသုံးသပ်ချက် အစီရင်ခံစာအမှတ်(၁/၂၀၁၂)အတွက် ဘဏ္ဍာငွေ အသုံးစရိတ်ဆိုင်ရာ အခက်အခဲများ ကျော်လွန်နိုင်ရန် ဘဏ္ဍာရေးနှစ်သက်တမ်း ပြောင်းလဲသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ပြောကြား သည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုလွှတ်တော်မှ ဝန်ကြီးဌာနအသီးသီး ဘတ်ဂျက်အသုံးစရိတ် ခွဲဝေခွင့်ပြုခဲ့သော်လည်း ဝန်ကြီးဌာန ၂၈ ခုမှ ခွင့် ပြုဘတ်ဂျက်ထက် ဖြည့်စွက်ရန်ပုံငွေများ ပိုမိုတောင်းခံခဲ့ကြောင်း ဇူလိုင် ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်း အဝေး  စတုတ္ထနေ့တွင် ဖြည့်စွက်ရန်ပုံငွေ တောင်းခံခြင်းနှင့်ပတ်သက်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ တွေ့ရှိသုံးသပ်ချက် အစီရင်ခံစာ အမှတ်စဉ် (၁/၂၀၁၂)ကို လွှတ်တော်တွင် ဆွေးနွေးစဉ်းစားရန်  ပြည်သူ့ငွေစာရင်း  ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦမောင်တိုးက အဆိုတင်သွင်းခဲ့ သည်။

ယင်းအဆိုတင်သွင်းခြင်းကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးမင်းဆွေနှင့် တွံတေးမဲဆန္ဒနယ်မှ ဦးစိုးသာတို့က ဘဏ္ဍာငွေအသုံးစရိတ်ဆိုင်ရာ အခက်အခဲများကို ကျော်လွန်နိုင်ရန် ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ(၁)ရက်မှ နောင်နှစ် စက်တင်ဘာ (၃၀)ရက်နေ့သို့ သက်တမ်းပြောင်းလဲပြင်ဆင်သင့်ကြောင်း၊ ထိုသို့ပြင်ဆင်ပါက ဝန်ကြီးဌာနများအနေဖြင့် ငွေလုံးငွေရင်း တည် ဆောက်ရေးလုပ်ငန်းများကို ပွင့်လင်းရာသီတွင် သုံးစွဲနိုင်သည့်အတွက် လိုငွေပိုငွေ တိတိကျကျသိနိုင်ပါကြောင်း၊ ထို့ပြင် လယ်သမားများထံမှ စိုက်စရိတ် ချေးငွေကို အလောတကြီးတောင်းခံရန်မလိုအပ်သည့်အတွက် လယ်သမားများအနေဖြင့် သီးနှံဈေးကောင်းရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့ကြောင့် ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ယနေ့ဆွေးနွေးသွးသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအစိုးရအဖွဲ့၏ကိုယ်စား ပြည်ထောင်စုဝန်ကြီးဌာန ကိုယ်စားလှယ်များနှင့်အတူ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေဖြင့် ပြန်လည်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

စနစ်ဟောင်းကနေ စနစ်သစ်ကိုပြောင်းရတာ တော်တော်ခက်ပါတယ်။ အစိုးရသစ်ပြောင်းပြီး သုံးလခန့်စောင့်ကြည့်ခဲ့တယ်။ ဘာမှထူးခြားမှုမရှိဘူး။ ဘယ်လိုပြောင်းရမယ်ဆိုတာ တကယ်တော့ ကျွန်တော်တို့လည်းမသိဘူး။ မတတ်ပါဘူး။ တိုင်းပြည်တစ်ခုမှာ အရေးကြီးဆုံးက နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပါ။

ဇူလိုင် ၂၇ရက်နေ့ထုတ် News Watch ဂျာနယ် အတွဲ (၇) အမှတ် (၅၆) တွင်ပါရှိသည့် “နိုင်ငံတော်သမ္မတကြီးနဲ့တွေ့ဆုံမည့် ၁၉၉၀ ပြည့်ကာလက အနိုင် ရပါတီများအပါအဝင် ပါတီ ၁၄ခုနှင့် ဝန်ကြီးနှစ်ဦး ကနဦးတွေ့ဆုံမှုမှ” သတင်းမှ ဦးအောင်မင်း၏ ပြောကြာချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“ဒီမိုကရေစီဟာအများကြိုက်တဲ့ အများပိုင်ပါ၊ ပြည်သူများပိုင်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ တစ်ဦးတစ်ဖွဲ့ပိုင်မဟုတ်ပါ။ ပြည်သူများပိုင်တယ်လို့ ပြောလို့ရ နိုင်ပါတယ်။ တစ်ဦးတစ်ဖွဲ့ပိုင်မဟုတ်ပါ။ ဒီမိုကရေစီကိုအကြောင်းပြကာ စည်းမဲ့ကမ်းမဲ့လုပ်၍ မရနိုင်ပါ၊ စနစ်ကျစွာ ဆောင်ရွက်၍ မဖြစ်နိုင်ပါ။ ဒီမိုကရေစီ မှာ စည်းစနစ်ရှိပါတယ်”

ဇူလိုင် ၂၈ရက်နေ့ထုတ် Street View News ဂျာနယ် အတွဲ (၁) အမှတ် (၂၉) တွင်ပါရှိသည့် “ဒီမိုကရေစီအနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အာဏာရှင် မဖြစ် ရေးကို သတိပြု ထိန်းကျောင်းသွားရန်လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား” သတင်းမှ သူရဦးရွှေမန်း၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

“လွှတ်တော် ပြင်ပနိုင်ငံရေးလား၊လွှတ်တော်နိုင်ငံရေးလားတော့ မသိဘူး။ခုဆွေးနွေးတာကတော့ ပင်လုံကဲ့သို့သော ခမ်းနားတဲ့ညီလာခံကြီးလုပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးမယ်ဆိုပြီး ဆွေးနွေးတာပါ။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့တွေအားလုံးဟာ နိုင်ငံရေးကိုအခြေခံပြီးတော့ အပစ်အခတ်ရပ်စဲရေးကို အခြေခံပြီး လုပ်ကြတာပါ။ နိုင်ငံရေးဆွေးနွေးမှုပုံသဏ္ဍာန် ဘယ်လိုပေါ်လာမလဲဆိုတာတော့ အားလုံးအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးဆွေးနွေးတယ် ဆိုတာ နိုင်ငံရေးပြဿနာတွေ ပြေလည်စေဖို့ ဖြစ်တယ်။ ဘယ်နေရာမှ လုပ်မယ်ဆိုတာက အရေးကြီးတာမဟုတ်ပါဘူး။ နိုင်ငံရေးကို တကယ်ဖြေရှင်းနိုင် ဖို့က အရေးကြီးတယ်။ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းဘဲလုပ်တဲ့အလုပ်က ပလိုင်းပေါက်နဲ့ ဖားကောက်တာပဲဖြစ်မှာပေါ့”

ဇူလိုင် ၂၈ရက်နေ့ထုတ် The Voice ဂျာနယ်အတွဲ (၈) အမှတ် (၃၂) “ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PLNO) ငြိမ်းချမ်းရေးကော်မတီခေါင်း ဆောင် ဦးခွန်မြင့်ထွန်းနှင့် တွေ့ဆုံခြင်း”မှ ဦးခွန်မြင့်ထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။ 

**************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီစီးပွားရေးမှာ ခရိုနီတွေ လိုသေးလား

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီစီးပွားရေးမှာ ခရိုနီတွေ လိုသေးလား

ဝင်းထွဋ်ဇော်

(ဇူလိုင်လ ၂၅ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၁၀၄)မှ ထုတ်ယူဖော်ပြချက်။)

မကြာသေးမီရက်အတွင်းက ဒီမိုကရေစီနိုင်ငံဖြစ်လာလို့ နိုင်ငံစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုရင် ခရိုနီတွေကိုတော့ ခရိုနီ တွေကိုတော့ ပစ်ပယ်လို့မရသေးဘူး။ ခရိုနီတွေရှိနေရဦးမှာပဲ။ ဆိုတဲ့ပြောသံတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။

ထိုအယူအဆကတော့ ခရိုနီ(Crony)တွေဟာ နိုင်ငံရဲ့ လက်ရှိစီးပွားရေးမှာ ခိုင်ခိုင်မာမာ နေရာရထားပြီး ငွေရင်းငွေနှီးတွေနဲ့ လုပ်ငန်းကျွမ်းကျင် မှုတွေ ရှိနေတဲ့အတွက် ထိုသူတွေကို ဒီမိုကရေစီနိုင်ငံသစ်ရဲ့ စီးပွားရေးမှာ အရေးပါတဲ့ နေရာကနေ ဆက်လက်ပါဝင်ခွင့်ပေးရမယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါ တယ်။

ခရိုနီဝါဒ ထွန်းကားရာနိုင်ငံတွေ

တကယ်တော့ ခရိုနီတွေဟာ နိုင်ငံတစ်နိုင်ငံမှာ အပေါင်းအသင်းရောင်းရင်းကောင်းစားရေးဝါဒ (Chronyism) ထွန်းကားရာကနေ ပေါ်ပေါက်လာ တာပဲဖြစ်တယ်။

ခရိုနီဝါဒဟာ ဒီမိုကရေစီအးနည်းတဲ့ အာဏာရှင်တစ်ပိုင်းနိုင်ငံတွေမှာ အုပ်စိုးသူတွေဟာ နိုင်ငံရဲ့ စီးပွားရေးအရင်းအမြစ်တွေကို မိမိတို့အုပ်စု သို့မ ဟုတ် မိမိတို့မိသားစုရဲ့ အာဏာတည်မြဲရေးနှင့် ကိုယ်ကျိုးစီးပွားတို့အတွက် အသုံးချကြပါတယ်။

အဲဒီလိုအသုံးချရာမှာ အဲဒီအရင်းအမြစ်တွေ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေကလို သူတို့ကိုယ်စား စီမံခန့်ခွဲမယ်။ သူတို့ယုံကြည်စိတ်ချရမယ့် သူတွေကို ရှာဖွေကြပါတယ်။

အဆိုပါ အာဏာရှင်အုပ်စိုးတွေဟာ  ၎င်းတို့ရဲ့ အရင်ကအုပ်ချုပ်ခဲ့ကြတဲ့ အရင်းရှင် ဒီမိုကရေစီအစိုးရတွေထံမှဖြစ်စေ၊ သို့မဟုတ် ပဒေသရာဇ်တစ် ပိုင်း အစိုးရတွေထံမှဖြစ်စေ နိုင်ငံအဏာကို ရယူခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဆိုပါ အာဏာရှင်တွေနဲ့ အာဏာရှင်တစ်ပိုင်း အုပ်စိုးသူတွေဟာ ၎င်းတို့အုပ်စိုးတဲ့ခေတ်မှာ ၎င်းတို့အနေနှင့် ယုံကြည်စိတ်ချရမှုမရှိဆုံးဖြစ်တဲ့ ခရိုနီတွေကို မွေးမြူလာကြပါတယ်။

အာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်းနိုင်ငံတွေမှာ ခရိုနီဖြစ်လာကြသူတွေဟာ သည့်အရင်ခေတ်ဟောင်းတုန်းက စီးပွားရေးလုပ်ငန်းတွေ လုပ်ဖူးတဲ့ စီးပွားရေးလုပ်ငန်းတွေ ပါဝင်လာနိုင်ပါတယ်။ သို့ပေမယ့် ထိုသူတွေဟာ ယခင်အစိုးရ လက်ထက်က နေရာမရသူတွေ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် အာဏာရှင် အစိုးရတွေလက်ထက်မှာ ခရိုနီစီးပွားရေးသမားတွေ ဖြစ်လာတတ်ကြတဲ့နောက် အမျိုးအစား တစ်ခုကတော့ အုပ်စိုးသူအ သစ်တွေရဲ့ ဆွေမျိုးသားချင်းတွေ သို့မဟုတ် အုပ်စိုးသူအသစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အပေါင်းအသင်းရောင်းရင်းတွေပဲ ဖြစ်တယ်။

ထိုသူတွေဟာ အာဏာသိမ်းအစိုးရသစ် သို့မဟုတ် ဒီမိုကရက်တစ် မျက်နှာဖုံးစွပ်ထားတဲ့ အစိုးရသစ်တွေရဲ့ခေတ်တွေမှာ အခွင့်ထူးခံစီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်လာတတ်ကြပါတယ်။ သို့ပေမယ့် အဆိုပါခရိုနီတွေဟာ စီးပွားရေး လုပ်ငန်းတွေကို ကျွမ်းကျင်သူတွေ မဟုတ်ကြပါဘူး။

လက်သပ်မွေးတပည့်တွေ

ထိုသူတွေဟာ အာဏာရှင်နဲ့ အာဏာရှင်တစ်ပိုင်းအစိုးရတွေရဲ့ လက်သပ်မွေးတပည့်တွေပဲ ဖြစ်တယ်။ ဒါ့အပြင် ထိုသူတွေဟာ ယင်းအစိုးရတွေနဲ့ စီးပွားရေးအကျိုးစီးပွားအရ ဆက်နွယ်မှုရှိကြသူတွေလည်း ဖြစ်ကြပါတယ်။

တကယ်တော့ ခရိုနီတွေဟာ စီးပွားရေးလောကမှာ အောက်ခြေကနေတစ်ဆင့်ချင်း ကြီးပွားချမ်းသာလာကြသူတွေ မဟုတ်ပါဘူး။ အရှင်မွေး နေ့ချင်းကြီးဆိုတာလို အုပ်ချုပ်သူတွေရဲ့ ဖေးမစောင့်ရှောက်မှုကြောင့် တိုတောင်းတဲ့အချိန်အတွင်းမှာ ကြီးပွားချမ်းသာလာကြသူတွေပဲ ဖြစ်ပါတယ်။

အုပ်စိုးသူတွေရဲ့ ဖေမကူညီမှု

ခရိုနီစီးပွားရေးသမားလောက စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ ငွေရင်းငွေနှီးကို ခက်ခက်ခဲခဲ ရှာဖွေကြရသူတွေ မဟုတ်ကြပါဘူး။ ၎င်း တို့ လုပ်ဆောင်နေကြတဲ့ လုပ်ငန်းတွေအတွက် လိုအပ်နေတဲ့ ငွေရင်းငွေနှီးတွေကို နိုင်ငံတော်ဘဏ် (ပြည်သူ့ဘဏ္ဍာ)မှ အတိုးနည်းနည်းနဲ့ အလွယ်တကူ ချေးယူရရှိကြပါတယ်။

ဒါ့အပြင် ခရိုနီတွေဟာကြီးမားတဲ့ ငွေရင်းအမြတ်အစွန်းကို သေချာပေါက်ရရှိမယ့် လုပ်ငန်းတွေကို ပြိုင်ဘက်မရှိ (လေလံဆွဲရခြင်းမရှိဘဲ လေလံ ဆွဲရပါကလည်း စတိသဘောလောက်သာဖြစ်ခြင်း) နဲ့ ရရှိကြပါတယ်။ တစ်ခါတစ်ရံမှာ ခရိုနီတွေဟာ ၎င်းတို့ရရှိတဲ့  စီးပွားရေးလုပ်ကွက်တွေ  လုပ်ပိုင်ခွင့် တွေကို အခြားစီးပွားရေးသမားများထံ ပြန်လည်ရောင်းစားခြင်းဖြင့် အမြတ်ငွေအမြောက်အများကို အရင်းမစိုက်ရဘဲ ရရှိတတ်ကြပါတယ်။

ခရိုနီတွေဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကိုသာမကဘဲ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်ရတဲ့ အမြတ်အစွန်းအမြောက်အများကို ကျိန်းသေ ပေါက်ရရှိတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ခွင့်ရကြတယ်။ (ဥပမာ အစိုးရဌာနတွေအတွက် ပစ္စည်းဝယ်ယူမှုလုပ်ငန်းများ)

ပြိုင်ဘက်မရှိလုပ်ဆောင်နိုင်

ခရိုနီတွေဟာ မိမိတို့နိုင်ငံအတွင်းမှာ မဖြစ်မနေ သုံးစွဲရမယ့် ပစ္စည်းတွေကို သို့မဟုတ် မိမိတို့နိုင်ငံရဲ့ စီးပွားရေးအတွက် အလွန်အရေးပါတဲ့ ပစ္စည်း မျိုးတွေကို ပြည်ပနိုင်ငံတွေမှာ ပြိုင်ဘက်မရှိ တင်သွင်းခွင့် ရကြပါတယ်။

ဒါ့အပြင် မိမိတို့နိုင်ငံအတွက် အလွန်အရေးပါတဲ့ ပစ္စည်းမျိုးတွေကို ပြည်ပနိုင်ငံတွေမှာ ပြိုင်ဘက်မရှိ တင်သွင်းခွင့် ရကြပါတယ်။

ထိုနည်းလမ်းတွေနဲ့ ခရိုနီတွေဟာ စီးပွားရေးသမားတွေအတွက် တိုတောင်းလှတဲ့ အချိန်ကာလအတွင်းမှာ ဘီလျံနာသူဋ္ဌေးကြီးတွေ ဖြစ်လာကြ ပါတယ်။

စီးပွားရေးလောကရဲ့ ယှဉ်ပြိုင်မှုဥပဒေသ (Law of Competition)ဟာ ခရိုနီတွေအတွက် အကျုံးမဝင်ပါဘူး။ ဒါ့အပြင် ခရိုနီ စီးပွားရေးသမားတွေ ဟာ အမြတ်ခွန်ဆိုင်ရာ (နားလည်မှု) အခွင့်အရေးတွေကိုပင် ရရှိကြတယ်။

တကယ်တော့ နိုင်ငံတစ်နိုင်ငံဟာ ခေတ်သစ်တစ်ခုကိုရောက်ချိန်မှာ ယင်းနိုင်ငံရဲ့ စီးပွားရေးကို အမျိုးသားအသွင်လက္ခဏာနဲ့ ပြန်လည်တည် ဆောက်မယ်ဆိုရင် ထိုနိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူအားလုံးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး ညီညွတ်သွေးစည်းကာ ပြန်လည်တည်ဆောက်ကြရမှာ ဖြစ်တယ်။

စီးပွားရေးလုပ်ငန်းရှင်တွေလို့ ဆိုရာမှာ တိုင်းရင်းသားအရင်းရှင်တွေ၊ တိုင်းရင်းသားဓနရှင်ပေါက်စတွေ ကုန်သည်ပွဲစားတွေနဲ့ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တွေ အပါအဝင် အားလုံးကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ထိုအထဲမှာ ယခင်ခေတ်ဟောင်းတုန်းက စင်ပေါ်မှာရှိခဲ့တဲ့ စီးပွားရေးသမားတွေလည်း ပါဝင် လိုတဲ့ဆန္ဒရှိရင် ပါဝင်နိုင်ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစီးပွားရေးစနစ်မှာ-

၁။ ပွင့်လင်းမြင်သာမှုရှိခြင်း

၂။ တာဝန်ယူမှုနျင့်တာဝန်ခံမှုရှိခြင်း

၃။ လွတ်လပ်၍ တရားမျှတမှုရှိခြင်း

၎။ လွတ်လပ်စွာယှဉ်ပြိုင်မှုရှိခြင်း

၅။ စီးပွားရေးကျင့်ဝတ်များကို စောင့်ထိန်းမှုရှိခြင်း

၆။ ဥပဒေကို လေးစားလိုက်နာမှုရှိခြင်း

၇။ အများပြည်သူအကျိုးကို ရှေးရှုရခြင်းဆိုတဲ့ လက္ခဏာရပ်တွေ ရှိရပါတယ်။

ဒါ့ကြောင့် ခရိုနီတွေဟာ ဘယ်နိုင်ငံမှာမဆို ဒီမိုကရေစီစီးပွားရေးစနစ်မှာ အခွင့်ထူးခံ စီးပွားရေးသမားတွေဖြစ်နဲ့ပဲ ပါဝင်ချင်လို့ မရတော့ပါဘူး။ ထို သူတွေအနေနဲ့ ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ်ရဲ့ စီးပွားရေးမှာ ဆက်လက်ပါဝင်ချင်တယ်ဆိုရင် အထက်ပါစည်းကမ်းတွေကို လိုက်နာရမှာဖြစ်တဲ့အပြင် ၎င်းတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို အစစ်ဆေးခံခြင်းဖြင့် သိက္ခာထပ်ဖို့တော့ လိုမှာဖြစ်ပါတယ်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၂၇) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ ထိုင်းအစိုးရနှင့် မြန်မာအစိုးရ ထားဝယ်စီမံကိန်း နှစ်နိုင်ငံ သဘောတူညီမှုရရှိ
၂။ ဦးအောင်သိန်းလင်းအား မကျေနပ်သဖြင့် ပြည်သူတချို့ ဆန္ဒဖော်ထုတ်ရန် စီစဉ်
၃။ ကင်တာနား၏ ခြောက်ကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်စတင်မည်
၎။ လွှတ်တော်က လယ်သမားများ၏ နစ်နာမှုအတွက် စုံစမ်းရေး ကော်မရှင် ဖွဲ့မည်
၅။ ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးအဖွဲ့သည် "ဗကသ"မဟုတ်ကြောင်း ဒီငြိမ်းလင်းဆို
၆။ နစ်ဖြူခေါင်းဆောင်ဟောင်း ဂိုရှယ်၏ တူနှင့် NDF ပါတီ တွေ့ဆုံ
၇။ ရန်ကုန်၌ တစ်ပတ်အတွင်း ကျူးကျော်အိမ် ၂၀၀ ကျော်ကို အင်အားသုံး ဖျက်ဆီး
၈။ ကာတွန်းလက်ရာနှစ်ခုကို ဆင်ဆာလုပ်၍ ပြပွဲ ကျင်းပခွင့်ပေး
၉။ ကချင်စစ်ဘေးရှောင်ဒုက္ခသည်များအား တရုတ်နှင်ထုတ် စတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာအဖွဲ့
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံသတင်းရအောင်
ဖော်ပြခြင်းသာဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်မူရင်းမီဒီယာများ၏
အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။


The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.