Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၀.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံ၏ ဂုဏ်ကျက်သရေကို ထိန်းသိမ်းဖို့

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံ၏ ဂုဏ်ကျက်သရေကို ထိန်းသိမ်းဖို့

မိုးမြင့်ငြိမ်း

ဒီမိုကရေစီစနစ် ထွန်းသစ်စ မြန်မာနိုင်ငံသည် အကဲဆတ်သည့် အခြေအနေများကို ခက်ခက်ခဲခဲနှင့် ကျော်လွှားဖြတ်သန်းနေသည့် အားလျှော် စွာ နိုင်ငံတကာမှ ဝေဖန်စောင့်ကြည့်မှုများကလည်း အတောမသတ်နိုင်ဖြစ်လျက်ရှိသည်။ အထူးစောင့်ကြည့်ခံနေရသည့် မြန်မာနိုင်ငံအဖို့ အကောင်း အဆိုးဝေဖန်မှုများအပေါ် စနစ်တကျ စိစစ်သုံးသပ်ဖို့တော့ လိုသည်။ နိုင်ငံတကာမီဒီယာများ၊ ပညာရှင်အဖွဲ့များ၊ အင်စတီကျူးရှင်းများ၏ ဝေဖန်မှုများမှာ မှန်ကန်မှုများရှိသလို မမှန်ကန်မှုများလည်း ရှိသည်။ ယခင်အစိုးရလက်ထက်များက မြန်မာနိုင်ငံသည် ကမ္ဘာစနစ်နှင့် အဆက်ဖြတ်ကာ တံခါးပိတ်နေ ခဲ့ခြင်းမှာ မြန်မာနိုင်ငံအပေါ် ရမ်းသမ်းဝေဖန်များ၏ ရေခံမြေခံလို ဖြစ်ဟန်ရှိသည်။

ယခုလွတ်လပ်ပွင့်လင်းမှု တစ်စုံတစ်ရာအတိုင်းအတာထိ ရှိလာနေခြင်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံတကာမီဒီယာများမှ လာရောက်မှုများ တိုးမြင့်လာခဲ့သည်။ သို့သော် နိုင်ငံ၏ သမိုင်းကြောင်းချီ ဖြတ်သန်းလာရသည့် ဖြစ်စဉ်များကိုမူ သေချာလေ့လာမှုမရှိဘဲ ရေးသားထုတ်ဖော်နေမှုများမှာ တော့ မြန်မာနိုင်ငံ၏ ဂုဏ်ကျက်သရေ များစွာထိခိုက်ပါသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကျင့်သုံးမှုအပေါ် နိုင်ငံတကာမီဒီယာများက ဒီမိုကရက် တစ်စံနှုန်းများဖြင့် တိုင်းတာနေမှုတော့ အတော်ပင်လျော့သွားသည်ဟု ဆို၍ရနိုင်သည်။ ဤသည်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်မှ ပင်မရေစီးကြောင့်နိုင်ငံရေးဖြစ်စဉ်သစ်တွင် ဝင်ရောက်လာခြင်းအပေါ် အဓိကမူတည်နေသည်။ ထို့အပြင် မြန်မာဒီမိုကရေစီအပြောင်းအလဲနှင့် အချိန် မတိမ်းမယိမ်းပေါ်ထွန်းလာသည့် အာရပ်နွေဦးကြောင့်လည်း ဖြစ်ဟန်ရှိသည်။ အာရပ်နွေဦးမှာ မြန်မာနွေဦးနှင့် နှိုင်းယဉ်လျှင် အတော်ပင် ဆိုးရွား ပြီး ညင်ညင်သာသာမရှိသည့်အဖြစ်ကို နိုင်ငံတကာမှ နှိုင်းယဉ်သုံးသပ် ဖော်ထုတ်မှုများ ရှိခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အပြောင်းအလဲများကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံတရားဝင်ဖြစ်မှု တိုးမြင့်လာခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ နိုင်ငံတ ကာမီဒီယာများမှလည်း ဤသည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းကို အကောင်းမြင် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရ အဖွဲ့သည်လည်း ဤအပြောင်းအလဲများနှင့်ပတ်သက်၍ ပြည်သူများက ယုံကြည်မှုများ ရှိလာပါသည်။ နောက်ကြောင်ပြန်လှည့်နိုင်သည့် အနေအထား များ မဖြစ်ပေါ်အောင် ကြိုးစားသွားမည်ဟုလည်း နိုင်ငံတော်အကြီးအကဲများက ပြည်သူများအပေါ် နိုင်ငံပိုင်မီဒီယာများမှတဆင့် အလေးအနက် ကတိပေး ခဲ့ပြီးလည်းဖြစ်သည်။ တစ်နှစ်ကျော်အတွင်း ဖြစ်ပေါ်ခဲ့သည့် မတည်ငြိမ်မှုများကိုလည်း ပြဿနာကြီးထွားမလာအောင် ကိုင်တွယ်နိုင်ခဲ့သည်။ ထို့အပြင် အစပထမ၌ အခွန်သက်သက်သာရှိမည်ဟု ထင်ကြေးပေးခဲ့သော လွှတ်တော်မှာ ပြည်သူများ၊ မီဒီယာများ၏ အာရုံစိုက်မှု အထူးရရှိလာလျက်ရှိနေပြီး လွှတ်တော်တွင်း အလုပ်ဖြစ်အောင်ဆောင်ရွက်မှုများမှာလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကောင်းမွန်းလာသည်ကို တွေ့မြင်ရသည်။

ထိုသို့ တရားဥပဒေစိုးမိုးမှု၊ မီဒီယာဖြေလျော့မှု၊ အင်စတီကျူးရှင်များ ခိုင်မာအောင် တည်ဆောက်မှုများ တဖြည်းဖြည်း ဆောင်ရွက်လာနေသည့် အတွက် အကောင်းဘက်သို့ ဦးတည်လျက်ရှိနေသည်ဟု ကောက်ချက်ချ၍ ရသည်။ ထိုကြောင့်လည်း အမေရိကန်အပါအဝင် အနောက်အုပ်စုများ၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများလည်း တဖြည်းဖြည်း ဖြေလျော့မှုများ ရှိလာသည်။ သို့သော် ယခုအချိန်ထိတော့ နိုင်ငံတကာမှ သံသယမျက်လုံး များဖြင့် ကြည့်ရှုနေဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ကို ပြောင်းလဲသွား သည်တော့မဟုတ်။ မြန်မာနိုင်ငံ၏ အပြောင်းအလဲများမှာ မည်သည့်နိုင်ငံ၏ အကူအညီကိုမှ မယူဘဲ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ အရေးယူပိတ်ဆို့မှုများ ဆက်လက်ထားရှိနေခြင်းကြောင့် မြန်မာနိုင်ငံ၏ ပြည်သူများမည်မျှ လူမှုစီးပွားဘဝ နိမ့်ကျခဲ့သည်ကို ပိတ်ဆို့ခဲ့သည့်နိုင်ငံများက သိပါသည်။ ယင်းမူဝါဒမှာ ဆက်လက်အလုပ်မဖြစ်တော့သော်လည်း ဂုဏ်သိက္ခာဆယ်သည့်အနေဖြင့် ဆက်လက် ကိုင်ထားဆဲပင် ဖြစ်သည်။

ထိုသံသယဖြင့် စောင့်ကြည်နေမှုများကို အားဖြည့်ပေးလိုက်သည်မှာ ရိုဟင်ဂျာအရေးကိစ္စပင် ဖြစ်သည်။ နိုင်ငံတကာမီဒီယာများမှ ရခိုင်ပြည် နယ်တွင် ဖြစ်ပွားသွားခဲ့သော ရိုဟင်ဂျာအရေးမှာ အစိုးရ၏ လူသားချင်းစာနာထောက်ထားမှုမရှိသည့် လုပ်ရပ်ဟု ရေးသားဖော်ပြမှုများ၊ လူအခွင့်အရေး ချိုးဖောက်မှု စွပ်စွဲမှုများရှိနေသည်ကို နေ့စဉ်တွေ့မြင်နေရသည်။ မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းကြောင်းကို အသေအချာ လေ့လာဆန်းစစ်ခြင်းမရှိဘဲ ထိုသို့ တဖတ်သက် ရေးသားဖော်ပြနေမှုများကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ အမှန်အကန်ပင် ကျဆင်းစေပါသည်။ ရိုဟင်ဂျာအရေး မှာ နယ်စပ်ဒေသပြဿနာသာဖြစ်ပြီး မြန်မာ- မူဆလင် လူမျိုးရေးပြဿနာမဟုတ်။ မြန်မာနိုင်ငံသည် ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိသည်ကို မြန်မာ နိုင်ငံသို့ လာရောက်သည့် ဧည့်သည်များ ရန်ကုန်မြို့တော်ခန်းမအနီးတွင်ရှိသော ဆူးလေးစေတီ၊ ဗလီနှင့် ဟေမာနွေလ church တို့ အတူတကွရှိနေ သည့် အမှတ်အသားကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ထို့အပြင် ရိုဟင်ဂျာတို့မှာ မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် တရားမဝင် လာရောက်နေထိုင်သူများသာ ဖြစ်ပြီး မြန်မာတိုင်းရင်သား လူမျိုးစု တွင်လည်း မပါဝင်ခြင်းကြောင့် သူတို့အား နိုင်ငံသားအခွင့်အရေးပေးရန် မဖြစ်နိုင်ပါ။ ဤသည်ကို နိုင်ငံတကာမီဒီယာများကမသိ။ ယင်းတို့က လူ့အခွင့် အရေးရှုထောင့်မှ ရေးသားဖော်ပြနေမှုများကြောင့် မြန်မာအစိုးရ၏ ကိုယ်တွယ်မှုများမှာ လူသားချင်းစာနာထောင့်ထားမှု လုံးဝမရှိသလို ဖြစ်နေသည်။ သြဇာကြီးသတင်းစာဖြစ်သော Bangkok Post ဆိုလျှင် သမ္မတဦးသိန်းစိန်အပေါ် ပုဂ္ဂိုလ်ရေး ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခေါင်းကြီးတင်၍ ရေးသား ဖော်ပြခဲ့သည်။ ရိုဟင်ဂျာမှာ ထိုင်းအပါအဝင် အရှေ့ဘက်သို့ ရောက်ရှိလာခြင်းမှာ မြန်မာနိုင်ငံ၏ ကိုင်တွယ်မှုညံ့ဖျင်းခြင်းကြောင့်ဖြစ်ပြီး ပြဿနာအားလုံး ၏ ဇတ်မြစ်မှာ မြန်မာနိုင်ငံမှဖြစ်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ဤအရေးပေါ်ကိုင်တွယ်မှု ပိုမိုစနစ်ကျရန် လိုသည်ဆိုသည်မှာတော့ ဟုတ်ပါ သည်။ သို့သော် နိုင်ငံတကာမီဒီယာများမှ ရေးသားသလို လူသားချင်းစာနာထောင့်ထားမှု စိုးစဉ်းမျှမရှိဆိုသည်ကိုတော့ ငြင်းဆိုရပါလိမ့်မည်။ ဤသည်မှာ အချိန်ယူ ဖြေရှင်းရမည့် အရေးသာ ဖြစ်သည်။ ဦးသိန်းစိန်အနေဖြင့် ဇူလိုင် ၃၀ တွင် စင်ကာပူအခြေစိုက် Channel New Asia မီဒီယာနှင့် အင်တာဗျူး လုပ်သည့်အခါ ယင်းကိစ္စနှင့်ပတ်သက်၍ တစ်ဖက်သတ်ပြောဆိုနေမှုများကို အကောင်းဆုံးဖြေရှင်းနိုင်မည်ဟု မျှော်လင့်ပါသည်။ သို့မှသာ ယင်းအရေး ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ကျဆင်းနေသော မြန်မာနိုင်ငံ၏ ဂုဏ်ကျက်သရေကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါကြောင်း။

                *****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၃၀.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာ့ထွက်ရှိဆန်များ ထိုင်းမှတစ်ဆင့် တရုတ်သို့ဝင်ရောက်
  2. သတင်းစာနှင့် သတင်းဆိုင်ရာရုပ်သံလိုင်း ရရှိနိုင်စေရန် Eleven Media Group စတင်ဆောင်ရွက်ပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ရခိုင်-ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ
  1. ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်
  2. ဂျပန်နိုင်ငံအာဏာရပါတီနာယကနှင့် NDF တွေ့ဆုံ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

****************************

ပြည်တွင်းသတင်းများ

မြန်မာ့ထွက်ရှိဆန်များ ထိုင်းမှတစ်ဆင့် တရုတ်သို့ဝင်ရောက်

မြန်မာနိုင်ငံမှထွက်ရှိသည့်ဆန်များကို တရုတ်နိုင်ငံမှ အကြောင်းပြချက်မျိုးစုံဖြင့် လက်မခံတော့သည့်အတွက် ဈေးကွက်မပျက်နိုင်စေရန် ထိုင်း နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်နှင့် ဆန်ကွဲများကို တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိကြောင်း ဆန်အထူးပြုကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“သူတို့က အကြောင်းပြချက်မျိုးစုံနဲ့ မြန်မာ့ဆန်ကိုသာလက်မခံတာ။ ထိုင်းကိုအရင်တင်ပို့ပြီး ထိုင်းဆန်လိုလို ဘာလိုလိုနဲ့ တရုတ်နိုင်ငံကို တင်ပို့ တော့လည်း လက်ခံတာပဲ။ တစ်ချို့တွေဆို ထိုင်းနိုင်ငံကထွက်တဲ့ ဆန်နဲ့ဆန်ကွဲကိုရောပြီး တရုတ်ကိုပို့လိုက်တော့လည်း ယူတာပါပဲ”ပာု ၎င်းက ဆက် လက်ပြောကြားသည်။

ယခင် မြန်မာနိုင်ငံမှ ထွက်ရှိသည့်ဆန်ကို တရုတ်နိုင်ငံကသာ အများဆုံးဝယ်ယူခဲ့သော်လည်း မြန်မာအစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲမှု များ လုပ်ဆောင်ပြသခဲ့သည့်အပေါ် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများ ဖြေလျော့မှုများနှင့် အရေးယူမှုများ ပြုလုပ်လာခဲ့သည့်အချိန်မှစတင်၍ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံထွက်ကုန်ပစ္စည်းအချို့ကို သွင်းကုန်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အရင်က တရုတ်ကို တရားဝင်ပို့လို့ရပေမယ့် ခုတရုတ်ကလက်မခံတော့ တရားမဝင်ပို့နေရတယ်။ ဒီလိုပို့နေရတော့ နိုင်ငံတော်အနေနဲ့လည်း အခွန်နစ်နာတယ်။ ပြီးတော့ ဆန်ဈေးကွက်လည်း ပျက်သွားနိုင်တယ်။ ဒီအပေါ်မှာ တာဝန်ရှိသူတွေအနေနဲ့ တခုခုဖြေရှင်းပေးသင့်ပါတယ်။ ခု ထိုင်းက တစ်ဆင့် မြန်မာ့ဆန်တွေကို တရုတ်ကိုတင်ပို့လို့ရပေမယ့် သယ်ယူစရိတ်က အပိုကုန်ကျနေရပါတယ်”ပာု မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ တင်ပို့လျက်ရှိသည့် ဆန်စပါး အပါအဝင် အခြားဒေသထွက်ကုန်ပစ္စည်းများ တင်ပို့မှုအချို့ကို အကြောင်းပြချက်မျိုးစုံဖြင့် ငြင်းပယ်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှထွက်ရှိသည့် ကျောက်မျက်တင်ပို့မှုများကိုလည်း အခွန်နှုန်းထားများ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

Ref:Express Times

-----------------------------------------------------------------------------------------------------------------------------------

သတင်းစာနှင့် သတင်းဆိုင်ရာရုပ်သံလိုင်း ရရှိနိုင်စေရန် Eleven Media Group စတင်ဆောင်ရွက်ပြီ

မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကပိုင် သတင်းစာထုတ်ဝေခွင့်နှင့် သတင်းဆိုင်ရာရုပ်သံလိုင်း ထုတ်လွှင့်လုပ်ကိုင်ခွင့်ရရှိနိုင်စေရန် Eleven Media Group မှ တရားဝင်လျှောက်ထား ဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။

“ရှိပြီးသားဥပဒေတွေနဲ့ ထုတ်နိုင်အောင် တင်ပြမှာပါ။ ၁၉၆၂ ဥပဒေနဲ့လည်း သတင်းစာထုတ်လို့ရတာပဲလေ။ ဒီမိုကရေစီအစိုးရဖြစ်တာ တစ်နှစ် ကျော်ပြီ။ အခုအခြေအနေက ပုဂ္ဂလိကသတင်းစာမရှိ၊ ပုဂ္ဂလိကရုပ်သံလိုင်းမရှိနဲ့ ဒီမိုကရေစီနဲ့လျော်ညီတဲ့ သတင်းမီဒီယာဖွံ့ဖြိုးမှုမရှိသေးဘူး။ ဒါကြောင့် တရားဝင်လျှောက်ခွင့်ရအောင် လျှောက်ထားမှာပါ”ပာု Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားကြောင်း Weekly Eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း၌ လက်ရှိနေ့စဉ်ထုတ်ဝေဖြန့်ချီလျက်ရှိသော နိုင်ငံပိုင်သတင်းစာများမှာ ကြေးမုံ၊ မြန်မာ့အလင်း၊ News Light of Myanmar၊ မြဝတီ၊ ရတနာပုံ၊ မန္တလေးနေ့စဉ်နှင့် မြို့တော် သတင်းစာတို့ဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကသတင်းစာများထုတ်ဝေနိုင်ရန် မီဒီယာနှင့်သက်ဆိုင်သော ဥပဒေများ၊ နည်းဥပဒေများလိုအပ်လျက်ရှိနေကြောင်း သိရသည်။

“ဘာပဲပြောပြော ဒီမိုကရေစီနိုင်ငံမှာတော့ ပုဂ္ဂလိကသတင်းစာဆိုတာ ရှိသင့်ပါတယ်။ ပြီးတော့ သတင်းလွတ်လပ်ခွင့်တွေ၊ ကိုယ့်ရဲ့ ထင်မြင် ယူဆချက်တွေကို လွတ်လွတ်လပ်လပ်ရေးသားထုတ်ဝေနိုင်တဲ့ သတင်းစာမျိုးဖြစ်ရမှာပေါ့။ ကျွန်တော်တို့နိုင်ငံက ပြည်သူတွေပာာ နှစ်ပေါင်းနှစ်ဆယလောက် သတင်းငတ်နေကြတဲ့သူတွေအတွက် အမှန်တကယ်လိုအပ်နေပါပြီ။ ဒီမိုကရေစီနိုင်ငံကိုသွားတော့မယ်ဆိုရင် နိုင်ငံရဲ့ စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးသင့်ပါပြီ”ပာု ပြည်တွင်းအပတ်စဉ်ထုတ်ဂျာနယ်တစ်ခုမှ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အပြင် ပြည်တွင်းရှိ သတင်းမီဒီယာအချို့ကိုလည်း ထုတ်တင်စနစ်သို့ ခွင့်ပြုပေးခဲ့သည့်အပြင် စာပေစိစစ်ရေးတင်းကြပ်မှုများကိုလည်း ဖြေလျော့မှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Ref:Weekly Eleven

****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ရခိုင်-ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ကွင်တားနား မြန်မာနိုင်ငံသို့ ရောက်ရှိ

ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းအချိန်၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျီယာ ကွင်တားနားသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ရခိုင်အရေးနှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။

ယခုအကြိမ်လာရောက်ခြင်း၏ အဓိကအကြောင်းအရင်းသည် မကြာသေးမီ လပိုင်းအချိန်မှစ၍ အကြမ်းဖက်မှုတစ်ချို့ ဖြစ်ပွားလျက်ရှိသည့် ရခိုင်နှင့် ရိုဟင်ဂျာအရေးကိစ္စနှင့် ပတ်သက်၍ လာရောက်ခြင်းဖြစ်ကြောင်း သိရှိရပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍လည်း လေ့လာမှုများ ပြုလုပ်ရန်ရှိကြောင်း သိရသည်။

အဆိုပါ အရေးကိစ္စနှင့် ပတ်သက်၍ လာရောက်ရခြင်းမှာ မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့မှ ရိုဟင်ဂျာများအား ဖိနှိပ်မှုပုံစံ ဖြစ်ပွားလျက်ရှိသော ကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲမှ စိုးရိမ်မှုဖြစ်ပွားသော ကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် လာရောက်ရခြင်းဖြစ်ကြောင်း သိရှိရပြီး အစိုးရသစ် ဦးသိန်းစိန်လက်ထက်တွင် မြန်မာနိုင်ငံ၏ အခြေအနေ တိုးတက်ပြောင်း လဲမှုများ ရှိနေသော်လည်း လူ့အခွင့်အရေးကိစ္စရပ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်ပြဿနာအချို့ ကြုံတွေ့နေရသေးကြောင်း သတင်းမီဒီယာများနှင့် တွေ့ ဆုံပွဲ၌ ပြောကြားချက်အရ သိရသည်။

မစ္စတာ ကွင်တာနားသည် ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ ၇ရက်ကြာ ရခိုင်ပြည်နယ်သို့ သွားရောက်၍ လေ့လာမှုများ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပြီး သြဂုတ်လ ၃ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကာ ရခိုင်အရေးကိစ္စအား အဓိကထား ဆွေး နွေးသွားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

၎င်းသည် သြဂုတ်လ ၄ ရက်နေ့၌ မြန်မာနိုင်ငံရှိ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရပြီး ယင်းတွေ့ဆုံမှုများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ထို့နောက် ၎င်းသည် ယခင်နှစ်တွင် လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးသို့ လာရောက်လေ့လာမှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရပြီး ယခုကဲ့သို့ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုဖြစ်ပွားခြင်း ကိစ္စနှင့် ပတ်သက်၍ ပထမဦးဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၃၀ရက်နေ့ နေ့လည် ၁နာရီအချိန်၌ ရခိုင်အရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဟောင်း၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကြောင်း သိရှိရပြီး လက်ရှိအချိန်တွင် ရခိုင်တိုင်းရင်းသားဒုက္ခသည်ပေါင်း ၈၀၃၁ဦးရှိပြီး ဘင်္ဂါလီဒုက္ခသည် ၅၃၃၉၀ဦး ရှိကြောင်း နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးမှ ရခိုင်ပြည်နယ်၏ အရေးကိစ္စနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းမှုများ ပြုလုပ်ကြောင်း၊ ယင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ သံရုံးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အဖွဲ့ အစည်းများနှင့် သတင်းမီဒီယာများတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပြီး ဇူလိုင်လ ၃၀ရက်နေ့ မနက်ပိုင်းအချိန်တွင် မစ္စတာကွင်တားနားသည် အင်းစိန်ထောင်သို့ သွားရောက်လေ့လာခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်

ပြီးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇိုမီးနေရှယ်နယ်ကွန်ဂရက်စ်ပါတီမှ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) အမည်သစ်ဖြင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

“ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ ဇူလိုင် ၂၆ ရက်နေ့က မှတ်ပုံတင်လိုက် ပါပြီ။ ပြီးခဲ့တဲ့ မတ်လတုန်းက လည်း ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတည်ထောင်ခွင့် တင်လျှောက်ထားခဲ့ပေမယ့် ကော်မရှင်က ဇိုမီးဆိုတဲ့လူမျိုးမရှိဘူးဆိုပြီး ပါတီမှတ်ပုံတင်တာကို ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် ဇိုမီးလူမျိုး တကယ်ရှိပါတယ်ဆိုတာကို သမိုင်းအထောက်အထားအချက်အလက်တွေနဲ့ပြမှပဲ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ နာမည်နဲ့ မှတ်ပုံတင်မှသာ လက်ခံခဲ့တာပါ”ပာု ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇူလိုင်လ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အသုံးပြုမည့် ပါတီ အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုပါက ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် ကန့်ကွက်နိုင်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) ပါတီ၏ ပါတီရုံးချုပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ်(၂၀၃)၊ အခန်း(၁၈)၊ ၃-လွှာတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဂျပန်နိုင်ငံအာဏာရပါတီနာယကနှင့် NDF တွေ့ဆုံ

ဇူလိုင်လ ၂၉ ရက် မနက် ၁၀နာရီဝန်းကျင်ခန့်၌ ဂျပန်နိုင်ငံမှ အာဏာရပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီမှ နာယကဖြစ်သူ မစ္စတာ ဝါတာ နာဘေး တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီရုံးချုပ်သို့ သွား ရောက်တွေ့ဆုံခဲ့ကြောင်း NDF ပါတီဝင် ဗဟို အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"ဒီမနက် ၁၀နာရီမှာ မစ္စတာဝါတာနာဘေးဦးဆောင်တဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့က အဖွဲ့ဝင် ၅ယောက်က NDF ရုံးချုပ်ကိုလာပြီး ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက စီးပွားရေး၊ နည်းပညာတို့နဲ့ ပတ်သက်ပြီး လိုအပ်တာတွေကို အကူအညီပေးဖို့ဆိုပြီး ဆွေးနွေးကြပါတယ်"ဟု ၎င်းက ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုအား NDF ပါတီရုံးချုပ်၌ ၂နာရီကြာ ဆွေးနွေးမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပြီး ယင်းတွေ့ဆုံဆွေးနွေး ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ၊ ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာရေးတို့အား ထည့်သွင်းဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းသို့ ဂျပန်နိုင်ငံမှ အာဏာရပါတီဖြစ်သည့် ဒီမိုကရက်တစ်ပါတီမှ နာယက မစ္စတာဝါတာနာဘေး ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များအဖွဲ့မှ အဖွဲ့ဝင် ၅ဦးအား NDF ပါတီမှ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၊ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဒု-ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဦးစိန် လှဦး၊ ပါတီအတွင်းရေးမှူး (၁) ဦးကြည်သန်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသက်ထွန်းမောင်တို့မှ လက်ခံတွေ့ဆုံခဲ့ပြီး ဂျပန်သံရုံးမှ တာဝန်ရှိ သူတစ်ချို့မှလည်း တက်ရောက်ခဲ့ကြကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရှိရသည်။

ATM

****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အကျိုးရှိတဲ့ လုပ်ငန်းတွေဆို လုပ်ကြမှာပေါ့။ လူထုအဆုံးအဖြတ်ပေါ့။ မလုပ်ဘူးဆိုတာကလည်း လူထုကပြောလို့ သမ္မတကြီးကနေ ဒီအပေါ်မှာ မူတည် ပြီးတော့ သမ္မတကြီးမှ လူထုရဲ့ဆန္ဒအပေါ်မူတည်ပြီး ဆုံးဖြတ်ခဲ့တာပဲ။ လူထုရဲ့ဆန္ဒအပေါ် မူတည်ပြီး ဆုံးဖြတ်ခဲ့တာပဲ။ လူထုရဲ့ဆန္ဒကပဲ မူတည်တာပဲ"

ဇူလိုင် ၂၈ရက်နေ့ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ (၁) အမှတ် (၂၀) တွင်ပါရှိသည့် "ဦးအောင်သိန်းလင်း၏ တရုတ်သတင်းစာဆုံးဖြတ်ချက်များ ပြည်ခိုင် ဖြိုးပါတီသဘောထားမဟုတ်ဟု ပါတီအထွေထွေအတွင်းရေးမှူး ပြောကြား"သတင်းမှ ဦးဌေးဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

"နိုင်ငံတော်အစိုးရနဲ့ စတုတ္ထမဏ္ဍိုင်အကြားမှာ အငြင်းပွားနေတဲ့ကိစ္စမှာ အစိုးရဘက်မှာကော စတုတ္ထမဏ္ဍိုင်ဘက်မှာကော စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ တွေမှာပါ အကျိုးမရှိပါဘူး။ စတုတ္ထမဏ္ဍိုင်ဟာ ၂၀၁၀ ရွေးကောက် ပွဲ ကာလမှာ ပြည်သူလူထုကို မျက်စိဖွင့်ပေးခဲ့တဲ့ တာဝန်ကျေခဲ့တဲ့ မီဒီယာတွေပါ။ အစိုးရနဲ့မီဒီယာကြားမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အမှုတွေကို ရုတ်သိမ်းပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒါဟာ ရှေ့နေတစ်ယောက်အနေနဲ့ တောင်းဆိုခြင်း မျိုး မဟုတ်ဘဲ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ တောင်းဆိုခြင်းသာ ဖြစ်ပါတယ်"

ဇူလိုင် ၃၀ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၇) အမှတ် (၄၃) တွင်ပါရှိသည့် "နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီ ၁၄ပါတီ တွေ့ဆုံမည်" သတင်းမှ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

အမျိုးသမီးတွေ ရပ်ကွက်တွေမှာ အုပ်ချုပ်ရေးမှူးတွေအဖြစ်နဲ့ လုပ်လို့မရဘူးဆိုတဲ့တားဖြစ်ချက် နဂိုကတည်းက မရှိခဲ့တာပဲ။ လူအဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေရဲ့ သဘာဝကိုက စပ်စုတတ်တဲ့တွက် ရပ်ကျေးလိုအဆင့်မျိုးမှာ အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေ ခန့်ထားသင့်တယ်။ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်မှုမှာ အပြောင်းအလဲဖြစ်ဖို့ အမျိုးသမီးတွေ ဦးဆောင်နိုင်ပါတယ်။ နိုင်ငံတကာမှာလည်း အခုလိုမျိုးပဲ ကျင့်သုံးလုပ်ဆောင်နေပါတယ်။ လူ့အဖွဲ့ အစည်းအတွင်းမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ထဲထဲဝင်ဝင် ထိတွေ့ဆက်ဆံနိုင်တဲ့အတွက်မို့ပါ။

ဇူလိုင် ၃၀ရက်နေ့ထုတ် FlowerNews ဂျာနယ် အတွဲ (၈) အမှတ် (၂၉) တွင်ပါရှိသည့် “အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံခွင့်ရှိ” သတင်းမှ ရန်ကုန်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive