Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁.၈.၂၀၁၂

ပြည်တွင်းသတင်းများ

  1. The Voice နှင့် Envoy ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်များအားလုံး ပိုင်ဆိုင်စာရင်းတင်ပြရန် သမ္မတအမိန့်ထုတ်ပြန်ပြီ
  2. ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဆွေးနွေးခဲ့သည့် တက္ကသိုလ်ဥပဒေကြမ်းဆွေးနွေးခြင်း ရွှေ့ဆိုင်းပေးရန်အဆို အတည်ပြု
  3. ရွေးကောက်ပွဲအချိုးကျစနစ်အား ၈၈ မျိုးဆက်များ ထောက်ခံသော်လည်း ရခိုင်ပါတီကန့်ကွက်
  4. ညီနောင်တိုင်းရင်းသားပါတီများ နိုင်ငံရေးတတိယအင်အားစု ဖြစ်လာနိုင်စေရန် အခြားပါတီများနှင့်ပါ စုစည်းသွားမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

****************************

ပြည်တွင်းသတင်းများ

The Voice နှင့် Envoy ဂျာနယ်နှစ်စောင် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရ

ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်နှစ်စောင်ဖြစ်သည့် The Voice Weekly နှင့် Envoy ဂျာနယ်နှစ်စောင်တို့အား စာပေစိစစ်ရေး၏ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိပာူသော စွဲချက်ဖြင့် ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇူလိုင် ၃၁ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။

ထို့ပြင် ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဇူလိုင် ၃၁ ရက်နေ့ နေ့လည်တွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၌ ပြည်တွင်းသတင်းဂျာနယ် များအား ခေါ်ယူ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးတင့်ဆွေက The Voice နှင့် Envoy ဂျာနယ်နှစ်စောင်အား ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း တရားဝင် အတည်ပြုပြောကြားသည်။

“ခုလို ဂျာနယ်နှစ်စောင်ကိုရပ်ဆိုင်းရတာပာာ ၂၀၁၁ ခုနှစ်ဇွန်လက ထုတ်ပြန်ခဲ့တဲ့ညွှန်ကြားချက်ကို ဖောက်ဖျက်လို့ပါ။ ကျွန်တော်တို့အနေနဲ့ အခုထိ ၁၉၆၂ ဥပဒေနဲ့ရှိနေတုန်းပါပဲ။ ဘယ်နေ့များ ဒါရပ်သွားမလဲဆိုတာ ဘယ်သူမှ ပြောလို့မရပါဘူး။ အဲဒီတော့ ဒီကြားထဲမှာ ပူးပေါင်းပါ။ စည်းကမ်း ရှိနေသေးတဲ့အတွက် ကိုယ့်ဘာသာ တာဝန်ယူမယ်ဆိုတာမျိုး  ဒီအချိန်မှ မရသေးပါဘူး။ အခုလို ဂျာနယ်နှစ်စောင်ကို ရပ်ဆိုင်းလိုက်ရတာ မျိုးပာာ ရွေးချယ်စရာမရှိလို့ လုပ်ရတာပါ”ပာု စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။

“နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အနေအထားမျိုးတွေကိုတောင် မြင်နေရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ သတင်းဂျာနယ်ဆိုတာ စတုတ္တမဏ္ဍိုင် အနေနဲ့ ရပ်တည်နေရတာပါ။ ဒီကိစ္စမှာ မြန်မာနိုင်ငံရဲ့ မီဒီယာအခွင့်အရေးဆိုတာ ပျောက်ဆုံး နေပါတယ်။ အရင်အာဏာရှင်စနစ်ပောာင်းအတိုင်း ကျင့် သုံးသွားတာပါပဲ။ ငါလုပ်ချင်ရာလုပ်မယ်။ အကြောင်းပြချက်တွေ အမျိုးမျိုးပေးပြီး ပိတ်တယ်ကွာဆိုတာ ဒီမိုကရေစီ မပာုတ်ပါဘူး။ အစိုးရအဖွဲ့တွေအနေနဲ့ ဒီကိစ္စကိုသေသေချာချာ ပြန်စဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့ကတော့ အခုကိစ္စမှာ မီဒီယာဘက်က မှန်ကန်နေတဲ့အတွက် မီဒီယာဘက်ကပဲ ရပ်တည် နေမှာပါ”ပာု သတင်းဂျာနယ်တစ်ခုမှ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

The Voice Weekly ဂျာနယ်အား ယခုကဲ့သို့ပိတ်ပင်ခြင်းသည် ၆ ကြိမ်မြောက် ထုတ်ဝေခွင့်ပိတ်ပင်ခြင်းဖြစ်ပြီး လက်ရှိ ပြည်တွင်းဈေးကွက်တွင် သတင်းဂျာနယ် ၄၉ စောင်လည်ပတ်ထုတ်ဝေလျက်ရှိကြောင်း သိရသည်။

YC

****************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဝန်ကြီးနှင့်အစိုးရအဖွဲ့ဝင်များအားလုံး ပိုင်ဆိုင်စာရင်းတင်ပြရန် သမ္မတအမိန့်ထုတ်ပြန်ပြီ

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ၂၀၁၂ ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ အားလုံး၏ ရွှေ၊ ငွေ လက်ဝတ် ရတနာမှအစ ပိုင်ဆိုင်မှုစာရင်းများကို ငါးရက်အတွင်း နိုင်ငံတော်သမ္မတထံသို့ တင်ပြရန် အမိန့်ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစ်စီးပွားတည်း ဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့ရန် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၁ တွင် ပြဋ္ဌာန်းထားကြောင်း ဖော်ပြပါရှိသည်။

ယင်းဥပဒေပြဋ္ဌာန်းချက်များအရ လွှတ်တော်၏အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတမှ ခန့်အပ်ထားသော နိုင်ငံတော်သမ္မတထံသို့ ပိုင်ဆိုင်မှု စာရင်းတင်ပြရမည့် ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး(သို့)ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန် အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ နိုင်ငံတော်သမ္မတကြီး မိန့်ကြားသည့်အတိုင်း ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ပစ္စည်းများ၊ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူညီခဲ့ကြသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဆွေးနွေးခဲ့သည့် တက္ကသိုလ်ဥပဒေကြမ်းဆွေးနွေးခြင်း ရွှေ့ဆိုင်းပေးရန်အဆို အတည်ပြု

ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီမှ တင်သွင်းခဲ့ပြီး ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ပါဝင်ဆွေးနွေးခဲ့သည့် ၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း ဆွေးနွေးခြင်းအား ရွှေ့ဆိုင်းပေးရန် အဆိုကို ပထမအကြိမ်၊ ပြည်သူ့လွှတ်တော် စတုတ္တ ပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၈(င)အရ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေ ရေး အတွက် အတည်ပြုခဲ့သည်။

၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး၊ ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုနှင့် ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်တို့မှ ယင်းဥပဒေကြမ်းသည် ခေတ်စနစ်နှင့် အံဝင်ခွင်ကျမှုမရှိပါသဖြင့် ဒီမိုကရေစီစနစ်နှင့်အညီ လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပေါ်ထွန်းရေးအတွက် လိုအပ်သည့်ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းပေးပါ ရန်နှင့် ဥပဒေကြမ်းတစ်ခုလုံးကို ပြန်လည်သုံးသပ် ဆွေးနွေးသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက Pricate Schoolများကို ၂၀၁၂ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကိုယ်ပိုင်တက္ကသိုလ် ဥပဒေမူကြမ်းကို ပြည်ထောက်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ယင်း ဥပဒေမူကြမ်းကို လွှတ်တော်သို့ ပေးပို့အတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် Private University အစပြုနိုင်ရန် စီမံချက်ထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသကဲ့သို့ အလှမ်းမဝေး တော့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းအဆိုအား သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွှန့်က “၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း” ဆွေးနွေးခြင်းအား ရွှေ့ဆိုင်းပေးရန် အဆိုတင်သွင်းမှုအပေါ် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။

ဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ ဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပြီး ဥပဒေကြမ်း ကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် စိတ်ဝင်စားသည့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းရေးဆွဲကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရန်နှင့် တင်ပြချက်များအပေါ် မူတည်၍ လွှတ်တော်၏ဆန္ဒရယူကာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲအချိုးကျစနစ်အား ၈၈ မျိုးဆက်များ ထောက်ခံသော်လည်း ရခိုင်ပါတီကန့်ကွက်

ဒီမိတ်(၁၀)ပါတီမှ ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့သည့် ရွေးကောက်ပွဲ အချိုးကျကိုယ်စားလှယ်(PR) စနစ်အား ၈၈ မျိုးဆက် ကျောင်းသား များက ထောက်ခံခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် သင့်လျော်မှု မရှိသည့်အတွက် ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီက ကန့်ကွက်ကြောင်း ကြေညာစာကို ဇူလိုင် ၂၇ ရက်နေ့တွင် အသီးသီး ထုတ်ပြန် ကြေညာခဲ့သည်။

ရွေးကောက်ပွဲစနစ် ပြုပြင်ရေး အချိုးကျကိုယ်စားလှယ်(PR)သည် လူများစု၏ သဘောထား၊ လူနည်းစု၏ သဘောထားကို လေးစား တန်ဖိုး ထားသကဲ့သို့ ယင်းစနစ်အရ မဲဆန္ဒရှင်များ၏ ကွဲပြားခြားနားသော သဘောထားများကို လွှတ်တော်၌ ထင်ပာပ်နိုင်ခြင်း၊ မဲများ အလပာဿ အကျိုးမဲ့ ဖြစ်မှု နည်းပါးသွားသည့်အတွက် ရွေးကောက်ပွဲတွင် ပြည်သူလူထုပါဝင်မှု တိုးတက်လာနိုင်ခြင်း၊ ပါတီငယ်များ၊ တိုင်းရင်းသားပါတီများ၊ ပုဂ္ဂလိက ကိုယ်စား လှယ်လောင်းများအတွက် မျှတသည့် ကိုယ်စားပြုခွင့်ရရှိခြင်းနှင့် ရွေးကောက်ခံ အာဏာရှင်စနစ် ပေါ်ပေါက်မှုကို ပာန့်တားနိုင်သည့်အတွက်တို့ကြောင့် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးက ဆိုသည်။

ထိုသို့ ၈၈ မျိုးဆက်ကျောင်းသားများမှ ရွေးကောက်ပွဲစနစ်ပြုပြင်ရေး အချိုးကျကိုယ်စားလှယ်(PR)စနစ်အား ထောက်ခံကြောင်း သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအနေနှင့်မူ ယင်းစနစ်သည် ရခိုင်ပြည်နယ်နှင့် သင့်လျော်မှုမရှိကြောင်း၊ PR စနစ်ကျင့်သုံးခြင်းအားဖြင့် ပြည်တွင်း၌ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသည့် တရားမဝင် ဝင်ရောက်နေထိုင်သူများကို အထူး အခွင့်အရေးပေးသကဲ့သို့ ဖြစ်သွားမည့်အတွက်ကြောင့်ဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်ကို ပြည်သူများကောင်းစွာနားလည်ပြီး လက်ခံနိုင်အောင် ပြုလုပ်ပြီးမှ သင့်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲစနစ်ပြုပြင်ရေး အချိုးကျကိုယ်စားလှယ်(PR)စနစ်အား ဆွေးနွေးရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဒီမိတ်ပါတီ (၁၀)ခုတို့မှ ဇူလိုင် ၂၇ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

ညီနောင်တိုင်းရင်းသားပါတီများ နိုင်ငံရေးတတိယအင်အားစု ဖြစ်လာနိုင်စေရန် အခြားပါတီများနှင့်ပါ စုစည်းသွားမည်

မြန်မာနိုင်ငံ၏ မျက်မှောက်နိုင်ငံရေးကဏ္ဍတွင် တောင့်တင်းခိုင်မာသော နိုင်ငံရေးတတိယအင်အားစုကြီး ဖြစ်လာ နိုင်စေရန် ညီနောင်တိုင်းရင်း သားပါတီများအနေဖြင့် အခြားတိုင်းရင်းသားပါတီမပာုတ်သည့် နိုင်ငံရေးပါတီများနှင့်ပါ စုစည်းဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာ့နိုင်ငံရေးလောကမှာ ညီနောင်တိုင်းရင်းသား ပါတီတွေအနေနဲ့ တခြားပါတီတွေနဲ့ပါ ဖိတ်ခေါ် စုစည်းပူးပေါင်းပြီးတော့ တောင့်တင်းတဲ့ နိုင်ငံရေး တတိယအင်အားစု ဖြစ်လာနိုင်အောင် ဆောင်ရွက်သွားမှာပါ။ အခုလက်ရှိမှာလည်း ညီနောင်တိုင်းရင်းသား ပါတီတွေကို နိုင်ငံရေးပါတီ လေးခုက လေ့လာမှုတွေ လုပ်နေပါတယ်။ ဒီပါတီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြော ကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေးလောကတွင် ဦးဆောင်မှုများ ပြုလုပ်လျက်ရှိသည့် နိုင်ငံရေးပါတီများမှာ ၂၀၁၀ အငြင်းပွားဖွယ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အနိုင် အများဆုံးရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ တို့ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေက ပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ အင်န်အယ်လ်ဒီဘက်ကရော ဘယ်လက်မှမလိုက်ဘဲ တိုင်းရင်းသား တွေဘက်က မှန်မှန်ကန်ကန်ရပ်တည်ပြီး အင်အားစုကြီးတစ်ခု ဖြစ်လာမယ့် ရွေးကောက်ပွဲတွေမှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေပါတယ်။ မကြာမီ တိုင်းရင်း သား လေးပါတီနဲ့လဲ လက်တွဲသွားဖို့ ရှိပါတယ်”ပာု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ပြောကြား ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗပိာုအလုပ်အမှုဆောင် ဦးစောသန်းမြင့်က “တိုင်းရင်းသားပါတီ လေးခု ကလည်း ဝင်ရောက်ဖို့လျှောက်ထားပါတယ်။ ကျွန်တော်တို့ကတော့ အစည်းအဝေးတွေမှာ လေ့လာသူအဖြစ်နဲ့ သုံးကြိမ်လောက်တက်ပြီးမှ ပါတီရဲ့ ဗပိာု အလုပ်မှုဆောင်အဖွဲ့တွေရဲ့ ဆုံးဖြတ်ချက်နဲ့ သေချာပြီဆိုရင် လက်ခံသွားပါမယ်။ ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားပါတီများပာာ နိုင်ငံရေးမှာ ပြည်ခိုင် ဖြိုးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေ စုစည်းထားတဲ့ NDF ပာာ တတိယအင်အားအကြီးဆုံး ဖြစ်လာဖို့ ရည်ရွယ်ပါတယ်”ပာု ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ညီနောင်တိုင်းရင်းသား ပါတီခြောက်ခုမှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနှင့် ကယန်း အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ပြီး တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အင်းအမျိုးသား ဖွံ့ ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီနှင့် အလျှိုချင်း အမျိုးသား ပါတီတို့မှ ညီနောင်တိုင်းရင်ားးပါတီများသို့ ဝင်ရောက်နိုင်ရန် လေ့လာလျက်ရှိကြောင်း သိရသည်။

Ref:ရန်ကုန်တိုင်းမ်

****************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့အနေနဲ့ လူယ်တွေ ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ၊ ပညာရေးအဆင့်အတန်း နိမ့်ပါးမှုတွေ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုတွေကို ဆွေးနွေးပြီး အလွှာပေါင်းစုံက လူငယ်တွေအတွက် ဒီတောင်းဆိုချက်တွေ တောင်းဆိုတာပါ။ ဒီတောင်းဆိုချက်တွေကို ကျွန်တော်တို့ အဖွဲ့အနေနဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပြီး တောင်းဆိုမယ်။ တွေ့ဖို့လည်း စီစဉ်ထားတယ်။ အဲဒီကနေတဆင့် သမ္မတကြီးထံ အဓိကတောင်းဆို တင်ပြသွားမှာပါ။ တကယ်လို့ အခက်အခဲတွေ ရှိမယ်ဆိုရင် ကျွန်တော်တို့ လူငယ်ထုတွေက လူငယ်တွေ လက်မှတ်ထိုး တင်ပြသွားမှာပါ”

သြဂုတ် (၁)ရက်နေ့ထုတ် အင်ပါယာဂျာနယ် အတွဲ(၁)အမှတ်(၂၀) တွင်ပါရှိသည့် “မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် တောင်းဆိုချက် ၇ချက်ကို တောင်းဆိုမည်”သတင်းမှ မြန်မာနိုင်ငံ လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကိုထက်ပိုင်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရ အဖွဲ့နဲ့ပြည်သူ လူထုအကြား ပွင်းလင်းမြင်သာမှု ရှိခြင်း၊ တာဝန်ခံမှုရှိခြင်း တို့ကြောင့် ယုံကြည်မှုရှိလာမှာ ဖြစ်ပါတယ်။ ယုံကြည်မှု ရှိလာသည်နှင့် အမျှ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းများမှာ ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်မှု ရှိလာမှာ ဖြစ်ပါတယ်။ အစိုးရတစ်ရပ်ဟာ ပြည်သူများရဲ့ ယုံကြည်မှုနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုအပေါ် မူတည်နေပါတယ်”

သြဂုတ် ၁ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃)အမှတ်(၁၀၅)တွင်ပါရှိသည့် “အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု စာရင်းများ မှတ်တမ်းတင်ထား ရှိရေး အဆိုပြည်သူ့လွှတ်တော်၌ ဆွေးနွေးမည်” သတင်းမှ ဦးဝင်မြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့နိုင်ငံမှာမရှိဘူး။နိုင်ငံမှာ မှီတင်းနေတဲ့သူ အားလုံးအတွက်ပဲ သန်းခေါင်စာရင်းကောက်မှာ၊ ဘာပြဿနာမှ မရှိဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေ အတွက်လည်း ၈၂ခုနှစ်(လဝက)ဥပဒေအရ ဖြစ်သင့်တဲ့အချိန်မှာ နိုင်ငံသားဖြစ်သွားမှာပဲ။ကျွန်တော်တို့က ပြင်ပလူကိုသာ ထည့် မစဉ်းစားတာ။ဒီထဲမှာ ရှိတဲ့သူတွေကိုတော့ အားလုံးဥပဒေနဲ့ အညီ ဖြစ်ရမှာပါ”

သြဂုတ် ၁ရက်နေ့ထုတ် Popular News ဂျာနယ် အတွဲ(၄)အမှတ်(၃၀)တွင်ပါရှိသည့်“၂၀၁၄ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူ ရာတွင် ရိုဟင်ဂျာ ပါမည်မဟုတ်” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃၁.၇.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. အမေရိကန် Sanctions များက မြန်မာ့အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမှုကိုတားဆီးနေ

(Just Style News မှ 30 July 2012 ရက်စွဲပါ “Burma: US sanctions prevent garment industry growth”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ရခိုင်ပြည်နယ်တွင်း အခြေအနေများ အကဲဖြတ်ရန် ကုလလူ့အခွင့်အရေးသံတမန်လာရောက်မည်

(Bernama သတင်းဌာနမှ 30 July 2012 ရက်စွဲပါ UN Human Rights Envoy Visits Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မွတ်စလင်များအားနှိမ်နင်းနေကြောင်းစွပ်စွဲမှုများကို မြန်မာအစိုးရပယ်ချ

(Gulf Times မှ 31 July 2012ရက်စွဲပါ “Myanmar government rejects concerns on crackdown” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************************

ဘာသာပြန်သတင်းများ

အမေရိကန် Sanctions များက မြန်မာ့အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးမှုကိုတားဆီးနေ

(Just Style News မှ 30 July 2012 ရက်စွဲပါ “Burma: US sanctions prevent garment industry growth”သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု၏ မြန်မာထွက်ကုန် တင်သွင်းမှုတားမြစ်ချက်သည် အဂတိလိုက်စားသော မြန်မာရေပေါ်ဆီအလွှာ၏ အကျိုးစီးပွားများကို ရည်မှန်းသင့်သလိုထိခိုက်စေခြင်းမရှိဘဲ အထည်ချုပ်စီးပွားရေးလုပ်ငန်း၏ အလုပ်အကိုင်၊ အခွင့်အလမ်းကြီးထွားမှုကို ပာန့်တားနေကြောင်း international Crisis Group က အစီရင်ခံစာ ထုတ်ပြန်သည်။

၂၀၀၃ ခုနှစ်နောက်ပိုင်း ချမှတ်ထားသော အဆိုပါသွင်းကုန်တားမြစ်ချက်ဥပဒေသည် မြန်မာကုန်ထုတ်စီးပွားရေးနယ်ပယ်၏ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ကြီးထွားလာရေးကို ပာန့်တားခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်တည်ဆောက်မှုအပေါ် ပြင်းထန်သောဆိုးကျိုး သက်ရောက်စေနိုင်သည်ပာု ICG ဉာဏ်ကြီးရှင်အုပ်စုက သတိပေးပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၀၃ ခုနှစ်က ချမှတ်ထားသော ယင်းစည်းကမ်းကို မြန်မာနိုင်ငံလွတ်လပ်ခွင့်နှင့် ဒီမိုကရေစီအက်ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရအား နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်လုပ်ဆောင်အောင် ဖိအားပေးရန်အတွက် တစ်နှစ်ချင်း သက်တမ်းတိုးလျက်ရှိသည်။

မည်သို့ပင်ဖြစ်စေ၊ ပြီးခဲ့သောအပတ်ကမူ အာဖရိကဖွံ့ဖြိုးရေးနှင့် အခွင့်အလမ်းအက်ဥပဒေနှင့်တစ်ဆက်တည်းဖြစ်နေသော မြန်မာသွင်းကုန် တားမြစ်ချက်ဥပဒေကို လာမည့်လ သက်တမ်းမကုန်မီထပ်မံသက်တမ်းတိုးရန် အမေရိကန်အထက်လွှတ်တော်က မလုပ်ဆောင်နိုင်ခဲ့ပါ။

သို့သော် ၁၅ နှစ်ခန့်လက်ရှောင်ထားခဲ့သောမြန်မာနိုင်ငံတွင် အမေရိကန်ကုမ္ပဏီများ ပထမဆုံးအကြိမ် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခွင့်ပေးရန်အတွက် ယခင်မြန်မာတပ်မတော်အစိုးရအပေါ်အရေးယူ ဒဏ်ခတ်ထားသော ငွေကြေးနှင့်ရင်းနှီးမြှုပ်နှံမှု Sanctions အချို့ကို အိုဘားမားအစိုးရက ဖြေလျော့ပေးလိုက်ပြီဖြစ်သည်။

မြန်မာထွက်ကုန်တင်သွင်းမှုကို မတားမြစ်မီအချိန်က အမေရိကန်ပြည်ထောင်စုသို့ အများဆုံးကုန်ပစ္စည်းတင်ပို့သည့်ကဏ္ဍမှာ အထည်ချုပ်လုပ်ငန်းဖြစ်ပြီး၊ လူပေါင်းများစွာကို အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့သည်ပာု ICG အစီရင်ခံစာက ဆိုသည်။

အဆိုပါဥပဒေသည် ရေနံ၊ ဓာတ်ငွေ့ကြွယ်ဝသော မြန်မာနိုင်ငံဖြစ်စီပွားရေးကို အငြင်းပွားစရာ သယံဇာတအဆီထုတ် ရောင်းစားသည့် ပုံစံဖြစ်အောင် စက်အူတင်းပေးသလိုဖြစ်နေပြီပာု ICG က ဆက်လက်ထောက်ပြရေးသားထားသည်။

“ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ရဲ့ အခုလိုအဆင့်မျိုးမှာ အမေရိကန်ပြည်ထောင်စုရဲ့သွင်းကုန်တားမြစ်မှုပာာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမိုကရေစီဖြစ်စဉ်ကို ဘယ်နည်းနဲ့မဆို အထောက်အကူပြုရဲ့လားဆိုတာကို မြင်တွေ့ရဖို့ ခက်ခဲပါတယ်”ပာု အစီရင်ခံစာတွင် တင်ပြထားသည်။

                                                            *****************************************

ရခိုင်ပြည်နယ်တွင်း အခြေအနေများ အကဲဖြတ်ရန် ကုလလူ့အခွင့်အရေးသံတမန်လာရောက်မည်

(Bernama သတင်းဌာနမှ 30 July 2012 ရက်စွဲပါ UN Human Rights Envoy Visits Myanmar ကိုဘာသာပြန်ဆိုသည်)

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာအထူးသံတမန် သောမတ်စ်ကန်တားနားသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အခြေအနေများကို အကဲဖြတ်လေ့လာရန် ဇူလိုင်လ ၃၀ ရက်(တနင်္လာနေ့)တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

မစ္စတာ ကန်တားနားသည် ၎င်း၏ ခြောက်ရက်တာ မြန်မာပြည်ခရီးစဉ်အတွင်း လူစုဖွဲ့ဆူပူအုံကြွမှုများနှင့် အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်းတောမြို့များသို့ သွားရောက်မည်ဟု ဆိုသည်။ ထို့ပြင် ၎င်းသည် ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းများနှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဟု ဆင်ဟွာသတင်းဌာနက ရေးသားသည်။

သတင်းရင်းမြစ်များအဆိုအရ မစ္စတာကန်တားနားအနေဖြင့် မြန်မာအစိုးရ အရာရှိများ၊ ဥပဒေရေးရာအရာရှိများ၊ သမ္မတဦးသိန်းစိန်၏ အကြံပေး ပုဂ္ဂိုလ်များအပါအဝင်  ဗဟိုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ လူ့အခွင့်အရေးကော်မရှင် အစရှိသည်တို့နှင့်လည်း တွေ့ဆုံမည်ဟုသိရသည်။ မစ္စတာကန်တာနားသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ်လာရောက်ခဲ့ပြီး ထိုစဉ်က တိုင်းပြည်တွင် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုများကို တွေ့ရှိရကြောင်း၊ သို့သော် ရင်ဆိုင်ဖြေရှင်းရမည့် စိန်ခေါ်မှုများစွာလည်း ရှိနေသေးကြောင်း ပြောဆိုခဲ့သည်။

                                                        *******************************************

မွတ်စလင်များအားနှိမ်နင်းနေကြောင်းစွပ်စွဲမှုများကို မြန်မာအစိုးရပယ်ချ

(Gulf Times မှ 31 July 2012ရက်စွဲပါ “Myanmar government rejects concerns on crackdown” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအနောက်ပိုင်း၌ နှိမ်နင်းဖြိုခွင်းမှုအပေါ်စိုးရိမ်ကြောင်း ကုလသမဂ္ဂကထုတ်ဖော်ခဲ့ပြီးနောက်တွင် မြန်မာအာဏာပိုင်များက ယင်းစွပ်စွဲမှုကို ပယ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်အား မနေ့က ပြောကြားလိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တိုးမားစ်အိုဂျာကင်တာနာတက်ရောက်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက “မိမိတို့အစိုးရသည် ရခိင်ပြည်နယ်မှ အဓိကရုဏ်းကို အဆုံးသတ်ရာတွင် အမြင့်ဆုံးအဆင့် သည်းခံစိတ်ရှည်မှုကို ကျင့်သုံးခဲ့သည်”ဟု ရှင်းလင်းပြောဆိုသည်။

“ရခိုင်ပြည်နယ်ကအနေထားကို ကိုင်တွယ်ရာမှာ အာဏာပိုင်တွေက အလွန်အကျွံအင်အားသုံး အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ တစ်ချို့အုပ်စုတွေရဲ့စွပ်စွဲချက်တွေကို မြန်မာနိုင်က ပြင်းပြင်းထန်ထန်ကန့်ကွက်ပယ်ချပါတယ်”ဟု ၎င်းကဆိုသည်။

“ဒီကိစ္စကို ဘာသာရေးပြဿနာတစ်ခုဖြစ်အောင် ပုံကြီးချဲ့နေတဲ့အုပ်စုတွေရဲ့ ကြိုးပမ်းမှုမှန်သမျှကို မြန်မာနိုင်ငံက လုံးဝပယ်ချပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ရခိုင်ဗုဒ္ဓဘာသာနှင့် မူစလင်အသိုင်းအဝိုင်းတို့အကြား ဖြစ်ပွားသောပဋိပက္ခကြောင့် လူပေါင်းဒါဇင်ချီသေဆုံးခဲ့ရသော ရခိုင်ပြည်နယ်သို့ ယနေ့သွားရောက်ရန် စီစဉ်ထားသည်ဟု ကင်တာနာက သတင်းထောက်များအား ပြောကြားသည်။

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများအား လုံခြုံရေးတပ်ဖွဲ့များက ပစ်မှတ်ထားနေခြင်းကိုစိုးရိမ်မိကြောင်း ကုလသမဂ္ဂက ထုတ်ဖော်ပြောကြားပြီးနောက် ရက်ပိုင်းအတွင်း မစ္စတာကင်တာနာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုလအစောပိုင်းတွင် Amnesty International အဖွဲ့က “မြန်မာနိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် လုံခြုံရေးတပ်များက မုဒိန်းမှု၊ ဥပဒေမဲ့သတ်ဖြတ်မှုများ ပြုလုပ်နေကြောင်း ယုံကြည်စိတ်ချရသည့်သတင်းများ ရရှိထားသည်”ဟု သတိပေးပြောဆိုခဲ့သည်။

ထို့ပြင်ကယ်ဆယ်ရေးဝန်ထမ်း ၁၀ ဦး(UNHCR ဝန်ထမ်း ၆ ဦးနှင့် MSF ဝန်ထမ်း ၄ ဦး)တို့ကို အဓိကရုဏ်းနှင့် ပတ်သက်ဆက်စပ်မှုဖြင့် မြန်မာအာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရှိရသည်။

ယခုလအစောပိုင်းတွင် သမ္မတဦးသိန်းစိန်က ရိုဟင်ဂျာဒုက္ခသည်များအတွက် တစ်ခုတည်းသောဖြေရှင်းနည်းမှာ ဒုက္ခသည် စခန်းများ(သို့မဟုတ်)လက်ခံနိုင်မည့် တတိယနိုင်ငံများသို့ ပို့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

မနေ့ကသတင်စာရှင်းလင်းပွဲတွင်  လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဌေးက “မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ် ၁၃၀ ကျော်ထဲမှာ ရိုဟင်ဂျာ မွတ်စလင်တွေ မပါဝင်ပါဘူး”ဟု အခိုင်အမာပြောဆိုခဲ့သည်။

“ရခိုင်ပြည်နယ် အဓိကရုဏ်းမှာ ကုလဝန်ထမ်း ၃ ဦးပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထားကို တွေ့ရှိထားပါတယ်”ပာုလည်း နယ်စပ်ရေးရာဝန်ကြီးဦးသိန်းဌေးက ပထမဆုံးတရားဝင် ရှင်းလင်းပြောကြားခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive