Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၎.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. တရုတ်နိုင်ငံ၏ စည်းကမ်းတင်းကြပ်မှုများကြောင့် မြန်မာလုပ်သားများ အခက်တွေ့
  2. မြစ်ဆုံနယ်နိမိတ်အတွင်း စက်ရုံနှစ်ခုတည်ဆောက်ရန် CPI ခွင့်ပြုချက်တောင်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်သူ့လွှတ်တော်၌ အမည်နာမနှင့် ပါတီအမည်များ သုံးစွဲခြင်းမပြုလုပ်ရန် သတိပေးခံရ
  2. လယ်မြေသိမ်းမှု ၈၈ မျိုးဆက်ကျောင်းသားနှင့် တောင်သူများအရေးဆောင်ရွက်သူများ သဘောထားထုတ်ပြန်

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

တရုတ်နိုင်ငံ၏ စည်းကမ်းတင်းကြပ်မှုများကြောင့် မြန်မာလုပ်သားများ အခက်တွေ့

တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမာများအနေဖြင့် ယခုနောက်ပိုင်း တရုတ်နိုင်ငံ၏ စည်းကမ်းတင်း ကြပ်မှုများနှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒသစ်များကြောင့် အခက်အခဲများ တွေ့ကြုံရလျက်ရှိကြောင်း တရုတ်နိုင်ငံရောက် မြန်မာလူငယ်တစ်ဦးက ပြောကြားသည်။

“အခုနောက်ပိုင်းမှာ တရုတ်နိုင်ငံက စည်းကမ်းသတ်မှတ်ချက်အသစ်တွေကိုလည်း လုပ်လိုက်ပါတယ်။ ပြီးတော့ လူဝင်မှုကြီးကြပ်ရေးရဲ့ မူဝါဒ သစ်တွေကြောင့် မြန်မာလုပ်သားတွေ တော်တော်ကို အခက်အခဲဖြစ်နေပါတယ်။ ဒီရက်ပိုင်းအတွင်းမှာကို မြန်မာလုပ်သားတွေကို တရုတ်အာဏာပိုင် ဖမ်းဆီးမှုတွေက တော်တော်ကိုများနေတယ်။ တရားဝင်သွားတဲ့သူတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ဖမ်းတယ်။ တရားမဝင်သွားတဲ့သူတွေကတော့ ပိုဆိုးတာပေါ့”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံရောက် မြန်မာလုပ်သားများမှာ တရုတ်အာဏာပိုင်ရဲတပ်ဖွဲ့၏ အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးမှုများခံရသကဲ့သို့ လုပ်ခလစာ အပြည့်အဝ မရရှိမှုများနှင့် ပွဲစားများ၏ နှိပ်စက်မှုဒဏ်များကိုလည်း ခံစားနေရသည့်အတွက် အချို့မြန်မာလုပ်သားများမှာ မိခင်နိုင်ငံသို့ ပြန်လာနိုင်ရန် ကြိုးစားနေပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာလုပ်သားများအနေဖြင့် မိမိသွားရောက်လုပ်ကိုင်သည့် နိုင်ငံ၏ အလုပ်သမားဥပဒေကို သိရှိနားလည်ထားရန်လိုအပ်ပြီး ယင်းဥပဒေများ သိရှိမှုအားနည်းပါက ပြည်ပနိုင်ငံများမှ အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံစားရမည်ဖြစ်ကြောင်း ရှေ့နေတစ်ဦးက ပြောကြားသည်။

“ကိုယ့်နိုင်ငံကနေ သူများနိုင်ငံကို သွားအလုပ်လုပ်တော့မယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် သူတို့နိုင်ငံရဲ့ အလုပ်သမားဥပဒေတွေကို သိထားဖို့ လိုအပ်ပါတယ်။ အဓိကတော့ အခြေခံအလုပ်သမားအခွင့်အရေး ဥပဒေတွေ၊ လုပ်ငန်းခွင်တွင်း မတော်တဆထိခိုက်မှုတွေနဲ့ ရောဂါရတာတွေ၊ သေဆုံး တာတွေအတွက် နစ်နာကြေး၊ လျော်ကြေးတွေရရှိနိုင်ဖို့အတွက် သူတို့နိုင်ငံရဲ့ ဥပဒေတွေကို သိထားဖို့ လိုအပ်ပါတယ်”ပာု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့ကြောင့် မြန်မာလုပ်သားများ အများဆုံးသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံရှိ မြန်မာလုပ်သားများ၏ စွမ်းဆောင်ရည်များ မြှင့်တင်နိုင်ရန်နှင့် ၎င်းတို့ခံစားရလျက်ရှိသော အခက်အခဲများ ပြေလျော့နိုင်စေရန် မြန်မာအလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြစ်ဆုံနယ်နိမိတ်အတွင်း စက်ရုံနှစ်ခုတည်ဆောက်ရန် CPI ခွင့်ပြုချက်တောင်း

မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ကြိုးပမ်းခဲ့သည့် CPI ကုမ္ပဏီမှ ယခုအခါ ယင်းစီမံကိန်းနယ်နိမိတ်အတွင်း သစ်တောထွက်ပစ္စည်းများအား အသုံးပြု၍ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် စက်ရုံနှစ်ခုတည်ဆောက်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်ထံ ခွင့်ပြုချက်တောင်းခံခဲ့ကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိချက်အရ သိရသည်။

ယခုကဲ့သို့ CPI ကုမ္ပဏီမှ စက်ရုံတည်ဆောက်ရန် ခွင့်ပြုချက်တောင်းခံရခြင်းမှာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်သည့်အတွက် စီမံကိန်း ဧရိယာ နယ်နိမိတ်အတွင်းနေထိုင်သော ဒေသခံများ၏ စီးပွားရေးအခြေအနေ နိမ့်ကျမှုများနှင့် အလုပ်လက်မဲ့မှုများ ဖြစ်ပေါ်လာသည့်အတွက် မြစ်ဆုံစီမံကိန်း ဧရိယာအတွင်း ဒေသခံများအား တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိနိုင်စေရန် CPI ကုမ္ပဏီမှ ဝါးတူထုတ်လုပ်သည့် စက်ရုံတစ်ရုံနှင့် ပရိဘောဂပစ္စည်း ထုတ်လုပ် မည့် စက်ရုံတစ်ရုံတို့ကို တည်ဆောက်၍ ဒေသခံများအား အလုပ်ခန့်အပ်သွားနိုင်ရန်အတွက်ကြောင့်ဖြစ်ကြောင်း သိရသည်။

“စီမံကိန်းရပ်လိုက်ရတဲ့အတွက် ဒီစီမံကိန်းအပေါ်မှာ အမှီပြုပြီး ဈေးရောင်းစီးပွားရှာနေတဲ့ ဒေသခံတွေအနေနဲ့ ဝင်ငွေရရှိမှု လျော့ကျသွားတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလူတွေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် စဉ်းစားတဲ့အခါမှာ ကချင်ပြည်နယ်က သစ်ဝါးပေါများတာ တွေ့ရတဲ့အတွက် စီမံကိန်း ဧရိယာ ထဲမှာ ဝါးတူစက်ရုံနဲ့ ပရိဘောဂတွင် တည်ဆောက်ပြီး ဒေသခံတွေကို အလုပ်ပေးဖို့ စီစဉ်ထားတယ်။ စက်ရုံတွေကထွက်လာတဲ့ ကုန်ပစ္စည်းတွေကိုတော့ တရုတ်နိုင်ငံကို တင်ပို့ရောင်းချသွားမယ်”ပာု CPI ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ် တွင် ဖော်ပြပါရှိသည်။

“အခု ပြည်နယ်ဝန်ကြီးချုပ်ထံသို့ CPI ကစက်ရုံတည်ဆောက်ဖို့ခွင့်ပြုချက်တောင်းပါတယ်။ ဒီကိစ္စပာာ သွေးရိုးသားရိုးတော့ မဖြစ်နိုင်ပါဘူး။ သူတို့ တွေက တခုမပာုတ်တစ်ခု မြန်မာနိုင်ငံထဲက ထွက်မယ့်အကျိုးအမြတ်တွေကို လိုချင်တာပါ။ လုံးဝကိုမပေးသင့်ပါဘူး။ ခုဆို ဒေသခံတွေလည်း တော်တော် ကို စိုးရိမ်နေကြပါတယ်။ ဘယ်တော့မြစ်ဆုံပြန်စမှာလဲ။ ဘယ်တော့ မြစ်ဆုံစီမံကိန်း ပြန်စမှာလဲဆိုပြီးတော့။ မြန်မာပြည်သူတွေရဲ့သဘောထားကတော့ မြစ်ဆုံစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းလိုက်တာကိုပါပဲ”ပာု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီးမှသာ တည်ဆောက်ခွင့်ရရှိမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

Ref:Popolay New

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်သူ့လွှတ်တော်၌ အမည်နာမနှင့် ပါတီအမည်များ သုံးစွဲခြင်းမပြုလုပ်ရန် သတိပေးခံရ

၂၀၁၂ သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ လွှတ်တော်၌ အမည်နာမနှင့် ပါတီအမည်များ သုံးစွဲခြင်းမပြုလုပ်ရန် ပြောဆိုသူများအား လွှတ်တော်မှ တစ်ဆင့် သတိပေးကြောင်း ပြောကြားခဲ့သည်။

“ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတင်ပြတဲ့အခါမှာ ပြည်သူလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်နေကြရတာ ဖြစ်ပါ တယ်။ ဒါပေမယ့် တစ်ချို့ကိုယ်စားလှယ်တွေပာာ စည်းကမ်းလိုက်နာမှုမရှိဘဲ ပြောဆိုဆွေးနွေးမှုတွေပာာ ဥပဒေချိုးဖောက်ရာ ကျနေပါတယ်။ ဒါကြောင့် သိလျက်နဲ့ဖြစ်စေ၊ မသိ၍ဖြစ်စေ မလိုအားအပ်တဲ့ အမည်နာမတွေ၊ ပါတီအမည်ကို သုံးစွဲခြင်းမပြုလုပ်ဖို့ ပြောဆိုသူတွေကို လွှတ်တော်ကတစ်ဆင့် သတိပေးလိုက်ပါတယ်”ပာု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်အစည်းအဝေး (၁၄)ရက်မြောက်နေ့တွင်လည်း ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန် မြတ်တင်သွင်းသော “တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ပေးရန်၊ ပြဋ္ဌာန်းပေးရန်”အဆိုနှင့် မပာာအောင်မြေမဲဆန္ဒနယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီပာတို့၏ ဆွေးနွေးမှုများတွင် ပုဂ္ဂိုလ်ရေးချစ်ခင်နှစ်သက်မှုများ ပါဝင်နေသည်ပာုဆိုကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၃၀၊ အပိုဒ်ခွဲ(င)အရ ပုဂ္ဂိုလ်တစ်ဦး၏ အပြုအမူနှင့်စပ်လျဉ်း၍ ဖော်ပြချက်များမပါရှိစေရန်နှင့် အပိုဒ်ခွဲ(စ)အရ ဆွေးနွေးရာတွင် လွှတ်တော်၏ ဆွေးနွေးမှုအဆိုဖြင့်သာ ထောက်ခံဆွေးနွေးရန် သတိပေးပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ နေပြည်တော် ဥတ္တရသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးမင်းသူက ယခုကဲ့သို့ သတိပေးမှုများပြုလုပ်နေသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခြင်း မရှိကြောင်း ထည့်သွင်းပြောကြားမှုအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းက ကန့်ကွက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လယ်မြေသိမ်းမှု ၈၈ မျိုးဆက်ကျောင်းသားနှင့် တောင်သူများအရေးဆောင်ရွက်သူများ သဘောထားထုတ်ပြန်

ပြည်တွင်းရှိ တောင်သူများ၏ လယ်ယာမြေများသိမ်းဆည်းခံရမှုအပေါ် လွှတ်တော်မှ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းမှုအပေါ် ၈၈ မျိုးဆက် ကျောင်းသားများနှင့် တောင်သူအရေး ဆောင်ရွက်နေသူများက သြဂုတ် ၁ ရက်နေ့တွင် အချက်ငါးချက်ပါဝင်သော သဘောထားကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်များတွင် တောင်သူများ၏ လယ်မြေသိမ်းဆည်းခံရမှုများအား စုံစမ်းလေ့လာဖော်ထုတ်၍ တောင်သူများ နစ်နာမှုမရှိစေရေး ဆောင်ရွက်ရန်၊ တောင်သူများ၏အရေး တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးရန် လွှတ်တော်မှ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းမှုအပေါ် မိမိတို့မှ လက်ခံ ကြိုဆိုပါကြောင်း၊ လွှတ်တော်မှ ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို လက်တွေ့ကာ ကွယ် ဖော်ထုတ်နိုင်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ ယုံကြည်ကိုးစားမှုရရှိစေရေး ဆောင်ရွက်ရန်၊ ဥပဒေပြုလွှတ်တော်၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာ သည်နှင့်အမျှ ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီရန် တာဝန်ရှိသည့်အတွက် ယင်းကော်မရှင်၏ တာဝန်ဝတ္တရားနှင့် စွမ်းဆောင်မှုများကို မပြတ်စောင့် ကြည့်၍ သဘောထားထုတ်ပြန်ရန်၊ အစီရင်ခံရန်၊ တိုက်တွန်းအဆိုပြုရန်နှင့် လိုအပ်သလို ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စုံစမ်းကော်မရှင်အား မပြတ်စောင့်ကြည့် လေ့လာသုံးသပ်မည့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကာ ကော်မရှင်၏ ဆောင်ရွက်မှုများပိုမိုလာနိုင်စေရန် ကူညီသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင်  အလုပ်သမားလုပ်ခပြဿနာနှင့် တောင်သူများ၏ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာများကြောင့် မေလနှင့် ဇွန်လအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် အချို့မြို့နယ်များတွင် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းကိစ္စရပ်များအား ရပ်တန့်နိုင်ရန်မှာ အလုပ်သမားဥပဒေ နှင့် နည်းဥပဒေ၊ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများ အားကောင်းရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တစညပါတီမှ တောင်သူအရေး ဆောင် ရွက်နေသူတစ်ဦးက ပြောကြားသည်။

“လက်ရှိထုတ်ပြန်ထားတဲ့ လယ်ယာမြေဥပဒေနဲ့ အလုပ်သမးဥပဒေတွေပာာ လယ်သမားများ၊ အလုပ်သမားများတွေရဲ့ အကျိုးစီးပွားကို ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်မှုတွေက အားနည်းနေပါတယ်။ ဒါကြောင့် အလုပ်သမားနဲ့ လယ်သမားနည်းဥပဒေတွေကို အသေးစိတ်ပြန်ပြီး လေ့လာဖို့ လိုပါတယ်။ လယ်ယာမြေသိမ်းဆည်းတာနဲ့ ပတ်သက်ပြီး ကော်မရှင်တစ်ရပ်ဖွဲ့ဖို့ လိုအပ်ပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်းရှိ တောင်သူများမှာ ရာသီဥတုဖောက်ပြန်မှုဒဏ်များ၊ လယ်ယာမြေလုပ်သားရှားပါးမှုများ၊ စပါးဈေးကျဆင်း မှုများ၊ စိုက်စရိတ်ချေးငွေအပြည့်အဝ မရရှိမှုများနှင့် လယ်ယာမြေသိမ်းဆည်းခံရမှုများကြောင့် အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။

YC

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“၆၂ခုနှစ်ဥပဒေဟာ အခုအချိန်အထိရှိနေပါတယ်။ ရှိတဲ့ဥပဒေကို လိုက်နာရဦးမှာပါ။ ဘယ်အချိန်ထိ ဒီစိစစ်ရေးစနစ် ရှိနေဦးမယ်ဆိုတာ ဒီမှာက ဥပဒေ အသစ်လည်းရှိနေပါတယ်။ အမြန်ဆုံးဖြတ်ပစ်ဖို့သဘောမျိုး ရှိပါတယ်။ လတ်တလောစည်းမျဉ်း စည်းကမ်းအရ မဖြစ်နိုင်ဘူး။ ဂျာနယ်အားလုံးကို ပြောတာ မဟုတ်ပါဘူး။ ဂျာနယ်အားလုံးကို ဖောက်ဖျက်လို့၊ ဘာဖြစ်လို့ ပြောတာမဟုတ်ပါဘူး။ ဒီလိုဖြစ်သွားတယ်ဆိုတာ ရွေးချယ်စရာနည်းလမ်းမရှိလို့ ဖြစ်သွား တာပါ။ ကျွန်တော်တို့က တတ်နိုင် သလောက်အရေးယူခြင်းမခံရအောင်၊ ကျွန်တော်တို့လည်း ကျွန်တော်တို့ Process အတိုင်း ဆက်သွားလို့ရအောင် ကြိုးစားရမှာပါ”

သြဂုတ် (၃)ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ်ဂျာနယ် အမှတ် (၇၀) တွင်ပါရှိသည့် “The Voice ဂျာနယ်နှင့် Envoy ဂျာနယ်တို့အား ထုတ်ဝေခွင့် ယာယီပိတ်ထားခြင်းမှာ ညွှန်ကြားချက် ၄၄ချက်ကို ဖောက်ဖျက်မှုကြောင့်ဖြစ်ကြောင်း ဦးတင့်ဆွေ ပြောကြား” သတင်းမှ ဦးတင့်ဆွေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ဈေးကွက်စီးပွားရေးစနစ်ဆိုတာ လွတ်လွတ်လပ်လပ်ရှိရတယ်။ သူပြိုင်ကိုယ်ပြိုင် ယှဉ်ပြိုင်နိုင်ရမယ်။ အဲဒီလိုပြိုင်လိုက်တော့ ကြားထဲက စားသုံးသူတွေ အနေနဲ့ ရွေးချယ်မှုတွေ ဖြစ်လာလိမ့်မယ်။ ဥပမာ- အပျိုကလေးတစ်ယောက်ကို သူပြိုင်ကိုယ်ပြိုင် ပိုးပန်းကြတယ်။ အပျိုကလေးကို ပိုးတယ်ဆိုရင် နောက် ဆုံးမှာ အရည်အချင်းရှိတဲ့သူကရမယ်။ ဒါပေမယ့် ဝိုင်းဝန်းပိုးပန်းနေရင်းက မိဘက အတင်းပေးစားလိုက်ရင် ဘယ်သူနစ်နာမလဲ။ စဉ်းစားကြည့်ပေါ့”

သြဂုတ် ၄ရက်နေ့ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ (၁) အမှတ် (၂၁) တွင်ပါရှိသည့် “အသေးစားအလတ်စား စီးပွားရေးအနာဂတ် အစိုးရရွေးချယ်မှုပေါ် မူတည်” သတင်းမှ စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဦးမော်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ၂၀၀၃ခုနှစ်ကတည်းက ချမှတ်ခဲ့သော သွင်းကုန် ပိတ်ပင်တားဆီးမှုကို သက်တမ်းတိုးခြင်းကြောင့် အလုပ် အကိုင်များ ဖန်တီးပေးနိုင်သည့် စီးပွားရေးတိုးတက်မှုမရရှိဘဲ ပြဿနာများသည့် သဘာဝသံယံဇာတ ထုတ်လုပ်ရောင်းချရေးအပေါ် မှီခိုအားထားမှုကို ပိုမိုမြင့်မားစေနိုင်သည်။ ပြည်သူလူထု၏ မျှော်လင့်ချက်သည် အစိုးရ လုပ်ပေးနိုင်သည်ထက် မြင့်မားနေပြီး မျှော်လင့်သည့်အတိုင်း ဖြစ်မလာလျှင် (အထူး သဖြင့် ပြည်သူလူထုအပေါ် အာဏာရှင်စနစ်ဖြင့် နှစ်ရှည်လများအုပ်စိုးမှုကို တစ်ပြိုင်နက်တည်း ဖယ်ရှားလိုက်လျှင်) နိုင်ငံရေးရလဒ်များ ထွက်ပေါ်လာ ကာ မကျေနပ်ချက်များ ပေါက်ထွက်လာမည့်အန္တရာယ် ရှိသည်”

ဇူလိုင် ၃၀ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၁) အမှတ် (၂၉) တွင်ပါရှိသည့် “သွင်းကုန်ပိတ်ဆို့မှု မြန်မာဒုက္ခရောက်နိုင်ဟုဆို” သတင်းမှ မူဝါဒရေးရာ သုတေသနပညာရှင်အဖွဲ့တစ်ခုဖြစ်သော International Crisis Group ၏ သုံးသပ်ချက်အပေါ် ကောက်နှုတ်ချက်။

*****************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၃.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ကွန်ဂရက်က အာဖရိကကုန်သွယ်ရေးအစီအစဉ်နှင့် မြန်မာနိုင်ငံအပေါ်အရေးယူမှု သက်တမ်းတိုး

(2 August 2012 ရက်စွဲပါ Washington Post မှ AP၏ Congress renews African trade program,sanctions on Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မြောက်ကိုရီယားတွင် ရေလွှမ်းမိုးမှုကြောင့် စားနပ်ရိက္ခာအကူအညီအရေးတကြီးရှာဖွေဟု ကုလပြော

(3 Augest 2012 ရက်စွဲပါ BBC News မှ UN: North Korea seeks immediate food aid after floods ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ကွန်ဂရက်က အာဖရိကကုန်သွယ်ရေးအစီအစဉ်နှင့် မြန်မာနိုင်ငံအပေါ်အရေးယူမှု သက်တမ်းတိုး

(2 August 2012 ရက်စွဲပါ Washington Post မှ AP၏ Congress renews African trade program,sanctions on Myanmar ကိုဘာသာပြန်ဆိုသည်)

ကွန်ဂရက်သည် ကြာသပတေးနေ့က အာဖရိကဆာဟာရအောက်ပိုင်း ဒေသများစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်အားပေးမည့် ကုန်သွယ်ရေးအစီအစဉ်၏ အဓိကဥပဒေကို သက်တမ်းတိုးပေးခဲ့သည်။

အဆိုပါဥပဒေကို အောက်လွှတ်တော်(House)နှင့် ဆီးနိတ်နှစ်ခုလုံးကအသံဖြင့် မဲခွဲဆုံးဖြတ်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် သွင်းကုန်ဆိုင်ရာ အရေးယူမှုကိုလည်း သမ္မတအာဏာဖြင့်ချမှတ်ရေးကိုလည်း သက်တမ်းတိုးခဲ့သည်။

အဆိုပါ အာဖရိကတိုးတက်ကြီးထွားရေးနှင့်အခွင့်အလမ်းဥပဒေ(Africa Growth and Opportunity Act)ကို သုံးနှစ်သက်တမ်းတိုးခဲ့ရာ တတိယနိုင်ငံများမှ ပိတ်စများဖြင့်ချုပ်လုပ်သော အာဖရိကမှအဝတ်အထည်များအတွက် အခွန်ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။ အဆိုပါဥပဒေသည် စက်တင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် အာဖရိကစက်ရုံများမှ ပစ္စည်းမှာယူရာတွင် အခက်အခဲများဖြစ်ပေါ်ခဲ့ရသည်။ အဆိုပါ ဥပဒေအောက်တွင် အကြုံးဝင်သော နိုင်ငံလေးဆယ်ခန့်စာရင်းတွင် ဆူဒန်တောင်ပိုင်းနိုင်ငံ(South Sudan)ကိုလည်း ထပ်မံပေါင်းထည့်ပေးခဲ့သည်။

“AGOA နဲ့ ၎င်းရဲ့တတိယနိုင်ငံ အဝတ်အထည်ဥပဒေတွေဟာ အာဖရိကမှာ အားကောင်းတဲ့လူလတ်တန်းစား ပေါ်ထွန်းလာမှုကို အထောက်အကူပြုပါတယ်။ အမေရိကန်နိုင်ငံခြားအကူအညီအပေါ်မှီခိုနေရမှုကိုလည်း လျော့ကျစေပါတယ်။ အမေရိကန်နိုင်ငံခြားကုမ္ပဏီတွေ အတွက်လည်း အရေးကြီးတဲ့ဈေးကွက်သစ်ဖွင့်ပေးပါတယ်”ဟု အာဖရိကရေးရာ နိုင်ငံခြားဆက်ဆံရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆီနိတ်တာ Chris Choons,D-Del ကပြောကြားခဲ့သည်။

အဆိုပါဥပဒေကို ၂၀၀၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်အဝတ်အထည်နှင့် ဖိနပ်အဖွဲ့အစည်းဥက္ကဋ္ဌ Kevin M Burke က ပြောကြားရာတွင် ဤဥပဒေလမ်းကြောင်းဖြင့် အမေရိကန်အဝတ်အထည်နှင့် ဖိနပ်လုပ်ငန်းအတွင်းမှ အလုပ်သမားလေးသန်းဆက်လက်မှီခိုနိုင်ပြီး ကမ္ဘာ့ဈေးကွက်တွင် ဆက်လက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ သွင်းကုန်ကိုအရေးယူသောဥပဒေကို သက်တမ်းတစ်နှစ်တိုးခဲ့သည်။ ၎င်းသည် အရေးယူမှုများရုတ်သိမ်းရေး၊ ယခင်အတိုင်း ထားရှိရေးတို့နှင့်ပတ်သက်သော အစိုးရအဖွဲ့၏အာဏာကို မထိခိုက်စေခဲ့ပါ။ သွင်းကုန်ကန့်သတ်မှုဥပဒေမှာ ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဆက်ဆံခြင်းကို ကန့်သတ်သောဥပဒေ၏အစိတ်အပိုင်းဖြစ်သည်။

“မြန်မာအစိုးရဟာ ဒီဥပဒေဖြစ်လာစေတဲ့ စိုးရိမ်ပူပန်မှုတွေကို ဆက်လက်ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်အားပေးလိုပါတယ်”ဟု အောက်လွှတ်တော်နည်းလမ်းရှာဖွေရေးကော်မတီဥက္ကဋ္ဌ Dave Camp, R-Mich က ပြောကြားခဲ့သည်။ ကျွန်တော်အနေနဲ့ မြန်မာအစိုးရကို နောက်ထပ်ပြုပြင်ပြောင်းလဲရေးတွေ၊ စီးပွားရေးတိုးတက်ဖို့နဲ့ မြန်မာပြည်သူတွေအကျိုးရှိစေမယ့် ငြိမ်းချမ်းရေးအပါအဝင် အုပ်ချုပ်မှုကို အားစိုက်လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်ဟု ၎င်းကပြောသည်။

အမေရိကန်အစိုးရသည် ပြီးခဲ့သည့်လက အမေရိကန်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင်ရင်းနှီးမြှပ်နှံရန်နှင့် နိုင်ငံပိုင်ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်းနှင့် အလုပ်အတူလုပ်ခွင့်ပေးခြင်းများ ခွင့်ပြုခဲ့သည်။ အကြောင်းမှာ မြန်မာစစ်တပ်အုပ်ချုပ်သူများသည် နိုင်ငံရေးအရချုပ်ကိုင်ထားမှုများကို ဖြေလျော့ပေးခြင်းနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရဆန့်ကျင်သူများကို လွတ်လပ်ခွင့်ပိုပေးလာခြင်းကြောင့် တုန့်ပြန်သည့်အနေဖြင့် ထိုသို့ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

U.S Campaign for Burma ကလည်း အရေးယူမှုသက်တမ်းတိုးရန် မဲပေးဆုံးဖြတ်ခဲ့ခြင်းကိုကြိုဆိုခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေချိန်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများမရပ်မချင်းနှင့် စစ်မှန်သော အမျိုးသားပြန်လည်စည်းလုံးမှုမရမခြင်း အရေးယူမှုများ ဆက်လက်ထားရှိမည်ဆိုသည်ကို မြန်မာ၏အာဏာရအစိုးရကို ဥပဒေကိုအားကောင်းရှင်းလင်းစွာ အချက်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

                                                    *******************************************************

မြောက်ကိုရီယားတွင် ရေလွှမ်းမိုးမှုကြောင့် စားနပ်ရိက္ခာအကူအညီအရေးတကြီးရှာဖွေဟု ကုလပြော

(3 Augest 2012 ရက်စွဲပါ BBC News မှ UN: North Korea seeks immediate food aid after floods ကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားတွင်ပြီးခဲ့သည့်လက အပျက်အစီးများခဲ့သည့်ရေလွှမ်းမိုးများမှုကြောင့် စားနပ်ရိက္ခာအကူအညီများ တောင်းဆိုခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

ပြုံယမ်းရှိ ကုလသမဂ္ဂတာဝန်ရှိသူများကပြောကြားရာတွင် ၎င်းတို့သည် ရေလွှမ်းမိုးမှုဒဏ်ခံရသောအပိုင်းများသို့ အပျက်အစီးများမည်မျှရှိသည်ကို ကြည့်ရှုရန် သွားရောက်ခဲ့ပြီးနောက် အကူအညီမှာအရေးပေါ်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ပြောကြားရာတွင် လူ(၁၁၉)ဦးသေဆုံးပြီး၊ သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ရကြောင်း ဆိုသည်။

အခြေခံအဆောက်အဦးနှင့် လယ်ယာမြေများပျက်စီးရခြင်းသည် တိုင်းပြည်၏ဆိုးရွားလှသော စားနပ်ရိက္ခာပြတ်လပ်မှု ပြဿနာကို ကြီးစွာ ထိခိုက်ပါသည်။

အဆိုးဝါးဆုံးထိခိုက်သောဒေသများမှာ South Phyongan ပြည်နယ်ရှိ Anju မြို့နှင့် Songchon ရွာ၊ Kangwon ပြည်နယ်ရှိ Chonnae ရွာများဖြစ်ကြောင်း ကုသမဂ္ဂကပြောသည်။ ထိုဒေသများတွင်နေထိုင်သူများသည် အရေးပေါ်စားနပ်ရိက္ခာ၊ ရေသန့်များလိုအပ်လျက် ရှိသည်။ ၎င်းတို့သည် ရေလွှမ်းမိုးစဉ်က အညစ်အကြေးများကြောင့် ရောဂါပိုးများဒဏ်ကို ခံကြရသည်။

နယူးယောက်ရှိ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပြောကြားရာတွင်  မြောက်ကိုရီးယားအစိုးရသည် ကုလသမဂ္ဂအား စားနပ်ရိက္ခာနှင့် လောင်စာဆီကဲ့သို့ အရေးပေါ်ပစ္စည်းများပေးအပ်ရန် တောင်းဆိုထားသည်။

အချို့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များသည် ပစ္စည်းများနှင့်အလှူငွေများ စုဆောင်းလျက်ရှိကြသည်။ ကြက်ခြေနီအဖွဲ့က ကြာသပတေးနေ့က ပြောကြားရာတွင်(ပေါင်စတာလင် ၁၉၃၀၀၀)ကျော် ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Anju မြို့မှ မကြာသေးခင်က ဓာတ်ပုံများကို နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဖော်ပြရာတွင် ရေအောက်ရောက်နေသော အိမ်များ၊ ရေလွှမ်းနေသောစိုက်ပျိုးမြေများနှင့် အိမ်အပေါ်ထပ်တွင် တက်နေကြသောလူများကို ဖော်ပြထားသည်။

Anju မြို့ ပြည်သူ့ကော်မတီဒုဥက္ကဋ္ဌ KIM Kwang-dok က AP သတင်းဌာနသို့ပြောကြားရာတွင် ယခုရေလွှမ်းမိုးမှုမှာ မြို့၏သမိုင်းတွင် အဆိုးဝါးဆုံးဖြစ်ကြောင်း ပြောခဲ့သည်။

ယခုရေလွှမ်းမိုးမှုမှာ ယခုနှစ်အစောပိုင်းက ပြင်းထန်သောမိုးခေါင်ရေရှားဒဏ်ကိုခံရပြီးနောက် ဖြစ်ပေါ်လာခဲ့ရာ ပြည်သူများကို ကျွေးမွေးရန် ရုန်းကန်နေရသော မြောက်အစိုးအပေါ် တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ရကြောင်း ဘီဘီစီမှ Lucy Williamson က ဆိုးလ်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ပြည်သူများကိုကျွေးမွေးရန် စားနပ်ရိက္ခာများလုံလောက်အောင် စိုက်ပျိုးနိုင်ခြင်းမရှိသောကြောင့် စားနပ်ရိက္ခာ အကူအညီများအပေါ် မှီခိုနေရသည်။ ၁၉၉၀ ခုနှစ် နှစ်လည်များဆီက စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ရာပေါင်းထောင်ပေါင်းများစွာသောလူများ သေဆုံးကြရကြောင်း ယုံကြည်ရသည်။

ပြီးခဲ့သည့်လက ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာတွင် မြောက်ကိုရီးယား၏ လူဦးရေ ၂၄ သန်း၏ သုံးပုံနှစ်ပုံသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ပြင်းထန်စွာခံစားရကြောင်း ဖော်ပြထားသည်။

                                              ******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive