Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၆.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. သတင်းသမားများ လက်မှတ်စုဆောင်းပွဲသတင်း မဖော်ပြရန် တားမြစ်
  2. အခွန်ရှောင် လုပ်ငန်းရှင်ကြီးများ၏ လုပ်ငန်းများ စတင်စစ်ဆေးပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ (၁၄)ခုမှ တာဝန်ရှိသူများတွေ့ဆုံ
  1. ၂၀၁၄ မြန်မာအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ဂျပန်နိုင်ငံမှ ကူညီမည်
  1. ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သိန်းလင်းအား ရာထူးချ ဦးမောင်မောင်သိမ်းအား တာဝန်ခံရာထူးလွှဲပေး

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

သတင်းသမားများ လက်မှတ်စုဆောင်းပွဲသတင်း မဖော်ပြရန် တားမြစ်

ရန်ကုန်၊ သြဂုတ် ၅။

ရန်ကုန်မြို့အခြေစိုက် သတင်းဂျာနယ်များမှ သတင်းသမား၏ သတင်စာလွတ်လပ်ခွင့် အပါအဝင် အခြေခံရပိုင်ခွင့်များ လက်မှတ်စုဆောင်းပွဲ သတင်းအား ပုံနှိပ်ဖော်ပြခြင်းမပြုရန် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ သတိပေးတားမြစ်မှုများ လုပ်ကိုင်ခဲ့ကြောင်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များမှ စုံစမ်းသိရှိရသည်။

တနင်္လာနေ့ထွက်မည့် သတင်းဂျာနယ်အယ်ဒီတာတစ်ဦးက စိစစ်ရေးက ယခု လက်မှတ်စုဆောင်းသည့်ပွဲသည် တရားဝင်ခြင်းမရှိပဲ ပြဿနာ ကြီးမားနိုင်သည့်အတွက် ဖော်ပြခြင်းမပြုရန် သတိပေးတားမြစ်ခဲ့သည်ဟု ဆိုသည်။

သြဂုတ်လ ၄ရက်နေ့ မနက် ၁၁ နာရီခန့်တွင် သတင်းသမားအရာက် ၁၀၀ ခန့်သည့် "မီဒီယာဖိနိပ်မှု ရပ်"ဆိုသည့် အင်္ဂလိပ် မြန်မာစာတန်းများ ရိုက်နှိပ်ထားသည့် အနက်ရောင်တီရှပ်များဝတ်ဆင်လျှက် ယခင်အပတ်က ပိတ်ပင်ခြင်းခံရသော The Voice Weekly ဂျာနယ်တိုက် Envoy ဂျာနယ် တိုက်များသို့ သွားရောက်ခဲ့ပြီး အားပေးနှစ်သိမ့်ကာ သတင်းစာလွတ်လပ်ခွင့်အတွက် သမ္မတဦးသိန်းစိန်နှင့် ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံသို့ စာရေးသားတင်ပြချက်အတွက် သဘောတူထောက်ခံသည့်လက်မှတ်များ ရယူစုဆောင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သတင်းသမား မြန်နိင်ငံသတင်းစာအသင်း ရန်ကုန်တိုင်း ဖွဲ့စည်းရေး အခမ်းအနားကျင်းပသည့် အောကစ်ဟိုတယ်၊ စာရေးဆရာ စိုးသော်တာ၏ စာအုပ်မိတ်ဆက်ပွဲ၊ ရွှေဂုန်တိုင်တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသည် ဆရာဖေမြင့်၏ ဟောပြောပွဲ၊ စာရေးဆရာတာရာမင်းဝေ (ခေါ်) ရွှေဘုန်းလူ၏ ၅ နှစ်မြောက် အောက်မေ့ဖွယ်ပွဲများသို့ သွားရောက်ကာ လက်မှတ်စုဆောင်းခဲ့ကြသည်။

ယင်းသို့ ရန်ကုန်မြို့၌ သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ သြဂုတ်လ ၄ရက်နေ့ထုတ် The Nation ဂျာနယ် မျက်နှာဖုံးတွင်ပါရှိသည့် "သတင်း လွတ်လပ်ခွင့်ရရှိရေးအတွက် ပြည်တွင်းသတင်းများ လက်မှတ်စုဆောင်းရေးထိုးသည့် လှုပ်ရှားမှု စတင်"သတင်းနှင့် ဓာတ်ပုံအား ဖော်ပြရာတွင် စာပေ စိစစ်ရေးဌာနမှ သတင်းမဖော်ပြရန် တားမြစ်ခဲ့ကြောင်း အဆိုပါသတင်းဂျာနယ်မှ သတင်းထောက်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"ဂျာနယ်ထုတ်ခါနီးမှာ စာပေစိစစ်ရေးကိုတင်တော့ မျက်နှာဖုံးတစ်ခုလုံး မှင်နီတွေနဲ့ ပြည့်နေတယ်လို့ ကြားတယ်။ ကြည့်လိုက်တော့လည်း ဟုတ် တယ်။ မှင်နီတားထားတာက သတင်းလွတ်လပ်ခွင့်အတွက် သတင်းသမားတွေဆန္ဒပြတဲ့သတင်းကို ပုံကောစာပါ တားထားတာ။ အဲဒီတော့ ဘယ်လို အဓိပ္ပါယ်ပေါက်သလဲဆိုတော့ သတင်းသမားတွေဆန္ဒပြတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ဘာမှမလုပ်ရဲဘူး။ မလုပ်ရဲတော့ လုပ်လို့ရတဲ့ဘက်မှာ လုပ် တယ်။ ဂရုမစိုက်ဘူးဆိုတဲ့သဘောလိုမျိုး ဖြစ်နေတယ်"ဟု ပြည်တွင်းသတင်းမီဒီယာသမားတစ်ဦးက ပြောကြားသည်။

ထို့ပြင် အဆိုပါ သတင်းလွတ်လပ်ခွင့်အတွက် လက်မှတ်စုဆောင်းမှုများ ပြုလုပ်ရာ၌ ညနေငါးရီအချိန်အထိ လက်မှတ် ၃၅၀ ကျော် စုဆောင်းရရှိ ခဲ့ကြောင်း သတင်းလွတ်လပ်ခွင့်ကော်မတီ (ယာယီ)အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရပြီး သြဂုတ်လ ၅ရက်နေ့တွင် မန္တလေးမြို့ရှိ သတင်းမီဒီယာသမား ၅၀ ကျော်ကလည်း သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ "မီဒီယာဖိနှိပ်မှု ရပ်" ဆိုသည့်စာသားပါ အနက်ရောက်တီရှပ်များ ဝတ်ဆင်၍ လူစည်ကားရာနေရာ များ၌ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြကြောင်း မန္တလေးသတင်းမီဒီယာတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

အခွန်ရှောင် လုပ်ငန်းရှင်ကြီးများ၏ လုပ်ငန်းများ စတင်စစ်ဆေးပြီ

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော်လည်း လုပ်ငန်းအရှုံးပေါ်သည်ပာု အကြောင်းပြ၍ အခွန်ရှောင် တိမ်းလျက်ရှိသည့် လုပ်ငန်းရှင်ကြီးများ၏ လုပ်ငန်းများကို ပြည်တွင်းအခွန်များဦးစီးဌာနမှ စတင် စစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ လုပ်ငန်းရှုံးလို့ အခွန်အပြည့်အဝမဆောင်နိုင်ဘူးလို့ အခွန်ကြေငြာလွှာတင်သွင်းထားတဲ့ လုပ်ငန်းရှင် တော်တော်များများရှိပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေပာာ တကယ်ပဲ အရှုံးပေါ်တာလား။ အခွန်ရှောင်တိမ်းချင်ရုံသက်သက်နဲ့ အခွန် ကြေငြာလွှာ တင်တာလားဆိုတာကို စစ်ဆေးသွားမှာပါ”ပာု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် အမှန်တကယ်လုပ်ငန်းရှုံးသည့် လုပ်ငန်းရှင်များအတွက်   အခွန် ကြေငြာလွှာတင်သွင်းခွင့်ကို ဧပြီ၊ မေနှင့် ဇွန်လ သုံးလသတ်မှတ်ပေးခဲ့ပြီး ယခုအခါ သတ်မှတ်ရက်ပြည့်မြောက်သွားပြီဖြစ်သည့်အတွက် အခွန်ကြေငြာ လွှာတင်သွင်းရာတွင် ပါဝင်သည့် လုပ်ငန်းရှင်ကြီးများ၏ လုပ်ငန်းရှင်များကို စတင်စစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

“အခုလို လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေကို စစ်ဆေးဆောင်ရွက်နေပြီဆိုတော့ ကောင်းပါတယ်။ နိုင်ငံတော်အနေနဲ့လည်း အခွန်မြင့်တက်လာ နိုင်တာပေါ့။ အခုချိန်ထိ လုပ်ငန်းရှင်အချို့ပာာ အရင် တပ်မတော်အစိုးရလက်ထက်ကလိုပဲ အချိုအချောင် လိုချင်နေတုန်းပဲ။ လုပ်ငန်းတော့လုပ်ချင် တယ်။ အခွန်တော့ မဆောင်ချင်ဘူးဆိုတာမျိုးတော့ ဘယ်ဖြစ်မလဲ။ ခုချိန်ထိကို တစ်ချို့လုပ်ငန်းတွေပာာ အခွန်လည်းမဆောင်ဘူး။ ဝင်ငွေခွန်ကြေငြာ လွှာ တင်သွင်းတာမှာလည်း မပါဝင်တဲ့ လုပ်ငန်းတွေ ရှိနေပါသေးတယ်”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် ထိပ်ဆုံးအခွန်ထမ်းဆောင်သူလုပ်ငန်းရှင်ကြီးများ၏ အမည်စာရင်းကြေညာရာတွင် မြန်မာ နိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

                Ref:Weekly Eleven

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီ(၁၄)ခုမှ တာဝန်ရှိသူများတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်တွင်းနိုင်ငံရေးပါတီ (၁၄)ခုမှ ပါတီဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ ဗပိာုအလုပ်အမှုဆောင်အဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၁၂ သြဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီတွင် စက်မှုလယ်ယာစနစ် တောင်သူပညာပေး ဧက (၅၀၀)စိုက်ခင်းရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယင်းတွေ့ဆုံမှုများတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ မီဒီယာကဏ္ဍ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြပြီး နိုင်ငံရေးတွင် မတူကွဲပြားမှုများရှိသော်လည်း တိုင်းပြည်အတွက် တူညီသည့်အချက်များကိုမူ နိုင်ငံရေး ပါတီများအနေဖြင့် မိမိတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြောကြားသည်။

မီဒီယာကဏ္ဍနှင့်ပတ်သက်၍ စတုတ္ထမဏ္ဍိုင်ကို မိမိတို့ အသိအမှတ်ပြုကြောင်း၊ မီဒီယာလွတ်လပ်ခွင့်များကို ရယူရာတွင် အခြေခံဥပဒေ၌ ပါရှိ သည့် တာဝန်ယူမှုနှင့် တာဝန်ခံမှုများလည်း ရှိရမည်ဖြစ်ကြောင်း၊ တည်ငြိမ်မှုများနှင့် နိုင်ငံတော်လုံခြုံရေးများကို ထိခိုက်ခြင်းမရှိဘဲ ပာန်ချက်ညီညီ လုပ် ဆောင်သွားမည်ဆိုပါက မီဒီယာကိစ္စရပ်များမှာ ပြေလည်သွားစေနိုင်မည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံမှု၌ အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဦးသိန်းညွန့်၏ မီဒီယာအရေးကိစ္စနှင့် ပတ်သက်၍ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖြေကြားသွားခြင်း ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က သမိုင်းရှည်ကြာခဲ့ပြီဖြစ်သည့် တိုင်းရင်းသားလူမျိုးစု လက် နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စဖြစ်ကြောင်း၊ ဤကိစ္စသည် ခက်ခဲနက်နဲပြီး တစ်ဖက်နှင့်တစ်ဖက် နားလည်မှု၊ စာနာမှု၊ စိတ်ရှည်သည်းခံမှုများနှင့် ယုံကြည်မှုရရှိအောင် ဦးစွာတည်ဆောက်လျက်ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကတိုင်အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများရှိနေပြီး အချို့သဘောတူညီသည့်အချက်များကို နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးနိုင်သည်အထ တိုးတက်မှုရှိနေကြောင်း၊ KIO/KIA အဖွဲ့နှင့်မူ ယနေ့အထိ ညှိနှိုင်း၍ မရသေးကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပြည်တွင်း စီးပွားရေးကဏ္ဍများနှင့်ပတ်သက်၍ တိုင်းပြည်ကြွယ်ဝချမ်းသာရန်အတွက် ယနေ့လိုအပ်ချက်သည် ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များများရရှိရေးဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့်အတွက် မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၆ ရာခိုင်နှုန်းရှိနေသည့်အပြင် အိမ်နီးချင်းနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများမှာ သုံးသန်းခန့်ရှိနေသည့်အတွက် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း များများရရှိနိုင်ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ အများအပြားလိုအပ်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီ (၁၄)ခုမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ အမျိုးသားနိုင်ငံရေး မပာာမိတ်များအဖွဲ့ချုပ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒီမိုကရေစီပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီနှင့် မြန်မာအမျိုးသားကွန်ကရက်ပါတီတို့ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

၂၀၁၄ မြန်မာအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ဂျပန်နိုင်ငံမှ ကူညီမည်

လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် မြန်မာအစိုးရအား ဂျပန်နိုင်ငံမှ အပြည့်အဝ အကူအညီ ကောင်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာတိုင်းရင်းသားလူမျိုးများဆိုင်ရာ စေတနာရှင် ဂျပန်သံအမတ်ကြီး H.E Mr.Yohei Sasakawa က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံကိုလာရောက်စဉ်က ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာအတွက် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့နဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာညီလာခံတွေမှာ မြန်မာနိုင်ငံကို Capacity Building မြှင့်တင်ပေးနိုင်ဖို့ အဓိကဆွေးနွေးမှာဖြစ်ပါတယ်။ သင်တန်းတွေပို့ချဖို့လည်း စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်မယ့် ပြည်ပမီဒီ ယာတွေကိုလည်း အားပေးကူညီမှာဖြစ်ပြီး ရုပ်သံထုတ်လွှင့်ခြင်းနဲ့ သင်ဆိုင်တဲ့ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကိုလည်း ကူညီမှာပါ။ နေပြည်တော်ရှိ အစိုးရတာဝန်ရှိသူတွေကလည်း ဆက်သွယ်မှုမြှင့်တင်လိုကြောင်း အခိုင်အမာပြောကြားခဲ့တဲ့အတွက် ဂျပန်အစိုးရက Optical fiber ပမာဏအများကြီးကို ရန်ကုန်နဲ့နေပြည်တော်မှ ၂၀၁၄ မတိုင်မီပံ့ပိုးပေးမှာဖြစ်ပါတယ်” ပာု စေတနာရှင် ဂျပန်သံအမတ်ကြီး H.E Mr. Yohei Sasakawa က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း ၁၉၇၆ ခုနှစ်မှ စတင်၍ အကူအညီကောင်းများပေးလျက်ရှိသည့် ဂျပန်နိုင်ငံ၏ နီပွန်ဖောင်ဒေးရှင်းသည် လက်ရှိအချိန်တွင် ပြည်တွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍသုံးခုတွင် အဓိက ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိသည့်အပြင် ရှမ်းပြည်နယ်၌ စာသင်ကျောင်များ ဆောက်လုပ်ခြင်း၊ ကျေးရွာများသို့ တိုင်းရင်းဆေးသေတ္တာများ ဖြန့်ဝေခြင်း၊ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်း၊ ရွေ့လျားဆေးခန်းများ တည်ဆောက် ခြင်း၊ ခြေတုလက်တုနှင့် အရိုးတုများ ကုသတပ်ဆင်ခြင်းဆိုင်ရာ သင်တန်းကျောင်းများ တည်ဆောက်ခြင်း၊ ကရင်ပြည်နယ်တွင် စံပြစိုက်ပျိုးခြင်းနှင့် သင်တန်းပို့ချခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“အစိုးရဝန်ထမ်းတွေထဲက ဝန်ထမ်းအချို့ကို အာဆီယံဥက္ကဋ္ဌနေရာကို လေ့လာနိုင်ဖို့အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ဖူးတဲ့ နိုင်ငံ တွေကို စေလွှတ်သွားမှာဖြစ်ပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပေးဆောင်ရမည့်ကြွေးကျန်များကို လျော်ပေးခဲ့သည့်အပြင် နည်းပညာအကူအညီကောင်းများ၊ ငွေကြေး အကူအညီ ကောင်းများကိုလည်း ထပ်မံပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

Ref:မြန်မာပို့စ်

-----------------------------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးပါတီမှ ဦးအောင်သိန်းလင်းအား ရာထူးချ ဦးမောင်မောင်သိမ်းအား တာဝန်ခံရာထူးလွှဲပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံရာထူးအား ရယူထားသည့် ဦးအောင်သိန်းလင်းအား တရုတ်နိုင်ငံ ပိုင်သတင်းစာများ၌ ပြောကြားမှုများနှင့်ပတ်သက်၍ ရာထူးတစ်ဆင့်ချမှတ်အရေးယူခဲ့ပြီး ယင်းရန်ကုန်တိုင်းဒေသကြီး တာဝန်ခံရာထူးကို ဦးမောင်မောင် သိမ်းအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တရုတ်နိုင်ငံက Southern Weekend (China)သတင်းစာမှာ ပြောဆိုထားတဲ့ ဦးအောင်သိန်းလင်းရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ အခု ဆက်ပြီးစစ်ဆေးတုန်းပါပဲ။ ပြည်ခိုင်ဖြိုးရန်ကုန်ပါတီရုံးမှာ တိုင်း၊ မြို့နယ်၊ ခရိုင်က အမှုဆောင်တွေကို ဖိတ်ပြီးတော့ ဦးအောင်သိန်းလင်းနေရာမှာ ဦးမောင်မောင်သိမ်းကို တာဝန်လွှဲပြောင်းလိုက်တယ်လို့ အသိပေးခဲ့ပါတယ်။ ဒါပေမယ့် ဦးအောင်သိန်းလင်းကို ဗပိာုအလုပ်အမှုဆောင်အဖြစ်ကတော့ မဖြုတ်သေးပါဘူး”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ဦးအောင်သိန်းလင်း၏ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံရာထူးအား လွှဲပြောင်းရယူခဲ့သည့် ဦးမောင်မောင်သိမ်းသည် ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီသည် ဇူလိုင်လ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံပိုင် Southern Weekend (China)၌ ဦးအောင်သိန်း၏ ပြောကြားချက်များနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းကြေညာချက်များမှာ ပြည်ခိုင်ဖြိုးပါတီ ဗပာိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် တရုတ်နိုင်ငံက Southern Weekend (China) သတင်းစာ၌ ဖော်ပြထားသည့် တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ မေးမြန်းမှုများပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါ ရေးသားချက်ဖော်ပြချက်များသည် ဗပိာုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ်ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိကပြောဆိုချက်များသာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားများမပာုတ်ကြောင်းနှင့် ဦးအောင်သိန်းလင်းအနေဖြင့် အမှန်တကယ်ပြောကြားခြင်း ရှိ၊ မရှိကိုလည်း စိစစ်စုံစမ်းလျက်ရှိပြိး တွေ့ရှိချက်များအပေါ်မူတည်၍ ပါတီစည်းကမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

YC

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခက်အခဲတွေတော့ရှိမယ်။ ဒါပေမယ့် အကောင်းဆုံးဥပဒေဆိုတာ  ကမ္ဘာမှာလည်းမရှိဘူး။ အမှားတွေသိသိကြီးနဲ့ ထည့်ပေးလိုက်ရတာတွေရှိတယ်။ လုပ်ကြည့်ပါဦး အဆင်မပြေရင်ပြန်ပြင်လို့ရတယ်။ အခက်အခဲတွေ အများကြီးရှိတယ်။ လွှတ်တော်လည်း ခေါင်းခဲနေတယ်။ အကျင့်ပါနေတဲ့ ယန္တရားတွေ ကြောင့် ခက်ရတာ။ ဥပဒေ ပြင်တာသိပ်မခက်ဘူး။ လူကိုပြင်ရတာ ခက်နေတယ်”

သြဂုတ် ၆ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၀) တွင်ပါရှိသည့် လ်ုအပ်သောဥပဒေများ အလျင်အမြန်ပြဋ္ဌာန်းသင့်ဟုဆို သတင်းမှ ပြည် သူ့လွှတ်တော်ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော် မတီဝင် ဦးသန်းမောင်(စစ်တွေ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ဒီစနစ်အရ ပါတီက နောက်မှပြန်ရွေးတာဆိုတော့ ဘယ်လိုမှ ဝမ်းသာနိုင်မှာမဟုတ်ဘူး။ အမှန်က ပြည်သူတွေရဲ့ မဲဆန္ဒကို သူလုပ်ရမှာ၊ ကြိုးစားရမှာ။ ပါတီ ကြီးတယ်ငယ်တယ်မရှိပါဘူး။ ပါတီငယ်ပေမယ့် ပြည်သူကကြိုက်ရင် ရွေးမှာပဲ။ ရွေးကောက်ပွဲ တရားမျှတဖို့ပဲ အရေးကြီးတာ။ ပါတီကို အရင်ရွေး၊ ပြီးမှ ပါတီကနေ လူကို နောက်မှ ပြန်ရွေးဆိုရင် ပြည်သူတွေရဲ့ဆန္ဒက အပြည့်အဝခံစားရမှာ မဟုတ်ပါဘူး”

သြဂုတ် ၆ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၀) တွင်ပါရှိသည့် အချိုးကျကိုယ်စားလှယ်ရရှိမည့် ရွေးကောက်ပွဲစနစ်အပေါ် သဘောထား အမြင်အချို့ မှ ကချင်ပြည်နယ်မှ ဒေါက်တာတူးဂျာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“မီဒီယာတွေကလည်း ထောက်ပြကြတယ်လေ။ မဏ္ဍိုင်သုံးခုရှိတဲ့နေရာမှာ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးက အပြောင်းအလဲတွေလုပ်နေပေမယ့် အခုအ ချိန်အထိ တရားစီရင်ရေးဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေ ရှိနေတုန်းပဲ။ ကျွန်တော်လည်း ဒီလိုပဲမြင်တယ်”

 သြဂုတ် ၆ရက်နေ့ထုတ် Massenger ဂျာနယ် အတွဲ (၃) အမှတ် (၁၁) တွင်ပါရှိသည့် "တရားစီရင်ရေးနယ်ပယ်၌သာမက အစိုးရဌာနအသီးသီးတွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေဆဲဖြစ်" သတင်းမှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဌ သူရဦးအောင်ကို၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်။

*****************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၅.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. Thai Air Asia မန္တလေးသို့ ပျံသန်းမည်။

(4 August 2012 ရက်စွဲပါ Bangkok Post မှ TAA Spreads Its Mings to Second Myanmar Destination ကိုဘာသာပြန်ဆိုသည်)

  1. ဆင်ဆာပိတ်ပင်မှု မြန်မာဂျာနယ်လစ်များ ကန့်ကွက်ဆန္ဒပြ

(AFP သတင်းမှ 4 August 2012 ရက်စွဲပါ “Myanmar Journalists Protest Against Censorship” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

Thai Air Asia မန္တလေးသို့ ပျံသန်းမည်

(4 August 2012 ရက်စွဲပါ Bangkok Post မှ TAA Spreads Its Mings to Second Myanmar Destination ကိုဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၏ အကြီးဆုံးဈေးသက်သာသည့်လေကြောင်းလိုင်း Thai Air Asia (TAA) သည် မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့တိုက်ရိုက်ပျံသန်ခွင့်ကို ရရှိထားပြီဖြစ်သည်။

TAA သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်သို့ အောက်တိုဘာ ၄ ရက်နေ့တွင် စတင်ပျံသန်းရန်စီစဉ်ထားပြီး တစ်ပတ်လျှင် လေးကြိမ်ပျံသန်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ခရီးသွားမှုတိုးတက် များပြားလာခြင်းကြောင့်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

TAA သည် ရန်ကုန်မြို့သို့ တစ်ရက်လျှင်နှစ်ကြိမ် ပျံသန်းလျက်ရှိသည်။ TAA သည် ထိုင်းနှင့်မြန်မာနိုင်ငံကြား လေကြောင်းဆက်သွယ်မှုကို တိုးချဲ့ရန်လုပ်ဆောင်လျက်ရှိရာ မြို့တော်နေပြည်တော်နှင့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံမြို့တို့သို့ ပျံသန်းရန်ထည့်သွင်းစဉ်းစားလျက်ရှိပြီး ၎င်း၏ A-320 လေယာဉ်များဖြင့် ပျံသန်းမည်ဖြစ်သည်။

နေပြည်တော်နှင့်ပုဂံသို့ ပျံသန်းမည့်အချိန်ကိုမူ ကြေညာခြင်းမရှိသေးပါ။ သို့သော် အမှုဆောင်အရာရှိချုပ် Tassapon  Bij  Leveld က ယခင်က ပြောကြားခဲ့ရာတွင် ယခုနောက်ဆုံးကွာတားတွင် စတင်နိုင်မည်ဟုမျှော်လင့်ကြောင်း ပြောထားဖူးသည်။

TAA သည် ထိုင်းနှင့် မြန်မာနိုင်ငံလေကြောင်း တိုးချဲ့ဆက်သွယ်ရေး လုပ်ဆောင်နေသော တစ်ခုတည်းသော ထိုင်းအခြေစိုက် လေကြောင်းလိုင်း ဖြစ်သည်။

Thai AirWay International ကမူ ရန်ကုန်မှလွဲ၍ အခြားမြို့များသို့ တိုးချဲ့ပျံသန်းပြေးဆွဲရန်အစီအစဉ်ကို ကြေညာခြင်းမရှိသေးပေ။

ပုဂ္ဂလိကပိုင် အသေးစားလေကြောင်းလိုင်းဖြစ်သော Bangkok Airways သည် ဘန်ကောက်-ရန်ကုန်ခရီးစဉ်ကို မကြာခဏတိုးချဲ့ရန် ကြိုးပမ်းလျက်ရှိပြီး ယခုအခါတစ်ရက်လျှင်နှစ်ကြိမ် ပျံသန်းလျက်ရှိသည်။

Babgko Airway သည် Air Bagan နှင့် ခရီးသည်ဖလှယ်ရေး(Code Sharing)သဘောတူညီချက်ရရန် ဆွေးနွေးလျက်ရှိပြီး ဘန်ကောက်မှ ခရီးသည်များကို Air Bagan မှ ပျံသန်းလျက်ရှိသည့် ပုဂံနှင့်မန္တလေးသို့ သွားရောက်ရန် လွှဲပြောင်းပေးနိုင်ရေးကို ရည်ရွယ်သည်။

မြန်မာနိုင်ငံ မြို့ပြလေကြာင်းဌာနကပြောကြားရာတွင် ရန်ကုန်သို့ နိုင်ငံခြားလေကြောင်း(၁၃)ခု ဆင်းသက်ပြေးဆွဲလျက်ရှိပြီး ယခုနှစ်တွင် ခရီးသည်သုံးသန်းအထိ မျှော်လင့်ကာ ယခင်နှစ်ကထက် ၂၂ ရာခိုင်နှုန်း တက်လာခဲ့သည်။

                                                            ************************************************

ဆင်ဆာပိတ်ပင်မှု မြန်မာဂျာနယ်လစ်များ ကန့်ကွက်ဆန္ဒပြ

(AFP သတင်းမှ 4 August 2012 ရက်စွဲပါ “Myanmar Journalists Protest Against Censorship” သတင်းကို ဘာသာပြန်ဆိုသည်)

တပ်မတော်အစိုးရခေတ် ဆင်ဆာဥပဒေများကို ဖြေလျော့ပေးမည့်ကတိကဝတ်ကို တာဝန်ရှိသူများက ပြန်လည်ရုတ်သိမ်းနေကြောင်း စိုးရိမ် ပူပန်မှုများရှိနေသည့်ကြားမှ ဂျာနယ်နှစ်စောင်ရပ်ဆိုင်းခံလိုက်ရခြင်းကို ဒါဇင်နှင့်ချီသောဂျာနယ်လစ်များ စီတန်းချီတက်ခဲ့ကြသည်ဟု AFP သတင်းထောက်တစ်ဦးက ပြောကြားသည်။

သတင်းဆောင်းပါးများကိုမထုတ်ဝေမီ စစ်ဆေးရန်ျက်ကွက်မှုကြောင့် The Voice Weekly နှင့် Envoy ဂျာနယ်နှစ်စောင်ကို ယခင်အပတ်က ရပ်ဆိုင်းလိုက်ပြီး ယာယီရပ်ဆိုင်းမှုသည် နှစ်ပတ်ခန့်ကြာမြင့်ဖွယ်ရှိသည်ဟု ဆင်ဆာအကြီးအကဲက AFP သို့ စနေနေ့က ပြောကြားသည်။

Stop Killing Press ကြွေးကြော်သံကို အဂ်လိပ်၊ မြန်မာနှစ်ဘာသာ စာတန်းထိုးထားသည့် တီရှပ်အနက်များဝတ်ဆင်ထားသော သတင်းထောက်များက အပိတ်ခံထားရသောဂျာနယ်တိုက်များအပါအဝင် ရန်ကုန်မြို့တစ်လွှားနေရာများစွာသို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ဆင်ဆာတင်းကြပ်မှုသည် တပ်မတော်အစိုးရခေတ် မြန်မာနိုင်ငံ၏ နာမည်ဖျက်သင်္ကေတတစ်ခုဖြစ်၍ အန္တရယ်မရှိနိုင်သော အသေးစိတ် ဖော်ပြချက်များကိုပင်ဟန့်တားခဲ့ပြီး အာဏာပိုင်များကို ထိခိုက်စေသည်ဟုယူဆသော ဝေဖန်ချက်များကိုလည်း အမြဲတစေဖြတ်တောက်လေ့ရှိသည်။

လက်ရှိနှစ်ပိုင်းတွင် ယခင်စစ်အုပ်ချုပ်ရေးခေတ်ပုံစံကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်သည့်အနေဖြင့် အငြင်းပွားဖွယ်မရှိနိုင်သော စာစောင်များအပေါ် လွတ်လပ်ခွင့်စတင်ပေးနေခြင်းကြောင့်  စနစ်သစ်၏လွတ်လပ်ခွင့်ရေချိန်ကို  အယ်ဒီတာအချို့က စမ်းသပ်သည့်ကိစ္စများ ရှိလာခဲ့သည်။

ပြီးခဲ့သော ဇွန်လက ပုံနှိပ်ထုတ်ဝေမှု စိစစ်ရေးနှင့် မှတ်ပုံတင်ဌာန အကြီးအကဲ ဦးတင့်ဆွေက “ယခုလကုန်မှစ၍ စာပေစိစစ်သည့်အလုပ်နှင့် ဂျာနယ်မဂ္ဂဇင်းများကို စောင့်ကြည့်မှုတို့ ရှိတော့မည်မဟုတ်တော့” ဟုAFP သို့ပြောကြားခဲ့သည်။

အသစ်ဖွဲ့စည်းထားသော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ မေတ္တာရပ်ခံချက်တွင်လည်း ယခင်ချုပ်နှောင်ထားသော မီဒီယာဥပဒေအားလုံးကို အဆုံးသတ်ရန် တောင်းဆိုထားသည်။

အထက်ပါအဖွဲ့၏ သမ္မတကြီးထံပေးစာတွင် အချက် ၇ ချက်ပါဝင်သည်ဟု ကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးဇော်သက်ထွေးက AFP သို့ ပြောကြားသည်။

The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက အစိုးရအဖွဲ့ရာထူးအပြောင်းအလဲသတင်းနှင့် လက်ရှိ မီဒီယာလွတ်လပ်ခွင့်ကို သရော်သည့်ကာတွန်းများကို မျက်နှာဖုံးတွင် ဖော်ပြမှုကြောင့် အပိတ်ခံရခြင်းဖြစ်သည်ဟု ရှင်းလင်းပြောဆိုသည်။

ယခုကဲ့သို့ယာယီရပ်ဆိုင်းထားမှုသည် နောက်ပြန်ဆွဲသည့်လုပ်ရပ်ဖြစ်ကြောင်း စွပ်စွဲမှုများကို ဦးတင့်ဆွေက ငြင်းဆိုသည်။

“တည်ဆဲစည်းကမ်းတွေအရ စိစစ်ရေးဘုတ်အဖွဲ့ကိုတင်ပြဖို့ပျက်ကွက်လို့ ယာယီရပ်ဆိုင်းလိုက်ရတာပါ။ ပြည်တွင်းကဂျာနယ်တွေကို အရေးမယူချင်လို့ ပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်တော်တို့လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ပြန်သွားနေတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး”ဟု ဦးတင့်ဆွေက AFP သို့ပြောကြားသွား သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၅.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာစစ်ဘက်အရာရှိများကိုအိန္ဒိယလေ့ကျင့်ပေးမည်

(Outlook India မှ 4 August 2012 ရက်စွဲပါ “India To Train Myanmar’s Defence Personnel” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုအိန္ဒိယကြိုဆိုခြင်းကြောင့် ဆန္ဒပြ

(The Gulf Today မှ 4 Aug 2012 ရက်စွဲပါ “Protests as India Welcomes Myanmar Army Chief” သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ဆက်ရှိနေမည်ဟုအာဆီယံ ဖိုရမ်ပြောကြား

(Today Online မှ 3 August 2012 ရက်စွဲပါ “Myanmar Reforms Here to Stay, Say ASEAN Forum”သတင်းကို ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

မြန်မာစစ်ဘက်အရာရှိများကိုအိန္ဒိယလေ့ကျင့်ပေးမည်

(Outlook India မှ 4 August 2012 ရက်စွဲပါ “India To Train Myanmar’s Defence Personnel” သတင်းကိုဘာသာပြန်ဆိုသည်)

အိန္ဒိယသို့ရောက်ရှိနေသော မြန်မာတပ်မတော်အကြီးအကဲ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံစစ်ဖက်ဆက်ဆံရေး ခိုင်မာစေမည့်နည်းလမ်းများကို နှစ်ဦးနှစ်ဖက်တာဝန်ရှိသူများ ဆွေနွေးခဲ့ကြပြီးနောက် မြန်မာစစ်ဖက်အရာရှိများကို အိန္ဒိယသို့ခေါ်ယူလေ့ကျင့်ပေးသွားမည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ၊ ရေတပ်ဦးစီးချုပ် နီမယ်ဗားမား၊ လေတပ်ဦးစီးချုပ် နတ်ဘရောင်း၊ ကြည်းတပ်ဦးစီးချုပ် ဘီကရန်ဆင်းတို့အကြားဆွေးနွေးပွဲများ ယနေ့ ကျင်းပခဲ့သည်ဟု အိန္ဒိယတာဝန်ရှိသူများက ဖြေကြားသည်။

ယင်းဆွေးနွေးပွဲများတွင် မြန်မာစစ်ဖက်အရာရှိများကို အိန္ဒိယနိုင်ငံတွင်လေ့ကျင့်ပေးရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ်အကြီးအကဲသည် ကာလက္ကတားရှိ အရှေ့ပိုင်းစစ်ဌာနချုပ်၊ ဗီဆာခါပတ်နမ်ရှိရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဘန်ဂလောရှိ DRDO ဓာတ်ခွဲခန်းများသို့လည်း သွားရောက်လည်ပတ်မည်ဟု သိရှိရသည်။

                                                            *********************************************

မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုအိန္ဒိယကြိုဆိုခြင်းကြောင့် ဆန္ဒပြ

(The Gulf Today မှ 4 Aug 2012 ရက်စွဲပါ “Protests as India Welcomes Myanmar Army Chief” သတင်းကိုဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံက မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုေ သာကြာနေ့က ကော်ဇောနီခင်းကြိုဆိုလိုက်ပြီး မြန်မာစစ်ဖက်အရာရှိများကို ခေါ်ယူလေ့ကျင့် ပေးခြင်းဖြင့် ပံ့ပိုးကူညီသွားမည်ဟု ထုတ်ဖော်ကြေညာသည်။

သောကြာနေ့က အိန္ဒိယသို့ရောက်ရှိနေသော မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ၊ ရေတပ်ဦးစီးချုပ် နီဗယ်ဗားမား၊ လေတပ်ဦးစီးချုပ် နတ်ဘရောင်း၊ ကြဉ်းတပ်ဦးစီးချုပ် ဘီကရန်ဆင်းတို့နှင့် တွေ့ဆုံခဲ့ပြီး၊ ဒေသတွင်းလုံခြုံရေးအနေအထား၊ နှစ်နိုင်ငံစစ်ဖက်ဆက်ဆံရေးကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။

၂၅ နှစ်အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံးအိန္ဒိယခေါင်းဆောင်အဖြစ် မေလက ဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ သွားရောက်ခဲ့ပြီး၊ နှစ်လခန့်အကြာတွင် မြန်မာစစ်ဖက်အကြီးအကဲ၏ ခရီးစဉ် ပေါ်ထွက်လာခဲ့သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၎င်း၏ ၃ ရက်တာ မေလမြန်မာခရီးစဉ်တွင် နှစ်နိုင်ငံသဘောတူညီချက်တစ်ဒါဇင်ခန့် လက်မှတ်ရေးထိုးခဲ့သလို ကမ္ဘာကျော်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်။

လတ်တလော အိန္ဒိယသို့ရောက်ရှိနေသော မြန်မာစစ်ဖက်အကြီးအကဲသည် သြဂုတ်လ ၈ ရက်အထိ နေထိုင်လည်ပတ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

တစ်ချိန်ထဲတွင် မွတ်ဆလင်ဘာသာဝင်ထောင်ဂဏန်းသည် သောကြာနေ့က မွန်ဘိုင်းတွင် စီတန်းလှည့်လည်ကာ မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်ဆလင်များအပေါ်တိုက်ခိုက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၎င်းတို့က ရိုဟင်ဂျာပြဿနာရပ်ဆိုင်းအောင် မြန်မာအာဏာပိုင်များကိုဖိအားပေးရန် အိန္ဒိယအစိုးရအား တောင်းဆိုခဲ့ကြပြီး၊ အထူးဆုတောင်း ဝတ်ပြုပွဲကျင်းပခဲ့ကြခြင်း ဖြစ်သည်။

စီတန်းလှည့်လည်ပွဲဆော်သြသူ RazaAcadamy ဥက္ကဋ္ဌ ဆိဒ်နူရီက Amnesty International ၏ ၂၀၁၂ ဇူလိုင်လ အစီရင်ခံစာပါ မြန်မာနိုင်ငံမှ ရိုဟင်ဂျာမွတ်ဆလင်များ ညှင်းပန်းနှိပ်စက်ခံရမူ အထောက်အထားများကို ကိုးကားပြောဆိုခဲ့ပြီး၊ “ယင်းအကြမ်းဖက်နှိပ်စက်မှုများ အဆုံးသတ်သွားအောင် အိန္ဒိယသမ္မတဖရာနပ်မူကာဂျီ၊ ဝန်ကြီးချုပ်မန်မိုဟန်ဆင်း၊ မွတ်ဆလင်နိုင်ငံအားလုံးမှခေါင်းဆောင်များ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် အစ္စလာမ်အဖွဲ့အစည်းများမှ ကြားဝင်ဆောင်ရွက်ပေးကြပါ”ဟု တိုက်တွန်းပြောကြားသည်။

                                                                        *******************************************

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ ဆက်ရှိနေမည်ဟုအာဆီယံ ဖိုရမ်ပြောကြား

(Today Online မှ 3 August 2012 ရက်စွဲပါ “Myanmar Reforms Here to Stay, Say ASEAN Forum”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလှိုင်း ပေါ်ထွက်နေပြီဖြစ်သော်လည်း အစိုးရက ယင်း၏ မိုက်မဲကြမ်းကြုတ်သော လမ်းဟောင်းကို ပြန်လှည့်သွားလေမလားဟူသောသံသယများ ကျန်ရှိနေဆဲပင်ဖြစ်သည်။

သို့သော် မနေ့ကစင်ကာပူတွင်ကျင်းပသည့် ၅ ကြိမ်မြောက် အာဆီယံနှင့် အာရှဖိုရမ်သို့တက်ရောက်လာသူများက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဟု တစ်ခဲနက်သဘောတူကြသည်။

Singapore Institute of International Affairs ကစီစဉ်သော ဖိုရမ်သို့ စင်ကာပူနိုင်ငံဆိုင်ရာမြန်မာနိုင် ငံသံအမတ်ကြီး ဒေးဗစ် ဒဲရစ်မစ်ချယ်Yoma Strategic Holding ဥက္ကဋ္ဌ ဆာ့ဂ်ျပန်း၊ S.Ragaratnam School of International Studies Center ဦးဆောင်သူ ဒေါက်တာ မယ်လီဘာဘောလီရို အန်တိုနီစသူတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုကိုဆွေးနွေးကြရာတွင် စတင်နေပြီဖြစ်သည့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ရေရှည်ဆက်လက် ရှင်သန်နေလိမ့်မည်ဟု ဖိုရမ်တက်ရောက်သူများက အပြုသဘောရှုမြင်ခဲ့ကြသည်။ မြန်မာ့သဘာဝသံယံဇာတနှင့်ဈေးကွက်အလားအလာအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့်သူများ မျက်စိကျနေမှုသည် စီးပွားရေးရည်မှန်ချက်များကို ဆက်လက်ဖြစ်ပေါ်နေလိမ့်မည်ဟု ၎င်းတို့ ကဆိုသည်။

အပြောင်းအလဲကို အားထုတ်ကြိုးပမ်းခဲ့သော သမ္မတဦးသိန်းစိန်၏ ဦးဆောင်မှုသည် ပြုပြင်ပြောင်းလဲမှုများကို လမ်းညွှန်အကောင်အထည် ဖော်ရာတွင် ဗဟိုချက်အဖြစ် အရေးပါနေလိမ့်ဦးမည်ဟု ၎င်းတို့ကဆက်လက်သုံးသပ်ကြသည်။

မြန်မာနိုင်ငံသား မစ္စတာဆာ့ဂ်ျမန်းက “သမ္မတဦးသိန်းစိန်ရဲ့မူဝါဒဟာ သူ့ပတ်ဝန်းကျင်က လူတွေနဲ့နှိုင်းယှဉ်ရင် လုံးဝကွဲပြားနေတဲ့အတွက် အခုလို လေးစားခြင်းခံရတာ ဖြစ်ပါတယ်။ သူအာဏာရပြီး ၈ လအတွင်းမှာ လုပ်ကိုင်အောင်မြင်ခဲ့တဲ့အရာတွေကို ကြည့်မယ်ဆိုရင် ဒီပြုပြင်ပြောင်းလဲမှုတွေဟာ ဝိုင်အဟောင်းပုလင်း ပြန်သွပ်ထားတာမဟုတ်ဘူးဆိုတဲ့အချက်ကို ခင်ဗျားသဘောတူမှာပါ”ဟု ရှင်းလင်းပြောဆိုသည်။

သံအမတ်ကြီး မစ္စတာ ဒယ်ရစ်မစ်ချယ်ကလည်း သီးသိန်းစိန်သည် အစိုးရ၏စေတနာနှင့်မူဝါဒများကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အတိုက်အခံပါတီအပါအဝင် အခြားပါတီများ၊ အဖွဲ့အစည်းများအား ရှင်းလင်းပြောဆိုစည်းရုံးရာတွင် အောင်မြင်မှုရရှိသည်ဟု မှတ်ချက်ပေးသည်။

၎င်းအပြောင်းအလဲများကြောင့် မြန်မာနှင့်အနောက်အုပ်စုအကြား ဆက်ဆံရေးနွေးထွေးလာသော်လည်း ရိုဟင်ဂျာပြဿနာကဲ့သို့သော လူ့အခွင့်အရေးကိစ္စများ ကျန်ရှိနေဆဲဖြစ်ပြီး စီးပွားရေးမျက်နှာစာတွင်လည်း ၂၀၁၄ အာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည့် မြန်မာနိုင်ငံသည် ငွေကြေးနှင့် ယုံကြည်လောက်စရာအခြေခံများ ချို့တဲ့နေဆဲပင်ဖြစ်သည်။

ယင်းကိစ္စများကို အပြည့်အဝပြည်ပပံ့ပိုးမှု ဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှု အရှိန်ပျက်မည်မဟုတ်ပါဟု ဖိုရမ်တက်ရောက်သူများက ထပ်မံပြောဆိုခဲ့သည်။

*****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive