Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ခြိမ်းခြောက်ခံနေရသော ရိုဟင်ဂျာများထံရောက်ရှိခြင်း

(14 August 2012 ရက်စွဲပါ New York Times မှ Robert Mackey ရေးသားသော Visiting  Myanmar’s threatened Rohingyas ကိုဘာသာပြန်သည်)

  1. ကမ္ဘာ့သဘောထားကို နားထောင်ကာ ရိုဟင်ဂျာများကို မြန်မာနိုင်ငံလက်ခံလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းယူဆ

(Bernama News မှ 15 August 2012 ရက်စွဲပါ“ Dr Mahathir optimistic Myanmar will listen to world opinions and accept Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

  1. တရုတ်-မြန်မာရဲများက လောက်ကိုင်မူးယစ်ဂိုဏ်းကို ဖမ်းဆီး

(China Daily မှ 16 August 2012 ရက်စွဲပါ“Chinese, Myanmar police bust drug gang” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ထိုင်းသတင်းထောက် နာမည်ပျက်စာရင်းကို ဦးသိန်းစိန် ပယ်ဖျက်ပေးမည်

(Bangkok Post မှ 16 August 2012 ရက်စွဲပါ“ Thein Sein foaxe blacklist ” သတင်းကို ဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

ခြိမ်းခြောက်ခံနေရသော ရိုဟင်ဂျာများထံရောက်ရှိခြင်း

(14 August 2012 ရက်စွဲပါ New York Times မှ Robert Mackey ရေးသားသော Visiting  Myanmar’s threatened Rohingyas ကိုဘာသာပြန်သည်)

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် လေ့လာသူများနှင့် အကူအညီပေးရေးလုပ်သားများကို တရားဝင်တားဆီးထားသော်လည်း ဗြိတိန် နိုင်ငံ၏ Channel 4 News သည် အင်္ဂါနေ့က ထိုဒေသမှ ပေးပို့နိုင်ရန် စီမံနိုင်ခဲ့သည်။

ဗြိတိသျှသတင်းအဖွဲ့သည် စစ်တွေမြို့အပြင်ဖက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ရိုဟင်ဂျာစခန်းတွင် ရိုက်ကူးခဲ့ပြီး မွတ်ဆလင်များက ၎င်းတို့၏ အိမ် များ ကို မီးရှို့ခဲ့သည်ဟု မဖြစ်နိုင်သော စွပ်စွဲမှုများ ပြုလုပ်ခဲ့သော မြို့ထဲမှ ဗုဒ္ဓဘာသာဝင်များကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူ အညီပေးရေးအုပ်စုများသည် မွတ်ဆလင်များအပေါ်တွင် မျက်နှာသာပေး၍ ဘက်လိုက်ကြောင်း ဗုဒ္ဓဘာသာဝင်များက သတင်းထောက်များအား ပြောကြား ကြသည်။

မြန်မာနိုင်ငံက ၎င်းတွင်နေထိုင်လျက်ရှိသော ရိုဟင်ဂျာ ရှစ်သိန်းခန့်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်လျက်ရှိသည်။ ၎င်းတို့၏ဘိုး ဘွားများသည် ၁၉ရာစုဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးအစတွင် ထိုနေရာသို့ရောက်လာကြောင်း အငြင်းပွားနိုင်သော သီအိုရီကို လက်ခံ၍ ငြင်းဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက အစိုးရသည် ၎င်းတို့အားလုံးကို နှင်ထုတ်ရန် အဆိုပြုခဲ့သည်။ ထို့ကြောင့် အချို့ရိုဟင်ဂျာများသည် ဘင်္ဂလားဒေရှ့်နယ်စပ်ကိုဖြတ်၍ ဒုက္ခ သည်အဖြစ် ထွက်ပြေးရန် ကြိုးစားမှုများကို ဖြစ်စေသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ ဒက္ကားတက္ကသိုလ်မှ စီးပွားရေးပညာရှင် Moshahida Sultana Ritu ၏ အဆိုအရ ဒုက္ခသည်များများစွာ ဝင်ရောက်လာခြင်း ကြောင့် အချို့ဘင်္ဂလားဒေရှ့်လူမျိုးများကြားတွင် ရိုဟင်ဂျာဆန့်ကျင်ရေးစိတ်များ ပေါက်ဖွားလာမည်ကို စိုးရိမ်ရကြောင်း သိရှိရသည်။ အစပိုင်းတွင် ဘင်္ဂလားဒေရှ့်အစိုးရသည် ဒုက္ခသည်များကို အကူအညီမပေးဘဲ မူရင်းနေရာသို့ ပြန်သွားရန် မောင်းထုတ်ခဲ့သည်။

ထို့အပြင် Ms. Sultana Ritu က ပြောကြားခဲ့ရာတွင် မြန်မာအစိုးရသည် ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များကို အသုံးပြု၍ အိမ်များကိုမီးရှို့ခြင်း၊ လူများစွာ သတ်ခြင်းများနှင့် ရိုဟင်ဂျာများကို ၎င်းတို့၏ ရွာများမှ ရွေ့ပြောင်းစေခြင်းများကို အဓမ္မပြုလုပ်ခဲ့ကြောင်း ပြောသည်။ ရိုဟင်ဂျာများကို တိုက်ခိုက်နေခြင်းသည် လူမျိုးရေးအရ ပြင်းထန်သော ဖြစ်ရပ်များမဟုတ်ဘဲ အစိုးရကနောက်ခံပြု၍ လုပ်ဆောင်နေသော လူမျိုးတုံးလုပ်ဆောင်ခြင်းဖြစ်ကြောင်း အဆိုပါပါမောက္ခက ပြောကြားခဲ့သည်။

 --------------------------------------------------------------------------------------------------------------------------------

 ကမ္ဘာ့သဘောထားကို နားထောင်ကာ ရိုဟင်ဂျာများကို မြန်မာနိုင်ငံလက်ခံလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်းယူဆ

(Bernama News မှ 15 August 2012 ရက်စွဲပါ“ Dr Mahathir optimistic Myanmar will listen to world opinions and accept Rohingya” သတင်းကို ဘာသာပြန်ဆိုသည်)

ရိုဟင်ဂျာ မွတ်ဆလင်များအား နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ လက်ခံရေးနှင့်ပတ်သက်သည့် အိမ်နီးချင်းနိုင်ငံများ၊ အခြားကမ္ဘာ့ နိုင်ငံများ၏ သဘောထားကို မြန်မာခေါင်းဆောင်များ နားထောင်ကြလိမ့်မည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာက အကောင်းမြင်မှတ်ချက် ပေးသည်။

ယခုလက်ရှိခေါင်းဆောင်များသည် အရင်ကခေါင်းဆောင်ဟောင်းများနှင့် အယူအဆခြင်းကွဲပြားကြောင်းကို မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဒီမို ကရေစီဖြစ်စဉ်က ပြသနေသည်ဟု မဟာသီယာက ဆိုသည်။ သို့သော် ရိုဟင်ဂျာများကို လက်သင့်ခံရမည့်လုပ်ငန်းစဉ်သည် အချိန်ယူရဖွယ်ရှိသည်ဟု ၎င်း ကသုံးသပ်သည်။

“လက်ရှိ မြန်မာခေါင်းဆောင်တွေဆီမှာ ထူးခြားကွဲပြားတဲ့အတွေးအမြင်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အိမ်နီးခြင်းတွေနဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ သ ဘောထားကို သူတို့လုံးဝဂရုမစိုက်ဘဲ လစ်လျူရှုလိမ့်မယ်လို့ မထင်ပါဘူး။ အချိန်ယူရမယ်ဆိုပေမယ့်လည်း ရိုဟင်ဂျာတွေကို သူတို့လက်ခံပေးမှာပါ” ဟု ဝန် ကြီးချုပ်ဟောင်း မဟာသီယာက Perdama Leadership Foundation ရုံးခန်းတွင် သတင်းထောက်များအား ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

တရုတ်-မြန်မာရဲများက လောက်ကိုင်မူးယစ်ဂိုဏ်းကို ဖမ်းဆီး

(China Daily မှ 16 August 2012 ရက်စွဲပါ“Chinese, Myanmar police bust drug gang” သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နှင့်မြန်မာရဲများက နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးဂိုဏ်းကို ပူးပေါင်းနှိမ်နင်းကာ သံသယရှိသူ၁၁ဦးနှင့် မူးယစ်ဆေးဝါး ၆၀၀ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့သည်ဟု ဗုဒ္ဓဟူးနေ့ထုတ် သတင်းများက ဆိုသည်။

ယူနန်ပြည်နယ်မှ ရဲများနှင့်မြန်မာရဲများ ပူးပေါင်းကာ မြန်မာနိုင်ငံနယ်စပ် လောက်ကိုင်ဒေသမှ မူးယစ်ဆေးစက်ရုံတစ်ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ မီ သိုင်းအင်ဖက်တာမင်း ၃၄၇ကီလိုဂရမ်နှင့် ထရာမာဒေါ၁၂၀ကီလိုဂရမ်ကို သိမ်းဆည်းခဲ့သည်ဟု တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသည်။

မစ္စတာမူရောင်ဟောင်ဆိုသူ အမျိုးသားတစ်ဦးက မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချရန် မြန်မာနယ်စပ်၌ ဦးဆောင်လှုပ်ရှားနေသည်ဟူသော သ တင်းကို ယူနန်မူးယစ်ဆေးတပ်ဖွဲ့က မေလတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် နှစ်လကြာတွင် စုံးစမ်းမှုများ ပြုလုပ်ပြီးနောက် လောက်ကိုင်ရှိ မူးယစ်ဆေးဝါးထုတ်လုပ်သော စခန်းကို ဇူလိုင်၉ရက်တွင်  ဝင်ရောက်စီး နင်းကာ တရားခံ၁၀ဦးကို ဖမ်းဆီးခဲ့သည်ဟု သိရှိရသည်။

တစ်ချိန်ထဲတွင် ယူနန်ပြည်နယ် လင်တန်မြို့နယ်တွင် တရုတ်ရဲများက မူရောင်ဟောင်ကို ဖမ်းဆီးခဲ့ကြသည်။ တရုတ်ပြည်မကြီးသည် ၂၀၁၂ခုနှစ် အတွင်း မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဟောင်ကောင်၊ ထိုင်ဝမ်နိုင်ငံတို့မှ ရဲတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု ဖြင့် မူးယစ်ဆေးဝါးဆက်စပ်မှုခင်း ၁၁ခုကို အ ရေးယူနှိမ်နင်းခဲ့သည်ဟု တရုတ်ဝန်ကြီးဌာနက ဆိုသည်။

 --------------------------------------------------------------------------------------------------------------------------------

ထိုင်းသတင်းထောက် နာမည်ပျက်စာရင်းကို ဦးသိန်းစိန် ပယ်ဖျက်ပေးမည်

(Bangkok Post မှ 16 August 2012 ရက်စွဲပါ“ Thein Sein foaxe blacklist ” သတင်းကို ဘာသာပြန်ဆိုသည်)

၂၀၀၃ခုနှစ်တွင် ပြုလုပ်ထားသော နာမည်ပျက် blacklist စာရင်းမှ ထိုင်းသတင်းထောက် ၁၅ဦး၏ အမည်များကို ပယ်ဖျက်ပေးမည်ဟု မြန်မာသမ္မ တ ဦးသိန်းစိန်က ကတိပေးလိုက်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူခွန်ပေါဆူဝန်နာတက်က မနေ့ကပြောကြားသည်။

၂၀၀၃ခုနှစ်က နာမည်ပျက်စာရင်းသွင်းထားသော ထိုင်းသတင်းထောက်၁၅ဦး၏ အမည်စာရင်းနှင့်ဓါတ်ပုံများကို ဌာနဆိုင်ရာ တာဝန်ရှိသူများထံမှ ရရှိသည်နှင့်တပြိုင်နက် မြန်မာသမ္မတက ပယ်ဖျက်မိန့်ပေးလိမ့်မည်ဟု ဆူခွန်ပေါက ဆိုသည်။

တရားဝန်နှစ်ရက်ကြာ ခရီးစဉ်ကို ယနေ့အဆုံးသတ်လိုက်သော ကာကွယ်ရေးဝန်ကြီး ဆူခွန်ပေါက၎င်းနှင့် လိုက်ပါလာသည့် သတင်းထောက်အုပ် စုအား “ယခုဆောင်ရွက်ချက်သည် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သည်။

၎င်းက သမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့မှုနှုတ်ဆက်ရင်း ဆွေးနွေးခဲ့သော ကိစ္စများထဲတွင် သတင်းထောက် နာမည်ပျက် စာရင်းကိစ္စ အ ပြင် နယ်မြေပိုင်နက်ကျူးကျော်မှု၊ လက်နက်နှင့်မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု တို့ဖြင့် ဖမ်းဆီးခံထားရသော ထိုင်း(၉၂)ဦးတို့၏ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

၂၀၀၂ခုနှစ် ထိုင်း-မြန်မာနယ်ခြားဆက်ဆံရေး ဆိုးဝါးသွားခဲ့စဉ် အချိန်ကာလတွင် ၎င်းထိုင်းသတင်းထောက် ၁၅ဦးက မြန်မာဆန့်ကျင်ရေး ဆောင်းပါးများ ရေးသားကာ မြန်မာအစိုးရကို သိက္ခာချပုတ်ခတ်ခဲ့သည်ဟု မြန်မာအာဏာပိုင်များက သတ်မှတ်ကာ နာမည်ပျက် စာရင်းသွင်း ထားခြင်းဖြစ် သည်။ ထိုစဉ်က ထိုင်းစစ်တပ်ကလည်း ရှမ်းပြည်နယ်ရှိ UWSAစစ်တပ်၏ ဘိန်းထုတ်လုပ်မှုနောက်ကွယ်တွင် မြန်မာအစိုးရရှိနေသည်ဟု စွပ်စွဲပြောကြားခဲ့ သည်။

ထိုအချိန်မှစ၍ နာမည်ပျက်စာရင်းဝင် ထိုင်းသတင်းထောက်များကို မြန်မာနိုင်ငံသို့ ခရီးသွားလာခွင့် ဗီဇာမပေးတော့ပါ။ အဆိုပါ သတင်းထောက် များအနက် အချို့မှာ Bangkok Post နှင့် Nation သတင်းဌာနများအတွက် အလုပ်လုပ်နေသူများ ဖြစ်သည်ဟုသိရှိရသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၆.၈.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာများအတွက် စာသင်ကျောင်းများ ဖွင့်ပေးမည်ဟု သမ္မတက VOA သို့ပြောကြား

(VOA News မှ 14 August 2012 ရက်စွဲပါ “Burma’s President Tells VOA He Will Open Schools for Rohingya” သတင်းကို ဘာ သာ ပြန်ဆိုသည်။)

  1. အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားရာဒေသသို့ မစ်ရှင်များသွားရောက်နိုင်ခြင်းကို ကုလကိုယ်စားလှယ် ကြိုဆို

(UN News Centre မှ 14 Aug 2012 ရက်စွဲပါ “Myanmar: UN envoy welcomes mission to area affected by ethnic violence” သတင်း ကို ဘာသာပြန်ဆိုသည်။)

  1. ဖွံ့ဖြိုးရေးဘဏ်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်

(The Nation သတင်းစာမှ 13 August 2012 ရက်စွဲပါ Development banks back Myanmar for credit ကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်းနိုင်ငံ၏ Reuters မှ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျ

(14 August 2012 ရက်စွဲပါ Reuters မှ Thai Ratchaburi eyes investments in Myanmar, Cambodia ကို ဘာသာပြန်ပါသည်။)

*****************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာများအတွက် စာသင်ကျောင်းများ ဖွင့်ပေးမည်ဟု သမ္မတက VOA သို့ပြောကြား

(VOA News မှ 14 August 2012 ရက်စွဲပါ “Burma’s President Tells VOA He Will Open Schools for Rohingya” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက ဖိနှိပ်နေသည်ဟု စွပ်စွဲနေကြသော  ရိုဟင်ဂျာ မူစလင်များ၏ ပညာရေး တိုးတက်စေရန် စာသင်ကျောင်းများ ဖွင့်လှစ်ပေးမည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သည်။

VOA မြန်မာပိုင်း အစီအစဉ်မှူး ဦးသန်းလွင်ထွန်းနှင့် နေပြည်တော်တွင်ပြုလုပ်သော အင်တာဗျူးတွင် သမ္မတဦးသိန်းစိန်က “မတူကွဲပြားသော အ သိုင်းအဝိုင်းများ အလိုက်သင့် နေထိုင်၍ လူအခွင့်အရေး လေးစားမှုရှိရန်အတွက် ပညာရေးသည် အရေးပါကြောင်း ” ပြောကြားခဲ့ခြင်းဖြစ်သည်။

                ဘင်္ဂါလီများ ရိုဟင်ဂျာများသည် ဘာသာရေးသင် ကျောင်းများသာရှိကြပြီး စစ်မှန်သောပညာရေး အစီအစဉ်မရှိဟု ၎င်းကဆိုသည်။ “ဒါ့ကြောင့်သူတို့ အတွက် စာသင်ကျောင်းတွေ ဖွင့်ပေးပြီး ခေတ်မီပညာရေးကိုပေးမယ်။ သူတို့ပညာတတ်လာမယ်ဆိုရင် ပိုမိုတွေးခေါ်တတ်လာပြီး အမှားအမှန်ကို ဆုံးဖြတ်နိုင် ပါလိမ့်မယ်။

မြန်မာနိုင်ငံအတွင်း၌ နေထိုင်သော ရိုဟင်ဂျာမူစလင် ခန့်မှန်းခြေ ၈သိန်းခန့်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားသည်။ မြန်မာပြည် သူအများစုကလည်း ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားမဝင်ရွှေ့ပြောင်းနေထိုင်ကြသော ဘင်္ဂါလီများဟု သတ်မှတ်ထားကြသည်။

ရိုဟင်ဂျာပြဿနာနောက်ပိုင်း ဖွဲ့စည်းထားသော ဗြိတိသျှ အခြေစိုက် Restless Beings အုပ်စုကို ထူထောင်သူ ဒါရိုက်တာ မာဘရားအာမက်က ဦး သိန်းစိန်၏ စာသင်ကျောင်းအစီအစဉ်ကို ကြိုဆိုထောက်ခံသော်လည်း လူမျိုးရေးခွဲခြားမှု ရှိနိုင်ကြောင်း သတိပေးသည်။

ထို့ပြင် နိုင်ငံသားခံယူခွင့် မရသောကြောင့် ရိုဟင်ဂျာများ အနေဖြင့် မြေပိုင်ဆိုင်ခွင့် လက်ထပ်ထိမ်းမြားခွင့်ကိစ္စများ ဆောင်ရွက်ရန်များစွာ အခက်အ ခဲရှိနေသည်ဟု မားဘရားအာမက်က ဆိုပါသည်။

“ယေဘူယျအားဖြင့်တော့ လူတိုင်းတန်းတူညီမျှအခွင့်အရေး ရှိပြီး မျိုးရိုးစဉ်ဆက်ဗမာ၊ တိုင်းရင်းသားဗမာ၊ ဘိုးစဉ်ဘောင်ဆက်ဗမာအစရှိတဲ့ လူမျိုး ရေးခွဲခြားမှုတွေ မရှိစေဖို့ ဥပဒေတစ်ရပ်လုံးကို ပြန်လည်သုံးသပ်သင့်ပါတယ် ” ဟု အာမက်ကပြောကြားသည်။

ထို့ပြင်နိုင်ငံသားခံယူခွင့် မရသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မြေပိုင်ဆိုင်ခွင့်၊ လက်ထက်ထိမ်းမြားခွင့် ကိစ္စများဆောင်ရွက်နိုင်ရန် များစွာအ ခက်အခဲများ ရှိနေသည်ဟု မားဘရားအာမက်က ဆိုသည်။

မြန်မာနိုင်ငံမှ တပ်မတော်အစိုးရမှ အရပ်သားအစိုးရသို့ အသွင်ပြောင်းမှုသည် ကောင်းမွန်သော အပြုသဘောဆောင်ရွက်ချက်ဖြစ်ပြီး သမ္မတ၏ အင် တာဗျူးသည် မြန်မာအစိုးရအကြီးအကဲက VOAသတင်းဋ္ဌာနကို ပထမဆုံးခွင့်ပြုသော အင်တာဗျူးလည်းဖြစ်သည်။

ယခင် တပ်မတော်အစိုးရဟောင်း လက်ထက်တွင် VOAကို ကောလဟာလသတင်းများ ဖြန့်ချိသည်ဟု စွပ်စွဲ၍ ပိတ်ပင်ထားခဲ့ဘူးသည်။ မကြာသေး မီက ဖြစ်ပွားသော ရခိုင်ပြည်နယ်မှ အဓိကရုဏ်းအပေါ် နိုင်ငံခြားစုံစမ်းစစ်ဆေးမှု မှန်သမျှကို မြန်မာနိုင်ငံက ကန့်ကွက်သည်ဟု သမ္မတကထပ်မံ ပြောကြား သည်။

ထို့ပြင် အဓိကရုဏ်း ဘေးဒဏ်သင့် ဒုက္ခသည်များကို အစိုးရက အကူအညီများ ပေးအပ်နေကြောင်း လူပေါင်း၈၀ခန့် သေဆုံးခဲ့ရသော အကြမ်းဖက် မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော မြန်မာ့လူ့အခွင့်အရေး ကော်မရှင်ကို တောင်းဆိုထားပြီးဖြစ်ကြောင်း ပြည်တွင်းဆူပူ အကြမ်းဖက်ဖြစ်စဉ်ကို စုံ  စမ်းစစ်ဆေးရန် မလိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က ရှင်းလင်းပြောဆိုသွားသည်။

-------------------------------------------------------------------------------------------------------------------------------

 အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားရာဒေသသို့ မစ်ရှင်များသွားရောက်နိုင်ခြင်းကို ကုလကိုယ်စားလှယ် ကြိုဆို

(UN News Centre မှ 14 Aug 2012 ရက်စွဲပါ “Myanmar: UN envoy welcomes mission to area affected by ethnic violence” သတင်းကို ဘာသာပြန်ဆိုသည်။)

လူ့အသက်များသေဆုံး၍ ထောင်ပေါင်းများစွာ အိုးမဲ့၊အိမ်မဲ့ ဖြစ်စေခဲ့သော အကြမ်းဖက်အဓိကရုဏ်း ဖြစ်ပွားရာ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သို့ မကြာသေးမီက သွားရောက်ခဲ့ကြသည့် တူရကီနိုင်ငံခြားရေးဝန်ကြီး၏ မစ်ရှင်နှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) တို့၏မစ် ရှင်တို့ကို ကြိုဆိုထောက်ခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ယနေ့ပြောကြားသည်။

မြန်မာအစိုးရ၏ ဖိတ်ကြားမှုအရ ရောက်ရှိလာသော တူရကီနိုင်ငံခြားရေးဝန်ကြီး အာမက်ဒါဗူတိုဂလူး၏ အချက်အလက်လေ့လာရေး ခရီးစဉ်အပေါ် ကုလအတွင်းရေးမှုးချုပ်၏ အထူးအကြံပေး ဗီဂျေးနမ်ဘီယာက “ဒီလိုအပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံမှာ စတင်နေတဲ့ ဒီမိုကရေ စီ ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုပါလိမ့်မယ်”ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနောက်ပိုင်း၌ ဗုဒ္ဓဘာသာရခိုင်များနှင့် မွတ်ဆလင် ရိုဟင်ဂျာများ အကြားမကြာာသေးမီက ဖြစ်ပွားခဲ့သော အပြန်အလှန် အကြမ်းဖက် မှု ဖြစ်စဉ်တွင် အနည်းဆုံးအားဖြင့် အရပ်သားများ ဒါဇင်နှင့်ချီ၍သေဆုံးကာ ရာပေါင်းများစွာသော နေအိမ်များ ပျက်စီးဆုံးရှုံးပြီး လူထောင်ပေါင်းများစွာကို အိုးမဲ့၊အိမ်မဲ့ ဖြစ်သွားစေခဲ့သည်။

တူရကီနိုင်ငံကပေးအပ်သော ကယ်ဆယ်ထောက်ပံ့မှု ပစ္စည်းများကို ဖြန့်ဝေပေးနေသည့် ရခိုင်ဒုက္ခသည်စခန်းများနှင့် ရိုဟင်ဂျာဒုက္ခသည် စခန်းများ သို့သွားရောက်ကြည့်ရှုသော တူရကီကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံက ကုလသမဂ္ဂ အကူအညီအပြင် ပထမဆုံးလက်ခံခဲ့သော ပြင်ပအကူအညီဖြစ် သည်ဟု နမ်ဘီယာ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာအစိုးရက သူ့ရဲ့ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို တိုက်ဖျက်ရာမှာ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ဖို့လိုလားတယ်ဆိုတာကို ဒီခ ရီး စဉ်တွေက ပြသနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်နဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းတို့ မြန်မာအာဏာပိုင်တွေနဲ့ အဆက်မပြတ် အဆက် အသွယ်ရှိနေပါတယ်” ဟု မစ္စတာ နမ်ဘီယာက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သော အပတ်အတွင်း မြန်မာနိုင်ငံ ၄ ရက်ခရီးစဉ် အပြီးတွင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန(OCHA) ဒါရိုက် တာ ဂျွန်ဂင်က မြန်မာနိုင်ငံတွင် အိုးမဲ့၊အိမ်မဲ့ဖြစ်နေသော ပြည်သူသန်းဝက်(၅သိန်းကျော်ခန့်) ရင်ဆိုင်နေရသော ပြဿနာများ ကြီးထွားနေကြောင်း၊ သတိပေး ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးအေဂျင်စီများအား နေရာအနှံသွားရောက်ခွင့်ပေးရန် တောင်းဆိုထားပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို မနှစ်ကစတင်၍ တစ်သီတစ်တန်း ပြုလုပ်ခဲ့ပြီးနောက် ဒီမိုကရေစီ လိုလားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာစေသည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်း ပပေးနိုင်ခဲ့ခြင်းကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက “သမိုင်းဝင် အခိုက်အတန့်” ဟု ၎င်း၏ဧပြီလ မြန်မာခရီးစဉ်တွင် ချီးကျူး ဂုဏ်ပြု ပြောဆိုခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

ဖွံ့ဖြိုးရေးဘဏ်များမြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်

(The Nation သတင်းစာမှ 13 August 2012 ရက်စွဲပါ “Development banks back Myanmar for Credit” ကို ဘာသာပြန်ဆိုသည်)

မြို့တော်ဟောင်း ရန်ကုန်၌ ကမ္ဘာ့ဘဏ်(World Bank) နှင့်အာရှဖွံ့ဖြိုးရေးဘဏ်ာ (ADB)တို့၏ ရုံးခွဲများဖွင့်လှစ်လိုက်ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေးဘဏ်များနှင့် နိုင်ငံခြားအစိုးရများထံမှ ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်လုပ်ကိုင်မှုများ ပြုလုပ်နိုင်အောင် လမ်းခင်းပေးလိုက်ခြင်း ပင်ဖြစ်ကြောင်း Moody's Inverstor Service(MIS)က ပြောကြားသည်။

"ကမ္ဘာ့ဘဏ်နှင့် ADBဘဏ်တို့နှင့် ချိတ်ဆက်မှုသည် နုနယ်လွန်းလှသည့် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးဖြစ်စဉ်တို့ကို ပိုမိုတိုးတက် ကောင်းမွန်စေ မည်ဖြစ်သည်။ အကယ်၍ စီစဉ်ထားသည့်တိုင်းလုပ်ကိုင်သွားနိုင်မည်ဆိုပါက ပွင့်လင်းတိုးတက်လာမည့် မြန်မာ့စီးပွားရေးသည် ပုဂ္ဂလိကအခန်းကဏ္ဍမှ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများကိုပါ ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်သည်"ဟု စီးပွားရေး အဆင့်တန်းသတ်မှတ်မှုများ ပြုလုပ်သည့် Moody's Inverstor Serviceက ကြေ ညာချက် ထုတ်ပြန်သည်။

ထို့ပြင် ယခုကဲ့သို့ ရုံးခွဲများဖွင့်လှစ်ခြင်းကြောင့် ယခင်သတ်မှတ်မှုမရှိခဲ့သော မြန်မာနိုင်ငံအတွက် ချေးငွေအဆင့် သတ်မှတ်ချက်အတွက် အပေါင်း လက္ခဏာ ဆောင်စေမည်ဖြစ်ကြောင်း MIS ကဆိုသည်။ မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီများကို ၁၉၈၀ ပြည့်နှစ်များအတွင်း ဆိုင်းငံ့ခဲ့ပြီးနောက် ဖွံ့ဖြိုး ရေး ဘဏ်ကြီးများကလည်း ချေးငွေသစ်များပေးမည့် အစီအစဉ်များကို ရပ်ဆိုင်းခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်အကြား နောက်ဆုံးအကြိမ်တရားဝင်တွေ့ဆုံဆွေးနွေးမှုကို ၁၉၈၆ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ ဘဏ်၏ ဆင်းရဲနွမ်းပါးသော နိုင်ငံများဆိုင်ရာ ရန်ပုံငွေအဖွဲ့ဖြစ်သော နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA)သို့ အမေရိကန်ဒေါ်လာ၇၈၀ခန့် ပေးရန်ရှိသည်။ အာရှ ဖွံ့ဖြိုးရေးဘဏ်(ADB)သို့ ပေးရန် အချိန်ကျော်လွန်သွားသည့်အကြွေးမှာ ဒေါ်လာသန်း၅၀၀နီးပါး ရှိနေပြီဖြစ်သည်။

ယခုမြန်မာနိုင်ငံသို့ ကမ္ဘာ့ဘဏ်နှင့် ADBဘဏ်တို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်လာနိုင်ရေးအတွက် ဂျပန်နိုင်ငံက ဆောင်ရွက် ပေး လျက်ရှိသည်။ နိုင်ငံပေါင်းစုံပါဝင်သော ဘဏ်များသို့ ပေးရန်ရှိသော ကြွေးကျန်များအား မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပေးဆပ်နိုင်အောင် ဂျပန်ဘဏ် လုပ် ငန်းကြီးများအဖွဲ့က ဒေါ်လာသန်း၉၀၀အား ရန်ပုံငွေအဖြစ် မတည်ပေးဖွယ်ရှိသည်။ ထို့နောက် ကမ္ဘာ့ဘဏ်နှင့် ADBဘဏ်တို့က အတိုးနှုန်းနည်းသော ချေး ငွေများ ထုတ်ပေးခြင်းအားဖြင့် ပေးရန်ရှိသော ကြွေးကျန်များ ပြန်ဆပ်နိုင်အောင် လုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။

မြန်မာအနေဖြင့် ကြွေးကျန်များအားလုံးကို လုံးလုံးလျားလျားပေး ဆပ်ပြီးသွားသည်နှင့်တစ်ပြိုင်နက် နိုင်ငံပေါင်းစုံပါဝင်သော ရန်ပုံငွေအဖွဲ့များနှင့် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းတို့မှထောက်ပံ့ကြေးများနှင့် ရန်ပုံငွေများ ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းမှာ က မ္ဘာ့ဘဏ်၏ ပုဂ္ဂလိကဆိုင်ရာ ချေးငွေအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်ထားပြီဖြစ်သည်။

"နိုင်ငံပေါင်းစုံပါ ဖွံ့ဖြိုးရေးဘဏ်၏ ကြွေးကျန်များ ကုန်စင်အောင်ဆပ်ရမည့် လုပ်ငန်းစဉ်များမှာ ၂၀၁၃ခုနှစ်အထိ ကြာမြင့်မည်ဖြစ်သည်။ သို့သော် နည်းပညာနှင့် အရည်အသွေးတည်ဆောက်ပေးမှု လုပ်ငန်းစဉ်မှာမူ စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်"ဟု MIS ကဆိုသည်။

ADB ဘဏ်၏ အဓိကအလေးပေးမှုမှာ မြန်မာနိုင်ငံတွင်း သယ်ယူပို့ဆောင်ရေးအခန်းကဏ္ဍများ တိုးတက်ကောင်းမွန်ရေး၊ အိမ်နီးချင်းမဲခေါင် နိုင် ငံ များနှင့် ကုန်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အဦများမြှင့်တင်ပေးရေးတို့ဖြစ်သည်။ ကမ္ဘာ့ဘဏ်ကမူ မြန်မာအစိုးရအား ဘဏ္ဍာရေးစနစ် ခေတ်မီဆန်းသစ် ရေးနှင့် ကောင်းမွန်သော စီးပွားရေးဝန်းကျင် ဖြစ်ထွန်းရေးတို့အတွက် အကြံပြုသွားမည် ဖြစ်သည်။

--------------------------------------------------------------------------------------------------------------------------------

ထိုင်းနိုင်ငံ၏ Reuters မှ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မျက်စိကျ

(14 August 2012 ရက်စွဲပါ Reuters မှ Thai Ratchaburi eyes investments in Myanmar, Cambodia ကို ဘာသာပြန်ပါသည်။)

ထိုင်းနိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ်က လျှပ်စစ်စွမ်းအင် ထုတ်လုပ်သူ Ratchaburi Electricity Generating Holding Pcl က အင်္ဂါနေ့က ပြောကြားရာ တွင် ၎င်းသည် မြန်မာနိုင်ငံတွင် ထားဝယ်စီမံကိန်းအပါအ၀င် လျှပ်စစ်ဓာတ်အားစက်ရုံနှစ်ခု သို့မဟုတ် သုံးခု ရင်းနှီးမြှုပ်နှံရန် ကြိုးစားနေကြောင်း ဆိုပါသည်။

ကုမ္ပဏီသည်လာမည့် တစ်နှစ်၊နှစ်နှစ်အတွင်း ထားဝယ်စီမံကိန်းတွင် တိုးတက်မှုရှိကြောင်း ပြသရန် လျှပ်စစ်ဓါတ်အား စက်ရုံစီမံကိန်းတစ်ခု မျှော် လင့်ကြောင်း၊ ကမ္ဘောဒီးယားတွင်လည်း  အသေးစားနှင့် အကြီးစားဓါတ်အားစက်ရုံများ ရင်းနှီးမြှုပ်နှံရန် လေ့လာလျက်ရှိကြောင်း ဥက္ကဋ္ဌ Noppol Milinthang- goon က သတင်းထောက်များသို့ ပြောကြားခဲ့ပါသည်။ ကုမ္ပဏီသည် ယခုနှစ်တွင် ဘတ်(၇)ဘီလီယံ သုံးစွဲရန် ရည်မှန်းထားကြောင်း ၎င်းကပြောပါသည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive