Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၃.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ကချင်ဒုက္ခသည်များအား ပြန်မပို့ရေး တရုတ်အား အမေရိကန်တိုက်တွန်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုဝန်ကြီးဝန်ကြီးဦးရေ အတိုးအလျှော့ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ သဝဏ်လွှာပေးပို့
  2. လူမှုဖူလုံရေးဥပဒေ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်ကြောင်း သိရ
  1. မြန်မာနိုင်ငံ ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် ကိုမိုးသီးဇွန်အဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ကချင်ဒုက္ခသည်များအား ပြန်မပို့ရေး တရုတ်အား အမေရိကန်တိုက်တွန်း

တရုတ်ပြည်နယ်အတွင်းသို့ရောက်ရှိလျက်ရှိသည့် စစ်ဘေးရှောင် ကချင်ဒုက္ခသည်များအား တရုတ်အစိုးရမှ ဖိအားပေး ပြန်မပို့ရေးအတွက် အမေရိကန်ပြည်ထောင်စုမှ တရုတ်အစိုးရအား တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအတွင်းသို့ ရောက်ရှိနေသည့် ကချင်စစ်ဘေးရှောင်ဒုက္ခသည်များအား ပြန်မပို့ရေးအတွက် အမေရိကန်နိုင်ငံမှ တိုက်တွန်းထား သည်ပာု အမေရိကန်နိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Patrick Ventrell က ပြောကြားကြောင်း လွတ်လပ်သောအာရှအသံတွင် ကိုးကားဖော်ပြထား ပြီး တရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်းမှ ကချင်ဒုက္ခသည်များအား နေရပ်သို့ ဖိအားပေးပြန်မပို့ရေးအတွက် အမေရိကန်နိုင်ငံအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က တရုတ်အစိုးရထံ တောင်းဆိုခဲ့ကြောင်း အေပီသတင်းဌာနတွင် ဖော်ပြခဲ့သည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIA)တို့အကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့်အတွက် ကချင် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူလူထုမှာ စစ်ရှောင်ရန်အတွက် ဒုက္ခသည်စခန်းများနှင့် တရုတ်ပြည်နယ်အတွင်းသို့ ဝင်ရောက်၍ စစ်ဘေးတိမ်းရှောင် လျက်ရှိပြီး တရုတ်အစိုးရမှ UNHCR ပါဝင်လာမည်ကို စိုးရိမ်သည့်အတွက် တရုတ်နိုင်ငံတွင်း ကချင်ဒုက္ခသည်များမရှိကြောင်း ငြင်းဆန်နိုင်ရန် ကချင်ဒုက္ခ သည်အချို့ကို နေရပ်အသို့ အတင်းအကြပ်ဖိအားပေး နှင်ထုတ်လျက်ရှိကြောင်း သိရသည်။

“တရုတ်နိုင်ငံထဲမှာ ခုဆို ကချင်ဒုက္ခသည်ဦးရေ တစ်သိန်းဝန်းကျင်လောက်ရှိပါပြီ။ ဒီထဲကအချို့ကို နေရပ်ကိုပြန်ဖို့အတွက် တရုတ်အစိုးရ ဖိအား ပေးစေခိုင်းပါတယ်။ ဒုက္ခသည်စခန်းမှာလည်း ကချင်ပြည်သူတွေအတွက် အကူအညီတွေ တအားလိုအပ်နေပါတယ်။ ကချင်စစ်ဘေးဒုက္ခသည်တွေရဲ့ စားရေး၊ သောက်ရေးနဲ့ ကျန်းမာရေးအခက်အခဲတွေကို အရေးပေါ်ဖြေရှင်းပေးနိုင်ဖို့လိုပါပြီ”ပာု ကချင်ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို့ တရုတ်အာဏာပိုင်များမှ တရုတ်နိုင်ငံအတွင်း ဝင်ရောက်နေသည့် ကချင်စစ်ဘေးရှောင်ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ အတင်း အဓမ္မ ပြန်လွှတ်နေခြင်းမှာ ပာုတ်မှန်ခြင်းမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက The News York Times သတင်းစာနှင့် တွေ့ဆုံမေးမြန်းစဉ် ငြင်းဆိုထားပြီး တရုတ်နိုင်ငံအနေဖြင့် ကချင်စစ်ဘေးရှောင်ဒုက္ခသည်များအား ထောက်ပံ့ကူညီမှုများပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားထားသည်။

                YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်ထောင်စုဝန်ကြီးဝန်ကြီးဦးရေ အတိုးအလျှော့ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ သဝဏ်လွှာပေးပို့

ပြည်ထောင်စုအစိုးရအဖွဲ့တွင်း ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီးဦးရေများကို ပြင်ဆင်ခြင်းနှင့် တိုး/လျှော့ခြင်းများပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောက်စုလွှတ်တော်နာယကထံသို့ သြဂုတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။

ယင်းသဝဏ်လွှာတွင် လက်ရှိ မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုများအတွက် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အချိန်ယူပြင်ဆင်ရန် လိုအပ်လျက်ရှိသည့်အတွက် ယခင်ကတည်းကပင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအား ဖျက်သိမ်းရန် ဖော်ပြခဲ့ပြီး အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် အမှတ် (၂) လျှပ်စစ်ဝန်ကြီးဌာနများအား လျှပ်စစ်ဝန်ကြီးဌာနအဖြစ် ဝန်ကြီးဌာန တစ်ခုတည်း ထားရှိလိုကြောင်း ပြည်ထောင်စုလွှတ်တော်နာယကထံသို့ သဝဏ်လွှာပေးပို့ခဲ့သည်။

လျှပ်စစ်စွမ်းအင် ဖူလုံရေးအတွက် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတို့ကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနနှစ်ခုခွဲ၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများမှာ ကြီးကြီးမားမား မကျန်ရှိတော့ကြောင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ဆောင်ရွက် ပေးလျက်ရှိပြီး အသေးစားနှင့် အလတ်စားထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် နိုင်ငံတွင်း လျှပ်စစ်ကဏ္ဍ ပိုမိုကောင်းမွန်စေရေး အတွက် လျှပ်စစ်ဝန်ကြီးဌာနနှစ်ခုအား တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုခြင်းဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အစိုးရသစ်တာဝန်ယူချိန်မှစတင်၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနနှစ်ခုကို ပြည် ထောင်စုဝန်ကြီးတစ်ဦးတည်းက တာဝန်ယူ၍ အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူလ ပြည်ထောင်စုဝန်ကြီးဌာန ၃၄ခုတွင် ပြည်ထောင်စု ဝန်ကြီး ၃၀ ဦးခန့်အပ်ပြီးဖြစ်သည့်အတွက် ပြည်ထောင်စုဝန်ကြီးဌာန ၃၆နေရာတွင် ပြည်ထောင်စုဝန်ကြီး ၃၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခွင့်ပြူရန် သီးခြား သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီးများအား ပြင်ဆင်ခြင်းနှင့် အတိုးအလျှော့ပြုလုပ်လိုကြောင်း သဝဏ် လွှာနှင့်ပတ်သက်၍ စက်တင်ဘာလ ၄ ရက်နေ့တွင် ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာကမှ လွှတ်တော်ကိုယ်စားလှယ်များအား အသိပေးကြေညာခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လူမှုဖူလုံရေးဥပဒေ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်ကြောင်း သိရ

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းဥပဒေပြဋ္ဌာန်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမို ခံစား ခွင့်ရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန်၊ အများပြည်သူတို့ အာမခံထားရှိပြီး လူမှု ဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုရရှိခံစားနိုင်စေရန်၊ လက်တွေ့ပကတိအခြေအနေနှင့် ကိုက်ညီသော အကျိုးခံစားခွင့်များ ပေးခြင်းဖြင့် လူမှုဖူလုံရေးစနစ်အပေါ် အများပြည်သူ ယုံကြည်ကိုးကားမှုများ ပိုမိုတိုးပွားလာစေရန်၊ အလုပ်ရှင်နှင့် အလုပ်သမားတို့က ပေးသွင်းထား သော အချို့သော ထည့်ဝင်ကြေးများကို စုဆောင်းငွေကဲ့သို့ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ထုတ်ယူခံစားခွင့် ရှိစေရန်နှင့် အလုပ်သမားများ အငြိမ်းစားယူပြီးနောက် ဆေးဝါးကုသမှုဆက်လက်ခံယူခွင့်၊ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်၊ သက်ပြည့်အငြိမ်းစားအကျိုးခံစားခွင့်၊ ကျန်ရစ်သူ အကျိုးခံစားခွင့်၊ အလုပ်လက်မဲ့အကျိုးခံစားခွင့်၊ အိမ်ရာနေထိုင်ခွင့်နှင့် ပိုင်ဆိုင်ခွင့်များပါ ရရှိလာနိုင်စေရန်အတွက်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

လူမှုဖူလုံရေးနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်နှင့်သက်ဆိုင်သော လုပ်ငန်းဌာန၏ မည်သည့်အလုပ်ရှင်မျှ မှတ်တမ်းများအား  မမှန်မ ကန် ပြုစုထားရှိခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း (သို့) ပယ်ဖျက်ခြင်း၊ သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးသို့ အလုပ်သမားဦးရေနှင့် ထည့်ဝင်ငွေကြေးတို့နှင့် ပတ်သက်၍ မမှန်မကန်တင်ပြအစီရင်ခံခြင်း၊ လုမှုဖူလုံရေးအဖွဲ့၏ တာဝန်ရှိသူများက မှတ်တမ်းများ၊ အစီရင်ခံစာများနှင့် အခြားလိုအပ်သော စာရွက်စာ တမ်းများကို တင်ပြရန် တောင်းဆိုသည့်အခါ ငြင်းဆိုခြင်းနှင့် လူမှုဖူလုံရေးအဖွဲ့၏ တာဝန်ရှိသူများက လိုအပ်ချက်ရ စစ်ဆေးရေးအဖွဲ့(သို့)အရရှိက ဆင့်ခေါ်သည့်အခါ ပျက်ကွက်ခြင်း စသည့်ကိစ္စရပ်များကို ပြုလုပ်ရမည်မပာုတ်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် ရန်ပုံငွေနှင့်ပတ်သက်၍ လာမည့် ဘဏ္ဍာရေးနှစ် အတွက် ခန့်မှန်းခြေရငွေနှင့် သုံးငွေများကို ဖော်ပြသည့် ရသုံးမှန်းခြေငွေစာရင်းကိုပြုစုပြီး အလုပ်သမားဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ ထံသို့ တင်ပြရမည်ဖြစ်ကြောင်း လူမှုဖူလုံရေးဥပဒေတွင် ဖော်ပြထားသည်။

လူမှုဖူလုံရေးဥပဒေတွင် အခန်း (၁၂)ခန်းပါရှိပြီး ယင်းတို့မှာ အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်များ၊ ရည်ရွယ်ချက်များ၊ လူမှုဖူလုံရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ လူမှုဖူလုံရေးရုံးများ၊ ဆေးရုံများ၊ ဆေးခန်းများ ဖွဲ့စည်းခြင်းနှင့် ဝန်ထမ်းများ ခန့်အပ်တာဝန် ပေးခြင်း၊ လူမှုဖူလုံရေးစနစ်နှင့် အကျိုးခံစားခွင့်များ၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့်နှင့် အာမခံစနစ်နှင့် သက်ဆိုင်ခြင်း၊ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေနှစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ၊ လူမှုဖူလုံရေးရန်ပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစား ခွင့် ရန်ပုံငွေတို့ကို ထူထောင်ထိန်းသိမ်းခြင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ထည့်ဝင်ကောက်ခံခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ အရေးယူခြင်း၊ အငြင်းပွားမှုများ ကို ဖြေရှင်းဆုံးဖြတ်ခြင်းနှင့် အယူခံခြင်း ထည့်ဝင်ကြေးငွေပေးသွင်းရန် ပျက်ကွက်မှုအတွက် ပျက်ကွက်ကြေး၊ ပြစ်မှုနှင့် ပြစ်ဒဏ်များနှင့် အထွေထွေအခန်း တို့ ပါဝင်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် ကိုမိုးသီးဇွန်အဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်

စက်တင်ဘာ ၃ရက်နေ့ ဗဟန်းမြို့နယ် အုတ်လမ်းမှတ်တိုင်အနီးရှိ ယုဇနဟိုတယ်၌ မနက် ၁၀နာရီမှစတင်၍ မြန်မာနိုင်ငံသို့ လေ့လာရေးခရီးစဉ် ပြည်ဝင်ခွင့်ဗီဇာဖြင့် ရောက်ရှိလာသည့် မိုးသီးဇွန်အပါအဝင် ၇ဦးအဖွဲ့တို့မှ "Peace Delegation For Motherland"ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်း ပွဲတစ်ခု ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ယင်း ၇ဦးအဖွဲ့မှ ကိုရွှေစင်ထွန်းမှ အစီအစဉ်စီစဉ်သူအဖြစ် ဦးဆောင်ပြုလုပ်ကာ ၇ဦးအဖွဲ့အား တစ်ယောက် ချင်းစီ၏ နိုင်ငံရေးလှုပ်ရှားမှုများအား ရှင်းလင်းပြောကြား၍ တက်ရောက်လာသည့် နိုင်ငံရေးပါတီအချို့မှ ပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာသမားများဖြင့် မိတ်ဆက်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းသတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပေါ်နေသည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် လယ်သမားအရေး၊ ရခိုင်အ ရေးတို့အား တတ်နိုင်သလောက် ပါဝင်ကူညီရန် အစီအစဉ်ရှိကြောင်း ကိုကိုလေးက ပြောကြားသည်။

"ကျွန်တော်တို့ အခုပြန်လာတာက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတွေကို တတ်နိုင်သလောက်ဝင်ပြီး ကူညီဖို့ရန် လေ့လာရေးအဖြစ် အလည်အပတ်ခရီးပုံစံ ပြန်လာတာပါ။ ကျွန်တော်တို့ဝင်ကူညီဖို့ကို မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူကော၊ သတင်းမီဒီယာတွေကော နိုင်ငံတော်သမ္မတကို ဝိုင်းပြီး တွန်းအားပေးတော့မှ ပြည်ပမှာရောက်နေတဲ့ ကျွန်တော်တို့လို ရဲဘော်ရဲဖက်တွေအနေနဲ့ အမိမြေကိုပြန်လာပြီး ကူညီနိုင်မှာပါ"ဟု ၎င်းက ဆို သည်။

၎င်းတို့ ၇ဦးအဖွဲ့သည် စက်တင်ဘာလ ၁ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂ရက်နေ့ ညနေပိုင်းအချိန်တွင် ဒေါက်တာနိုင်အောင်အဖွဲ့နှင့် အစိုးရအဖွဲ့တို့အား ၈၈ရုံးချုပ်၌ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းမှ ၎င်းတို့အား Civil Society အပိုင်းများ ပြုလုပ်ရန်အတွက် ဝင်ရောက်ကူညီပေးရန် ထည့်သွင်းပြောကြားသွားကြောင်း ထိုသို့ပြောကြားသွားသည့်အတွက်လည်း ကျေနပ်မိ ကြောင်း ကိုကိုလေးက ပြောကြားသည်။

“စက်တင်ဘာ ၂ရက်နေ့ ညနေက ဝန်ကြီးတွေနဲ့ ၈၈ရုံးချုပ်မှာ သွားတွေ့ပါတယ်။ ကျွန်တော်တို့ကြီးပဲလို့ ထင်တာ။ ဟိုရောက်တော့ ဒေါက်တာ နိုင်အောင်နဲ့အဖွဲ့ပါရောက်နေတယ်။ မထင်ထားဘူး။ ချိန်းလည်းမချိန်းထားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထို့နောက် ၎င်းတို့သည် အဆိုပါသတင်းစာရှင်းလင်းပွဲ၌ မီဒီယာများမှ မေးမြန်းသည့် မေးခွန်းများဖြေကြားသွားရာ ၎င်းတို့အနေဖြင့် ယခု မြန်မာ နိုင်ငံသို့ပြန်လာသည့် ပြည်ဝင်ခွင့်ဗီဇာသည် အမှန်တကယ်တွင် ၇ရက်သာ ရရှိခဲ့သော်လည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ၂၁ရက် ထပ် တိုးပေးခဲ့သောကြောင့် အားလုံးပေါင်း ပြည်ဝင်ခွင့်ဗီဇာမှာ ၂၈ရက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ယခုမြန်မာနိုင်ငံသို့ ပြန်လာသည့်ခရီးစဉ်တွင် လေ့လာ ရုံမျှသာဖြစ်ကြောင်းနှင့် မြောက်ပိုင်းရဲဘော်များ မတရားနှိပ်စက်မှုကြောင့် ကျဆုံးခြင်းအပေါ်ကိုလည်း သက်ဆိုင်ရာမိသားစုများအတွက် တရားဥပဒေအရ ဝင်ရောက်ကူညီသွားမည်ဖြစ်ကြောင်း ABSDF (တောင်ပိုင်း)၏ ပထမဦးဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုထွန်းအောင်ကျော်က ပြောကြားသည်။

ယင်းသတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာသမားများသာ မေးမြန်းဖြေကြားမှုများ ပြုလုပ်သွားကြောင်း သိရှိရပြီး ယင်းပွဲသို့ တက်ရောက်လာ သည့် ABSDF ရဲဘော်ဟောင်းအချို့အား ပွဲစောင့်ကြည့်သူအချို့မှ တစုံတရာ မေးမြန်းခွင့်မပြုခဲ့၍ ယင်းပွဲသို့တက်ရောက်သည့် မြောက်ပိုင်းရဲဘော် ဟောင်းအချို့နှင့် နိုင်ငံရေးပါတီအချို့မှ မကျေမနပ်ဖြစ်ရခြင်းများ ရှိကြောင်း သိရပြီး ၎င်းတို့အတွက် သီးသန့်ပွဲတစ်ခု ထပ်မံစီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ၁၉၉၀ခုနှစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးတစ်ဦးမှ ကိုမိုးသီးဇွန်အား မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံရေးပါတီထူထောင်ရန် အစီအစဉ်ရှိမရှိဆိုသည့် မေးခွန်းအား မေးမြန်းခဲ့ကာ ကိုမိုးသီးဇွန်မှ အစီအစဉ်မရှိ ကြောင်း အဆိုပါ မေးခွန်းအား ပြန်လည်ဖြေကြားသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“FEC ကိုရုတ်သိမ်းတော့မယ်ဆိုရင် အများပြည်သူသိအောင် တရားဝင်ထုတ်ပြန်ပေးသွားမှာပါ။ ဘယ်အချိန်ကာလမှာ ရုတ်သိမ်းမလဲဆိုရင်တော့ အတိ အကျ မပြောနိုင်သေးပါဘူး။ ပြည်သူလူထုအကြား လည်ပတ်သုံးစွဲနေမှု မလိုအပ်တော့ဘူးလို့ ယူဆနိုင်တဲ့အချိန်ကျရင် ဖျက်သိမ်းမှာပါ”

စက်တင်ဘာ ၃ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၇) အမှတ် (၄၈) တွင်ပါရှိသည့် “FEC အား ရုတ်သိမ်းမည်ဆိုပါက အများပြည်သူသို့ တရားဝင် အသိပေးသွားမည်ဖြစ်ပြီး လဲလှယ်ရန်အချိန်ကာလ သတ်မှတ်ပေးမည်ဖြစ်ကာ သတ်မှတ်ကာလကျော်လွန်ပါက ဆက်လက်သုံးစွဲခွင့်ပြုမည် မဟုတ်ကြောင်း သိရ” သတင်းမှ ဦးမောင်မောင်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“အခု အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရတယ်။ စက်ရုံတွင်းမှာတော့ ပြဿနာအများကြီးရှိနေတယ်။ သက်ဆိုင်ရာက မှတ်ပုံတင်ချပေးပေမယ့် အလုပ် သမားအဖွဲ့အစည်းမှာပါတဲ့ စက်ရုံအလုပ်သမားတွေကို နည်းမျိုးစုံနဲ့ ဆင့်ခေါ်တာတွေ အလုပ်ထုတ်တာတွေရှိတယ်။ ဒါဟာ အလုပ်သမားသမဂ္ဂ ပေါ်ပေါက် ရေးကို အနှောင့်အယှက်ပေးရာကျတယ်”

စက်တင်ဘာ ၃ရက်နေ့ထုတ် Messenger ဂျာနယ် အတွဲ (၃) အမှတ် (၁၅) တွင်ပါရှိသည့် “နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီး ပေါ်ပေါက်လာ စေရန် ပန်းတိုင် (၃)ရပ်ဖြင့် ဆောင်ရွက်မည်” သတင်းမှ မစုစုနွေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်မှာ နေခဲ့ရတုန်းက ဘယ်သူက ဘာတွေဘယ်လို လုပ်ကိုင်နေတယ်ဆိုတာ သာမာန်လူတွေအနေနဲ့ မသိရဘူး။ အခု မြန်မာပြည်မှာ အပြောင်းအလဲတွေနဲ့ တိုးတက်မှုဘက်ကို ခြေလှမ်းတွေ ဦးတည်နေတဲ့အချိန်  သာမာန်ပြည်သူတွေအနေနဲ့လည်း အစိုးရအဖွဲ့ရဲ့ ဘယ်လိုလုပ်ငန်းတွေကို ပြည်သူတွေအတွက် ရည်မျှော်ပြီး လုပ်နေတယ်ဆိုတာ ပွင့်လင်းမှုရှိဖို့ လိုအပ်နေပါတယ်။ အတိုက်အခံ အဖွဲ့အစည်းများအနေနဲ့ လည်း လွှတ်တော်တွင်းမှာ ဝင်ရောက်လာနေပြီဖြစ်တဲ့အတွက် ပြည်သူ့ရေးရာမူဝါဒများ၊ စီးပွားရေးမူဝါဒများ၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ မူဝါဒများ ကို ဖွံ့ဖြိုးအောင် လုပ်သင့်တယ်”

စက်တင်ဘာ ၁ရက်ထုတ် First Weekly ဂျာနယ် အတွဲ (၁) အမှတ် (၄၃) တွင်ပါရှိသည့် “တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ အားကောင်းစေရန် ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန်ပညာရှင် ဒေါက်တာဖရန်စစ်ဖူကူယားမားနှင့် ဒေါက်တာရိုဂျာလိဒ်တို့ ပြောကြား”သတင်းမှ ဖနရန်စစ်ဖူကူယားမား၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃.၉.၂၀၁၂

ဘာသာပြန်သတင်းများ

လာမည့် ၂၀၁၃ ခုနှစ်ဆန်းပိုင်းတွင် နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေနိုင်မည်ဟု ဆို

(Gulf Times မှ 2 September 2012 ရက်စွဲပါ Yangon to allow daily newspapers ကိုဘာသာပြန်ဆိုသည်)

၂၀၁၅တွင် မူးယစ်ဆေးဝါးကင်းမဲ့ဇုန်ဖြစ်လာရန် အာဆီယံမျှော်မှန်း

(Bernama Newsမှ 1Sept2012 ရက်စွဲပါ “Asean set to become druge-free zone by 2015” သတင်းကို ဘာသာပြန်ဆိုသည် )

အိန္ဒိယ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မျှော်မှန်းသည်ထက်ကောင်း

(31 August 2012ရက်စွဲပါ BBC Newsမှ “India’s economic growth better than forecast” သတင်းကိုဘာသာပြန် ဆိုသည် )

****************************************

ဘာသာပြန်သတင်းများ

လာမည့် ၂၀၁၃ ခုနှစ်ဆန်းပိုင်းတွင် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေနိုင်မည်ဟုဆို

(Gulf Times မှ 2 September 2012 ရက်စွဲပါ Yangon to allow daily newspapers ကိုဘာသာပြန်ဆိုသည်)

လာမည့် ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေနိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးသစ် ဦး အောင်ကြည်က ထုတ်ဖော်ပြောဆိုသည်။

ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်သို့ ဦးအောင်ကြည်က ပြောဆိုရာတွင် လတ်တလော နိုင်ငံပိုင် သတင်းစာများသာ နေ့စဉ်ထုတ်ဝေ နိုင်သော် လည်း လာမည့်လ များအတွင်း ပုဂ္ဂလိက သတင်းစာများလည်း ထုတ်ဝေလာနိုင်မည် ဖြစ်သည်ဟု ပြောကြားသည်။

"နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေဟာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ ရိုးရိုးရှင်းရှင်းပဲ ယုံကြည်ထားပါတယ်" ဟု ယခင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း နေရာကို အစားထိုး ဝင်ရောက်လာသူ ဦးအောင်ကြည်က ပြောကြားသည်။ မြန်မာ အစိုးရ သည် ပြုပြင်ပြောင်းလဲရေး အစိုးရ တစ်ရပ်အဖြစ် ပိုမိုပီပြင်လာရေးအတွက် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အစိုးရအဖွဲ့ ဝန်ကြီးများ ရာထူးပြောင်းလဲ ခန့်အပ်မှုများ ပြုလုပ်ခဲ့သည်။

ပုဂ္ဂလိက သတင်းဂျာနယ်များအတွက် ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ ဥပဒေ မပေါ်ထွက်မီ လိုက်နာဆောင်ရွက်ရမည့် စည်းမျည်း စည်းကမ်းများကို ဦးစွာ ဆွေးနွေးသင့်ကြောင်း ၎င်းကဆိုသည်။ သို့သော် ၂၀၁၃ခုနှစ် မည်သည့်အချိန် ကာလတွင် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပြုမည်ဟူသော အသေးစိတ် အချက်အလက်ကို ဦးအောင်ကြည်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

"နိုင်ငံတကာ အဆင့်အတန်းနဲ့ ကိုက်ညီမှုရှိတဲ့ မီဒီယာ ဥပဒေတစ်ရပ် ရေးဆွဲဖော်ထုတ်ဖို့ ကျွန်တော်ဆန္ဒရှိနေပါတယ်" ဟု ၎င်းကဆိုသည်။ မီဒီယာ ဥပဒေသစ်နှင့် ပတ်သက်၍ လွှတ်တော်သို့ အဆိုပြု တင်ပြမည့် ကိစ္စမှာ နှောင့်နှေးကြန့်ကြာ လိမ့်မည်ဖြစ်ကြောင်း၊ အကြောင်းမှာ သတင်းစာဆရာများ၊ ပညာ ရှင်များနှင့် အကြံဉာဏ် ရယူတိုင်ပင်ရန် အချိန်ပေးရဦးမည် ဖြစ်၍ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာအစိုးရသည် ပြီးခဲ့သည့် သြဂုတ်လ လယ်ပိုင်းက အပတ်စဉ် ထုတ်သတင်း ဂျာနယ်များနှင့် အခြားစာစောင်များအား ယခင် တင်-ထုတ် စနစ်မှ ထုတ်-တင်စနစ်သို့ ပြောင်းလဲပေးလိုက်သည်။ ယခင်က ပုံနှိပ်ထုတ်ဝေမှု မပြုမီ ဆင်ဆာအဖွဲ့သို့ တင်ပြသည့် စနစ်ကို ဖျက်သိမ်းပြီး ထုတ်ဝေပြီးမှ စိစစ်ရေးသို့ တင်ပြရသည့် စနစ်သို့ ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။

လက်ရှိအနေအထားတွင် နေ့စဉ်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားတင်ဆက်မှုပုံစံ အနည်းငယ် ခေတ်မီ ဆန်းသစ်လာသည်ကို တွေ့ ရ သည်။ အထူးသဖြင့် အဆိုပါ သတင်းစာများတွင် နာမည်ကျော်ကြားသူ မင်းသား၊ မင်းသမီး များ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် အတင်းအဖျင်းသတင်းများ ပိုမိုထည့်သွင်းလာသည်။ ပြန်ကြားရေး ဝန်ကြီးသစ် ဦးအောင်ကြည်က အဆိုပါ သတင်းစာများသည်လည်း သိသာထင်ရှားသော ပြောင်းလဲမှုများ ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

၂၀၁၅တွင် မူးယစ်ဆေးဝါးကင်းမဲ့ဇုန်ဖြစ်လာရန် အာဆီယံမျှော်မှန်း

(Bernama Newsမှ 1Sept2012 ရက်စွဲပါ “Asean set to become druge-free zone by 2015” သတင်းကို ဘာသာပြန်ဆိုသည် )

အာဆီယံ အဖွဲ့ဝင်နိုင်ငံ သည်၂၀၁၅တွင် ကမ္ဘာ့မူယစ်ဆေးဝါး ကင်းမဲ့ဇုန် ဖြစ်လာရန် စီစဉ်ထားကြသည့် အလျောက် သောကြာနေ့က ဘန်ကောက် တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်ရာအာဆီယံဝန်ကြီးများ အထူးအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပရာတွင် ရည်မှန်းချက်အောင် မြင်ရန်အတွက် မြန်မာနိုင်ငံသည် သော့ချက်ကျကြောင်း သတ်မှတ်ခဲ့ကြသည်ဟု Thai News Agencyက သတင်းထုတ်ပြန်သည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အားလုံး၏ တူညီသောပန်းတိုင် ဖြစ်သည့်၂၀၁၅တွင် မူးယစ်ဆေးဝါးကို ထိရောက်စွာ  ထိန်းချုပ်ရေးကိစ္စ ကို အဓိကထား ဆွေးနွေးရေးဆွဲ ခဲ့ကြပြီး ဒုဝန်ကြီးချုပ်ချာလမ်က “အာဆီယံ အသိုင်းအဝိုင်းအဖြစ် ဖွဲ့စည်းရန် စီစဉ်ထားသော ၂၀၁၅တွင် မူးယစ်ဆေးဝါးကြောင့် ဒေသတွင်း လူ့အဖွဲ့အစည်းကို မထိခိုက်စေရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများက တားဆီးကြရန် ရည်ရွယ်ထားကြောင်း ”ပြောကြားခဲ့ပြီး “မြန်မာနိုင်ငံ တာချီလိတ်ဒေသသည် မူးယစ်ဆေးဝါး ပြဿနာများ၏ မြစ်ဖျားဖြစ်နေခြင်းကြောင့်  အာဆီယံအဖွဲ့၏ မျှော်လင့်ချက်သည် မြန်မာနိုင်ငံအပေါ်တွင် မူတည်နေသည်”ဟု ပြောဆိုသည်။

အကယ်၍ တာချီလိတ်ဒေသမှ မူယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်များ အောင်မြင်သည် ဆိုပါက အာဆီယံဒေသ ၏မူးယစ်ဆေးဝါး နှိမ်နင်းရေး တာဝန်ရှိသူ ချာလမ်ယူဘမ်ရွန်က ဆက်လက်ပြောဆို သွားခဲ့သည်ဟု သိရှိရသည်။

--------------------------------------------------------------------------------------------------------------------------------

အိန္ဒိယ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း မျှော်မှန်းသည်ထက်ကောင်း

(31 August 2012ရက်စွဲပါ BBC Newsမှ “India’s economic growth better than forecast” သတင်းကိုဘာသာပြန် ဆိုသည် )

အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ဇွန်လတွင် ကုန်ဆုံးခဲ့သော ပထမသုံးလ၌ မျှော်မှန်းသည်ထက်ပိုမို လျင်မြန်စွာ တိုးတက်ခဲခြင်းကြောင့် အာရှဒေသ၏ တတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံအဖို့ တိုးတက်မှုသိသာနှေးကွေး မည်ကို စိုးရိမ် နေရခြင်းအား ဖြေလျော့ပေးနိုင်ခဲ့သည်။

ဧပြီလမှ ဇွန်လအထိတိုးတက်မှုများမှာ လွန်ခဲ့သည့် တစ်နှစ်ထက်စာလျှင်  ၅.၅ရာခိုင်နှုန်း ရှိသည်။ သုံးသပ်သူအများစုကမူ တိုးတက်မှုနှုန်းမှာ ၅.၃ရှိသည်ဟု ခန့်မှန်းကြသည်။ ပြီးခဲ့သည် ကွာတားက နှစ်စဉ်ကြီးထွားမှုနှုန်းမှာ ၅.၃ရာခိုင်နှုန်း ရှိခဲ့သည်။

သို့သော် ပြုပြင်ပြောင်းလဲမှု မရှိခြင်း၊ စက်ရုံထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ နှေးကွေးလာခြင်း တို့သည်ရေရှည် တိုးတက်မှုအား ထိခိုက်မည်ကို စိုးရိမ်ပူပန်မှုများ ရှိနေသည်။

                “တိုးတက်မှုနှုန်းဟာ အံ့သြဖွယ် ၅.၅ရာခိုင်နှုန်း ရှိတယ်ဆိုပေမယ့် အခုနှုန်းဟာ အလားအလာကောင်း တယ်လို့ သတ်မှတ်ရမယ့် သတ်မှတ်ချက် အောက်မှာပဲ ရှိနေပါသေးတယ်။ ရင်းနှီးမြှုပ်နှံမှု နှေးကွေးပြီး ပြင်ပကဏ္ဍ လှုပ်ရှားမှုတွေ နှေးကွေးနေတာတွေကို အစိုးရက ကိုင်တွယ်ဖို့ လိုအပ်နေတယ်ဆိုတာ ပိုမို ရှင်းလင်း လာပါတယ်” ဟုForecast Pteမှ စီးပွားရေးပညာရှင် Radhike Raoက ပြောကြားခဲ့သည်။

ပြုပြင်ပြောင်းလဲမှုများ တွန်းအားပေးခြင်း

                အိန္ဒိယ စီးပွားရေးသည် ပြီးခဲ့သည့် လများအတွင်း အချက်အလက် ပေါင်းစုံကြောင့် ထိခိုက်ခဲ့ရသည်။ ကမ္ဘာပေါ်တွင် ပစ္စည်းဝယ်ယူမှု နှေးကွေးလာ ခြင်းသည် တိုင်းပြည်၏ ပို့ကုန်နှင့်စက်မှု ထုတ်လုပ်မှုကို ထိခိုက်စေသည်။ အိန္ဒိယ၏ စက်မှုထုတ်လုပ်မှုမှာ ဇွန်လ၌ လွန်ခဲ့စသည့်နှစ်က ထက်စာလျှင် ၁.၈ရာ ခိုင်နှုန်း ကျဆင်းခဲ့ပြီး လေးလအတွင်း တတိယအကြိမ် ကျဆင်းခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစိုးရသည် အတိုက်အခံနှင့် နိုင်ငံရေးတိုက်ပွဲ ဆင်နွှဲနေရခြင်းကြောင့် အဓိကကျသော ပြုပြင်ပြောင်းလဲမှုများ လမ်းပိတ်လျက် ရှိသည်။

ပို၍ဆိုးရွားစေသော အချက်မှာ အဂတိ လိုက်စားမှုများက အိန္ဒိယ၏ ပုံရိပ်ကို ထိခိုက်စေသည်သာမက ရင်းနှီးမြှုပ်နှံ သူများ၏ ယုံကြည်မှုကိုပါ ထိခိုက်စေသည်။

အိန္ဒိယတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ဇွန်လတွင် ပြီးခဲ့သည့် မနှစ်ကထက်စာလျှင် ၇၅ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ သုံးသပ်သူများက ပြော ကြားရာတွင် အကယ်၍ တိုင်းပြည်သည် အနာဂတ်တွင် တိုးတက်မှုနှုန်း မြင့်မားမှုကို ထိန်းသိမ်း ထားလိုလျှင် အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှု ရာသီဥတုကို တိုးတက် အောင် အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း  ပြောဆိုခဲ့သည်။

                “လာမယ့်ကွာတားမှာ စဉ်ဆက်မပြတ် တိုးတက်ကြီးထွားမှုဟာ သေချာစွာ ဖန်တီးပြုပြင်ထားတဲ့ မူဝါဒပြုပြင်ပြောင်း လဲရေးအပေါ်မှာ ကြီးမားစွာ မူ တည်နေတယ်”ဟု မွန်ဘိုင်းရှိ AK Capitalမှ Shakti Satapathy က ပြောကြားခဲ့သည်။ မူဝါဒဖြေလျော့မှု မရှိခြင်းလော။

ပြီးခဲ့သည့် လများအတွင်း အိန္ဒိယ၏ စီးပွားရေးနှေးကွေလာရခြင်းကြောင့် ဗဟိုဘဏ်အား အတိုးနှုန်းများ လျော့ချရန် တောင်းဆိုမှုများရှိခဲ့သည် ယခုနှစ် ဧပြီလတွင် ဗဟိုဘဏ်သည် အဓိက အတိုးနှုန်းကို ၈.၅ရာခိုင်နှုန်းမှ ၈ရာခိုင်နှုန်းသို လျှော့ချပေးခဲ့ရာ သုံးနှစ်အတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

လူသုံးကုန်ပစ္စည်းဈေးနှုန်းများ တက်လာမှုကို ထိန်းသိမ်းရန် အတိုးနှုန်း မြင့်မားမှုကို ထိန်းသိမ်းထားလိုလျှင် အတိုးနှုန်းထပ်မံလျှော့ချရေး အတွက်တောင်းဆိုမှုများ ရှိသော်လည်း ဧပြီလကတည်းက ပြောင်းလဲမှုထပ်မံပြုလုပ်ခြင်း မရှိပေ။

ငွေကြေးဖောင်းပွမှုမှာလည်း ပြီးခဲ့သည့် လအနည်းငယ်တွင် တဖြည်းဖြည်းချင်း ကျဆင်းလာခဲ့သည်။ အိန္ဒိယတွင် လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ သည် ဇူလိုင်လတွင် လွန်ခဲ့သည့်နှစ်က ထက်စာလျှင် (၆.၈၇)ရာခိုင်နှုန်း တက်လာခဲ့သည်။

မေလတွင် ၇.၅၅ရာခိုင်နှုန်းနှင့် ဇွန်လတွင် ၇.၂၅ရာခိုင်နှုန်းရှိရာမှ ကျဆင်းလာခြင်း ဖြစ်သည်။ တိုးတက်နှုန်းသည်  မျှော်မှန်းသည်ထက် ပိုကောင်း နေခြင်းကြောင့် ဗဟိုဘဏ်သည် ၎င်း၏မူဝါဒများကို မပြောင်းလဲဘဲ ထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သုံးသပ်သူများက  ပြောကြားခဲ့သည်။

“ကျွန်တော်ထင်တာက ဗဟိုဘဏ်ဟာ ဇူလိုင်လက သူတို့ထင်သလောက် ဆိုးဆိုးရွားရွား မဖြစ်တော့ ဝမ်းသာနေမှာပါ။ ဒါ့ကြောင့် ဒီလမှာလည်း ဒီနှုန်းပြောင်းမှာ မဟုတ်သေးပါဘူး”ဟု စီးပွားရေးပညာရှင် A Prasannaက ပြောကြားခဲ့သည်။

************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive