Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၆.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. နိုင်ငံရေးဇာတ်ခုံပေါ်က ဓမ္မနှင့် အဓမ္မ

*****************************************

ဆောင်းပါးကဏ္ဍ

နိုင်ငံရေးဇာတ်ခုံပေါ်က ဓမ္မနှင့် အဓမ္မ

ထက်မြတ်

စက်တင်ဘာ ၁၅ ရက်နေ့ထုတ် First Weeklt Journal မှ ဆောင်းပါးရှင်ထက်မြက်ဆောင်းပါးမှ ကောက်နှုတ်ချက်

ဂရိဒဿနိကပညာရှင်အရစ္စတိုတယ်က လူသည်နိုင်ငံရေးသတ္တ၀ါ ဖြစ်သည်ဟု သူ၏ နိုင်ငံရေးဆိုသောကျမ်းတွင် ရေးသားခဲ့ဖူးသလို ဂျာမန် နိုင်ငံရေးသမားလည်းဖြစ် ၀န်ကြီးချုပ်လည်းဖြစ်ခဲ့ဖူးသော ဘစ်စမတ် က ၁၈၈၄ ခု မတ်လ ၁၅ ရက်တွင် “နိုင်ငံရေးသည် သိပ္ပံပညာတစ်ခု မဟုတ်၊ နိုင်ငံရေးသည် အနုပညာတစ်ရပ်ဖြစ်သည်ဟု ရစ်ခ်ျစတတ်လွှတ်တော်တွင် မိန့်ခွန်းပြောခဲ့ဖူးလေသည်။ လူ့သမိုင်းဖြစ်ပေါ်မှုတွင် နိုင်ငံများ ပေါ်ပေါက်လာခြင်း လူတို့၏ အသိရေချိန်တိုးတက်လာခြင်း စသောဖြစ်ထွန်းတိုးတက်မှုများအောက်၌ နိုင်ငံရေးစတင်ဆောင်ရွက်လာသည်။ နိုင်ငံရေး ဆိုသော ဝေါဟာရ လည်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုအချိန်၌ လူ၏ဖြစ်ပေါ်မှုအရ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် အရင်းပေါ်တွင် မူတည်ကာ လူတန်းစား ခွဲခြားမှုများ ဖြစ်ပေါ်လာသလို လူတန်းစားတိုက်ပွဲများ ဖြစ်ပေါ်လာ၏။ ထိုဖြစ်စဉ်များကို သမိုင်းဖြစ်ပေါ်မှုအရ လူသားတို့ မလွဲမသွေ ဖြတ်ကျော်ခဲ့ရသည်။ ထိုဖြစ်စဉ်များမှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုစကတည်းက ယနေ့အထိ နေ့စဉ် နာရီမလပ်ဖြစ်ပေါ်နေသည်။ လူ့သမိုင်းသည် လူတန်းစားတိုက်ပွဲသမိုင်း ဖြစ်လာသည်။ လူတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုရှိနေသေးသ၍ လူတန်းစားခွဲခြားမှုနှင့် လူတန်းစားတိုက်ပွဲ ရှိနေလိမ့်မည်။ ထိုကိစ္စမှာရှောင်လွှဲမရသော သမိုင်းဖြစ်ပေါ်မှုပင်။

ထို့ကြောင့် နိုင်ငံရေးဆိုသည်မှာလည်း လူတို့မရှောင်မလွှဲသာ ပါဝင်လှုပ်ရှားရမည့် သမိုင်းရေးဖြစ်ပေါ်မှုတစ်ခုအဖြစ် နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ နိုင်ငံရေးကို နားလည်သဘောပေါက်မှုမရှိလျှင် လူသည်နောက်ကျကျန်ရစ်ပေလိမ့်မည်။ နိုင်ငံရေးကို နားလည် သဘောပေါက်ဖို့ လိုအပ် ပါသည်။ နိုင်ငံရေးကို နားလည်သဘောပေါက်သူသည် တိုင်းပြည်တိုးတက်အောင် လုပ်နိုင်သော နိုင်ငံရေးသမား ဖြစ်လာပေလိမ့်မည်။ နိုင်ငံအတွက် အားကြိုးမာန်တက်လုပ်နိုင်သော နိုင်ငံရေးသမား ဖြစ်လာပေမည်။ နိုင်ငံရေးကိုနားမလည်ဘဲ မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ နိုင်ငံကို အုပ်ချုပ်ခဲ့သော လူများမှာ နိုင်ငံရေးကို အပြင်းအထန်ဆန့်ကျင် ကြသည်။ နိုင်ငံရေးကို နားမလည်သူ သို့မဟုတ် နိုင်ငံရေးကို ဆန့်ကျင်သူသည် နိုင်ငံရေးသမားလည်း မဟုတ်၊ နိုင်ငံရေးခေါင်းဆောင်လည်းမဟုတ်၊ နိုင်ငံကိုအကျိုးပြုသူ လည်းမဟုတ်ဘဲ တစ်ကိုယ်ကောင်းအကျိုးရှာသူ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။ ထိုသို့ နိုင်ငံရေးကို ဆန့်ကျင်သူတွင် အာဏာရှင်များမှာ ထိပ်ဆုံးက ပါဝင်လေသည်။

နိုင်ငံရေးလှုပ်ရှားမှုများမှာ နာမည်နှင့် လိုက်လျောညီထွေအောင် နိုင်ငံ့အေ&းအတွက် လှုပ်ရှားဆောင်ရွက်မှုများ ဖြစ်၏ နယ်ချဲ့သမား၏ ကျွန်ပြု ခံနေရလျှင် နယ်ချဲ့သမားလက်အောက်မှ လွတ်မြောက်အောင်ဆောင်ရွက်သော လှုပ်ရှားမှုများဖြစ်သည်။ ပြည်သူပြည်သားများနှင့် တိုင်းပြည် လွတ်မြောက်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်သော နိုင်ငံရေးလုပ်ငန်းသည် မွန်မြတ်သောလုပ်ငန်းအဖြစ် နားလည်ကြသည်။ နိုင်ငံရေးသမား ဖြစ်ရန် စွန့်လွှတ်အနစ်နာခံဖို့ ကိုယ်ကျိုးစီးပွားမငဲ့ဖို့ တိုင်းပြည်အတွက် မိမိအသက်ကိုပေးဖို့ အသင့်ဖြစ်ရမည်။ မည်သည့်တိုင်းပြည်တွင်မဆို တစ်ကယ့် နိုင်ငံရေးသမားများမှာ မိမိကိုယ်ကျိုးစီးပွား စွန့်လွှတ်ခဲ့သူများဖြစ်ကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်း၌လည်း ထိုသို့ အသက်စွန့်ခဲ့သော နိုင်ငံရေးသမားများကို အာဇာနည်များ ဟုပြည်သူက သတ်မှတ်လေသည်။ ဥပမာ-ဂျူလိုင် ၁၉ ရက်က အသက်ပေးခဲ့သော အာဇာနည်ခေါင်း ဆောင်ကြီးများ။

နိုင်ငံရေးသည် မြင့်မြတ်သော အလုပ်၊ သန့်စင်သောအလုပ်အဖြစ်သတ်မှတ်ထားသော်လည်း လူတို့၏လောဘ၊ ဒေါသနှင့် အာဏာမက်မောမှု တို့ကြောင့် နိုင်ငံရေးနယ်ပယ်တွင် တရားမဲ့မှုနှင့် တရားရှိမှု၊ ယုတ်ညံ့မှု ကောင်းမြတ်မှု၊ ဓမ္မနှင့်အဓမ္မတို့ ဖြစ်ပေါ်လာခဲ့ကြလေသည်။ အတိုက်အခံများအပေါ် အာဏာရပါတီနှင့် အစိုးရအဖွဲ့ကဖိနှိပ်ညှဉ်းပန်းမှုများ ဖြစ်လာခဲ့ကြသည်။ တစ်ချိန်တည်းတွင် မိမိတို့မလိုလားသော ခေါင်းဆောင်များကို လုပ်ကြံ သတ်ဖြတ်မှုများလည်း ဖြစ်လာသည်။ ထိုသည်မှာ ဓမ္မနှင့် အဓမ္မ ကွဲပြားလာခြင်းဖြစ်သည်။ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှုများသည် အဓမ္မလုပ်ရပ်များ ဖြစ်၏။ ၁၉၄၇ ခုနှစ် ဂျူလိုင် ၁၉ ရက်က ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီများကို အတိုက်အခံ ဂဠုန်ဦးစောက သူမွေးမြူထားသော လူသတ်သမားများစေလွှတ်ကာ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းကို အကြမ်းဖက်နည်းဖြင့် ဖယ်ရှားကာ သူအာဏာရရေး နိုင်ငံခေါင်းဆောင်ဖြစ်ရေးကို အကြံပက်စက်စွာဖြင့် ဂဠုန်ဦးစော ကြံစည်ခဲ့ခြင်း ဖြစ်ပါသည်။ ပဒေသရာဇ်ခေတ်က ဘုရင်သတ်လျှင် ဘုရင်ဖြစ်သည်ဆိုသော အမြင်မျိုးဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့ပုံရပါသည်။ အရင်းရှင်ခေတ်၌ ထိုကဲ့သို့သော ပဒေသရာဇ် အာဏာရယူမှုမျိုး မရှိတော့ပေ။ လူထု၏ဆန္ဒသည် အခြေခံ အဖြစ် စတင်လာခဲ့ပါသည်။ ထိုနိုင်ငံတော်လုပ်ကြံမှုကြီးကို လူထုကပင်ဖော်ထုတ်ပြီး တိုင်းပြည်ဖရိုဖရဲ မဖြစ်အောင် ကျန်ရှိနေသော ခေါင်းဆောင်များက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်။

အိန္ဒိယနိုင်ငံ၌လည်း ထိုကဲ့သို့လုပ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယ အမျိုးသားခေါင်ေးဆာင်ကြီး မဟတ္တမဂန္ဒီကို ဟိန္ဒူအစွန်းရောက်ဝါဒီ တစ်ယောက်က လုပ်ကြံသတ်ဖြတ်ခဲ့သော်လည်း အဓမ္မမှုမှာ အသာစီးရမသွားဘဲ ဂျဝါဟာလာနေရူးက လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ သည်။ စင်စစ်အားဖြင့် အဓမ္မမှုမှာ နိုင်ငံရေးဇာတ်ခုံပေါ်တွင် အသာစီးမရနိုင်ပေ။ အဓမ္မသမားများက နိုင်ငံရေးအာဏာကို ရယူထားသည့်တိုင် ထိုအာဏာမှာ ရေရှည်ခိုင်မြဲမည်မဟုတ်ပေ။ ဘဝနိုင်ငံရေး ဇတ်ခုံပေါ်တွင်လည်း အဓမ္မနိုင်ငံရေးအာဏာ ရယူထားသူများမှာ ရေရှည်ခိုင်မြဲမည့်သူများ မဟုတ်ပေ။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဓမ္မနှင့် အဓမ္မ လွန်ဆွဲပွဲများ အများအပြားဖြစ်ခဲ့ပါသည်။ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးသော ၁၉၄၈ မှ ၁၉၆၂ ကာလအတွင်း မသမာမှုများ အဓမ္မဖြစ်ရပ်များ အများအပြား ပေါ်ထွက်ခဲ့သည်။ ဖဆပလ အစိုးရသည် မိမိအာဏာရရှိရေးအတွက် ရွေးကောက်ပွဲများတွင် မဲလိမ်၊မဲခိုးမှုများ အများအပြား ပြုလုပ်ခဲ့၏။ ရွေးကောက်ပွဲများတွင် အတိုက်အခံ ပမညတ အဖွဲ့ဝင်များနှင့် အမတ်လောင်းများကို နေခင်းကြောင်တောင် သတ်ဖြတ်မှုများကို ပြုလုပ်ခဲ့သည်။ ငါန်းဇွန်ခြောက်လောင်းပြိုင်၊ မင်းလှလေးလောင်းပြိုင် စသော နိုင်ငံရေးလူသတ်မှုများမှာ မြန်မာ့နိုင်ငံရေးဇတ်ခုံတွင် အလွန်အရုပ်ဆိုး အကျဉ်းတန်လှသည်။ ဖျာပုံ၊ မိတ္တီလာ၊ ပျဉ်းမနား၊ တောင်သာ စသည့် ဒေသများမှာ ဖဆပလလူမိုက်များနှင့် နယ်ခံဗိုလ်ကျသူများက တစ်ဗိုလ်တစ်မင်းအဖြစ် အုပ်ချုပ်ကာ အတိုက်အခံများကို ကိုယ်ထိလက်ရောက် ရိုက်နှက်ညင်းပန်းခြင်း၊ သူတို့၏ ခါးပိုက်ဆောင် ယန္တရားများကို အသုံးချကာ အပြစ်ရှာဖမ်းဆီးထောင်ချခြင်း၊ တစ်ချို့ဆိုလျှင် နေ့ခင်းကြောင်တောင် သတ်ဖြတ်ခြင်းများဖြင့် အဓမ္မမှုများ ပြုလုပ်ခဲ့ကြသည်။ ဖဆပလလူမိုက်များ၏ ရက်စက်မှုများတွင် မြိတ်မှ ဆီတောင်အိုင် လူသတ်မှုကြီးဆိုလျှင် အလွန် ထင်ရှားလေသည်။ လူပေါင်း ၂၀ ကျော်ကို စက်လှေဝန်းထဲ၌ ထည့်ပိတ်ကာ ပင်လယ်ထဲတွင် သေနတ်များဖြင့် ပစ်သတ်၍ ရေထဲမျှောပစ်ခဲ့၏။ ထိုအမှုမှာ တရားခံရှာမရဘဲ တရားခံမဖော်နိုင်ဘဲ အမှုပိတ်ရမလိုပင် ဖြစ်ခဲ့ဖူးသည်။ နိုင်ငံရေးနယ်ပယ်တွင် အာဏာအတွက် ထိုကဲ့သို့ ရက်စက်သော အဓမ္မမှုများကို ကျင့်သုံးခဲ့ကြသည်။ တချိန်တည်းတွင် ဓမ္မကိုအလေးထားသော နိုင်ငံရေးသမားများ မျိုးချစ်ပုဂ္ဂိုလ်များကလည်း တရားမျှတစွာ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ကြသည်။

ဆရာကြီးသခင်ကိုယ်တောင်မှိုင်းသည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဦးဆောင်ခဲ့သည်။ ထို့အပြင် ကမ္ဘာငြိမ်းချမ်းရေး အတွက်လည်း ပါဝင်ခဲ့၏။ ဆရာကြီး၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ နိုင်ငံရေးလှုပ်ရှားမှုပင်ဖြစ်သည်။ သို့သော် နိုင်ငံရေးအာဏာရယူရန် လှုပ်ရှားခြင်းမဟုတ်။ တိုင်းပြည်တွင် ဖြစ်ပေါ်နေသော ပြည်တွင်းစစ်ရပ်စဲရန်ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ပြည်တွင်းငြိမ်းချမ်းရေးကော် မတီတွင် စာရေးဆရာ အများအပြား ပါဝင်သည်။ လွတ်လပ်ရေးတိုက်ပွဲဝင် မျိုးချစ်ဟောင်းများလည်း ပါဝင်၏။ နိုင်ငံရေးသမားများလည်း ပါဝင်လေသည်။ ကိုယ်ကျိုးမဖက်သော လွတ်လပ်သော အဖွဲ့အစည်းကြီးအဖြစ် မြန်မာနိုင်ငံရေးလောကတွင် ထင်ရှားခဲ့သည်။ ထိုငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ ဓမ္မဖြစ်လေသည်။

ကမ္ဘာနိုင်ငံအသီးသီးရှိ နိုင်ငံရေးလှုပ်ရှားမှုတိုင်းတွင် ဓမ္မနှင့် အဓမ္မမှာ ဒွန်တွဲလျက်ရှိ၏။ မီဒီယာများ၏ ဖော်ထုတ်ဖွင့်ချမှုကြောင့် ကမ္ဘာပြည်သူများ သိရှိခဲ့သော နိုင်ငံရေးအဓမ္မတစ်ခုမှာ ဖိလစ်ပိုင်မှာ ဖာဒီနန်မားကို့စ်၏ လုပ်ကြံသတ်ဖြတ်မှုတစ်ခုဖြစ်သည်။ မားကို့စ်သည် သူ့အား ပြတ်ပြတ်သားသား ရင်ဆိုင်၍ အတိုက်အခံလုပ်နေသော အတိုက်အခံခေါင်းဆောင် ဗီနန်နို အာကွီနို လုပ်ကြံသတ်ဖြတ်မှုဖြစ်၏။ အာကွီနိုသည် ဖိလစ်ပိုင်တွင် လူထု ထောက်ခံ မှုရှိသော လူထုခေါင်းဆောင်တစ်ဦးဖြစ်ရာ မားကို့စ်က ပြည်နှင်ဒဏ်ပေးခဲ့သည်။ သို့သော် အာကွီနိုက လူထုဘက်ကပင်ရပ်တည်ကာ မားကို့စ်ကို ဆန့်ကျင် ခဲ့သည်။ အမေရိကန်တွင် အတန်ကြာနေကာ ဖိလစ်ပိုင်သို့ အပြန် လေယဉ်ပေါ်မှ အဆင်း၌ မားကို့စ် စေခိုင်းထားသော လူသတ်သမားများက လေဆိပ်၌ပင် အာကွီနိုကို သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ကာ လုပ်ကြံခဲ့လေသည်။ ထိုအဖြစ်မှာ ကမ္ဘာကျော်သွားသည့် ထင်ရှားသော နိုင်ငံရေးအဓမ္မမှု ဖြစ်ပါသည်။ ထိုသို့ နိုင်ငံရေးအဓမ္မမှုများကို အများဆုံးပြုလုပ်သူများမှာ အာဏာရှင်များနှင့် စစ်အာဏာရှင်များဖြစ်ကြသည်။ ချီလီနိုင်ငံမှ ဗိုလ်ချုပ်ကြီး ပီနိုချေးမှာလည်း လူထုက ရွေးကောက်ထားသော သမ္မတ အာရန်ဒေးနှင့် အစိုးရအဖွဲ့ကိုသတ်ဖြတ်ကာ အာဏာသိမ်းယူထားသည်မှာ လည်း ထင်ရှား ပါသည်။ အင်ဒိုနီးရှားမှာ ဗိုလ်ချုပ်ကြီး ဆူဟာတို၏ ၁၉၆၅ခုနှစ် စစ်တပ်မှ အာဏာသိမ်းပွဲမှာ လည်း လူအများအပြားကို သွေးချောင်းစီးစေခဲ့ခြင်းဖြင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွင် ထင်ရှားမှတ်တိုင်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံရေးအဓမ္မမှုများကို အာရှတိုက်တွင် အများအပြားတွေ့ရပါသည်။ ပါကစ္စတန်တွင် ဝန်ကြီးချုပ် အလီဘူတိုကို ကြိုးပေးကွပ်မျက်ခြင်းဖြင့် အဓမ္မမှုကို အာဏာသိမ်းစစ်အစိုးရက ကျင့်သုံးခဲ့၏။  ထို့နောက်အလီဘူတို၏ သမီး ဘင်နာဇီရာဘူတိုကိုလည်း အစ္စလာမ်မစ်အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ကာ အဓမ္မမှုကို ကျူးလွန်ခဲ့ပြန်သည်။ အင်ဒိုနီးရှားတွင် ကွန်မြူနစ် များကို စစ်အစိုးရက သွေးချောင်းစီးအောင် သတ်ဖြတ်ခဲ့သော အဓမ္မမှုများရှိသလို ကမ္ဘောဒီးယားတွင်လည်း ခမာနီများက အတိုက်အ ခံများနှင့် ပြည်သူ များစွာကို သတ်ဖြတ်ခဲ့သော အဓမ္မမှုများရှိလေသည်။ ထိုသို့ အဓမ္မမှုများမှာ သမိုင်းတွင် အလွန်အရုပ်ဆိုး အကျဉ်းတန်လှလေသည်။ ထိုကဲ့သို့ပင် ကျွန်တော်တို့၏ နိုင်ငံရေးဖြစ်စဉ်ထဲတွင်လည်း အရုပ် ဆိုးလှသော ၁၉၆၂ ခုနှစ် ဇူလှိုင် ၇ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများကို ရာနှင့်ချီ၍ သတ်ဖြတ် ပစ်ခဲ့သော အာဏာသိမ်းစစ်အစိုးရ၏ အဓမ္မမှုမှာလည်း မြန်မာ့သမိုင်းတွင် ယနေ့ထက်တိုင် အမဲစက်ကြီးအဖြစ် စွန်းထင်ခဲ့လေသည်။ တရားမဲ့စွာ ပြုကျင့်ခဲ့သော နိုင်ငံရေးပြစ်မှုများရှိသလို နိုင်ငံရေးဇတ်ခုံပေါ်တွင် တရားမျှတမှု ဓမ္မကိုလက်ကိုင်ပြုပြီး အခိုင်အမာရပ်တည်ခဲ့သည့် မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်များ ရှိခဲ့သည်မှာလည်း ဂုဏ်ယူစရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးမှ နိုင်ငံရေးခေါင်းဆောင်များသည် ရှေ့အနာဂတ် တွင် ဓမ္မနှင့်အဓမ္မကို ခွဲခြားကျင့်သုံးရန်လိုအပ်သည်။ အဓမ္မလမ်းစဉ်လိုက်သူများမှာ သမိုင်းတွင်လည်း နာမည်ဆိုးဖြင့် ကျန်ရစ်မည်ဖြစ်သလို လက်ရှိတွင်လည်း လူအများ၏ အော့နှလုံးနာ ရွံရှာခြင်းကို ခံရပေမည်။ ဓမ္မကိုပဲ ကိုင်စွဲမလား၊ အဓမ္မလမ်းကြောင်းကိုပဲ လိုက်မလားဆိုသည်ကို တိုင်းပြည်ခေါင်း ဆောင်များ၊ နိုင်ငံရေးသမားများ သတိနှင့်ယဉ်ပြီး ရွေးချယ်ရမည့် လမ်းပင်ဖြစ်ပါတော့သတည်း။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၆.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ဦးဌေးမြင့်က မြေဧက ၁၀၀၀ အားတရားစွဲဆိုသူများထံ ပြန်ပေး
  1. မြို့ပတ်ရထားလုပ်ငန်းအား ပုဂ္ဂလိကသို့လွှဲတော့မည်မပာုတ်
  1. အကြီးစားစက်မှုလုပ်ငန်းအချို့အား အဌားစနစ်ဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ဒုတိယအကြိမ်ကျင်းပ
  1. ကိုမိုးသီးဇွန်နှင့်အဖွဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် တွေ့ဆုံ

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ဦးဌေးမြင့်က မြေဧက ၁၀၀၀ အားတရားစွဲဆိုသူများထံ ပြန်ပေး

ယုဇန ဦးဌေးမြင့်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် လယ်ယာမြေဧက ၁၀၀၀ အား  ယုဇနကုမ္ပဏီအား တရားစွဲဆိုထားသည့် တောင်သူများ ထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

“ဦးဌေးမြင့်က လယ်မြေဧက ၁၀၀၀ ကိုပြန်ပေးလိုက်ပါပြီ။ ပြီးတော့ မကျေနပ်တာရှိရင်ပြော။ အတက်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ပြောသွားပါ တယ်။ ပြီးတော့ ကုမ္ပဏီက ပြန်ပေးမယ့် လယ်ယာမြေတွေကို အနှောင့်အယှက်မပေးဖို့၊ လမ်းတွေကိုလည်း ပြန်ပြီးပြင်ပေးမယ်လို့ ပြောသွားပါတယ်။ ပြီးတော့ ဖျက်ဆီးခံရတဲ့ သချိုင်းကိုလည်း ပြန်ပြီးပြင်ဆင်ပေးမယ်လို့ သိရပါတယ်”ပာု တောင်သူအရေးကူညီပေးနေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် သြဂုတ်လ ၂၉ ရက်နေ့တွင် ယုဇနကုမ္ပဏီပိုင်ရှင်ဦးဌေးမြင့်က ယုဇနကုမ္ပဏီမှ သိမ်းယူထားသော မြေများအနက် စိုက်ပျိုးမြေနှင့် နစ်နာကြေးတို့အား လယ်သမားများအားမကြာမီကာလအတွင်း ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပေးခဲ့ပြီး ယင်းကိစ္စရပ်များအတွက် သြဂုတ်လ ၃၀ ရက်နေ့တွင် City Star ပိာုတယ်တွင် ဦးအေးမြင့်(လမ်းပြကြယ်)နှင့် ဒေါ်ဘောက်ဂျာတို့မှ ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ကျင်းပခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ယုဇနကုမ္ပဏီမှ ကြံစိုက်ပျိုးရန်အကြောင်းပြ၍ တောင်သူများထံမှ မြေဧက နှစ်သိန်းကျော်ကို သိမ်းယူခဲ့သည့်အတွက် ယခုအစိုးရသစ်လက်ထက်တွင် တောင်သူများက ရန်ကုန်မြို့သို့ရောက်ရှိ၍ ဆန္ဒပြရန်ပြင်ဆင်နေစဉ် ယုဇနကုမ္ပဏီဦးဌေးမြင့်က တောင်သူကိုယ်စားလှယ် ငါးဦးအားနေပြည်တော်သို့ခေါ်ယူညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် တောင်သူကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ပြောကြား ခဲ့သည်။

ထို့ပြင် ယုဇနကုမ္ပဏီသည် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ မြေယာများသိမ်းယူခြင်းကို ၂၀၀၇ ခုနှစ်မှစတင်၍ မိုးညှင်းခရိုင် ဖားကန့် မြို့ရှိ ကျေးရွာများတွင် လုပ်ဆောင်ခဲ့ပြီး တောင်သူဦးရေ ၆၀၀ ကျော်၏ မြေ ၁၃၃၈ ဧကကို သိမ်းယူခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

မြို့ပတ်ရထားလုပ်ငန်းအား ပုဂ္ဂလိကသို့လွှဲတော့မည်မပာုတ်

ပုဂ္ဂလိက မြို့ပတ်ရထားလုပ်ငန်း လုပ်ကိုင်ရန်လာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်များ၏ တင်ပြမှုများသည် အားရကျေနပ်ဖွယ် မရှိ သည့်အတွက် မြို့ပတ်ရထားလုပ်ငန်းအား ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးတော့မည်မပာုတ်ဘဲ မြန်မာ့မီးရထားမှသာ ဆက်လက်လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြို့ပတ်ရထားလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို လွှဲပြောင်းလုပ်ကိုင်ခွင့် ပေးတော့မှာ မပာုတ်ပါဘူး။ ဒီလုပ်ငန်းလုပ်ကိုင်ဖို့ ကုမ္ပဏီတွေက တင်ပြချက်တွေအရ လုပ်ကိုင်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဆက်လုပ်သွားမယ်ဆိုရင် ကြာလေအရှုံးကြီးလာလေပဲ ဖြစ်တော့မှာပါ။ ဒါ့ကြောင့် မြို့ပတ်ရထား လုပ်ငန်းကို မြန်မာ့မီးရထားဝန်ကြီးဌာနကပဲဆက်ပြီး ကိုင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ကြောင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် မြို့ပတ်ရထားလုပ်ငန်းကို ပြည်ပအကူအညီများ ရယူ၍သာ ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပြီး အချိန်ကာလ အတိုင်းအတာတစ်ခုသို့ရောက်ရှိမှသာ ပုဂ္ဂလိသို့ လွှဲပြောင်းပေးနိုင်ဖွယ်ရှိကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“အရင်က မြို့ပတ်ရထားလုပ်ငန်းကို ပုဂ္ဂလိကကို လွှဲပြောင်းမယ်လို့ ပြောခဲ့ပေမယ့် ဒီလုပ်ငန်းက အရမ်းကို အရှုံးကြီးနိုင်တဲ့ လုပ်ငန်း တစ်ခု ဖြစ်နေပါတယ်။ ဒီကိစ္စကို ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း တင်ပြထားပါတယ်။ ဒါကြောင့် မြို့ပတ်ရထားလုပ်ငန်း လုပ်ကိုင်ခွင့်ကို ပြန်ရုတ်သိမ်းလိုက် တာပါ။ သေချာတဲ့အချိန်တစ်ခုရောက်ရင်တော့ လုပ်ကိုင်ခွင့်ပြန်ပေးသွားမှာပါ”ပာု မြန်မာ့မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအချို့ကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်စပိုင်းတွင် မြန်မာ့မီးရထားဝန်ဆောင်မှုလုပ်ငန်းများကို ပြည်တွင်းတိုင်းရင်းသား ပုဂ္ဂလိကလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်စေရန် ဖိတ်ခေါ်ခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

အကြီးစားစက်မှုလုပ်ငန်းအချို့အား အဌားစနစ်ဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးမည်

စက်မှုဝန်ကြီးဌာနလက်အောက်ရှိ အကြီးစားစက်မှုလုပ်ငန်းအချို့အား အဌားစနစ်ဖြင့် ပုဂ္ဂလိသို့လွှဲပြောင်း လုပ်ကိုင်ခွင့် ပြုပေးသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“စက်မှုဝန်ကြီးဌာနမှာက ဆက်ပြီးရပ်တည်ဖို့ အရမ်းကိုခက်ခဲနေပါတယ်။ အဓိကတော့ ကုန်ကြမ်းတွေပျက်ပြီး ကုန်ချောတွေ ထွက်မလာနိုင်တဲ့ ပြဿနာပဲ။ ဒီဝန်ကြီးဌာနအနေနဲ့ မမြတ်နိုင်တဲ့အပြင် အရှုံးပါ ပြလာလို့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်မယ်။ ပြီးတော့ ပုဂ္ဂလိက လုပ်ငန်းရှင် တွေကို အဌားစနစ်နဲ့ လုပ်ကိုင်ခွင့်ပေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် စက်မှုဝန်ကြီးဌာနပိုင် တညင်းကုန်းရှိ အုတ်စက်ရုံတစ်ရုံအား ပုဂ္ဂလိကကုမ္ပဏီတစ်ခုသို့ ဌားရမ်းလုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး ထိုသို့ ဌားရမ်းလုပ်ကိုင်ခွင့်မပြုမီကာလအတွင်း စက်မှုဂျာနယ်နှင့် စက်မှုဝန်ကြီးဌာနများတွင် တင်ဒါများခေါ်ယူခဲ့ရာတွင် မားသားထရိတ်ဒင်း ကုမ္ပဏီလီမီတက်၊ ကျော်သာကုမ္ပဏီလီမီတက်၊ ရွှေစတားကုမ္ပဏီလီမီတက်နှင့် First Top ကုမ္ပဏီများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

“ခုလို စက်မှုဝန်ကြီးဌာနက သူတို့က စက်မှုလုပ်ငန်းအချို့ကို အဌားစနစ်နဲ့ ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးမယ်ဆိုတာတော့ ကောင်းပါတယ်။ မြန်မာ နိုင်ငံမှာ အကြီးစားစက်မှုလုပ်ငန်းတွေတင်မကဘူး။ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါသေးတယ်”ပာု ပြည်တွင်း စက်မှု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများအားလုံး အရင်းအနှီးနှင့် နည်းပညာအကူအညီများ ရရှိနိုင်စေရေးအတွက် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်ကို SME ဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်း လုပ်ကိုင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၃ ရက်နေ့တွင် နေပြည်တော်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနရုံး၌ ပြုလုပ်သည့် “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအထောက် အကူပေးရေး”အလုပ်ရုံဆွေးနွေးပွဲတွင် ဗပိာုဘဏ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်က ပြောကြားသည်။

YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား ဒုတိယအကြိမ်ကျင်းပ

အစိုးရသစ်လက်ထက်၌ ဒုတိယအကြိမ်အဖြစ်ကျင်းပပြုလုပ်သည့်  အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို စက်တင်ဘာလ ၁၅ရက် နေ့က  နေပြည်တော် လွှတ်တော် အဆောက်အဦဝင်းအတွင်းရှိ သဘင်ဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒုတိယမြောက် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ဦးခင်အောင်မြင့် အပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ IPU နိုင်ငံတကာ ပါလီမန်အမတ်များ သမဂ္ဂအဖွဲ့က ကိုယ်စားလှယ်များ၊ စာပေ၊ ဂီတ၊ အနုပညာနှင့် လူမှုရေးနယ်ပယ်က ပုဂ္ဂိုလ်များ စုစုပေါင်း လူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း  ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

 ယင်းအပြင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ လိုရာပြည့်စုံရန် မျိုး လုံပေါ်တော်မှု မြတ်စွာဘုရား(၅)ဆူ ပရ၀ုဏ်အတွင်း၌ စက်တင်ဘာ လ(၁၅) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ်  မီးပုံးပျံလွှတ်၊ ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အဆိုပါနေ ည ၇နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆုတောင်းမီးထွန်းပွဲကို အထက်မြန်မာပြည် ဗကသအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး  ငြိမ်းချမ်းရေးလိုလားသည့် လူမှုရေးအသင်း အဖွဲ့များ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ဗကသကျောင်းသား ၃၀ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ကိုမိုးသီးဇွန်နှင့်အဖွဲ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် တွေ့ဆုံ

မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေကြတဲ့ ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော် ဦးဆောင်တဲ့ အမိမြေငြိမ်းချမ်းရေး အဖွဲ့သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်အား သဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီပါတီသစ် ရုံးခန်းသို့ စက်တင်ဘာ ၁၅ ရက်နေ့တွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကိုမိုးသီးဇွန်က ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာရာတွင် အခက်အခဲမရှိရန် သံရုံးများ ၌ ဗီဇာလျှောက်ထား ရာတွင် မလိုအပ်ဘဲ ၇မျက်နှာခန့် ဖောင်ဖြည့်ရခြင်းနှင့် နိုင်ငံသား စိစစ်ရေးကဒ်ပြားကို Smart Card ဖြင့် ပြုလုပ်ရာတွင် ကိုးကွယ်သည့် ဘာသာထည့် သွင်းခြင်း မပြုရေးအား လွှတ်တော်တွင် တင်ပြဆွေးနွေးပေးရန် တောင်းဆိုခဲ့ ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ တယဝန်ဂှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

"ကျွန်တော်က သူတို့ကို သင်္ဃန်းကျွန်းက မွေးဖွားတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့အတွက် ကျွန်တော် သူတို့ကို လေးလေးစားစား ကြိုဆိုတယ်။ သူတို့သိချင်တာ ရှင်းပြတယ်။ ချုပ်လိုက်ရှိရင်တော့ နိုင်ငံရေးမျိုးဆက်တစ်ခုအဖြစ် နိုင်ငံတကာမှာ အတွေ့အကြုံရှိတဲ့ သူတို့တွေ ပြည်တွင်းမှာ ပြန်လုပ်မယ်ဆိုတာကို ကျွန်တော်ကြိုဆို တယ်။ အားပေးတယ်ဆိုတဲ့ အကြာင်းပါပဲ။ အရင်ကတော့ ကျွန်တော် အထွေထွေလွှတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ တင်ခဲ့သလိုပေါ့၊ ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ နိုင်ငံရေး ပြန်လုပ်နိုင်ဖို့၊ လိုအပ်ရင် သင်ပုန်းချေ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ဖို့ လွှတ်တော်မှာ တင်ဖို့အထိ ကျွန်တော် စဉ်းစားထားပါတယ်။ သူတို့ကိုလည်း ပြောပြပါတယ်"ဟု ဦးသိန်း ညွန့်က ပြောကြားသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကိုမိုးသီးဇွန်၊ ကိုထွန်းအောင်ကျော်၊ ကိုရွှေစင်ထွန်း၊ ကိုရင်အေး၊ ကိုကိုလေးနှင့် NNDPပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

စနစ်တကျနဲ့ ဖန်တီးပေးနိုင်တဲ့ ဘက်ပေါင်းစုံကနေ သက်ဆိုင်ရာဌာပေါင်းစုံကနေ ၀ိုင်းဝန်းပြီးတော့ ကိုယ့်ရဲ့တာဝန်ယူရတဲ့ အပိုင်းကို စေတနာထက်သန်စွာ ဆောင်ရွက်သွားမယ်ဆိုရင် ရန်ကုန်မြို့ဟာ အနာဂတ်မှာ ခေတ်မီမယ်။ အဲဒါတွေကို လုပ်ပေးမှုမရှိဘူးဆိုရင် ရန်ကုန်မြို့ နောက်ထပ်ကားသစ်တွေ ၀င်လာပြီးတော့ ယာဉ်ကြောကျပ်တဲ့ ကိစ္စ၊ သွားလာနေတဲ့ အနေအထားမှာရော၊ လုပ်ငန်းခွင်ကို သွားလာနေတဲ့သူတွေမှာရော အချိန်ကြန့်ကြာမှု ရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးမှုဖြစ်မယ်။ လုပ်ငန်းခွင်တွေလည်း ထိခိုက်နစ်နာမယ်။ အဲဒါဆိုရင် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ နှေးကွေးနေမှာပဲ။

စက်တင်ဘာ ၁၃ ရက်နေ့ထုတ် Popular News Journal အတွဲ (၄)၊ အမှတ် (၃၆) တွင် ပါရှိသော “ဒီလူ ဒီကား ဒီလမ်းများနှင့် ရှေ့မရောက် နိုင်သေးသည့် ရန်ကုန်” သတင်းမှ မထသ (ဗဟို) မှ ဒုတိယဌာနမှုး ဦးဝင်းဇော် ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

SWN: အခုဆရာတို့ အဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးတွေ၊ လူမှုတရားမျှတရေး ဆက်လုပ်ဖို့အစီအစဉ်နဲ့ ဆရာတို့ လာခဲ့ကြတာပေါ့။ အခု ဆရာတို့ဘာတွေလုပ်မယ်ဆိုတာလေး ပြောပြနိုင်မလား ဆရာ။ ရှေ့မှာ ဘာတွေဆက်လုပ်မယ် ဆိုတာလေးတွေ......။

Dr.TH:  ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ဥပမာဆိုလို့ရှိရင် အခုငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေး  ညှိုနှိုင်းမှုနဲ့ အဖြေရှာတဲ့ ယဉ်ကျေးမှုတည်ဆောက်ဖို့ပေါ့။ အဲဒါက Dialogue Culture လို့ခေါ်ပါတယ်။ မြန်မာ့သမိုင်းမှာ ပြန်ကြည့်လိုက်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့  ဒီတစ်ယောက်နဲ့ တစ်ယောက် အမြင်ကွဲပြားမှုတွေကို ညှိနှိုင်းမယ့်အစား အပြတ်ရှင်းတဲ့ သမိုင်းကြောင်းတွေလည်း များခဲ့တယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ တိုင်းပြည်ဟာ ပဋိပက္ခတွေနဲ့ သံသရာရှည်ပြီးတော့ ဖွံ့ဖြိုးမှုတွေနောက်ကျတယ်။ အဲတော့ တွေ့ဆုံဆွေးနွေးမှုနဲ့ အဖြေရှာတဲ့ ယဉ်ကျေးမှု တည်ဆောက်ဖို့ဆိုတာက တွေ့ဆုံဆွေးနွေးရေးမူတွေနဲ့ ပတ်သက်တဲ့ အခြေခံသဘောတရားတွေ၊ ညှိုနှိုင်းမှုတွေ၊ ဆောင်ရွက်မှု၊ ဒါတွေနဲ့ပတ်သက်တဲ့ အခြေခံသဘော တရားတွေ ဒါတွေကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် သိဖို့လိုတယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ ခေါင်းဆောင်တစ်စု သဘောတူညီသွားတာတင် မဟုတ်ဘူး။ ကျွန်တော်တို့လူထုထဲမှာကို အဆင့်ဆင့် ပြန့်သွားရမယ်။ ကျွန်တော်တို့လူမျိုးအားလုံး တန်းတူညီမျှမှုကို ကျွန်တော်တို့ အသိအမှတ်ပြုရမယ်။

စက်တင်ဘာ ၁၃ ရက်နေ့ထုတ် အတွဲ (၄/၈) ဗီးနပ်စ် ဂျာနယ်တွင် ပါရှိသော “ပထမဦးဆုံးမြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်း သားများ တပ်ဦး နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာသန်းထွန်း နှင့်တွေ့ဆုံခြင်း” သတင်းမှ ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

ပြည်ထောင်စုအဆင့် ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ ပတ်သက်ပြီး ဝိဝါဒကွဲကြလို့ ခုံရုံးလူကြီးတွေ တစ်ဖွဲ့လုံးထွက်တဲ့အထိ ဖြစ်သွားတာ။ နောက်ထပ်ခုံရုံးအသစ်ဖွဲ့ရင်  ဒီကော်မတီ၊ ကော်မရှင် အဖွဲ့တွေဟာ ပြည်ထောင်စု အဆင့်ဖြစ်တယ်ဆိုတာကို ပြန်ပြီးအတည်ပြုပေးရမှာပေါ့။ လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ နည်း ဥပဒေတွေကို  ပြဋ္ဌာန်းတဲ့အခါမှာ အယူအဆမှားယွင်းတာနဲ့ ဆိုင်တယ်။ ဒါကို ကျွန်တော်တို့က ဥပဒေပိုင်း ရပ်တည်တဲ့အခါကျတော့ ကျွန်တော်တို့ပါတီရဲ့ ရပ်တည်ချက်က ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်တွေရဲ့ အမြင်အယူဆနဲ့သွားတူတယ်။

စက်တင်ဘာ၁၃ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အမှတ်(၇၆) တွင်ပါရှိသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ ရာထူးမှ နှုတ်ထွက်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive