Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ချစ်ခြင်းရဲ့ အာဏာဖြင့်သာ

*****************************************

ဆောင်းပါးကဏ္ဍ

ချစ်ခြင်းရဲ့ အာဏာဖြင့်သာ

ဇေဝင်းနောင်

(စက်တင်ဘာ ၂၄ရက်ထုတ် Weekl Eleven ဂျာနယ် အတွဲ (၇) အမှတ် (၅၁) မှ ထုတ်ယူဖော်ပြချက်။)

လူတွေက အပြာရောင် အင်္ကျီတွေနဲ့။ စာတန်းတွေကိုင်လို့။ အဲဒီနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လေ။ လမ်းပေါ်မှာ လူတွေ၊ ရက်ပါတွေ၊ ပန့်ခ်တွေလည်း ပါကြပါသေးတယ်။ နယူးယောက်မှာရှိတဲ့ ကုလရုံးချုပ်က ငြိမ်းချမ်းရေးခေါင်းလောင်းကြီးလည်း အဲဒီနေ့မှာ ထိုးမြဲထိုးကြဦးမယ်။ ၂၀၁၂ အတွက် ထူးခြားချက်က အဲဒီနေ့ဟာ ကမ္ဘာ့အပစ်အခတ်ရပ်စဲရေးနေ့။ အဲဒီနေ့တော့ မပစ်ကြနဲ့ဆိုတာထက် ပိုတယ်။

နိုင်ငံတကာမှာ ဘာတွေများ ထူးထူးခြားခြား လုပ်ကြသလဲရှာကြည့်တော့ မြန်မာပြည်က အထူးခြားဆုံးဖြစ်နေတာကိုလည်း တွေ့လိုက်ရတယ်။ ၁၉၈၁ ခုနှစ်က စသတ်မှတ်ခဲ့တာဆိုတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဆိုတာ ၃၁ နှစ်ကြာခဲ့ပြီပဲ။ ကျွန်တော်တို့ဆီမှာတော့ အခုမှ လုပ်ခွင့်ရလို့ လုပ် ကြတာ အပြစ်တင်စရာမဟုတ်။ ဝမ်းသာစရာလို့ပဲ မြင်မိတယ်။ (တစ်ပါတည်းတွဲပါလာတဲ့ ဝမ်းနည်းစရာက ဖမ်းမယ်၊ ဆီးမယ်ဆိုတာပဲ။ ဒီလို အသွင်ကူး ပြောင်းစ ခေတ်ကာလမှာ လျှော့လျှော့ပေါ့ပေါ့လုပ်ဖို့ လိုပါတယ်။ မလိုလားအပ်တဲ့ အတိတ်ရဲ့ အဆိုးကြော့သံသရာကို တစ်ပတ်ပြန်လှည့်သလို ဖြစ်သွားနိုင် တဲ့အတွက်ပါ။)

ငြိမ်းချမ်းရေးစကား ခဏခဏပြောနေရတာဟာ ငြိမ်းချမ်းရေးမရသေးလို့ပါ။ ငြိမ်းချမ်းပြီးတဲ့ နိုင်ငံတစ်နိုင်ငံအတွက်ကတော့ ဒီတစ်နေ့ဟာ ကုလ ရဲ့ များမြောင်လှတဲ့ အထိမ်းအမှတ်နေ့တွေထဲက တစ်ခုဆိုတာလောက်ပဲလေ။ ကျွန်တော်တို့ဆီမှာတော့ လွတ်လပ်ရေးရကတည်းကဆိုရင် အနှစ် ၆၀။ အချင်းချင်း ပစ်ခတ်လာလိုက်ကြတာ အနှစ် ၆၀။ အိမ်နီးချင်းနိုင်ငံတွေကို မျှော်ကြည့်ရင်း၊ ကိုယ့်မွေးမြေကို စွန့်ခွာရင်း နှစ်တွေကြာလာခဲ့ကြတာ။ အရပ်သား အစိုးရ တက်လာတဲ့ခေတ်အခါမှာတော့ ဒါတွေကို အဆုံးသတ်ဖို့ မျှော်လင့်စရာ ရှိလာခဲ့တယ်။ အပစ်အခတ်ရပ်ဖို့၊ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့။ အပစ် အခတ်ရပ်စဲရေးမှာ ကေအိုင်အေနဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့တွေနဲ့ သဘောတူညီမှု ယူနိုင်ခဲ့ကြတယ်လို့ ကျွန်တော်တို့ အကောင်းမြင်ကြည့်ဖို့ အခွင့်အရေးရှိလာ ခဲ့တယ်။ ဒါပေမဲ့ ကချင်မြေမှာ ငြိမ်းချမ်းရေးဆိုတာ မရှာနိုင်ရင် အဲဒါဟာ အပြီးမသတ်နိုင်သေးတဲ့ ကိစ္စဆိုတာလည်း နားလည်ထားကြတယ်။ ကေအိုင်အေနဲ့ အပစ်အခတ်ရပ်စဲနိုင်ရင်ရော ဒါဟာ ငြိမ်းချမ်းရေးရပြီလို့ ဆိုနိုင်ပြီလား။ အဲဒီအခါမှာမှ ဇာတ်လမ်းက စရမယ်လို့ထင်တယ်။ အဓိက စိန်ခေါ်မှုက ပြန်လည် ရင်ကြားစေ့ရေးပါ။ တိုင်းရင်းသားတွေ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု မတည်ဆောက်နိုင်သရွေ့တော့ ငြိမ်းချမ်းရေးဆိုတာ လွယ်ဦးမှာမဟုတ် ဘူး။ အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့လည်း အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာဖို့အတွက် မလုံလောက်ဘူး။ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးဆိုတာ ကြွေးကြော်သံသက်သက် မဟုတ်ဘူး။ ပြည်တွင်းစစ်ရပ်ဆိုတာ ဆောင်ပုဒ်တစ်ခုသက်သက် မဟုတ်ဘူး။

အကြမ်းဖက်တဲ့ပဋိပက္ခတွေ မရှိတော့တဲ့အခါမှ၊ အကြမ်းဖက်ခံရမှာကို စိုးရွံ့နေရတဲ့ အခြေအနေက လွတ်မြောက်လာတဲ့အခါမှ ငြိမ်းချမ်းရေး ဆိုတာ ဖြစ်လာမှာ။ အားလုံးရဲ့ အကျိုးစီးပွားကိုကိုယ်စားပြုတဲ့ နိုင်ငံရေးအစီအစဉ်တစ်ရပ်နဲ့ မျှတမှုဆိုတာ ဖြစ်တည်လာမှ၊ ရန်လိုမှုကင်းတဲ့ အခြေအနေမှာ ဒဏ်ရာအနာတရတွေကို ကုစားပြီး ကျန်းမာလာတဲ့ အပြန်အလှန် ဆက်ဆံရေးဆိုတာရှိလာမှ ကျွန်တော်တို့ မျှော်လင့်ကြတာ ဖြစ်လာမှာပါ။ စစ်တွေမရှိတော့ရုံ၊ အကြမ်းဖက် ပဋိပက္ခတွေ မရှိတော့ရုံနဲ့တင်လည်း ငြိမ်းချမ်းတဲ့ အချိန်ကာလဆိုတာကို ရဦးမှာမဟုတ်ဘူး။ အပြုသဘောဆောင်တဲ့ လေးစား လောက်တဲ့ ယဉ်ကျေးမှုနဲ့ စီးပွားရေးအရ အပြန်အလှန်ဆက်ဆံမှု ဆိုတာရှိလာမှ ငြိမ်းချမ်းတဲ့ခေတ်အခါဆိုတာ ရောက်လာမှာ။ အဲဒီလိုမျိုးဖြစ်တည်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ ယုံတမ်းစကား မဟုတ်တာတော့ သေချာတယ်။ ဒါပေမဲ့ အီစွတ်ရဲ့ အဘိုးအိုနဲ့သားများပုံပြင်ထဲက ထင်းစည်းဆိုရင် မကျိုးဘူး၊ ထင်း ချောင်းဆိုရင် ကျိုးတယ်ဆိုတဲ့ စည်းလုံးညီညွတ်မှုဥပမာနဲ့ နားချရလောက်အောင် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ ထင်းချောင်းတို့ ထင်းစည်းတို့လောက် နဲ့ ညီညွတ်ဖို့လာပြောရင် အပင်တွေမရှိတော့လို့ ပြောင်နေတဲ့ တောင်တန်းသားတွေ မြေပေါ်က တောင်ကတုံးကြီးတွေက လှောင်ကြလိမ့်မယ်။ ရေအလား တစ်သားတည်း ဖြစ်ကြစို့လို့ အလွယ်ပြောရင် ကိုငှက်ကြီးပြောခဲ့ဖူးတဲ့ ရာဇဝင်များရဲ့ သတို့သမီးက မြစ်ဆုံကို မျက်စောင်းထိုးပြီး မချိပြုံးကလေး ပြုံးပြလိမ့် မယ်။ (မြစ်ဆုံကို လုံးဝဥဿုံ ရပ်ပါတယ်ဆိုတဲ့ ကတိစကား မထွက်မချင်းတော့ သူ့ခမျာလည်း လည်ပင်းတစ်ဆို့တစ်ဆို့ကြီး ဖြစ်နေရှာမှာ)။

ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတဲ့ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် တောင်းဆိုသံကို သတိရမိတယ်။ သေချာတာကတော့ ကရင်တွေလည်း တစ် ကျပ်မရခဲ့သလို ဗမာတွေလည်း တစ်ကျပ်မရခဲ့ဘူးဆိုတာပဲ။ ကျွန်တော်တို့အားလုံးပဲ ခေတ်ဆိုးစနစ်ဆိုးအောက်မှာ နာခဲ့ကြရတာ။ ကျွန်တော်တို့အကြားမှာ မယုံကြည်မှုဆိုတာတွေက ရှိနေနိုင်ဆဲပါ။ ဒဏ်ရာဟောင်းတွေ မကျက်သေးချိန်မှာ ဒဏ်ရာသစ်တွေ ထပ်ဖြစ်လာဖို့ အကြောင်းဖန်လာတာတွေလည်း ရှိနိုင် ပါတယ်။ ဒါပေမဲ့ ဒီကနေ့အခါလောက် ငြိမ်းချမ်းရေးကိုဖန်တီးဖို့ အခွင့်သာဆုံးအခါဆိုတာ မရှိခဲ့ဖူးသလို အခုနေအခါလောက် ငြိမ်းချမ်းရေးကို အလိုအပ် ဆုံး အခိုက်ကာလဆိုတာလည်း သေချာပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ဖို့အတွက် တစ်နိုင်ငံလုံးမျှတတဲ့ အခြေအနေနဲ့ ချိတ်ဆက်ထားမှုဆိုတာကို ကျွန်တော်တို့ မဖြစ်မနေ လိုအပ်နေခဲ့ပါပြီ။

အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုဆိုတာ အမှန်ပဲ ဒီအဆင့်အထိ ပြန်ရောက်လာဖို့အထိတောင် ကြိုတွေးထားဖို့ ခက်ခဲ့တာ ပါ။ ဒါပေမဲ့ အခုအတိုင်းအတာတစ်ခုအထိ ခရီးရောက်နေတာကြည့်ရင် ဒါ မဖြစ်နိုင်စရာမရှိဘူးဆိုတာ ရှင်းပါတယ်။ အပြန်အလှန် ယုံကြည်မှုတည်ဆောက် ဖို့ဆိုတဲ့ နောက်တစ်ဆင့်ကို တက်ကိုတက်ကြရပါမယ်။ လက်ရှိ ကချင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကိုသာ အမှန်တကယ် ရပ်တန့်နိုင်ခဲ့ပြီဆိုရင် ယုံကြည်မှုရေ ချိန်ဟာ အလုပ်ဖြစ်နိုင်တဲ့ အတိုင်းအတာကို ရောက်ပြီလို့ ဆိုလို့ရပါပြီ။ တိုင်းရင်းသားတွေ မကျေနပ်တဲ့ အခြေခံအချက်တွေကို နားထောင်ပြီး လတ်တ လောမှာ လုပ်နိုင်သလောက်ကိုပဲ လုပ်ပေးဦး၊ ဒါဟာ ခရီးဆက်ဖို့ တစ်အားဖြစ်စေမှာပါ။ ယုံကြည်မှုဆိုတာဟာ စကားလုံးတွေနဲ့ ဝယ်လို့မရသလို၊ ကျည်ဆန် တွေနဲ့လည်း ပုံဖော်လို့မရတာ သေချာပါတယ်။ ယုံကြည်မှုကို လက်တွေ့အလုပ်နဲ့ပဲ တည်ဆောက်လို့ရပါမယ်။

ယုံကြည်မှုဆိုတာ တည်ဆောက်နိုင်မှ ပြည်ထောင်စုစစ်စစ်ဆိုတာ တကယ်ရှိလာနိုင်မှာပါ။ ကျွန်တော်တို့အားလုံးက ပြည်ထောင်စုကြီး ချောက်ထဲ ရောက်တော့မယ်ဆိုတဲ့ စကားနဲ့ ကယ်တင်ခြင်း တေးသံအောက်မှာ နားကွဲခဲ့ကြတာ။ တကယ်က ပြည်ထောင်စုစစ်စစ်ဆိုတာကိုပဲ လိုအပ်ခဲ့တာ။ ကျွန်တော် တို့အတွက် ငြိမ်းချမ်းရေး အန္တိမပန်းတိုင်ဟာ ပြည်ထောင်စုစစ်စစ်ပဲ။ မြန်မာနိုင်ငံအတွက် ဘယ်လိုမျိုးမှ ပြည်ထောင်စုစစ်စစ်လဲဆိုတာ ဘယ်သူမှ အတိ အကျ မပြောနိုင်ပေမဲ့ ဘယ်လိုမျိုးဆိုရင် မစစ်ဘူးလို့ ခံစားမိသလဲဆိုတာတော့ တိုင်းရင်းသားတိုင်း ဖြေနိုင်မဲ့မေးခွန်းပါ။ အဲဒီမေးခွန်းတွေ မေးနိုင်ဖို့၊ ဖြေနိုင် ဖို့ မျက်နှာစုံညီ တွေ့ခွင့်ဆိုတာ ရှိလာဖို့လိုပါပြီ။ ဘူရွန်ဒီတို့၊ မိုဇမ်ဘစ်တို့လို နိုင်ငံမျိုးတွေတောင် ပြည်တွင်းစစ်ကနေ ငြိမ်းချမ်းရေးဆီ အရောက်လှမ်းနိုင်ရင် ကျွန်တော်တို့ဆီမှာရော ဘာလို့ မဖြစ်နိုင်စရာရှိမှာလဲ။ လတ်တလောမှာတော့ ငြိမ်းချမ်းရေးချိုးငှက်ကိုကြော်ပြီး ခေါင်ရည်နဲ့မြည်းသလိုဖြစ်နေတဲ့ ကဗျာ မဆန်တဲ့ ကြေကွယ်ဖွယ်ဇာတ်လမ်းကို အရင်ဆုံး ရပ်ကြရပါလိမ့်မယ်။

တစ်ဖက်တည်းနဲ့ တီးလို့မမြည်တဲ့ လက်ခုပ်ဆိုတာကိုတော့ မေ့ထားလို့မရပေမဲ့ ကိုယ်ကစ လက်လှမ်းဖို့ရာတော့ အားကြီးသူက သဘောထားကြီး ပြရပါလိမ့်မယ်။ ငြိမ်းချမ်းရေးချိုးငှက်ကို အမုန်းမီးက လောင်မြိုက်မသွားခင်မှာ ဂျင်မီဟင်းဒရစ် ပြောသလိုပဲ ချစ်ခြင်းရဲ့အာဏာနဲ့ ငြှိမ်းကြရပါမယ်။ အဲဒီက မှ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးဆိုတာ တကယ်ဖြစ်လာဖို့ လမ်းပွင့်လာမှာပါ။

ပုပ်ရဟန်းမင်းကြီး ဘင်နစ်ဒစ်-၁၆ က ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ "ငြိမ်းချမ်းရေးဆိုတာ အမှန်တရားနဲ့ ချစ်ခြင်းအပေါ် တံခါးဖွင့်ထားတဲ့ ယုံကြည်ချက်နဲ့မှသာ အောင်မြင်ပေါက်မြောက်နိုင်တယ်ဆိုတာပါ"။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂၄.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. မီဒီယာများတရားစွဲခံရမှု အီးယူကူညီမည်
  2. ရန်ကုန်-နေပြည်တော်ကြား ပိာုတယ်ဇုန်တစ်ခု တည်ထောင်မည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ရွေးကောက်ပွဲတရားစွဲဆိုခံရမှု NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးအနိုင်ရရှိ
  2. ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် NNDP ပါတီမှ ကိုယ်စားလှယ်များတွေ့ဆုံမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မီဒီယာများတရားစွဲခံရမှု အီးယူကူညီမည်

မြန်မာနိုင်ငံအတွင်းရှိ မီဒီယာသမားများ တရားစွဲဆိုခံရပါက ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂ Governence, Democracy, Gender and Human Right အဖွဲ့မှ ဒုတိယခေါင်းဆောင် Mr. Patrice ရောက် ရှိစဉ်“မီဒီယာသမားတွေ တရားစွဲခံရပြီဆိုရင် တရားရုံးကုန်ကျစရိတ်တို့၊ ရှေ့နေငှားခတို့ကို မြန်မာပြည်မှာဖွင့်ထားတဲ့ အီးယူရုံးမှာ ထုတ်ယူလို့ရပါပြီ”ဟု စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး အရပ်ဘက်အဖွဲ့အစည်းများ၊ မီဒီယာသမားများနှင့် တွေ့ဆုံရန်ရှိပြီး၊ ဗုဒ္ဓဟူးနေ့တွင် ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။

“အခုလောလောဆယ်မှာ မီဒီယာသမားတွေကို အမှန်တကယ် ကာကွယ်ပေးနိုင်တဲ့ ဥပဒေဆိုတာ မရှိသေးဘူး။ ခုကို သတ္တုတွင်းဝန်ကြီးဌာနနဲ့ the voice အမှုမှာဆိုရင် မီဒီယာကိုကာကွယ်တဲ့ ဥပဒေမရှိလို့ ခုလိုခံနေရတာပါ။ ဒါကြောင့် မီဒီယာသမားတွေအတွက် ဥပဒေလည်းလိုအပ်သလို မီဒီယာသမား တွေ တရားစွဲခံရရင် အကူအညီပေးနိုင်မယ့်အဖွဲ့အစည်းတွေ အများကြီးလိုအပ်ပါတယ်”ပာု ပြည်တွင်းသတင်းထောက်တစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ယခင် ပြန်ကြားရေးဝန်ကြီးပောာင်း ဦးကျော်ဆန်းလက်ထက်၌ ရေးဆွဲ ခဲ့သည့် မီဒီယာဥပဒေကြမ်းကို အသစ်ပြန်လည်ရေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး မီဒီယာဥပဒေသစ် ရေးဆွဲနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးအောင်ကြည်က စာနယ်ဇင်းနယ်ပယ်အတွင်းရှိ ပုဂ္ဂိုလ်အသီးသီးနှင့် ဆက်တိုက်တွေ့ဆုံလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ မီဒီယာကန့်သတ်ချုပ်ချယ်ထားမှုများကို တဖြည်းဖြည်း လျော့ချပေးခဲ့သည့်အပြင် စာပေစိစစ် ရေး လုံးဝလွတ်လပ်ခွင့်ပေးခဲ့ပြီး မီဒီယာသမားများအတွက် မီဒီယာဥပဒေ အမြန်ဆုံးပေါ်ပေါက်လာနိုင်စေရန် သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ပုဂ္ဂိုလ်များ က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်-နေပြည်တော်ကြား ပိာုတယ်ဇုန်တစ်ခု တည်ထောင်မည်

ရန်ကုန်နှင့် နေပြည်တော်ကြားတွင် ဧက ၈၀၀ အကျယ်အဝန်းရှိသည့် ပိာုတယ်ဇုန်တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရန်ကုန်နဲ့နေပြည်တော်ကြားမှာ ဧက ၈၀၀ ရှိတဲ့ပိာုတယ်ဇုန်တစ်ခု တည်ဆောက်သွားဖို့လျာထားပါတယ်။ ရန်ကုန်မြို့ထဲမှာ ပိာုတယ်ဇုန်ဆောက်ဖို့ မြေနေရာမရှိတော့တဲ့အတွက် အခုလို ရန်ကုန်နဲ့နေပြည်တော်ကြားမှာ ပိာုတယ်ဇုန်တစ်ခုတည်ဆောက်ရတာပါ။ လက်ရှိ ပိာုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဌာနကလည်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ပိာုတယ်ဇုန်တွေ တည်ဆောက်နေပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ပိာုတယ်အခန်းလိုအပ်ချက်များအတွက် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရှေးပောာင်းအဆောက်အဦးတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းစုပေါင်းရုံးနှင့် ကုန်သည်လမ်းရှိ မြန်မာ့မီးရထားရုံးချုပ်တို့အား ခေတ်မီပာိုတယ်များအဖြစ် ပြောင်းလဲသွားနိုင်ရေး မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မ ရှင်မှ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“လက်ရှိ နိုင်ငံခြားသားတွေက ပြည်တွင်းကို အရမ်းဝင်လာပါတယ်။ ဒီလိုဝင်ရောက်လာတဲ့အတွက် ဖြစ်နေတာက ပိာုတယ်အခန်း မလုံလောက် မှုတွေပါ။ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ဖို့အတွက် ပိာုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနကလည်း လုပ်ဆောင်နေပါတယ်။ လောလောဆယ်တော့ ရန်ကုန် တိုင်းစုပေါင်းရုံးနဲ့ မြန်မာ့မီးရထားရုံးချုပ်တို့ကို ပိာုတယ်လုပ်ခွင့်ပြုထားပါတယ်။ ရန်ကုန်နဲ့ နေပြည်တော်ကြားမှာလည်း ပိာုတယ်ဇုန်တစ်ခုဆောက်ဖို့ လျာ ထားပါတယ်”ပာု ပိာုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၁ ခုနှစ်ပိုင်းတွင် နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှု ပိုမိုများပြားလာခဲ့သည့်အတွက် ပိာုတယ်အခန်း မလုံလောက်မှု များဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းနိုင်ငံသားပိုင်ပိာုတယ်၊ နိုင်ငံခြားသားပိုင်ပိာုတယ်များနှင့် ပိာုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအကြား ပြဿနာများဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ရွေးကောက်ပွဲတရားစွဲဆိုခံရမှု NLD လွှတ်တော်ကိုယ်စားလှယ်အားလုံးအနိုင်ရရှိ

ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက ဧပြီ ၁ ရက်နေ့၌ ကျင်းပခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲ မသမာမှုများနှင့်ပတ်သက်၍ အမျိုးသားဒီမိုက ရေစီအင်အားစု(NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအား တရားစွဲဆိုထားမှုများတွင် NLD လွှတ်တော်ကိုယ်စားလှယ်အားလုံး အနိုင်ရရှိသွားပြီဖြစ် ကြောင်း သိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေနဲ့ပတ်သက်ပြီးတော့ ပြည်ခိုင်ဇြိုးပါတီက တရားစွဲဆိုထားပါတယ်။ ခု တရားစွဲဆိုခံရတဲ့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အားလုံး အနိုင်ရရှိသွားပါပြီ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှန်မှန်ကန်ကန်စစ်ဆေးခဲ့ပါတယ်”ပာု NLD ပါတီမှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မသမာမှုများကျုးလွန်သည်ပာူသော စွဲချက်ဖြင့် တရားစွဲဆိုခံရသည့် NLD ပါတီလွှတ်တော်ကိုယ်စားလှယ် လေးဦး မှာ စစ်ကိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ ကျွန်းစုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်ရီနှင့်လှည်းကူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်း သိန်းတို့ဖြစ်ပြီး ၎င်းတို့အား မေလ ၁၀ ရက်နေ့တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များက ကြားဖြတ်ရွေးကောက်ပွဲ မသမာမှုများပြုလုပ်သည်ပာူသောစွဲချက်ဖြင့် NLD လွှတ်တော်ကိုယ်စားလှယ်များအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဦးဖြိုးမင်းသိန်းတော့ ဒီလ ၂၀ ရက်နေ့က စီရင်ချက်ချခဲ့တာပါ။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေရဲ့ စွပ်စွဲချက်တွေပာာ မှားယွင်းပြီး ရွေးကောက်ပွဲ မှာ မတရားပြုကျင့်မှုတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိဘူးဆိုပြီး ရွေးကောက်ပွဲကော်မရှင်က စီရချက်ချခဲ့တာပါ”ပာု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အများဆုံးအနိုင်ရရှိခဲ့ပြီး လွှတ်တော်တွင်း ဒုတိယအင်အားအကြီးဆုံးအတိုက်အခံပါတီတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် NNDP ပါတီမှ ကိုယ်စားလှယ်များတွေ့ဆုံမည်

လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီမှ ကိုယ်စားလှယ်များမှ တွေ့ဆုံသွားမည်ဖြစ်ကြောင်း NNDP ပါတီမှ တာဝန်ရှိ သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တိုင်းဒေသကြီးအစိုးရနဲ့ ကျွန်တော်တို့အဖွဲ့ ဘယ်နေ့မှတွေ့မယ်ဆိုတာ အတိအကျတော့ မသိသေးပါဘူး။ အရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နဲ့တွေ့တုန်းကလည်း ကျွန်တော်တို့အချက်ပေါင်း ၄၇ ချက်တင်ပြထားပါတယ်။ ဒီကိစ္စအတွက်ကိုလည်း ထည့်ပြီဆွေးနွေးသွားမှာပါ။ လက်ရှိတော့ ကျွန်တော်တို့ တင်ပြထားတဲ့အချက် ၄၇ ချက်ထဲက အချက် ၁၀ ခုကိုပဲ အကောင်အထည်ဖော်တာတွေ့ရပါတယ်။ ပြီးတော့ ဌာနဆိုင်ရာအချင်းချင်း ပူး ပေါင်းဆောင်ရွက်ခြင်းကိစ္စတွေ လုပ်ဆောင်နိုင်ဖို့အတွက်လည်း ဆွေးနွေးသွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်အနေဖြင့် ငမိုးရိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်ပတ်သက်၍ တိုက်ကန်ထရိုက်ဆောက်ချိန်တွင် ငွေတောင်းခံမှုများ ကို အထောက်အထားနှင့်တကွ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြတိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိခဲ့သည့်အပြင် ပြန်လည်အကြောင်း ကြားလာခြင်းလည်း မရှိသည့်အတွက် ယခုဆွေးနွေးပွဲတွင် ယင်းကိစ္စအား ထည့်သွင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုပာာက အစိုးရအဖွဲ့ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်တို့လုံးဝမသိရပါဘူး။ သူတို့ဘက်က ဘာမှ ပြန်အကြာင်းကြားတာမျိုးလည်း မရှိ ဘူး။ ဆယ်ခုတင်ရင် ကိုးခုကိုပဲ ဆောင်ရွက်ပေးတာတွေ တွေ့ရပါတယ်။ ငမိုးရိပ်ကိစ္စကိုလည်း အရေးယူတာမတွေ့ရပါဘူး”ပာု NNDP ပါတီမှ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် အုပ်ချုပ်ရေးအာဏာပိုင်းအတွင်းရှိ ပုဂ္ဂိုလ်များ၏ မြို့နယ်အတွင်းလုပ်ဆောင်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များအနေ ဖြင့် သိရှိခြင်းမရှိဘဲ အောက်ခြေပိုင်းဖြစ်ပျက်သမျှကိစ္စရပ်များအား အလွယ်တကူ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ref:Flower News

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

ခွင့်ပြုချက်ဆိုတာက လုံခြုံရေးအမြင်နဲ့ နေရာတကာကို ကြည့်လို့မရပါဘူး။ ဒီဟာက တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကိစ္စဆိုတော့ တစ်မျိုးသားလုံးရဲ့အရေးပါ။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေရပ်စဲဖို့ တရားမျှတမှုတွေ၊ ငြိမ်းချမ်းမှုတွေ ရှင်သန်ဖို့အတွက်ကို အားလုံးက လိုလားပါတယ်။ အဲဒီလိုလားချက်တွေကို ငြိမ်း ငြိမ်းချမ်းချမ်း ဖော်ထုတ်ပြသခြင်းဖြစ်ပါတယ်။

စက်တင်ဘာ ၂၄ရက်ထုတ် Messenger ဂျာနယ်အတွဲ (၃) အမှတ် (၁၈)တွင်ပါရှိသည့် "ခွင့်ပြုချက်မရဘဲ ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော် ထုတ်သူများအား တရားစွဲဆိုခြင်းကို အမြင်ကွဲပြားမှုများရှိနေ"သတင်းမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေဟာ ရာစုနှစ်တစ်ဝက်ကျော်ပြီဖြစ်တဲ့ ဒီပြည်တွင်းစစ်မှာ အဓမ္မအမှောင်ထုထဲမှာ ဘဝတွေ အငတ်ငတ်အပြတ်ပြတ်နဲ့ နေခဲ့ရတာ မျိုးဆက်တွေနဲ့ ချီနေပါပြီ။ တိုင်းပြည်ရဲ့ စီးပွားဥစ္စာဆိုရင်လည်း ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေးတွေမှာ သုံးရမယ့်အစား ဒီစစ်ပွဲထဲမှာ ကျည်ဆံတွေဖြစ်လိုက်၊ ဗုံးဆံတွေဖြစ်လိုက်နဲ့ အလဟဿဖြစ်ခဲ့ရတာ မနည်းတော့ပါဘူး။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူ ခေါင်းဆောင်အားလုံး တိုင်းရင်းသားပြည်သူတွေကို ငဲ့ကြပါလို့ တောင်းပန်ချင်ပါတယ်။

စက်တင်ဘာ၂၄ရက်ထုတ် Street View ဂျာနယ် အတွဲ (၁) အမှတ် (၃၇)တွင်ပါရှိသည့်"အင်းယားကန်ပေါင်မှာ အပြာရောင်တွေ လွှမ်းတဲ့ နေ့"သတင်းမှ ငြိမ်းချမ်းရေးကွန်ရက်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

တရားစွဲဆိုခံရတဲ့မီဒီယာတွေကို အီးယူက အကာအကွယ်ပေးမယ်ဆိုတဲ့သတင်းက ကိုယ့်နိုင်ငံမှာ နိုင်ငံသားသတင်းမီဒီယာ သမားတွေအတွက် အားကိုး စရာ အကာအကွယ်ပေးမယ့်ဥပဒေ မရှိသလို ဖြစ်မနေဘူးလား။ အဲဒီလို သတင်းထွက်ပေါ်လာတယ်ဆိုကတည်းက ကျွန်တော်တော့ သိပ်ရှက်စရာကောင်းတယ်လို့ ချက်ချင်းတွေးမိတယ်။

စက်တင်ဘာ၂၄ရက်ထုတ် Weekl Eleven ဂျာနယ် အတွဲ (၇) အမှတ် (၅၁) တွင်ပါရှိသည့်"ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ)၏ အထွေထွေအတွင်းရေးမှူး ကိုကျော်မင်းဆွေအား ဒဂုံမြို့နယ်တရားရုံးက အသရေဖျက်မှုဖြင့် တရားစွဲ" သတင်းမှ ကိုကျော်မင်းဆွေ၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive