Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၄.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂသို့သွားရောက် ဂုဏ်ပြုဆုသစ်လက်ခံ

( The News မှ 23 Sept 2012 ရက်စွဲပါ “ Suu Kyi visits UN, gets new award” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ထားဝယ်စီမံကိန်းကို ကယ်တင်နိုင်ရန် ထိုင်းနှင့်ဂျပန် တို့ အပြိုင်အဆိုင်ကြိုးပမ်း

(21 September 2012 ရက်စွဲပါ Reuters  မှ Jason  နှင့်     Amy Saurtta  Letevre တို့ ရေးသားသော Japan, Thailand race to rescue of Myanmar`s struggling Dawei ကို ဘာသာပြန်ပါသည်။)

***********************************************************

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂသို့သွားရောက် ဂုဏ်ပြုဆုသစ်လက်ခံ

( The News မှ 23 Sept 2012 ရက်စွဲပါ “ Suu Kyi visits UN, gets new award” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂသို့ သွားရောက် လည်ပတ်ခဲ့ပြီးနောက်တွင် နောက်ထပ်ဆုသစ် တစ်ခု ကို လက်ခံရယူခဲ့သည်။

နိုင်ငံတကာတွင် အမေရိကန် ပြည်ထောင်စု၏ အပြုသဘောဆောင်သော ဦးဆောင်မှုနှင့် ထိတွေ့မှုကို အားပေးသော Atlantic Council ဥာဏ် ကျယ်အုပ်စုက ချီးမြှင့်သော “2012 Global Citizen Award” ဆုကိုလက်ခံရယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်က “ကမ္ဘာမှာ လူသိများခြင်း မရှိတဲ့ ကျွန်မရဲ့ လုပ်ဖော် ကိုင်ဖက်တွေကို ဒီနေ့ည ကျွန်မလေးလေးစားစား ဂုဏ်ပြုရပါလိမ့်မယ်”ဟု ပြောကြားသည်။

“လူသိများပြီးဆုတွေ အများကြီးရထားတဲ့ ကျွန်မတို့လို လူတွေထက် အမည်မသိတဲ့  တိုက်ပွဲဝင် စစ်သည်တွေက ပိုပြီးကြီးကျယ် မြင့်မြတ်ပါတယ်” ဟုသူမက ဆိုသည်။

နယူးယောက်မြို့ ပလာဇာဟိုတယ် ဂုဏ်ပြုညစာစားပွဲတွင် IMFအမှုဆောင် ညွှန်ကြားရေးမှူး ခရစ်စတင်းလာဂါဒီက “ကျွန်မက ငွေကြေး နိုင်ငံရေး၊ အာဏာ၊ စီးပွားရေးနဲ့ ပဋိပက္ခတွေနောက်ကို အလွယ်တကူ လိုက်ပါလေ့ မရှိပါဘူး။ ဒါပေမယ့် ဒုက္ခနွံထဲက ပြန်ရုန်းထနိုင်တဲ့ အချိန်၊ ဂရုဏာနဲ့ စိတ်ဓာတ်ခွန် အားတွေ ပြည့်ဝစေတဲ့ အချိန်မျိုးမှာတော့ ကျွန်မဟာ မယုံကြည်နိုင်လောက်အောင် ဆွဲဆောင်ခံလိုက်ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ည ဂုဏ်ပြု မိတ်ဆက်ပေးဖို့ ကျွန်မလက်ခံ လိုက်ပါတယ်”ဟု ပြောသည်။

နှစ်ပေါင်းများစွာ အကျယ်ချုပ် ထိန်သိမ်းခံ ခဲ့ရသော်လည်း မြန်မာ့ဒီမိုကရေစီ အရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သော ဒေါ် အောင်ဆန်းစုကြည်၏ ဘဝသည် မိမိတို့အတွက် နှိုးဆော်သော သဝဏ်လွှာ ဖြစ်သည်ဟု သူမကဆိုသည်။

ယခုနှစ်အတွက် အခြားဆုများစွာ ရရှိသူများမှာ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးဟောင်း ဆာကိုဒါ အိုဂါဒါ၊ လူသားချင်း စာနာရေး  လှုပ်ရှားသူ အမေရိကန် ဂီတပညာရှင် ကွင်စီဂျုံးတို့ ဖြစ်သည်။

Atlantic Councilဥက္ကဋ္ဌဖြစ်သူ ဆီနိတ်တာဟောင်း ချတ်ဟေဂယ်က “ဒီပုဂ္ဂိုလ်တွေကို Global Citizen Awardချီးမြင့်တာဟာ ဂုဏ်ပြုရုံသက် သက် မဟုတ်ဘဲ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို လူတွေပိုသိအောင်နဲ့ သူတို့လမ်းကြောင်း အတိုင်းလိုက်ပါမယ့် အခြားသူတွေကို အားပေးလှုံ့ဆော်ပေး တာဖြစ်ပါတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံမှ အာဏာရှင် တပ်မတော်အစိုးရကို အစားထိုး အသွင်ပြောင်းလဲထားသော အရပ်ဖက် အစိုးရသစ်သည် အာဏာရလာပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားများကို ဆက်တိုက်လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုလည်း  ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ပေးခဲ့သည်။

၂၀၁၀တွင် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး အမေရိကန်ခရီးစဉ်တွင် လေးလေးစားစား ဂုဏ်ပြုကြိုဆို ခံနေရသည်။ သူမ၏ လက်ရှိခရီးစဉ်သည် အထွေထွေညီလာခံ တက်ရောက်မည့် မြန်မာသမ္မတ၏

၃ ရက် ခရီးစဉ်နှင့် တိုက်ဆိုင်နေသောကြောင့် ပြုပြင်ပြောင်းလဲရေးဝါဒီ သမ္မတထက် သူမက ပိုမိုထင်ပေါ်နေမည်ကို စိုးရိမ်ကြောင့်ကြမှုများ ရှိနေသည်။

၁၉၆၁မှ ၁၉၇၁အထိ ကုလသမဂ္ဂ ဝန်ထမ်းလုပ်ခဲ့ဖူးသည့် ဒေါ်အောင်ဆန်းစုကြည်သည် Altalantic Councilဆုချီးမြှင့်ပွဲ အခမ်းအနားသို့ မသွား ရောက်မီ ကုလသမဂ္ဂ ဌာနချုပ်သို့ သွားရောက်၍ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် တွေ့ဆုံခဲ့သည်။

ဘန်ကီမွန်းက “သူမရဲ့ အိမ်အပြန်ကို ကြိုဆိုပါတယ်။ သူမဟာ အခုဆိုရင် လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့သင်္ကေတ တစ်ခုဖြစ်နေပါပြီ။ သူမရဲ့ ဒီမို ကရေစီနှင့် ဖွံ့ဖြိုးရေးမှာ ကြီးကြီးမားမား ပါဝင်ပြီး ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဦးဆောင်သွားလိမ့်မ်လို့ ကျွနတော်တို့ မျှော်လင့်ထားပါ တယ်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း “မြန်မာနိုင်ငံအတွက် ဒီမိုကရေစီစစ်စစ်လိုချင်ရင် အတူတကွလက်တွဲ လုပ်ဆောင် နိုင်ရန် ပြည်သူအားလုံး (အားလုံး)  လေ့လာသင်ယူ ကြရမည်”ဟု ပြောကြားခဲ့သည်။

ယခင်က မမျှော်လင့်ခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်၏ ၁၈ရက် အမေရိကန် ခရီးစဉ်တွင်  အမေရိကန် ပြည်ထောင်စုတစ်လွှား အစီအစဉ် ၁၀၀ခန့် ပါဝင်ပြီး စက်တင်ဘာ၂၅တွင် အင်ဒီယားနားပြည်နယ် ဖို့စိန်းမြို့ အခြေစိုက် မြန်မာအသိုင်းအဝိုင်းကို သွားရောက်တွေ့ဆုံမည်ဟု သိရသည်။

သူမ၏ ခရီးစဉ်အတွင်း လူးဝစ်စဗီးလ်၊ ဆန်ဖရန်စစ္စကို၊ လော့စအိန်ဂျလိ မြို့များတွင် ဝင်ရောက်ရပ်နားရန် စီစဉ်ထားသည်။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် ဇွန်လက ဥရောပ ခရီးစဉ်တွင် နေမကောင်း ဖြစ်ခဲ့သောကြောင့် လက်ရှိခရီးစဉ်၌ အစီအစဉ် များပြားမှုအပေါ် သူမ၏အသိုင်းအဝိုင်းက စိုးရိမ်ပူပန် နေကြသည်ဟု ဆိုသည်။

--------------------------------------------------------------------------------------------------------------------------------

ထားဝယ်စီမံကိန်းကို ကယ်တင်နိုင်ရန် ထိုင်းနှင့်ဂျပန် တို့ အပြိုင်အဆိုင်ကြိုးပမ်း

(21 September 2012 ရက်စွဲပါ Reuters  မှ Jason  နှင့်     Amy Saurtta  Letevre တို့ ရေးသားသော Japan, Thailand race to rescue of Myanmar`s struggling Dawei ကို ဘာသာပြန်ပါသည်။)

လအတန်ကြာ ညှိုနှိုင်းခြင်းများ အကောင်အထည် မဖော်နိုင်ခဲ့ခြင်းများ ရှိခဲ့ပြီးနောက်  အရှေ့တောင်အာရှ ကုန်သွယ်ရေးကို အသွင်ပြောင်းပေးမည့်  ဘီလီယံ ဒေါ်လာများစွာ တန်ဖိုးရှိသည့် မြန်မာနိုင်ငံ မှရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေှးဇုန် စီမံကိန်းကို လုပ်ဆောင်နိုင်မည့် လမ်းကြောင်းပေါ်သို့ ပြန် ရောက်လာသည်။

အဆိုပါ စီမံကိန်းကို ဂျပန်နိုင်ငံမှချေးငွေဒေါ်လာ(၃.၂)ဘီလီယံ မရရှိမီ ထိုင်းနိုင်ငံမှ ဘဏ်များသည် လုပ်ငန်းစနိုင်ရန် ကာလတို ချေးငွေများ ချေးနိုင်ရန် ရည်မှန်းထားကြောင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းမှုများကို သိရှိထားသည့် ရင်းမြစ်များက Reutresသို့  ပြောပါသည်။

                ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သော Italian-Thai Development PCLသည် ၂၀၁၀ ခုနှစ်က ထားဝယ်တွင် ရေနက်ဆိပ် ကမ်းနှင့် အထူးစီးပွားရေးဇုန်(SEZ) ထူထောင်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။

                သို့ သော် အီတာလျှံ-ထိုင်းသည် ပထမအဆင့်ဖြစ်သည့် လမ်းများ၊ လျှပ်စစ်မီး၊ အခြားလိုအပ်ချက်များနှင့် ဆိပ်ကမ်းအတွက် လိုအပ်သည့် ဒေါ်လာ (၈.၅)ဘီလီယံ ငွေကြေး ထည့်ဝင်နှိုင်မှု မရှိခြင်းကြောင့် လုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိခဲ့ပေ။ ထားဝယ်၏ မဟာဗျူဟာ အရေးပါမှုကို သိရှိသောကြောင့် ဂျပန်နှင့် ထိုင်းတို့သည် အဆိုပါ စီမံကိန်းကို ကယ်တင်ရန် ဝင်ရောက်လာကြသည်။

                “အီတာလျှံ-ထိုင်းဟာ ငွေကြေးအခက်အခဲ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းအစိုးရက ဒီစီမံကိန်းကို ထိထိရောက်ရောက် ဝင် ရောက်ကိုင်တွယ်နေ ပါတယ်။ နောင်လာမယ့် ခြေလှမ်းကတော့ ဂျပန်ကို ဖိတ်ခေါ်ဖို့ ဖြစ်ပါတယ်”ဟုထားဝယ် SEZ ဥက္ကဌ ဦးသောင်းလွင်က Reutersသို့ ပြောပါသည်။

                ထားဝယ်နှင့် ဘန်ကောက်မှ အရှေ့ တောင်ဘက် ၁၀၀ ကီလီုဝေးသော ဒေသရှိ  Laem Chabang  ဆိပ်ကမ်းကို ဆက်သွယ်ရန် ထိုင်းနှင့်မြန်မာ အစိုးရတို့က ဇူလိုင် (၂၃)ရက်နေ့ တွင် သဘောတူပြီး ကတည်းက Bangkok Bank နှင့် Siam Commercial Bankတို့ ဦးဆောင်သော ထိုင်းဘဏ်များ သည် နေက်ထပ်(၈-၁၀)လခန့် ဆက်တိုက်အလုပ်ဖြစ်နေစေရန် ပေါင်းကူးပေးသည့် ချေးငွေဘတ်(၁၀)၊ ဘီလီယံ( ဒေါ်လာ ၃၂၅သန်း)ချေးရန် စီစဉ်နေ ကြောင်း ထားဝယ်ဖွံ့ ဖြိုးရေးမှ မန်နေဂျင်းဒါရိုက်တာ Somjet Thinaphong က Reutres နှင့်အင်တာဗျူးတွင် ပြောပါသည်။

                အဆိုပါ ချေးငွေနောက်တွင် စီမံကိန်း ရှေ့ဆက်လုပ်ကိုင် နိုင်ရေးအတွက် ဂျပန်အစိုးရ နောက်ခံပြုသော ဂျပန်ဘဏ်မှ နိုင်ငံတကာ ကော်ပိုရေးရှင်း များသို့ ငွေကြေးထောက်ပံ့သည့် အစီအစဉ်အရ ကန့်သတ်ချက် နည်းပါးသည့် ချေးငွေများ  ချေးပေးမည် ဖြစ်ပါသည်။ ညှိနှိုင်းမှုတွင် ပါဝင်သော  သတင်းရင်း မြစ်တစ်ခုက ပြောကြားရာတွင် အဆိုပါ ချေးငွေသည် ဒေါ်လာ(၃.၂) ဘီလီယံ ရှိနိင်သည်ဟု ဆိုပါသည်။

                ထားဝယ်SEZမှ ဦးသောင်းလွင်က ပြောကြားရာတွင် ယခုစီမံကိန်း၌ ဂျပန်နိုင်ငံအား အကြီးမားဆုံး ထည့်ဝင်သူအဖြစ် မျှော်လင့်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံတွင် ဒေါ်လာ၅၀ဘီလျံတန် ၂၅၀စတရန်ကီလို(၁၅၅စတုရန်းမိုင်) ကျယ်ဝန်းသည့် ထားဝယ်SEZသည် ရှေ့အလားအလာများကို ပြသနေသည်။ အဆိုပါ SEZတွင် စူပါအဝေးပြေးလမ်းများ၊ သံမဏိ စက်ရုံများ ၊သဘောင်္ကျင်းများ၊ ရေနံချက်စက်ရုံများ၊ စက္ကူပျော့ဖတ် စက်ရုံများ ပါဝင်ပြီး ၊ ဂေါက်ကွင်း နှစ်ခုနှင့် အပန်းဖြေစခန်း တစ်ခုလည်း ပါဝင်သည်။

                ကားလမ်းများ၊ ရထားလမ်းများသည် ထားဝယ်နှင့် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် သာမကအခြား အရှေ့တောင်အာရှ နိုင်ငံများနှင့်  ဆက်သွယ်နိုင်မည်ဖြစ်ပြီး ပြည့်ကျပ်နေသော မလက္ကာ ရေလက်ကြားကိုရှောင်ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့သည် ဂျပန်၊ တရုတ်တို့နှင့် ကုန် သွယ်မှု လမ်းကြောင်း ဖြတ်လမ်းရရှိနိုင်သည်။  အာဆီယံ နိုင်ငံများက ထားဝယ်စီမံကိန်းသည် ၎င်းတို့၏ ၂၀၁၅ခုနှစ် ဈေးကွက်တစ်ခုတည်း ဖြစ်ရေး ရည် မှန်းချက်တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်နိုင်မည်ဟု မျှော်လင့်နေသည်။

ဂျပန်နိုင်ငံ အတွက်မူ ၎င်းနှင့်ချိတ်ဆက်ထားပြီးသော အရှေ့တောင်အာရှနှင့် ၎င်းတို့၏ ထုတ်ကုန်များ ရောင်းချရန် ပိုမိုလွယ်ကူ လာမည်ဖြစ်ပြီး ဂျပန်ပိုင် စက်ရုံများနှင့် ထုတ်လုပ်မှုများအတွက် ကြီးမားသောကွန်ယက် ချိတ်ဆက်နိုင်မည် ဖြစ်သည်။

"ဒီနှစ်မကုန်မီမှာ အဓိကကျတဲ့ တိုးတက်မှုတွေ ရနိုင်ပါတယ်" ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Pisanu Suvanajataက Reuters နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က အဆိုပါ စီမံကိန်းသည် ဒေသခံများ၏ မကျေနပ်မှုများနှင့် ငွေကြေးထောက်ပံ့မှု မခိုင်မာခြင်းတို့ကြောင့် ရပ်သ လောက်နီးပါး ဖြစ်သွားခဲ့သည်။ ထိုဒေသတွင်ဆန်၊ သီဟိုဠ်ပင်နှင့် ရာဘာစိုက်ပျိုးသော ဆင်းရဲသည့် လယ်သမား(၃၀၀၀၀)ခန့်သည် စီမံကိန်း (၁၀)နှစ်တာ ကာလအတွင်း ရွှေ့ပြောင်းပေးရမည် ဖြစ်သည်။

ထားဝယ်ဒေသတွင် အများစုက ထိုင်းနိုင်ငံ၏ အကြီးဆုံး စက်မှုဇုန်ထက် လေးဆခန့်ကြီးသော ထားဝယ်SEZကြောင့် ဖြစ်လာနိုင်သော ပတ်ဝန်း ကျင်ဆိုင်ရာ ပျက်စီးမှုများနှင့် ကျန်းမာရေးအတွက် အန္တရာယ်များကို စိုးရိမ်ပူပန် နေကြသည်။ ထိုင်းနိုင်ငံ၏ Ma Ta Phutတွင် ၁၉၉၆မှ ၂၀၀၉ခုနှစ် အတွင်း လေထု ညစ်ညမ်းမှုကြောင့် လူ၂၀၀၀ခန့်သည် ကင်ဆာနွယ်သော သေဆုံးမှုများ ရှိခဲ့သည်ဟု ထိုစက်မှုဇုန်ကို ရပ်တန့်ရန် ၂၀၀၉ခုနှစ်က ကြိုးပမ်းသော ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများ၏ အဆိုအရ သိရှိရသည်။ အစိုးရသည် ပြီးခဲ့သည့်နှစ်က ဒေါ်လာ၃.၆ ဘီလီယံတန် တရုတ်တို့၏ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ခဲ့ခြင်းကြောင့် ဒေသခံများသည် ယုံကြည်မှု ရှိ လာပြီး ထားဝယ်စီမံကိန်းကို ပြင်းထန်စွာ ကန့်ကွက်လာသည်။ ထို့ကြောင့် အစိုးရသည် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ စီမံ ကိန်းကို ဖျက်သိမ်းခဲ့သည်။ ထိုအစား မဂ္ဂါဝပ်(၄၀၀) ထွက်ရှိမည့် သန့်ရှင်းသည့် ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံကို အစားထိုး ပေးခဲ့သည်ဟု ဦး သောင်းလွင်က ပြောပါသည်။ လက်ရှိ သန့်ရှင်းသော ကျောက်မီးသွေး နည်းပညာသည် ထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် အခြားအဆိပ်အ တောက် ဖြစ်နိုင်သည့် ဓါတ်ငွေ့များကို မြေကြီးအောက် နက်နက်တွင် သိုလှောင်ထားခြင်း သို့မဟုတ် ရေနံနှင့်ဓါတ်ငွေ့ လုပ်ကွက်များအတွင်း ပို့လွှတ်ခြင်း ဖြစ်သည်။

"သန့်ရှင်းတဲ့ ကျောက်မီးသွေး နည်းပညာ ဆိုရင်တော့ ကျွန်တော်တို့ ခွင့်ပြုမှာပါ။ ကျွန်တော်တို့ သမ္မတကြီး ဂျပန်ကို သွားလည်တုန်းက J-Power Groupမှာ သန့်ရှင်းတဲ့ ကျောက်မီးသွေး နည်းပညာကို တွေ့ခဲ့တာပါ"ဟု ၎င်းကပြောသည်။

သို့သော် ဤမျှလောက်ဖြင့် ဒေသခံများ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ခြင်း မရှိပေ။ ထားဝယ် စီမံကိန်းကို ဆန့်ကျင်ရေး လှုံ့ဆော်သည့် လှုပ် ရှားသူများက ပြောကြားရာတွင် မည်ကဲ့သို့သော ကုမ္ပဏီများ လာရောက်တည်ထောင်မည် ဆိုသည်ကို သဲသဲကွဲကွဲ သိရှိရခြင်း မရှိကြောင်း ဆိုသည်။ ဦးသောင်းလွင်ကမူ Nippon Steel နှင့် ရေနံဓာတု လုပ်ဆောင်သူများ ထားဝယ်တွင် စက်ရုံတည်ထောင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

ယခုအပတ်တွင် ဒေသခံလှုပ်ရှားသူများသည် ထားဝယ်မှ ထိုင်းနိုင်ငံသို့ ဆက်သွယ်သော အဝေးပြေးလမ်း တလျှောက်တွင် "နောက်ထပ် Map Ta Phut တည်ဆောက်ခြင်း ရပ်တန့်ပါ" ဟူသော စာတမ်းများ ထောင်ထားခဲ့ကြပါသည်။

"ကျွန်တော့်သဘောကတော့ ဒေသခံပြည်သူတွေ သဘောတူမှသာ ဒီစီမံကိန်းကို ဆက်လုပ်စေချင်တယ်"ဟု ထိုဒေသတွင် စီမံကိန်းကြောင့် သက် ရောက်မှုများ လေ့လာရန် ဖွဲ့စည်းထားသော ရွာ(၁၂)ရွာ ကော်မတီ ဥက္ကဌ စောခူးက ပြောပါသည်။အီတာလျံ-ထိုင်း သည် အဆိုပြုထားသော စက်မှုဇုန် ဖြစ် လာနိုင်သော လေထုညစ်ညမ်းမှုများကို သေချာစွာ ရှင်းမပြနိုင်ကြောင်း ၄င်းကပြောသည်။

အခြေခံ အဆောက်အဦးများ ပြီးစီးပါက အီတာလျံ-ထိုင်းသည် SEZ၏၁၇%ကို အကြီးစားစက်မှု လုပ်ငန်းများဖြစ်သည့် သံမဏိ၊ ရေနံဓာတုနှင့် ရေနံစက်ရုံများအား ခွင့်ပြုမည် ဖြစ်သည်။ မဂ္ဂါဝပ်(၄၀၀)ရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အနည်းဆုံး (၄)နှစ် ကြာမည်ဟု ခန့်မှန်းသည်။ ထို့နောက် တွင်မှ ဓာတ်ငွေ့နှင့် ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ရန် မျှော်လင့်ရသည်။

ဇူလိုင်လ (၂၃)ရက်နေ့က ထိုင်းဝန်ကြီးချုပ် ရင်လတ်နှင့်မြန်မာသမ္မတဦးသိန်းစိန်တို့သည် ထိုင်း-မြန်မာနယ်စပ် တွင် နောက်ထပ် နယ်စပ်ဖြတ် ကျော် စခန်းသုံးခု ဖွင့်လှစ်ရန်နှင့် လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေးတွင်ပါ ကူညီရန် စီစဉ်ခဲ့ရာ အဆိုပါ စီမံကိန်းအတွက် လိုအပ်သော မြှင့်တင်မှုများ ဖြစ် ခဲ့သည်။ လာမည့်လတွင် ရင်လတ်နှင့် ဦးသိန်းစိန်တို့သည် ထားဝယ်စီမံကိန်းကိစ္စ ထပ်မံဆွေးနွေးရန် ရှိသည်။

ထိုင်းသံအမတ်ကြီးက ပြောကြားရာတွင် ထိုင်းနိုင်ငံသည် အီတာလျံ-ထိုင်းနှင့်မြန်မာအစိုးရကြားတွင် ကြားဝင်ညှိ နှိုင်းပေးမည်ဟု ဆိုပါသည်။ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအတွက် နှစ်(၆၀)ခွင့်ပြုသော စာချုပ်ကို ၂၀၁၀ခုနှစ် နိုဝင်ဘာလက အီတာလျံ-ထိုင်းနှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့ပြီး၊ ယခုပြန်လည် ဆွေးနွေးနေပြီ ဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ အီတာလျံ-ထိုင်းသည် ထားဝယ်ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်းတွင် ၅၁ရာခိုင်နှုန်း ပါဝင်ခွင့်ရပြီး၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော်၏ Max Myanmarအုပ်စုက၂၅% ပါဝင်ခွင့်ရမည် ဖြစ်သည်။ ကျန်၂၄ရာခိုင်နှုန်းကို မြန်မာအစိုးရက ပိုင်ဆိုင်မည် ဖြစ်သည်။

အီတာလျံ-ထိုင်းက ပြောကြားရာတွင် အဆိုပါ စီမံကိန်း၏ ပထမအဆင့်တွင် ၄င်းသည် ပါဝင်မှု အကြီးဆုံး ရှိနေဦးမည် ဖြစ်ကြောင်း၊ သို့သော် ထပ်မံ ပေါ်ပေါက်လာမည့် ကုမ္ပဏီ အစုအဖွဲ့တွင် ထိုင်း၊ ဂျပန်နှင့် ပုဂ္ဂလိက ကုမ္ပဏီအချို့ ပါဝင်သော မြန်မာအစိုးရ၏ ရှယ်ယာများ ပါဝင်လာမည် ဖြစ် ကြောင်း ဆိုသည်။

“ဒီကုမ္ပဏီ အစုအဖွဲ့မှာ ဂျပန်အစိုးရက အချို့ရှယ်ယာတွေ ပါဝင်ပါမယ်။ မြန်မာအစိုးရကလည်း သူ့ရှယ်ယာတွေကို ဂျပန်ကို ပေးပါလိမ့်မယ်။ ဂျပန် အစိုးရက ပုဂ္ဂလိကကဏ္ဍ ပါဝင်လာနိုင်အောင် ကူညီပါလိမ့်မယ်”ဟု SEZဥက္ကဌ ဦးသောင်းလွင်က ပြောသည်။

Somjet ကပြောကြားရာတွင် Max Myanmar၏ ရှယ်ယာများကို ပယ်ဖျက်မည်ဟု မျှော်လင့်ရပြီး အောက်တိုဘာ လဆန်းတွင် ယာယီသတ် မှတ် ထားသော ထိုင်းနှင့်မြန်မာ အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုတွင် သတ်မှတ်ချက် အပြည့်အစုံကို ပြန်လည် ဆွေးနွေးမည်ဟု ၄င်းကဆိုသည်။

“ထိုင်းရော မြန်မာအစိုးရရော လမ်းမကြီး ဆက်သွယ်ရေးနဲ့ ဆိပ်ကမ်းလုပ်ငန်းမှာ ကြီးမားစွာ ပါဝင်ပတ်သက် ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါ တွေဟာ လုံးဝစီးပွားရေးအတွက် လုံးလုံးမဟုတ်ဘဲ၊ ပြည်သူ့စီမံကိန်းတွေ ဖြစ်လို့ပါပဲ”ဟု ထားဝယ် ဖွံ့ဖြိုးမှု ကုမ္ပဏီမှ Somjectက ပြောသည်။ “အစိုးရတွေ ပါဝင် ပတ်သက်လာပြီ ဆိုရင်တော့ ငွေရေးကြေးရေး ကိစ္စတွေကို အစိုးရတွေက ကူညီရမှာပါ”ဟု ၄င်းကပြောသည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၄.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးအတွေ့အကြုံလိုအပ်ဟု လေ့လာသူများပြောကြား

(Channel News Asiaမှ 23 September 2012ရက်စွဲပါ“ Suu Kyi an icon larking political experience: analysts ”သတင်းဆောင်းပါးကို ဘာသာပြန်သည်)

  1. မြန်မာသမ္မတ၏ သမိုင်းဝင် အမေရိကန်ခရီးစဉ် စတင်

(CNA သတင်းဌာနမှ 24 September 2012 ရက်စွဲပါ Myanmar President to embark on landmark US visit ကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး အတွေ့အကြုံ လိုအပ်ဟု လေ့လာသူများပြောကြား

(Channel News Asiaမှ 23 September 2012ရက်စွဲပါ“ Suu Kyi an icon larking political experience: analysts ”သတင်းဆောင်းပါးကို ဘာသာပြန်သည်)

ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ဖွယ်ရှိသော်လည်း စီးပွားရေး ပြိုလဲနေသော မြန်မာနိုင်ငံကို ပြန်လည် ထူထောင်ရန် လုပ်ဆောင်ရာတွင်မူ အတိုက်အခံ ခေါင်းဆောင်အနေဖြင့် အကူအညီ လိုအပ်လိမ့်မည်ဟု အကဲခတ် လေ့လ သူများက ဆိုကြသည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်သည် မြန်မာနိုင်ငံနှင့်ပြည်သူများ၏ ဒီမိုကရေစီလွတ်လပ်ခွင့်အတွက် ၁၅နှစ်နီးပါး အကျယ်ချုပ်ကျခံ၍ စွန့်လွှတ်အနစ်နာ ခံခဲ့ခြင်းကြောင့် ယခုတစ်ပတ် အမေရိကန် ခရီးတွင် ကြိုဆိုခဲ့ရသည့်အတိုင်း ပြည်တွင်းပြည်ပတွင် အလွန်အမင်း လေးစားကြခြင်းကို လက်ခံရရှိခဲ့သည်။

သို့သော်လည်း အောက်စဖို့ကျောင်းဆင်း ဒီမိုကရေစီခေါင်းဆောင်သည် နှစ်ပေါင်းများစွာ သီးခြားထိန်းသိမ်း ခံခဲ့ရခြင်းကြောင့် ၂၀၁၀ ရွေးကောက် ပွဲ အပြီး မကြုံစဖူး ပြောင်းလဲလာခဲ့သော မြန်မာနိုင်ငံ၏ စိမ်ခေါ်မှုတစ်ပုံတစ်ပင်ကို ကိုင်တွယ်ရန်အတွက် လိုအပ်သော နိုင်ငံရေး အတွေ့အကြုံ ချို့တဲ့နေ သည်ဟု လေ့လာသူများက ပြောကြားသည်။

သူမ၏ပါတီမှ အကြီးတန်းခေါင်းဆောင် အများစုမှာလည်း အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာ အချိန်ကုန် ခဲ့ရသူများ ဖြစ်ကြသည်။ “ဒေါ်အောင် ဆန်းစုကြည်၏ NLDပါတီသည် နာမည်ကျော် ခေါင်းဆောင်နှင့် ကြီးမားသော အားပေးထောက်ခံမှုတို့ကို ရရှိထားသော်လည်း ထိုအရာနှစ်ခု အကြားတွင် ဘာ မှမရှိပါ”ဟု နိုင်ငံခြား သံတမန်တစ်ဦးက ပြောကြားသည်။

“NLDပါတီဟာ ရေပေါ်ဆီ အီလစ်တွေရဲ့ ပါတီမဟုတ်သလို လူအများစုရဲ့ ပါတီလည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် မူဝါဒ မရှိလို့ပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLDပါတီ အနိုင်ရစေမယ့် အခွင့်အလမ်းတွေ ပြည့်နေပေမယ့် ကြီးကျယ်တဲ့ တော်လှန်ရေးနေ့ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းသံ တမန်က ဆိုသည်။

မြန်မာ့အတိုက်အခံ ခေါင်းဆောင်သည် ရင့်ကျက်ပြောင်းလဲမှု ဖြစ်စဉ်ကို ကျော်ဖြတ်ခဲ့ပြီဟူသော အချက်ကို လေ့လာသူများက သံသယ အနည်း ငယ် ရှိနေကြသည်။

သူမသည် တပ်မတော် အစိုးရ (အထူးသဖြင့် ယခင်အကြီးအကဲဟောင်း၏) ရန်သူသဖွယ်ဖြစ်ခဲ့ဘူးသော်လည်း တရားဝင်လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်ခဲ့ခြင်းသည် မနှစ်က အာဏာရလာသော ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ဟောင်းကြီးများနှင့် အတူတကွအလုပ်လုပ်ရန် သဘောတူ လိုက်ခြင်း ဟု ရှုမြင်ကြသည်။

သို့သော်လည်း အောက်လွှတ်တော်ရောက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDအမတ် ၄၁ဦးတို့သည် မြန်မာနိုင်ငံကို ဆင်းရဲတွင်းမှ ဆွဲတင်ရာတွင် အရေးကြီးသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဥပဒေ အပါအဝင် လက်ရှိစီးပွားရေးရာ ငြင်းခုန်စရာ ကိစ္စရပ်များတွင် အနည်းငယ်သာ ပြောဆိုနိုင်ကြသည်။

“သူတို့မှာ စီးပွားရေး အတွေ့အကြုံမရှိဘူး”ဟု ရိုးမဘဏ်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။ အရင်အစိုးရလက်ထက် အတိုက်အခံ နိုင်ငံရေးသမားတွေ ထောင်ကျနေတဲ့ အချိန်မှာ အစိုးရအာဏာရ ပါတီထဲက ပြိုင်ဘက်တွေက  စီးပွားရှာခဲ့ ကြတဲ့အတွက် အခုအချိန်မှာ စီးပွားရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံ ပိုရှိကြပါတယ်”ဟု ဦးမြတ်သင်းအောင်က ဆိုသည်။

“သူတို့မှာ စီးပွားရေး အမြင်မရှိဘူး၊ နားထောင်နေကြပေမယ့် လုပ်ငန်းစဉ် တစ်ခုလုံးကို နားမလည်ကြဘူး”ဟု UMFCCIအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမြတ်သင်းအောင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ရိုသေ လေးစားကြသော အတိုက်အခံ အသိုင်းအ၀ိုင်းထဲ၌ပင် နာတာရှည် ဒုက္ခရောက် ပြည်သူများ၏ မျှော်လင့် ချက် တစ်ပုံတစ်ပင်ကို NLDပါတီက ဘယ်လိုဖြည့်ဆည်း ပေးမလဲဟု စိုးရိမ်ပူပန်နေကြ သည်။ NLDပါတီ၏ ထိပ်ပိုင်းကော်မတီ များကိုလည်း ပါတီကို နှစ်ပေါင်း၂၀ ဦးစီးခဲ့သူ များကသာ လွှမ်းမိုးထားကြသည်။

ပါတီ၏ အသက်၈၀ကျော် သက်ကြားအို ခေါင်းဆောင်များသည် သူတို့၏ ဒီမိုကရေစီ ခရီးရှည် တိုက်ပွဲအတွက် ချီးကျူးခံ နေရသော်ငြားလည်း လက်ရှိနိုင်ငံ ဖွံ့ဖြိုးရေးကို ပိုမိုထိန်းကျောင်းနိုင်မည့် မျိုးဆက်သစ်များ ထွက်ပေါ်ရေးအပေါ် အဟန့်အတား ဖြစ်နေသည်ဟု အကဲခတ်များက မှတ်ချက်ပေးကြ သည်။

NLD လွှတ်တော်အမတ်များက ၄င်းတို့အနေဖြင့် စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် လုံလောက်သော ကျွမ်းကျင်မှုရှိသည်ဟု အခိုင်အမာ ပြောကြားကြသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင် ဒီမိုကရေစီ လက်ဟောင်းကြီးများ၏ စွမ်းရည်ကို ယုံကြည်စိတ်ချသည်ဟု ထုတ် ဖော် ပြောဆိုထားသည်။

မည်သို့ပင်ဖြစ်စေ၊ သူမကိုယ်တိုင် အသက်၆၇နှစ်အရွယ် ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဇာတ်ခုံမှ အနားယူချိန်တွင် မျိုးဆက် သစ် ပါတီဝင်များအား ပုခုံးပြောင်း တာဝန်ယူရန် လိုလားမည့် အချက်ကို သံသယရှိစရာ မလိုပါ။

သမ္မတ ဦးသိန်းစိန်၏ ကြိမ်ဖန်များစွာ လွတ်ငြိမ်းချမ်းသာ ခွင့်များအတွင်း ဇန်န၀ါရီလတွင် ဇော်သက်ထွေးက “NLD ပါတီကိုယ်တိုင် လူငယ်တွေကို နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် ပေးခြင်းအားဖြင့် ပြုပြင်ပြောင်းလဲ ရမှာဖြစ်တယ်”ဟု ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွယ်လွန်သူ ခင်ပွန်းနဲ့ သားနှစ်ဦးဟာ မြန်မာနိုင်ငံသား မဟုတ်လို့ အခြေခံဥပဒေက သူမ အစိုးရ အကြီးအကဲနေရာ မရအောင် တားမြစ်ထားပါတယ်။ ဒါကြောင့်မျိုးဆက်သစ်တွေ နေရာပေးဖို့ကိစ္စဟာ အလျင်စလို အရေးကြီး နေပါပြီ”ဟု ကိုဇော်သက်ထွေးက ဆက်လက်ပြော ကြားသည်။

“အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့ဘူး၊ ဒီအိုင်ဒီယာကို ကျွန်တော်တို့ စွန့်လွှတ်ရ လိမ့်မယ်။ ဒီကိစ္စ မဖြစ်နိုင် တော့ ဘူး”ဟု ၄င်းကAFPသို့ ပြောကြားခဲ့သည်။

သြစတြေးလျ နိုင်ငံသား ခံယူထားသူ သားတစ်ဦး ရှိသောကြောင့် ဦးမြင့်ဆွေကို ဒုတိယသမ္မတလောင်း အမည်စာရင်းမှ ပယ်ဖျက်ပြခဲ့ခြင်းသည် ၂၀၁၅တွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းစာရင်းသို့ အမည်တင်သွင်းခွင့်ပေးမည် မဟုတ်ကြောင်း ဦးသန်းရွှေက သွယ်ဝိုက်၍ အရိပ်အမြွက် ပြ လိုက်ခြင်း ဖြစ်သည်ဟု ပြည်တွင်းမှ နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။

                ယခုအခါ ဒီမိုကရေစီ ခေါင်းဆောင်အနေဖြင့် နိုင်ငံရေး ကျွမ်းကျင်မှု အတွေ့အကြုံ နည်းပါးခြင်းကို သတိပြု၍ ပြင်ဆင်ရန် အရေးကြီးနေပြီဟု လေ့ လာသူများက ယုံကြည်နေကြသည်။

မြန်မာ့နိုင်ငံရေး ခရီးတွင်လာမည့် အဓိက မှတ်တိုင်မှာ ၂၀၁၅ရွေးကောက်ပွဲ ဖြစ်သော်လည်း ထို့နောက်ပိုင်းတွင် စစ်ပြန် ဒီမိုကရေစီ ပြောင်းလဲရေး သမားများထံမှ ပုခုံးပြောင်း တာဝန်လွှဲပြောင်းယူမည့် နိုင်ငံရေး ဟဲဗီးဝိတ် ခေါင်းဆောင်သစ်များ ပေါ်ထွက်လာရန် လိုအပ်ပါသည်။

ရန်ကုန်မှ နာမည်ကျော်ပညာရှင် ဦးအောင်ထွန်းသက်က “၂၀၂၀၊ ၂၀၃၀စသည်ဖြင့် ရှေ့ကိုကျော်ကြည့်ကြဖို့ လိုပါတယ်။ နှစ်တွေကြာလာတဲ့အခါ အဓိက မဏ္ဍိုင်ဟောင်းကြီးတွေလည်း မှေးမှိန်ပျောက်ကွယ် သွားမှာပါ။ ဒါဆိုရင် အတူတကွ လက်တွဲလုပ်ကိုင် နိုင်ကြမယ့် မျိုးဆက်သစ်တွေ ပေါ်ပေါက်လာ အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းပဲကျန်ပါတော့တယ်”ဟု ရှင်းလင်းပြောကြားသွားသည်။

--------------------------------------------------------------------------------------------------------------------------------

မြန်မာသမ္မတ၏ သမိုင်းဝင် အမေရိကန်ခရီးစဉ် စတင်

(CNA သတင်းဌာနမှ 24 September 2012 ရက်စွဲပါ Myanmar President to embark on landmark US visit ကိုဘာသာပြန်ဆိုသည်)

မြန်မာသမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ  ၂၄ (တနင်္လာနေ့) တွင် အမေရိကန် ပြည်ထောင်စုသို့ သမိုင်းဝင် ခရီးသွားရောက် တော့မည် ဖြစ်သည်။ ယင်းခရီးစဉ်သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

ဦးသိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ယမန်နှစ် အာဏာ ရရှိလိုက်သည့် အချိန်မှစ၍ မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ်များကို အသိပေးထုတ်ဖော် သွားလိမ့်မည်ဟု ယူဆရသည်။

"သမ္မတကြီးက ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ပြီး အဲဒီမှာ မိန့်ခွန်းပြောမှာပါ" ဟု သမ္မတရုံး ဝန်ကြီးဌာနမှ ဦးဇော်ဌေးက ပြောသည်။

ယခင် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သမ္မတ ဦးသိန်းစိန်သည် လွန်ခဲ့သည့် သတင်းပတ်အတွင်း နိုင်ငံရေး အကျဉ်းသား ဒါဇင်ပေါင်း များစွာကို လွတ်ငြိမ်းချမ်း သာခွင့် ပြုပေးခဲ့သည်။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယခုခရီးစဉ်အတွင်း အများ၏ အထူးစိတ်ဝင်တစား လေ့လာစောင့်ကြည့်ခြင်း ခံကြရ မည်လည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာမူ ခရီးစဉ်အတွင်း အမေရိကန် ကွန်ဂရက်၏ အမြင့်ဆုံးသော ရွှေတံဆိပ်ဆု လက်ခံရယူခဲ့ပြီး ဖြစ်သလို အမေ ရိကန် သမ္မတ အိုဘားမားနှင့်လည်း အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ပြီးဖြစ်သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် သမ္မတ ဦးသိန်းစိန်၏ သမိုင်းဝင်ခရီးစဉ် မှေးမှိန်သွားခြင်း မရှိနိုင်စေရေးအတွက် အမေရိကန် အရာရှိကြီးများက ပင်ပန်းတကြီး ကြိုးပမ်းလျက် ရှိကြသည်။ နှစ်ပေါင်းများစွာ စစ်အာဏာရှင်အောက် ရောက်ရှိခဲ့သော မြန်မာနိုင်ငံအတွက် တစ်နှစ်ခွဲတာ ကာလအတွင်း သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို မရပ်မနား လုပ်ကိုင်ခဲ့သည့် သမ္မတ ဦးသိန်းစိန်သည် ချီးမွမ်းဂုဏ်ပြုမှုနှင့် ထိုက်တန်သည်ဟု အ မေရိကန် အရာရှိကြီးများက ဆိုကြသည်။

အမေရိကန်-မြန်မာ ဆက်ဆံရေး တင်းမာမှုများ အရည်ပျော်ကျလာသည့် နောက်ဆုံးအရိပ်လက္ခဏာ တစ်ရပ်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့အား ကန့်သတ်ပိတ်ပင် ခံထားရသည့် စာရင်းမှ ပယ်ဖျက်ပေးလိုက်ခြင်းပင် ဖြစ်သည်။

စစ်တပ် ကျောထောက်နောက်ခံ မြန်မာအစိုးရလက်ထက် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများတွင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် လွှတ်တော်၌ ပါဝင်ခွင့်ရလာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုအများစုနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီ ချက် ရယူနိုင်ခြင်းတို့မှာ လွန်စွာအရေးကြီးသော အပြောင်းအလဲများ ဖြစ်သည်။

သို့အတွက်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအပေါ် ကန့်သတ်ပိတ်ပင်မှုများကို ဖယ်ရှားပေးလာသည်။ အမေရိကန် ပြည်ထောင်စု ဆို လျှင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာပြည်၌ အမေရိကန် ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့သည်။

ယခုနောက်ဆုံးအကြိမ် နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ပြည်ထောင်စုခရီးစဉ်နှင့် တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာခြင်းဖြစ်ပြီး နည်းဗျူဟာပါသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ထိုင်းအခြေစိုက် ဗဟုအဖွဲ့မှ ဦးအောင်နိုင်ဦးက ပြောသည်။ မြန်မာ အစိုးရသည် တက်ကြွစွာ လှုပ်ရှားသူ နိုင်ငံရေးသမားများ၊ နိုင်ငံရေး အကျဉ်းသားများအပေါ် များစွာလိုက်လျောမှု ပေးလာသည်ဖြစ်သည့် အတွက် ကြောင့် ယခုအမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တင်းမာမှုများ ဖြစ်အောင် လုပ်ဆောင်လို ဖွယ် မရှိကြောင်း ၎င်းကဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခု အမေရိကန် ခရီးစဉ်အတွင်း မြန်မာအပေါ်ဆက်လက် ပြဋ္ဌာန်းထားသည့် ပိတ်ဆို့အရေး ယူမှုများ ဖယ်ရှားရေးကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive