Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၆.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း
  1. Shopping Centre ဖွင့်ရန် မန္တလေးတွင် မြေရှာမူ ဂဂမျိုးဆက်ကျောင်းသားများ ငြင်းဆို
  2. လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ကူညီမည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့နေတစ်ရာကျော် ဆန္ဒပြမည်
  2. လယ်သမားပါတီ ထူထောင်ခွင့်ရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ငါးလောင်းပြိုင်လူသတ်မှု CID သို့ လွှဲပြောင်း

ရန်ကုန်၊ စက်တင်ဘာ ၂၅။

အင်းယားမြိုင်လမ်းတွင် လူ ၅ဦးကို သေနတ်ဖြင့် ဝင်ရောက် သတ်ဖြတ်သွားသောအမှုကို ယနေ့တိုင် စုံစမ်းလျက်ရှိပြီး CID သို့ လွှဲပြောင်း ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ ရဲမှူးမြင့်ထွေးက စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

အမူပေါ်ပေါက်မူအခြေအနေကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လူသတ်မှုတွင် ယခင်စစ်အစိုးရခေါင်းဆောင်ပိုင်းများ၏ ငွေကြေးအရှုပ်အရှင်းများ ပါဝင်ပက်သတ်ဖွယ်ရှိကြောင်း သုံးသပ်ပြောကြားမှုများ ထွက်ပေါ်ခဲ့သည်။

၂၀၀၈ခုနှစ်  မတ်လ ၃ရက်နေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ စိမ်းလဲ့ကန်သာလမ်းသွယ် ခြံအမှတ် (၁၂၆)၌ လူ ၅ဦး အသံတိတ် ပစ္စတိုများဖြင့် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

အသတ်ခံရသူများမှာ ယခင်ပါလီမာန်ခေတ် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးဖြစ်ခဲ့သော မိုးကုတ်သူဌေး ဦးမြမောင်၏ တစ်ဦးတည်းသော သမီး ဒေါ်စန်းစန်းမြတို့မိသားစုဖြစ်ပြီး နိုင်ငံတော်ဧည့်ဂေဟာ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ထားရှိရာနေရာနှင့် အနီးအနားတွင် တည်ရှိခြင်းကြောင့် လုံခြုံရေးအထူးတင်းကြပ်သော အနေအထားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ငါးနှစ်ခန့်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော အဆိုလူသတ်မူကို ပေါ်ပေါက်ရန် ယနေ့တိုင် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း အမူပိတ်ထားခြင်း မရှိဘဲ ဆက်လက်စုံစမ်းလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးတန်းအရာရှိတစ်ဦး က အပတ်စဉ်ထုတ် သတင်းစာဆောင်တစ်ခုတွင် ယခုလအတွင်း၌လည်း ပြောဆိုခဲ့သည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

Shopping Centre ဖွင့်ရန် မန္တလေးတွင် မြေရှာမူ ဂဂမျိုးဆက်ကျောင်းသားများ ငြင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၆။

အိမ်ခြံမြေဈေး သိန်းသောင်းဂဏန်းဝန်းကျင် အထက်တွင်သာရှိသော မန္တလေးမြို့အတွင်း ဂဂ မျိုးဆက်ကျောင်းသားများက ယခုလအတွင်း Shopping Centre ဖွင့်လှစ်ရန် မြေနေရာလိုက်လာရှာဖွေနေခြင်းမှာ မဟုတ်မှန်ကြောင်း ကျောင်းသားခေါင်းဆောင်များက ငြင်းဆိုပြောကြားသည်။

"ဂီတပွဲလေးတွေပွဲ လုပ်ပြီး ရန်ပုံငွေရှာနေတာပါ၊ မန္တလေးမှာ မြေရှာနေတယ်ဆိုတဲ့ သတင်းတွေက လုံးဝမဟုတ်ပါဘူး" ဟု ၈၈မျိုးဆက် ကျောင်းသား ဦးကိုကိုကြီးက ဆိုသည်။

မန္တလေးမြို့နာမည်ကျော် Shopping Centreကြီးတစ်ခု၏ မျက်စောင်းထိုး မြေကွက်တစ်ခုကို ကျပ်သိန်းနှစ်သောင်းပေးကာ ၈၈မျိုးဆက် ကျောင်း သားများအတွက် ဗိုလ်မှူးဟောင်းတစ်ဦးက လာရာဝယ်ယူရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါခြံ၏ အမွေဆိုင်တစ်ဦးက ပြောဆိုသည်။

"ကုန်တိုက်ဖွင့်မယ်လို့ ပြောတာ၊ တခြားလူဆီက စရန်ငွေယူထားလို့ လက်မခံလိုက်ဘူး"ဟု ၎င်းက ရှင်းပြသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးကလည်း အဆိုပါသတင်းမှာလုံးဝ မမှန်ကန်ကြောင်း၊ ၎င်းတို့အဖွဲ့၏ အမည်ကို အလွဲသုံးစားပြုမူများ မကြာခဏဖြစ်ပေါ်နေကြောင်း ပြောကြားသည်။

စီးပွါးရေးလုပ်ငန်းရှင်တစ်ချို့က ၈၈မျိုးဆက်ကျောင်းသားကို အခြေတည်၍ စီးပွားရေးလုပ်ငန်းများ ထူထောင်ပေးရန် စီစဉ်မှုအချို့ ပြုလုပ်ခဲ့ ဘူးကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှသိရသည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ကူညီမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆။

မြန်မာတနိုင်ငံလုံးရှိ ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူပြုလုပ်သူများကို စုစည်း၍ အသင်းတစ်ခု ဖွဲ့စည်းကာ ဖိနှိပ်ခံရမှုများကို ကူညီဆောင် ရွက်သွားရန် စီစဉ်မူများပြုလုပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း လက်ရှိတွင် Sex Worker In Myanmar Network အမည်ဖြင့်စတင်ဆောင်ရွက်နေသူ မနှင်းနှင်းယုကပြောကြားသည်။

ယခုလက်တလောတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်တို့မှ ကွန်ယက်သို့လာရောက် ချိတ်ဆက်ဆောင်ရွက်သည့် Sex Workersဦးရေ ၈၀၀ နီးပါးမှ ရရှိပြီဖြစ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံရေးအရ လျှို့ဝှက်ထိမ်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"သူတို့က တရားမဝင်လုပ်ကိုင်နေရလို့ ဖိနိပ်မူအမျိုးမျိုး ကြုံတွေ့နေရတဲ့ လူတန်းစားတရပ်လိုဖြစ်နေပြီ"ဟု ကိုယ်တိုင် Sex Workerအဖြစ် အသက် မွေးဝမ်းကြောင်း ပြုခဲ့ရဘူးသူ ၎င်းက ဆိုသည်။

ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမှု ပြုလုပ်သူများအနေနှင့် ရဲတပ်ဖွဲ့၏ မတရားငွေညှစ် ခြိမ်းခြောက်မူများ၊ မတရားမဝင်မှုအပေါ် မူတည်၍ ပြည့်တန်ဆာပွဲစားများ၏ ခေါင်းပုံဖျက်နှိပ်စက်မူများ၊ ထောင်တွင်းခွဲခြား ဆက်ဆံခံရမူများနှင့် ပြည့်တန်ဆာ အလုပ်အကိုင် အဆင့်အတန်းနှင့် HIV ပိုးကူး ဆက်ခံရမှုအရ အချင်းချင်းခွဲခြား ဆက်ဆံခံရမှုများ အများဆုံး ကြုံတွေ့နေရကြောင်း ထောင်ကျခံရဘူးသူ ၎င်းက ဆက်လက်ရှင်းပြသည်။

"အရင်လတုန်းက ကျွန်မကို ကြည့်မြင်တိုင်မှာ ရဲကဖမ်းတယ်၊၆သောင်းနဲ့ အမူမဖွင့်ဖို့ ပေးခဲ့ရတယ်။ သူများဆီက ဆွဲပြိးတော့လေ၊ အခု အဲဒီငွေကို ပြန်ရှာနေတာ၊ အဲဒီနယ်ကိုလည်း တစ်လမလာပါဘူးလို့ ခံဝန်ထိုးခဲ့ရတယ်  "ဟု Sex Worker In Myanmar Network အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက်၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက  ဆိုသည်။

"သမီးရဲ့ဆက်ရှင်ကြေး ၁၅ရက်ရှိပြီ မရသေးဘူး၊ သမီးလဲ မတောင်းရဲဘူးလေ၊ မနေ့ကတင် အမတစ်ယောက်က သူတို့ကို ပြန်ပြောလို့ ရိုက်ထား တာ အရှိုးရာတွေကြီးပဲ၊ မထနိုင်လို့ ဆက်ရှင်တောင် နားထားရတယ်။ "ဟု ဘုရင့်နောင်ကားကြီးဝင်းအတွင်းရှိ မာဆက်အမည်နှင့် ပြည့်တန်ဆာ လုပ်ငန်း တစ်ခုမှ အသက် ၁၆နှစ်အရွယ် မိန်းကလေတစ်ဦးက ပြောကြားသည်။

Sex Worker In Myanmar Network အနေနှင့် ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူပြုလုပ်သူများကို ကျန်းမာရေးအသိ ဖြန့်ဖြူးခြင်း၊ မတရားဖိနှိပ်မူများဖော်ထုတ်ကာ တရားစွဲဆိုဆောင်ရွက်ခြင်း၊ HIV ပိုးကူးဆက်ခံရသူ Sex Workerများကို ART ဆေး အခမဲ့ဖြန့်ဖြူးခြင်းများနှင့် ဘဝမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကွန်ယက် ဥက္ကဋ္ဌလည်းဖြစ်သူ မနှင်းနှင်းယုက ပြောကြားသည်။

အဆိုပါ Sex Worker In Myanmar Network၏ ရန်ပုံငွေအတွက် ပြည်ပအခြေစိုက် NGO တစ်ခုက ကူညီထောက်ပံမှုများ ပြုလုပ် ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် Sex Worker ငါးဦးလျှင် တစ်ဦးနှုန်း HIV ကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင် ARTဆေးရယူနေရသည့် Sex Worker ၆၀,၀၀၀ ကျော်ရှိကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

SWEET

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

စာတင်သော်လည်း ထူးခြားမူမရှိ၍ အောက်တိုဘာတွင် ရှေ့နေတစ်ရာကျော် ဆန္ဒပြမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆။

သမိုင်းဝင်တရားရုံးအဆောက်အအုံများ ဟိုတယ်ပြုလုပ်ရန် စီစဉ်မှုကို နိုင်ငံတော်သမ္မတ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသို့ ယခု လဆန်းပိုင်းက ကန့်ကွက်စာများ တင်ပြထားသော်လည်း ထူးခြားမှု မရှိ၍ အောက်တိုဘာ ၁၇ ရက်နေ့တွင် ရှေ့နေ တစ်ရာကျော်က ဆန္ဒပြရန် စီစဉ်နေ ကြောင်း ရှေ့နေများကွန်ယက်ဝင် ဦးကိုနီက ဆိုသည်။

ဆန္ဒပြပွဲကို မြို့တော်ခန်းမရှေ့မှ မနက် ၁၀ နာရီတွင် စတင်မည်ဖြစ်ပြီး သက်ဆိုင်ရာ တရားရုံးများသို့ ချီတက်လမ်းလျှောက်ကြမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

"ဒါက သမိုင်းဝင် အဆောက်အအုံတွေပါ၊ ဆန္ဒပြလို့မှ မထူးခြားရင် အစိုးရကို တရားဆက်စွဲမှာပါ"ဟု မဟာဗန္ဓုလ ပန်းခြံဘေးရှိ တရားလွတ်တော် အဆောက်အအုံနှင့် ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်၍ စုပေါင်းတရားရုံး အဆောက်အအုံတို့ကို ဟိုတယ်ဆောက်လုပ်ရန် စီစဉ်နေမှုအတွက် ၎င်းက ခြိမ်းခြောက်ပြောကြားသည်။

ယခင်က  အမှုကိစ္စများ လျှင်မြန်ပြီးစီးစေရန် တရားရုံးများကို တစ်စုတစည်းတည်း ထားရှိရာက ပြီးခဲ့သည့် လပိုင်းအတွင်းက သီးခြားစီခွဲထုတ် ခဲ့ခြင်းအပေါ် ဝါရင့်ရှေ့နေအများစုက ကန့်ကွက်ပြောဆိုနေကြသည်။

SWEET

-----------------------------------------------------------------------------------------------------------------------------------

လယ်သမားပါတီ ထူထောင်ခွင့်ရ

ရန်ကုန်။စက်တင်ဘာ ၂၄။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်၏ အကျိုးစီးပွားကို ကာကွယ်ရန်လုံလောက်သော အဖွဲ့အစည်းတစ်ရပ်မရှိသဖြင့် တောင်သူလယ်သ မားပါတီကို တည်ထောင်ခွင့်ကို  စက်တင်ဘာလ ၂၄ရက်ရရှိခဲ့ကြောင်း ပါတီဥက္ကဌအဖြစ် တာဝန်ယူမည့် ဦးကျော်စွာစိုးက ပြောကြားသည်။

ယခင် အမျိုးသားနိုင်ငံရေးများအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းအရေးမှူးအနေနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နှင့် စလင်းမြို့များအပါအဝင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမားများက ပါတီဝင်ရာက်ရန် စာရင်းပေးသွင်းရာ ရှစ်သောင်းကျော်မျှရရှိပြီဖြစ်ကြောင်း ၎င်း၏အဆိုအရ သိရသည်။

“နိုင်ငံရေးဆိုတာကို လုပ်ခဲ့ပြီးပြီ၊ ပါတီနိုင်ငံရေးတွေနဲ့ အမျိုးသားနိုင်ငံရေးတွေ နားမလည်နိုင်ဘူး ၊ကိုယ်တကယ်လုပ်ချင်တာက လယ်သမားတွေ ရဲ့ ကိစ္စပဲ”ဟု ၎င်းက ပါတီအမည်နှင့်ပတ်သက်၍ ရှင်းပြသည်။

အမျိုးသားနိုင်ငံရေးများအဖွဲ့ချုပ်ပါတီမှ နုတ်ထွက်ကာ ပါတီတစ်ရပ် ထပ်မံထူထောင်သော ဦးကျော်စွာစိုး နှင့်ပတ်သက်၍ ယင်းပါတီသို့ ဆက် သွယ်မေးမြန်းရာ ၎င်းတို့အကြား သဘောထားကွဲလွဲမှု၊ ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှုများ ဖြစ်ပွားမရှိကြောင်း၊ ဦးကျော်စွာစိုး စိတ်အားထက်သန်သော အရာကို ပြုလုပ်ခြင်းဖြစ်၍ ကြည်ဖြူစွာခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားနိုင်ငံရေးများအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသက်ဦးက ပြော ကြားသည်။

ယင်းသို့ ပါတီထူထောင်ရန်မစီစဉ်မှီ လပိုင်းအတွင်းက အမျိုးသားနိုင်ငံရေးများအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါ အဝင် မိတ်ဖက်ပါတီအချို့က အထက်ပါဒေသများသို့ သွားရောက်ကာ တောင်သူလယ်သမားအစည်းအရုံးများ တည်ထောင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ သည်ကို တွေ့ရသည်။

စပါးနှံနှင့်စက်သွားကို ပါတီအမှတ်တံဆိပ်အဖြစ် အသုံးပြုသော အင်အားကြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းရီက “လယ်သမားတွေကို အကျိုးပြုမဲ့ဘယ်လိုပါတီမဆို ထပ်ပေါ်လေကောင်းလေပဲ”ဟု ပြိုင်ဘက်ပါတီအဖြစ် သဘောမထားကြောင်း ပြောကြား သည်။

SWEET/NT

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“လာဘ်ပေးလာဘ်ယူနဲ့ပတ်သက်လို့ နံပါတ်တစ် လုပ်ရမှုာတော့ ဥပဒေနဲ့ အရေးယူမှာ ဖြစ်တယ်လို့ သိရတယ်။ တစ်ချိန်တည်းမှာ ဘာ့ကြောင့် လာဘ်ပေး၊ လာဘ်ယူ ဖြစ်နေသလဲဆိုတာ ကြည့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် လခမလုံလောက်လို့ဆိုရင် လခနဲ့လောက်အောင်လုပ်ပေးရမယ် လို့ဆိုတယ်၊အရေးကြီးဆုံးအချက် ဖြစ်တဲ့ နဂိုရှိရင်းစိတ် (Mind-set) တွေလည်းပြောင်းဖို့လိုတယ်လို့ ဥပဒေပညာရှင် ကြီးတွေကထောက်ပြပါတယ်”

စက်တင်ဘာ ၂၁ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၃၂၅) တွင် ပါရှိသည့် “လာဘ်ပေး၊လာဘ်ယူဆို နှစ်ဦးနှစ်ဖက် စဉ်းစားပေး ဖို့လို”ဆောင်းပါးမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ပြန်လည်နေရာချထားရေးတွေ စလုပ်နေပေမယ့် ဒုက္ခသည်တွေအတွက် လုံခြုံတဲ့နေရာဖြစ်မယ်၊ လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင် အများစုနဲ့ အပစ် အခတ်ရပ်စဲရေး ရထားပေမယ့် ဒါက ထာဝရ ငြိမ်းချမ်းရေး မဟုတ်သေးဘူး။ တိုင်းရင်းသားအဖွဲ့တွေ လက်နက်ပြန်ကိုင်ရမယ့် အခြေအနေဖြစ်လာရင် ဒုက္ခ သည်တွေက ဟိုပြေး၊ဒီပြေးနဲ့ သံသရာလည်နေမယ်။”

စက်တင်ဘာ ၂၁ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ် အမှတ် (၃၅၂) တွင်ပါရှိသည့်“သန်းချီရှိတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံဖို့ ပြည်တွင်းစစ် ထာဝရငြိမ်းချမ်းဖို့လို”ဆောင်းပါးမှ ကရင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစောသန်းကျော်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲတွေလုပ်တုန်းက (NLD) မှာ ဗဟိုကတခြား အောင်ခြေ၊ တိုင်း၊ ခရိုင်၊ မြို့နယ်တွေဟာ ဘာတစ်ခုမှ တရားဝင်မရှိဘူး။ အခုလက်ရှိ အချိန်ထိ မြို့နယ်စည်းရုံးရေးအဖွဲ့ဆိုတာ မရှိသေးဘူး။ အဲဒီအချိန်မှာ တရားဝင်ရှိတာဆိုလို့ ဗဟိုပဲရှိတယ်။ အဲဒါကြောင့် ကိုယ်စားလှယ်ဟောင်းတွေကို ဗ ဟိုက တိုက်ရိုက်ခန့်တာပဲ။

စက်တင်ဘာ ၂၇ရက်နေ့ထုတ်  7day News ဂျာနယ် အတွဲ(၁၁) အမှတ် (၂၉) တွင်ပါရှိသည့် “ဒီချုပ်ကို ဗဟိုဦးစီးစနစ်ကျင့်သုံးဟု စွပ်စွဲခြင်း မှာ နိုင်ငံရေးနှိပ်ကွပ်မှုဖြစ်ကြောင်း”ဆောင်းပါးမှ  ဦးဉာဏ်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၆.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာအာဏာရပါတီခေါင်းဆောင်သစ်ရွေးချယ်ရန်ရှိ

(AFP သတင်းမှ 26 Sept 2012 ရက်စွဲပါ “Myanmar’s ruling party poised for news Leadership”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ထောက်ပံ့ရေးပစ္စည်းများ ရခိုင်သို့ အသွားလမ်းပေါ်ရောက်

(The Star News မှ 26 September 2012 ရက်စွဲပါ “ Help for Rakhines on the way”သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဂျပန်နိုင်ငံ၏ Shimizu ကော်ပိုရေးရှင်း ရန်ကုန်တွင် ပြန်ဖွင့်မည်

(25 September 2012 ရက်စွဲပါ Business Wire မှ Shimizu Corporation re-opening Yangon office after 13 year's dormancy ကိုဘာသာပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အမှန်တကယ် ပါဝါများကို မှေးမှိန်စေ

(25 september 2012 ရက်စွဲပါ The Dilomat  မှ Joshua Kurlantzick  ရေးသားသော Suu Kyi’ s U.S            visit;overshadowing the real powers in Burma ကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

မြန်မာအာဏာရပါတီခေါင်းဆောင်သစ်ရွေးချယ်ရန်ရှိ

(AFP သတင်းမှ 26 Sept 2012 ရက်စွဲပါ “Myanmar’s ruling party poised for news Leadership”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ လက်ရှိအာဏာရပါတီသည် လာမည့်လတွင် ခေါင်းဆောင်သစ်များ ရွေးချယ်သွားမည်ပာု ပါတီအထွေထွေအတွင်းရေးမှူးက အင်္ဂါနေ့တွင်ပြောကြားခဲ့ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အလွန့်အလွန် ရေပန်းစားနေခြင်းအပေါ် ကြိုတင်ပြင်ဆင်ရန် ဖိအားများ ကျရောက်နေသည်ပာု သိရှိရသည်။

စစ်တပ်အားပြု ပြည်ခိုင်ဖြိုးပါတီ USDP သည် ပြီးခဲ့သော ဧပြီလကြားဖြတ်ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို အပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက်တွင် ပါတီ၏ရွေးကောက်ပွဲစည်းရုံးနိုင်စွမ်းကို မြှင့်တင်ရန်ကြိုးစားနေသည့်အလျောက် လာမည့်လပါတီညီလာခံ၌ လစ်လပ် ခေါင်းဆောင်ပိုင်းအလွှာကို ဖြည့်တင်းနိုင်လိမ့်မည်ပာု မျှော်လင့်ရသည်။

အဓိကအချက်မှာ ပါတီကို ပိုမိုတောင့်တင်းအောင်စုစည်းရန်ဖြစ်ပြီး လာမည့်အောက်တိုဘာ ၁၁ ရက်ညီလာခံတွင် ပါတီဦးဆောင်မှုအလွာကိုလည်း ရွေးချယ်ခန့်အပ်မည်ပာု အောက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက AFP သို့ပြောကြားသည်။

ခေတ်ကုန်သွားသော စစ်အုပ်ချုပ်ရေးကို အသွင်ပြောင်းအစားထိုးလိုက်သော အရပ်ဖက်အစိုးရသစ်တွင် သမ္မတဖြစ်လာသူ ဦးသိန်းစိန်ကြောင့် လစ်လပ်သွားသောနေရာအတွက် ဥက္ကဋ္ဌသစ်ကိုလည်း လာမည့်ပါတီညီလာခံတွင် ရွေးချယ်လိမ့်မည်ပာု ယုံကြည်ရသည်။

အကဲခတ်လေ့လာသူများက “လက်ရှိသမ္မတဦးသိန်းစိန်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့အကြား အာဏာလွန်ဆွဲမှု ဖြစ်ပေါ်နေသည်”ပာု ပြောကြားကြသည်။ သူရဦးရွှေမန်းသည် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတလောင်းနေရာအတွက် ထိပ်ဆုံးမှရေပန်းစားနေသူပာု သတ်မှတ်ခြင်း ခံထားရသည်။

ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကာလအပြီး၌ ဦးသိန်းစိန်ကို သမ္မတရာထူးခန့်အပ်လိုက်ပြီး ယခင်အစိုးရလက်ထက်ရာထူးပိုကြီးသော သူရဦးရွှေမန်းက အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကိုသာ ရရှိခဲ့ပြီးနောက်တွင် ဗိုလ်ချုပ်ပောာင်းခေါင်းဆောင်နှစ်ဦးအကြား ဆက်ဆံရေးဆိုးဝါးသွားခဲ့သည်ပာု ယုံကြည်ရသည်။

လတ်တလောတွင် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ရောက်ရှိနေသော သမ္မတဦးသိန်းစိန်သည် ၎င်းသမ္မတ အာဏာရပြီးနောက်ပိုင်း ပထမဆုံးအမေရိကန်ခရီးစဉ်တွင် မြန်မာနိုင်ငံအနာဂါတ်အတွက် အစီအစဉ်များချမှတ်လိမ့်မည်ပာု မျှော်လင့်ရသည်။

သမ္မတနှင့် အခြားထိပ်ပိုင်းစစ်ဗိုလ်ချုပ်ပောာင်းများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုဘေးဖယ်၍ ရုပ်ပျက်ဆင်းပျက်ကျင်းပခဲ့သော အငြင်းပွားဖွယ် ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် တပ်မတော်ရာထူးများကို စွန့်လွှတ်ခဲ့ကြရခြင်းဖြစ်သည်။

ထိုနောက်ပိုင်း သမ္မတဦးသိန်းစိန်၏ မူဝါဒအပြောင်းအလဲများကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီတို့ ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကာ မဲဆန္ဒနယ် ၄၄ နေရာအနက် ၄၃ နေရာ အနိုင်ရရှိပြီး လွှတ်တော်နိုင်ငံရေးနယ်ပယ်ထဲသို့ တရားဝင် ရောက်ရှိလာခဲ့သည်။

                                                ***********************************************

ထောက်ပံ့ရေးပစ္စည်းများ ရခိုင်သို့ အသွားလမ်းပေါ်ရောက်

(The Star News မှ 26 September 2012 ရက်စွဲပါ “ Help for Rakhines on the way”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ ဒုက္ခသည်နှစ်သိန်းကျော်အတွက် တင်ပို့လိုက်သော ထောက်ပံ့ကယ်ဆယ်ရေးပစ္စည်းများ လမ်းကြောင်းပေါ် ရောက်ရှိ နေသည်ဟု သိရှိရသည်။

ဒုက္ခသည်ဆိုင်ရာစာနာမှုအဖွဲ့ The Putera1 Malasia Club ကိုယ်စားလှယ်အဖွဲ့ကို မလေးရှားဒုတိယဝန်ကြီးချုပ် တန်ဆရီမူဟီဒင်ယာဆင်က မြောက်ဘက်ဆိပ်ကမ်းမှ တရားဝင်ထွက်ခွာခွင့်ပေးလိုက်ပြီ ဖြစ်သည်။

ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း တန် ၅၀၀ တင်ဆောင်ထားသော ဆီနာဘီမာကုန်သင်္ဘောသည် မနေ့ကထွက်ခွာသွားခဲ့ပြီး မြန်မာနိုင်ငံ စစ်တွေမြို့သို့ရောက်ရှိရန် ၅ ရက်ကြာမြင့်မည် ဖြစ်သည်။

ရခိုင်ပြည်နယ်မှ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်ဆလင်များအကြားအဓိကရုဏ်းသည် ရိုဟင်ဂျာအမျိုးသား ၃ ဦးက ရခိုင်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့် လူသတ်လုယက်မှုကျူးလွန်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

ယခုထောက်ပံ့ကယ်ဆယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် မူလကစက်တင်ဘာ ၅ ရက်တွင်ထွက်ခွာရန် စီစဉ်ထားခဲ့သော်လည်း မြန်မာ အာဏာပိုင်များက မီးစိမ်းမပြသေးသောကြောင့် ဆိုင်းငံ့ထားခဲ့ရသည်။

မူထရာဝမ်းမလေးရှားကလပ်ဥက္ကဋ္ဌ အဗ္ဗဒူရာမင်၏အဆိုအရ “မြန်မာအာဏာပိုင်များသည် ပြည်တွင်းရေး အကြောင်းပြချက်များကြောင့် မလေးရှား တော်ဝင်ရေတပ်မှ ကေဒီဆရီအင်ဒီရာဆာသီသင်္ဘောကို ဝင်ခွင့်မပေးခဲ့”ဟု သိရှိရသည်။

“ကျွန်တော်တို့ စက်တင်ဘာ ၁၇ ရက်ကျမှ ခွင့်ပြုချက်ရပါတယ်။ ဒီမစ်ရှင်က တစ်ပတ်ကြာမှာပါ။ စေတနာ့ဝန်ထမ်း ၅၀ လောက်ကို အောက်တိုဘာ ၁ ရက်နေ့မှာ စေလွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ၎င်းကဆိုသည်။

ကုန်သင်္ဘောထွက်ခွာသည့် အခမ်းအနားသို့ တက်ရောက်လာသော မြန်မာသံအမတ်ကြီးဦးတင်လတ်က မလေးရှားနိုင်ငံသားများနှင့် ပူထရာဝမ်းကလပ်ကို ရခိုင်ပြည်သူများအားကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

ဒုက္ခသည်များထံဖြန့်ဝေပေးမည့် အခြေခံထောက်ပံ့ရေးပစ္စည်းများတွင် ဆန်၊ နို့၊ ဆေးဝါး၊ မျက်နှာသုတ်ပုဝါနှင့်  ဖိနပ်များပါဝင်သည်ဟု သိရှိ ရသည်။ မလေးရှားရင်းဂစ်ငွေ ၁၀ သန်းကျော်တန်ဖိုးရှိသော အဆိုပါပစ္စည်းများကို အိမ်ထောင်စုပေါင်း တစ်သိန်းခန့်အား ဖြန့်ဝေပေးမည်ဖြစ်သည်။

 ***********************************************

ဂျပန်နိုင်ငံ၏ Shimizu ကော်ပိုရေးရှင်း ရန်ကုန်တွင် ပြန်ဖွင့်မည်

(25 September 2012 ရက်စွဲပါ Business Wire မှ Shimizu Corporation re-opening Yangon office after 13 year's dormancy ကိုဘာသာပြန်ဆိုသည်)

Shimizu ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံရုံးခွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ရန်ကုန်မြို့တွင် Shimizu ၏လုပ်ဆောင်မှုများသည် ၁၉၉၆ ခုနှစ်တွင်စတင်ခဲ့ပြီး ၁၉၉၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ကျုံ့သွားသည့်အချိန်မှစ၍ ငြိမ်သက်သွားခဲ့သည်။ မြန်မာနိုင်ငံ၏ ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် စီးပွားရေးအရ အရေးယူမှုများ ဖြေလျော့ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ချိန်တွင် Shimizu ကို မြန်မာနိုင်ငံသို့ အလျင်အမြန် ပြည်လည်ဝင်ရောက်စေခဲ့သည်။

မြန်မာနိုင်ငံ၏ လုပ်အားခအဆင့်နှင့် အင်္ဂလိပ်လိုနားလည် ပြောဆိုနိုင်သော လုပ်အားစုသည် တောင်နှင့်အရှေ့တောင်အာရှနိုင်ငံများထက်စာလျှင် ပို၍ပြိုင်ဆိုင်မှု အားကောင်းသည်။ ထိုအချက်များကြောင့်ပင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသောနိုင်ငံခြား ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် အတွေးအခေါ်ကို ပြောင်းလဲစေသည်။ သီလဝါနှင့် ထားဝယ်စက်မှုဇုန်များသည် ဂျပန်ကုမ္ပဏီများကို အထူးဆွဲဆောင်လျက် ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာချိန်တွင် “ဆင်ပြောင်ကြီးအမြီးကျမှတစ်”ရသောကိစ္စမှာ အခြေခံအဆောက်အဦးမလုံလောက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့တွင် လျှပ်စစ်ဓါတ်အားပေးစေမှု မတည်ငြိမ်ခြင်းနှင့် အခြားပြည်သူလူထုအသုံးဝင်မည့်ဝန်ဆောင်မှုများ မလုံလောက်ခြင်းတို့ ဖြစ်သည်။ ဥပမာ နိုင်ငံခြားသားများအတွက် အိမ်ခြံမြေ မလုံလောက်ခြင်းဖြစ်သည်။ ရန်ကုန်တွင် မကြာခဏ မီးပျက်ခြင်းနှင့် တစ်နှစ်အတွင်းရုံးခန်းငှားရမ်းခများ သုံးဆခန့် တက်သွားခြင်းများသည် ပြဿနာများဖြစ်သည်။

ရုံးခွဲသည် ဆီဒိုးနားဟိုတယ် သုံးလွှာတွင်ရှိမည်ဖြစ်ပြီး ဘန်ကောက်ဒေသခွဲရုံးလက်အောက်တွင် ရှိမည်ဖြစ်သည်။ ရုံးတွင် မြန်မာနိုင်ငံသားသုံးဦး ရှိမည်ဖြစ်ပြီး ဆောက်လုပ်ရေးစီမံကိန်းနှင့်ပတ်သက်သော သတင်းများနှင့် ဆက်စပ်သူများကိုခန့်အပ်ထားသည်။

                                                                    *****************************************************

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သည် မြန်မာနိုင်ငံ၏ အမှန်တကယ် ပါဝါများကို မှေးမှိန်စေ

(25 september 2012 ရက်စွဲပါ The Dilomat  မှ Joshua Kurlantzick  ရေးသားသော Suu Kyi’ s U.S visit;overshadowing the real powers in Burma ကိုဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုသို့ နှစ်ပတ်ခရီးစဉ်သည် ကြီးမားသောအောင်မြင်မှုရသည်ဟု သက်သေပြခဲ့ပြီးဖြစ်သည်။ ဥရောပမှာကဲ့သို့ပင် အမေရိကန်ပြည်ထောင်စုရှိ ပရိသတ်နှင့်တွေ့ဆုံရာတွင် ပရိတ်သတ်များ၏ နှစ်သက်အထင်ကြီးလေးစားမှုတို့ကို ခံစားရစေပြီး၊ ထိုကဲ့သို့သောအဆင့်မျိုးကို ဒလိုင်းလားမားနှင့် နယ်ဆင်မင်ဒဲလားတို့မှလွဲ၍ ယှဉ်နိုင်မည့်သူမရှိပေ။ သူမသည် လေယာဉ်ခရီးစဉ်အရှည်ကြီးကို စီးနင်းခဲ့ရသော်လည်း အနားယူခြင်းမရှိပဲ ဆုများတခုပြီးတခုလက်ခံခြင်း၊ တွေ့ဆုံပွဲများ၊  ကွန်ဖရင့်များ၊ ဆွေးနွေးပွဲများကို လက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ၏ဆက်ဆံရေး သို့မဟုတ် အခြားဒီမိုကရက်တစ် အင်အားကြီးနိုင်ငံများ၏ ဆက်ဆံရေးများသည် မြန်မာနိုင်ငံ၏အနာဂါတ်အတွက် အရေးကြီးရုံမျှမက၊ နိုင်ငံအတွင်းသို့ အကူအညီများတိုး၍ ဝင်လာရေးအတွက် အရေးပါလှသည်ဆိုသည့်အချက်မှာ သံသယရှိစရာမလိုသော အချက်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြသော မူဝါဒဆွေးနွေးပွဲများနှင့် အခြားပွဲများတွင်ပြောသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များကိုကြည့်ပါက အမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံ၏အနာဂါတ်အတွက် အရေးပါသော ပလေယာများ ဖြစ်သည်ဆိုသည့် အိုင်ဒီယာကို ဦးတည်ကြောင်းတွေ့ရသည်။

အနောက်နိုင်ငံများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ နှစ်သက်သဘောကျမှုများရှိပြီး၊ သမ္မတဦးသိန်းစိန်အပေါ်တွင် အလေးပေးမှုမရှိပေ။  ထို့ကြောင့် ဦးသိန်းစိန်၏ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်မှုကို ဒေါ်အောင်ဆန်းစုကြည်၏ ဝက်ဝက်ကွဲခရီးစဉ်လောက် လူစိတ်ဝင်စားမှုရှိမည် မဟုတ်ပေ။သို့သော် ဦးသိန်းစိန်သည် အတိတ်က ၄င်း၏စစ်တပ်ပုံရိပ်များရှိသော်လည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကြီးမားသောပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရာတွင် အဓိကကျသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန်သည် မကြာသေးမီက ၄င်း၏ကတ်ဘိနက်အတွင်း ပြောင်းရွှေ့မှုများ ပြုလုပ်၍ အစိုးရအဖွဲ့အတွင်းမှ အရေးကြီးသောသဘောထား တင်းမာသူများကိုခွဲခြားလိုက်ခြင်း သို့မဟုတ် အလုပ်မှနှုတ်ထွက်စေလျက် ပြုပြင်ပြောင်းလဲရေးသမားများ၏ ချုပ်ကိုင်မှုပိုမိုအားကောင်းအောင် လုပ်ဆောင်ရာတွင် အဓိကတာဝန်ယူလုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများပြုလုပ်ရာတွင် ရှောင်ခဲ့ကြသောအချက်တခုမှာ ဒီမိုကရက်တစ် မြန်မာနိုင်ငံ၏အနာဂါတ်တွင် အရေးကြီးသောပလေယာများဖြစ်သော တရုတ်၊ အိန္ဒိယ၊ ထိုင်းနှင့် စကာင်္ပူတို့အကြောင်းပင် ဖြစ်သည်။ အမှန်တရားကို ပြောင်းလဲပစ်၍ ရလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် တံခါးဖွင့်လာသည်နှင့်အမျှ ၄င်း၏ အိမ်နီးချင်းများနှင့် ပိုမိုစုစည်းလာနိုင်မည်မှာ အမှန်ပင်ဖြစ်သည။်

ဒေါ်အောင်ဆန်းစုကြည်(မြန်မာနိုင်ငံ၏ဒီမိုကရေစီလှုပ်ရှားမှုများအပါအဝင်)နှင့် အိမ်နီးချင်းအင်အားကြီးများ အားလုံးကြားဆက်ဆံရေးမှာ အားနည်းလှပြီး တခါတရံဆိုးရွားလှသည်။ အိန္ဒိယနှင့်ပင် ဒီမိုကရေစီလှုပ်ရှားမှုဆက်ဆံရေးများမှာ ပြီးခဲ့သည့်နှစ်များအတွင်း ကောင်းမွန်စွာမရှိခဲ့ပေ။ အိန္ဒိယသည်ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံမှဒီမိုကရေစီလှုပ်ရှားသူများကို ထောက်ပံ့မှုများပြုထားရာမှ ပို၍လက်တွေ့ကျသော မူဝါဒအဖြစ် အာဏာစစ်အစိုးရနှင့် ဆက်ဆံရေးပြုလုပ်ခဲ့ပြီးနောက် ဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီလှုပ်ရှားသူများသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမှန်တကယ်အနိုင်ရတော့မည်ဖြစ်ရာ (ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပါက သေချာပေါက်နီးပါးဖြစ်သည်)၎င်းတို့သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်အတွက် ဒီမိုကရေစီလှုပ်ရှားမှုများကို ထောက်ခံကူညီခဲ့သော အနောက်နိုင်ငံများသို့သာ အာရုံစိုက်ခြင်းမပြုဘဲ အထက်မှ အရေးပါသော အိမ်နီးချင်းချင်းများနှင့် မိမိတို့၏ဆက်ဆံရေးကို အမြန်ဆုံးပြင်ဆင်ရလိမ့်မည်ဖြစ်သည်။

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive