Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၇.၉.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ဝါရှင်တန်က အိန္ဒိယနှင့် မြန်မာအကြား ဆက်ဆံရေးကောင်းစေချင်

(Business Line မှ 26 Sept 2012 ရက်စွဲပါ “US wants India, Burma to share good relationship”သတင်းကို ဘာသာပြန်ဆိုသည်)

  1. အငြင်းပွားကျွန်းများရှိ အချုပ်အခြာအာဏာပိုင်နက်ကိစ္စ တရုတ်သတိပေး

(BBC သတင်းဌာနမှ 26 September 2012 ရက်စွဲပါ China warns on sovereignty at island talks with Japan ကိုဘာသာပြန်ဆိုသည်)

  1. ပစ္စည်းမှာယူမှုများကျဆင်းခြင်းကြောင့် တရုတ်မှ Baosteel  စက်ရုံ ယာယီရပ်နား

(27 September 2012  ရက်စွဲပါ  BBC News မှ China’s Baoshan suspends steel plant as demand slows  ကိုဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ဝါရှင်တန်က အိန္ဒိယနှင့် မြန်မာအကြား ဆက်ဆံရေးကောင်းစေချင်

(Business Line မှ 26 Sept 2012 ရက်စွဲပါ “US wants India, Burma to share good relationship”သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အား ကာလတံ့သော ၎င်းတို့၏ စီးပွားရေးအကျိုးအတွက် ဆက်ဆံရေးကောင်းစေချင် သည်ပာု အိုဘားမားအစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မြန်မာနဲ့အိန္ဒိယအကြား၊ မြန်မာနဲ့တစ်ခြားအာရှနိုင်ငံတွေအကြား ဆက်ဆံရေးကောင်းစေချင်ပါတယ်။ မြန်မာနိုင်ငံပာာ အရေးပါတဲ့လမ်းဆုံ နေရာမှာတည်ရှိတဲ့အတွက် အရေးကြီးတဲ့ကဏ္ဍကနေ ဆက်လက် ပါဝင်ပါလိမ့်မယ်”ပာု အရှေ့အာရှပစ္စဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ဝါရှင်တန်အခြေစိုက် Think Tank အုပ်စုတစ်ခုတွင်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတစ်ဦးက “အမေရိကန်နှင့်အိန္ဒိယတို့သည် မြန်မာနှင့်စီးပွားဖက်ဖြစ်ရေးကိုလေ့လာဖို့ လိုကြောင်း” ပြောကြားခဲ့ပြီး နောက်တစ်ရက်တွင် Campbell ၏မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

တနင်္လာနေ့က နယူးယောက်တွင်ကျင်းပသော အိန္ဒိယရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် အမေရိကန်နိုင်ငံခြားရေးဌာန စီးပွားရေးဖွံ့ဖြိုးမှု စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအတွင်းဝန် Robert Hormats ကပြောကြားသည်။

“ဒေသတွင်း ပို့ဆောင်ဆက်သွယ်ရေးအခြေခံစနစ်နိမ့်ကျမှု၊ မြန်မာအစိုးရပောာင်း၏ တံခါးပိတ်မှု၊ အိန္ဒိယနှင့် အိမ်နီးချင်းများအကြား နိုင်ငံရေး အယုံအကြည်ပျက်မှုတို့ကြောင့် အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ကြားစခန်းဆက်ကြောင်းများ ဖွံ့ဖြိုးမှု နှစ်ပေါင်းများစွာ နှောင့်နှေးခဲ့ရသည်”ပာု ပြောကြားသွားခဲ့သည်။

“ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး၊ စီးပါားရေးပြောင်းလဲမှုတွေနဲ့အတူ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ အပြန်အလှန် ဆက်ဆံမှု တိုးတက်ရေး အားထုတ်မှုတွေကြောင့် အမေရိကန်နဲ့ အိန္ဒိယရဲ့ အကျိုးစီးပွားတွေ၊ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုတွေကို အားပေးမြှင့်တင်နိုင်ဖို့ အခွင့်အလမ်းသစ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီလိုကြီးမားတဲ့ အလားအလာတွေကြောင့် ထွန်းသစ်နေတဲ့မြန်မာဈေးကွက်မှာ စီးပွားဖက်ဖြစ်ဖို့ ကျွန်တော်တို့ မျှော်မှန်း ထားသင့်ပါတယ်”ပာု Robert Hormats ကဆိုသည်။

ဝါရှင်တန်အခြေစိုက် cantre for strategic and International Studies ၌စကားမပြောခင် Campbell က “မြန်မာ-တရုတ် ဆက်ဆံရေး ကောင်းနေခြင်းကို အမေရိကန်ကထောက်ခံသည်”ပာု ပြောကြားသည်။

“အစိုးရနဲ့ကော အတိုက်အခံနဲ့ကော ကျွန်တော်တို့ထိတွေ့ညှိနှိုင်းနေတဲ့ကိစ္စတွေအားလုံးထဲမှာ ကျွန်တော်တို့ထောက်ခံတဲ့ အရမ်းခိုင်မာတဲ့ အမြင်တစ်ခုရှိပါတယ်။ မြန်မာပာာ တရုတ်နဲ့ဆက်ဆံရေးကောင်းချုင်တယ်။ ကောင်းဖို့လည်း လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ”ပာု Campbell ကဆိုသည်။

“သူတို့ပာာ ကူးသန်းရောင်းဝယ်ရေးနယ်ပယ်မှာ သာတူညီမျှခိုင်မာတဲ့ဆက်ဆံရေးကို လိုချင်ကြတယ်။ သံတမန်လမ်းကြောင်းကတစ်ဆင့် ဆီလျော်တဲ့နိုင်ငံရေးဆက်ဆံမှုတွေကို အနီးကပ်ဆောင်ရွက်ပြီး တလေးတစားဖြစ်စေချင်ကြတယ်။ ဒါပာာ နှစ်နိုင်ငံစလုံးရဲ့ ကောင်းကျိုးစီးပွားဖြစ်လို့ ကျွန်တော်တို့ ထောက်ခံအားပေးရမယ်လို့ ကျွန်တော်ထင်ပါတယ်”ပာု Campbell က ရှင်းလင်းပြောကြားသွားသည်။

                                                                **************************************************

အငြင်းပွားကျွန်းများရှိ အချုပ်အခြာအာဏာပိုင်နက်ကိစ္စ တရုတ်သတိပေး

(BBC သတင်းဌာနမှ 26 September 2012 ရက်စွဲပါ China warns on sovereignty at island talks with Japan ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံအနေဖြင့် မိမိ၏ အချုပ်အခြာအာဏာထိပါး ချိုးဖောက်ခြင်းခံရမှုများကို သည်းခံသွားမည်မဟုတ်ဟု ဂျပန်နိုင်ငံကို သတိပေးပြောဆို လိုက်ကြောင်းသိရသည်။ တရုတ်နှင့် ဂျပန်အကြား အငြင်းပွားကျွန်းများ ပြဿနာအတွက် ဦးတည်ပြုလုပ်သည့် အဆင့်မြင့်ပုဂ္ဂိုလ်များ ဆွေးနွေးပွဲတွင် တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Zhang Zhijun က ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို ယင်းသို့သတိပေးလိုက်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ အဆင့်မြင့်အရာရှိကြီးများအဆင့် ဆွေးနွေးပွဲသည် အငြင်းပွားကျွန်းများရှိရာသို့ ထိုင်ဝမ်မှ ဒါဇင်ခန့်ရှိသည့်လှေများ ဆန္ဒပြရန် ရောက်ရှိ လာချိန်တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

ဂျပန်တွင် ဆန်ကာကူဟုခေါ်ပြီး တရုတ်တွင် ဒိုင်အောယုဟုဆိုသည့် အဆိုပါကျွန်းများကို ဂျပန်ကထိန်းချုပ်ထားသော်လည်း တရုတ်နှင့် ထိုင်ဝမ်တို့က ၎င်းတို့နှင့်သက်ဆိုင်ကြောင်း တောင်းဆိုထားသည်။

ယင်းကျွန်းများအနက် ကျွန်းသုံးကျွန်းကိုဂျပန်အစိုးရက ပုဂ္ဂလိကလက်ဝယ်မှဝယ်ယူလိုက်သည့်အချိန်မှစ၍ ဒေသတွင်းတင်းမာမှုများ မြင့်တက် လျက်ရှိသည်။

ကမ်းခြေစောင့်သင်္ဘောများအပါအဝင် ထိုင်ဝမ်သင်္ဘောများမှာ ယခုအခါ အဆိုပါ အငြင်းပွားကျွန်းဒေသမှ ထွက်ခွာသွားပြီဖြစ်သည်။ ဂျပန်အစိုးရက ကျွန်းသုံးကျွန်းဝယ်ယူလိုက်ကြောင်း ကြေညာပြီးနောက် လတ်တလောနေ့ရက်များတွင် တရုတ်နိုင်ငံမှ စောင့်ကြည့်လေ့လာရေးသင်္ဘောများသည် အဆိုပါ ဧရိယာသို့ ဖြတ်သန်းဝင်ထွက်သွားလာလျက်ရှိသည်။

ယင်းကျွန်းများပိုင်ရှင်ပြဿနာသည် နှစ်ကာလကြာရှည်စွာဖြစ်ခဲ့သည့် ပြဿနာဖြစ်သော်လည်း ယခုနောက်ဆုံးအကြိမ်တွင်မူ တရုတ်နိုင်ငံမြို့ အတော်များများ၌ ဂျပန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်သည်အထိ ဖြစ်ခဲ့သည်။

ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Chikako Kawai မှာနှစ်ရက်တာမျှပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲတက်ရောက်ရန် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့သို့ တနင်္လာနေ့က ရောက်ရှိလာသည်။

“လတ်လော ခက်ခဲတဲ့အခြေအနေကြောင့် ဒု-ဝန်ကြီး Zhang Zhijun နဲ့ပတ်သက်ပြီး ဘာတွေစဉ်းစားနေတယ်ဆိုတာနဲ့ တရုတ်နိုင်ငံက ဘာတွေ စဉ်းစားနေတယ်ဆိုတာကိုရှင်းပြဖို့ ကျွန်တော်စီစဉ်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား အရေးကြီးတဲ့ဆက်ဆံရေးအတွက် ဖြစ်ပါတယ်"ဟု Chikako Kawai က ဆွေးနွေးပွဲမကျင်းပမီ ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သော ကြေညာချက်တွင်မူ မစ္စတာ Chikako Kawai ၏သုံးသပ်ချက်တစ်စုံတရာအား ကိုးကားဖော်ပြထားခြင်း မရှိပေ။ သို့သော် တရုတ် ဒု-ဝန်ကြီး Zhang Zhijun ကဂျပန်အနေဖြင့် နည်းလမ်းများပြောင်းလဲကျင့်သုံးရန် မစ္စတာ Chikako Kawai ကိုပြောကြားကြောင်း ဖော်ပြထားသည်။

"တရုတ်နိုင်ငံအနေဖြင့် မိမိ၏အချုပ်အခြာအာဏာပိုင်နက်ကို ထိခိုက်စေမည့် ဂျပန်နိုင်ငံ၏တစ်ဖက်သတ်လုပ်ရပ်များကို မည်သည့်အခါမျှ သည်းခံသွားမည် မဟုတ်ပေ"ဟု အဆိုပါ ကြေညာချက်တွင်ဖော်ပြထားသည်။

"ဂျပန်အနေဖြင့် မိမိ၏ ထင်မြင်ယောင်မှားမှုများကို မဖြစ်မနေဖယ်ရှားပစ်ရမည်ဖြစ်ပြီး အမှားများကိုပြန်လည် ပြုပြင်နိုင်ရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များ လုပ်ကိုင်ရမည်။ ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားပြီးဖြစ်သည့် နားလည်မှုများနှင့် သဘောတူလိုက်လျောမှုများ ပြန်လည်ဖြစ်ပေါ်လာအောင် လုပ်ကိုင်ရမည်"ဟု ဆိုသည်။

ဂျပန်အစိုးရက ကျွန်းများကိုဝယ်ယူခဲ့ခြင်းမှာ တိုကျိုမြို့တော်ဝန် လက်ယာဝါဒီ Shintaro Ishihara ၏ရန်ပြုလိုသည့် အစီအစဉ်ဖြစ်သည့် ကျွန်းများ ဝယ်ယူမည့်အစီအစဉ်ကို တုံ့ပြန်သည့်အနေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ Shintaro Ishihara က ကျွန်းများကို အများပြည်သူဆိုင်ရာ အလှူအတန်းများ ပြုလုပ်ရေးအတွက် ဝယ်ယူရန် ဦးစွာစီစဉ်ခဲ့သည်။

တရုတ်နှင့် ဂျပန်နှစ်ဖက်စလုံးတွင် ပြည်တွင်းနိုင်ငံရေး အပြောင်းအလဲများဖြစ်ပေါ်နေချိန်၌ အဆိုပါ ကျွန်းဝယ်ယူသည့်ကိစ္စဖြစ်ပေါ်လာရာ တင်းမာမှုများ ပြန်လည်လျော့ကျသွားရေးအတွက် လုပ်ဆောင်ရန်ခက်ခဲသည့် အနေအထားတွင်ရှိသည်။

ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda အစိုးရကလည်း ရွေးကောက်ပွဲမကျင်းပမီ လက်ရှိအချိန်တွင် လူကြိုက်များရေပန်းစားမှု လျော့ကျလာလျက် ရှိသည်။ တရုတ်နိုင်ငံသည်လည်း လာမည့်ရက်သတ္တပတ်များအတွင်း ခေါင်းဆောင်ပိုင်းအပြောင်းအလဲများကို ဖြစ်ပေါ်စေမည့် ကွန်မြူနစ်ပါတီကွန်ဂရက် ကျင်းပရန်ရှိသည်။

လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်သော်လည်း အခမ်းအနား ကျင်းပမည့်အစီအစဉ်များကို နှစ်ဖက်စလုံးက ဖယ်ရှားထားကြသည်။ တရုတ်နိုင်ငံတွင်း ဂျပန်ဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းထန်စွာဖြစ်ပေါ် လာပြီးနောက် ဂျပန်ကုမ္ပဏီကြီးများက ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းပစ်လိုက်ကြသည်။

တရုတ်နှင့် ထိုင်ဝမ်တို့ကမူ အငြင်းပွားကျွန်းများသည် သမိုင်းအစဉ်အဆက်အရ ၎င်းတို့၏အချုပ်အခြာအာဏာပိုင်နက်များ ဖြစ်သည်ဟု ဆိုထားကြသည်။ ထိုင်ဝမ် ကမ်းခြေစောင့်ကြပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာလ ၂၅ ရက်နေ့တွင် အငြင်းပွားကျွန်းများရှိရာနေရာသို့ ထိုင်ဝမ်ငါးဖမ်းသင်္ဘော ၅၈ စီးဝင်ရောက်သွားကြောင်း၊ ၎င်းတို့သည် ကမ်းခြေစောင့်တပ်ဖွဲ့သင်္ဘောများ ခြံရံလျက်သွားရောက်ခြင်းဖြစ်ကြောင်း ပြောကြား သည်။

"ငါးဖမ်းတဲ့အခွင့်အရေးဆိုတာ အချုပ်အခြာအာဏာကိစ္စထက်ပိုပြီး အရေးကြီးပါတယ်။ ဒါပေမဲ့ ငါးဖမ်းပိုင်ခွင့်ဆိုတာလည်း အချုပ်အခြာအာဏာ ပိုင်မှုကို ဆိုလိုတာပါပဲ"ဟု ငါးဖမ်းသင်္ဘောများ  အုပ်စုဖွဲ့သွားလာမှုကိုဦးဆောင်ခဲ့သူ Chen Chunsheng ကပြောသည်။

                                                            ***********************************************************

ပစ္စည်းမှာယူမှုများကျဆင်းခြင်းကြောင့် တရုတ်မှ Baosteel  စက်ရုံ ယာယီရပ်နား

(27 September 2012  ရက်စွဲပါ  BBC News မှ China’s Baoshan suspends steel plant as demand slows  ကိုဘာသာပြန်ဆိုသည်)

ကမ္ဘာပေါ်တွင် စတုတ္တအကြီးဆုံးသံမဏိထုတ်လုပ်သူ Baoshan Iron and steel သည်ပစ္စည်းမှာယူမှုများ ကျဆင်းလာမှုကြောင့် တရုတ်နိုင်ငံရှိ စက်ရုံတွင် ထုပ်လုပ်မှုများယာယီရပ်နားခဲ့သည်။

၎င်းကို Baosteel ဟုလူသိများပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များ အရှုံးပေါ်ခြင်းကိုရှေင်ရှားနိုင်ရန် ရှန်ဟိုင်းရှိ  Luojing မှ စက်ရုံကို ပိတ်လိုက် ရကြောင်း Baosteel ကပြောသည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင်အကြီးဆုံး သံမဏိထုတ်လုပ်သူဖြစ်ပြီး ယခုနှစ်တွင် သံမဏိဈေးနှုန်းများကျဆင်းခဲ့သည်။

Beijing သည် သံမဏိဈေးနှုန်းများကျဆင်းစေရန် အခြေပစ္စည်းကဏ္ဍတွင် ကန့်သတ်မှုများပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံမှ သံမဏိထုတ်လုပ် သူများ သည် ရုန်းကန်ရလျက်ရှိသည်။

ရှန်ဟိုင်းစတော့အိတ်ချိန်းသို့ ပေးပို့သော်ကြေညာချက်၌ Baostreel က ပြောကြားရာတွင် စတီးပြားများကို ဈေးကွက်မှ မှာယူမှုကျဆင်း ခဲ့ခြင်းကြောင့် စက်ရုံပိတ်ရန်ဖြစ်လာရကြောင်းပြောသည်။ ထုတ်လုပ်မှု ပြန်လည်စတင်မည့်အချိန်ကိုမူ ပြောကြားသွားခြင်းမရှိပေ။

ရှန်ဟိုင်းမှစက်ရုံသည် အဓိကအားဖြင့် သဘောင်္များနှင့်စက်ရုံများတွင်အသုံးပြုသည့် စတီးပြားများ ထုတ်လုပ်သည်။

စက်တင်ဘာလ(၂၀)ရက်နေ့ကထုတ်ပြန်သော  HSBC  ၏ကိန်းဂဏန်းအချက်များအရ တရုတ်နိုင်ငံတဝှမ်းစက်မှုလှုပ်ရှားမှုများမှာ ငြိမ်သက် နေဦးမည်ဖြစ်ပြီး လာမည့်လတွင်လည်း ဝယ်ယူရေးစီမံခန့်ခွဲမှုညွန်းကိန်း(purchasing managers index)များမှာလည်း ကျုံ့ဝင်နေမည်ဖြစ်ကြောင်း ပြသ ခဲ့သည်။

သံမဏိထုပ်လုပ်မှုနှေးကွေးလာပြီး၊ သံပွ(iron ore)ဈေးနှုန်းများမှာလည်း ယခုနှစ်တွင် ၂၅% ကျဆင်းခဲ့သည်။ ဈေးနှုန်းကျဆင်းမှုများက စက်ရုံများတွင်ဖိအားဝင်နေကြောင်းပြသပြီး တရုတ်နိုင်ငံမှသံမဏိထုတ်လုပ်သူများ ထုတ်လုပ်မှုလျှော့ချမှုများဖြစ်လာနိုင်သည်ဟု သုံးသပ်သူများက ပြောသည်။         

******************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှု လတ်တလောအမောများ

*****************************************

ဆောင်းပါးကဏ္ဍ

မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှု လတ်တလောအမောများ

စောနိုင် (အသုံးချဘောဂဗေဒ)

(စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် Street View Journal အတွဲ (၁)၊ အမှတ် (၃၇)မှ ထုတ်ယူဖော်ပြချက်။)

စိတ်စောခြင်းလော၊ လူနှေးခြင်းလော

အစိုးရသစ်တာဝန်ယူသည့်ကာလမှ ယခုအချိန်ထိဆိုလျှင် တစ်နှစ်ခွဲနီးပါးအချိန်ရှိခဲ့ပြီ။ အတိတ်ကာလများက အကျပ်အတည်းပေါင်းများစွာနှင့် တုံ့ဆိုင်းနေခဲ့သော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများသည် အချိန်တိုအတွင်းမှာပင် အပြောင်းအလဲများစွာဖြင့် လှုပ်လှုပ်ရှားရှားရှိနေခဲ့သောကြောင့် စိတ် ဝင်စားဖွယ်ကောင်းသည်ဟု ဆိုရမည်။

နိုင်ငံတကာအစိုးရများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများသည် ပြုပြင်ပြောင်းလဲမှုအောက်တွင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအခွင့်အလမ်းများကို မျက်လုံးဒေါက်ထောက် ကြည့်နေကြသည်။

ဤအနာဂတ်တွင် ဖြစ်ထွန်းလာနိုင်သည့် မြန်မာနိုင်ငံ၏ အခြေအနေများကို အမည်နာမအမျိုးမျိုးတပ်၍ တင်စားနေကြသည်။ အာရှ၏ နောက်ထပ် ကျားတစ်ကောင်ဟု ကင်ပွန်းသစ်တပ်ကြ၏။ အနာဂတ်၏ တောက်ပလာမည့် ကြယ်တစ်ပွင့်ဟုလည်း ခေါ်ကြပြန်သည်။ အာရှဒေသသာမက ကမ္ဘာကပါ ဂရု တစိုက်စောင့်ကြည့်ရမည့် စီးပွားအဆောက်အအုံဖြစ်နေသည်ဟုလည်း ဆိုသည်။ ပြင်ပကမ္ဘာမှ သုတေသီများ၊ ပညာရှင်များမှန်းသကဲ့သို့ အာရှကျား၊ “မြေ လျှောက်ကျား”ထက်ပိုသော မိုးပေါ်ပျံတက်နိုင်သည့်“ကျားပျံ”ပင် ဖြစ်သွားနိုင်သည်။

အနာဂတ်တွင်တောက်ပလာမည့် စီးပွားရေးဖွံ့ဖြိုးမှု အလင်းရောင်တို့အတွက် ရောင်နီတို့သန်းလျှက် ရှိနေပေပြီ။ စိတ်ကူးနှင့် မှန်းဆနေရုံနှင့်မရ၊ လက်တွေ့ကျကျမျှော်လင့်နေသည့် အခြေအနေတို့အတွက် လက်တွေ့ကျကျ ပံ့ပိုးနိုင်မည့်အခြေအနေများ၊ မျက်နှာပေးမည့်ဝန်းကျင်နှင့် အစီအစဉ်ပေါင်း များစွာတို့ကို ဖြည့်ဆည်းပေးရန် လိုသည်။ နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့သည့် အားငယ်စိတ်ကို အလျှင်အမြန် ဖျောက်ဖျက်ချင်လှ၏။ ပြင်ဆင်မှုများ အတွက် အချိန်ကြာကြာမပေးချင်တော့။ မြန်နိုင်သလောက် မြန်မြန်ပြောင်းလဲမှုများ ဖြစ်စေချင်သည်။ တိုးတက်မှုအသီးအပွင့်များ ခံစားစေချင်သည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို နှေးလှသည်ဟု ထင်မိ၏။

ရှုထောင့်ပေါင်းများစွာ

စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် စိတ်ဝင်စားဖွယ်ကောင်းလှသော သုံးသပ်ချက်အချို့ကို တွေ့ရသည်။ မြန်မာနိုင်ငံ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) မှ ကိန်းဂဏန်းများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်အက်(ဖ်) တို့မှ အချက်အလက်များကို ကိုးကားရေးသားထားသော သု တေသီ Sajini Jesudason ၏ မြန်မာ့စီးပွားရေးသုံးသပ်ချက် ဆောင်းပါးတစ်ပိုဒ်တွင် စဉ်းစားစရာတစ်ချက်တွေ့လိုက်ရသည်။ ပြုပြင်ပြောင်းလဲမှုများကို မည်သည့်နေရာ စတင်ဆောင်ရွက်သင့်သနည်းဆိုသည့် မေးခွန်းဖြင့် အတွေးစထုတ်ထားသည်။ အစိုးရအနေဖြင့် ပြည်သူလူထု၏ ဝင်ငွေမြင့်မားလာစေရေး ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်စေရေး ရလဒ်တို့ကို အလျှင်အမြန်ဖြစ်ထွန်းနိုင်စေသည့် ပြုပြင်ပြောင်းလဲမှုတို့အပေါ်တွင် အာရုံစူးစိုက်ရမည်ဆိုသည်ကို ရှင်းလင်း စွာ မြင်နေရသည်။

သုတေသီ (Vikcrm Nerhu) ဆိုသူကလည်း ၎င်း၏ ဆောင်းပါးတစ်ပုဒ်ထဲတွင် မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဦးစားပေးလုပ်ဆောင်ရ မည့် ကဏ္ဍ ၅ရပ်ကို ညွှန်းပြထားသည်။ ဘဏ္ဍာရေး ရှင်သန်ရပ်တည်နိုင်မှု၊ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ်ရေးလွတ်လပ်စွာ လှုပ်ရှားနိုင် မှု၊ ပေးစရာရှိသည့်ကြွေးကျန်များ ရှင်းလင်းနိုင်မှုနှင့် သဘာဝသယံဇာတများ ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်သည်။

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သော ကမ္ဘာကျော် စီးပွားရေးပညာရှင်ပါမောက္ခ စတစ်ဂလစ်ကမူ ငွေလဲနှုန်းကိစ္စ၊ ငွေကြေးနှင့် ဘဏ္ဍာရေး ကိစ္စများ ပြုပြင်ပြောင်းလဲမှုများသည် ဦးစားပေးနယ်ပယ်များဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ၎င်းက ချက်ချင်းလက်ငင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရ မည့်ကဏ္ဍမှာ စိုက်ပျိုးရေးကဏ္ဍဖြစ်သည်ဟု ဆိုသည်။ မြန်မာ့စီးပွားရေးအဆောက်အအုံအတွင်း စိုက်ပျိုးရေးကဏ္ဍအရေးပါမှု အားကောင်းနေဆဲဖြစ်ရာ စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲမှုသည် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အသက်တမျှအရေးကြီးသည်ဟု သုံးသပ်သည်။ ထိုကဏ္ဍပြုပြင်ပြောင်းလဲမှု၊ မြေယာ ကဏ္ဍပြုပြင်ပြောင်းလဲရေး၊ လယ်သမားငယ်များအတွက် ပိုင်ဆိုင်မှု၊ ဆွဲဆောင်မှုမက်လုံးများ စဉ်းစားပေးရေး၊ ချေးငွေရရှိမှုနှင့် နည်းပညာရရှိနိုင်မှုများ ပါဝင်သည်။ ထိုပြုပြင်ပြောင်းလဲမှုများကို စီမံဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အကန့်အသတ်ဖြင့်သာရှိနေသော အင်စတီကျူးရှင်းများ၏ စွမ်းရည် နှင့်ပတ်သက်၍လည်း သတိပေးထားသည်။

မဆုံးသော အမောများ

မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ထည့်သွင်းစဉ်းစားရမည့် ကိန်းရှင်များ အလွန်များ၏။ စဉ်းစားကြည့်လေ ပေါ်လာလေလေဖြစ်သည်။ ပြည် တွင်းအခြေအနေများ စဉ်းစားစရာများ မကုန်သေးခင် အိမ်နီးချင်းနိုင်ငံများ၏ အခြေအနေများ ပေါ်လာပြန်သည်။ တရုတ်နိုင်ငံ၏ အခြေအနေ၊ အိန္ဒိယနိုင်ငံ ၏အခြေအနေနှင့် တရုတ်နှင့် အိန္ဒိယတို့၏ ဆက်ဆံရေး အခြေအနေများကလည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုညီမျှခြင်းတွင် ကိန်းရှင်များ ဖြစ်နေကြသည်။ အ တိတ်ကာလများက လုပ်ဆောင်ခဲ့သော တရုတ်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် စိုက်ပျိုးရေးကဏ္ဍနှင့် ဈေးနှုန်းပြုပြင်ပြောင်းလဲမှုများစွာ ပါဝင် ခဲ့သည်။ ထိုပြုပြင်ပြောင်းလဲမှု ရလဒ်များကြောင့် ဝင်ငွေမြင့်မားမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့သည်။ လက်ရှိအနေအထားတွင် တရုတ်နိုင်ငံသည် စက်မှုထုတ်လုပ်မှုအားကောင်းသော စီးပွားရေးအင်အားကြီးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေလေပြီ။ ထိုကဲ့သို့ အခြေ အနေတွင် တရုတ်နိုင်ငံ၏ အနီးကပ်ဆုံးတောင်ဘက်အိမ်နီးချင်း မြန်မာ့စီးပွားရေးအဆောက်အအုံထဲ အနာဂတ်၌ စိုက်ပျိုးရေးကဏ္ဍသည် ထင်ထားသည် ထက် ပို၍ အရေးပါလာဖွယ်ရှိတော့သည်။

သုတေသီ (Sajini Jesudason) က လတ်တလောပြုပြင်ပြောင်းလဲမှုများကို ကြည့်၍ လုပ်ဆောင်ချက်များကို နှေးကွေးစေနိုင်သည့် အင်စတီကျူး ရှင်းဆိုင်ရာ နည်းပညာ၊ စွမ်းဆောင်ရည်ဆိုင်ရာ အားနည်းချက်များလည်း များစွာရှိနေသေးသည်ဟု ပြောဆိုထားပြန်သည်။

တိုင်းရင်းသားလူမျိုးစုတစ်ချို့နှင့် မတင်မကျဖြစ်နေသော ပဋိပက္ခရေးရာ ဖြေရှင်းမှုများ၊ နိုင်ငံတချို့မှ ပကတိအခြေအနေထက်ပို၍ သတင်းဖြန့်ချီ မှုများ၊ ပါဝင်ပတ်သက်မှုများ လုပ်ဆောင်နေသော လူ့အခွင့်အရေးကိစ္စများသည်လည်း စီးပွားရေးဖွံ့ဖြိုးမှုပေါ်လစီများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော် ခြင်းတို့တွင် ဆက်စပ်မှုများ ရှိနေသည်။ ကမ္ဘာ့ဘဏ်၏စီစဉ်မှုဖြင့် ဆောင်ရွက်သော ဖွံ့ဖြိုးမှုကော်မရှင်၏ အစီရင်ခံစာမှ အချက်အလက်များကို ဖတ်ရှုရချိန် တွင် လိုအပ်ချက်များ ထပ်မံတွေ့လိုက်ရ၏။

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ မှန်းချက်များမှာမူ နှမ်းတွက်နှင့်ကိုက်မကိုက် မသိရသော်လည်း အားတက်ဖွယ်ကောင်းလှ၏။ စီးပွားရေး တိုးတက်မှုနှုန်းက ၈ရာခိုင်နှုန်းအထိ ရောက်ရှိလာနိုင်သည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ အထိဖြစ်လာနိုင် ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။ ခန့်မှန်းသုံးသပ်ချက်ရလဒ်များက စိတ်သက်သာစရာရစေသော်လည်း ပကတိအနေအထားကို ကြည့်မိ သော် တွေးလေလေ စိတ်မောရလေလေ ဖြစ်သည်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive