Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1.  ဒီမိုကရေစီင်္အင်အားစုများအားလုံးညီညွတ်ရေးသည် မဖြစ်မနေလိုအပ်ချက်

*****************************************

ဆောင်းပါးကဏ္ဍ

 ဒီမိုကရေစီင်္အင်အားစုများအားလုံးညီညွတ်ရေးသည် မဖြစ်မနေလိုအပ်ချက်

ဝင်းထွဋ်ဇော်

(စက်တင်ဘာ ၄ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၁၄) မှ ထုတ်ယူဖော်ပြချက်။)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီးဟာ ပန်းတိုင်ရောက်ဖို့မဝေးတော့ဘူးလို့ ပြောဆိုနေကြသူတွေရှိသလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခရီလမ်းဟာ ဖြောင့် ဖြူးနေပြီလို့ စိတ်ဒုံးဒုံးချပြီး ယုံကြည်နိုင်တဲ့အခြေအနေ မရှိသေးဘူးလို့ ပြောနေသူတွေလည်း ရှိနေပါတယ်။ အခြေအနေအရပ်ရပ်အပေါ် အကောင်းမြင်သူ တွေရှိသလို သတိနဲ့ စောင့်ကြည့်နေသူတွေ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေသူတွေလည်း ရှိနေပါတယ်။ အကောင်းမြင်ဝါဒကို အားဖြည့်ပေးနေတဲ့ ဖြစ်စဉ်ဖြစ် ရပ်တွေကတော့

၁။နိုင်ငံတော်သမ္မတကိုယ်တိုင်နဲ့ လွှတ်တော်ဥက္ကဋ္ဌတွေလို ထိပ်တန်းတာဝန်ရှိသူတွေက ဒီမိုကရေစီစနစ်ဆီကို မုချဆက်ဆက်သွားမှာ ဖြစ်တယ်လို့ တစ် ကြိမ်နှစ်ကြိမ်မက ကတိပြုပြောဆိုခဲ့ခြင်း။

၂။သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌတို့လို နိုင်ငံခေါင်းဆောင်တွေဟာ ယခင့်ယခင်အစိုးရနဲ့မတူဘဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်းကောင်း၊ အခြားတိုက်အခံ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်းကောင်း အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးခဲ့ခြင်း။

၃။ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး လွှတ်တော်အတွင်းသို့ ရောက်ရှိခဲ့ခြင်း။

၎။လွှတ်တော်အတွင်း၌ အာဏာရပါတီနဲ့ အတိုက်အခံပါတီများအကြား(မူလက မျှော်လင့်ခဲ့သြလို)တင်းမာမှုများမရှိဘဲ ဆက်ဆံရေး အတော်အတန်ပြေပြစ် လာခြင်း၊ အချို့ကိစ္စများ၌ ပူးပေါင်းဆောင်ရွက်မှုများပင် ရှိလာခြင်း။

၅။တပ်မတော်ခေါင်းဆောင်ဟောင်းများ ဦးဆောင်သော အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခြင်း။

၆။ရှစ်လေးလုံးမျိုးဆက်ခေါင်းဆောင် ဟောင်းများနဲ့ အစိုးရခေါင်းဆောင်များအကြား တရင်းတနှီး ဆက်ဆံလာခြင်း။

၇။ ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားများထဲမှ တော်တော်များများကို ပြန်လွှတ်ပေးခဲ့ခြင်း။

၈။နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းထားမှု များသိသိသာသာ လျော့နည်းသွားခြင်းဆိုတဲ့ အကြောင်းအချက်တွေပဲ ဖြစ်တယ်။

သို့ပေမယ့် မြန်မာ့ဒီမိုကရေစီခရီးလမ်းကြောင်းဟာ ဖြော်င့်ဖြူးသာယာနေပြီလို့ စိတ်နှလုံး တုံးတုံးချနိုင်လောက်တဲ့အခြေအနေမှာ မရှိသေးဘူးလို့ ယူဆနေသူတွေကတော့ အောက်ပါအချက်တွေကို ထောက်ပြကြပါတယ်။

၁။ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းမျိုး မရှိသေးခြင်း။

၂။၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှု မပြုနိုင်သေးခြင်း။

၃။ကချင်၊ ကယား၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရပ်စဲနိုင်မှုမရှိသေးခြင်း။

၎။နိုင်ငံရဲ့စီးပွားရေးဟာ ခရိုနီတွေလက်တွင်းမှာပဲ ရှိနေသေးခြင်း။

၅။နိုင်ငံရဲ့ စီးပွားရေးဟာ တရုတ်ရဲ့လက်ဝါးကြီးအုပ်ဝါးမျိုမှုအောက်မှာပဲ ရှိနေသေးခြင်း။

၆။နိုင်ငံရဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်ဟာ ယခင်လူဟောင်းတွေရဲ့ လက်တွင်းမှာပဲ ရှိနေသေးခြင်း။

၇။တောင်ယာမြေတွေကို အဓမ္မသိမ်းပိုက်မှုတွေနဲ့ တောင်သူလယ်သမားပြဿနာတွေရှိနေဆဲဖြစ်ခြင်း၊ အလုပ်သမားပြဿနာတွေ ရှိနေဆဲဖြစ်ခြင်း။

၈။တရားစီရင်ရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေကို ပြုပြင်မှုမရှိသေးခြင်း၊မတရားမှုတွေနဲ့ အကျင့်ပျက် လာဘ်စားမှုတွေ ရှိနေသေးခြင်း စတဲ့ အချက်တွေ ပဲ ဖြစ်တယ်။

အကောင်းမြင်ဝါဒီတွေရဲ့ အယူအဆ

ယနေ့အချိန်မှာတော့ အကောင်းမြင်ဝါဒီတွေဟာ အစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ စီးပွားရေးအခင်းအကျင်းတွေအတွင်းမှာ ထဲထဲဝင်ဝင် ပါဝင် လာနိုင်ရေးအတွက် ကြိုးပမ်းလာကြတယ်။ မဆွတ်ခင်က ညွတ်ချင်ကြသူအချို့ဆိုရင်လည်း တံခါးပေါက်လေးတွေ ဟလိုက်ရုံရှိသေး အတင်းပဲတိုးဝှေ့ ဝင် ရောက်ခဲ့ကြတယ်။

ထိုသူတွေဟာ မိမိတို့ရဲ့လုပ်ရပ်မှန်ကန်ကြောင်း သက်သေထူဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာကြတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိ ရေးအတွက် မိမိတို့လုပ်ဆောင်တဲ့ ရရာနေရာမှ ဝင်ရောက် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းမှတစ်ပါး အခြားနည်းလမ်းမရှိဘူးလို့ ပြောဆိုနေကြပါတယ်။

ဒါ့အပြင် ယခုသွားနေတဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်းဟာလည်း နောက်ပြန်ဆုတ်နိုင်တဲ့လမ်းကြောင်း မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြတယ်။ သို့ပေ မဲ့ ထိုသူတွေက မြန်မာနိုင်ငံများဒီမိုကရေစီရရှိဖို့ဆိုတာက ငါးနှစ်ဆယ်နှစ် သို့မဟုတ် တစ်ဆယ့်ငါးနှစ်နဲ့ ရရှိနိုင်မယ့်ကိစ္စမဟုတ်ဘူးလို့ ပြောဆိုနေကြပါ တယ်။

တစ်ဖက်မှာတော့ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီစနစ်သစ်ဆီသို့ ဦးတည်ရွှေ့လျားမှုကို သတိကြီးစွာနဲ့ စောင့်ကြည့်နေသူတွေ သံသယမျက်လုံးနဲ့ စောင့်ကြည့်နေသူတွေကလည်း ရှိနေတာပါ။

ထိုသူတွေကတော့ လွှတ်တော်တွင်းကို ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေချည်း ရောက်ရှိနေရာယူနိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ကာ ပြည်သူ့အစိုးရတစ်ရပ် ဖွဲ့နိုင်မှသာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ယူဆနေကြတာပါ။

ဘာတွေလိုအပ်နေလဲ

သို့ဆိုလျှင် မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ ဘာတွေလိုအပ်နေပါသလဲ။ တကယ်တော့ ဒီမိုကရေစီနိုင်ငံဆိုတာဟာ ပြုပြင်ရေး စိတ်သဘောထား (reformist minded) ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ စိတ်ကောင်းစေတနာကြောင့် ရရှိတဲ့အရာမျိုး မဟုတ်ပါဘူး။ ဒါ့အပြင် တစ်ဦး ကောင်းတစ်ယောက်ကောင်း ဆောင်ရွက်ရုံနဲ့လည်း ဒီမိုကရေစီနိုင်ငံ မထူထောင်နိုင်ပါဘူး။ ဒီမိုကရေစီအခွင့်အရေးမှန်သမျှရဲ့ အထက်မှာနေခဲ့ကြရသူတွေ ဟာ ဒီမိုကရေစီရဲ့တန်ဖိုးကို တကယ်သိရှိနိုင်ဖို့ ခဲယဉ်းပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေကို နှစ်ပရိစ္ဆေဒကြာမျှ ချိုးဖောက်ခံခဲ့ကြရတဲ့ ပြည်သူတွေသည် သာ ဒီမိုကရေစီကိုချစ်မြတ်နိုးပြီး ဒီမိုကရေစီရဲ့ တန်ဖိုးအစစ်အမှန်ကို သိကြတာပါ။

တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ပြည်သူလူထုရဲ့အင်အားကို အခြေခံပြီး လုပ်ဆောင်ရမှာသာ ဖြစ်ပါတယ်။

အဆုံးအဖြတ်ပေးမယ့်ပွဲ

ယနေ့မြန်မာနိုင်ငံ လျှောက်လှမ်းနေတဲ့နိုင်ငံရေး ခရီးစဉ်အရဆိုရင် ၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ပြည်သူလူထုရဲ့ အနာဂတ် အတွက် အဆုံးအဖြတ်ပေးမယ့် ဒီမိုကရေစီအင်အားပြပွဲကြီး တစ်ရပ်ဖြစ်မှာပါ။

ပြည်သူလူထုကြီးအနေနဲ့ ထိုရွေးကောက်ပွဲတွေမှာ တွေဝေခြင်း၊တွန့်ဆုတ်ခြင်းမရှိဘဲညီညာဖြဖြနဲ့ အင်အားပြနိုင်ကြဖို့ လိုပါတယ်။

သို့ပေမယ့် ယနေ့အချိန်မှာ ဒီမိုကရေစီစနစ်ဆီကို တကယ်မတက်လှမ်းချင်တဲ့ နောက်ကြောင်းပြန်လိုတဲ့ အင်အားစုတွေလည်း ရှိနေနိုင်ပါတယ်။ ထိုသူတွေကတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီကင်းမဲ့ခဲတဲ့ နှစ်ပါင်းများစွာအတွင်းမှာ အခွင့်ထူးမှန်သမျှ ရရှိခံစားကြရသူတွေပဲ ဖြစ်ပါတယ်။

ယနေ့အချိန်မှာဆိုရင် ထိုသူတွေဟာ ၂၀၁၅မှာစစ်မှန်တဲ့ ဒီမိုကရေစီအင်အားစုတွေလက်တွင်းကို နိုင်ငံရေးအာဏာမရောက်ရှိရေးအတွက် ပရိ ယာယ်ဝေဝုစ်မျိုးစုံနဲ့ ပြင်ဆင်ကြိုးပမ်းနေဖွယ် ရှိပါတယ်။

၎င်းတို့ရဲ့ အဓိကဦးတည်ချက်က ၂၀၁၅မှာ စစ်မှန်တဲ့ (မျိုးဗီဇမှန်ကန်တဲ့) ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်တွင်းမှာ ကိုယ်စားလှယ်နေရာ ၇၅ ရာခိုင်နှုန်း မရရှိနိုင်ရေးအတွက်ပဲ ဖြစ်နိုင်ပါတယ်။

ယခုအခါမှာ အဆိုပါဦးတည်ချက်ကောက်ကြောင်း နှစ်ကြောင်းတို့ဟာလည်း ဟိုတစ်စဒီတစ်စ ပေါ်ထွက်နေတာ တွေ့ရပါတယ်။ ပီအာ(PR)စနစ်နဲ့ နောက်တိုး ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေကို ပွဲထုတ်မှုတွေဟာ အထက်ပါဦးတည်ချက်ကောက်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ၂၀၁၅ခုနှစ် မတိုင်မီကာလအတွင်းမှာ ဒီမိုကရေစီအင်အားစုတွေအကြားမှာ သပ်လျှိုသွေခွဲမှု၊ပဉ္စမံ တပ်သားထည့်ဝင်မှု စတဲ့နည်းဗျူဟာ ကို ကျင့်သုံးလာနိုင်ပါတယ်။

ဒါ့ကြောင့်၂၀၁၅မှာ ဒိမိုကရေစီအင်အားစုတွေအားလုံးတစ်ညီတညွတ်တည်း ဟန်ချက်ညီညီနဲ့ ရပ်တည်နိုင်ဖို့အတွက် ယခုကတည်းက ပြင်ဆင် ကြိုးပမ်းသင့်ပါပြီ။

ဒီမိုကရေစီအလံကို လွှင့်ထူပြီး ဒီမိုကရေစီ စကားတွေကို ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြတဲ့ နိုင်ငံရေးပါတီအားလုံးဟာ မိမိပါတီအမတ် နေရာ ရရှိရေးထက် ဒီမိုကရေစီအောင်ပွဲခံရေးကိုသာ အဓိက ရှေးရှုသင့်လှပါတယ်။

ဒီမိုကရေစီအင်အားစုတွေရဲ့ အားတွေပြန့်ကြဲသွားမယ့်အလုပ်တွေကို ရပ်တန့်ပြီး ဒီမိုကရေစီအင်အားစုတွေအားလုံးကို စုစည်းနိုင်မယ့် လုပ်ရပ် တွေ ဆောင်ရွက်ကြဖို့လိုပါပြီ။

ဒီမိုကရေစီရဲ့ ရန်သူတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အကူမပြုမိဖို့ လိုနေပါပြီ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၃.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. စပါးဈေးတိုးမြှင့်ရေး တောင်သူအသင်းတောင်းဆို
  2. မြဝတီနှင့် မူဆယ်နယ်စပ်ဂိတ်များတွင် FDA ဌာနစတင်ဖွင့်လှစ်ပြီ
  3. အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုများအတွက် ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီ

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအစည်းအဝေးကျင်းပ
  1. ပါတီညီလာခံတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွေးချယ်မည့်သတင်း ဦးဌေးဦးငြင်းဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

စပါးဈေးတိုးမြှင့်ရေး တောင်သူအသင်းတောင်းဆို

တောင်သူတို့၏ဘဝ အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကော်မတီမှ စပါးဈေးတိုးမြှင့်ဝယ်ယူရေး တောင်သူလယ် သမားအသင်းက တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“နိုင်ငံတော်က တောင်သူတွေဆီက အရန်ဆန်ဝယ်ယူရာမှာ စပါးဈေးကိုတိုးမြှင့်ဝယ်ယူပေးဖို့အတွက် တောင်းဆိုသွားမှာပါ။ ဧည့်မထစပါး ၄၆ ပေါက်ကိုက်ရိုးရိုးကို တင်း ၁၀၀ ဆိုရင် ကျပ် ၃၃၀၀၀၀ နဲ့ဝယ်ယူဖို့နဲ့ ဧည့်မထအထူးကို ၃၅၀၀၀၀ ဈေးနှုန်းတွေနဲ့ ဝယ်ယူဖို့အတွက် တောင်းဆိုသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယခုနှစ်ပိုင်းတွင် လယ်ယာမြေအများအပြား ရေကြီး၍ နစ်မြှုပ်ခဲ့ရသည့်အတွက် ဆန်ဈေးကြီးမြင့်လာခဲ့ခြင်းကြောင့် ယင်းကိစ္စအား ထိန်းသိမ်းရန် နိုင်ငံတော်မှအရန်ဆန်များအား ဈေးကွက်ပေါက်ဈေးထက်နိမ့်ကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းအနေဖြင့် ရေကြီး၍ လယ်ယာမြေနစ်မြှုပ်၍ စပါးသုံးသိန်းကျော်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများအား ဓာတ်မြေသြဇာအိတ်တစ်သိန်းကို ကာလရှည်အတိုးမဲ့အကြွေးစနစ်ဖြင့် ဖြန့်ချီရောင်းချပေးသွားမည် ဖြစ်ပြီး ယင်းဓာတ်မြေသြဇာများကို ခြောက်လဆိုင်းအကြွေးဖြင့် အစိုးရပေါက်ဈေးအတိုင်း ဖြန့်ချီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ပေါက်ဈေးအတိုင်းဖြန့်ပေးသွားမှာပါ။ အတိုးပေးစရာမလိုပါဘူး။ ခြောက်လဆိုင်းပါ။ ဒီအတွက် အာမခံပေးနိုင်မည့်သူလိုပါတယ်။ ဒါ့ ကြောင့် တောင်သူတွေ အသင်းအဖွဲ့တွေ အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့လိုအပ်ပါတယ်”ပာု မြန်မာနိုင်ငံဆန်စပါးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မကြာသေးမီကဖွဲ့စည်းခဲ့သည့် တောင်သူလယ်သမားအသင်းအနေဖြင့် တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာပေးနိုင်ရေးအတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေးသင်တန်းများ ဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။

                YC

-----------------------------------------------------------------------------------------------------------------------

မြဝတီနှင့် မူဆယ်နယ်စပ်ဂိတ်များတွင် FDA ဌာနစတင်ဖွင့်လှစ်ပြီ

မြဝတီနှင့် မူဆယ်နယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန(FDA) စစ်ဆေးရေးစခန်းနှစ်ခုကို စက်တင်ဘာလ အတွင်း စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း FDA မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြဝတီနဲ့ မူဆယ် ၁၀၅ မိုင်နယ်စပ်ဂိတ်တွေမှာ FDA က စစ်ရေးစခန်းနှစ်ခုကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီလိုဖွင့်လှစ်လိုက်တဲ့အတွက် တရားမဝင် ကုန် စည်စီးဆင်းမှုတွေ လျော့ကျသွားနိုင်ပါတယ်။ ပြီးတော့ FDA အနေနဲ့ ကျန်တဲ့ နယ်စပ်ဂိတ်စခန်း ၁၁ မှာလည်း စစ်ဆေးရေးစခန်းတွေ ဆက်ဖွင့်သွားဦး မှာပါ။ ဘယ်တော့လောက်ဖွင့်ဖြစ်မယ်ဆိုတာတော့ မသိသေးပါဘူး”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ယခုကဲ့သို့ နယ်စပ်ဂိတ်များတွင် FDA ကစစ်ရေးစခန်းများဖွင့်လှစ်လိုက်သည့်အတွက် နယ်စပ်မှ ကုန်ပစ္စည်းတင်သွင်းသူများအနေဖြင့် အချိန်ကုန် သက်သာစွာဖြင့် ကုန်သွယ်နိုင်မည်ဖြစ်ပြီး တရားမဝင်ကုန်စည်စီးဆင်းမှု ပြဿနာများမှာလည်း ပပျောက်သွားစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ခု တရုတ်ဘက်ကနေ မြန်မာနိုင်ငံထဲကို တရားမဝင်ဆေးဝါးတွေ၊ အစားအသောက်တွေ၊ ဆီတွေ၊ ကုန်ပစ္စည်းတွေ ဝင်ရောက်လာပါတယ်။ ဒီ ပစ္စည်းတွေက ဘယ်လောက်အထိ ဆိုးကျိုးပေးနိုင်သလဲဆိုရင် လူတွေရဲ့အသက်ကို ထိခိုက်နိုင်လောက်တဲ့အထိကို စွမ်းဆောင်ရည်ရှိပါတယ်။ ဒါတွေကို ကာကွယ်နိုင်ဖို့အတွက် ခုလို နယ်စပ်စခန်းတွေမှာ FDA ကစစ်ဆေးရေးစခန်းတွေ လာဖွင့်တာ အရမ်းပဲကောင်းပါတယ်”ပာု ကုန်သည်တစ်ဦးက ပြောကြား သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး နယ်စပ်မှောင်ခိုကူးသန်း ရောင်းဝယ်မှုများမှ လည်း အဆမတန်ကြီးထွားလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုများအတွက် ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီ

မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေဈေးနှုန်းကြီးမြင့်နေမှုများအားထိန်းချုပ်နိုင်ရန် အစိုးရနှင့် ပုဂ္ဂလိကတာဝန်ရှိသူများပါဝင်သည့် ဈေးနှုန်းထိန်းချုပ် ရေးအဖွဲ့ ဖွဲ့စည်း၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့သော အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မြန်မာမိ သားစုနှင့်တွေ့ဆုံပွဲတွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်နေမှုများအတွက် မေးခွန်းမေးမြန်းမှုအပေါ် ဦးစိုးသိန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ် သည်။

''မြန်မာနိုင်ငံမှာ စက်မှုဇုန်မြေတွေ စက်ရုံတွေရဲ့ မြေတွေဈေးကြီးနေသလို ကွန်ဒိုမီနီယံတွေပါ ဈေးလိုက်ကြီးနေတယ်။ ကျွန်တော်တို့ ဘန်ကောက် မှာ လေ့လာခဲ့တဲ့အခါကျတော့ ဘန်ကောက်မှာက price control လုပ်တဲ့ ကော်မတီတစ်ခုကို ဖွဲ့ပေးထားတယ်။ အဲဒီအဖွဲ့က တန်ဖိုးသတ်မှတ်ပေးတယ်။ ဒါ ကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း price control လုပ်နိုင်ဖို့ အဖွဲ့ဖွဲ့ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ သူ့ဟာသူလုပ်လို့မရဘူး။ သူလည်း ပါမယ်။ အစိုးရလည်းပါမယ်''ဟု လည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့သည်။

ယင်း Price Control အဖွဲ့အား ရန်ကုန်နှင့် မန္တလေးမြို့များတွင် စတင်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကာ အိမ်ခြံမြေဈေးနှုန်းများ၏ ကျသင့် တန်ဖိုးအား Transparent ဖြစ်နိုင်စေရန် သင်းစာများတွင်ထည့်ခြင်း၊ ဗီနိုင်းကပ်ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ် လျက်ရှိသည့် အိမ်ခြံမြေ အရောင်းအဝယ်များအား ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ရောင်းဝယ်နိုင်ရေးကိုလည်း အခွန်စနစ်ဖြင့် ထိန်းသိန်းဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

''အိမ်ခြံမြေဈေးတွေ သင့်တော်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်လာဖို့ကို tax နဲ့ ထိန်းရမှာပေါ့။ tax နဲ့ မြေကြီး ဈေးကျအောင်လုပ်မယ်။ တိုက်ခန်းတွေ ကိုလည်း tax နဲ့ပဲ ထိုက်သင့်တဲ့ level ရောက်အောင် ကျွန်တော်ဆွဲချမယ်''ဟု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားနိုင်သည့်အပြင် မြန်မာ နိုင်ငံအတွင်းရှိ အခြေခံလူတန်းစာများအနေဖြင့်လည်း အိမ်ပိုင်ရနိုင်စွမ်း နည်းပါးလျက်ရှိကြောင်း သိရသည်။

Ref:Eleven Media Group

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ရန် သတင်းအချက်အလက်၊ နည်းပညာဆိုင်ရာအရာရှိကြီးများနှင့် ဆက် သွယ်ရေးဥပဒေပြုသူများကောင်စီတို့၏ ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့တွင် ပုဂံမြို့ရှိ ရွှေနန်းတော် ပာိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းထွန်းက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအား ပုဂ္ဂလိကကဏ္ဍပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်အခါကောင်းသည့်အတွက် မကြာ မီ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများမှ ယှဉ်ပြိုင်ဆောင်ရွက်မှုများ ဆောင်ရွက်ရတော့မည်ဖြစ်ပြီး ယခု ပြုပြင်ပြောင်းလဲမှု အစပျိုးချိန်တွင် မိမိတို့မှ တယ်လီဖုန်းအော်ပရေတာ တင်ဒါခေါ်ယူရေးအတွက် နိုင်ငံတကာအကြံပေးကုမ္ပဏီများ ဖိတ်ခေါ်၍ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဆက်သွယ်ရေး ဥပဒေမှာလည်း လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ထားပြီး ပြည်သူ့လွှတ်တော်တွင် ဖတ်ကြားဆွေးနွေးနိုင်တော့ မည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများလည်း ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပြုသူများအဖွဲ့နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ၏ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲတွင် အာဆီယံနိုင်ငံများမှ ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလုပ်ကိုင်သူကုမ္ပဏီများပါဝင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------

ပါတီညီလာခံတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ရွေးချယ်မည့်သတင်း ဦးဌေးဦးငြင်းဆို

လာမည့် အောက်တိုဘာလဒုတိယပတ်တွင် ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗပိာုအစည်းအဝေးတွင် ပါတီဥက္ကဋ္ဌသစ် ပြန်လည်ရွေးချယ်မည့်ဆိုသည့် သတင်းအား ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ငြင်းဆိုကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“ပါတီမှာ ရှိနေတဲ့သူတွေနဲ့လည်း ဖြစ်နေတာပဲဆိုတော့ အသစ်ပြန်ရွေးချယ်ဖို့ အစီအစဉ်မရှိပါဘူး။ ပါတီဥက္ကဋ္ဌရဲ့ တာဝန်တွေကိုတော့ ဒုဥက္ကဋ္ဌက လွှဲပြောင်းရယူသွားမှာပါ။ ဥက္ကဋ္ဌနေရာကိုတော့ လွှဲပြောင်းမှာမပာုတ်ပါဘူး”ပာု ဦးဌေးဦးက ပြောကြားခဲ့ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပထမအကြိမ်နိုင်ငံလုံးကျွတ် ပါတီညီလာခံတွင် ပါတီဥက္ကဋ္ဌသစ်ပြန်လည်ရွေးချယ်သွားမည်ပာု ပြင်ပ၌ သတင်းများထွက်ပေါ် လျက်ရှိပြီး ယင်းသတင်းထွက်ပေါ်မှုများမှာ ပာုတ်မှန်ခြင်းမရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ပြောကြားခဲ့ပြီး ယင်းပါတီအစည်းအဝေးတွင် ဗပာို အလုပ်အမှုဆောင်သစ် ပြန်လည်ရွေးချယ်ခြင်း၊ အဖွဲ့ဝင်အင်အားတိုးချဲ့ခြင်းနှင့် ပါတီမှရှေ့ဆက်လုပ်ဆောင်မည့်ကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ဒီပါတီအစည်းအဝေးမှာ အရင်ပါတီဥက္ကဋ္ဌပောာင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့နေရာမှာ ဥက္ကဋ္ဌသစ်ရွေးချယ်သွားမယ်ဆိုတာ မပာုတ်ပါဘူး။ တာဝန်တွေပြန်ခွဲမယ်။ ဗပိာုအလုပ်အမှုဆောင်အင်အား တိုးချဲ့မယ်။ ရှေ့ဆက်လုပ်ဆောင်မယ့်လုပ်ငန်းတွေပဲ လုပ်ဆောင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ အငြင်းပွားဖွယ်ရွေးကောက်ပွဲတွင် အနိုင်အများစုရရှိခဲ့သည့် ပါတီတစ်ခုဖြစ် ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်မှာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံခဲ့ရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ရေဒီယိုကတစ်ဆင့် ကျွန်မပါတီဝင်ပေါင်းများစွာ အဖမ်းခံနေရတယ်ဆိုတာ သိခဲ့ပါတယ်။ များသောအားဖြင့် သူတို့ကို အခန်း ၅နဲ့ ဖမ်းတာများပါတယ်။ အခန်း ၅ဆိုတာက ၁၉၅၀မှာ သူတို့အခေါ် အရေးပေါ်အခြေအနေတွေ ဖြစ်ရင်သုံးဖို့ ထုတ်ခဲ့တဲ့ ဥပဒေပါ။ အဲဒီကာလမှာတုန်းက ပုန်ကန်မှု အရှုပ်အထွေး တွေ အများကြီးရှိခဲ့တာကိုး။ အဲဒီဥပဒေကို နောက်ပိုင်းမှာ ကျွန်မတို့နိုင်ငံရေးသမားတွေက အမြင်ကတ်ပုဒ်မလို့ ခေါ်ကြတယ်။ သူတို့သည်းမခံနိုင်ရင် အမြင် ကတ်ရင် လူတစ်ယောက်ကို ငါးနှစ်လောက် ထောင်ချလိုက်လို့ရတယ်။ ပြီးရင် ပုဒ်မအမျိုးမျိုးတပ်ပြီး အနှစ်၂၀လောက်အထိ ချလိုက်လို့ရတယ်။ ဒီတော့ ကျွန်မကိုယ်တိုင် ကြုံတွေ့ရတဲ့အတွေ့အကြုံအရ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာ နားလည်သွားစေခဲ့ပါတယ်”

အောက်တိုဘာ ၃ရက်ထုတ် Express Time ဂျာနယ် အတွဲ (၂) အမှတ် (၂၈) တင်ပါရှိသည့် “တရားဥပဒေစိုးမိုးမှုမရှိဘဲ ကျွန်မတို့တိုင်းသူပြည်သားတွေဟာ ဘယ်တော့မှ အကြောက်တရားက လွတ်မှာမဟုတ်ဘူး” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“စာအုပ်ကြီးအတိုင်းကိုင်ပေါက်နေလို့ ဘယ်တေ့မှမပြီးဘူး။ အဲဒီတော့ နားလည်မှုကိုအခြေခံပြီး သဘောထားပျော့ပျောင်းစွာနဲ့ ဒီပြဿနာကို ဖြေရှင်းမယ်လို့ ယုံကြည်ပါတယ်။ အခုက သုံးယောက်တစ်တန်းနဲ့ စည်းကမ်းတကျ ပြသွားတာပဲ။ ပြည်သူတွေ စည်းကမ်းရှိလာပြီ။ အဲဒီအပေါ်မှာ အစိုးရအနေနဲ့ ယုံကြည် မှုရှိရမယ်”

စက်တင်ဘာ ၄ရက်ထုတ် Envoy ဂျာနယ် အတွဲ (၃) အမှတ် (၂၀) တွင်ပါရှိသည့်“ဆန္ဒဖော်ထုတ်သူများ၏ လှုပ်ရှားမှုများ ငြိမ်းချမ်းစွာပြီးဆုံးသွားသည် ဆိုလျှင် အုပ်ချုပ်ရေးပိုင်းမှ နားလည်မှုပေးသင့်သည်ဟုဆို”သတင်းမှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------

“အခုဖြစ်ပေါ်ခဲ့တဲ့ကိစ္စဟာ နေ့ချင်းညချင်းအဖြေရှာနိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ မိမိတို့အစိုးရအနေနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံမှ ချဉ်းကပ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနယ်စပ် စည်းမျဉ်းတွေလုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်နိုင်ပိုင်ခွင့်နှင့် ကာကွယ်နိုင်ခွင့်ရှိတယ်လို့လည်း ကျွန်တော်တို့အနေနဲ့ ရိုးသား စွာ ယုံကြည်ပါတယ်”

စက်တင်ဘာ၎ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၈)တွင်ပါရှိသည့် "နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ တွင် ရခိုင်အရေးထည့်သွင်းပြောကြား" သတင်းမှ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive