Transparency Myanmar

transparency.myanmar@gmail.com

၎.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. တရုတ်ပိုင်ကုမ္ပဏီများအား သပ်သပ်ရပ်ရပ်ဖြင့် နောက်ပြန်လှည့်ရန်နည်းလမ်းများ ရှာဖွေထားဖို့လိုကြောင်း ၈၈ ဆို
  2. လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်လုပ်ဆောင်မည်
  3. ထိုင်း-မြန်မာ ပူးတွဲကော်မတီဖွဲ့၍ ထားဝယ်စီမံကိန်းမြန်နှုန်းမြှင့်မည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. KNPP နှင့် အစိုးရအဖွဲ့အား စီမံကိန်းနယ်မြေများပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် KCSN တောင်းဆို
  2. ရန်ကုန်တိုင်းဒေသကြီးအစိုးရဘတ်၈ျက် လိုငွေပြမှုအား ဆွေးနွေးခြင်းမရှိ လွှတ်တော်ကိုယ်စားလှယ်များအတည်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

တရုတ်ပိုင်ကုမ္ပဏီများအား သပ်သပ်ရပ်ရပ်ဖြင့် နောက်ပြန်လှည့်ရန်နည်းလမ်းများ ရှာဖွေထားဖို့လိုကြောင်း ၈၈ ဆို

ရန်ကုန်၊အောက်တိုဘာလ ၃။

ယခင်အစိုးရလက်ထက်၌ တရုတ်ပိုင်ကုမ္ပဏီများမှ ချုပ်ဆိုထားခဲ့သော စာချုပ်များတွင်နိုင်ငံ၏ပုံရိပ်ဖြစ်သော ဧရာဝတီမြစ်စုံစီမံကိန်းအပါအဝင် အခြားစီမံကိန်းများအတွက် သပ်သပ်ရပ်ရပ်ဖြင့် နောက်ကြောင်းပြန်လှည့်နိုင်သော နည်းလမ်းများကို ရှာဖွေ၍ ရှေ့ဆက်မတိုးသင့်တော့ကြောင်းနှင့် နိုင်ငံရှိ ပြည်သူများအား ထိခိုက်နိုင်သော မည်သည့်စီမံကိန်းကိုမဆို ကန့်ကွက်ရန်ပြင်ဆင်လျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက အောက်တိုဘာလ ၃ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ တောင်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော ဧရာဝတီကိုကယ်တင်ခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုပွဲ၌ ပြောကြားခဲ့ ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်းကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ယူနေသော လုပ်ငန်းရှင်များအား ရည်ညွှန်း၍ ပြောကြားခြင်းဖြစ်ကြောင်းနှင့် ယခု အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် ၎င်း၏သမ္မတသက်တမ်း၌ မြစ်စုံစီမံကိန်းအား ပြုလုပ်ခြင်းမပြုရန် ရပ်ဆိုင်းထားသောလည်း ထာဝရရပ် ဆိုင်းသွားရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံမှာမရှိမဖြစ်တဲ့၊ တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့၊ နိုင်ငံရဲ့ပုံရိပ်ကြီး ဧရာဝတီကိုဖျတ်စီးဖို့ မကြိုးစားပါနဲ့၊ အရင်အစိုးရလက်ထက်က အမဲစက်တွေကို ရအောင်ဟန့်တားမယ်၊ တရုတ်တွေလည်း အရင်အစိုးရလက်ထက်ကစာချုပ်တွေနဲ့ ပတ်သက်ပြီး သပ်သပ်ရပ်ရပ် နောက်ပြန်လှည့်မည့် နည်းလမ်းတွေကို ရှာထားဖို့လိုမယ်၊ နောက်စာချုပ်တွေချုပ်တဲ့အခါမှာလည်း နိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်မယ့် ကိစ္စတွေပါဝင်လာ မယ့်အပြင် နိုင်ငံတကာစံနှုန်းတွေနဲ့ပါ ချုပ်ဆိုစေရမယ်” ဟု ကိုပြုံးချိုက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသာများအနေဖြင့် မြစ်စုံစီမံကိန်းအား နိုင်ငံတော်သမ္မတကြီးမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ရက်တွင် ၎င်း၏သမ္မတသက် တမ်းတစ်လျှောက်တွင် ဆိုင်းငံထားမည်ဟုကြေညာခဲ့သော်လည်း ထာဝရရပ်ဆိုင်းသွားစေရန်အတွက် တိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးမှုအား နားလည်စာ နာတက်သူများ၏ ပူးပေါင်းပါဝင်မှုကိုလိုလားကြောင်းနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးထွန်းလွင်က “ကျနော်အသက်ကြီးပြီ ကြောက်လည်း ကြောက်တက်ပါတယ်၊ ဒါပေမယ့် ဒီဧရာဝတီ မြစ်စုံစီမံကိန်းကို လုံးဝသဘောမတူဘူး”ဟု ငြင်းဆိုခဲ့ကြောင်း ညွှန်းဆိုခဲ့သည်။

“နိုင်ငံတကာမှာ မြန်မာလို့ပြောနေပြီး မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ပုံရိပ်ကိုမြှင့်ဖို့ လိုပါတယ်၊ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြင့်ချင်တယ်လို့ ပြောနေ ပြီး မြန်မာပြည်သူတွေမွဲနေရင်တော့ မကောင်းပါဘူး”ဟု မြစ်ဆုံစီမံကိန်းအား လုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် သဘောတူလက်မှတ် ထိုးခဲ့သော ယခင်အစိုးရအား ထပ်မံပြောဆိုပြီး“မြစ်ကြီးရှိနေမှ ကျနော်တို့ မိသားစုဝင်တွေဖြစ်တဲ့ တိုင်းရင်းသားတွေအပြင် မှီခိုနေတဲ့ လူသန်းပေါင်းများစွာ ထမင်းစားရမှာပါ”ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးရေကာတာဆောက်လုပ်ရေးကုမ္ပဏီ CPI ၏ဥက္ကဌ လီချီဂျိုနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်တို့ သည် တရုတ်နိုင်ငံပီကင်းမြို့ရှိ ပြည်သူ့ခန်းမ တွင် မြစ်ဆုံရေကာတာဆောက်လုပ်ရန်အတွက် အတည်ပြုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအား ကချင်ပြည်နယ်မြစ်ကြီးနားမြို့အထက် ၂၅ မိုင်အကွာတွင် တည်ဆောက်မည်ဖြစ်ပြီး ရေကာတာအမျိုးအစားမှာ ကျောက်ကွန်ကရစ်၊ အမြင့်ပေ ၅၀၀နှင့်အရှည် ၂၉၀ မီတာရှည်လျားကြောင်း၊ ၎င်းရေကာတာမှ လျှပ်စစ်မီဂါဝပ် (၆၀၀၀)အား ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါလျှပ်စစ်ဓက်အားများအား တရုတ်နိုင်ငံအား ရောင်းချခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း(၅၀၀)ခန့်ရရှိမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါမြစ်ဆုံစီမံကိန်းပြုလုပ်ပါက ရေလွှမ်းမိုးမည့်ဧရိယာမှာ စင်္ကာပူနိုင်ငံ၏အကျယ်အန်းနှင့်ညီမျှမည်ဖြစ်ပြီး ဟတ်တာ ၄၈၀၀၀ ခန့်ရှိမည်ဖြစ် ကြောင်းနှင့် ရေဝပ်ဧရိယာအတွင်း ကျေးရွာပေါင်း(၄၉)ရွာ၊ လူဦးရေ (၁၈၀၀၀) ခန့် နေရာရွှေ့ပြောင်းရမည့်အပြင် မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင် လျက်ရှိသော လူသန်းပေါင်းများစွာအတွက် အခက်အခဲများဒုက္ခများဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် နိုင်ငံရေးအသိုင်းအ ဝိုင်းမှ သိရသည်။

မင်းခဏ့်

-----------------------------------------------------------------------------------------------------------------------

လက်ပံတောင်းတောင်စီမံကိန်း ဆက်လက်လုပ်ဆောင်မည်

တစ်နိုင်ငံလုံးရှိ ပြည်သူများက ကန့်ကွက်လျက်ရှိသည့် လက်ပံတောင်းတောင်စီမံကိန်းအား ရပ်ဆိုင်းမည်မပာုတ်ဘဲ ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ CHENDEFANG က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဂရင်းမီးရထားပိာုတယ်၌ မီဒီယာသမား များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“ဒီစီမံကိန်း စလုပ်တုန်းဘာပြဿနာမှ မရှိဘူး။ ဒေသခံတွက်ကိုယ်တိုင် ကြည်ကြည်ဖြူဖြူ လျော်ကြေးတွေယူတယ်။ လျော်ကြေးထပ်တိုးတောင်း တယ်။ အဲ့ဒီပြဿနာတွေပဲရှိတယ်။ အခုပာာက စီမံကိန်းရပ်ဆိုင်းပေးပါဆိုတာ အရမ်းကိုပြင်းထန်တယ်။ ဒီလိုတွေဖြစ်လာတယ်ဆိုတာ နိုင်ငံရေးအင်အားစု တွေပါလာလို့ သွေးထိုးလှူံဆော်လို့ဖြစ်တာ”ပာု မြန်မာစီးပွားရေးဦးပိုင်လီမီတက်မှ အကြီးတန်းအရာရှိ ဦးဝင်းကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားကိုဂျင်မီက လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် တောင်းဆိုမှုများတွင် နိုင်ငံ ရေးအင်အားစုများပာု သွေးထိုးလှူံဆော်မှုများကြောင့်ပာု ပြောဆိုချက်များသည် နောက်ကြောင်းပြန်ဆွဲချင်သူတို့၏ ပြောဆိုချက်မျိုးသာဖြစ်ကြောင်း ပြန် လည်ဖြေရှင်းခဲ့သည်။

“ဒီဘက်ခေတ်မှာ နိုင်ငံရေးပယောဂဆိုတာ မရှိတော့ပါဘူး။ ဒါခေတ်နောက်ပြန်ဆွဲတဲ့သူတွေရဲ့ အတွေးအခေါ်ပါပဲ။ အဲဒီပြဿနာက  ဒေသခံပြည် သူတွေနဲ့မပြေလည်လို့ ဖြစ်လာတဲ့ပြဿနာလေ။ ဒေသခံပြည်သူတွေနဲ့ ပြေလည်မယ်ဆိုရင် ဒီကိစ္စက ပြီးသွားတာကြာပြီ။ အဓိကက မပြေလည်တဲ့ ပြဿ နာပဲ”ပာု ကိုဂျင်မီက ပြေကြားသည်။

လက်ပံတောင်းတောင်စီမံကိန်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် စီမံကိန်းဧရိယာနှင့်မလွတ်ကင်းသည့် ရွာ ၄ ရွာရွေ့ပြောင်းပေးခဲ့ရပြီး စီမံကိန်းဝန်းကျင် ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော်သိမ်းဆည်းခြင်းများအပေါ် ဒေသခံပြည်သူလူထုမှ မကျေနပ်သည့်အတွက် ယခုကဲ့သို့ ပဋိပက္ခဖြစ်ပွားလာရခြင်း ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------

ထိုင်း-မြန်မာ ပူးတွဲကော်မတီဖွဲ့၍ ထားဝယ်စီမံကိန်းမြန်နှုန်းမြှင့်မည်

ထိုင်း-မြန်မာ အစိုးရအဆင့်ပူးတွဲကော်မတီဖွဲ့၍ ထားဝယ်စီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် စီမံကိန်းမြန်နှုန်းမြှင့်တင်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ထားဝယ်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ထိုင်း-မြန်မာ အစိုးရအဆင့်ပူးတွဲကော်မတီကို ဖွဲ့စည်းလိုက်ပါပြီ။ ပြီးတော့ နိုင်ငံတော်သမ္မတဦးသိန်းစိန် ကုလအထွေထွေညီလာခံကိုတက်ရောက်စဉ်ကာလတုန်းကလည်း ထိုင်းဝန်ကြီးချုပ် ယင်လပ်နဲ့ တွေ့ဆုံပြီး ဒီကိစ္စသဘောတူညီခဲ့ပါတယ်။ FDA တွေဝင်မလာခင် ထားဝယ်စီမံကိန်းအမြန်ဆုံးပြီးဖို့အတွက် ဆောင်ရွက်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတဦသိန်းစိန် (၆၇)ကြိမ်မြောက် ကုလအထွေထွေညီလာခံတက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ရောက်ရှိစဉ် ထိုင်း ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပတ်ထရာနှင့် တွေ့ဆုံ၍ ထားဝယ်ရေနက်စီမံကိန်း အရှိန်အအပာုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်း-မြန်မာ ပူးတွဲကော်မ တီတစ်ရပ်ဖွဲ့စည်းရေး သဘောတူညီခဲ့ခြင်းဖြစ်ပြီး စီမံကိန်းရှေ့ဆက်နိုင်ရေးအတွက် အဆင့်သုံးဆင့်ပါဝင်သော အုပ်စုများအား စုစည်းချိတ်ဆက်လုပ် ဆောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ယင်း အဆင့်သုံးဆင့်မှာ မြန်မာဒုသမ္မတနှင့် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးတို့ပါဝင်သည့် ဦးဆောင်ပူးတွဲကော်မတီ၊ ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးရုံးမှ ဦးဆောင်သည့် ညှိနှိုင်းရေးကော်မတီတစ်ခုနှင့် အခြေခံအဆောက်အဦးများ၊ စက်မှုဇုန်များ၊ စွမ်းအင်များ၊ လူမှုဖွံ့ဖြိုးရေး၊ တရားဥပဒေရေးရာနှင့် ဘဏ္ဍာရေးတို့ကို စီမံဆောင်ရွက်ရန် ကော်မတီခွဲခြောက်ခုတို့ပါဝင်ကြောင်း ဘန်ကောက်ပို့စ်သတင်းဆောင်းပါးတွင် ရေးသားဖော်ပြခဲ့သည်။

ယခု ဖွဲစည်းလိုက်သည့် ထိုင်း-မြန်မာ အမျိုးသားအဆင့် ပူးတွဲကော်မတီတွင် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ် ကစ်သီရပ်နရနောင်နှင့် မြန်မာနိုင်ငံမှ ဒု-သမ္မတတို့ပါဝင်မည်ဖြစ်ပြီး ကော်မတီအစည်းအဝေးများကို ထိုင်းနိုင်ငံတွင် မကြာမီပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

KNPP နှင့် အစိုးရအဖွဲ့အား စီမံကိန်းနယ်မြေများပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် KCSN တောင်းဆို

ရန်ကုန်၊အောက်တိုဘာလ ၂။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရအဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်သောကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယအကြိမ် ဆွေးနွေး ပွဲအရ သဘောတူညီချက်ရရှိထားသော ရေအားပေးလျှပ်စစ်ထုတ်လုပ်ရန်အတွက် ကရင်နီ(ကယား) ပြည်နယ်တွင်ပြုလုပ်မည့် ရေကာတာစီမံကိန်းများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ လေ့လာခွင့်ရရှိရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ထိုင်းနိုင်ငံအခြေစိုက်ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက် (KCSN) မှ သက်ဆိုင်ရာအစိုးရအဖွဲ့အား တောင်းဆိုလိုက်သည်။

အစိုးရအဖွဲ့နှင့် တရုတ်အစိုးရပိုင် Datang Cooreation တို့သည် ၂၀၁၀ ခုနှစ်တွင် ကရင်နီ(ကယား)ပြည်နယ်အတွင်း ရေအားပေး လျှပ်စစ်ထုတ် လုပ်ရန်အတွက် သံလွင်မြစ်ရေကာတာ (ရွာသစ်) စီမံကိန်း(၆၀၀ မီဂါဝပ်)၊ ပွန်ချောင်းရေကာတာ (ဘောလခဲ)စီမံကိန်း (၁၃၀ မီဂါဝပ်)နှင့် တဘက်ချောင်းရေ ကာတာ(ရှမ်း-ကယားနယ်စပ်) စီမံကိန်း (၁၁၀ မီဂါဝပ်) တို့ကို MOU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

KNPP နှင့် အစိုးရအဖွဲ့တို့၏ ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် သဘောတူညီချက်(၆)အရ ကယားပြည်နယ်အတွင်း အကောင်အထည်ဖော်မည့် ရွာသစ်စီမံကိန်းအပါအဝင် အကြီးစားစီမံကိန်းများကို အများပြည်သူလူထု လူမှုအဖွဲ့အစည်းများအား လေ့လာခွင့်ပြုရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန်အတွက် အသိပေးသွားရန် သဘောတူသည်ဟုပါရှိကြောင်း သိရသည်။

“ဒီရေအားပေးလျှပ်စစ်ထုတ်လုပ်တဲ့ စီမံကိန်းတွေဟာများသောအားဖြင့် ဒေသတွင်းမှာ ရှိတဲ့ကရင်နီလူမျိုးစုတွေရဲ့ အခွင့်အရေးကို ဖောက်ဖျတ်ခံ နေရတဲ့အပြင် ရွာလုံးကျွတ်ပြောင်းရွေ့ခဲ့ရတယ်၊ အဲဒီအချိန်တွေမှာလည်း အစိုးရအနေနဲ့ထိုက်တန်တဲ့ လျော်ကြေးငွေတွေပေးဖို့ ပေါ့လျော့နေတယ်၊ ပြီး တော့ အခုစီမံကိန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ထုတ်ဖော်နိုင်ဖို့အတွက် ဝင်ရောက်လေ့လာခွင့်မရဘူး”ဟု ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်မှ ခူးသော်ရယ်က ပြောသည်။

ကယားပြည်နယ်အတွင်း လက်ရှိတည်ရှိနေသော လောပိတရေအားပေး လျှပ်စစ်စက်ရုံကြောင့် ကရင်နီလူမျိုးစုများသည် လယ်ယာမြေဆုံးရှုံးမှု များ ဖြစ်ပေါ်ခဲ့ခြင်း၊ မိမိတို့နှင့် မသင့်တော်သောဒေသများသို့ ပြောင်းရွေ့ရခြင်း၊ သက်ဆိုင်ရာအာဏာပိုင်များမှ လုပ်အားပေးခိုင်းစေမှုများရှိနေခြင်း၊ အသွား အလာ ကန့်သတ်မှုများရှိနေခြင်းအပြင် စက်ရုံနှင့် ဓါက်အားလိုင်းလုံခြုံရေးအကြောင်းပြု၍ မြေမြုပ်မိုင်းသောင်းဂဏန်းချထားလျက်ရှကြောင်း KCSN ၏ အရေးပေါ်ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ KCSN မှ ခူသော်ရယ်က “မြေမြုပ်မိုင်းထောင်ထားတာ သောင်းဂဏန်းရှိတယ်၊ အဲဒီနေရာကို ရွာကနွားတွေ၊ ကျွဲတွေ မျက်စိလည်ပြီးရောက်သွားလို့ မိုင်းကွဲသွားရင် လုံခြုံရေးက သေသွားတဲ့နွားတွေကိုလည်းစားတယ်၊ ပေါက်သွားတဲ့ မိုင်းရဲ့တန်ဖိုးကိုလည်း လျော်ခိုင်းတယ်၊ ဒီလောက်ထိကို အဲဒီနေရာတွေမှာဖြစ်နေတယ်” ဟု ၎င်း၏အတွေ့အကြုံအား ရှင်းပြသည်။

“အဓိက ပွင့်လင်းမြင်သာမှုမရှိတာဘဲ၊ ကျနော်တို့မှာ လောပိတရေအားလျှပ်စစ်စက်ရုံကြောင့် ပြည်သူတွေဒုက္ခရောက်နေတာကို ဆယ်စုနှစ်(၄)စု လောက် ခံစားခဲ့ရပြီးပြီ ဒီရေကာတာသုံးခုကို ထက်ဆောက်မည်ဆိုရင် ဆိုးကျိုးကောင်းကျိုးကိုလေ့လာခွင့် ပြုသင့်တယ်၊ ဒီကိစ္စကို KNPP ကလည်း ပထမ ဆွေးနွေးပွဲမှာ သဘောမတူတဲ့အတွက် ဒုတိယအကြိမ်မှာ အရပ်ဘက်လူအဖွဲ့အစည်း တွေကိုလေ့လာခွင့်ပြုဖို့ သဘောတူခဲ့တာ၊ ဒီကိစ္စမှာ ဘေးထွက် ဆိုးကျိုးတွေဖြစ်လာမယ်ဆိုရင် ငြိမ်းချမ်းရေးကိစ္စမှာအနှောက်အယှက်ဖြစ်နိုင်တယ်”ဟု ကရင်နီလူမှုအဖွဲ့အစည်းကွန်ယက်မှ ကိုခူးမီရယ်က ဆိုသည်။

ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်အနေဖြင့် အစိုးရနှင့်တရုတ်အစိုးရပိုင်ကုမ္ပဏီတို့ MOU လက်မှတ်ထိုးထားသော လျှပ်စစ်ထုတ်လုပ်ရန် အတွက် ရေကာတာနှင့် စက်ရုံတည်ဆောက်မည်ဆိုပါက နေရာရွေ့ပြောင်းမှုပြသနာများ၊ လယ်ယာနှင့်ခြံမြေဆုံးရှုံးမှုများ၊ သစ်တောနှင့် ဇီဝမျိုးကွဲဆုံးရှုံးမှု များ၊ ဒေသတွင်းစားနပ်ရိက္ခာ ထုတ်လုပ်မှုလျော့ကျလာနိုင်ခြင်း၊ လောပိတကဲ့သို့ ဆုံးရှုံးမှုများနှင့် အဓိကအားဖြင့် လက်နက်ကိုင်တိုင်းရင်းသားဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အစိုးရတို့ကြား ငြိမ်းချမ်းရေးခရီးစဉ်အား အနှောက်အယှက်ဖြစ်စေနိုင်ကြောင်း စသည့်ဘေးထွက်ဆိုး ကျိုးများကို ထုတ်ပြန်ခဲ့သည်။

မင်းခဏ့်

-----------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးအစိုးရဘတ်၈ျက် လိုငွေပြမှုအား ဆွေးနွေးခြင်းမရှိ လွှတ်တော်ကိုယ်စားလှယ်များအတည်ပြု

ယခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက် ကျပ် ၈၅ ဘီလျံခန့်လိုငွေပြနေမှုအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လုံးဝဆွေးနွေးခြင်းမပြုဘဲ အောက်တိုဘာလ ၃ ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်လိုငွေပြတဲ့ကိစ္စကို လွှတ်တော်မှာ ကိုယ်စားလှယ်တွေ လုံးဝဆွေးနွေးခြင်းမပြုဘဲနဲ့ အတည်ပြုပေးလိုက်ပါ တယ်။ ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ကိုပေးထားတဲ့အချက်တွေက လုံလုံလောက်လောက်မရှိတဲ့အပြင် အချိန်ကလည်း အကန့်အသတ်ဖြစ်နေတော့ ဆွေးနွေးချိန်ကိုမရလိုက်တာပါ။ ဒါကြောင့် ဘယ်သူကမှ မဆွေးနွေးပဲနဲ့ အတည်ဖြစ်သွားတာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၏ ဘတ်ဂျက်လိုငွေပြရခြင်း၏ အဓိကအကြောင်းရင်းမှာ ကမာရွတ် (လှည်း တန်း)၊ ရွှေဂုံတိုင်နှင့် မရမ်းကုန်းမြို့နယ်ရှိ ဘုရင့်နောင်တံတားနှစ်စင်းတို့အတွက် စုစုပေါင်းကုန်ကျစရိတ် ကျပ် ၄၉.၃၀၆ ဘီလျံဖြစ်ပြီး ကျန်သုံးစွဲငွေများမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ သုံးစွဲငွေများဖြစ်ကြောင်း သိရသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဦးမြင့်ဆွေက ရန်ကုန်အပါအဝင် တိုင်းဒေသကြီးတစ်ခုလုံးမှာ ဆောင်ရွက်နေတဲ့ အစီအစဉ်တွေ၊ စီမံကိန်းတွေရဲ့ ကုန်ကျစရိတ်ကိုတွက်ချက်ရာမှာ ကျပ် ၈၅ ဘီလျံလောက်လိုငွေပြနေပါတယ်။ ဒီလိုကုန်ကျစရိတ်လိုငွေပြတာပာာ ရန်ကုန်မှာတည်ဆောက်နေတဲ့ ဂုံးကျော် တံတားလေးစင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖြည့်စွက်ငွေပေးဖို့အတွက် လွှတ်တော်ကိုတင်ပြထားပါတယ်”ပာု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအတွက် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုငွေမှာ ကျပ် ၁၃၂.၅၀၂ ဘီလျံဖြစ်သော်လည်း သုံးစွဲသည့်ငွေပမာဏမှာ ကျပ် ၂၇၀ ဘီလျံဖြစ်နေကြောင်း သိရသည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“လူတွေက ကျွန်မကိုမေးလေ့ရှိပါတယ်။ “နောက်ကြောင်းပြန်မလှည့်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ပြီင်္လား”တဲ့။ ကျွန်မကတော့ မရောက်သေး ဘူးလို့ပဲဖြေပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံဥပဒေက ကြားထဲခံနေတယ်။ အခြေခံဥပဒေက စစ်တပ်ကို ပိုပိုကဲကဲအာဏာတွေ အပ်နှင်းထားတယ်။ စစ်တပ်က ဒီအာဏာတွေ ပိုင်ဆိုင်နေသမျှ ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်ကို ရောက်တယ်လို့ ကျွန်မတို့ပြောလို့မရပါဘူး”

အောက်တိုဘာ ၄ရက်ထုတ် News Week ဂျာနယ် အတွဲ (၂) အမှတ် (၅၀) တွင်ပါရှိသည့် “ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံ Yale တက္ကသိုလ်၌ ပြောကြားသောမိန့်ခွန်း” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 

Document Attached: yangonchronicle2011
Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၃.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကမ္ဘာ့ဘဏ်နှင့် ADBသည်တိုကျိုကွန်ဖရင့် တွင်မြန်မာနိုင်ငံသို့ချေးငွေများပေးရန် စဉ်းစားမည်။

(2October 2012 ရက်စွဲပါ “Asia Shimbunမှ World Bank,ADB to consider loans to Myanmar in Tokyo conference”သတင်းကို ဘာသာပြန်ဆိုသည်။)

  1. မြန်မာပြုပြင်ပြောင်းလဲရေး အချိန်မှတ်တမ်း ထိခိုက်နိုင်ချေရှိ

(UPI သတင်းမှ 2Oct 2012ရက်စွဲပါ “Myanmar Reform record at risk”ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံစားရိတ်နည်းလုပ်အား ထုတ်လုပ်သူဖြစ်လာနိုင်မလား

(Vlaue Walk မှ 1 Oct 2012 ရက်စွဲပါ “Myanmar to become the next low cost labor producer?” သတင်းဆောင်း ပါးကို ဘာသာပြန်ဆိုသည်။

  1. အမေရိကန်၌ ၄နှစ်အတွင်းကားအရောင်းရဆုံးလအဖြစ် တိုယိုတာဦးဆောင်

(BBC မှ 3Oct 2012ရက်စွဲပါ “Toyota leads US car sales to best month in four year”သတင်းကို ဘာသာပြန်ဆိုသည်)

************************************************************

ဘာသာပြန်သတင်းများ

ကမ္ဘာ့ဘဏ်နှင့် ADBသည်တိုကျိုကွန်ဖရင့် တွင်မြန်မာနိုင်ငံသို့ချေးငွေများပေးရန် စဉ်းစားမည်။

(2October 2012 ရက်စွဲပါ “Asia Shimbunမှ World Bank,ADB to consider loans to Myanmar in Tokyo conference”သတင်းကို ဘာသာပြန်ဆိုသည်။)

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် မြန်မာနိုင်ငံအပေါ် ချေးငွေများပေးရန် စဉ်းစားမည်ဖြစ်သည်။ ၎င်းတို့သည် ၁၉၈၀နောက်ပိုင်းမှစ၍ မြန် မာနိုင်ငံအပေါ် ချေးငွေများ ရပ်ဆိုင်းခဲ့သည်။

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့နှင့် ကမ္ဘာဘဏ်တို့သည် တိုကျိုတွင် နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပမည်ဖြစ်ရာ အရန်ဆွေးနွေးပွဲ အဖြစ် အောက်တိုဘာ ၁၁ရက်နေ့တွင် မြန်မာနိုင်ငံကိစ္စ ဆွေးနွေးကြမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဂျပန်အစိုးရသည် နိုင်ငံများအား မြန်မာနိုင်ငံအပေါ် အ ကူအညီ ပေးကြရန် ပြောကြားနိုင်မည်ဟု မျှော်လင့်နေသည်။

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က နောက်ဆုံးငွေချေးခဲ့သည်မှာ ၁၉၈၈ခုနှစ်က နောက်ဆုံးဖြစ်သည်။ ၁၉၈၈ခုနှစ် စစ်တပ်မှ အာဏသိမ်းပြီး ကတည်းက မြန်မာနိုင်ငံသည် အကြွေးများ ပြန်လည်ပေးဆပ်ခြင်း မရှိပေ။

ကမ္ဘာ့ဘဏ်တွင် မြန်မာနိုင်ငံမှ ပြန်ဆပ်သော အကြွေးဒေါ်လာ သန်း၄၀၀ (ယန်း၃၁ဘီလီယံ)ရှိပြီး ADBတွင် ဒေါ်လာသန်း၅၀၀ ရှိသည်။

ဂျပန်ငွေကြေး အဖွဲ့အစည်းများနှင့် အခြားအုပ်စုများသည် မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီများ ပြန်ဆပ်၍ နိုင်ငံတကာ ငွေချေးသူများ ထံမှ ချေးငွေများ ပြန်လည်ရရှိရန် ပေါင်းကူးချေးငွေ (bridge loans)များပေးရန် စီစဉ်လျက်ရှိသည်။

--------------------------------------------------------------------------------------------------------------------

မြန်မာပြုပြင်ပြောင်းလဲရေး အချိန်မှတ်တမ်း ထိခိုက်နိုင်ချေရှိ

(UPI သတင်းမှ 2Oct 2012ရက်စွဲပါ “Myanmar Reform record at risk”ကိုဘာသာပြန်ဆိုသည်။)

စက်တင်ဘာလကုန်က ငြိမ်းချမ်းစွာ ဆန္ဒပြသူ များအပေါ် တရားစွဲဆို ထားမှုများကို ရုတ်သိမ်းပေးရန် Human Rights Watchက မြန်မာအစိုးရကို တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တော်တွင် ဆန္ဒပြသူ ၁၀၀၀ခန့်ချီတက်ခဲ့ကြသည်ဟု HRWကပြောကြားသည်။ လူထုအစည်းအ ဝေးပွဲဆိုင်ရာ ဥပဒေ ချိုးဖောက်မှုများဖြင့် ဆန္ဒပြသူ၁၃ဦး အမှုရင်ဆိုင် နေရသည်ဟု HRWကဆိုသည်။

အများပြည်သူ လုံခြုံရေးနှင့် ပတ်သက်၍ အစိုးရက စိုးရိမ်ပူပန် နေသော်လည်း မိမိတို့က ဆန္ဒပြပွဲကို ဆက်လက်ပြုလုပ် သွားခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒပြသူများက HRWသို့ ပြောကြားသည်။

လူထုစုဝေးခြင်းဆိုင်ရာ ဥပဒေက ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို ခွင့်ပြုသော်လည်း ဖိအားပေး ခြိမ်းခြောက်မှုဟု ရှုမြင်ခဲ့ရသော ဆန္ဒပြမှုများကိုမူ တားမြစ် ထားဆဲဟု HRWကဆိုသည်။

မြန်မာအစိုးရသည် နိုင်ငံရေး အပြောင်းအလဲများ ပြုလုပ်လာသောကြောင့် နိုင်ငံတကာ၏ လက်ခုပ်သံကို ရရှိသော်လည်း တိုင်းရင်းသား ပဋိပက္ခနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများ ကျန်ရှိနေဆဲ ဖြစ်သည်။

HRW၏ အာရှပရိုဂရမ် ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး တံဆိပ်သည် ဆန္ဒပြ ကန့်ကွက်မှုကို သည်းမခံခြင်း ကြောင့် နာမည်ပျက်မည့် အန္တရာယ်ရှိသည်ဟု ထောက်ပြသည်။

“ငြိမ်းချမ်းစွာ ဆန္ဒပြသူ များအပေါ် တရားစွဲဆိုမှုကို ချက်ချင်းရုတ်သိမ်းပေးပါ”ဟု၎င်းက နယူယောက်မြို့တွင် ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်သည်။

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံစားရိတ်နည်းလုပ်အား ထုတ်လုပ်သူဖြစ်လာနိုင်မလား

(Vlaue Walk မှ 1 Oct 2012 ရက်စွဲပါ “Myanmar to become the next low cost labor producer?” သတင်းဆောင်း ပါးကို ဘာသာပြန်ဆိုသည်။

မြန်မာနိုင်ငံ၌ ပြီးခဲ့သောဧပြီလ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်အပြီးတွင် အမေရိကန်ပြည်ထောင်စုက မြန်မာထွက်ကုန် တင်သွင်းမှု တားမြစ်ချက်ကို ရုတ်သိမ်းပေးရန် ဆုံးဖြတ်ခဲ့သည်။ သယံဇာတ ကြွယ်ဝလွန်းသော်လည်း ၂၀၁၀ခုနှစ်က တစ်ဦးချင်း ဂျီဒီပီ ဒေါ် လာ ၇၀၀မျှသာရှိသော မြန်မာနိုင်ငံသည် ဒေသတွင်း အိမ်နီးချင်းများ၏နောက်တွင် အဝေးကြီး ပြတ်ကျန်နေခဲ့သည်။ ယခုမြန်မာပို့ကုန် တားမြစ်ချက် ရုတ် သိမ်းမှုကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်း ရေပန်းစားသော ရင်းနှီးမြှုပ်နှံမှု ဇုံဖြစ်လာမလား (သို့မဟုတ်) ဖွံ့ဖြိုးရန် ဆက်လက်ရုန်းကန် နေရဦးမှာလား ဆို သည်ကို လေ့လာကြည့်ကြမည်။

ယခုအချိန်တွင် မလေးရှားနှင့် ထိုင်းကဲ့သို့ အိမ်နီးခြင်းနိုင်ငံများ၌ အလုပ်သမား စားရိတ်စက လျင်မြန်စွာ မြင့်တက်နေသည်။ တရုတ်နိုင်ငံသည်ပင် အလုပ်သမား စားရိတ်တက်လာသောကြောင့် စားရိတ်နည်း တန်ဖိုးမြှင့် ကုန်ထုတ်လုပ်သူများကို ဆွဲဆောင်နိုင်စွမ်း ကျသည်ထက် ကျလာသည်။ လာအို၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများက စားရိတ်နည်း ကုန်ထုတ်လုပ်မှု နည်းလမ်းပြိုင်ပွဲတွင် ဖိအားပေး လာကြခြင်းကြောင့် ယခင်ကာလရှည်ကြာ လွှမ်းမိုးထား ခဲ့ကြသော နိုင်ငံကြီးများမှာ တန်ဖိုးကြီးထုတ်လုပ်မှုနှင့် သုတေသနကမ္ဘာသို့ စတင်ကူးပြောင်း နေကြရသည်။ ဤအခြေအနေသည် လုပ်အားခနည်း၍ အခြေခံအဆောက်အဦစနစ် ကောင်းကောင်းဖြည့်ဆည်း ပေးနိုင်သော အာရှနိုင်ငံများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနေသည်။

မြန်မာနိုင်ငံသည် ၄င်းနှင့်တန်းတူလုပ်အားခဈေးချိုပြီး အရှိန်နေပြီးသား လာအိုနှင့်ကမ္ဘောဒီးယားတို့ကို ထုတ်လုပ် မှုကဏ္ဍတွင် ယှဉ်ပြိုင်ရန် ခက်ခဲပါ လိမ့်မည်။ သို့သော် ရေနံဓာတ်ငွေ့နှင့် သတ္တုအပါအ၀င် သယံဇာတများ ကြွယ်ဝနေဆဲ မြန်မာနိုင်ငံ အနေဖြင့် အခြေခံအဆောက်အဦစနစ် အားကောင်းဖွံ့ဖြိုး အောင် ပြုလုပ်၍ အပျံသင်စ စီးပွားရေး လုပ်ငန်းများကို ပံ့ပိုးပေးနိုင်သည်။

မြန်မာ့အထည်ချုပ် စီးပွားရေးသည် အားကောင်းသော အရင်းအမြစ်တစ်ခု ဖြစ်ဖွယ်ရှိသည်။ ယင်းနယ်ပယ်သည် အ မေရိကန်နှင့် ကုန်သွယ်မှု မရှိသည့်တိုင်အောင် ၂၀၁၁ခုနှစ်အတွင်း ဒေါ်လာသန်း၇၇၀ဖိုး ထုတ်လုပ်တင်ပို့ နိုင်ခဲ့သည်။ တရုတ်နိုင်ငံတွင် အလုပ်သမားခများ ဈေးတက်၍ စားရိတ်နည်း ထုတ်လုပ်မှု ကဏ္ဍတွင် အလုပ်သမားမလုံလောက်မှုဖြစ်ပေါ်နေသော ကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍသည် အားကောင်းသော စီးပွားရေးကဏ္ဍတစ်ခု ဖြစ် လာနိုင်သည်။

မြန်မာပို့ကုန် တားမြစ်ချက် ရုတ်သိမ်းပေးခြင်းသည် အမေရိကန်-မြန်မာဆက်ဆံရေး ပုံမှန်ဖြစ်လာသော ဆောင်ရွက်ချက်များထဲမှ နောက်ဆုံးတစ်ခု ဖြစ်သည်။ ၂၀၁၂မေလတွင် ၀ါရှင်တန်က မြန်မာနိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေး ၀န်ဆောင်မှု တားမြစ်ချက်များကို ရုတ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။ sanctions ရုတ်သိမ်းမှုများ၏ ရလဒ်များကို တွေ့မြင်နိုင်ရန် အချိန်စောလွန်း နေသေးသော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံတကာလုပ်ငန်းရှင် ဧည့်သည်များစံချိန် တင် အရေအတွက်ဖြင့် ရောက်ရှိလာခဲ့ကြသည်။

လူဦးရေသန်း ၆၀ရှိသော မြန်မာနိုင်ငံသည် ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှုများအတွက် ဈေးကွက်ကြီးတစ်ခုဟု ရှုမြင် နေကြသည်။ ကမ္ဘာတစ်လွှား သယံဇာတများ ချွတ်ခြုံကျနေချိန်တွင် သယံဇာတ အပျိုစင်နိုင်ငံကို စီးပွားရေး အသိုင်းအ၀ိုင်းက သဘောအကျကြီး ကျနေကြသည်။

စုစည်းလိုက်လျှင် လူဦးရေ သန်း၂၅၀၀ခန့်ရှိသော အိန္ဒိယ၊ တရုတ်နှင့် အင်ဒိုနီးရှားတို့ အကြားတွင် တည်ရှိသော မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ် ရေး လမ်းကြောင်းများ ဆုံရာအရပ်တွင် နေရာကောင်းရထားသည်။

အခြားတစ်ဖက်တွင်လည်း ပညာရေးနှင့် အခြေခံအဆောက်အဦး စနစ်များ နိမ့်ကျနေဆဲ မြန်မာနိုင်ငံသည် ယင်းကဲ့သို့ နေရာကောင်း ရထားသော အခြားအိမ်နီးချင်းများနှင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရလိမ့်မည်။ ထို့အပြင် တစ်ကမ္ဘာလုံး စီးပွားရေး နှေးကွေးမှုကို ရင်ဆိုင်နေရချိန်မျိုးတွင် မြန်မာနိုင်ငံသည် အဓိက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန်ကြိုး စားနေရပေသည်။ ကမ္ဘာတစ်လွှား နိုင်ငံများစွာမှာ စီးပွားရေး အခြေအနေ မကောင်း သည့်အပြင် နိုင်ငံတကာ ကုန်သွယ်မှုမှာလည်း စတင်ကျဆင်းနေသည်။ ဤအခြေအနေများက မြန်မာနိုင်ငံ၏ ပေါ်ထွန်းမှုကို ဟန့်တားနိုင်သည်။

အဆုံးအစွန် ဆိုရလျှင် မြန်မာနိုင်ငံ၏ အောင်မြင်မှုသည် ခေါင်းဆောင်များ၏ ကျွမ်းကျင်မှု စွမ်းရည်ပေါ်တွင် ကြီးမားစွာ မူတည်နေသည်။ အမှန်စင်စစ် စီးပွာရေးထူထောင်ရာတွင် အသုံးပြုနိုင်သော၊ အမျိုးသား ဖွံ့ဖြိုးရေး စီမံကိန်းများအတွက် ရန်ပုံ ငွေဖြည့်ပေးနိုင်သော သဘာဝ သယံဇာတများ မြန်မာနိုင်ငံတွင် ရှိနေပြီးဖြစ်သည်။ အဓိက ပြဿနာမှာ ပညာသားပါပါ အသုံးပြု၍ ရင်းနှီးမြှုပ်နှံမလား (သို့)အသုံးမ၀င်သော စီမံကိန်းများတွင် အဂတိ လိုက်စားရင်း ဖြုန်းတီးပစ်မှာလား ဆိုသည့်ကိစ္စပင်ဖြစ်သည်။

အကယ်၍ မှန်မှန်ကန်ကန် ရင်းနှီးမြှုပ်နှံ အသုံးပြုနိုင်မည် ဆိုပါက စားရိတ်နည်း ထုတ်လုပ်မှု နေရာသစ် ရှာနေကြသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ အာရုံကို အပြတ်အသတ် ဆွဲဆောင်နိုင် လိမ့်မည်ဖြစ်ကြောင်း တစ်စေ့တစ်စောင်း ဆွေးနွေးတင်ပြလိုက်ပါသည်။

---------------------------------------------------------------------------------------------------------------------

အမေရိကန်၌ ၄နှစ်အတွင်းကားအရောင်းရဆုံးလအဖြစ် တိုယိုတာဦးဆောင်

(BBC မှ 3Oct 2012ရက်စွဲပါ “Toyota leads US car sales to best month in four year”သတင်းကို ဘာသာပြန်ဆိုသည်)

တိုယိုတာမိုတာသည် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စု၌ ၄နှစ်အတွင်း အရောင်းရဆုံး လအဖြစ် စံချိန်တင်လိုက်သည်။ စက်တင်ဘာ လတွင် ခရိုင်စလာက ၁၂ရာခိုင်နှုန်း ရောင်းချခဲ့ရပြီး တိုယိုတာက ၄၂ရာခိုင်နှုန်းနှင့် ဟွန်ဒါက ၃၁ရာခိုင်နှုန်း ရှိခဲ့သည်။

အတိုးနှုန်းနိမ့်ခြင်းနှင့် ဈေးချိုခြင်း အားသာချက်များကို အမေရိကန် ဝယ်ယူသူများ ရရှိခဲ့သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

ယခုလပိုင်းအတွင်း အမေရိကန် ကားလုပ်ငန်း နလံထမှုသည် အမေရိကန် စီးပွားရေး ကောင်းလာခြင်း၏ လက္ခဏာဟု ဆိုကြသည်။

စက်တင်ဘာ ရောင်းချရမှုသည် ယခင်နှစ်ကထက် ၁၂.၈ရာခိုင်နှုန်း မြင့်တက်ကာကားငယ်နှင့် လိုက်ထရပ်စ် စီးရေ ၁.၁၉သန်း ရောင်းချခဲ့ရသည်။ ၂၀၀၉စီးပွားရေး အကျပ်အတည်း ကာလအတွင်း အမေရိကန် ဖောက်သည်များ ကားသစ်ဝယ်ယူမှု ကျဆင်းသွားခဲ့ပြီး နောက်ပိုင်းခရီးသည်တင် ကားဝယ် လိုအား ပထမဆုံး ပြန်တက်လာခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုကြသည်။

မော်တော်ယာဉ် ပိုင်ရှင်များက ၎င်းတို့၏ကားများ သက်တမ်းရင့် လာသောကြောင့် ယခုအခါ အသစ်လဲရန် စဉ်းစားနေကြပြီဟု သိရှိရသည်။ Ford အကြီးအကဲ Ellen Hughesက “စီးပွားရေးဟာ အခုလို ၁.၅ရာခိုင်နှုန်းနှင့် ၂ရာခိုင်နှုန်းအကြား မှန်မှန်သွားနေတယ်ဆိုရင် ဖောက်သည်တွေ တဖြည်းဖြည်း ပြန်ရောက် လာကြမှာပါ”ဟု ပြောကြားသည်။

ဂျပန် ကားထုတ်လုပ်သူများသည် ၂၀၁၁မတ်လ ငလျင်နှင့် ဆူနာမီကြောင့် ထုတ်လုပ်မှု ကျဆင်းသွားခြင်းမှ ပြန်လည်ရုန်းထ လာပြီးနောက်တွင် ယခုကဲ့သို့ ကြီးမားသော အောင်မြင်မှုကို ဆက်လက်ပြသ ခဲ့ကြခြင်း ဖြစ်သည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive