Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၉.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး

*****************************************

ဆောင်းပါးကဏ္ဍ

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး

မင်းလွင်(အနကလ)

(အောက်တိုဘာ ၉ရက်ထုတ် Weekly Eleven ဂျာနယ် အတွဲ(၁) အမှတ်(၈)မှ ထုတ်ယူတင်ပြချက်။)

အမှန်တကယ်တော့ ဒီလိုခေါင်းစဉ်မျိုးနှင့် စာမရေးချင်ပါဘူး။ ဒီလိုအကြောင်းအရာများကို ပြောလည်းမပြောချင်ပါဘူး။ ဒါပေမဲ့ မိမိရှေ့မှာ မြင် တွေ့နေရတော့လည်း မပြောဘဲ မရေးဘဲ မနေနိုင်တော့ ရေးမိပါတယ်။ ဒီမိုကရေစီရှင်သန်နေတဲ့နိုင်ငံတွေမှာ ဒီလိုဆောင်းပါးမျိုးရေးဖို့ထက် ရာဇဝတ်မှုတွေ ကိုသာ ဇောင်းပေးခေါင်းစဉ်တပ်ပြီး ရေးလေ့ရှိကြမှာပါ။

မြန်မာနိုင်ငံကတော့ အသွင်ကူးပြောင်းရေးကာလ၊ ဒီမိုကရေစီဘေဘီလေး တစ်နှစ်ခွဲလောက်အသက်အရွယ်ပဲရှိသေးတာမို့ လိုအပ်ချက်နှင့် ကျင့် ဝတ်တွေက အသားမကျသေးတာအမှန်။ အဲဒီတော့ ပြောင်းလဲမှုဖြစ်စဉ်တွေမှာ တွေ့လေ့တွေ့ထရှိတာက ဥပဒေကြာင်းအရ လက်မခံနိုင်တဲ့ကိစ္စရပ်တွေ ဖြစ်တတ်ကြတယ်။ အာဏာရှင် အုပ်ချုပ်ခဲ့တဲ့ကာလတွေတုန်းက ဥပဒေမဲ့လုပ်ရပ်တွေရှိခဲ့တယ်။ အာဏာပိုင်အဖွဲ့အစည်းအကြီးအကဲတွေရဲ့ စိတ်ခံစားမှုနှင့် ဆုံးဖြတ်ခဲ့ကြတယ်။ ဒါတွေကိုဒီဘက်ခေတ်မှာ (မျက်ချက် - အရပ်သားအစိုးရအုပ်ချုပ်သော ဒီကနေ့အခြေအနေကို ဒီဘက်ခေတ်လို့ပြောခြင်းဖြစ်ပါတယ်) မဖြစ်သင့်တော့ဘူးလို့ ယူဆကြပါတယ်။ 'တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ' မှာ ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်နှင့် ပေါ်ပေါက်လာတာ ကိုပဲ ကြည့်ပါတော့။ ဆိုလိုတာက ဥပဒေမဲ့လုပ်ရပ်တွေ၊ မတည်ငြိမ်မှုတွေ ရှိနေဆဲဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။

စာရေးသူဥပမာတစ်ခုပေးပါမယ်။ တကယ့်အဖြစ်မှန်ပါ။ တစ်နေ့ (အောက်တိုဘာလ ၂ရက်)က စာရေးသူရုံးကအပြန် ရှစ်မိုင်လမ်းဆုံရောက်တော့ အခြားကားနှစ်စီး ယာဉ်တိုက်မှုဖြစ်ပါတယ်။ အလယ်မျဉ်းသေကို ဖြတ်ကွေ့မောင်းဝင်လာတဲ့ကားနှင့် လမ်းကြောမှန်အတိုင်း မောင်းလာတဲ့ကားတို့ တိုက်မိ ခြင်းဖြစ်ပါတယ်။

ထုံးစံအတိုင်းယာဉ်တိုက်မှုဖြစ်တော့ ကားနှစ်စီးစလုံး ပလက်ဖောင်းဘေးကိုယ်စီရပ်ကြတာပေါ့။ အဲဒီမှာထူးခြားချက်က အလယ်မျဉ်းသေကို ဖြတ် ကျော်ဝင်ရောက်တဲ့ကားမှ လူအုပ်စုက သုံးပေလောက်ရှည်တဲ့ သံပိုက်လုံးတွေကိုင်ဆောင်ပြီး ဆင်းချလာတာပဲဖြစ်တယ်။ ယင်းတို့ရဲ့ အဖော်ကားလည်းပါ သေးတယ်။ အဖော်ကားပေါ်မှာ အမျိုးသမီးတွေလည်းပါတယ်။ ပြဿနာကိုမရှင်းရသေးခင် ဒီလိုလက်နက်တွေ ကိုင်ဆောင်ပြီးဆင်းလာတာကိုက တစ်ခုခု မှားယွင်းနေပါတယ်။ လမ်းသွားလမ်းလာတွေလည်း ၀ိုင်းကြည့်နေကြတာပေါ့။ သံပိုက်လုံးတွေကိုင်ဆောင်လာတဲ့အုပ်စုက တစ်ဖက်ကားကလူနှစ်ယောက် ကို ရိုက်မယ်တကဲကဲလုပ်နေတာပါ။ သိပ်အံ့သြစရာကောင်းပါတယ်။ ကိုယ်ကလည်းမှားသေး၊ အုပ်စုနှင့် အနိုင်ကျင့်ချင်တဲ့စိတ်ဓာတ်ကို တွေ့နေရတယ်။

အဲဒီအချိန်မှာ ယာဉ်ထိန်းရဲတစ်ပွင့် ရောက်လာပါတယ်။ ရဲရောက်ပေမယ့်လည်း သံပိုက်လုံးကိုင်အုပ်စုတွေက ရိုက်မယ်နှက်မယ် တကဲကဲလုပ်နေ တုန်းပါပဲ။ တာဝန်ရှိသူ ရဲရဲ့ရှေ့မှာတောင် ဒီလိုလုပ်ဝံ့တာ ရဲတွေရဲ့မမြင်ကွယ်ရာမှာဆို မတွေးဝံ့စရာပါပဲ။ စာရေးသူစိတ်ထဲထင်လိုက်တာက ဒီလူတွေ မြန်မာ နိုင်ငံသားမှ ဟုတ်ပါရဲ့လား။ ဒီလိုအတင့်ရဲနေနိုင်တာ ဘာအားကိုးများရှိလဲပေါ့လေ။ မှန်းဆကြည့်နေတာပါ။

ဒီလိုပဋိပက္ခဖြစ်နေတဲ့အချိန်မှာ တာဝန်ရှိယာဉ်ထိန်းရဲရဲ့အရည်အချင်းဟာ အဓိကဖြစ်ပါတယ်။ အများပြောနေတဲ့ Capacity ပေါ့လေ။

တာဝန်ရှိ ရဲတစ်ယောက်အနေနှင့် ပြတ်ပြတ်သားသား နှစ်ဖက်စလုံးကို ပြောရမှာပါ။ ရဲတစ်ယောက်လုံးရှိနေတာတောင် တွန်းလားဆွဲလား လုပ် နေတာကို ရပ်တန့်သွားအောင် ပြတ်ပြတ်သားသား ကိုင်တွယ်ရမှာပါ။

ပြည်သူ့ရဲတွေဟာ သင်တန်းအမျိုးမျိုးစုံလင်အောင်ပေးထားပြီး လေ့ကျင့်ထားကြသူတွေလို့ နားလည်ထားပါတယ်။ ဥပဒေနှင့်ပတ်သက်ပြီးလည်း အကျွမ်းတဝင်ရှိကြသူတွေလို့ ပြည်သူအများက ယူဆထားကြတာပါ။ လိုရင် ဥပဒေကိုထုတ်သုံး၊ မလိုရင်မျက်စိမှိတ်နေကြသူများ မဟုတ်ဘူးလို့လည်း အ ကောင်းမြင်ထားကြပါတယ်။ ရာဇဝတ်မှုဥပဒေတွေမှာပဲဖြစ်ဖြစ်။ အခြားသောဥပဒေတွေမှာပဲဖြစ်ဖြစ် ရှုထောင့်သုံးရပ်ပဲရှိပါတယ်။ အဲဒါကတော့ အမှုတစ်ခုမှာ before, action, after ဆိုတဲ့အပိုင်းများတွင် ပြုလုပ်သူရဲ့ စေတနာ၊ လုပ်ဆောင်ချက်၊ ရည်ရွယ်ချက်ကို စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူ့ရဲများဟာ action ကို မဖြစ်အောင် တတ်နိုင်သမျှ တားဆီးကာကွယ်ထားရမယ့်အပိုင်းက အဓိကတာဝန်ကြီးတစ်ခု ဖြစ်ပါတယ်။

ဒီကားတိုက်မှုဖြစ်စဉ်မှာ ဥပဒေကြောင်းအရ တစ်ဖက်အုပ်စုသည် ရည်ရွယ်ချက်ပါနေပြီဆိုတာ ထင်ရှားပါတယ်။ ရန်ပြုလိုသောရည်ရွယ်ချက်နှင့် လူကိုသေစေနိုင်သောလက်နက်ကို  ကိုင်ဆောင်ထားသည့်အတွက် တာဝန်ကျယာဉ်ထိန်းရဲသည် ပြတ်ပြတ်သားသားဆုံးဖြတ်၍ ဥပဒေကြောင်းအရ အရေး ယူလို့ရနေပြီဖြစ်ကြောင်း ပြောဆိုသင့်ပါတယ်။ ဒါမှ နောင်တွင် ဒီလိုမျိုး ထစ်ကနဲရှိလက်ပါမယ်ဆိုတဲ့ မင်းမဲ့စရိုက်ဆန်ဆန်စိတ်ဓာတ်ကို ချိုးနှိမ်ရာရောက်မှာ ဖြစ်ပါတယ်၊ စဉ်းစားကြည့်စေချင်ပါတယ်။

ယာဉ်ထိန်းရဲ၏ တာဝန်မှာလည်း တားဆီးကာကွယ်ရန် ဆုံးဖြတ်နိုင်စွမ်း အပြည့်အဝရှိရပါမယ်။ မဆုံးဖြတ်ရဲလောက်အောင် ဖြစ်မနေသင့်ပါ။ လက် စွဲဥပဒေကိုလက်ကိုင်ပြုထားရင် မှားမှာကိုကြောက်စရာမလိုပါ။ ရဲဝံ့ပြတ်သားစွာဆုံးဖြတ်ပိုင်ခွင့်ရှိရမှာပါ။ မိမိဆုံးဖြတ်ချက်ကို ဥပဒေက အကာအကွယ် ပေးသွားပါလိမ့်မယ်။ ဥပဒေကြောင်းအရ မဆောင်ရွက်ခဲ့ရင်တော့ ရင်ဆိုင်ဖြေရှင်းရမှာပေါ့လေ။ ဥပဒေသည်သာ အားကိုးစရာပါ။ အထက်အရာရှိတွေက အားကိုးစရာမဟုတ်ဘူးဆိုတာကိုတော့ နည်းနည်းနားလည်သဘောပေါက်ထားသင့်ပါတယ်။

ယခု ပြည်သူ့လွှတ်တော်မှရွေးချယ်လိုက်သော ဒေါ်အောင်ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရပါပြီ။ အချို့သောတရားရုံးများနှင့် ရဲစခန်းများကို လေ့လာနေကြောင်းလည်း ကြားသိဖတ်ကြားရပါတယ်။ ဒီကော်မတီက စုံစမ်း ပြီး တွေ့ရှိချက်အစီရင်ခံစာကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းကြတော့မယ်။ တကယ့် လက်တွေ့နယ်ပယ်မှာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နေတာက အုပ်ချုပ်ရေးပိုင်းကပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းအစိုးရအဖွဲ့ကသာ သက်ဆိုင်ရာဌာနတွေကတစ်ဆင့် တိုက်ရိုက်စီမံကွပ်ကဲနေတာဖြစ်တဲ့ အတွက် အမှန်တကယ်ပြုပြင်လို့ရတာက ပြည်ထောင်စုအစိုးရသာလျှင် ဖြစ်ပါတယ်။

ကော်မတီအနေနှင့် ''ဒီနယ်မှာတော့ ဒီအမှုမှာတော့ ဒီလိုတွေဖြစ်နေပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရကို မေးခွန်းတွေမေးပြီး မည်သို့ ဆောင်ရွက်သင့်ကြောင်း'' အကြံပြုအဆိုတွေ' တင်သွင်းကြတော့မယ်။ အခြေခံမူဝါဒပြောင်းလဲဖို့က အလှမ်းဝေးနေပါသေးတယ်။ ပြည်သူ့လွှတ်တော်ရဲ့ အဓိ ကတာဝန်က ဥပဒေပြုရေးပဲဖြစ်တော့ ကော်မတီလည်း ဥပဒေပြုရေးတာဝန်ကို ကူညီရမယ်လို့ ထင်ပါတယ်။

စာရေးသူကိုဒီလိုတော့ မေးခွန်းထုတ်နိုင်စရာရှိပါတယ်။ ''ဥပဒေပြုရေးလုပ်လိုက်လို့ ဥပဒေသစ်တစ်ခုထွက်လာရင် အားလုံးက လိုက်နာကြရုံပဲ။ အစိုးရအဖွဲ့လည်းလိုက်နာရမှာပဲ။ ပြည်သူ့ရဲလည်း လိုက်နာရမှာပဲ။ ပြည်သူအားလုံးလည်း လိုက်နာရမှာပဲ။ မလိုက်နာတဲ့သူ ဥပဒေအရ အရေးယူခံရမှာပဲ ပေါ့''လို့ စောဒကတက်နိုင်ပါတယ်။

မငြင်းပါ။ မှန်ပါတယ်။ နိုင်ငံသားတိုင်းဥပဒေကို လေးစားလိုက်နာရမှာပါ။ ဒါပေမဲ့ ဒီကနေ့ကာလမှာလည်း တရားဥပဒေတွေရှိနေတာပါပဲ။ ဒီဥပဒေ တွေကို လိုက်နာဖို့ တာဝန်ဘယ်လောက်ပျက်ကွက်နေကြသလဲ။ ဒါကိုမဖြေရှင်းနိုင်ရင် နောင်ထွက်လာမယ့် ဥပဒေသစ်တွေကိုလည်း လိုက်နာစောင့်ထိန်းဖို့ သိပ်မျှော်လင့်လို့ မရဘူးဆိုတာကို ပြောပြချင်တာပါ။

အထက်ပါ ယာဉ်တိုက်မှုဥပမာလေးကိုပဲ ကြည့်ပါ။ တာဝန်ရှိသူရဲ့ မပြတ်သား၊ မဆုံးဖြတ်ရဲတာကြောင့် ရာဇဝတ်မှုတစ်ခု ဖြစ်ခါနီးဆဲဆဲပါ။ လက် နက်ကိုင်အုပ်စုက စိတ်လျှော့သွားလို့သာ မိမိတို့ သွေးချင်းချင်းနီမှာကို မမြင်တွေ့ရတော့တာပါ။ ဖျန်ဖြေမှုကောင်းလို့တော့ မဟုတ်ပါဘူး။ ရန်ကုန်လို မြို့ တော်ကြီးမှာတောင် လူအုပ်စုနှင့်ရမ်းကား၊ အနိုင်ကျင့်ချင်တဲ့သဘော တဖြည်းဖြည်း အရှိန်ရလာသလိုပါပဲ။ နယ်မှာဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်။ ဒီအလေ့ အကျင့် (Culture) မပြန့်ပွားအောင် တရားဥပဒေနှင့် ထိန်းညှိရမှာပါ။ ကျုံပျော်မြို့နယ် ရှားခဲကျေးရွာမှာဖြစ်တဲ့ လူအုပ်စုနဲ့ သတ်ဖြတ်မှုကို လေ့လာနိုင်ပါ တယ်။ ဒီထက်ရှေးကျတဲ့ မြောက်ဥက္ကလာပမှာဖြစ်သွားတဲ့ လူအုပ်စုနဲ့ သတ်ဖြတ်မှုမျိုး အတုယူမိမှာ စိုးရိမ်မိပါတယ်။

တရားဥပဒေစိုးမိုးရေးရှိမှ တည်ငြိမ်မှုရမှာပါ။ ဒါက ခွဲခြားလို့မရစကောင်းပါ။ တရားဥပဒေစိုးမိုးခြင်းမရှိဘဲ တည်ငြိမ်မှုရဖို့ မမျှော်လင့်နိုင်ပါဘူး။ ဒါကြောင့် နံပါတ်တစ်ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးဟာ တာဝန်ရှိအာဏာပိုင်အဖွဲ့အစည်းတင်မက ပြည်သူပြည်သားအားလုံးကလည်း လိုက်နာမှသာ ဒီရည် ရွယ်ချက် အောင်မြင်အထမြောက်မှာပါ။ တစ်ဖက်ဖက်က ချို့ယွင်းရင်တော့ တရားဥပဒေစိုးမိုးရေးကို လက်လွှတ်လိုက်ရပြီလို့ ဆိုချင်ပါတယ်။ တည်ငြိမ်မှုက နေ မတည်ငြိမ်မှုဆီသို့ ပို့ဆောင်ရောက်ရှိသွားနိုင်ပါတယ်။

တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ကြရာမှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စောင့်ထိန်းလိုက်နာမှုကလည်း အများကြီးလိုပါတယ်။ ဒီမိုကရေစီကျင့် ဝတ်နှင့်အတူ မိမိနိုင်ငံသားတွေရဲ့ စိတ်ဓာတ်တွေ မြင့်မြင့်ထားရတော့မှာအမှန်ပါ။ ဒါကြောင့် ဒီမိုကရေစီနှင့်ထိုက်တန်သော ပြည်သူများဖြစ်ကြပါစေလို့ စေတနာကောင်းနဲ့ ရေးသားလိုက်ရပါတယ်။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၉.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မိုးထိမိုးမိဒေသတွင် Mine Design နှင့်မညီသော အင်းများလုပ်ကိုင်ခွင့်မပြုတော့
  2. ထိုင်းတင်ပို့ဓာတ်ငွေ့များ ပြည်တွင်းအတွက် ပြန်လည်ဝယ်ယူသုံးစွဲမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. အမေရိကန်-မြန်မာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးမည်
  1. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာမည့် ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မိုးထိမိုးမိဒေသတွင် Mine Design နှင့်မညီသော အင်းများလုပ်ကိုင်ခွင့်မပြုတော့

ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင် Mine Design နှင့်မညီသည့် လေးပေပတ်လည်အင်းများကို ဆက်လက် လုပ်ပိုင်ခွင့်ပြုတော့မည်မပာုတ်ကြောင်း လေလံအောင်ကုမ္ပဏီကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိ သည်။

ယခုကဲ့သို့ ရွှေတူးဖော်ရေးအင်းများအား Mine Design နှင့်အညီ ဆောက်လုပ်ခိုင်းရခြင်းမှာ Mine အန္တရာယ်ကင်းရှင်းစေရန်နှင့် သဘာဝပတ် ဝန်းကျင်ထိခိုက်မှုမရှိစေရန် အဓိကရည်ရွယ်ခြင်းဖြစ်ပြီး ပြောင်းလဲလုပ်ဆောင်ရန် သတ်မှတ်ထားသည့် Mine Design တွင်ဖောက်လုပ်မည့် လေးပေပတ် လည်အင်းများကို အကျယ်ခုနှစ်ပေ၊ အမြင့်ခုနှစ်ပေ ထားရှိရမည်ဖြစ်ကာ အင်းများကိုလည်း ဘေးတိုက်ဖောက်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။

ယခင် လေးပေပတ်လည်အင်းများဖောက်လုပ်ရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေများတွင် တရားမဝင် ခိုး၍လုပ်ကိုင်ကြရပြီး Mine အန္တရာယ်ကင်းရှင်းနိုင်စေရန် လိုအပ်သည့် သစ်၊ ကွန်ကရစ်သံတိုင်များ၊ သံဆန်ခါများနှင့် အမိုးစွဲသံတိုင်များကို Mine လုပ်ငန်းစဉ်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်လုပ်ကိုင်ကြရသည့်အပြင် နိုင်ငံတော်ကသတ်မှတ်ထားသည့် အခွန်များကို တိတိကျကျပေးသွင်းကြရမည်ဖြစ်ကြောင်း လေလံအောင် ကုမ္ပဏီကြီးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးမိမိုးထိဒေသတွင် လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီကြီးများအနေဖြင့် အသေးစားပြုလုပ်လိုသည့် ကုမ္ပဏီငယ်များက အကျိုးတူပူးပေါင်းဆောင် ရွက်လာပါက လိုအပ်သည့်နည်းပညာ၊ ရိက္ခာနှင့် အင်းသုံးပစ္စည်းများကို ပံ့ပိုးရမည်ဖြစ်ပြီး ဓာတုဗေဒစွန့်ပစ်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းနိုင်စေ ရန် သံကန်များနှင့်သိုလှောင်ကာ ကလိုရင်းနှင့် ဓာတုဆေးဝါးအချို့ပေါင်းစပ်ကာ ဓါတ်ပြယ်စေပြီးမှ စွန့်ပစ်ရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ထိုင်းတင်ပို့ဓာတ်ငွေ့များ ပြည်တွင်းအတွက် ပြန်လည်ဝယ်ယူသုံးစွဲမည်

ပြည်တွင်းသဘာဝဓာတ်ငွေ့လိုအပ်ချက်များ ပြန်လည်ဖြည့်တင်းနိုင်ရန် ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချလျက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည် တွင်းအတွက် ပြန်လည်ဝယ်ယူသုံးစွဲသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ ဓာတ်ငွေ့ကုဗပေ သန်း ၁၀၀၀ ထဲက ကုဗပေ သန်း ၂၀၀လောက်ကို ပြည်တွင်းအတွက် ပြန်လည်ဝယ်ယူသုံးစွဲသွား မှာပါ။ မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်မှာ မူဝါဒတွေပြောင်းလဲလိုက်တဲ့အတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်တွေ များလာပါပြီ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ တံခါးဖွင့်စီးပွားရေးမူဝါဒကို စတင်ကျင့်သုံးခဲ့သည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရှိန် ထိုးဝင်ရောက်လာခဲ့သော်လည်း မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေသေးသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများကို ရပ်တန့်ထားရပြီး ယခုပြန်လည်ဝယ်ယူမည့် သဘာဝဓာတ်ငွေ့များဖြင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် လာမည့် ၂၀၁၃ ခုနှစ်တွင် ထုတ်လုပ်၍ တရုတ်နိုင်ငံသို့တင်ပို့ရောင်းချမည့် ရွှေသဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းသုံးရန်နှင့် စက်မှုဇုန်များ လျှပ်စစ်မီးအပြည့်အဝရရှိရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး  ဇောတိကစီမံ ကိန်းမှထွက်ရှိမည့် သဘာဝဓာတ်ငွေ့များကိုလည်း ပြည်တွင်းအသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။

“ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကထွက်ရှိမယ့် သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းသုံးဖို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမှာပါ။ အခုလက်ရှိမှာ လည်း ပိုက်လိုင်းဖြတ်သန်းရာတစ်လျှောက်မှာလည်း ပြည်တွင်းသုံးစွဲနိုင်ဖို့အတွက် ဂိတ်ပေါက်တွေလုပ်ပြီးသွားပါပြီ”ပာု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့တွင် စွမ်းအင်ဝန်ကြီးဌာနက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံခုနှစ်နိုင်ငံ မှ ကုမ္ပဏီများနှင့် သဘောတူစာချုပ်ကိုးခုကို လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ကိုင်ခွင့်ရရှိခဲ့သည့် နိုင်ငံများမှာ ဟောင်ကောင်၊ ဆွဇ်ဇာလန်၊ မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ရုရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သိရသည်။

              YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

အမေရိကန်-မြန်မာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးမည်

အစိုးရသစ်လက်ထက် အမေရိကန်-မြန်မာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို မကြာမီကာလအတွင်း လက်မှတ်ရေးထိုးနိုင် တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI)မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။

ယင်းသဘောတူစာချုပ်ကို အမေရိကန်-မြန်မာ နှစ်နိုင်ငံလုံးရှိကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့က လက်မှတ်ရေးထိုးသွား မည်ဖြစ်ပြီး မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား စီးပွားရေး၊ ပညာရေး၊ စက်မှုလက်မှုလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာလုပ်ငန်းများနှင့် ကုန် သွယ်ရေးလုပ်ငန်းများအား ပိုမိုထိရောက်အားကောင်းစွာ လုပ်ဆောင်လာနိုင်စေရန် ရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။

“နှစ်နိုင်ငံဆက်ဆံရေးနဲ့ စီးပွားရေးကဏ္ဍကို မြှင့်တင်နိုင်ဖို့အတွက် ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်လိုက်တာပါ။ တကယ့်ကို အိပ်မက် မက်နေသလို ပါပဲ။ ဒီ့ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့တွေရှိပါတယ်။ ပြီးတော့ အမေရိကန်နိုင်ငံရဲ့ Google နဲ့ GE တို့လို ထိပ်တန်းကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံ ထဲမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ဆွေးနွေးနေပါတယ်”ပာု UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာသမ္မတဘဏ္ဍာရေးအဖွဲ့များ၏ ကျောထောက်နောက်ခံပြုရန် အမေရိကန်ပြည် ထောင်စုအတွက် ပိုမိုလွယ်ကူစေမည့် လုပ်ငန်းဥပဒေတစ်ရပ်အား အမေရိကန်နိုင်ငံသမ္မတ အိုဘားမားက မကြာသေးမီကာလအတွင်းက လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသခဲ့သည့်အတွက် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားသည့် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)နိုင်ငံတို့မှ နိုင်ငံရေးပွင့်လင်းမှုများ ဖြစ်ပေါ်လာ နိုင်စေရန် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေးနှင့် အခြားပိတ်ဆို့အရေးယူမှုများကို ဖြေလျော့ပေးခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ လာမည့် ၂၀၁၅ တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ခေါင်းဆောင်အချို့မှ လာမည့် ၂၀၁၅ တွင်ကျင်းပမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လာမယ့် ၂၀၁၅ မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ အဖွဲ့ကခေါင်းဆောင်အချို့ ဝင်ပြိုင်သွားမှာပါ။ လွှတ်တော်တွင်းနိုင်ငံရေးကိုကော၊ လွှတ် တော်ပြင်ပနိုင်ငံရေးတွေအတွက်ပါ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆက်လက်လုပ်ကိုင်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် ၈၈ မျိုးဆက်ကျောင်းသားများကအဖွဲ့က ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပာူသည့်ခေါင်းစဉ်ဖြင့် ဒေသအသီးသီးသို့ သွားရောက်၍ ငြိမ်းချမ်းရေးနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ အားကောင်းလာနိုင်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“လာမယ့် ၂၀၁၅ နိုင်ငံရေးအခင်းအကျင်းမှာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကလည်း လွှတ်တော်ထဲဝင်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်သွားမှာပါ။ ပြည်သူလူထုအကျိုးအတွက် ရည်ရွယ်ပြီးပဲဝင်မှာပါ။ လူမှုရေးကိစ္စတွေအပြင် နိုင်ငံရေးနယ်ပယ်မှာပါ ပာန်ချက်ညီညီနဲ့ ဆက်လက်လှုပ်ရှားသွားမှာပါ”ပာု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် မြိတ်မြို့၌ မြိတ်မြို့ ကျောက်မီးသွေးစက်ရုံတည်ဆောက်မှုများတွင် ကောင်းကျိုးများသာ ရရှိနိုင် မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအတုအဖွဲ့က ပြောဆိုစည်းရုံးနေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က သတင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားရုံးအဖွဲ့နှင့် ဆက်သွယ်လျက်ရှိကြောင်း သိရသည်။

Ref:Venus

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“ကျွန်မက နိုင်ငံရေးပါတီ တစ်ခုရဲ့ခေါင်းဆောင်ဖြစ်တယ်။ နိုင်ငံရေးပါတီကို ဦးဆောင်နေမှတော့ သမ္မတလုပ်ရဲတဲ့သတ္တိရှိလည်း ရှိတယ်။ ပြည်သူကလိုလား ရင် လုပ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လုပ်မယ်ဆိုတာ ကြားဖြတ်ရွေးကောက်ပွဲဝင်ကတည်းက မူတစ်ခုချမှတ်ထားတယ်။ တစိုက်မတ်မတ်လုပ်သွား မယ်။ သမ္မတဖြစ်ဖို့ကိစ္စ တစ်ခုတည်းမဟုတ်ပါဘူး။ တခြားပြင်စရာတွေလည်း ရှိပါသေးတယ်”

အောက်တိုဘာ ၉ရက်ထုတ် Newsweek ဂျာနယ် အတွဲ (၂) အမှတ် (၅၁) တွင်ပါရှိသည့် “ပြည်သူတွေလိုလားရင် သမ္မတတာဝန်ထမ်းဆောင်မည်ဟု ဒေါ် အောင်ဆန်းစုကြည် သတင်းစားရှင်းလင်းပွဲမှာ ပြောကြား”သတင်းမှ ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရ သူကိုယ်တိုင် Rule of Law မကျင့်သုံးဘဲနဲ့ လူထုကိုကျင့်သုံးဖို့ ပြောလို့ကတော့ လှည်းကိုဘီးဖြုတ်ထားသလို ရှေ့ဘယ်လိုမှမရောက်ပါဘူး။ တရား ဥပဒေစိုးမိုးရေးက စာထဲမှာရှိနေရုံ မဖြစ်နိုင်ပါဘူး။ တရားဥပဒေစိုးမိုးရေးက စာထဲမှာရှိနေရုံနဲ့ မဖြစ်နိုင်ပါဘူး။ အဓိကတာဝန်အရှိဆုံးကတော့ လူပဲ၊ ပိုတာ ဝန်ရှိတာက အစိုးရပဲ”

အောက်တိုဘာ ၉ရက်ထုတ် မော်ဒန်ဂျာနယ် အတွဲ(၂) အမှတ်(၂၉) တွင်ပါရှိသည့် “အစိုးရကိုယ်တိုင်လိုက်နာမှ တရားဥပဒေစိုးမိုးမည်”သတင်းမှ ပါမောက္ခ ဦးကျော်ဇောနိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“တိုင်းပြည်တစ်ပြည်ကို ငြိမ်းချမ်းရေးရအောင် ဖွံ့ဖြိုးတိုးတက်အောင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာမြင့်မားလာအောင် လုပ်နိုင်တဲ့သူတွေကို ဒီလိုနိုဗယ်ဆုရနိုင်တဲ့ စာရင်းမှာ ထည့်လေ့ရှိပါတယ်။ ဆိုဗီယက်က ဂိုဘာချော့တို့ရှိတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်သမ္မတကို ဒီလိုနိုဗယ်ဆုအတွက် ခန့်မှန်းခြင်းခံရတာ ထူး ဆန်းတယ်လို့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလူမျိုးတွေက ရနိုင်တဲ့အခြေအနေရှိပါတယ်။ ဒီလိုဖြစ်လာတဲ့အတွက်လဲ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်း ရေးလုပ်တာမှာ ပိုပြီးတွန်းအားဖြစ်စေနိုင်ပါတယ်။ လက်ရှိထက်ပိုပြီး အောင်မြင်နိုင်ပါတယ်”

အောက်တိုဘာ ၉ရက်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ်(၃၉)တွင်ပါရှိသည့် “နိုဗယ်ဆုရနိုင်သူများစာရင်းတွင် သမ္မတကြီး ဦးသိန်းစိန်ပါဝင်” သတင်းမှ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive