Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၁၄.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ့ကြွေးမြီ ၂၀၁၃ တွင်ရှင်းပေးစေလိုကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့တောင်းဆို
  2. လယ်သိမ်းခံတောင်သူအချို့ ကုမ္ပဏီကိုးခုနှင့်ပူးပေါင်းလိုကြောင်းတောင်းဆို

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံ အစိုးရတစ်ဖွဲ့လုံး တက်ရောက်
  1. KNLA ၏ကောလပာလသတင်းများ မပာုတ်မှန်ကြောင်းပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

မြန်မာ့ကြွေးမြီ ၂၀၁၃ တွင်ရှင်းပေးစေလိုကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့တောင်းဆို

မြန်မာနိုင်ငံအပေါ်တင်ရှိလျက်ရှိသည့် ကြွေးမြီပောာင်းများအား လာမည့် ၂၀၁၃ ဇန်နဝါရီလတွင် ရှင်းလင်းပေးစေလိုကြောင်း ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့က တောင်းဆိုထားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါ ရှိသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ကြွေးမြီခန့်မှန်းခြေ ယန်းဘီလီယံ ၅၀၀ အနက် ယန်းဘီလီယံ ၃၀၀ ကို လျှော်ပစ်မည်ပာု ဧပြီလတွင် ပြောကြားခဲ့ပြီး ယင်းကြွေးမြီ လျှော်ပစ်ရေးစီမံချက်အရ မြန်မာနိုင်ငံသည် ဂျပန်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှ ပေါင်းကူးချေးငွေများဖြင့် ၎င်း၏ ကြွေးမြီ ပောာင်းများကို နိုင်ငံတကာ မြီရှင်များထံသို့ ပေးဆပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးများ ကျင်းပနေစဉ် ကာလတွင် မြန်မာနိုင်ငံ၏ ကြွေးမြီပောာင်းများနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို ထည့်သွင်းကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဂျိုဂျီမာက နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံရန်၊ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုင်းအဝိုင်း၏ အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ပြန်လည်လက်ခံရန် အချိန်တန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ “ကြွေးကျန်ရှင်းလင်းရေးစီမံချက်”ပာု ခေါ်သည့်အစီအစဉ်ကို လာမည့်ဇန်နဝါရီလတွင် အကောင် အထည် ဖော်ရန်နှင့် မြန်မာနိုင်ငံအား ယန်းငွေဖြင့်ငွေထုတ်ချေးပေးမှုကို လာမည့်နှစ်တွင် ပြန်လည်စတင်နိုင်ရန် စီစဉ်လျက်ရှိပြီး ယင်းအတိုးနှုန်းနည်းသော ချေးငွေသစ်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လမ်းဖောက်လုပ်ရေး၊ ကျေးလက် ဖွံ့ဖြိုးရေးနှင့် ဆိပ်ကမ်းအဆောက်အအုံဖွံ့ဖြိုးရေးအပါအဝင် ဘဏ္ဍာရေးစီမံချက်များအတွက်ပါ တိုးမြှင့် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

              YC

-------------------------------------------------------------------------------------------------------------------

လယ်သိမ်းခံတောင်သူအချို့ ကုမ္ပဏီကိုးခုနှင့်ပူးပေါင်းလိုကြောင်း တောင်းဆို

              ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သိမ်းခံတောင်သူအချို့မှ ကုမ္ပဏီကိုးခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုကြောင်း လယ်ယာမြေ သိမ်းဆည်းခံရမှုများ စုံစမ်းရေးကော်မရှင်ထံ တောင်းဆိုခဲ့ကြောင်း သိရသည်။

“လယ်သိမ်းခံတောင်သူတွေကို သူတို့ဖြစ်ချင်တဲ့ဆန္ဒ ဘာရှိလဲဆိုတာကို သိဖို့အတွက် ကော်မရှင်ဥက္ကဋ္ဌက ဆန္ဒပြုခိုင်းတယ်။ အဲ့ဒီမှာ တောင်သူ အချို့က ကုမ္ပဏီကိုးခုနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်ဆိုတဲ့အချက် ထွက်လာတယ်။ နှစ်ဖက်စလုံး မနစ်နာနိုင်တဲ့ ပူးပေါင်းမှုမျိုးဆိုရင်တော့ အရမ်းကို ကောင်းမှာပါ။ ဒါ့ကြောင့် လယ်သမားတွေနဲ့ ကုမ္ပဏီတွေ ဆွေးနွေးညှိနှိုင်းလို့ရအောင် ဆောင်ရွက်ပေးသွားမှာပါ”ပာု လယ်ယာမြေသိမ်းဆည်းခံရမှုများ စုံစမ်းရေးကော်မရှင်မှ တောင်သူတစ်ဦးက ပြောကြားသည်။

တောင်သူများမှ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်ဆန္ဒရှိသည့် ကုမ္ပဏီကိုးခုမှာ ဧဒင်ကုမ္ပဏီ၊ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၊ ရွှေတောင်ကုမ္ပဏီ၊ ပင်လယ်ကိုးသွယ်ကုမ္ပဏီ၊ Max Myanmar ကုမ္ပဏီ၊ Green Asia ကုမ္ပဏီ၊ ရွှေပိာန်းထက်ကုမ္ပဏီ၊ ရွှေနဂါးမင်းကုမ္ပဏီနှင့် Good Brothers ကုမ္ပဏီတို့ဖြစ်ကြောင်းသိရသည်။

ထို့ပြင် လယ်ယာမြေများနှင့်ပတ်သက်သော အခက်အခဲများ၊ မတရားခံရမှုများအတွက် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်ထံသို့ ပေးပို့တိုင်ကြားနိုင်ပြီး ယင်းကော်မရှင်မှ လယ်ယာမြေသိမ်းဆည်းခံရမှုများတွင် လယ်သမားများ မနစ်နာနိုင်စေရန် စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင် ၆၀ ဦး ဖြင့် သြဂုတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံ အစိုးရတစ်ဖွဲ့လုံး တက်ရောက်

ရန်ကုန်၊ အောက်တိုဘာ ၁၄။

ယခင်စစ်အစိုးရခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းကာ ကြံ့ဖွံ့အစိုးရဟု အတိုက်အခံများ၏ ပြောင်လှေင်ခြင်းခံနေရသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပထမအကြိမ် အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားသို့ အောက်တိုဘာလ ၁၄ရက်နေ့တွင် တက်ရောက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတအပါအဝင် ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးအဖွဲ့ဝင် ဝန်ကြီးအားလုံးလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက် ရာတွင် ပါဝင်ခဲ့ကြောင်း အဆိုပါ အခမ်းအနားတက်ရောက်ခဲ့သူ တစ်ဦးက ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေညီလာခံသည် လစ်လပ်နေသော ပါတီဥက္ကဋ္ဌ နေရာရွေးချယ်ခြင်းနှင့် ပါတီခေါင်းဆောင် ပိုင်းများ ပြင်ဆင်ပြောင်းလဲမည်ဖြစ်ကာ ယင်းပါတီဝင်များ အားလုံးအတွက် အရေးအကြီးဆုံး အစည်းအဝေးတစ်ရပ်လည်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုယ်ရေးမှတ်တမ်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ဟူ၍ရေးသားထားသည်ကို တွေ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ တွင်နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တန်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟူ၍ ပါရှိသည်။

YC

-------------------------------------------------------------------------------------------------------------------

KNLA ၏ ကောလပာလသတင်းများ မပာုတ်မှန်ကြောင်းပြောကြား

ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် ပြင်ပ၌သတင်းများ ထွက်ပေါ်လျက်ရှိသော ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်(KNLA)၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား ထုတ်ပယ်လိုက်သည့်ပာူသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း KNLA မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။

“KNLA က ထိပ်ပိုင်းခေါင်းဆောင်သုံးဦးကို ထုတ်ပယ်လိုက်တယ်ဆိုပြီးတော့ အပြင်မှာ သတင်းတွေ ထွက်ပေါ် နေပါတယ်။ ဒီသတင်းက မှန်ကန်မှု မရှိပါဘူး။ ကောလပာလတွေပါပဲ။ KNLA က ခုထိ အခြေအနေ ကောင်းကောင်းမွန်မွန်နဲ့ ဆက်လက်သွားနေပါတယ်။ ခုချိန်ထိလည်း ထိပ်ပိုင်းခေါင်းဆောင် တွေက ထုတ်တာတွေနဲ့ပတ်သက်လို့ ဘာမှ တရားဝင် ပြောထားတာမရှိသေးပါဘူး”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ပြင်ပ၌သတင်းများထွက်ပေါ်လျက်ရှိသည့် KNLA ၏ စည်းကမ်းများ ဖောက်ဖျက်သည့်အတွက် ထုတ်ပယ်ခြင်း ခံလိုက်ရသည်ပာုဆိုသည့် ထိပ်ပိုင်းခေါင်းဆောင်သုံးဦးမှာ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗပိာုတရားရေးဌာနမှ ပဒိုဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ဖြစ်ပြီး KNU မှ ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း ယခုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စကို ဘယ်သူကမှတရားဝင် အတည်ပြုပြောတာမျိုးမရှိပါဘူး။ ဒါကို အပြင်မှာ ကောလပာလတွေ ထွက်ပေါ်လာတာပါ။ ဒီကိစ္စအမြန်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်အောင်လည်း ကျွန်တော်တို့ကြိုးစားနေပါတယ်။ ခုလောလောဆယ်တော့ အဖွဲ့ထဲမှာ အေးအေးဆေးဆေးပါပဲ”ပာု KNLA မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၃ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအပါအဝင် KNLA ထိပ်ပိုင်းခေါင်းဆောင်သုံးကို KNU ဗပာို၏ ခွင့်ပြုချက်မရှိဘဲ ဘားအံမြို့၌ KNU ဆက်ဆံရေးရုံး သွားရောက်ဖွင့်လှစ်ခဲ့သည့်အတွက် တာဝန်မှရပ်စဲလိုက်ကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

ဆန္ဒပြခွင့်ဥပဒေနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ဆွေးနွေးင်္ပြီးတော့ ဒီမိုကရေစီစံနှုန်း  များနှင့် ကိုက်ညီအောင် ဖြည့်သွင်းပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကာလဒေသ ပုဂ္ဂလအားဖြင့်  အထူးသဖြင့် ဒီမိုကရေစီထူထောင်တဲ့ ကာလ(၁)နှစ် ကျော်လောက်ရှိသေးတယ်။ အဲဒါက ယခင့်ယခင်က အဖွဲ့အစည်း ဟောင်းတွေ၊ ပုဂ္ဂိုလ်ဟောင်းတွေ အစွဲဟောင်းတွေ လုပ်ထုံးလုပ်နည်းဟောင်းတွေ Mind setဟောင်းတွေအများကြီး စွဲကျန်နေကြသေးတယ်။ အဲဒါတွေကို ဖြတ်ကျော်ရတာ အရမ်းခက်ပါတယ်။

အောက်တိုဘာ ၁၄ရက်ထုတ် Messengerဂျာနယ်အတွဲ(၃)အမှတ်(၂၀)တွင်ပါရှိသည့် “ငြိမ်းချမ်းစွာ ဆန္ဒ ဖော် ထုတ်မှုကို ဦးဆောင်သူ အများအပြား အရေးယူခံရလာ ပြည်သူ့အတွက် ပြဋ္ဌာန်းသော ဥပဒေ ပြည်သူ့အကျိုးမရှိပါက ပြန်လည်ဆန်းစစ်ရမည်ဖြစ်”သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးည်ြမြင့်(လသာ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------

အရင်ကစီမံကိန်းတွေချပေးယ်ဆိုတာ မြေစာရင်းက သေချာမြေပြင်မှာတိုင်းပြီး ချပေးတာမဟုတ်ဘူး။ ဒီကုမ္ပဏီက ဧကဘယ်လောက် ဟိုကုမ္ပဏီက ဧကဘယ်လောက် ဒီလိုချပေးခဲ့တာ။ အဲဒီလိုချပြီးတော့ မြေစာရင်းကိုတိုင်းဖို့ ခေါ်တာတယ်။ အဲဒီအခါမှာ ကုမ္ပဏီက သူ့ကိုချပေးတဲ့အတိုင်း ဧကပြည့် မြေစာရင်းက တိုင်း ပေးတယ်။ အဲဒီမှာ လယ်သမားတွေရဲ့ မြေတွေရော ၊စားကျက်မြေတွေပါ ပါသွားတာပေါ့။

အောက်တိဘာ၁၄ရက်ထုတ် Flower Newsဂျာနယ်အတွဲ(၈) အမှတ်(၄၀)တွင် ပါရှိသည့် စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဦးမန်းမောင်မောင်ဥာဏ်နှင့် တွေ့ဆုံခြင်းမှ ဦးမန်းမောင်မောင်ဥာဏ်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

-------------------------------------------------------------------------------------------------------------------

နေရာတော်တော်များများမှာ ပြည်သူတွေဟာ ဝန်ထမ်းတွေနဲ့ ဆက်ဆံရမှာ ကြောက်နေတယ်။ ပြောရမယ်ဆိုရင် တော့ နှစ်ဘက်စလုံး လူ့အခွင့်အရေး အားနည်းနေသေးတာပဲ။ ဝန်ထမ်းတွေကလည်း လူ့အခွင့်အရေးအသိ အားနည်းနေတဲ့အတွက် တစ်ဖက်လူရဲ့ အခွင့်အရေး ဘာရှိတယ်ဆိုတာ သူမသိဘူး။ သူ့တာဝန်ကိုပဲ သူအာရုံစိုက်နေတယ်။ အထက်ကအမိန့်အရ၊ အထက်အမိန့်အရဆိုတာ ဒီခေတ်ဒီအချိန်မှာ မလုပ်သင့်တော့ဘူးလို့ မြင်တယ်။

အောက်တိုဘာ၁၄ရက်ထုတ် News Day ဂျာနယ်အတွဲ(၁) အမှတ်(၃၂)တွင် ပါရှိသည့် ပြည်သူ့ဝန်ထမ်းများကို လူ့အခွင့်အရေး သင်တန်းပေးသင့် ကြောင်း လူအခွင့်အရေး လှုပ်ရှားသူအချို့သုံးသပ်သတင်းမှ ဦးစောတင့်နိုင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၄.၁၀.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ အာဏာရပါတီ ပုံရိပ်ကောင်းရန် ကြိုးပမ်း

(12 October 2012ရက်စွဲပါ Channel News Asia မှ “Myanmar ruling party seeks image makeover” သတင်းကို ဘာသာပြန်ဆိုသည်။)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ အာဏာရပါတီ ပုံရိပ်ကောင်းရန် ကြိုးပမ်း

(12 October 2012ရက်စွဲပါ Channel News Asia မှ “Myanmar ruling party seeks image makeover” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် စစ်တပ်နောက်ခံပြု အာဏာရပါတီသည် ခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်ရန်ပြင်ဆင် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကြီးမားသောနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်လာခြင်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် ၎င်းတို့၏ပါတီရှုံးနိမ့်မှု ဖြစ်စေရန်ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ကိုဗိုလ်ချုပ်ဟောင်းများက ဖွဲ့စည်းထားပြီး တနင်္ဂနွေနေ့တွင် ကွန်ဖရင့် ကျင်းပရန်ရှိပြီး ပါတီ ခေါင်းဆောင်သစ် ရွေးချယ်ကာ မဟာဗျူဟာသစ် ရွေးချယ်ရဖွယ် ရှိသည်။

ပါတီခေါင်းဆောင်ဖြစ်သော ဦးသိန်းစိန်သည်၂၀၁၁တွင် သမ္မတတာဝန် ယူသောကြောင့် နှုတ်ထွက်ခဲ့ရာ ထိပ်ဆုံးခေါင်းဆောင် နေရာလစ်လပ် နေခဲ့ သည်။

ပြိုင်ဖက်နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်ပြီး၊ USDP၏ ဒုတိယ ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ၎င်းသည် ပါတီခေါင်းဆောင်ဖြစ်ရန် ရေပန်းစားနေသူဖြစ်သည်။ USDPတွင်မဲဆန္ဒ ပေးသူများ အားစည်းရုံးရန် ငွေအင်အားတောင့်တင်းသော ပါတီဖြစ်သည်။ “USDP အဖွဲ့ဝင်အများစုက ဦးရွှေမန်းကို ဥက္ကဋ္ဌ ဖြစ်စေချင် ကြပါတယ်။ သူဟာပါတီ ခေါင်းဆာင်နိုင်မယ့်သူ တစ်ဦးပါ”ဟု အမည်မဖ်ာလိုသူ USDPပါတီမှ လွှတ်တော် အမတ်တစ်ဦးက ပြောကြားသည်။

USDPသည်လွန်ခဲ့သော နှစ်နှစ်က ဒေါ်အောင်ဆန်းစုကြည် မပါဝင်သော ရွေးကောက်ပွဲတွင် အားလုံးနီးပါး အနိုင်ရခဲ့ရာ လိမ်ညာမှုများ ရှိခဲ့သည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အတိုက်အခံပါတီသည် ဧပြီလက ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး နီးပါး အနိုင်ရခဲ့ရာ အာဏာရUSDPကို အံ့အားသင့်စေခဲ့သည်။

အကယ်၍ လာမည့်သုံးနှစ်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပါက USDP ရှုံးနိမ့်ရန် သေချာသလောက် နည်းပါးဖြစ်နေသည်။ “၂၀၁၅တွင် အလုံးစုံ ရှုံးနိုင်မယ့် ပါတီကို ပြပါဆိုရင် USDPပါပဲ” ဟု အမည်မဖော်လိုသူ နိုင်ငံခြား သံတမန် တစ်ဦးကပြောသည်။

“စစ်တပ်က သူတို့ကျန်နေဦးမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အာဏာရပါတီကတော့ အကြီးအကျယ်စိတ်ပူစရာ တွေရှိလာပါပြီဟု ၎င်းကပင် ပြော ကြားသည်။”

လာမည့်ရွေးကောက်ပွဲတွင် USDPသည် ၂၀၁၀ရွေးကောက်ပွဲကဲ့သို့ တရာမျှတမှု မရှိသော နည်းဗျူဟာများကို အသုံးချရန် မဖြစ်နိုင်ကြောင်း ရန် ကုန်အခြေစိုက် ရှေ့နေဦးသန်းမောင်၏ အဆိုအရ သိရသည်။

“ပြည်သူတွေဟာ ဒီမိုကရေစီနစ်နဲ့ ပတ်သက်ပြီး ပိုပြီးစာတတ်လာပါပြီ”ဟု ၎င်းကပြောကြားသည်။ ၂၁၀၁ရွေးကောက်ပွဲနှင့် ယှဉ်လျှင် USDPအတွက် မလွယ်ကူကြောင်း ဆိုသည်။

သို့သော်USDPသည် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် ထောက်ခံကြောင်း ကတိကဝတ်များ ဆက်လက်ပေးပြီး မိမိကိုယ်ကို ယုံကြည်မှုရှိ သည့်နှယ် ဟန်ဆောင်လျက် ရှိနေသေးသည်။

USDPအတွင်းရေးမှူး ဦးဌေးဦးက ပြောကြားရာတွင် မဲဆန္ဒပေးသူများက NLD အားရွေးချယ်ရခြင်း အကြောင်းမှာ ၎င်းတို့ကNLDသည် ၎င်းတို့အ တွက် ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်မည်ဟု ယုံကြည်နေကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ NLDသည် ယခုအချိန်မှစ၍ ဒီမိုကရေစီဆိုင်ရာ စည်းမျဉ်း စံများကို စတင်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ညွှန်းဆိုသည်။

“ပြည်သူတွေက သူတို့အကျိုးအတွက် ရွေးတယ်ဆိုရင် ဒါဟာကောင်းတဲ့ အချက်ပါပဲ။ ပြည်သူတွဟာ လက်တွေ့မှာ လုပ်ပေးနေတာတွေကိုကြည့်ပြီး ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့က ပြည်သူတွေနဲ့ အဆက်မပြတ်ထိတွေ့နေပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့ အပေါ်နားလည်မယ်လို့ ထင်ပါ တယ်”ဟု ၎င်း ကမကြာမီAFPသို့ ပြောသည်။

သို့သော် USDPပါတီအတွင်း၌ နိုင်ငံရေးအရ ပြိုင်ဆိုင်မှုများ အရှိန်မြင့်လျက် ရှိသည်။ သုံးသပ်သူများက ပြောကြားရာတွင် ပါဝါပြိုင်မှု ဖြစ်လျက်ရှိ ကြောင်း ဆိုခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ၂၀၁၅တွင် သမ္မတဖြစ်ရေးကို ရည်မှန်းနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသည်။ ထို သို့သော ပြိုင်ဆိုင်မှုမှာ ဦးသိန်စိန်က သမ္မတဖြစ်ပြီး ယခင်အစိုးရတွင် စီနီယာဖြစ်သူ ဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားချိန်မှ စသည်ဟု ယုံကြည်ရ သည်။

သို့သော်၎င်းတို့အတွက် အကြီးဆုံး ပြိုင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နိုင်သည်။ မကြာသေးမီက သူသည် အရွေးခံရပါက  သမ္မတဖြစ်ရန် အ လားအလာရှိကြောင်း ယခုအပတ်အတွင်း ကပင်ပြောကြားခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည် သမ္မတဖြစ်ရေးမှာ အခြေခံဥပဒေကို ပြင်ဆင်ရန် လိုမည်ဖြစ် သည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ မီဒီယာများ ပိုမိုအားကောင်းလာခြင်းစသည့် ပြုပြင်ပြောင်လဲမှုများ ပိုမိုအားကောင်း လာခြင်းစသည့် ပြုပြင် ပြောင်းလဲမှုများသည် နိုင်ငံရေး မြင်ကွင်းကို ပို၍အသက်ဝင်စေသည်။ စောင့်ကြည့်သူများက USDPတွင် တဖြည်းဖြည်း အက်ကြောင်းထင်လာသည်မှာ မ ဖြစ် နိုင်ဟု မည်သူမျှ မငြင်းကြပေ။

“သဘောထား မတူတာတွေ ဖြစ်နေတယ် ဆိုတာကတော့ လုံးဝပုံဖော်ကြည့်လို့ ရနေတယ်”ဟု နိုင်ငံခြား သံတမန်တစ်ဦးက ပြောသည်။  စစ်အစိုးရ က ရွေးချယ်ထားခဲ့သော ဒေသခံကိုယ်စားလှယ်များနှင့် အစိုးရ ဟောင်းမှ အမွေဆက်ခံသူများ အကြားတွင် မပြေလည်မှုများ ရှိသော်လည်း ပါတီ၏ အရေး ကြီးသော ပုဂ္ဂိုလ်များအကြား ရင်းနှီးသော ဆက်ဆံရေးကို မထိခိုက်နိုင်ဟု ၎င်းကပြောသည်။

USDPရှုံးနိမ့်ပြီး နိုင်ငံရေးအရ အတွ့အကြုံ မရှိသော NLDအနိုင်ရပါက အချို့က စိုးရိမ်မှုများ ရှိနေရာ စစ်တပ်နှင့် ၎င်း၏မဟာမိတ်များကို ခြိမ်းခြောက် မှုများ မရှိမှသာ ပြုပြင်ပြောင်းလဲမှု ဖြစ်နိုင်လိမ့်မည်ဟု ဆိုကြသည်။

မြန်မာနိုင်ငံမှ ပညာရှင်တစ်ဦးဖြစ်သူ ဦးအောင်ထွန်းသက်ကမူ လွှတ်တော်တွင် အဓိက ပါတီကြီးများ ကြီးမားစွာ ပေါင်းစည်းမှု ရှိမှသာ ငြိမ်းချမ်းသော အသွင်ကူးပြောင်းရေး ကာလကို သေချာစေမည့် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်းဆိုသည်။ “USDPကို လုံးဝပြိုလဲသွားအောင် ကျွန်တော်တို့ မစွမ်း ဆောင်နိုင်ပါဘူး”ဟု ၎င်းကပြောသည်။

*******************************************************************************************************************************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive