Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၂၅.၁၀.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မီဒီယာဖြင့်လက်တွဲ၍

*****************************************

ဆောင်းပါးကဏ္ဍ

မီဒီယာဖြင့်လက်တွဲ၍

မိုးမြင့်ငြိမ်း

ရေအိုင်ထဲက ဖားသူငယ်လို

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် တပ်မတော်အာဏာသိမ်းပြီးသည့် အချိန်ကတည်းက နိုင်ငံတော်အကြီးအ ကဲများ၊ အစိုးရဗျူရိုကရက်များသည် သတင်းမီဒီယာများ၏ အာနိသင်ကို သိသည့်အားလျှော်စွာ လူ့အဖွဲ့ အစည်းအတွင်း လွတ်လပ်သည့် သတင်းမီဒီယာများကို တည်ရှိခွင့်မပေးဘဲ မိမိတို့အစိုးရ ယန္တရားပိုမိုကောင်းမွန်အောင် လည်ပတ်နိုင်ရေးအတွက်သာ မီဒီယာကိုဝါဒဖြန့်ချီရေးလက်နက်အဖြစ် အသုံးပြုခဲ့ကြသည်။ ရလဒ်အားဖြင့် မြန်မာ လူ့အဖွဲ့အစည်းသည်  ပွင့်လင်းမြင်သာမှုမရှိသည့် လူ့အဖွဲ့အစည်းအဖြစ် ရောက်ရှိခဲ့ရပြီး ပြည်ပ ကမ္ဘာနှင့် အဆက်အသွယ်ပြတ်ခဲ့သည်။ ဖွံ့ဖြိုးရေး ဘောဂဗေဒပညာရှင် အမတရာဆင်းပြောသကဲ့သို့ ရေအိုင်ထဲကဖားသူငယ်လို သတင်းမီဒီယာ ပွင့်လင်းလွတ်လပ်မှုမရှိသည့်အတွက်ကြောင့် ပြည်သူ အများမှာ ကိုယ့်လူ့အဖွဲ့ အစည်း ဘာဖြစ်လို ဖြစ်နေသည်၊ ဘယ်အခြေအနေရောက်နေပြီလဲကို သိရှိခဲ့ခြင်းမရှိပေ။

ဝါဒဖြန့်ချီရေးလက်နက်

              သို့နှင့် ကမ္ဘာ့တိမ်းညွန့်မှုများနှင့်အလှမ်းဝေးနေခဲ့ရပြီး ၂၀ ရာစုနှစ်တစ်လျှောက်လုံးယှဉ်ပြိုင်ခဲ့သည့် ideology ကြီးနှစ်ခု၏ နောက်ဆုံး ဇာတ်ကွက်ဖြစ်သော ဘာလင်တံတိုင်းပြိုကျခဲ့သည့် ဖြစ်ရပ်ကိုတောင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အသံသဲ့သဲ့လေးသာ ကြားသိခဲ့ရသည်။  န.ဝ.တ/ န.အ.ဖ စစ်အစိုးရလက်ထက်တွင်လည်း မှန်ကန်သည့် သတင်းအချက်အလက်များကို ပြည်သူများ သိရှိပိုင်ခွင့်မရှိဘဲ စောင်ရေ သန်းချီထုတ်ဝေသည့် နိုင်ငံပိုင်မီဒီယာများကို အသုံးပြု၍ ဝါဒဖြန့်ချီရေးလက်နက်အဖြစ်သာ အသုံးပြုခဲ့သည်။ စစ်အစိုးရလက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်မှ ဈေးကွက် စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့သော်လည်း ဗဟိုဦးစီးစနစ်ဖြစ်နေခြင်းကြောင့် နိုင်ငံသားအားလုံး တန်းတူဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည့် ဈေးကွက် အခင်းအကျင်းမျိုးဖြစ်မလာဘဲ ခရိုနီအရင်းရှင်စနစ်သာ ကြီးထွားခဲ့သည်။ လွတ်လပ်သည့် မီဒီယာများမရှိသည့်အတွက်ကြောင့် လူ့အဖွဲ့အစည်းအတွင်း သတင်းစီးဆင်းမှု နှေးကွက်လျက်ရှိလေရာ ဈေးကွက်စီးပွားရေး၏ မတည်ငြိမ်မှုကိုလည်း အချိန်မီထိန်းသိမ်းနိုင်ဖို့ ခဲယဉ်းခဲ့သည်။ ဥပမာအားဖြင့် ၂၀၀၃ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် အာရှဓနဘဏ်ဒေဝါလီခံမှုမှာ ပြည်သူများ၏မယုံကြည်မှုအပေါ် တာဝန်ရှိသူများက သတင်းမီဒီယာများမှတစ်ဆင့် အချိန်မီရှင်းပြ ပေးနိုင်ခဲ့လျှင် ပြည်သူအများ ဆုံးရှုံးနစ်နာမည်မဟုတ်။ ယင်းဖြစ်စဉ်ကို တလောကဖြစ်သွားခဲ့သည့် ကမ္ဘောဇဘဏ် ကောလဟာလနှင့် နှိုင်းယှဉ်ကြည့်လျှင် သတင်းမီဒီယာလွတ်လပ်ခွင့် အရေးကြီးပုံအထင်းသား တွေ့မြင်ရမည်ဖြစ်သည်။ ကမ္ဘောဇဘဏ် တာဝန်ရှိသူများနှင့် ဗဟိုဘဏ်တာဝန်ရှိသူများမှ မီဒီယာ များမှတစ်ဆင့် အာမခံပေးခဲ့ခြင်းကြောင့် ပြည်သူများ၏ ယုံမှားသံသယများ ကင်းရှင်းသွားခဲ့လေသည်။

အစိုးရသစ်၏ မီဒီယာဖြေလျှော့မှုများ

ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ပြည်သူအများဆုံးမလိုလားသည့် ဝန်ကြီးဌာနကိုပြောပါဆိုလျှင် ပြန်ကြားရေးဝန်ကြီးဌာနသာ ဖြစ်ပါ လိမ့်မည်။ အကြောင်းရင်းမှာ ယခင်စစ်အစိုးရလို အစိုးရ၏အဓမ္မလုပ်ရပ်များအပေါ် ဗြောင်လိမ်ပေးနေသည့် ဝန်ကြီးဌာနဖြစ်နေမည်ကို စိတ်အချဉ်ပေါက် နေ၍ဖြစ်သည်။ သို့သော် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအောက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှာလည်း လူအပြောင်းအလဲ၊ မူ အပြောင်းအလဲများဖြင့် အသွင်သစ်ဖြင့် လှုပ်ရှားလာပြန်သည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်အား တဖြည်းဖြည်း ဖြေလျှော့ပေးလာသည့်အတွက် ပုဂ္ဂလိက သတင်းမီဒီယာများ၏အရည်အသွေးမှာ တစ်ဟုန်ထိုးတက်လာခြင်းကြောင့် နိုင်ငံပိုင်မီဒီယာများအနေဖြင့်လည်း အသွင်မပြောင်းလျှင် ပြည်သူ၏ ယုံကြည်အားပေးမှုကို ရရှိတော့မည်မဟုတ်။ ထိုအတွက်ကြောင့် အောက်တိုဘာ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် “နိုင်ငံပိုင်သတင်းစာများကို အများပြည်သူဝန်ဆောင်မှု သတင်းစာများအဖြစ် ကူးပြောင်းရေးပြင်ဆင်နေပြီဖြစ်သည်”ဟူသောသတင်းမှာ ပြန်ကြားရေးဝန်ကြီးဌာန၏ အရေးကြီးသည့် ခြေလှမ်းများပင် ဖြစ်သည်။ အမှန်စင်စစ် သတင်းအချက်အလက် သိရှိပိုင်ခွင့်အပြည့်ရှိသည့် ဒီမိုကရေစီနိုင်ငံများတွင် ပြန်ကြားရေးဝန်ကြီးဌာနဟူ၍ မရှိခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ဒီမိုကရေစီရင့်ကျက် ခိုင်မာလာသည်နှင့်အမျှ ပြန်ကြားရေးဝန်ကြီးဌာနမှာ  ပျက်ပြယ်သွားမည်သာ ဖြစ်သည်။

မီဒီယာမှာ ကြောက်ရမည်မဟုတ်

သမ္မတဦးသိန်းစိန်အနေဖြင့် သတင်းမီဒီယာဖြေလျှော့မှုများ ပြုလုပ်လာခြင်းနှင့်အတူ မီဒီယာကိုပညာသားပါပါ ကိုင်တွယ်တက်လာလေပြီ ဖြစ်သည်။ ယခင်လို လွယ်အိတ်လေးတစ်လုံးဖြင့် သတင်းလိုက်နေသည့် ခပ်နွမ်းနွမ်းသတင်းသမား ပုံစံမျိုးမဟုတ်ဘဲ laptop ၊ smart phone များဖြင့် သတင်းယူနေသည့် ခေတ်ပြောင်းသတင်းသမားများကို အထင်သေး၍တိုက်ခိုက်ခဲ့လျှင် တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ခံရဖို့ရှိနိုင်သည်။ မီဒီယာကို ပါးပါးနပ်နပ် အသုံးပြုတတ်လျှင် အရေးကိစ္စအများစု ပြေလည်ပေမည်။ သမ္မတဦးသိန်းစိန် ပြည်တွင်း မီဒီယာများနှင့် နိုင်ငံတော်သမ္မတအိမ်တော်တွင် ပထမဆုံး လက်ခံတွေ့ဆုံစဉ်တုန်းက “ကျွန်တော်တို့မီဒီယာဟာ တကယ်တော့ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ နားတွေ၊ မျက်စိတွေပဲ ဖြစ်တယ်။ ပြည်သူတွေ သိဖို့အတွက်ကတော့ ပြည်သူသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖွဲ့တွေကတော့ ခင်ဗျားတို့အဖွဲ့တွေပဲဖြစ်ပါတယ်။ အဲဒီတော့ ဒီကနေ့ဒီအစိုးရနဲ့ ကျွန်တော်တို့ ဒီလုပ်ဆောင်ချက်တွေက ဒီစတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့မီဒီယာနဲ့ ပေါင်းစပ်လိုက်မှသာလျှင် ဒါပိုမိုပြီးတော့ ထိရောက် အောင်မြင် မယ်လို့ ကျွန်တော်ခံယူပါတယ်။ မီဒီယာက ကျွန်တော်တို့ အစိုးရအတွက်တော့ အရေးကြီးတဲ့ဆက်သွယ်ရေး ယန္တရားတွေဖြစ်တယ်လို့ ခံယူထားပါ တယ်”ပာု ပြောကြားသွားခဲ့ပါသည်။ သမ္မတ၏မီဒီယာများသို့ပြောကြားခဲ့သည့် ဤလုပ်ရပ်နှင့်ဤစကားမှာ မြန်မာနိုင်ငံတွင် နိုင်ငံတော် အကြီးအကဲများနှင့် ဗျူရိုကရက်များတွင် မီဒီယာမှာကြောက်ရမည်မဟုတ်ဟူသော မှန်ကန်သောအသိ စတင်နိဒါန်းပျိုးခြင်းပင်ဖြစ်သည်ဟု ယုံကြည် ပါကြောင်း…..။

***************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၂၅.၁၀.၂၀၁၂

ပြည်တွင်းသတင်း

  1. ရခိုင်အရေးနှင့်ပတ်သက်၍ NLD နှင့် ၈၈ မျိုးဆက်တို့ကြေညာချက်နှင့် ပန်ကြားချက်ထုတ်ပြန်
  1. နေပြည်တော်နှင့် တိုကျိုအား ညီနောင်မြို့တော်သတ်မှတ်မည်
  2. မြစ်ဆုံစီမံကိန်း အမှန်တကယ် လုံးဝရပ်ဆိုင်းပြီ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. မြန်မာနိုင်ငံ၏ ကြွေးမြီ မည်မျှရှိကြောင်း လွှတ်တော်၌ မေးခွန်းမေးမြန်း
  2. ဥပဒေချိုးဖောက်သည့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများအား အရေးယူနိုင်ရေးအဆိုတင်သွင်းမှုအား ဆွေးနွေး

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ရခိုင်အရေးနှင့်ပတ်သက်၍ NLD နှင့် ၈၈ မျိုးဆက်တို့ကြေညာချက်နှင့် ပန်ကြားချက်ထုတ်ပြန်

လက်ရှိ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီမှ ကြေညာချက်တစ်စောင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မေတ္တာရပ်ခံပန်ကြားချက်ကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ NLD ပါတီမှ ရခိုင်ပြည်နယ်ဒေသအချို့တွင် အဆောတစ်လျင်ဖြစ်သည့် စိတ်ငြိုငြင်စေမှု(သို့မဟုတ်) အန္တရာယ် ဖြစ်လိမ့်မည်ဟု စိုးရိမ်ဖွယ်ရှိသဖြင့် တားဆီးနိုင်ရန် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ထားကြောင်း၊ ရခိုင်တိုင်းရင်းသားနှင့် ဘင်္ဂါလီ လူမျိုးတို့အကြား ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦး၊ အမ်းဒေသများတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားလာသဖြင့် လူအသေအပျောက်များရှိခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားလည်းရှိကြောင်း ၀မ်းနည်းဖွယ်ရာ ကြားသိရကြောင်း၊ ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ထိန်းသိမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများက ပိုမိုဝီရိယစိုက်ထုတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများက ပိုမိုထိရောက်သောလုပ်ဆောင်မှုများ အမြန်ဆုံးဆောင်ရွက်ပါရန် အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထို့ပြင် လက်ရှိဖြစ်ပွားလျက်ရှိသော ရခိုင်အရေးနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ပဋိပက္ခများသည် ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံး၏ အရေးကိစ္စဖြစ်သည်ဟု ကျွန်ုပ်တို့၈၈မျိုးဆက်ကျောင်းသားများမှ ခံယူကြောင်း၊ ပဋိပက္ခများ ဖြေရှင်းရာတွင် လူ့အခွင့်အရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှုထောင့်များကို အခြေခံလျှက် အများပြည်သူ သဘောတူလက်ခံနိုင်သည့် ငြိမ်းချမ်းစွာဖြေရှင်းခြင်း နည်းလမ်းသာလျှင် အသင့်လျော်ဆုံးဖြစ်ကြောင်း၊ ပဋိပက္ခများကို အကြမ်းဖက်ဖြေရှင်းခြင်းအားဖြင့် ရလဒ်ကောင်းများ ထွက်ပေါ် လာလိမ့်မည်ဟု ကျွန်ုပ်တို့အနေဖြင့် ယုံကြည်ခြင်းမရှိကြောင်းနှင့် ရခိုင်ပြည်နယ်တွင် ယခုလတ်တလောဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ လုံးဝရပ်ဆိုင်း သွားရေးအတွက် ရဟန်းရှင်လူ မိဘပြည်သူ ကျောင်းသားကျောင်းသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူအားလုံး ဝိုင်းဝန်းကူညီထိန်းသိမ်းပေးစေလိုကြောင်း မေတ္တာရပ်ခံပန်ကြားချက် တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ မင်းပြားမြို့နယ်အတွင်း နေထိုင်ကြသည့် ကျေးရွာ အချို့မှ လူနေအိမ်များအား မီးရှို့ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့ရာမှ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် လူမျိုးစုအချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြပြီး အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့အထိ ဆူပူအကြမ်းဖက်မီးရှို့မှု ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ထို့ပြင် အောက်တိုဘာလ ၂၄ ရက်နံနက် ၉ နာရီအချိန်မှစတင်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ တက္ကသိုလ် ကျောင်းသားများမှ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် တိုင်းရင်းသားငြိမ်းချမ်းရေးကွန်ယက်မှ သံဃာတော် အပါး ၁၆၀ ကျော် လူပုဂ္ဂိုလ် ၅၀ ဦးခန့်မှ လွှတ်တော်တွင်းမှ တရားမ၀င်ဘင်္ဂါလီအမတ်များ ချက်ခြင်းဖယ်ရှားပေးရေးအတွက် ဆူးလေဘုရားရှေ့တွင် ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

NT

------------------------------------------------------------------------------------------------------------------------

နေပြည်တော်နှင့် တိုကျိုအား ညီနောင်မြို့တော်သတ်မှတ်မည်

မြန်မာနိုင်ငံ၏ ပထမမြို့တော် အစိုးရအာဏာပိုင်အဖွဲ့အစည်းများနေထိုင်ရာ နေပြည်တော်နှင့် ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုမြို့အား ညီနောင် မြို့တော်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်ရေးကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် နေပြည်တော်နဲ့ တိုကျိုကို ညီနောင်မြို့တော်အဖြစ် သတ်မှတ်သွားမှာပါ။ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ ရန်ကုန်တို့၊ မန္တလေးတို့ကိုလည်း တခြားနိုင်ငံကမြို့တွေနဲ့ ညီအစ်မမြို့တော်၊ ညီနောင်မြို့တော်တွေအဖြစ် ဖွဲ့စည်းခဲ့ပြီးပါပြီ"ပာု အစိုးရပိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ နေပြည်တော်နှင့် တိုကျိုတို့အား ညီနောင်မြို့တော်အဖြစ်သတ်မှတ်ရခြင်းမှာ မြန်မာ-ဂျပန် ချစ်ကြည်ရေးအရ သဘောတူညီခဲ့ကြခြင်း ဖြစ်ပြီး နေပြည်တော်သည် ဂျပန်နိုင်ငံ တိုကျိုနှင့် ပထမဆုံးချစ်ကြည်ရေးမြို့တော်ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

"နှစ်နိုင်ငံချစ်ကြည်ရေးကို အရင်းတည်ပြီးတော့ နေပြည်တော်နဲ့ တိုကျိုကို ညီနောင်မြို့တော်အဖြစ်ဖွဲ့စည်းဖို့သဘောတူခဲ့တာပါ။ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ ချစ်ကြည်ရင်းနှီးမှုတွေ ပိုလုပ်လာနိုင်လိမ့်မယ်လို့ထင်ပါတယ်။ တိုကျိုရဲ့ အုပ်ချုပ်ရေးနည်းပညာကို နေပြည်တော် ကိုပါ ဝေမျှပေးသွားမှာပါ"ပာု ဆောက်လုပ်ရေးလုပ်ငန်းစုတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံ၏ တိုကျိုမြို့တော်ဝန်လာရောက်မည်ဖြစ်ပြီး မကြာသေးမီကာလအတွင်းက မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် ရန်ကုန်နှင့် ဗီယက်နမ်နိုင်ငံ၏မြို့တော် ပာိုချီမင်းတို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ကြောင်း သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သည်။

YC

------------------------------------------------------------------------------------------------------------------------

မြစ်ဆုံစီမံကိန်း အမှန်တကယ် လုံးဝရပ်ဆိုင်းပြီ

နိုင်ငံတော်သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားသော ကချင်ပြည်နယ်အတွင်းရှိ ဧရာဝတီမြစ်ဆုံ စီမံကိန်းလုံးဝရပ်ဆိုင်းရေးအတွက် ရောင်စုံတံတားကို ပြန်လည်ပြင်ဆင်ကာ လုပ်ငန်းသုံးယာဉ်ကြီးများအား တရုတ်နိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

"ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းဆောင်ရွက်တုန်းက အသုံးပြုခဲ့တဲ့ လုပ်ငန်းသုံးယာဉ်ကြီးတွေကို တရုတ်နိုင်ငံကို ပြန်သယ်သွားတော့မှာပါ။ အခု လောလောဆယ်တော့ ကန်ပိုက်တီးရောင်စုံတံတားကို ပြန်လည်ပြင်ဆင်နေပါတယ်။ ပြင်ဆင်မှုတွေ ပြီးသွားပြီဆိုတော့ မြစ်ဆုံစီမံကိန်းကို သမ္မတ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းသွားမှာပါ"ပာု CPI ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းတံတားမှာ ကျိုးပဲ့ပျက်စီးလျက်ရှိသည့်အတွက် တရုတ်ဆောက်လုပ်ရေးကုမ္ပဏီ ထိန်ချုံးက ပြန်လည်ပြင်ဆင်တည်ဆောက်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်လည်လုပ်ကိုင်လျက်ရှိနေသည့်ဆိုသည့် သတင်းများမှာ ပာုတ်မှန်ခြင်းမရှိကြောင်း ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"'ဒီတံတားကို ထိန်ချုံးက တာဝန်ယူတည်ဆောက်သွားမှာပါ။ နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ မြစ်ဆုံမှာတည်ဆောက်မှုတွေ ရပ်ဆိုင်းထားဖို့ အမိန့် ထုတ်ပြန်ခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြင်ပမှာ အသံထွက်နေပါတယ်။ ခုလို ကိုယ့်ပစ္စည်းကိုယ်သယ်ပြီး ကိုယ့်ဒေသကိုယ်ပြန်မယ် ဆိုတော့ ဒီသမ္မတသက်တမ်းအတွင်းမှာတော့ ပြည်သူတွေ စိတ်အေးရပါပြီ"ပာု ကချင်ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် မကြာသေးမီကာလအတွင်းက Kachin Development Workers' Network မှ မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံများအပေါ် သက်ရောက်လျက်ရှိသည့် ထိခိုက်မှုများနှင့်ပတ်သက်၍ သီးသန့်စာတမ်းတစ်စောင်ကို ထုတ်ဝေခဲ့ပြီး ယင်းစာတမ်းကို ၂၀၁၂ မေလပိုင်းမှစတင်၍ ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

မြန်မာနိုင်ငံ၏ကြွေးမြီ မည်မျှရှိကြောင်း လွှတ်တော်၌ မေးခွန်းမေးမြန်း

ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် မင်းလှမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ယာယီစာရင်းများအရ မြန်မာနိုင်ငံတွင် ကြွေးမြီစုစုပေါင်းမည်မျှရှိသည်၊ မြန်မာနိုင်ငံတွင် လည်ပတ်နေသော ငွေကြေးမည်မျှရှိသည်၊ မြန်မာနိုင်ငံ၏ နိုင်ငံခြား အရန်ငွေနှင့် ရွှေတန်ဖိုးမည်မျှရှိသည်တို့ကို သိရှိလိုကြောင်း မေးခွန်းမေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြည်ပကြွေးမြီ တိုးရင်းစုစုပေါင်း မှာ အမေရိကန်ဒေါ်လာ ၁၅၀၈၉.၄၃၄ သန်းရှိပြီး ပြည်တွင်းကြွေးမြီစုစုပေါင်းမှာ ငွေကျပ်သန်းပေါင်း ၉၉၈၈၈၅၇ ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တစ်နိုင်ငံလုံးတွင် လည်ပတ်သုံးစွဲနေသော ငွေပမာဏမှာ ၂၀၁၂-၂၀၁၃(စက်တင်ဘာလကုန်)အထိ ငွေကျပ်သန်းပေါင်း ၆၁၉၉၁၂၂.၉၅ ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေနှင့် ရွှေတန်ဖိုးကိုမူ စိစစ်ဆောင်ရွက်လျက်ရှိပြီး သီးခြားတင်ပြ သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် မေးခွန်း ၅ ခုမေးမြန်းခြင်း၊ အစီရင်ခံစာတင်သွင်းခြင်းနှင့် ဥပဒေကြမ်း(၁)ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

YC

------------------------------------------------------------------------------------------------------------------------

ဥပဒေချိုးဖောက်သည့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများအား အရေးယူနိုင်ရေးအဆိုတင်သွင်းမှုအား ဆွေးနွေး

ဥပဒေချိုးဖောက်သည့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများအား အရေးယူနိုင်ရေးအဆိုတင်သွင်းမှုအား အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျင်းပ ခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဆွေးနွေးခဲ့သည်။

ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့တွင်  အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းတင်သွင်းသည့် ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှု စနစ်တစ်ရပ်ဖြစ်ပေါ်ရေးအတွက် အုပ်ချုပ်ရေးအာဏာကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် အဆင့်ဆင့်သောအုပ်ျုပ်ရေးတာဝန်ရှိသူများအနေဖြင့်  ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျစွာလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဥပဒေချိုးဖောက်ကာ လုပ်ကိုင်ဆောင်ရွက်နေသူများကိုလည်း ထိရောက်စွာ အရေးယူနိုင်ပါရန်အဆိုအား ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးပေါ်လျှံလွင်က ထောက်ခံဆွေးနွေးခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က စည်းကမ်းပိုင်းတွင် နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေချိုးဖောက်ခြင်း၊ စည်းကမ်းပျက်ယွင်းခြင်း၊ စာရိတ္တ ပျက်ပြားခြင်း၊ လုပ်ငန်းတာဝန် မကျေပွန်ခြင်း၊ ဌာနဆိုင်ရာ စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်ကို ဖောက်ဖျက်ခြင်းတို့ ရှိလာပါက ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ပြစ်ဒဏ်(၉)မျိုးဖြင့် တိတိကျကျအရေးယူ အပြစ်ပေးလျက်ရှိကြောင်းနှင့် ဥပဒေနှင့်အညီ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးအရေးယူခြင်းဖြင့်လည်း ပြတ်ပြတ်သားသား အရေးယူလျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် သမ္မတရုံးဝန်ကြီးဌာနအနေဖြင့်လည်း Good Governance and Clean Government နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံ တင်ပြစာ များကိုစိစစ်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်၊ ထိန်းသိန်းကြပ်မက်ဆောင်ရွက်လျက်ရှိကြောင်း၊ မနာလိုဝန်တိုမှု၊ လုပ်ကြံမှု၊ အသေရေပျက်စေလိုမှုနှင့် တစ်ဖက်သတ် အနိုင်ရလိုမှုကြောင့် မတရားတိုင်ကြားလာမှုစသည့် မမှန်မကန် တင်ပြတိုင်ကြားလာသူများကိုလည်း သင့်လျော်သလို အရေးယူမှုများ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်ကြားစာများအရ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျုးလွန်ကြောင်း မှန်ကန်သူများကို သက်ဆိုင်ရာ ပြစ်မှုအလိုက် ထောင်ချ၊ ထုတ်ပယ်ခြင်း၊ ရှုတ်ချထုတ်ပစ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ အဆင့်လျှော့ချခြင်း၊ အဆင့်တိုး ရပ်ဆိုင်းခြင်း၊ နယ်ပြောင်းရွှေ့ခြင်း၊ မှတ်တမ်းတင်သတိပေးခြင်း၊ နှုတ်ဖြင့်သတိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဦးစိုးမောင်က ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားကို ရယူရာတွင် ထောက်ခံမဲများသည့်အတွက် အဆိုကို အတည်ပြုကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက အတည်ပြုကြေညာခဲ့သည်။

YC

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောင်နှုတ်ချက်များ

“စည်းရုံးရေးအတွက် ကျေနပ်မှုမရှိဘူး။ NLD ပါတီနဲ့ ပါတီခေါင်းဆောင်မှုအပေါ် ယုံကြည်ခြင်းကို ရိုက်ချိုးသလိုဖြစ်တယ်။ ပါတီခေါင်းဆောင်ကို ဆန့်ကျင်တာမဟုတ်ပါဘူး။ ဗဟိုဦးစီးချုပ်ကိုင်စနစ်ကိုမကြိုက်လို့ ပါတီပြိုကွဲရေးကို လုပ်နေသလိုဖြစ်လို့ နုတ်ထွက်တာပါ”

အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် မဇ္စျိမဂျာနယ် အတွဲ(၁)၊ အမှတ်(၅)တွင်ပါရှိသည့် ပုသိမ် NLD အဖွဲ့ဝင် ၅၀၀ ခန့် နုတ်ထွက်ရန်ပြင်ဆင်နေဟု ဆိုသည့် သတင်းမှ ပုသိမ်မြို့နယ်စည်းရုံးရေးအဖွဲ့ဝင် ကိုမြင့်စိုးလေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

                                                        ****************************************

ဒေသခံပြည်သူတွေကို အကာအကွယ်ပေးတဲ့ နည်းဥပဒေတွေမရှိဘဲနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံမယ်ဆိုရင် ပြည်သူတွေပဲနစ်နာမှာပါ။ တချို့ ကုမ္ပဏီတွေက ပြည်သူတွေဥပဒေအကြောင်း နားလည်မှုအားနည်းတာကို အခွင့်ကောင်းယူပြီး လျော်ကြေးအနည်းငယ်သာပေးပြီး မြေယာသိမ်းတာတွေ လုပ်တာကို တွေ့နေရပါတယ်

အောက်တိုဘာလ ၂၃ ရက်နေ့ထုတ် မဇ္စျိမဂျာနယ် အတွဲ(၁)၊ အမှတ်(၅)တွင်ပါရှိသည့်  လယ်ယာမြေကဏ္ဍတွင် ပုဂ္ဂလိကနှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို စိုးရိမ်မှုများဖြစ်ပေါ် သတင်းဆောင်းပါးမှ လယ်သမားအရေး အလုပ်သမားအရေး လှုပ်ရှားသူ နိုင်ငံရေးသမား ဦးဝင်းချို၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်။

                                                        ****************************************

“Black List စာရင်းမှာ ၃၄၀၀ လောက်ကျန်တာပေါ့။ ဒါတွေအားလုံးဟာ ကျွန်တော်တို့ရဲ့ အမိန့်အာဏာ၊ သမ္မတကြီးရဲ့ အမိန့်အာဏာတို့နဲ့ ကြေညာလို့ မရဘူး။ ဘာလို့မရတာလဲဆိုတော့ သူတို့မှာ အပြစ်တွေရှိတယ်။ အဲဒီအပြစ်တွေကို သူတို့က ကျခံဖို့လိုတယ်။ တချို့ကလဲ ငွေအလွဲသုံးစားလုပ်ပြီး ထွက်ပြေးသွားတဲ့ သူတွေရှိတယ်။ ဒါတွေ ပြန်လျော်ပေးဖို့လိုတယ်။ နစ်နာတဲ့သူရှိတဲ့အတွက် အဲဒီနစ်နာတဲ့သူတွေကို ကျော်လွှားပြီးတော့ ကျွန်တော်တို့က သဘောကောင်းလို့မရဘူး။ နစ်နာတဲ့သူတွေကျေနပ်ဖို့ လိုတယ်။ အဲဒါတွေလုပ်ပြီးရင်တော့ ကျွန်တော်တို့က သူတို့ကို Black list စာရင်းက ဖြုတ်ပေးမယ်”

အောက်တိုဘာလ ၂၅ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်  အတွဲ(၈)၊ အမှတ်(၄၁)တွင်ပါရှိသည့် Black list စာရင်းတွင် ကျန်ရှိနေသူများအား သမ္မတ အမိန့်ဖြင့် ပယ်ဖျက်၍မရနိုင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောကြားသတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive