Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၆.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ အတိတ်ကရက်စက်မှုများအတွက် ပြန်ပေါ်လာသော ရှုပ်ထွေးမှု့အသစ်များ

(1 nov 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Myanmar: Old atrocity, new implications ကိုဘာသာပြန်ပါသည်။)

  1. ရိုဟင်ဂျာများကို ကျောထောက်နောက်ခံမပြုနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(ပါကစ္စတန်သတင်းစာတစ်စောင်ဖြစ်သော The News မှ 4 Nov 2012 ရက်စွဲပါ Cannot back Myanmar's Rohingya: Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ အတိတ်ကရက်စက်မှုများအတွက် ပြန်ပေါ်လာသော ရှုပ်ထွေးမှု့အသစ်များ

(1 nov 2012 ရက်စွဲပါ Asia Times Online မှ Bertil Lintner ရေးသားသော Myanmar: Old atrocity, new implications ကိုဘာသာပြန်ပါသည်။)

လွန်ခဲ့သောအနှစ်နှစ်ဆယ်က လက်နက်ကိုင်အစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများကျူးလွန်ခဲ့သောရက်စက်လှသည့် သွေးထွက်သံယို ဖြစ်ရပ်များသည် မြန်မာနိုင်ငံတွင်တဖန်ပြဿနာဖြစ်လျက်ရှိရာ မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှု၏အချို့အစိတ်အပိုင်းများ၊ နိုင်ငံခြားမှထောက်ပံ့ပေးသူများ နှင့် အမည်ခံအရပ်သား အစိုးရအသစ်တို့အပေါ် အကျိုးဆက်များစွာသက်ရောက်မှုရှိလာပေမည်။

အသက်ရှင်ကျန်ရစ်သူများ၊ ခံခဲ့ရသူများ၏မိသားစုများသည် ၎င်း၏နာကျင်မှု၊စိတ်ဆိုးမှုများကို နှစ်ပေါင်းနှစ်ဆယ်ကျော်သိုဝှက်ထားခဲ့ပြီးနောက် ယခုအခါ တာဝန်ရှိသူများအပေါ်တရားစီရင်နိုင်ရေး တောင်းဆိုလျက်ရှိပါသည်။ စွပ်စွဲခံရသောသတ်ဖြတ်ရာတွင်တာဝန်ရှိသူအချို့မှာ ထိုင်းနိုင်ငံတွင် နေထိုင် လျက်ရှိပြီး နိုင်ငံတကာ NGO များကထောက်ပံ့ထားပါသည်။ သို့သော် အကယ်၍နောက်ဆုံးတွင်တရားဥပဒေအတိုင်း စီရင်ခဲ့ပြီထားဦး၊ ဤမျှနှင့်ပင် ရပ်သွားမည်လော။ စစ်တပ်ကရောအတိတ်က ကျူးလွန်ခဲ့မှုများအပေါ် နောက်ကြောင်းပြန်စစ်ဆေးမှုများကို မည်မျှအထိခွင့်ပြုမည်နည်း။

မြန်မာအာဏာပိုင်များသည် ထိုကိစ္စကိုကောင်းမွန်စွာသိရှိသော်လည်းနှုတ်ပိတ်နေသည်မှာ ထင်ရှားလှပါသည်။ မြန်မာနိုင်ငံအတွင်းမှ သတင်း အရင်းအမြစ်တစ်ခုက နှစ်ပေါင်းနှစ်ဆယ်ကြာသည့်တိုင် ကျောင်းသားများသည် အဆိုပါမိမိ ရဲဘော်အချင်းချင်း သတ်ဖြတ်ခြင်းကို မမေ့နိုင်၊ ခွင့်မလွှတ်နိုင်ဟု ဆိုပါက ၁၉၈၈ တွင် စစ်တပ်ကထောင်ပေါင်းများစွာသောသူများကိုသတ်ဖြတ်၍ ထောင်ချခြင်းအပေါ်တရားစီရင်ရေးက မည်သို့နည်းဟု မေးခွန်းထုတ် ထားပါသည်။

၁၉၂၂ အစောပိုင်းက မြောက်ပိုင်းကချင်ပြည်နယ် တရုတ်နယ်စပ်တွင်ရှိသော ABSDF တပ်တွင် ကျောင်းသားတပ်သား ၃၅၀-၄၀၀ ခန့် ရှိသည့်အနက် သုံးပုံတစ်ပုံ (သို့မဟုတ်) ၁၀၇ ဦးအား စစ်တပ်အစိုးရ၏ သူလျှို သို့မဟုတ် ထောက်လှမ်းရေးများဟု စွပ်စွဲခဲ့ပါသည်။

အသက်ရှင်ကျန်ရစ်သူများ၏ ပြောပြချက်အရ (၃၆) ဦးမှာ သတ်ဖြတ်ခံရခြင်း သို့မဟုတ် စစ်ဆေးမေးမြန်းနှိပ်စက်ခြင်းကြောင့် သေဆုံးခြင်း ဖြစ်ခဲ့သည်ဟုသိရပါသည်။ တောထဲတွင် ဒီမိုကရေစီအတွက်နှစ်အတန်ကြာတိုက်ပွဲဝင်ခဲ့သူအချို့လည်း နှိပ်စက်ခံရမှုကြောင့်သေဆုံးကြကြောင်း ပြောပြချက်အရသိရပါသည်။

မန္တလေးမှ နာမည်ကြီး ကျောင်းသားလှုပ်ရှားသူဟောင်းဖြစ်သူ ABSDF မြောက်ပိုင်းဥက္ကဌ ထွန်းအောင်ကျော်မှာ သံပူနှင့်နှိပ်စက်ခံရပြီးနောက် ခေါင်းဖြတ်ခံရသည်ဟု ပြောပြကြပါသည်။ ၎င်းအားခေါင်းမဖြတ်မီ ခေါင်းဖြတ်ခံရသူတစ်ဦးထံမှကျသောသွေးများကို သောက်ခိုင်းခဲ့သည်ဟုဆိုပါသည်။ နောက်ထပ်စွပ်စွဲမှုများပြုလုပ်ပြီး အဖမ်းခံရသူတစ်ဦးမှာအောင်ဖုန်းဆိုသူဖြစ်ပြီး ၎င်း၏ခြေထောက်ကိုမြေမြှုပ်မိုင်းတွင်တွဲချီ၍ဗုံးခွဲခဲ့ရာ ခြေထောက်ပြတ် သွားခဲ့ပါသည်။ ထိုနေ့တွင်ပင် ၎င်းအားခေါင်းဖြတ်သတ်ခဲ့ပါသည်။

ထိုသို့စွပ်စွဲပြီး သတ်ဖြတ်မှုများမှာ ၁၉၉၁ ခုနှစ်နှောင်းပိုင်းတွင်ဖြစ်ပြီး ABSDF စခန်းနှင့် မျက်နှာချင်းဆိုင်ရှိ တရုတ် Yingjiang နယ်ရဲများက မြန်မာလူငယ် ၁၀ ဦးအား လက်နက်များနှင့်အတူဖမ်းဆီးခဲ့ရာမှစတင်ခဲ့ပါသည်။ နောက်ပိုင်း ၎င်းတို့အားစခန်းသို့ပြန်လည်ပို့ပေးခဲ့အပြီးတွင် လူငယ်များကြား ဆိုးရွားသော ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ပါသည်။

နောက်ပိုင်းထွက်လာသော ABSDF ၏ ဗီဒီယိုတိတ်ခွေတွင် စွပ်စွဲမှုမှသည်တရားစီရင်ပုံများကိုပါပြသခဲ့ပါသည်။ ဗီဒီယိုတိတ်မှ အဖြစ်အပျက်များ သည် ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုကိုဝန်ခံသည့် သက်သေများပင်ဖြစ်ပါသည်။ ၎င်းတို့၏ ထွက်ဆိုချက်များမှာ ကမ္ဘောဒီးယားရှိ Khmer Rouge ၏ Tuol Sleng ထောင်ထဲတွင် နှိပ်စက်၍ ဝန်ခံထားသည်များ၏ ပုံစံအတိုင်းအသေးစိတ်ရှိလှပါသည်။ အကျဉ်းကျခံရသူများမှာ ညဖက်တွင်တဲအတွင်း၌ မြေကြီးပေါ်တွင်ခြုံစရာမရှိပဲအိပ်ကြရပါသည်။

“ကျွန်တော်တို့ရဲ့အသက်တွေက သူတို့ရဲ့လက်ထဲမှာဆိုတော့ သူတို့ပြောစေချင်တဲ့အတိုင်းပြောရတာပေါ့” ဟု အသက်ရှင်ရစ်သူရန်ကုန်မှ နာမည်ကြီးပန်းချီဆရာထိန်လင်းကပြောပါသည်။ နောက်ထပ် အသက်ရှင်ကျန်ရစ်ခဲ့သူ နန်းအောင်ထွေးကြည်က ပြောရာတွင် သူ၏ခေါင်းအားသေနတ်ဖြင့် ချိန်၍ သူနားမလည်သော မေးခွန်းများဖြစ်သည့် “မင်း ကိုဘာတွေလုပ်ဖို့ အမိန့်ပေးထားလဲ” ဟု မေးမြန်းသည်ဟု ဆိုပါသည်။

သူသည် ထိုစဉ်က အတွေးအခေါ်ကောင်းသော အသက် ၂၀ အရွယ်ကျောင်းသူတစ်ဦးဖြစ်ပြီး အစိုးရထောက်လှမ်းရေးမှ ဒုဗိုလ်အဆင့်ရှိသူဟု စွပ်စွဲခံခဲ့ရပါသည်။ ယခုအခါ သူသည် ဆစ်ဒနီ မြို့တွင်နေထိုင်ပြီး မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံ့ပံ့ပိုးလျက်ရှိပါသည်။

စွပ်စွဲခံရသူများ၏မိသားစုများ စခန်းသို့လိုက်သွားကြပါသည်။ နန်းအောင်ထွေးကြည်အပါအဝင်အချို့ကိုလွှတ်ပေးခဲ့ပါသည်။ ထိန်လင်း ကဲ့သို့သော အခြားလူများမှာ ထွက်ပြေးရန် ကြိုးစားရင်း အစိုးရတပ်၏ ဖမ်းဆီးခြင်းခံရပြီး ထောင်ထဲတွင် နှစ်ပေါင်းများစွာနေခဲ့ရပါသည်။

ထိုစဉ်က အဆိုပါသတ်ဖြတ်မှုများကို ပြင်ပကမ္ဘာက အာရုံစိုက်မှုနည်းခဲ့ပါသည်။ ထိုင်းနိုင်ငံမှ နေ့စဉ်သတင်းစာ The Nation မှ သတင်းထောက် Yindee Lertcharoenchok သည်မြောက်ပိုင်းစခန်းသို့ သွားရောက်လည်ပတ်ခဲ့ပြီး ထိုအကြောင်းကိုရေးသားခဲ့ပါသည်။ အဆိုပါ သတင်းသည် ၁၉၉၂ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့က လူသတ်မှုများကိုဖော်ပြထားရာ ယခုမထုတ်ဝေတော့သော ဟောင်ကောင်အခြေစိုက် ထိုစဉ်က အပတ်စဉ်ထုတ် Far Eastern Economic Review ကလည်း မီးမောင်းထိုးဖော်ပြခဲ့ပါသည်။

ထိုစဉ်က အဆိုပါအစိုးရဆန့်ကျင်ရေးကျောင်းသားအုပ်စုများကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထောက်ပံ့ နေသော နိုင်ငံတကာအဖွဲ့အစည်းများသည် ထိုကိစ္စကိုရေငုံနှုတ်ပိတ်နေခဲ့ကြပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထိုင်းနယ်စပ်ရှိ ABSDF ဗဟိုက ၁၉၉၂ ခုနှစ် မတ်လ ၁ ရက်နေ့က ထိုသို့ဖမ်းဆီးသတ်ဖြတ်ရခြင်းမှာအစိုးရသူလျှိုများက ABSDF ခေါင်းဆောင်များကိုလုပ်ကြံရန် ကြိုးစားခြင်းကြောင့်ဟု အကြောင်းပြ စာ ထုတ်ပြန်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ထိုစဉ်က ABSDF တစ်ခုလုံး၏ ဥက္ကဋ္ဌအောင်နိုင်သည် မြောက်ပိုင်းစခန်းသို့သွားရောက်ခဲ့ပြီး ဖမ်းဆီးထားမှုများကိုသတ်ဖြတ်ရေးအတွက် ကန့်ကွက်မှုမရှိခဲ့ပေ။ ထိုစဉ်က ၎င်းထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖမ်းဆီးခံရသူများကိုသူလျှိုအဖြစ်ညွှန်းဆိုခဲ့ပါသည်။ ယခုနှစ် သြဂုတ်လ ၃၁ ရက် နေ့ နိုင်အောင်မြန်မာနိုင်ငံသို့လာရောက်စဉ်တွင် စိတ်ဆိုးလျက်ရှိသောအသက်ရှင်ကျန်ရစ်သူများက လေဆိပ်တွင်လူသတ်သမားဟူသော ဆိုင်းဘုတ် ကိုင်၍ ကြိုဆိုခဲ့ကြပါသည်။

ထိုလူသတ်မှုများ ဖြစ်ပွားစဉ် ABSDF မြောက်ပိုင်းဗျူရို အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင်က ထိုင်းအခြေစိုက်စာရေးဆရာ phil Thornton ၏ Restless Soul စာအုပ်၏ Rehels, Medics and Misfits on the Thai-burma border အခန်းတွင် လူသတ်ရာ၌ ကဏ္ဍတစ်ခု ပါဝင်ခဲ့ပုံကို ဝန်ခံထားပါသည်။

ယနေ့တွင်မူ ရော်နယ်အော်နိုင်သည် ထိုင်းနယ်စပ်အခြေစိုက် Frum For Democracy in Burma အကြီးအကဲဖြစ်ပြီး ချင်းမိုင်တွင် မီဒီယာများကို လေ့ကျင့်သင်ကြားပေးသူဖြစ်နေပါသည်။ သတ်ဖြတ်မှုများတွင်တာဝန်ရှိသည်ဟု စွပ်စွဲခံရသူအချို့သည် ယခုအခါနိုင်ငံတကာအဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများရယူလျက်ရှိပါသည်။ ယခုအခြေအနေမှာ မြန်မာနိုင်ငံနှင့်နိုင်ငံခြားတွင်နေထိုင်လျက်ရှိသည့် အဆိုပါသတ်ဖြတ်မှုမှ လွတ်မြောက် လာသူများက ထိုကိစ္စကို အစဖော် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

နိုင်အောင်က Asia Times Online မှ မေးခွန်းကို စာဖြင့်ပြန်လည်ဖြေဆိုရာတွင် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ရခြင်းအတွက် နောင်တရကြောင်း၊ ထိုအဖြစ်အပျက်များမှာ ABSDF ဌာနချုပ်မှ သိရှိခြင်းနှင့် ဆုံးဖြတ်ခြင်း မရှိပဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုပါသည်။ The Nation သတင်းစားမှသတင်းကို မတွေ့မချင်း၎င်းကိစ္စကိုမသိကြောင်း၊ အမှန်တကယ်ဖြစ်ပျက်ခဲ့မှုများနှင့် ပတ်သက်၍၎င်း၏ဌာနချုပ်သည် ကာယကံ အားဖြင့်လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းအားဏာဖြင့်လည်းကောင်း စုံစမ်းခြင်း၊ လိုက်လံလုပ်ဆောင်ခြင်းများမရှိခဲ့ကြောင်း ၎င်းကဆိုပါသည်။

နိုင်အောင်သည် ဟားဗက်တက္ကသိုလ်၏ Kennedy School of Government တွင် စကောလားရှစ် ရရှခဲ့သော်လည်း အထက်ပါ လူသတ်ပဲါမှ အသက်ရှင်ကျန်သူများကန့်ကွက်မှုကြောင့် ၂၀၀၂ ခုနှစ်တွင် ပြန်လည်ရုတ်သိမ်းခံခဲ့ရပါသည်။ ရော်နယ်အောင်နိုင်မှာလည်း BBC မြန်မာပိုင်းအစီအစဉ်တွင် သတင်းထောက်အဖြစ်ငှားရမ်းခံရသော်လည်း ထိုအကြောင်းပြချက်ကြောင့်ပင်နေရာအတွက် ဆုံးရှုံးခဲ့ရပါသည်။

စာရေးသူနှင့် ယခုလရန်ကုန်တွင်တွေ့ဆုံခဲ့သော အသက်ရှင်ကျန်ရစ်သူများနှင့်သေဆုံးသွားကြသူများ၏ မိသားစုဝင်များသည် အဆိုပါအမှုကိစ္စ များကို ပြောပြရန်စိတ်အားထက်သန်နေကြသည်။ အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်ပြီး နောက်ကြောင်းပြန်ရေးသားမှုများ မကြာသေးမီက မြန်မာမီဒီယာ များတွင် ဖော်ပြခဲ့ကြပါသည်။

အသက်ရှင်ကျန်ရစ်သူ ဆမားညီညီ၏အစ်ကိုဖြစ်သူ ဥိးမောင်မောင်ရွှေကရဝိတ်ရေးသားသော ခေတ်သစ်ဟသာင်္ကိုးသောင်းဇာတ်မှ အတွေ့ အကြုံများ စာအုပ်သည်အဆိုပါ လူသတ်ပွဲများကို စိတ်ဝင်စားဖွယ်ရေးသားထားပါသည်။ အသက်ရှင်ကျန်ရစ်သူ တစ်ဦးကပြောကြားရာတွင် ၎င်းတို့သည် ယနေ့အထိလူကြားထဲသို့မထွက်လိုကြောင်း စစ်တပ်သည် ဒီမိုကရေစီလှုပ်ရှားမှုများကိုဆန့်ကျင်ရေးအတွက် ၎င်းတို့ကိုအသုံးချ၍ဝါဒဖြန့်မည်ကို စိုးရိမ် သောကြောင့်ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း အသက်ရှင်ကျန်ရစ်သူများမှာ အတိုက်အခံထံမှ စာနာသနားမှုသော်လည်းကောင်း ထောက်ခံမှုသော်လည်းကောင်း အနည်း ငယ်သာရရှိပါသည်။ ထိုကိစ္စအသံကျယ်လာပါက ဒီမိုကရေစီလှုပ်ရှားမှုများကို ထိခိုက်မည်စိုးသောကြောင့် ငြိမ်နေကြခြင်း ဖြစ်ပုံရပါသည်။ အစိုးရအနေဖြင့် ၎င်းတို့၏ တရားမျှတမှုမရှိပဲ နှိပ်စက်ခံရသည်များကို နားထောင်ရန်ဝန်လေးနေခြင်းမှာ ထိုကိစ္စနှင့်နွယ်၍ စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စွပ်စွဲမှုများဆက်တိုက်ဖြစ်လာပါက ကိုင်တွယ်ရန်ခဲယဉ်းသောကြောင့် ဖြစ်ပါသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Human Rights Watch နှင့်အခြား လူ့အခွင့်အရေးအဖွဲ့အစည်းများသည် မြန်မာစစ်တပ်၏ တရား ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ၊ ဖမ်းဆီးခြင်းများ၊ နှိပ်စက်ခြင်းများနှင့်အဓမ္မပြုကျင့်ခြင်းများနှင့်ပတ်သက်၍ အသေးစိတ်အထောက်အထားများ ရှိနေပါသည်။

“ABSDF ရဲ့ အဖြစ်အပျက်မှာ စစ်တပ်က တိုင်းရင်းသားအုပ်စုများကို ကျူးလွန်သောဖြစ်ရပ်များအတွက် ဥပမာဖြစ်သင့်ပါတယ်” ဟု Human Rights Watch မှ မြန်မာနိုင်ငံအတွက်သုတေသနပြုသူ Daoid Mathieson ကပြောကြားခဲ့ပါသည်။ “ဒီကိစ္စဟာ အတိတ်ကျူးလွန်ခဲ့မှုတွေအပေါ် အရေးယူပေးဖို့ပြည်သူကြားမှာတောင်းဆိုမှုတွေဖြစ်ဖို့ မီးပွားဖြစ်လာနိုင်ပါတယ်။ ကျူးလွန်မှုတွေကိုအရေးယူမှုမရှိ တရားဝင်သဖွယ်လုပ်ဆောင်လာတဲ့ ဆယ်စုနှစ်များစွာ အတွက် ချုပ်ငြိမ်းဖို့ အကောင်းဆုံးလမ်းစဉ်ကို အခြေအတင် ငြင်းခုန်လာကြပါလိမ့်မည်” ဟု ၎င်းကဆိုပါသည်။

မတရားမှုများ ချူပ်ငြိမ်းရေးအတွက် ပထမဆုံးလုပ်ဆောင်ပြရမည့်သူများမှာ ABSDF သတ်ဖြတ်မှုမှ လွတ်မြောက်လာကြသူများ ဖြစ်ပါသည်။ သို့သော် ၎င်းတို့၏အမှုကိစ္စများကို မြန်မာနိုင်ငံမှတရား စီရင်ရေးအဖွဲ့များ သို့မဟုတ် အခြားအဖွဲ့များက ကိုင်တွယ်ရန်ဆန္ဒရှိမရှိ စောင့်ကြည့်ရဦးမည် ဖြစ်ပါသည်။ “အတိတ်ကကျူးလွန်မှုတွေကိုလျစ်လျူရှုထားတာဟာ ကျူးလွန်သူတွေအပြစ်မရှိဘူးးလို့ဆိုလိုတာနဲ့ အတူတူပါပဲ။ အပြစ်မဲ့သားကောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် အမှန်တရားကိုငြင်းပယ်တာပဲ။ သေနတ်ကိုင်ထားတဲ့မျိုးဆက်သစ်တွေကို အရပ်သားတွေအပေါ်ရက်စက်မှုတွေ တရားဝင် လုပ်လို့ရတယ်လို့ အလေးအနက်ပြောနေသလိုပါပဲ” ဟု Mathieson ကပြောပါသည်။ “မြန်မာ့တပ်မတော်ရော တိုင်းရင်းသားလက်နက်ကိုင်တွေရော တရားဥပဒေရဲ့ ပြည့်စုံတဲ့စုံစမ်းစစ်ဆေးမှုတွေကို ကြုံတွေ့ရဖို့ခဲယဉ်းပါတယ်”  ဟု ၎င်း ကပြောပါသည်။

      ------------------------------------------------------------------------------------------------------------        

ရိုဟင်ဂျာများကို ကျောထောက်နောက်ခံမပြုနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(ပါကစ္စတန်သတင်းစာတစ်စောင်ဖြစ်သော The News မှ 4 Nov 2012 ရက်စွဲပါ Cannot back Myanmar's Rohingya: Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့်ရိုဟင်ဂျာမွတ်စလင်များကိုယ်စား ထုတ်ဖော်ပြောဆိုပေးမညမဟုတ် ကြောင်း၊ ရခိုင်ပြည်နယ်တွင်းလူစုဖွဲ့ဆူပူအကြမ်းဖက်မှုများတွင် အမှား၊ အမှန်ပိုင်းခြားပေးသောခေါင်းဆောင်မှုမျိုးဖြင့် နှစ်ဖက်စလုံးကိုကျောထောက် နောက်ခံပြုမည်လည်းမဟုတ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ်တွင်းဖြစ်ပွားနေသောပဋိပက္ခတွင် ဒေါ်အောင်ဆန်းစုကြည်ကမည်သည့်ဘက်ကမျှ ရပ်တည်မှုမပြုသည့်အတွက် ဗုဒ္ဓဘာသာဝင် ရခိုင်များနှင့် ရိုဟင်ဂျာမွတ်စလင်များက စိတ်ပျက်အားလျော့လျက်ရှိသလိုနိုင်ငံတကာအသိုင်းအဝိုင်းမှ သူမကိုထောက်ခံအားပေးသူများကလည်း စိတ်ပျက် လျက်ရှိသည်။

ဇွန်လအတွင်းစတင်ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အကြမ်းဖက်မှုများတွင်လူပေါင်းတစ်သိန်းခန့် ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ မကြာသေးခင်က ထပ်မံဖြစ်ပွားသော ဆူပူအကြမ်းဖက်မှုတွင်လည်း လူပေါင်း ၃၀၀၀၀ခန့် ထွက်ပြေးရွှေ့ပြောင်းခဲ့ကြရပြီး လူဒါဇင်နှင့်ချီ၍သေဆုံးခဲ့ကာနှစ်ဖက်စလုံးမှ အိမ်ခြေထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

"သည်းခံကြဖို့ ကျွန်မတိုက်တွန်းပါတယ်။ ဒါပေမဲ့ ပြဿနာရဲ့ရင်းမြစ်တွေကိုသေသေချာချာလေ့လာကြည့်ရှုမှုမပြုဘဲ ဘယ်သူမှားတယ်၊ မှန်တယ် လို့ ဦးဆောင်ဖြေရှင်းတာမျိုးမလုပ်သင့်ဘူးလို့ထင်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က BBC သတင်းဌာနသို့ပြောသည်။

ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso နှင့်တွေ့ဆုံပြီးနောက်နေပြည်တော်၌ပြောဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံမဲ့ ဖြစ်နေသောရိုဟင်ဂျာများအတွက် မျက်နှာသာပေးပြောဆိုမှုပြုလုပ်မည်မဟုတ်ကြောင်းပြောကြားသည်။ Jose Manuel Barroso ကမူ ဆူပူအကြမ်းဖက် မှုများနှင့်အဆိုပါဖြစ်စဉ်များ၏ အကျိုးဆက်များမြန်မာပြည်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အပေါ် သက်ရောက်လာမည်ကို အထူးပင်စိုးရိမ်ပူပန် မိကြောင်း ပြောဆိုသည်။

"ရခိုင်ပြည်နယ်အရေးကိစ္စမှာ ကျွန်မကို တစ်ဖက်ဖက်ကရပ်တည်ပေးစေချင်တဲ့သူတွေရှိတာကျွန်မသိပါတယ်။ ကျွန်မက ဘယ်ဘက်ကမှ မရပ်တည်ပေးဘူးဆိုတော့ နှစ်ဖက်စလုံးက စိတ်ပျက်နေကြတယ်" ဟုဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

ဒီမိုကရေစီချန်ပီယံတစ်ဦးလည်းဖြစ်ပြီး ယခုအခါပါလီမန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်က အခြားသော ပြဿနာများကို မဖြေရှင်းမီ ပထမအဆင့်အနေဖြင့်တရားဥပဒေစိုးမိုးမှုရှိအောင် ပြုလုပ်ရမည်ဖြစ်ကြောင်းဆက်လက်ပြောဆိုသည်။

"တစ်ဖက်နဲ့တစ်ဖက်သတ်ဖြတ်နေကြမယ်၊ အိုးအိမ်တွေကိုအပြန်အလှန်မီးရှို့ဖျက်စီးနေကြမယ်ဆိုရင်အခြေအနေတွေအားလုံး အတည်တကျဖြစ် အောင် ကျွန်မတို့အနေနဲ့ဘယ်လိုဆက်လုပ်ကြမလဲ" ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားသည်။        

လူဦးရေရှစ်သိန်းခန့်ရှိသောရိုဟင်ဂျာများသည် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ဝင်ရောက်လာသူများဖြစ်သည်ဟု မြန်မာအစိုးရက ရှုမြင်ထားသည်။ ကုလသမဂ္ဂကမူ ၎င်းတို့သည် ကမ္ဘာပေါ်တွင် ဖိနှိပ်ချုပ်ခြယ်အခံရဆုံးသော ပြည်သူများအဖြစ်သတ်မှတ်ထားကြောင်းသိရသည်။

                      ***********************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၆.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ဦးဌေးဦးက စိုက်စရိတ်ချေးငွေပေးရေး စာရင်းကောက်ရာတွင် အချို့တောင်သူများ၏ အမည်စာရင်းအား ချန်လှပ်
  2. ဗပာိုဘဏ်အား သီးခြားလွတ်လပ်ခွင့်မပေးမီ သမ္မတထိန်းချုပ်မည်
  3. ဗပာိုဘဏ်အား သီးခြားလွတ်လပ်ခွင့်မပေးမီ သမ္မတထိန်းချုပ်မည်

နိုင်ငံရေးသတင်း

  1. လွှတ်တော်ကော်မတီနှင့် ကော်မရှင်များ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်မည်
  2. ပြည်သူများ လွှတ်တော်အားမကိုးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပြောကြား

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

 ဦးဌေးဦးက စိုက်စရိတ်ချေးငွေပေးရေး စာရင်းကောက်ရာတွင် အချို့တောင်သူများ၏ အမည်စာရင်းအား ချန်လှပ်

ပာင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးမှ ပာင်္သာတမြို့နယ် သက္ကယ်ပြင်ကျေးရွာမှ တောင်သူများအား စိုက်စရိတ် ချေးငွေပေးရန် အမည်စာရင်းကောက်ခံရာတွင် တောင်သူအချို့၏အမည်စာရင်းကို ချန်လှပ်ထားခဲ့ကြောင်း သိရသည်။

ယခင်နှစ်များ၌ ဦးဌေးဦးမှ တောင်သူများအား စိုက်စရိတ်ချေးငွေထုတ်ပေးရာတွင် အတိုးနှုန်းသုံးကျပ်ဖြင့် တစ်ဧကလျှင် ကျပ်နှစ်သောင်းအထိ ထုတ်ချေးခဲ့သော်လည်း အောက်ခြေဝန်ထမ်းများ၏ မသမာမှုများကြောင့် တောင်သူများမှာ ငွေကျပ် ၆၀၀၀ ခန့်သာရရှိခဲ့ရသည်။

“ကျွန်တော်တို့ ဒီနှစ်မှာတော့ အမည်စာရင်းပေးခွင့်တောင်မရှိတော့ပါဘူး။ အရင်တုန်းကရခဲ့တာမှန်ပေမယ့် ဒီနှဏ်ကျတော့ အမည်ချန်ထား ခံရတယ်။ ပြီးတော့ ဆန်ကိုအပြင်ထုတ်ရောင်းရင်လည်း ပွဲစားတစ်ချို့ကြောင့် ကျွန်တော်တို့ဆုံးရှုံးရတာတွေ အရမ်းများပါတယ်။ ဆန်စပါးလုပ်ငန်းအသင်း ကတော့ မကြာခင်မှာ ဆန်စပါးမူဝါဒရေးဆွဲမယ်လို့တော့ပြောပါတယ်”ပာု တောင်သူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ တောင်သူများဘဝအဆင်ပြေချောမွေ့နိုင်စေရန် မကြာမီကာလအတွင်း ဆန်စပါးမူဝါဒများကို ရေးဆွဲသွားမည်ဖြစ်ပြီး ယင်းဆန်စပါးမူဝါဒများတွင် ဆန်စပါးအထွက်နှုန်းတိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးထွက်ရှိသည့် ဆန်စပါးများအား ဈေးကွက်အတွင်း တင်ပို့ရောင်းချနိုင်ရန် စသည့်ကိစ္စရပ်များကို ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။        

YC

-----------------------------------------------------------------------------------------------------------------

ဗပာိုဘဏ်အား သီးခြားလွတ်လပ်ခွင့်မပေးမီ သမ္မတထိန်းချုပ်မည်

မြန်မာနိုင်ငံတော်ဗပာိုဘဏ်အား သီးခြားလွတ်လပ်သည့်အဖွဲ့အစည်းအဖြစ် ခွင့်မပြုမီကာလအတွင်း နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ထားရှိမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ယခုကဲ့သို့ ဗပာိုဘဏ်အားနိုင်ငံတော်သမ္မတ၏ တိုက်ရိုက်ထိန်းချုပ်အောက်တွင်ထားရှိရခြင်းမှာ ဗပာိုဘဏ်အနေဖြင့် ငွေကြေးပေါ်လစီနှင့် ဘဏ္ဍာရေး Process များကို ခွဲခွဲခြားခြားလုပ်ကိုင်နိုင်ရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ဘဏ္ဍာရေးမူဝါဒများကို အစိုးရမှတာဝန်ယူ၍ ငွေကြေးမူဝါဒများကို ဗပာိုဘဏ်မှ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗပိာုဘဏ်အား သီးခြားလွတ်လပ်သောအဖွဲ့အစည်းအဖြစ် နိုင်ငံတော်သမ္မတ၏ထိန်းချုပ်မှုအောက်တွင် ပြောင်းလဲဖွဲ့စည်းလိုကြောင်းနှင့် ပြည်ထောင်စုအဆင့်ဥက္ကဋ္ဌတစ်ဦးနှင့်ဒုဥက္ကဋ္ဌနှစ်ဦးတို့ကိုခန့်ထားနိုင်ရန် ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေး စေလိုကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

                              YC

-----------------------------------------------------------------------------------------------------------------

မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရပ်ဆိုင်းရေး သဘောထားကြေညာချက်ထုတ်ပြန်

လက်ရှိမြန်မာနိုင်ငံအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းရပ်ဆိုင်းရေးအတွက် မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(MCPWC)က အောက်တိုဘာလက ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင် မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် ပွင့်လင်းမြင်သာမှုနည်းပါးသည့်အပြင် ပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှုများမှာ ပြည်ပလုပ်ငန်းရှင်ကြီးများ၏ လက်ဝယ်တွင်ရှိနေသည့်အတွက် ယင်းစီမံကိန်းများ၏ပိုင်ဆိုင်မှု၊ စီမံခန့်ခွဲမှုများကို မိမိနိုင်ငံအစိုးရနှင့်ပြည်သူများ၏ လက်ဝယ်တွင် ပြန်လည်ထားရှိရန်ဖော်ပြထားသည်။ ထို့ပြင် ပိုက်လိုင်းဖြတ်သန်းရာဒေသအချို့တွင်လည်း ပြဿနာများပေါ်ပေါက်ခဲ့ရသည့်အတွက် မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို ရပ်တန့်ထားစေလိုကြောင်း ဖော်ပြပါရှိသည်။

မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီအနေဖြင့်လည်း ပိုက်လိုင်းစီမံကိန်းရပ်တန့်ရေးအတွက် ဒေသခံများ၏သဘောထားမှတ်ချက် လက်မှတ်များကို ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ-တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို တရုတ်အမျိုးသားလောင်စာဆီကော်ပိုရေးရှင်း(China National Petroleum Corporation)နှင့် မြန်မာ့ဓာတ်ငွေ့နှင့် ရေနံလုပ်ငန်းတို့မှ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

YC

***************************************

နိုင်ငံရေးသတင်း

လွှတ်တော်ကော်မတီနှင့် ကော်မရှင်များ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်မည်

ပြည်ထောင်စုလွှတ်တော်တွင်ဖွဲ့စည်းထားသည့် ကော်မတီနှင့်ကော်မရှင်များမှ ပြည်ထောင်စုအဆင့်ရှိပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ လွှတ်တော်ရှိကော်မတီ၊ ကော်မရှင်များမှ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့်တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် ကော်မတီ များနှင့် ကော်မရှင်များ၏ တာဝန်များလုပ်ကိုင်ဆောင်ရွက်ရာတွင် ထိရောက်မြန်ဆန်လာနိုင်မည်ဖြစ်သည်။

လွှတ်တော်များအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ဖြစ်စေ၊ အခြေခံဥပဒေအရဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့်ဖြစ်စေ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်ရန်လိုအပ်သည့်အတွက် သဘောတူအတည်ပြုကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင်ကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------

ပြည်သူများ လွှတ်တော်အားမကိုးရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပြောကြား

မြန်မာနိုင်ငံရှိပြည်သူများအနေဖြင့်လွှတ်တော်အား အားကိုးခြင်းမပြုရန် ချင်းအမျိုးသားပါတီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးဇမ်ကျင်းပေါ်(ခ) ဦးဇိုဇမ်းက အောက်တိုဘာလနောက်ဆုံးပတ်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းမြို့မ၊ ပရိယတ္တိစာသင်တိုက်၌ပြုလုပ်ကျင်းပခဲ့သည့် ပညာရေး ဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“တိုင်းရင်းသားရေးရာကော်မတီတစ်ခုမှာ ကျွန်တော်ကဥက္ကဋ္ဌရာထူးယူထားပါတယ်။ ပထမဦးဆုံး ကျွန်တော်ဝန်ခံချင်တာက လွှတ်တော်ထဲ ရောက်တဲ့ပုဂ္ဂိုလ်တွေ ကျွန်တော်အပါအဝင်မတော်မတည့်တဲ့နေရာကိုရောက်သွားတာပဲ။ ကျွန်တော်ရှင်းရှင်းလေး ဝန်ခံချင်တယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ကို လုံးဝအားမကိုးကြပါနဲ့လို့ မြန်မာတစ်ပြည်လုံးကို ပြောချင်တယ်”ပာု ၎င်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် လွှတ်တော်တွင်း၌လွှတ်တော်ကိုယ်စားလှယ်များအတွက်သုံးစွဲနေကြသည့် စရိတ်စုစုပေါင်းမှာတစ်နှစ်လျှင် သိန်း ၆၀၀ ခန့် ရှိပြီး လွှတ်တော်ကိုယ်စားလှယ်များသည်ပာန်ပြထိုင်နေကြခြင်းသာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဦးဇိုဇမ်းက ပြောကြားသည်။

“ဥပဒေတစ်ခုခုပြုတော့မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေကပိာုကထအော်၊ ဒီကထအော်နဲ့။ ကိုယ့်ရဲ့ရွာမှာ၊ ကိုယ့်ရဲ့လမ်းမှာ၊ လမ်း ဖောက်ဖို့ကိစ္စ လွှတ်တော်ထဲမှာပြောရမယ့်ကိစ္စမှမပာုတ်တာ။ လွှတ်တော်ဆိုတာ အစီအစဉ်ရှိမရှိဆိုတာမေးဖို့ မပာုတ်ဘူး။ ဒါလုပ်ပါလို့ ပြောရမယ့်ပာာ၊ အစိုးရကိုခိုင်းရမဲ့ပာာ။ အခုမှအစိုးရကို သံတော်ဦးတင်ပြီးတော့ ကျွန်တော်တို့ရပ်ကွက်မှာမီးရရှိဖို့အစီအစဉ်ရှိမရှိသိပါရစေ။ ပာိုကလည်းရှိတယ်။ ပိုက်ဆံ ရှိရင်လုပ်ပေးမယ် လို့ပဲ ပြန်ဖြေတယ်”ပာု ဦးဇိုဇမ်းက ပြောကြားသည်။

ပထမအကြိမ် ပဉ္စမလွှတ်တော်ပုံမှန်အစည်းအဝေးများကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။

YC

 

  ***************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ကမ္ဘာ့ဘဏ်အနေနဲ့အာရုံစူးစိုက်ထားတဲ့နေရာကတော့ မြန်မာနိုင်ငံအစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာအဓိကထောက်ပံ့အားပေးဖို့၊ နိုင်ငံသားတွေ အတွက် ပိုပြီးတော့အခွင့်အရေးပေးနိုင်ဖို့ ပြုပြင်ပြောင်းလဲတဲ့နေရမှာ ပိုပြီးတော့ယုံကြည်မှုရှိလာဖို့နဲ့ မြန်မာနိုင်ငံရဲ့ နောက်လာမယ့်လမ်းကြောင်းတွေမှာ ရှင်းလင်းပြတ်သားတဲ့လမ်းကြောင်းတစ်ခု ချမှတ်ပေးဖို့ ရည်ရွယ်တယ်။"

နိုဝင်ဘာလ ၆ ရက်နေ့ထုတ် မဇ္စိုမဂျာနယ်အတွဲ ၁ အမှတ် ၇ ရက်နေ့ထုတ်တွင်ပါသော "ကမ္ဘာ့ဘဏ်က မြန်မာကို ဒေါ်လာ ၂၄၅ သန်းချေးရန် အတည်ပြု" သတင်းမှ ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံ၏ ဌာနကိုယ်စားလှယ်ဖြစ်သူ မစ္စတာ ကင်သန်ရှန်ကာ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

------------------------------------------------------------------------------------------------

"ကျွန်တော်က နည်းဥပဒေကို ဦးစားပေးပြင်ဖို့လိုအပ်ပါတယ်။ အလုပ်ပေါ်မှာမူတည်တယ်။ နောက်တစ်ခုက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဖွဲ့ရင် အဖွဲ့ဝင်တွေကို လွှတ်တော်ကသဘောတူမှခန့်အပ်ဖို့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်များကို လွှတ်တော်ကကြီးကြပ်ဖို့ နောက်တစ်ခုက ဥပဒေ၊ နည်းဥပဒေတွေကို အင်္ဂလိပ် ဘာသာနဲ့ တရားဝင်ပြန်ရမယ်။ နိုင်ငံခြားသားက ဗမာလိုဘယ်တတ်မလဲ။ အရင်အစိုးရလက်ထက်က စက်ရုံတွေ၊ စက်မှုဇုန်တွေဥပဒေကို လိုက်နာ ဖို့လိုတယ်။"

နိုဝင်ဘာလထုတ် (၈) ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ်(၂၅) တွင် ပါရှိသော "နိုင်ငံခြားရင်နှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရန် လွှတ်တော်၏ အတည်ပြုရရန် လိုကြောင်း ကိုယ်စားလှယ်များပြောကြား" သတင်းမှ ဦးဝင်းထိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

"ဒီပြဿနာကြီးကိုဖြေရှင်းဖို့ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တာဝန်ရှိပါတယ်။ အားနည်းနေတဲ့ ဥပဒေကြီးကို ဝင်ရောက်ဖြေရှင်း ပေးသင့်ပါတယ်။"

နိုဝင်ဘာလထုတ် (၈) ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၂၅) တွင် ပါရှိသော "ရခိုင်ပြည်နယ် ပိဋိပက္ခအရေးတွင် ဥပဒေအကျိုးသက်ရောက်မှုအားနည်းဟုဝေဖန်" သတင်းမှ အမျိုးသားလူ့အခွင့်အရေးပါတီဥက္က ဦးကျော်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

********************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive