Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၇.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြောင့် ဒေါ်လာဈေးကျဆင်းသွားနိုင်ကြောင်း သတင်းများထွက်ပေါ်
  2. မြန်မာ-အမေရိကန်ကုန်သည်ကြီးများအသင်း တည်ထောင်

နိုင်ငံရေးသတင်း

  1. NGO များ၊ ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံမည်
  2.  မြန်မာ့ဆက်သွယ်ရေးဥပဒေကြမ်း ထုတ်ပြန်ကြေညာ
  3. လုပ်ကြံမည့်သတင်းများကြောင့် သက်ဆင်၏တာချီလိတ်ခရီးစဉ်ဖျက်သိမ်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကြောင့် ဒေါ်လာဈေးကျဆင်းသွားနိုင်ကြောင်း သတင်းများထွက်ပေါ်

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကိုပြဋ္ဌာန်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတရှိန်ထိုးဝင်ရောက်လာနိုင်သည့်အတွက် ဒေါ်လာဈေးနှုန်းများ ကျဆင်းလာနိုင်ကြောင်း ပြင်ပ၌သတင်းများထွက်ပေါ်လျက်ရှိသည်။

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အခါမှာ ဒေါ်လာတွေတင်မကဘူး ပစ္စည်းတွေအဖြစ်ပါဝင်ရောက်လာမှာပါ။ နိုင်ငံကို နိုင်ငံခြားငွေအဝင်များ လာပြီဆိုရင်တော့ ဒေါ်လာဈေးကတက်ဖို့မရှိတော့ဘူး။ အကျဘက်ကိုပဲ ဦးတည်သွားတော့မှာ”ပာု စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

ထိုသို့ဒေါ်လာဈေးများဆက်လက်ကျဆင်းနိုင်သည့်အတွက် ပို့ကုန်များတင်ပို့မှုအပေါ် ထိခိုက်လာနိုင်မည်ဖြစ်သည့်အတွက် ယင်းကိစ္စရပ်များ အပေါ် ဗပိာုဘဏ်အနေဖြင့် ဝင်ရောက်ထိန်းညှိဆောင်ရွက်ပေးသင့်ကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

              YC

--------------------------------------------------------------------------------------------------------

မြန်မာ-အမေရိကန်ကုန်သည်ကြီးများအသင်း တည်ထောင်

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ကူညီထောက်ပံ့ပေးနိုင်ရန် အမေရိကန်-မြန်မာ ကုန်သည်ကြီးများအသင်းကို နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အမေရိကန်-မြန်မာကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းတည်ထောင်ရခြင်းမှာ အမေရိကန်နိုင်ငံရှိ လုပ်ငန်းရင်ကြီးများမှ မြန်မာနိုင်ငံ၌ သွားရောက်ရင်းနှီးမြှုပ်နှံခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးရန်၊ နှစ်နိုင်ငံအကျိုးပြု စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် စသည့်ရည်ရွယ်ချက်များကြောင့်ဖြစ်ကြောင်း သိရသည်။

အမေရိကန်-မြန်မာကုန်သည်ကြီးများအသင်း၏ ပထမဆုံးခြေလှမ်းအဖြစ် နေပြည်တော်၌ ပြုလုပ်ကျင်းပမည့် စီးပွားရေးလေ့လာဆွေးနွေးရေး ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွက်သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဆန်ဖရန်စ္စကိုမြို့ 991 Mission St2F ၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်-မြန်မာကုန်သည်ကြီးများအဖွဲ့တွင် စီးပွားရေုးပြန်လည်ဖွံ့ဖြိုးရေး၊ လူနေအိမ်ခြေနှင့် စီးပွာရေးလုပ်ငန်းများတိုးတက်အောင်ဆောင် ရွက်ရေး၊ သတင်းအချက်အလက်ဆက်သွယ်ရေး၊ နိုင်ငံတကာ NGO များ၊ အစိုးရပိုင်းနှင့် အများပြည်သူဆိုင်ရာပေါ်လစီဥပဒေရေးရာများ၊ နိုင်ငံ၏အခြေခံ အဆောက်အအုံကောင်းမွန်အောင်တည်ဆောက်ရေး၊ အထွေထွေဆောက်လုပ်ရေးလုပ်ငန်းများမှ အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်ကြောင်း သိရသည်။

YC

***************************************

နိုင်ငံရေးသတင်း

မြန်မာ့ပညာရေးကဏ္ဍမြှင့်တင်ရန် NGO များ၊ ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံမည်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာပညာရေး NGO များ၊ ပြည်တွင်းရှိနိုင်ငံရေးပါတီများနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များမှ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ့ပညာရေးကဏ္ဍအဆင့်မြှင့်တင်လာနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာပညာရေး NGO များမှာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။

ယင်းဆွေးနွေးပွဲ အောင်မြင်သွားပါက နောင်လာမည့်ကာလများတွင် ပညာရေးနှင့်ပတ်သက်၍ ညီလာခံတစ်ရပ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး အစိုးရအနေဖြင့်လည်း မြန်မာ့ပညာရေးကဏ္ဍတွင် အသုံးစရိတ်ပိုမိုသုံးစွဲနိုင်ရန် လိုအပ်နေသေးကြောင်း ယင်းဆွေးနွေးပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။

လက်ရှိမြန်မာ့ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရေးတွင် တစ်ဖက်တစ်လမ်းမှပါဝင်နိုင်ရန်ရည်ရွယ်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းမြို့မပရိယတ္တိစာသင်တိုက်တွင် ပညာရေးကဏ္ဍရှိအဖွဲ့အစည်းများ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ပညာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ NGO များက ဆွေးနွေးပွဲတစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် နှစ်ပေါင်း ၅၀ ကျော်ကြာ ပျက်စီးယိုယွင်းလျက်ရှိသော မြန်မာ့ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်ရန်၊ မြန်မာ နိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲမှထွက်ပေါ်လာမည့် ကြေညာချက်အား နိုင်ငံရေးပါတီများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များအား ဖိတ်ခေါ်၍ ဆွေးနွေးတင်ပြခြင်းနှင့် ပညာရေးကဏ္ဍ(၁၀)ခုနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------

 မြန်မာ့ဆက်သွယ်ရေးဥပဒေကြမ်း ထုတ်ပြန်ကြေညာ

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် ပြိုင်ဆိုင်မှုအားကောင်းလာပြီး ဆက်သွယ်ရေးနည်းပညာများ ပိုမိုမြင့်မားတိုးတက်လာနိုင်စေရန် မြန်မာ့ ဆက်သွယ်ရေးဥပဒေကြမ်းကို အောက်တိုဘာလ ၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များ မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင်ပါဝင်လာခြင်းဖြင့် ဆက်သွယ်ရေးဈေးကွက်ပြိုင်ဆိုင်မှုများနှင့်အတူ နိုင်ငံတစ်ဝန်း လုံးတွင် ဆက်သွယ်ရေးကွန်ရက်များချိတ်ဆက်၍ အများပြည်သူဆက်သွယ်အသုံးပြုနိုင်ရန် အခွင့်အလမ်းများပိုမိုရရှိလာနိုင်စေရေးနိုင်ရေးနှင့် မြန်မာ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတည်ထောင်သူနှင့်အသုံးပြုသူများအား ဥပဒေအရအကာအကွယ်ပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေးဥပဒေကို ရေးဆွဲ ရခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေလည်း ပါဝင်လာမယ်။ ဥပဒေလည်းထွက်လာမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပါ ဝင်လာနိုင်ပါတယ်။ ဆက်သွယ်ရေးကို ပုဂ္ဂလိကိုလွှဲလိုက်ပြီဆိုရင်တော့ ဖုန်းဈေးနှုန်းတွေ၊ ဖုန်းကဒ်ဈေးနှုန်းတွေလည်း ကျဆင်းသွားနိုင်ပါတယ်။ အခု လောလောဆယ်မှာကို ဖုန်းကတ်တွေကို တစ်ချို့ဆိုင်တွေမှာ ၁၀၀၀၀ ကဒ်ကို ၉၇၀၀ လောက်ကိုကျသွားပါပြီ။ ဒါပာာ တိုးတက်လာတာပါ”ပာု ပြည်တွင်း ဖုန်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ရရှိသူအနေဖြင့် ဈေးကွက်အတွင်းပြိုင်ဆိုင်မှုကို သိသာစွာလျော့နည်းစေမည့် လုပ်ဆောင်မှု မျိုးကို လုပ်ဆောင်ခြင်းမပြုရန်၊ မိမိသဘောနှင့်မိမိ နှုန်းထားပြင်ဆင်သတ်မှတ်ခြင်း၊ ဈေးကွက်အား ခွဲဝေရယူရန် ဆောင်ရွက်ခြင်း၊ မိမိပြိုင်ဘက်တစ်ဦးအား မတရားသောနည်းလမ်းဖြင့် ဆန့်ကျင်မှုပြုခြင်းများကို အဓိကတားဆီးထားသည်။

မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများမှ နိုင်ငံတော်၏လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်၏ စီးပွားရေး(သို့) အမျိုးသားယဉ်ကျေးမှုကိုထိခိုက်စေမည့် ပြုလုပ်မှုတစ်ရပ်ရပ်ကိုပြုလုပ်ခြင်းနှင့် နိုင်ငံတော်၏လျှို့ဝှက်ချက်နှင့်သက်ဆိုင်သော သတင်းအချက်အလက် တစ်ရပ်ရပ်ကိုရယူခြင်း(သို့)ပေးပို့ဖြန့်ချီခြင်းများပြုလုပ်ပါက ထောင်ဒဏ်အနည်းဆုံး ၇ နှစ်မှ အများဆုံး ၁၃ နှစ်အထိချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------

လုပ်ကြံမည့်သတင်းများကြောင့် သက်ဆင်၏တာချီလိတ်ခရီးစဉ်ဖျက်သိမ်း

နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် သက်ဆင်ရှင်နာဝပ်၏ တာချီလိတ်ခရီးစဉ်တွင် လုပ်ကြံခံရမည်ပာု သတင်းများထွက်ပေါ်နေသည့်အတွက် ယင်းခရီးစဉ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

သက်ဆင်တာချီလိတ်သို့သွားမည့်ခရီးစဉ်နှင့်ပတ်သက်၍ ထိုင်းဒုတိယဝန်ကြီးချုပ်  ချလံယူဘန့်လွန်နှင့် သက်ဆင်၏သားဖြစ်သူ ဖန်ထုန်ထေ့ တို့က မစ္စတာသက်ဆင်အား လူတစ်စုက လုပ်ကြံရန် ကြံစည်နေကြောင်း၊ တာချီလိတ်မြို့၏ တောင်ပေါ်ရှိ ရွှေတိဂုံပုံစံတူစေတီတွင် မစ္စတာသက်ဆင်နှင့် ရှပ်နီများပြုလုပ်မည့် ကောင်းမှုကုသိုလ်ပွဲတွင် အုပ်စုတစ်စုက လုပ်ကြံနိုင်ကြောင်း ယင်းတို့၏ ဖေ့ဘွတ်စာမျက်နှာများတွင် ဖော်ပြထားသည်။

ထိုသို့ သက်ဆင်၏တာချီလိတ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်သော်လည်း မြန်မာနိုင်ငံသိုလာရောက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ မည့်ခရီးစဉ်ကိုမူ ဖျက်သိမ်းခြင်းမရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်တို့တွေ့ဆုံမည့် နေ့ရက်နှင့် တွေ့ဆုံရာတွင်ဆွေးနွေးမည့် ကိစ္စ ရပ်များကို အတိတလင်းသတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ထိုင်းစစ်တပ်မှအာဏာသိမ်းယူခဲ့သည့်အတွက် ထိုင်းဝန်ကြီးချုပ်ပောာင်း သက်ဆင်ရှင်နာဝပ်မှ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ 

YC        

***************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဥပဒေ၊ နည်းဥပဒေပိုင်းတွေကိုလေ့လာပြီး အားနည်းချက်တွေက ဘာတွေလဲ။ ခေတ်နဲ့လိုက်လျောမညီတဲ့ အပိုင်းတွေက ဘာတွေလဲ။ ဒါတွေကို သေချာပြုစုနိုင်ရမယ်။  အဲဒီကတစ်ဆင့် ပြင်ဆင်ကြရမယ့် ဥပဒေအသစ်ကို ရေးဆွဲပြီး အထက်ကိုတင်ရမယ်။ ဘယ်လိုတင်ပြရမလဲဆိုရင် Case by Case ပေါ့။ အခု အစိုးရလက်ထက်မှာ မဏ္ဍိုင်လေးရပ်အပေါ် ဒါကိုသေချာလုပ်လို့ရမယ့် အခွင့်အရေးတွေပေးနေပြီပဲ။ ဒါ့ကြောင့် ဥပဒေအပိုင်းကို ထောက်ပြပြောဆိုတဲ့အခါမှာ အုပ်ချုပ်ရေးအပိုင်း၊ တရားစီရင်ရေးအပိုင်းကလည်း အားနည်းချက်ကို တင်ပြရမှာဖြစ်သလို မီဒီယာကဏ္ဍကလည်း တွေ့ရှိတဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရေးရမယ်။ ဆိုလိုတာက ဒီဥပဒေတွေကို ပြင်ဖို့အတွက် ဒီမဏ္ဍိုင်လေးရပ်ကလည်း အဓိကနေရာကနေ ပါဝင်ဆောင်ရွက်ရမယ်။"

နိုဝင်ဘာလ ၈ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ် (၄၃) တွင် ပါသော "ဒီမိုကရေစီလမ်းကြောင်းအတိုင်း ဌာနဆိုင်ရာများလိုက်ပါနိုင်ရေးနှင့် ဥပဒေများ၏ အခန်းကဏ္ဍ" သတင်းမှ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------

"ကျွန်တော်တို့ပါတီက တင်ပြခဲ့တာက နိုင်ငံတော်သမ္မတပြောထားတဲ့ Clean Governance, Good Government အဲဒီနှစ်ချက် ဖြစ်အောင်လုပ်မယ်လို့ ပြောထားတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတော်သမ္မတက သာပြောင်းလဲနေတာ အောက်ခြေစနစ်က မပြောင်းလဲဘူး။ အောက်ခြေကိုလည်း သြဇာအာဏာ သက်ရောက်ဖို့လိုသေးတယ်။"

အောက်တိုဘာ ၃၁ ရက်နေ့ထုတ် Express Times Journal အတွဲ (၂)၊ အမှတ် (၃၂) တွင်ပါရှိသော "နိုင်ငံတော်သမ္မတအကြံပေးနှင့် ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ခုတွေ့ဆုံ" သတင်းမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဦးသုဝေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------

"ပညာရေးအခြေခံနည်းပါးတာ၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုမရှိတာ၊ ဗဟုသုတနည်းပါးတာတွေကြောင့် တရားဝင်ဖြစ်စေ အထောက်အထားမဲ့ တရားမဝင်ဖြစ် စေ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်လာကြတဲ့အတွက် အခွင့်အရေးတွေဆုံးရှုံးကြရတာ"

နိုဝင်ဘာ ၇ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၄)၊ အမှတ် (၄၃) တွင် ပါသော "မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေး ကို အကာအကွယ်ပေးရေးအဓိကဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်ဆို" သတင်းမှ ဦးမောင်မြင့်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။

********************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011 Op-Ed
Document yangonchronicle2011 Op-Ed

Snapshot of the item below:
yangonchronicle2011 Op-Ed

၅.၁၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မြေစာပင်

*****************************************

ဆောင်းပါးကဏ္ဍ

မြေစာပင်

ကျွန်တော်တို့မြေစာပင်ဟူသော အမည်နာမကိုကြားဖူးကြပေလိမ့်မည်။ လူနှစ်ဦး၏ အားပြိုင်မှုအကြား ဆုံးရှုံးနစ်နာသွားသော တတိယလူကို၊ တတိယအစုအဖွဲ့ကို ရည်ညွှန်းသောစကားရပ်ဖြစ်သည်။ ဤစကားလုံးသည် စကားလုံးအားဖြင့် သုံးလုံးသာရှိသော်လည်း အဆိုပါစကားလုံး၏ နောက်ကွယ်တွင် ထိခိုက်နစ်နာများ၊ ဆုံးရှုံးမှုများ ပါဝင်နေသည်။

ကျွန်တော်အနေဖြင့် ဤဆောင်းပါးတွင် အဆိုပါမြေစာပင်တို့နှင့်ပတ်သက်၍ရလာသော အတွေးအမြင်များကိုတင်ပြပါမည်။ ကျွန်တော်အထက် တွင် ရေးသားသလို မြေစာပင်ဟူသည် နှစ်ဦးကြားကဖြစ်ပေါ်နေသောထိခိုက်မှုကြောင့် သူကရင်ဝယ်ပိုက်ပြီးခံစားလိုက်ရသော တစ်ခြားမသက်ဆိုင်သော သူဖြစ်ပေသည်။ အဆိုပါမြေစာပင်တို့သည် အခြေအနေ၏ဖန်တီးမှုကြောင့် ပေါ်ပေါက်လာသည်။ နိုင်ငံရေး အားပြိုင်မှုကြောင့်သော်လည်းကောင်း၊ စစ်ပွဲ ကြောင့်သော်လည်းကောင်း၊ လူမျိုးရေးပဋိပက္ခကြောင့်သော်လည်းကောင်းနစ်နာသူများသည်လည်း မြေစာပင်များဟုပင်ဆိုနိုင်သည်။ သဘာဝဘေးအန္တရာယ်ကြောင့်၊ မီးလောင်မှုများကြောင့်သော်လည်း ထိခိုက်ခံစားနေရသော မြေစာပင်များ ရှိသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နယ်ပယ်အများအပြားတွင် မြေစာပင်များမရေမတွက်နိုင်အောင်ရှိနေသည်။ မြန်မာနိုင်ငံအနေနှင့် ကြည့်လျှင်လည်း ပြဿနာနှင့်ယှဉ်၍မြေစာပင်များ ပေါ်ပေါက်လျက်ရှိ သည်။ ယနေ့ကျွန်တော်တို့ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဒေသခံများသည် စစ်ဘေးဒဏ်မှလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရသည်။ ထို့အတွက် မိသားစုများငြိမ်းချမ်းစွာမနေရ၊ ကလေးများကောင်းစွာစာမသင်ရမှုများ၊ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် စီးပွားရေးလုပ်ကိုင်ရမှု အဆင် မပြေ၊ ကုန်သွယ်မှုလမ်းကြောင်းများ အဟန့်အတားဖြစ်ခြင်းကြောင့်ဒေသ၏ဈေးကွက်ကို ထိခိုက်မှုများရှိလာခဲ့သည်။ စစ်ဘေးဒဏ်များ အကြားပြည်သူတို့ အတွက်  ဘဝမလုံခြုံမှုများ၊ စားနပ်ရိက္ခာပြဿနာများရှိနေခဲ့သည်။ အဆိုပါအချက်များကိုကြည့်လျှင် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့ကြားက ကချင်ပြည်သူ မြေစာပင်တို့၏ ဘဝဟုဆိုရပေမည်။ နှစ်ဖက်အဖွဲ့များကရော သူတို့အတွက် မည်သို့တာဝန်ယူကြမည်နည်း။

ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော ရခိုင် - ရိုဟင်ဂျာကိစ္စကိုကြည့်လျှင်လည်း ဒေသခံရခိုင်တို့နှင့်ပြည်ပမှ အခြေချနေထိုင်သူအုပ်စုတို့အကြားက ပဋိပက္ခဖြစ်သည်။ အဆိုပါ အဓိကရုဏ်းကြောင့် ဒေသခံများအနေဖြင့် ဘဝလုံခြုံမှုမရှိခြင်း၊ ကျီးလန့်စာစားအနေအထားမျိုးဖြင့်ရှိနေခဲ့သည်။ နှစ်ဖက် အုပ်စုများ၏ပဋိပက္ခကြားတွင်  ဒေသတွင်းရှိပြည်သူများ၏နေအိမ်များမီးရှို့ခံရသည်။ ဒေသတွင်းမတည်ငြိမ်မှု၏ အကျိုးဆက်ကြောင့် စီးပွားရေး အဆင် မပြေမှု၊ စီးပွားရေးကျဆင်းမှုများဖြစ်လာရသည်။ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်ကျင့်သုံးနေချိန်တွင် ရခိုင်ပြည်နယ်မှာဒီမိုကရေစီ၏လွတ်လပ်မှုကို အပြည့်အဝမခံစားကြရရှာဖြစ်နေရသည်။ အဆိုပါအဓိကရုဏ်းကို ဖြစ်အောင်ကြိုးကိုင်သူများကြားတွင် အေးဆေးစွာနေလိုသောပြည်သူတို့မှာ မြေစာပင် ဖြစ်ရရှာသည်။ မြေစာပင်ပြည်သူတို့၏ ဘဝကား လုံခြုံမှုမရှိ ဖြစ်ရပေသည်။

ကြေးနီစီမံကိန်းဆိုလျှင်လည်း ယခင်အစိုးရနှင့်တရုတ်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ကိုင်မှုကြောင့်ဒေသခံများ မိမိတို့လယ်မြေများကို စွန့်ခွာရကြ သည်။ ကြေနီစီမံကိန်း၏ သက်ရောက်မှုကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်သည်။ ဤသို့သောအခြေအနေများက ဒေသခံပြည်သူများ၏ စီးပွားရေးနှင့် အသက်မွေးမှုကို ထိခိုက်ကာ မြေစာပင်ဘဝသို့ရောက်သွားရလေတော့သည်။

ဤဥပမာများကိုကြည့်လျှင် တာဝန်ရှိသူအဖွဲ့အစည်းများ၏ ရှေ့နောက်မစဉ်းစားဘဲ ပြုမူသော ကာယကံမြောက်ဆောင်ရွက်ချက်များက ပြည်သူ များ၏ဘဝကို မြေစာပင်အဖြစ် အကျပ်အတည်းထဲသို့ တွန်းပို့လိုက်သည့် အနေအထားသို့ရောက်ရှိသွားသည်။ ဤသို့သော မြေစာပင်များ ထပ်မံ များ ပြားမှုမရှိစေရန်အတွက် အစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူများနှင့် အားလုံးသော ပါဝင်ပတ်သက်သူများက ကိစ္စတစ်စုံတစ်ရာပြုလုပ်မည်ဆိုပါက မိမိတို့ ဆောင်ရွက်ချက်သည် အခြားသူများ၏ ဘဝကိုမည်သို့ပြောင်းလဲသွားနိုင်ပြီး မည်သို့သောအကြပ်အတည်းအတွင်သို့ရောက်သွားစေနိုင်သည်ကို မဟာဗျူဟာကျကျ တွေးတောပြီးမှပြုလုပ်သင့်ကြောင်း တင်ပြလိုက်ရပေသည်။

နိုင်မော်

***************************************

     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011 - (2)
Document yangonchronicle 2011 - (2)

Snapshot of the item below:
yangonchronicle 2011 - (2)

၆.၁၁.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုများအတွက် အထူးဆွေးနွေးပွဲတစ်ရပ် OIC ကျင်းပမည်

(Bernama သတင်းဌာနမှ 5 Oct 2012 ရက်စွဲပါ OIC to Hold Special Meeting on Myanmar Developments ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ နိုးထလာသည်။ သို့သော်….။

(5 Nov 2012 ရက်စွဲပါ Khaleeju Times မှ ခေါင်းကြီးပိုင်း ဖြစ်သော Rise Of Myanmar,but……ကို ဘာသာပြန်ပါသည်။)

  1. မြောက်ကိုရီးယားအပေါ် မြန်မာတို့ အချိုးပြောင်းသွားပြီလား

(Forbes မှ 2 Nov 2012 ရက်စွဲပါ “Burma’s dramatic turn on North Korea?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

*****************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးမှုများအတွက် အထူးဆွေးနွေးပွဲတစ်ရပ် OIC ကျင်းပမည်

(Bernama သတင်းဌာနမှ 5 Oct 2012 ရက်စွဲပါ OIC to Hold Special Meeting on Myanmar Developments ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုများကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် အစ္စလာမစ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(OIC) မှ နိုင်ငံခြားရေးဝန်ကြီးများကောင်စီအနေဖြင့် Djibouti မြို့တွင် ဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း IRNA သတင်းဌာနကရေးသားဖော်ပြပါသည်။

နိုဝင်ဘာလ ၄ ရက်နေ့တွင်ထုတ်ပြန်သော OIC ၏ကြေညာချက်တွင် "OIC သည်ရိုဟင်ဂျာမွတ်စလင်များ မြန်မာနိုင်ငံတွင်း တရားဥပဒေဆိုင်ရာ

အခွင့်အရေးများရရှိအောင် ကြိုးပမ်းအားထုတ်မှုများပြုလုပ်နေသည့်တိုင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်များကို နိုင်ငံရေးဇာတ်သွင်း မည်မဟုတ်ကြောင်း" ရေးသားဖော်ပြထားသည်။

"ရိုဟင်ဂျာမွတ်စလင်များ၏ အခြေခံဥပဒေရပိုင်ခွင့်ပြန်လည်ရရှိရေးအတွက် OIC ၏ ကြိုးပမ်းအားထုတ်မှုများကို တရားဝင်သံတမန်ရေးရာ လမ်းကြောင်းများမှတစ်ဆင့် လုပ်ကိုင်သွားမည်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများမှတစ်ဆင့်လုပ်ကိုင်သွားမည်မဟုတ်ပေ" ဟု ဖြည့်စွက်ဖော်ပြထားသည်။

ထို့ပြင် ရိုဟင်ဂျာအမှုကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြရန်အသင့်အနေအထားတွင်ရှိကြောင်း အဖွဲ့ဝင် ၅၆ နိုင်ငံပါဝင်သည့် OIC

ကအသိပေးပြောကြားသည်။

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်စလင်များအပေါ် တမင်သက်သက်အကြမ်းဖက်မှုများနှင့် လူမျိုးဖြုတ်သတ်ဖြတ်ရန် ကြိုးပမ်းချက်များကို

နိုင်ငံတကာအဆင့်ရှိသော အရေးကိစ္စကြီးတစ်ခုအဖြစ်အလေးအနက်ထားဖော်ထုတ်သွားမည်ဖြစ်သည်ဟု OIC ၏ကြေညာချက်ကဆိုသည်။

------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ နိုးထလာသည်။ သို့သော်….။

(5 Nov 2012 ရက်စွဲပါ Khaleeju Times မှ ခေါင်းကြီးပိုင်း ဖြစ်သော Rise Of Myanmar,but……ကို ဘာသာပြန်ပါသည်။)

မြန်မာနိုင်ငံအပေါ် မီးမောင်းထိုးနေမှုမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဗဟိုပြုလျက်ရှိပါသည်။ သို့သော် ငွေများစွာပေးနေသောအလှူရှင်များမှာ တန်ဖိုး ကြီးကြီး ပေးဆပ်နေရပါသည်။ ၎င်းတို့သည် လူနည်းစုမူဆလင်ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်လျက်ရှိခြင်းအပေါ် လစ်လျူရှု နေကြပါသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သာလအနည်းငယ်အတွင်း ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခကြောင့် ရာပေါင်းများစွာ အသက်ဆုံးရှုံးရပြီး တစ်သိန်းကျော်အိမ်များကို စွန့်ခွာထွက်ပြေးကြရကြောင်းဆိုပါသည်။ မူဆလင်များမှာ ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံးပိုင်ဆိုင်မှုမဲ့လူမျိုးစုဟု အမည်တပ်ကြပြီး အံ့သြဖွယ်ကောင်းသည်မှာ အနောက်ကမ္ဘာက အနည်းငယ်က အသိအမှတ်ပြုခဲ့ကြခြင်း ဖြစ်ပါသည်။

ဥရောပကော်မရှင် အကြီးအကဲ Jose Manuel သည် နေပြည်တော်၌ စနေနေ့က ဒေါ်လာသန်း (၁၀၀) ကျော် အကူအညီပေးခဲ့ရာ တိုင်းရင်းသားအုပ်စုတစ်ခုနှစ်ခုတွင် လက်ရှိဖြစ်နေသောကိစ္စရပ်များကိုမေးမြန်းရန် ဝန်လေးလိမ့်မည်မဟုတ်ဟု ထင်ပါသည်။ အနောက်နိုင်ငံများသည် လည်း ဤကိစ္စမျိုးသည်၎င်းတို့နှင့်ဆက်စပ်နေသော နိုင်ငံမျိုးတွင်သာဖြစ်ခဲ့ပါက ပြင်းထန်စွာကန့်ကွက်လိမ့်မည်ဖြစ်ပါသည်။ သို့သော် ပို၍စိတ်မကောင်း စရာဖြစ်ရသောကိစ္စမှာ ထိုသို့သော နိုင်ငံတကာကစိုးရိမ်ပူပန်ပြီး ကန့်ကွက်နေသောကိစ္စမျိုးကို နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်က ရေငုံနှုတ်ပိတ် နေခြင်းဖြစ်ပါသည်။ သူက မြန်မာနိုင်ငံမှ လူနည်းစုအုပ်စုများ၏ အခြေအနေဆိုးများပေါ်မှ အမြတ်ထုတ်ရန်မရှိကြောင်း၊ သူသည် သူ၏ ခံစားမှုနှင့်နီးစပ် သောအကြောင်းအရင်းများ၏ တရားမျှတမှုမရှိသောအခြေအနေများအပေါ် ကတိပြုမှုများရှိခဲ့ပါသည်။ ရိုဟင်ဂျာများကို နိုင်ငံသားဖြစ်ခွင့်မပေးခြင်း ကဲ့သို့သော သံသယဖြစ်ဖွယ်ဥပဒေများကို စစ်အစိုးရအနေဖြင့် ပြန်လည်သုံးသပ်ရန်တိုက်တွန်းခဲ့ခြင်းကြောင့် သူ့အားထောင်ထဲသို့ပို့ခဲ့ဖူးးပါသည်။ ခန့်မှန်းချက်များအရ ရိုဟင်ဂျာ ရှစ်သိန်းကျော်သည် မြန်မာနိုင်ငံတွင် စိတ်မကောင်းဖွယ် ဘဝများတွင်နေထိုင်နေရပါသည်။ နိုင်ငံမဲ့အခြေအနေတွင် ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းမှ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ဒီမိုကရေစီစံများကို ကာကွယ်စောင့်ရှောက်နေသူများအနေဖြင့်စစ်အင်အား ကြီးမားမှုအတွက် အကာအကွယ်ယူထားသောနိုင်ငံတွင် ဤမျှလောက်ကြီးမားသောလူ့အသိုင်းအဝိုင်း ဒုက္ခရောက်နေမှုအပေါ် လစ်လျူရူနေရန် မဖြစ်နိုင် ပေ။

ကမ္ဘာ့ဘဏ်၊ ဥရောပဗဟိုဘဏ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် မြန်မာနိုင်ငံပြန်လည် တည်ဆောက်ရေးအတွက် ဦးဆောင်နိုင်ငံများဖြစ်ပြီး ဆက်ဆံရေးပြုလုပ်ရန် နည်းလမ်းများရှာဖွေခဲ့ကြပါသည်။ ၎င်းတို့သည် ရိုဟင်ဂျာကိစ္စသတင်းများကိုစိတ်မဝင်စားနိုင်ပေ။ မြန်မာနိုင်ငံသည် ဒေသတွင်း တွင် နောက်ထပ် ပေါ်ထွက်လာမည့်အံ့သြဖွယ်ဈေးကွက်ကြီးအဖြစ် အားလုံးကခံယူထားကြရာ ၎င်း၏နိုင်ငံရေးတွင် လှိုက်စားနေသောကိစ္စများရှိနေရာ ဂုဏ်ယူမနေသင့်ပေ။ ထို့ကြောင့်မရေရာသောအနာဂတ်ကို  ရှောင်ရှားနိုင်ရန်ဤဆနိးပြားသောညီမျှခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်လျက် ရှိနေပေသည်။

------------------------------------------------------------------------------------------------------

မြောက်ကိုရီးယားအပေါ် မြန်မာတို့ အချိုးပြောင်းသွားပြီလား

(Forbes မှ 2 Nov 2012 ရက်စွဲပါ “Burma’s dramatic turn on North Korea ?” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

အာရှတိုက်၏ အန္တရာယ်ရှိသောအဆက်အသွယ်ဟု တစ်ချိန်ကသမုတ်ခဲ့ကြသော မြန်မာ-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးသည် ယခုအခါ အံ့အားသင့်ဖွယ်အရှိန်အဟုတ်ဖြင့် ဆက်လက်တိုက်စားပွန်းပဲ့နေသည်။ ဟုတ်ကောဟုတ်ပါရဲ့လား။ အမေရိကန်မူဝါဒချမှတ်သူများနှင့် ဝေဖန် စစ်ဆေးသူအချို့ကမူ နေပြည်တော်သည် ပြုံယမ်းမှ ရန်လိုသောအစိုးရနှင့်ဆက်ဆံရေးကိုတစ်ဆစ်ချိုးပြောင်းလိုက်ပြီဟု ခပ်မြန်မြန် မှတ်ချက်ပေး နေကြသည်။ ယခုလအစောပိုင်းတွင် မြောက်ကိုရီးယားမူဝါဒဆိုင်ရာ အမေရိကန်အထူးသံတမန် ဂလင်းဒေးဗီးဒ်က “မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန် ပေါ်ရောက်သွားပြီလို့ ကျွန်တော်ယူဆပါတယ်။ သူတို့ဟာ DPRK မြောက်ကိုရီးယားနဲက ဆက်ဆံရေးကို အခြေခံကျကျပြောင်းလဲပြီး အဆုံးစွန် အပြီးသတ်မယ့်မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ကြပါတယ်” ဟု ပြောကြားခဲ့သည်။ နေပြည်တော်က နျူကလီးယားလက်နက်အစီအစဉ်ကို ကြိုးပမ်းနေသည် ဟူသောထောက်လှမ်းရေးသတင်း ပေါက်ကြားမှုနှင့် ပြုံယမ်းထံမှ တရားမဝင်လက်နက်ဝယ်ယူမှုများကို  ဒေးဗီးစ်က ရည်ညွှန်း ပြောကြားခြင်းဖြစ်ပါသည်။

ယခုအခါ မြန်မာအစိုးရက မြောက်ကိုရီးယားနှင့်ဆက်ဆံရေးအပေါ် သိသိသာသာအချိုးပြောင်းပြနေခြင်းကို သံသယရှိဖို့မလိုတော့ပါ။ မြန်မာ သမ္မတဦးသိန်းစိန်သည် ၎င်းအစိုးရနှင့် အနောက်အုပ်စုအကြားဆက်ဆံရေး မြန်မြန်နွေးထွေးလာစေဖို့ အမှန်တကယ်စိတ်ပါလက်ပါရှိနေပြီး ပြုံယမ်းနှင့် ဆက်ဆံရေးကိုစွန့်လွှတ်ခြင်းသည် အနောက်အုပ်စုအပေါ် အလွန်လွယ်ကူသောချော့မော့နည်းဖြစ်ကြောင်း ကောင်းကောင်းသိနေပြီဖြစ်သည်။ ဦးသိန်းစိန် သည် ယခုလအစောပိုင်းတွင် တောင်ကိုရီးယားသို့ အလည်အပတ်သွားခြင်းဖြင့် ဤအချက်ကို ပြသထားသည်။

ဤနေရာတွင် ပြဿနာတစ်ခုမှာ မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးဝင်ရိုးသည် လက်တွေ့ထက်ပို၍ပြဿနာရှိသည့်ပုံပေါ်နေခြင်းပင် ဖြစ်သည်။ အာဏာရှင်နှစ်နိုင်ငံသည် ငြင်းမရနိုင်သော စစ်ဖက်ဆက်ဆံရေးနှင့် ထောက်လှမ်းရေးသတင်းဖလှယ်မှုများရှိထားခဲ့သောကြောင့် အချို့ဝေဖန်ဆန်းစစ်သူများပြောကြသလို အီရန်-ဆီးရီးယားလက်တွဲမှုနှင့်ယှဉ်နိုင်သောဆက်ဆံရေးဟု ပြောနိုင်ရန် အချက်အလက်အနည်းငယ် ရှိနေဆဲပင်ဖြစ်ပါသည်။ မြန်မာနှင့်မြောက်ကိုရီးယားတို့တစ်ဦးနှင့်တစ်ဦး အယုံအကြည်ပျက်ခဲ့ကြသည့် သမိုင်းကြောင်းကိုလည်း မေ့မထားဖို့လိုပါသည်။ ဤကိစ္စသည် ၁၉၈၃ ခုနှစ်က တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်အား ရန်ကုန်ခရီးစဉ်တွင် သတ်ဖြတ်လုပ်ကြံရန် မြောက်ကိုရီးယားက လျှို့ဝှက်အေးဂျင့်များစေလွှတ်ခဲ့သည့် သိက္ခာအမဲ့ဆုံးနိုင်ငံတကာ အကြမ်းဖက်ဖြစ်စဉ်တစ်ခုပေါ်တွင်အခြေခံသည်။ ထိုစဉ်က ရန်ကုန်မြို့ဗုံးခွဲလုပ်ကြံမှုတွင် ချန်ဒူးဝမ်ကပ်၍ လွတ်သွားသော်လည်း တောင်ကိုရီးယား ၁၇ ဦးနှင့်မြန်မာအရာရှိ ၄ ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည်။

သို့သော် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း ရန်သူပတ်လည်ဝိုင်းနေသည့်ကြားတွင် မဟာမိတ်ရှာဖွေနေသော ပြုံယမ်းထဲမှ လက်နက်နှင့် စစ်ဖက်အကူအညီကြီးကြီးမားမားစီးဝင်လာမှုနှင့်အတူ မြန်မာနှင့်ဆက်ဆံရေးကို ပြန်လည်ပေါင်းထုပ်ရန် မြောက်ကိုရီးယားတို့က စီမံနိုင်ခဲ့ပါသည်။ ထို့အပြင် သမ္မတဘွတ်ရှ်အစိုးရက မြောက်ကိုရီးယားအား မိစ္ဆာဝင်ရိုးတန်းနိုင်ငံများအုပ်စုထဲသို့ထည့်သွင်းလိုက်ခြင်းက ပြုံယမ်းအား မြန်မာအာဏာ ရှင်များနှင့် ပို၍လက်တွဲဖြစ်အောင် တွန်းပို့သလိုဖြစ်စေခဲ့သည်။ သို့သော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးသည် လုံးဝဥခွံပေါက်ခါစ အနေအထားသာဖြစ်ပြီး အပြန်အလှန် ယုံကြည်မှုဖြင့်မဟုတ်ပဲ လက်နက်နှင့် အကူအညီပေါ်တွင် အခြေခံတည်ဆောက်ထားခြင်းသာ ဖြစ်သည်။

ယခု အခါမြန်မာတို့က မြောက်ကိုရီးယားနှင့်ဆက်ဆံနေမှုများကို အဆုံးသတ်ရန် ပြင်ဆင်နေပြီဟု ကြားသိရသည်မှာ အလွန်မင်္ဂလာရှိပါသည်။ သို့သော် ဤအခြေအနေကို ပိုမတွက်မိအောင် ကျွန်တော်တို့အထူး သတိထားကြဖို့လိုသည်။

*****************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive