Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၉.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. နျူးကလီးယားနှင့် ဒုံးကျည်စမ်းသပ်ရန် မြောက်ကိုရီးယားအသင့်ဖြစ်နေပာု တောင်ကိုရီးယားပြောကြား

(AFP News မှ 8 Nov 2012 ရက်စွဲပါ “North korea ready to conduct nuke,missile tests: minister”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဥရောပပြဿနာများဖြေရှင်းရန် ရှင်းလင်းပြတ်သားသော အစီအစဉ်လိုပာု တရုတ်ပြော

(5 Nov 2012 ရက်စွဲပါ AP ၏ China:Clear Plan needed to solve Europe crisis ကိုဘာသာပြန်ဆိုသည်)

     

***********************************************

ဘာသာပြန်သတင်းများ

နျူးကလီးယားနှင့် ဒုံးကျည်စမ်းသပ်ရန် မြောက်ကိုရီးယားအသင့်ဖြစ်နေပာု တောင်ကိုရီးယားပြောကြား

(AFP News မှ 8 Nov 2012 ရက်စွဲပါ “North korea ready to conduct nuke,missile tests: minister”သတင်းကိုဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယားသည် နောက်တစ်ကြိမ်နျူကလီးယား ဖောက်ခွဲစမ်းသပ်ရန်ပြင်ဆင်မှုများ ပြီးစီးနေပြီဖြစ်ပြီး နောင်တစ်ချိန်ချိန်တွင် တာဝေးပစ် ဒုံးကျည်ကိုလည်း စမ်းသပ်ပစ်လွှတ်လိမ့်မည်ပာု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

“ပြုံးယမ်းပာာ တတိယအကြိမ်နျူကလီးယားစမ်းသပ်ဖို့ ပြင်ဆင်မှုများစွာ လုပ်ပြီးနေပါပြီ။ အချိန်ကတော့ နိုင်ငံရေးအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက် ပေါ်မှာ မူတည်နေမှာပါ”ပာု ဆိုးလ်မှကာကွယ်ရေးဝန်ကြီး ကင်ကွမ်ဂျင်က သတင်းထောက်များအား ပြောကြားသည်။

ကိုရီးယားကျွန်းဆွယ်မှ အာဏာရှင်ကွန်မြူနစ်နိုင်ငံသည် ၂၀၀၆ နှင့် ၂၀၀၉ ခုနှစ်များတွင် နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့ဘူးသည်။

ဧပြီလက တာဝေးပစ်ဒုံးကျည်စမ်းသပ်မှု မအောင်မြင်ခဲ့သောပြုံးယမ်းသည် တစ်ချိန်ချိန်တွင် ဒုံးကျည်စမ်းသပ်မှုကိုလည်း ထပ်မံပြုလုပ်လိမ့်ဦး မည်ပာု ကင်ကွမ်ဂျင်က ခန့်မှန်းပြောဆိုသည်။

ဧပြီလက ဒုံးကျည်စမ်းသပ်မှုသည် ကမ္ဘာပတ်လမ်းအတွင်းသို့ သုတေသနဂြိုလ်တု လွှတ်တင်ရန်ဖြစ်သည်ပာု ပြုံယမ်းက ကာကွယ်ပြောဆိုထား သော်လည်း အမေရိကန်ပြည်ထောင်စုနှင့် မပာာမိတ်များကမူတားမြစ်ထားသော ထိပ်ဖူးတပ်ဒုံးကျည်နည်းပညာကို ချိုးဖောက်စမ်းသပ်ခြင်းဖြစ်သည်ပာု ရှုမြင်ထားကြသည်။

စက်တင်ဘာလက အမေရိကန်ဝက်ဆိုဒ် 38 North တွင် “မြောက်ကိုရီးယားတို့သည် တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုပြုလုပ် နိုင်သောနေရာ၌ လုပ်ငန်းများရပ်ဆိုင်းထားသည်ကို ဂြိုလ်တုဓာတ်ပုံများက ပြသနေကြောင်းနှင့် စီမံကိန်းပြန်စနိုင်ရန် ၂ နှစ်ခန့်ကြာဖွယ် ရှိကြောင်း”ဖော်ပြထားသည်။

Johns Hopkins school of advanced International studies မှ US-Korea Institute ၏ဝက်ဆိုဒ်တွင်လည်း “ဒုံးကျည်စီမံကိန်းလုပ်ငန်း ရပ်ဆိုင်းမှုအကြောင်းရင်းမှာ မသဲကွဲကြောင်းနှင့် မိုးအကြီးအကျယ်ရွာသွန်းမှုသည် အကြောင်းရင်းတစ်ချက်ဖြစ်နိုင်ကြောင်း”ရေးသား ဖော်ပြထားသည်။

နောက်တစ်ကြိမ်စမ်းသပ် ပစ်လွှတ်မည့်နေရာကို နိုင်ငံအရှေ့မြောက်ပိုင်းတွင် တည်ဆောက်လျက်ရှိပြီး ၂၀၁၅ ဝန်းကျင်တွင် ပြီးစီးရန်စီစဉ် ထားသည်ပာု သိရှိရသည်။ အကယ်၍ပြီးစီးရန် ကြန့်ကြာနေသည်တိုင်အောင် အနောက်မြောက်ပိုင်း အခြေစိုက်စခန်းတွင် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုကို ပြုံယမ်းက ပြုလုပ်နိုင်သေးသည်ပာု အထက်ပါဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ရာတွင်အသုံးပြုသော လက်ရှိရွေ့လျားပစ်စင်ပေါ်တွင် ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေသည်ကို ဂြိုလ်တုရုပ်ပုံများတွင် တွေ့ရှိရသည်ပာုလည်း ရေးသားထားသည်။

                                                        *******************************************

ဥရောပပြဿနာများဖြေရှင်းရန် ရှင်းလင်းပြတ်သားသော အစီအစဉ်လိုပာု တရုတ်ပြော

(5 Nov 2012 ရက်စွဲပါ AP ၏ China:Clear Plan needed to solve Europe crisis ကိုဘာသာပြန်ဆိုသည်)

အဓိကစီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဥရောပ၏အားကြီးသော ကြွေးမြီပြဿနာကိုဖြေရှင်းရန် ရှင်းလင်းပြတ်သားပြီး စိတ်ချရသည့် အစီအစဉ်များလိုအပ်ကြောင်း တရုတ်ဝန်ကြီးချုပ်က တနင်္လာနေ့ကကျင်းပသော အာရှနှင့်ဥရောပခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် ပြောကြား ခဲ့သည်။

ဝမ်ကျားပေါင်သည် တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးနှင့်ပတ်သက်သော တာဝန်ရှိသူတစ်ဦးဖြစ်ပြီး လာအိုနိုင်ငံတွင် နှစ်ရက်တာကျင်းပသော အာရှ-ဥရောပအစည်းအဝေးတွင် အဖွင့်၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြောကြားရာတွင် ဥရောပနိုင်ငံများအနေဖြင့် ပာန်ချက်ညီသော ပြုပြင်ပြောင်းလဲမှု၊ တည်ငြိမ်သော ငွေကြေးဈေးကွက်နှင့် စီးပွားရေးအရ ပြန်လည်နလံထူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“အဓိကျတဲ့ စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ ရှင်းရှင်းလင်းလင်းရှိပြီး အားထားရမယ့် နှစ်လယ်ဘဏ္ဍာရေးအစီအစဉ်တစ်ခုကို အင်အား ကြီးလာတဲ့ ကြွေးမြီပြဿနာကိုဖြေရှင်းဖို့ အမြန်ဆုံးဖြစ်နိုင်သမျှ ချမှတ်ဖို့လိုနေပါပြီ”ပာု ဝမ်ကပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးသို့ တိုက်ကြီးနှစ်တိုက်မှ နိုင်ငံပေါင်းငါးဆယ်၏ ခေါင်းဆောင်များ(သို့)ထိပ်တန်းဝန်ကြီးများ တစ်စုတစ်ဝေးတည်း တက်ရောက်ကြရာ ယခုနှစ်အစည်းအဝေးတွင် ဥရောပကြွေးမြီပြဿနာ လွှမ်းမိုးလိမ့်မည်ပာု မျှော်လင့်ရသည်။ အစည်းအဝေးသည် တိုက်ကြီးနှစ်တိုက်ကြား ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ခိုင်မာအားကောင်းလာရန်နည်းလမ်းများ ရှာဖွေကြမည်ဖြစ်သည်။

ဥရောပ၏စီးပွားကို ခြုံကြည့်ပါကအားနည်းလျက်ရှိပြီး ဂရိနှင့်စပိန်တို့တွင်ပြင်းထန်ပြီး အလေးအနက်ထားရမည့်ပြဿနာများ ဖြစ်လျက်ရှိသည်။ ဥရောပခေါင်းဆောင်များသည် အားကောင်းနေသော အာရှ၏စီးပွားရေးသည် ၎င်းတို့ကိုကူညီနိုင်ရန် မျှော်လင့်နေသည်။

ဥရောပသမဂ္ဂသည် တရုတ်၏အကြီးဆုံးကုန်သွယ်ဖက် ဖြစ်ပါသည်။ ထို့ကြောင့် Bijing သည် ၎င်းတို့ပြန်လည် နလံထလာရေးကို မြင်လိုသည်မှာ အသေအချာဖြစ်သည်။ ဥရောပ၏ ကြွေးမြီပြဿနာမှာ ကူးစက်ရောဂါသဖွယ်ပျံ့နှံ့သွားမည်ကို Beijing ကစိုးရိမ်နေကြောင်း ဝမ်၏မှတ်ချက်များက ပြသ နေသည်။

ပြင်သစ်သမ္မတ Francois Hollande ကတရုတ်နိုင်ငံ၏ တောင်းဆိုမှုကို ပြန်လည်တုန့်ပြန်သည့်အနေဖြင့် လူတိုင်းအားလွတ်လပ်သော ဈေးကွက်အတွက် နည်းလမ်းများကို အလေးထားစဉ်းစားပေးရန် ပြောဆိုခဲ့သည်။

“ဥရောပပာာ အခြေအနေပေါ်မူတည်ပြီး ဈေးကွက်ကိုယုံကြည်ခဲ့ပါတယ်။ လူတိုင်းအခွင့်အရေး သာတူညီမျှဖြစ်ရပါမယ်။ ဥရောပပာာ အမြဲတမ်း ကူးသန်းရောင်းဝယ်ရေးမှာ လိုငွေပြနေမှာမပာုတ်ပါဘူး”ပာု Hollande ကပြောသည်။ “ကျွန်တော်တို့ညီမျှတဲ့ဖလှယ်မှု လိုအပ်ပါတယ်။ ကျွန်တော်တို့ပာာ တံခါးဖွင့်ဈေးကွက်စနစ်ကို ယုံကြည်ပါတယ်။ ရှင်းရှင်းလင်းလင်းရှိတဲ့စနစ်မှာ ညီတူညီမျှအားထုတ်ကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”ပာု ၎င်းက ပြောသည်။

ဆွေးနွေးပွဲတွင် အကြမ်းဖက်ဝါဒမှအစပြု၍ ပင်လယ်ဓားပြတိုက်ခြင်းများ၊ လူ့အခွင့်အရေးကိစ္စများနှင့် ပညာရေးကိစ္စများ ပါဝင်ပါသည်။ ထို့အပြင် ခေါင်းဆောင်များသည် အရန်ဆွေးနွေးပွဲများအဖြစ် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးသို့ ပဲာဗီးဝိတ်များဖြစ်သော ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda၊ အီတလီဝန်ကြီးချုပ် Mario Monti၊ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နှင့်သြစတြေးလျဝန်ကြီးချုပ် Julia Gillard တို့လည်းတက်ရောက်ကြသည်။

Gillard သည် သမ္မတဦးသိန်းစိန်နှင့်လည်း တွေ့ဆုံခဲ့ရာ ၁၉၈၄ ကတည်းက မြန်မာခေါင်းဆောင်နှင့်တွေ့ဆုံသော ပထမဆုံးသြစတြေးလျ ဝန်ကြီးချုပ်ဖြစ်လာပါသည်။

“ကျွန်မတို့ပြောင်းလဲမှုတွေ ဖြစ်နေတာကိုတွေ့နေရပါတယ်။ ပြောင်းလဲမှု ခြေလှမ်းတိုင်းကို ကြိုဆိုပါတယ်။ ပြောင်းလဲမှုတစ်ခုတိုင်းအတွက် အသိအမှတ်ပြုတဲ့ အနေနဲ့ သြတြေးလျရဲ့နိုင်ငံခြားရေးဝါဒကို ပြောင်းပေးခဲ့ပါတယ်”ပာု Gillard ကဗီယင်ကျင်းတွင် သတင်းထောက်များသို့ ပြောကြား ခဲ့သည်။

“ဒီတွေ့ဆုံမှုပာာ ပြောင်းလဲမှုအတွက် နောက်ထပ်အသိအမှတ်ပြုမှုတစ်ခုပါပဲ”ပာု သူကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကာလမှာ လုပ်စရာများစွာ ရှိနေသေးကြောင်း Gillard ကပြောသည်။

“ကျွန်မတို့တိုင်းရင်းသားအုပ်စုတွေအတွက် လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေအပေါ် စိုးရိမ်မှုဆက်ရှိနေသေးတယ်လို့ ပြောမှာပါ”ပာု တနင်္လာနေ့အစည်းအဝေး မတိုင်မီ ၎င်းကပြောခဲ့သည်။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း မြန်မာစစ်တပ်သည် မြောက်ပိုင်းတွင် ကချင်တိုင်းရင်းသားများနှင့် တိုက်ပွဲများဖြစ်ပွားဆဲဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေးပဋိပက္ခများကိုလည်း ဖြေရှင်းခြင်း မပြုနိုင်သေးပေ။

***********************************************

 

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၉.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. မြန်မာ-ထိုင်းပူးတွဲဆပ်ကော်မတီခြောက်ခု ဖွဲ့စည်း
  2. ရန်ကုန်မြို့နှင့် အီတလီနိုင်ငံ တုရင်မြို့တို့အား ညီအစ်မမြို့တော်အဖြစ်သတ်မှတ်မည်
  3. ဘက်လိုက်မှုကင်းသည့် သတင်းစာများဖြစ်စေရေးအတွက် ကျင့်ဝတ်ပြဋ္ဌာန်းချက် ထုတ်ပြန်

နိုင်ငံရေးသတင်း

  1. ဦးအောင်မင်းနှင့် နိုင်ငံရေးအင်အားစုများ တွေ့ဆုံမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                         **********************************************************************************************

ပြည်တွင်းသတင်း

မြန်မာ-ထိုင်းပူးတွဲဆပ်ကော်မတီခြောက်ခု ဖွဲ့စည်း

မြန်မာနိုင်ငံအတွင်း ထိုင်းနိုင်ငံမှအဓိကရင်းနှီးမြှုပ်နှံလျက်ရှိသော ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ဗပာိုစီမံကိန်းအပြီးသတ် ရေးဆွဲရေး အတွက် မြန်မာ-ထိုင်း ပူးတွဲဆပ်ကော်မတီခြောက်ခုကို စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ထိုင်း-မြန်မာအဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေးကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးပွဲတွင် ဗပာိုစီမံကိန်းရေးဆွဲရေးနှင့် ထားဝယ်စီမံကိန်းအတွင်း အခြေခံအဆောက်အအုံများရင်းနှီးမြှုပ်နှံမှုကို ၂၀၁၃ ခုနှစ်တွင် စတင်နိုင်ရန် သဘောတူညီမှုရရှိခဲ့သည်။

ယင်းသဘောတူညီမှုများတွင် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမြှင့်တင်ရေး၊ လိုအပ်သည့်အခြေခံအဆောက်အဦများအတွက် ထိုင်းနိုင်ငံမှ နည်းပညာနှင့်အလုပ်သမားများဖြည့်ဆည်းပေးရေး၊ ထိုင်း-မြန်မာနယ်စပ်ဂိတ်ပေါက်များကို တရားဝင်ဖွင့်ထားပေးရေးစသည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းတည်ဆောက်လျက်ရှိသည့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ၂၀၁၅ အမီ ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားပြီး ယင်းစီမံကိန်း အတွက် အမေရိကန်ဒေါ်လာငါးဆယ်ဘီလျံခန့် ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် သံမဏိစက်ရုံ၊ ရေနံချက်စက်ရုံနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

                YC

-------------------------------------------------------------------------------------------------------------------------

ရန်ကုန်မြို့နှင့် အီတလီနိုင်ငံ တုရင်မြို့တို့အား ညီအစ်မမြို့တော်အဖြစ်သတ်မှတ်မည်

မြန်မာနိုင်ငံ၏စီးပွားရေးအချက်အချာကျဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့အား အီတလီနိုင်ငံ တုရင်မြို့နှင့် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အာရှ-ဥရောပထိပ်သီးအစည်းအဝေးတက်ရောက်ရန် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အီတလီနိုင်ငံဝန်ကြီးချုပ် H.E Mr. Mario Monti တို့ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌တွေ့ဆုံစဉ် ရန်ကုန်နှင့် တုရင်မြို့တို့အား ညီအစ်မမြို့တော်သတ်မှတ်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံအားပိတ်ဆို့မှုများ အမြန်ဆုံးဖယ်ရှားပေးရေးနှင့် GSP အခွင့်အရေးများ ပြန်လည်ပေးအပ်ရေး၊ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ တိုးမြှင့်ပေးအပ်ရေးနှင့် အီတလီနိုင်ငံသို့ပေးရန်ကျန်ရှိသော ကြွေးမှီများပယ်ဖျက်ပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့ပြင် အီတလီနိုင်ငံ တုရင်မြို့နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်မြို့အား ညီအစ်မမြို့တော်အဖြစ် သတ်မှတ်၍ ဆက်သွယ်ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် အီတာလျံ-ထိုင်းကုမ္ပဏီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ကုမ္ပဏီအား OECD မှ ချမှတ်ထားသော လူ့အခွင့်အရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအချက်များကိုလိုက်နာဆောင်ရွက်ရန် အားပေးရေးစသည့်ကိစ္စရပ်များ ကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ဝန်ကြီးဌာနများရုံးစိုက်ရာ နေပြည်တော်နှင့်မန္တလေးမြို့တော်တို့ကိုလည်း အခြားနိုင်ငံများနှင့်ညီနောင်မြို့တော်များအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

YC

---------------------------------------------------------------------------------------------------------------

ဘက်လိုက်မှုကင်းသည့် သတင်းစာများဖြစ်စေရေးအတွက် ကျင့်ဝတ်ပြဋ္ဌာန်းချက် ထုတ်ပြန်

နိုင်ငံပိုင်သတင်းစာများအား အများပြည်သူဝန်ဆောင်မှုသတင်းစာများအဖြစ်ပြောင်းလဲလိုက်ပြီးနောက် လိုက်နာစောင့်ထိန်းရမည့် ဘက်လိုက်မှု ကင်းသည့်သတင်းစာများဖြစ်စေရေးအတွက် ကျင့်ဝတ်ပြဋ္ဌာန်းချက်များအား အောက်တိုဘာလ ၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အများပြည်သူဝန်ဆောင်မှုသတင်းစာဆရာများအနေဖြင့် အများပြည်သူများသိရှိနိုင်စေရန် ထုတ်ပြန်သောသတင်း တိုင်းတွင် သတင်းအချက်အလက်တိကျမှန်ကန်စေရန် အစွမ်းကုန်စိစစ်၍ဘက်လိုက်မှုကင်းကင်းဖြင့် သတင်းရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

အများပြည်သူဝန်ဆောင်မှုသတင်းစာဆရာများသည် သတင်းအချက်အလက်များရေးသားဖော်ပြရာတွင် လိုရာဆွဲတွေးခြင်း၊ သတင်းထိမ်ချန် ခြင်း၊ သူတစ်ပါး၏ပုဂ္ဂလိကအခွင့်အရေးများအား နှောင့်ယှက်ရေးသားဖော်ပြခြင်း၊ သတင်းရေးသားသူ၏ ထင်မြင်ချက်အာဘော်ပါရှိခြင်း၊ မိမိ၏ သတင်းရင်းမြစ်အားဖော်ထုတ်ခြင်း၊ တရားစီရင်ရေးကိုအနှောင့်အယှက်ဖြစ်အောင်ရေးသားခြင်း၊ သတင်းရေးသားရာတွင် ငွေကြေးတံစိုးလက်ဆောင် ရယူခြင်း၊ ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများကို လှုံဆော်ခြင်း၊ ဝေဖန်ပုတ်ခတ်ရေးသားခြင်း၊ အခြားသတင်းများကို ကူးယူဖော်ပြခြင်း၊ ရေးသားခြင်း၊ လိမ်လည်၍သတင်းရယူခြင်း၊ တိုင်းပြည်နှင့်ပြည်သူအကျိုးမဲ့စေမည့်သတင်းများကိုရေးသားဖော်ပြခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေရန် သတင်း၊ ဓာတ်ပုံ၊ ကာတွန်း၊ ဆောင်းပါးနှင့် ကြေငြာများရေးသားဖော်ပြခြင်း၊ ညစ်ညမ်းစွာရေးသားခြင်း တို့ကိုရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် တိကျမှန်ကန်မှုမရှိသောသတင်းများကို ရေးသားဖော်ပြမိပါက ကာယကံရှင်ထံဆောလျင်စွာတောင်းပန်ရမည်ဖြစ်သည်။ တရားမျှတမှုနှင့် ဘက်လိုက်မှုကို ထိခိုက်စေမည့်လုပ်ရပ်များကို မည်သည့်ကိစ္စရပ်နှင့်မျှ လုပ်ဆောင်ခြင်းမပြုရန်တားမြစ်ထားသည်။

နိုင်ငံပိုင်သတင်းစာများအား အများပြည်သူဝန်ဆောင်မှုသတင်းစာအဖြစ်သို့ပြောင်းလဲရာတွင် လိုအပ်သောမူဝါဒများချမှတ်နိုင်ရန် အဖွဲ့ဝင် ငါးဦးပါဝင်သည့် အုပ်ချုပ်ရေးအဖွဲ့ကိုအောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့ပြီး သတင်းစာဆရာများလိုက်နာစောင့်ထိန်းရန် ကျင့်ဝတ်သိက္ခာများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

 

 ***************************************

နိုင်ငံရေးသတင်း

ဦးအောင်မင်းနှင့် နိုင်ငံရေးအင်အားစုများ တွေ့ဆုံမည်

              ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအဖွဲ့နှင့် ABSDF၊ တိုင်းရင်းသားလူမျိုး များဖက်ဒရယ်ကောင်စီ(UNFC)၊ KNPP၊ လူ့ဘောင်သစ်ပါတီ(DPNS)၊ ALP နှင့် WLB နိုင်ငံရေးအင်အားစုများသည် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ နှစ်ရက်ကြာ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

                အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် ဒီမိုမိတ်ဆွေ ၁၀ ပါတီတို့ နိုဝင်ဘာလ ၃ ရက်နေ့က ဦးဝိစာရလမ်းရှိ Peace Center ၌ တွေ့ဆုံစဉ် ငြိမ်းချမ်းရေးဆွေးနွေးနေသောတိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးဆွေးနွေးမှုအား ဒီဇင်ဘာလ နောက်ဆုံးထား၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် နောက်လာမည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်တွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

                ကချင်ပြည်နယ်အတွင်းတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့အကြားဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအဆုံးသတ်နိုင်ရေး အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အောက်တိုဘာလ ၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ KIO နှင့် နောက်တစ်ကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်မည့်ရက်ကိုမူ အတိအကျသိရှိခြင်းမရှိသေးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။               

                လက်ရှိအချိန်တွင် ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နှင့်ငြိမ်းချမ်းရေးသဘောတူညီမှုများရရှိခဲ့သည်။

                YC

***************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဒီနှစ်ဇူလိုင်လအထိ မြန်မာနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၆၆၂ သန်းကျော်ရရှိခဲ့ပြီး တစ်ဝက်လောက်က ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍကို အဓိကထားရင်းနှီးမြှုပ်နှံခဲ့တာပါ။ စစ်မှန်တဲ့ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းလာပြီး အာဏာခွဲဝေကျင့်သုံးရေးစနစ်တွေ ပေါ်ထွန်းလာဖို့ဆိုရင် လက်ရှိ  ၂၀၀၈  ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင်သင့်တယ်။"

နိုဝင်ဘာလ ၁၀ ရက်နေ့ထုတ် First Weekly Journal အတွဲ (၁)၊ အမှတ် (၅၃) တွင်ပါဝင်သော "စစ်မှန်တဲ့ ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းလာပြီး အာဏာခွဲဝေကျင့်သုံးရေးစနစ်တွေပေါ်ထွန်းလာဖို့ဆိုရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အခြေခံထားပြီး လွှတ်တော်ကနေ ပြင်ဆင်သင့်တယ်လို့ ဝန်ကြီးဦးအောင်မင်းပြောကြား" သတင်းမှ ဝန်ကြီးဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးပြောင်းလဲမှုတွေ အခုလောက်အထိဆောင်ရွက်နိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ မြန်မာအစိုးရအပေါ် ကန့်သတ်ထားမှုတွေ အားလုံးဖြေလျှော့ဖို့ထောက်ခံပါတယ်။ နှစ်နိုင်ငံကြား တာဝန်ယူမှုရှိ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက်ဖို့အားပေးသွားမယ်။"

နိုဝင်ဘာလ ၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၃၂) တွင် ပါဝင်သော "အာရှ-ဥရောပ အစည်းအဝေး မြန်မာအတွက် အလားအလာကောင်း ဖော်ဆောင်နိုင်ခဲ့" သတင်းမှ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ခ်ျ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------------------

"အီးဂါးဗားမန့်ကို ဆောင်ရွက်ခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီ၊ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ အဓိကကတော့ အစိုးရဌာနတွေရဲ့ အသုံးပြုမှုလိုအပ်နေခြင်း ဖြစ်ပါတယ်။ ပညာရှင်မရှိတာ ဆက်သွယ်ရေး မရှိတာဆိုတဲ့ အကြောင်းပြချက်တွေက အခုခေတ်အခြေအနေနဲ့ လက်မခံနိုင်တဲ့ အကြောင်းပြချက်ပါ၊ ဝန်ကြီးဌာနတိုင်းမှာလည်း ကွန်ပျူတာရှိတယ်။"

နိုဝင်ဘာလ ၉ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၃၂) တွင်ပါသော" အီးဂါးမန့်လုပ်ငန်း အောင်မြင်ဖို့လိုအပ်" သတင်းမှ မြန်မာ့ဆက်သွယ်ရေး စာတိုက်နဲ့ကြေးနန်ဝန်ကြီးဌာန ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်စိုး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

 

 *******************************************************************************************

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive