Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၃.၁၂.၂၀၁၂

ပြည်တွင်းသတင်း

  1. နယ်စပ်ရေးရာဝန်ကြီးဌာနှင့် UNDP တို့ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်မည်

နိုင်ငံရေးသတင်း

  1. လူ့အခွင့်အရေးကာကွယ်နိုင်ရန် ဥပဒေမှုကြမ်းရေးဆွဲ
  2. NLD ပါတီ၏ ရပ်/ကျေးညီလာခံ ဒီမိုကရေစီနှင့် သွေဖီပါက အသိအမှတ်မပြုကြောင်း ဗပာိုမှပြောကြားထား
  3. ဒီမိုကရေစီဖော်ဆောင်ရာတွင် တပ်မတော်ကိုဘေးဖယ်မထားသင့်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

နယ်စပ်ရေးရာဝန်ကြီးဌာနှင့် UNDP တို့ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်မည်

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP)တို့မှ ပူးပေါင်း၍ ကျေးလက်လူမှုဖွံ့ဖြိုးရေး (ICDP) စီမံကိန်းများကိုဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

                ယင်းနှစ်ခုပူးပေါင်း၍ လူမှုဖွံ့ဖြိုးရေးစီမံကိန်းများအပြင် ဝေးလံမြို့နယ်များအတွက် လူမှုဖွံ့ဖြိုးရေး (CDRT)  စီမံကိန်းများကူးပြောင်းခြင်း အစီအစဉ် များနှင့် UNDP ဆိုင်ရာ အစီအစဉ်သစ်များကို ၂၀၁၃ ခုနှစ်မှစတင်၍ ၂၀၁၅ ထိတိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ၆ ရက်နေ့များတွင် UNDP မှ လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကိုပြုလုပ်ခဲ့ပြီး ယင်းအလုပ်ရုံ ဆွေးနွေးပွဲများတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် UNDP တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း လူမှုဖွံ့ဖြိုးရေးစီမံကိန်းများလုပ်ဆောင်ရသည့် ရည်ရွယ်ချက်များ၊ နည်းဗျူပာာ၊ ရရှိသည့်ရလဒ်များ၊ အသုံးစရိတ်ဆိုင်ရာများ၊ သင်ခန်းစာအတွေ့အကြုံများ၊ ၂၀၁၃ မှ ၂၀၁၅ အထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် နိုင်ငံလုံးဆိုင်ရာ အစီအစဉ်သစ်များနှင့် ပတ်သက်၍ လူမှုဖွံ့ဖြိုးရေးစီမံကိန်း (CDRT) တို့အပေါ် ကူးပြောင်းဆောင်ရွက်မည့် အစီအစဉ်များ ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေှးနှင့် ဆင်းရဲချို့တဲ့မှု လျှော့ချရေးဆောင်ရွက်ရာတွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်များ၏ နည်းပညာ များလိုအပ်မည်ဖြစ်ကြောင်း သိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

လူ့အခွင့်အရေးကာကွယ်နိုင်ရန် ဥပဒေမှုကြမ်းရေးဆွဲ

နိုင်ငံတော်သမ္မတ၏ အမိန်အာဏာနှင့် ဖွဲစည်းထားသော လူအခွင့်အရေး ကော်မရှင်မှ အမျိုးသားလူအခွင့်အရေး ဆိုင်ရာဥပဒေမှုကြမ်းတစ်ရပ်ကို ရေးဆွဲပြီးဖြစ်၍ သမ္မတမှတဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ကိုလူအခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမြက ပြောကြား ကြောင်းသိရသည်။

                လုပ်ပိုင်ခွင့်များကို တိကျပြတ်သားစွာ လုပ်နိုင်ရန်နှင့်လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဌာနဆိုင်ရာအဖွဲ့အစည်း များနှင့်ပုးပေါင်းဆောင်ရွက် ရာတွင်အဆင်ပြေရန်အတွက်ဥပဒေ ရေးဆွဲရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်မိမိတို့၏ လူ့အခွင့်အရေးနှင့်ရပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များကိုသိရှိပြီး ကော်မရှင်သို့ တိုင်းတန်းလာပါက ထိရောက်စွာဖြေရှင်းပေးနိုင်ရန် ဥပဒေတစ်ရပ်ရေးဆွဲ၍ တင်ပြရခြင်းဖြစ်ကြောင်းသိရသည်။

ဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပြီးပါက စိစစ်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်လုပ်ဆောင်မှုကြောင့် လူ့အခွင့်အရေး ကော်မရှင်သည် အဖွဲ့ဝင် ပုံစံနှင့် ဖွဲ့စည်းပုံပြောင်းသွားနိုင်ကြောင်း၊ အရင်လုပ်ထုံးလုပ်နည်းကျွမ်းကျင်သော လူဟောင်းများပြန်ပါလာနိုင်သလို လူသစ်များလည်း ပါဝင်နိုင်ကြောင်းကို အဆိုပါကော်မရှင်မှ အတွင်းရေးမှုး ဦးစစ်မြိုင်ကပြောကြားကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ် မတ်လ ၁၅ရက်တွင် ဝန်ကြီးဌာနအသီသီးမှ ဝန်ထမ်း ၂၂ ဦးနှင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ကို လွှတ်တော်မှဥပဒေပြုဖွဲ့စည်းထားခြင်း မဟုတ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်မှ ဗဟိုအဖွဲ့တွင်ထည့်ထားခြင်းနှင့် အသုံးစရိတ် ပယ်ဖြတ်ရန် ၁၆ရက် မတ်လ ၂၀၁၂ ခုနှစ်တွင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

YC

---------------------------------------------------------------------------------

NLD ပါတီ၏ ရပ်/ကျေးညီလာခံ ဒီမိုကရေစီနှင့် သွေဖီပါက အသိအမှတ်မပြုကြောင်း ဗပာိုမှပြောကြားထား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ဗပာိုညီလာခံကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် ရပ်/ကျေးညီလာခံများကျင်းပနိုင်ရန် ညီလာခံကိုယ်စားလှယ်များနှင့် အလုပ်အမှုဆောင်များရွေးချယ်ရာတွင် ညီလာခံစီမံချက်နှင့် ဆန့်ကျင်ခြင်း၊ ဒီမိုကရေစီနှင့် သွေဖီခြင်းများရှိပါအသိအမှတ် မပြုကြောင်း NLD ဗပာိုမှ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် NLD ပါတီ၏မြို့နယ်ရုံးခွဲအချို့တွင် ရပ်/ကျေးညီလာခံကျင်းပနိုင်ရေး ကိုယ်စားလှယ်နှင့် အလုပ်အမှုဆောင်များ ရွေးချယ်ရာ တွင် ဒီမိုကရေစီနည်းလမ်းမကျမှုများကြောင့် ယင်းဒေသများတွင် NLD ပါတီအား ပါတီဝင်များမှ ပြန်လည်ဆန္ဒထုတ်ဖော်ခြင်း၊ ရွေးချယ်ထားသူများအား ကန့်ကွက်ခြင်းနှင့် ပါတီဝင်များနုတ်ထွက်ခြင်းတို့ဖြစ်ပေါ်ခဲ့ရကြောင်းသိရသည်။

ထိုသို့ဒီမိုကရေစီနည်းလမ်းမကျမှုများကြောင့် NLD ပါတီဝင်များအနေဖြင့် ဗပာိုကော်မရှင်ထံသို့ စာရေးအကြောင်းကြားခြင်း၊ ဒေါ်အောင်ဆန်း စုကြည်ထံသို့ စာပေးပို့ခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ဗပာိုမှသိရှိနိုင်စေရန်ဆောင်ရွက်ခဲ့သည့်အတွက် NLD ဗပာိုမှ တာဝန်ရှိသူအချို့ကယင်း ဒေသများတွင် သွားရောက်မှတ်တမ်းယူခြင်း၊ စုံစမ်းစစ်ဆေးခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ်(၄၅)နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ (၄၃)နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

YC

----------------------------------------------------------------------------------

ဒီမိုကရေစီဖော်ဆောင်ရာတွင် တပ်မတော်ကိုဘေးဖယ်မထားသင့်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် နိုင်ငံရေးပါတီများအနေဖြင့် တပ်မတော်နှင့် အတူတကွပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ တပ်မတော်အား ဘေးဖယ်မထားသင့်ကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက  ယခင်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးတင်ဦးကပြောကြား ကြောင်းသိရသည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်အား ကာကွယ်စောက်ရှောက်ရန် တပ်မတော်မှာ မရှိမဖြစ်လိုအပ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း တပ်မတော်သားများနှင့် နီးစပ်အောင်ကြိုးစားနေကြောင်း၊ တပ်မတော်သားများ အနေဖြင့်လည်း တိုင်းပြည်မှ ပေးအပ်သောတာဝန်ကို စွမ်းစွမ်းတမံဆောင် ရွက်သင့်ကြောင်း၊ ပြည်သူများမှဂုဏ်ယူရသော တပ်မတော်ဖြစ်အောင် ကြိုးစားလုပ်ဆောင်သင့်ကြောင်းတို့ကို လည်းကောင်းက ပြောကြားကြောင်းသိရ သည်။

တပ်မတော်အပေါ်တွင်အတိုက်အခံ နိုင်ငံရေးပါတီများအနေဖြင့် ယခင်အစိုးရအဆက်ဆက်ကိစ္စရပ်များနှင့် ပတ်သက်ပြီးပြောဆိုမှုများကို ယခု လက်ရှိအချိန်တွင် ထိန်းသိမ်းသင့်ကြောင်း၊ ယခုကာလတွင် အတိတ်မှဖြစ်ပျက်မှု များကိုသင်ခန်းစာယူပြီး လိုအပ်သည်များကို ကြိုးစားပြုပြင်ရင်း တိုင်းပြည်အနာဂါတ် ကောင်းမွန်အောင်ဝိုင်းဝန်းလုပ်ဆောင် သင့်ကြောင်း ဆက်လက်၍ တိုက်တွန်းပြောကြားကြောင်းသိရသည်။

YC

**********************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“ဒီရဲသတင်းပေးကိစ္စက လွှတ်တော်မှာမမေးလို့မရဘူး။ ဘာလို့လဲဆိုတော့ နေရာတိုင်းလိုလိုမှာ သတင်းပေး (In Formef) တွေကို ပြည်သူတွေက ကြောက်နေရတယ်။ ကြောက်တယ်ဆိုတာကလည်း ရွှံကြောက်ကြောက်တာပါ။ ဒီဘက်ခေတ် ရဲသတင်း ပေးတွေက အင်္ဂလိပ်ခေတ်တို့၊ ဂျပန်ခေတ် တို့ကလိုအလိုတော်ရှိပုံစံမျိုးနဲ့ ပြည်သူကိုအနိုင်ကျင့်ဒုက္ခပေး မလိုရင်မလိုသလိုရဲနဲ့ အတို့အထောင်လုပ်ပြီး ရဲယောင်ယောင်နဲ့ ရိုက်စစ်သေးတာတို့ဘာတို့ လုပ်နေတယ်။ ဒါကို ဝန်ကြီးဌာနက တိုက်ရိုက်ခန့်ထားတာလားဆိုတာ လာမယ့်လွှတ်တော်အစည်းအဝေး ပြန်စရင်မေးမှာပါ။ အဓိကကတော့တာရား ဥပဒေ စိုးမိုးရေးအတွက်ပါ”

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၀) တွင်ပါရှိသော “ရဲသတင်းပေးကိစ္စများ လွှတ်တော်တွင် မေးခွန်း ထုတ်မည်” သတင်းမှ ပြည်သူလွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဒေါ်လဲ့လဲ့ဝင်းဆွေ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။

---------------------------------------------------------------------

“ဘာပဲဖြစ် ဒီအချိန်မှာတော့ဘယ်သူမှ အပြစ်မရှိဘူးလို့ တရားဥပဒေရဲ့ သဘောတရားအရ ဒီလိုပဲသက်မှတ်မယ်။ စုံစမ်းပြီးတော့မှသက်သေအစုံအလင်နှဲ့ ဘယ်နေရာမှာအပြစ်ရှိတယ်ဆိုတာကို မြင်ရင်မြင်သလိုပြောပါမယ်။ တရားဥပဒေနဲ့ ပြောတယ်ဆိုတာမှန်းခြေနဲ့ ပြောလို့မဖြစ်ပါဘူး။ လူတိုင်းမှာသံသယရဲ့ အကျိုးကိုခံစားခွင့်ရှိပါတယ်”

ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Myanmar Times Journal အတွဲ (၃၀) အမှတ် (၅၉၉) တွင်ပါရှိသော “တိုင်းသူပြည်သားများအတွက် အကောင်းဆုံးအကြံပြုချက်တွေတင်ပြမည်” သတင်းမှလက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ၏ပြောကြားချက်အားကောက်နှုတ်ချက်။

------------------------------------------------------------------------------

“မြန်မာပြည်တွင်းမှာ တွင်ကျယ်နေတဲ့ တရားရေးချစား မှုတွေဟာဘယ်အချိန်ကစပြီး အမြစ်တွယ်ခဲ့ပါသလည်း၊ ပြီးတော့ ဘယ်အရာအခြေခံပြီး တရားရေးချစားမှုတွေ တွင်ကျယ်ခဲ့ပါသလည်း။

လက်ပေးလက်ယူတာ အရင်ကတည်းကရှိပါတယ်၊ ပါတီကောင်စီခေတ်တုန်းကလည်း ပါတီကောင်စီထိန်းကျောင်းမှုနဲ့ တရားစီရင်ခဲ့တာတွေလည်း ရှိတာပဲ။ အဲ့ဒီကတော့လက်ပေးလက်ယူမှုဆိုတာ ရှိတန်သလောက်တော့ရှိတယ်။ ဒါပေမယ့် ဒီဘက်ခေတ်လောက်မကျယ်ပြန့်ဘူး။ န.ဝ.တ အစိုးရ လက်ထက်ရောက်မှဆိုးလာတာ။ ယခင်နဲ့ န.ဝ.တ အစိုးရအာဏာ သိမ်းပြီးနောက်နဲ့ယှဉ်လိုက်ရင် ဒီဘက်ခေတ်ကပိုဆိုးတယ်။ ပြောရရင်ဆိုက်ကား သမားတောင် တရားသူကြီးဖြစ်နိုင်တဲ့ ခေတ်ထက်ဥပဒေဘွဲ့ရတွေ တရားသူကြီးဖြစ်တဲ့ခေတ်ဆိုရင် ဥပဒေစိုးမိုးမှုပိုအားကောင်းလာမယ် လို့ထင်ခဲ့တာ။ ဒါပေမယ့် ထင်တဲ့အတိုင်းဖြစ်မလာဘူး။ ပြောရရင်ခြစားမှုတွေ အမြစ်စတွယ်တယ်ဆိုတာထက် ပိုပြီးကျယ်ပြန်လာတာကတော့ န.ဝ.တ ခေတ်ကစတာပဲ။ နောက်ခြစားမှုတွေကဘယ်အရာကိုအခြေခံသလည်းဆိုတော့ န.ဝ.တ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးနဲ့ သွားရတာဆိုတော့ အဲ့ဒီစစ်အုပ်ချုပ် ရေးအပိုင်းက တရားစီရင်ရေးအပိုင်းကို လွှမ်းမိုးချုပ်ကိုင်လာတာကနေ စအခြေခံတာပဲ။ အဲ့ဒီမှာ တရားစီရင်ရေးအာဏာကို ကိုယ်ပိုင်စီးပွားသဖွယ်အသုံးပြု လာတယ်။ အဲ့ဒါတွေကအခြေခံတယ်လို့ ယူဆရပါတယ်”  

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၂၀) တွင်ပါရှိသော “တရားစီရင်ရေးအာဏာကို ကိုယ်ကျိုးအတွက် တရားသူကြီးတွေသုံးခဲ့လို့ တရားရေးမဏ္ဍိုင်ယိမ်းယိုင် ရတာပါ” အင်တာဗျူးမှ ပြည်သူလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

 *************************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၃.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဂျပန် KDDI ၏နံပါတ်စဉ် ၁၀၀ မြောက်ရုံးခွဲ ဖွင့်လှစ်မည်

(The Next web မှ 12 dec 2012 ရက်စွဲပါ "Japan's KDDI to open an office in Myanmar, marking its 100th site overseas"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာပုဂ္ဂလိကဓာတ်အားစီမံကိန်းအတွက် GE ဂက်စ်တာဘိုင်နည်းပညာ ရွေးချယ်ခံရ

(Electric Energy News မှ 11 Dec 2012 ရက်စွဲပါ "GE Aeroderivative Gas Turbines Tapped for Independent Power Project in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

  1. MUFG သည်အမေရိကန် အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒဏ်ကြေး ဒေါ်လာ ၈.၆ သန်းပေးရမည်

(13 Dec 2012 ရက်စွဲပါ Reuters မှ MUFG to Pay $8.6 million in U.S sanctions case ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဂျပန် KDDI ၏နံပါတ်စဉ် ၁၀၀ မြောက်ရုံးခွဲ ဖွင့်လှစ်မည်

(The Next web မှ 12 dec 2012 ရက်စွဲပါ "Japan's KDDI to open an office in Myanmar, marking its 100th site overseas"သတင်းကိုဘာသာပြန်ဆိုသည်)

ဂျပန် KDDI ကုမ္ပဏီသည် ရန်ကုန်မြို့တော်တွင် ရုံးခွဲဖွင့်လှစ်မည်ပာု ကြေညာပြီးနောက်တွင် မြန်မာနိုင်ငံသို့ ခုန်ဝင်လာသည့် နောက်ဆုံး နိုင်ငံ တကာတယ်လီကွမ်းကုမ္ပဏီဖြစ်လာပါသည်။မြန်မာနိုင်ငံသည် ပြီးခဲ့သော ၆ လအတွင်း နိုင်ငံရေးနှင့် လူမှုရေးချုပ်ချယ်မှုများကို သိသိသာသာဖြေလျော့ပေး ခဲ့သည်။ တံခါးပိတ် လက်ဝါးကြီးအုပ် အာဏာရှင်စနစ်ကို လမ်းခွဲလိုက်ပြီဖြစ်သော မြန်မာနိုင်ငံ၌ ပေါ်ထွက်လာသော အခွင့်အလမ်းများစွာတွင် တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းလည်းပါဝင်လာသည်။

လူဦးရေ သန်း ၅၀ ကျော်သောနိုင်ငံသို့ နိုင်ငံတကာကုမ္ပဏီများ တိုးဝှေ့ဝင်လာခြင်း၊ အိုင်တီ၊ တယ်လီကွမ်းနှင့် နည်းပညာကဏ္ဍများအတွက် များစွာအလားအလာရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံကို ကျောက်ရိုင်းတုံးကလေးပာု IDC ကခေါ်ဝေါ်လိုက်သည်။ ပင်လယ်ရပ်ခြားကုမ္ပဏီခွဲအဖြစ်နာမည် ပေးထားသော KDDI Myanmar ကို KDDI Japan နှင့် စင်္ကာပူကုမ္ပဏီခွဲတို့ပူးပေါင်း၍ ဖက်စပ်ထူထောင်ခဲ့ခြင်းဖြစ်ပြီး၊ ကုမ္ပဏီ၏ နံပါတ်စဉ် ၁၀၀ မြောက် နိုင်ငံခြားရုံးခွဲဖြစ်လာမည်ပာု သိရှိရသည်။ KDDI သည် ဂျပန်တွင် မိုဘိုင်းဖုန်းအော်ပရေတာလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများစွာကို လုပ်ကိုင် နေသော်လည်း မြန်မာနိုင်ငံရှိ ခွင်မှာမူ စီးပွားရေးလုပ်ရန် အကန့်အသတ်ရှိနေသည်ပာုဆိုသည်။

KDDI သည် မြန်မာနိုင်ငံတွင် Coca-Cola နှင့် WPP အပါအဝင် နိုင်ငံတကာကုမ္ပဏီများအတွက် ဂျပန်အရည်အသွေးမှီ ကွန်ယက်နှင့် အခြေခံ အဆောက်အဦးစနစ်ကို ဖြည့်ဆည်းပေးရန် ရည်မှန်းထားသည်ပာု ကုမ္ပဏီက ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ မြန်မြန်ဆန်ဆန်ကူးပြောင်းနေပြီး၊ နိုင်ငံခြားကုမ္ပဏီများစီးဝင်မှု ကြီးထွားလာသော်လည်း ကုမ္ပဏီလုပ်ငန်းများ အတွက် နည်းပညာလုံလုံလောက်လောက် တပ်ဆင်ထားသော ရုံးခန်းများ လတ်တလောမရှိသေးပေ။ ထို့ကြောင့် KDDI Myanmar ကရန်ကုန်မြို့လယ် တွင် KDDI Myanmar Business Center ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာကုမ္ပဏီများ မြန်မြန်လုပ်ငန်းစနိုင်အောင် အိုင်တီ အခြေခံစနစ် အပြည့်အဝဝန်ဆောင်မှုပေးမည့် ရုံးခန်းနေရာများကို ဖြည့်ဆည်းပေးသွားမည်ပာု သိရှိရသည်။

အထက်ပါ ရည်မှန်းချက်ဖြင့် ဝင်လာသောကုမ္ပဏီမှာ KDDI တစ်ခုထဲမပာုတ်ပါ။ ဂျပန်ကုမ္ပဏီ NTT Com သည်အောက်တိုဘာလက ရန်ကုန်သို့ ခြေချခဲ့ပြီး၊ မြန်မာနိုင်ငံရောက် ပထမဆုံး တယ်လီကွန်းကုမဏီဖြစ်လာခဲ့ပြီးဖြစ်သည်။ NTT Com ကလည်း အလားတူအခြေခံစနစ်နှင့် အိုင်တီဝန်ဆောင်မှု များပေးရန် ကမ်းလှမ်းထားသည်။

မြန်မာနိုင်ငံသည် ဂျပန်နာမည်ပျက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Rocket Internet သည် မြန်မာနိုင်ငံတွင် ဝက်ဆိုဒ်ဆားဗစ် ၃ ခုကို ဇူလိုင် လက စတင်ခဲ့သည်။

                                        **********************************************

မြန်မာပုဂ္ဂလိကဓာတ်အားစီမံကိန်းအတွက် GE ဂက်စ်တာဘိုင်နည်းပညာ ရွေးချယ်ခံရ

(Electric Energy News မှ 11 Dec 2012 ရက်စွဲပါ "GE Aeroderivative Gas Turbines Tapped for Independent Power Project in Myanmar"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အမေရိကန်ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်သော Sanctions များကို ဝါရှင်တန်က ရုတ်သိမ်းပေးပြီးနောက်ပိုင်း ယင်းနိုင်ငံတွင် အကောင် အထည်ဖော်မည့် စီမံကိန်းများထဲမှ တစ်ခုအတွက် GE ကုမ္ပဏီ၏ အေရိုဒရစ်ဗတစ် ဓာတ်ငွေ့တာဘိုင် နည်းပညာကိုရွေးချယ်လိုက်ပြီဖြစ်သည်။ မြန်မြန် ဆန်ဆန်အကောင်အထည်ဖော်တော့မည့် အဆိုပါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစီမံကိန်းသည် ၂၀၁၃ ဒုတိယသုံးလပတ်ထက် နောက်မကျဘဲဝန် ဆောင်မှုပေးမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ လျင်မြန်စွာကြီးထွားလာသော ဓာတ်အားလိုအပ်ချက်ကို ကူညီဖြည့်ဆည်းရန် ၁၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည် ဖြစ်သည်။

ယခုကြေညာလိုက်သောစီမံကိန်းသည် မြန်မာနိုင်ငံမှ အမြင်ကျယ်ပြောင်းလဲလာသော လူ့အဖွဲ့အစည်းကိုပံ့ပိုးရန် အခြေခံအဆောက်အဦးစနစ် အားပြင်ဆင်နေမှုကို ကူညီရာတွင် GE ၏ကမ္ဘာကို ဆက်လက်ကျယ်ပြန့်စေမည်ဖြစ်သည်။ GE Healthcare နှင့် GE Capital Aviation Services Limited တို့ကလည်း မြန်မာနိုင်ငံတွင် အခြားအစီအစဉ်များဆောင်ရွက်နေကြောင်း ယခုနှစ်အစောပိုင်းတွင် ကြေညာခဲ့သည်။

GE ကုမ္ပဏီသည် ရန်ကုန်မြို့တော် အလုံမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံအတွက် LM-6000-PC Sprint အေရိုဒရစ်ဗတစ် ဓာတ်ငွေ့တာဘိုင် ဓာတ်အားပေးစက်နှစ်လုံးနှင့် နည်းပညာအကြံပေး ဝန်ဆောင်မှုကို ဖြည့်ဆည်းပေးသွားမည်ပာုသိရသည်။ ၎င်းဓာတ်အားပေးစက်ရုံကို လုပ်ကိုင်မည့် ပိုင်ရှင်ဖြစ်သော ပုဂ္ဂလိကဓာတ်အားထုတ်လုပ်သူ Toyo Thai Power Corp (စင်္ကာပူတွင် TTPSG)က မြန်မာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ဓာတ်အား ရောင်းချပေးမည်ဖြစ်သည်။

TTPSG ကုမ္ပဏီစီအီးအို ပီာရိုနိုဘူ လိုင်ရီယာက "မြန်မာနိုင်ငံမှ များပြားတဲ့ စွမ်းအင်ရင်းမြစ်တွေရှိနေပါတယ်။ အထူးသဖြင့်ကတော့ ရေအား လျှပ်စစ်တွေ၊ ဓာတ်အားထုတ်လုပ်နိုင်မယ့် သဘာဝဓာတ်ငွေ့တွေ၊ ရေနံနဲ့ဓာတ်ငွေ့ ရှာဖွေရေးစီမံကိန်းတွေပါပဲ"ပာု ပြောကြားသည်။ "မြန်မာနိုင်ငံမှသဘာဝ ဓာတ်ငွေ့ရရှိနိုင်တဲ့အတွက် လျှပ်စစ်ဓာတ်အားများများ အရေးပေါ်လိုအပ်နေတာကို ပိုမိုဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်ရာမှာ ဓာတ်ငွေ့လောင်စာသုံး Conbined-cycle profects တွေပာာ ပိုပြီးအရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာပါလိမ့်မယ်"ပာုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ နောက်ဆုံးထား၍ နိုင်ငံ၏တပ်ဆင်လျှပ်စစ်ဓာတ်အားပမာဏကို နှစ်ဆတိုးအောင်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဓာတ်ငွေ့လောင်စာသုံးစက်ရုံများမှ ဓာတ်အား ၄၅၀ မဂ္ဂါဝပ် ထပ်မံထွက်ရှိအောင် စီစဉ်နေပါသည်။ လက်ရှိတွင်နိုင်ငံ၏ တပ်ဆင်လျှပ်စစ်ဓာတ်အားပမာဏ (စုစုပေါင်းထုတ်လုပ်နိုင်မှု ပမာဏ)၏ ၂၀ ရာခိုင်နှုန်းကျော်ကို သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်ပေးလျက်ရှိသည်။

GE Power & Water ၏စီအီးအို ဒါရယ်လ်ဝီလ်ဆန်က "ပြည့်ကျပ်နေတဲ့ ဓာတ်အားပေးအစီအစဉ်တွကု ပြည့်မှီနိုင်ဖို့အတွက် ဓာတ်ငွေ့လောင်စာ သုံး Conbined-cycle ဓာတ်အားပေးစက်တွေကို ဖြန့်ဖြူးတပ်ဆင်ပေးနေတာပါ။ မြန်မာနိုင်ငံရဲ့ဓာတ်အားအရေးပေါ်လိုအပ်မှုကို ဖြေရှင်းရာမှာ အကောင်း ဆုံးအံဝင်ခွင်ကျဖြစ်အောင် ဒီနည်းပညာကို ဖြန့်ဖြူးပေးနေတာပါ။ ဒီဓာတ်အားပေးစက်ရုံတွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ စွမ်းဆောင်နိုင်မှုကိုတော့ ကမ္ဘာတစ် လွှားထောင်နဲ့ချီတဲ့ လက်ခံသုံးစွဲမှုတွေက သက်သေပြပြီးသားပါ"ပာု ပြောကြားသွားသည်။                                        ************************************************

MUFG သည်အမေရိကန် အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒဏ်ကြေး ဒေါ်လာ ၈.၆ သန်းပေးရမည်

(13 Dec 2012 ရက်စွဲပါ Reuters မှ MUFG to Pay $8.6 million in U.S sanctions case ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ Mitsubishi UFJ Financial Group Ine ကပြောကြားရာတွင် ၎င်းသည် ငွေလွှဲပြောင်းမှုများတွင် အမေရိကန်၏အရေးယူပိတ်ဆို့မှု ဥပဒေများကို ချိုးဖောက်ခြင်းကြောင့် ဒေါ်လာ ၈.၆ သန်းပေးရမည်ပာုဆိုပါသည်။

Yomiuri နေ့စဉ်ကပြောကြားရာတွင် MUFG ၏အဓိကဖြစ်သော Mitsubishi UFJ ဘဏ်သည် အမေရိကန်အစိုးရတာဝန်ရှိသူများအား သတင်း ပို့ရာ၌ ၎င်းတို့၏ဘဏ်သည် ဘဏ်၏ဖောက်သည်များကိုယ်စား အမေရိကန်အရေးယူမှုစာရင်းတွင်ပါဝင်သည့် အီရန်၊ ဆူဒန်၊ မြန်မာနှင့် အခြားနိုင်ငံများမှ ကုမ္ပဏီများထံ ငွေလွှဲပို့ခဲ့ကြောင်းဆိုပါသည်။

Standard Chartered Plc သည်လည်း အမေရိကန်၏ အရေးယူမှုများကို ချိုးဖောက်ခြင်းကြောင့် ဒေါ်လာ ၃၂၇ သန်းပေးရန် သဘောတူ ခဲ့ပါသည်။ ၎င်းသည် သြဂုတ်လကလည်း အီရန်နိုင်ငံအပေါ် အရေးယူထားမှုအား ချိုးဖောက်ခဲ့ခြင်းကြောင့် ဒေါ်လာ သန်း ၃၄၀ ဒဏ်ကြေးပေးခဲ့ရပြီးဖြစ်ပါ သည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive