Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၇.၁.၂၀၁၃

ပြည်တွင်းသတင်း

  1. လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားလုံလောက်ရန် Gas Turbine နှင့် Gas Engine များတင်သွင်းရန်စီစဉ်
  2. ရွှေပြည်သာသိမ်းဆည်းခံ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ဆောင်ရွက်မှုနှစ်ဖက်သဘောတူ

နိုင်ငံရေးသတင်း

  1. ကချင်ပြည်နယ်အရေး KNU ကြားဝင်ဆောင်ရွက်ပေးမည်ဆိုပါက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမည်
  2. ကေအိုင်အေလက်တွင်းရောက်ရှိနေသော အစိုးရတပ်သားများကို နေရပ်ပြန်ပို့ရန် ၈၈ မျိုးဆက်ကျောင်းသားများညှိနှိုင်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************************************************************************

ပြည်တွင်းသတင်း

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အားလုံလောက်ရန် Gas Turbine နှင့် Gas Engine များတင်သွင်းရန်စီစဉ်

လာမည့်နွေရာသီကာလများတွင် လျှက်စစ်ဓာတ်အားလုံလောက်ရန်အတွက် ပြည်ပနိုင်ငံများမှ Gas Turbine နှင့် Gas Engine များတင်သွင်းရန် ပြင်ဆင်ပြီးနေသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့၏ ခွင့်ပြုချက်ကိုစောင့်ဆိုင်းလျှက်ရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှတာဝန်ရှိသူတစ်ဦးမှပြောကြားကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်တွင် အခြေခံတွက်ချက်မှုအရ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုပမာဏမှာ ၁၇၉၀ မဂ္ဂါဝပ်ခန့် သုံးစွဲခဲ့ပြီး လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ  ၁၅ ရာခိုင်နှုန်းခန့် ရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်ဓာတ်အား ၂၀၆၀ ပမာဏခန့်   သုံးစွဲမည်ဖြစ်သည့်အတွက် လိုအပ်လျှက်ရှိသော ဓာတ်အားပမာဏကို ဖြည့်ဆီးနိုင်ရန်အတွက် စပိန်၊ ဂျာမဏီ၊ သြစတြေးလျ၊ စင်ကာပူနှင့် မလေးရှားစသောနိုင်ငံများမှ Gas Turbine နှင့် Gas Engine များ တင်သွင်းရန်စီစဉ်လျှက်ရှိကြောင်းသိရသည်။

လိုအပ်သည့်ဓာတ်အားပမာဏများကို ဖြည့်တင်းနိုင်ရန်အတွက် Gas Turbine နှင့် Gas Engine များတင်သွင်းရန် စီစဉ်လျှက်ရှိသည့်အပြင် စက်မှုဇုန်များကို အချိန်ပိုင်းဓာတ်အားလျှော့ချခြင်း၊ အစိုးရပိုင်စက်ရုံများနှင့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများကို အချိန် ၅ နာရီခန့်ဓာတ်အားပိတ်ခြင်းနှင့် မြို့ကြီးများတွင် ၁ မဂ္ဂါဝပ် မီးစက်များသုံး၍ ဓာတ်အားဖြည့်တင်းပေးမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါနိုင်ငံများမှ တင်ပို့မည့် Gas Turbine နှင့် Gas Engine များကို ရွှေပြည်သာ လှော်ကားစက်ရုံ၊ အင်းစိန်ရှိရွာမစက်ရုံ၊ သာကေတ စက်ရုံနှင့် အလုံစက်ရုံများတွင်တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၁၂ခုနှစ်တွင် လျှပ်စစ်ဓာတ်အားကောက်ခံမှုကို ဈေးနှုန်းတိုးမြှင့်ခဲ့သော်လည်း နွေရာသီ ကာလများတွင် လျှပ်စစ်မီးလုံလောက်မှု မရှိခြင်းကြောင့် နိုင်ငံတဝန်းဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

YC

----------------------------------------------------------------------------------------------------------------

ရွှေပြည်သာသိမ်းဆည်းခံ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ဆောင်ရွက်မှု နှစ်ဖက်သဘောတူ

                ရွှေပြည်သာမြို့နယ်ရှိစက်မှုဇုန် အပိုင်း ၁ တွင်စက်မှုဇုန်အဖြစ် အကောင်အထည်ဖော်လုပ်ပိုင်ခွင့်ရရှိထားသော  Top Star ကုမ္ပဏီ၊ လယ်မြေများကိုလိုက်လံဝယ်ယူထားသည့် လုပ်ငန်းရှင်များနှင့် မူလလုပ်ပိုင်ခွင့်ရှိသောလယ်သမား များအကြားဖြစ်ပေါ်လျှက်ရှိသော လယ်ယာမြေပြဿနာများကို လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင်ဥက္ကဌ နှင့်အဖွဲ့ဝင်များကတွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ရာတွင် အဆင်ပြေမှုများရရှိကြောင်းသိရသည်။

                အဆိုပါတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုကို သုဝဏ္ဏရှိ Top Sta ကုမ္ပဏီရုံးခန်းတွင်မနက် ၉ နာရီမှစတင်ကာ ည ၇ နာရီ ခန့်တွင်ပြီးဆုံးသွားကြောင်း၊ အစပိုင်းတွင်နှစ်ဖက် တင်းမာမှုများရှိသော်လည်း နောက်ပိုင်းတွင် ပြေလည်စွာပြီးဆုံးသွား ကြောင်း၊ လယ်သမားများအနေဖြင့်ထောက်အထားခိုင်လုံစွာ ပြနိုင်ပါကတစ်ဧကလျှင်ကျပ်သိန်း ၂၀ ရရှိ နိုင်ကြောင်း၊ လျှော် ကြေးပေးရမည်မြေမှာ ဧက ၅၀၀ ကျော်ရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်မှ ပြေားကြားသည်။

                လယ်ယာမြေပြဿနာများကို ဖြေရှင်းရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းမှုစုံစမ်းရေးကော်မရှင် ကိုဖွဲ့စည်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးတွင် လယ်ယာမြေနှင့်ပတ်သက်သော တိုင်ကြားမှု စာပေါင်း ၄၀၀ ကျော်ရှိကြောင်းသိရသည်။

YC

***********************************************************************************

နိုင်ငံရေးသတင်း

ကချင်ပြည်နယ်အရေး KNU ကြားဝင်ဆောင်ရွက်ပေးမည်ဆိုပါက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမည်

ကချင်ပြည်နယ်အရေးတွင် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စများနှင့် ပတ်သက်၍ KNU မှ ကြားဝင်ဆောင်ရွက်ပေးမည်ဆိုပါက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမည်ဟု သမ္မတကြီးက သဘောထားမှတ်ချက်ပေးခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခေါင်းဆောင်များသည် ဇန်နဝါရီလ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် စက်မှုလယ်ယာစနစ် တောင်သူပညာပေး ဧက ၅၀၀ စိုက်ခင်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် KNU အဖွဲ့မှ ကချင်အရေး ကြားဝင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းစစ်မှ ချက်ချင်းပြေလည်နိုင်မှာမဟုတ်သည့်အတွက် သမ္မတအနေနှင့်ရော အစိုးရအနေနှင့်ပါ စိတ်ရှည် သည်းခံရန်လိုကြောင်း၊ KNU အနေနှင့်လည်း ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးအရဆွေးနွေးမှုများကို နောက်တက်မည့် အစိုးရနှင့်လည်းပဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို တင်ပြဆွေးနွေးသွားခဲ့သည်ဟု သိရသည်။

ထို့ပြင် KNU အဖွဲ့သည် ဇန်နဝါရီလ ၆ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ဘုရင့်နောင်ခန်းမတွင် တွေ့ဆုံခဲ့သည်။  ယင်းသို့ တွေ့ဆုံရာတွင်လည်း အပစ်အခတ်ရပ်စဲရေးလုပ်ငန်းများ ပိုမိုတည်တံ့ခိုင်မြဲရန်နှင့် ကချင်ပြည်နယ်ဘက်က ကိစ္စများတွင် အားလုံးပူးပေါင်းပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန် တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောထားမှာ အပစ်အခတ်ရပ်စဲပြီး တိုင်းပြည်တိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လိမ့်မည်ဟုမြင်ကြောင်း၊ သို့သော်လည်း ရေရှည်ခိုင်မြဲရေးအတွက် အပစ်အခတ်ရပ်စဲပြီးလျှင် နိုင်ငံရေးဆွေးနွေးမှုများ အစပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီး ပူးပေါင်းအဖြေရှာရန် လိုအပ်ကြောင်း KNU ဘက်မှ တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။

YC

----------------------------------------------------------------------------------------------------------------

ကေအိုင်အေလက်တွင်းရောက်ရှိနေသော အစိုးရတပ်သားများကို နေရပ်ပြန်ပို့ရန် ၈၈ မျိုးဆက်ကျောင်းသားများ ညှိနှိုင်း

ကချင်လွတ်မြောက်ရေးတပ်မတော်ကေအိုင်အေ၏ ဖမ်းဆီးခြင်းခံထားရသော အစိုးရတပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၃၀ ဦးအား နေရင်း ဒေသများသို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် ကိုမြအေးခေါင်းဆောင်သော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နှင့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တွေ့ဆုံစဉ်ပြေားကြားခဲ့ကြောင်းသိရသည်။

ကေအိုင်အေလက်ထဲသို့ရောက်ရှိနေသော အစိုးရစစ်သားများကိုလွှဲပြောင်းရာတွင် စနစ်ကျစေရန်အတွက် ကိုယ်ပိုင်နံပါတ်၊ ရာထူးနှင့် မည်သည့် တပ်ရင်းတပ်ဖွဲ့မှဖြစ်သည်ကို သိရှိရန်လိုကြောင်း၊ ပြန်ခေါ်လာသောအခါ ထိုသူတို့၏လုံခြုံရေးနဲ့ပတ်သက်ပြီးစဉ်းစားထားကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူများကိုလည်း အကြောင်းကြားထားပြီးဖြစ်ကြောင်းကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုကိုကြီးမှပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်နှင့် ရုပ်သံသတင်းများတွင် ကြားဖြတ်သတင်းအနေဖြင့်  ရဲနှင့်စစ်သား ၃၀ ကျော် ပြန်လည်လွတ်မြောက်ရန် ၈၈ က ကြားဝင်ညှိနှိုင်းဖော်ပြမှုအပေါ် မြန်မာနိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးမှ ယခင်က ထိုကဲ့သို့ဖော်ပြမှုမရှိကြောင်း၊ ယခုဖော်ပြမှုသည် အနည်းငယ်ထူးခြားလာကြောင်း မှတ်ချက်ပြုပြောကြားသည်။

                မြန်မာ့တပ်မတော်နှင့်ကေအိုင်အေတို့သည် ၁၉၄၄ ခုနှစ်မှ စတင်ကာ အပစ်အခက်ရပ်စဲထားသော်လည်း ၂၀၁၁ ဇွန်လမှစတင်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ဒီဇင်ဘာလကုန်အထိတိုက်ပွဲပေါင်းအကြိမ် ၂၄၀၀ခန့် ဖြစ်ပွားခဲ့ရာတိုက်ပွဲများအတွင်းမှ အစိုးရတပ်မတော်သား ၃၀ ခန့်ကို ကေအိုင်အေဘက်မှ ဖမ်းဆီးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YC

*************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ 

“အဘကတော့ အဆင်သင့်ပဲ။ သူတို့ခေါ်တဲ့အချိန်မှာ သွားမယ်။ သူတို့ နိုင်ငံရေးဆွေးနွေးချင်ရင် နိုင်ငံရေးဆွေးနွေးမယ်။ စစ်ရေးဆိုရင် စစ်ရေး၊ စီးပွားရေးဆွေးနွေးချင်ရင် စီးပွားရေး၊ လူမှုရေး ဆွေးနွေးချင်ရင် လူမှုရေးဆွေးနွေးမယ်။ အဘတို့ဘက်ကတော့ ဘာလာလာ လာချင်တာလာ အဆင်သင့်ပဲ။ သူတို့တောင်းဆိုတဲ့အတိုင်း ဥပဒေဘောင်အတွင်းကရှိတဲ့ ကိစ္စတွေအားလုံး လိုက်လျောမယ်”

ဒီဇင်ဘာလ ၄ တွင်ထုတ်ဝေသော မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၁) အမှတ် (၆၀၂) တွင်ပါရှိသော “KIA ဘက်မှ တောင်းဆိုချက်အတိုင်း အစိုးရက လိုက်လျောဆွေးနွေးသွားရန် အဆင်သင့်ရှိနေဟုဆို” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့အနေနဲ့ အနိမ့်ဆုံးအဆင့် စစ်ရှိန်လျှော့ချဖို့နဲ့ ငြိမ်းချမ်းရေးစကားဝိုင်းတွေ ပြန်ဖြစ်ဖို့တက်နိုင်သလောက် ကြိုးစားနေတာပါ။ ဒီဟာပေါ်မှာ မူတည်ပြီးတော့ နှစ်ဖက်နားလည်မှုတွေ ပိုပြီး တိုးလာစေချင်တာပါ။ ဒီဟာပေါ်မှာ မူတည်ပြီးတော့ အလားအလာကောင်းတွေဖြစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယာက် နိုင်ငံရေးအရ နားလည်မှုလွဲတဲ့ ပုံစံမျိုးတွေတော့ မဖြစ်စေချင်ဘူး”

ဇန်နဝါရီလ ၉ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၁၄) တွင်ပါရှိသော “ကေအိုင်အေ စခန်းသို့ ရောက်ရှိနေသော တပ်မတော်သား ၃၀ ဦးကို ပြန်လည်ခေါ်ယူနိုင်ရေး ၈၈ မျိုးဆက်ကျောင်းသားများ မြန်မာငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေ” သတင်းမှ ဦးကိုကိုကြီး ၏ပြောကြားချက်အားကောက်နှုတ်ချက်။

---------------------------------------------------------------------------------------------------------------

“အပတ်စဉ်ထုတ်တွေကတော့ သတင်းတစ်ပုဒ်ကို တစ်ပတ်လောက်အချိန်ယူတည်ဆောက်ရတယ်။ နေ့စဉ်ထုတ်လုပ်ရင်တော့ သတင်းတစ်ပုဒ်ကို နာရီပိုင်းနဲ့ တည်ဆောက်ရမယ်ဆိုတော့ သတင်းထောက်တွေရဲ့အရည်အချင်းကို ရာနှုန်းပြည့်ပြည့်မီအောင်လုပ်ဖို့လိုအပ်သလို၊ သတင်းထောက်တွေရဲ့ အင်အား တွေလည်း ထပ်ဖြည့်ဖို့လိုအပ်ပါတယ်။ တစ်နိုင်ငံလုံး သတင်းထောက်အင်အားက ၁၀၀၀ ကျော်လောက်ပဲရှိတာ။ နိုင်ငံတကာ သတင်းစာတိုက်တွေမှာဆိုရင် သုံးတိုက်စာလောက်ပဲ ရှိပါတယ်။ နောက်တစ်ခုက သတင်းထောက်တွေမှာ ဘယ်လောက်ပဲအရည်အသွေးတွေရှိရှိ သတင်းသမားတိုင်းကြုံနေရတဲ့ အခက်အခဲက အစိုးရဌာနတွေက လိုလိုချင်ချင် မဖြေပေးချင်ကြဘူး”

ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၃၄) တွင်ပါရှိသော “နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်နှင့် ပတ်သက်၍ သတင်းစားဆရာတချို့၏ သဘောထားအမြင်များ” သတင်းမှ ဦးအားမာန် (7Days News အမှုဆောင်အယ်ဒီတာ) ၏ပြောကြားချက်အားကောက်နှုတ်ချက်။

 ************************************************************************

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၆.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ဂျပန်က မြန်မာနိုင်ငံတွင် အခွင့်အလမ်းများတွေ့မြင်

(5 January 2013 ရက်စွဲပါ China Daily မှ Japan sees chance in Myanmar's emerging economy ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ဂျပန်က မြန်မာနိုင်ငံတွင် အခွင့်အလမ်းများတွေ့မြင်

(5 January 2013 ရက်စွဲပါ China Daily မှ Japan sees chance in Myanmar's emerging economy ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်သည် သောကြာနေ့က စက်မှုဇုန်တစ်ခုသို့ သွားရောက်လည်ပတ်စဉ် မြန်မာနိုင်ငံသို့ ငွေကြေးအကူအညီ အသစ်များ ပေးမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဗြိတိန်နှင့် ပြင်သစ်နှစ်နိုင်ငံပေါင်း အကျယ်အဝန်းရှိပြီး စုစုပေါင်း ကမ္ဘာ့လူဦးရေ၏ ၄၀% ရှိသော အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် နှင့်ထိုင်းနိုင်ငံတို့နှင့်နယ်စပ်ချင်းထိစပ်နေပါသည်။ သမ္မတဦးသိန်းစိန်၏ အမည်ခံအရပ်သားအစိုးရသည် လွန်ခဲ့သောနှစ်နှစ် စစ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူပြီးကတည်းက ပြုပြင်ပြောင်းလဲ ရေးများကို လုပ်ဆောင်လာခဲ့ပါသည်။ ဒုတိယဝန်ကြီးချုပ် Taro Aso သည် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ် ပါသည်။ ၎င်းသည် တာဝန်ဝတ္တရားများကိုစတင် တာဝန်ယူပြီး တစ်ပတ်အကြာတွင် ပထမဆုံးတရားဝင်နိုင်ငံခြားခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရွေးချယ်ခဲ့ပါ သည်။

၎င်း၏ခရီးစဉ်သည် စီးပွားရေးအရ အရေးယူမှုများ ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသို့ အနောက်နိုင်ငံမှပြိုင်ဖက်များ တဖြည်းဖြည်းဝင်ရောက် နေချိန်တွင် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် အခွင့်အရေးပိုရရေးအတွက် လမ်းခင်းပေးသကဲ့သို့ရှိပါသည်။

"မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အလားအလာရှိနေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ပုဂ္ဂလိက-ပြည်သူ ပတ်တနာရှစ်နဲ့ ပံ့ပိုးဖို့ ကျွန်တော်တို့ရည်ရွယ်ထားပါတယ်"ပာု ၎င်းကပြောပါသည်။ Aso ကဆက်လက်ပြောကြားရာတွင် ၎င်းသည် ပာတ်ကာ ၂၄၀၀ ကျယ် ပြီးဒေါ်လာ ၁၂.၉ ဘီလီယံတန် သီလဝါအထူးစီးပွားရေးဇုန်သို့ လည်ပတ်ခဲ့ကြောင်း ၎င်းမှာ ဂျပန်-မြန်မာဆက်ဆံရေး၏ ဗပာိုဖြစ်ကြောင်း ပြောခဲ့ပါသည်။

အဆိုပါ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်ဖက်မှ မစ်ဆုဘစ်ရှီကော်ပိုရေးရှင်း၊ မာရူဘီနီကော်ပိုရေးရှင်းနှင့် ဆူမီတိုမိုကော်ပိုရေးရှင်းတို့ ဖက်စပ်လုပ်ဆောင်မည်ဖြစ်ပါသည်။ စီမံချက်အရ ပထမ ၄၀၀ ပာတ်တကာကို ၂၀၁၅ တွင်အပြီးတည်ဆောက်မည်ဖြစ်ပြီး ဂျပန်နှင့် ကမ္ဘာတစ်လွှားမှ ထုတ်လုပ်သူများကို ဆွဲဆောင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပါသည်။

Aso က၎င်း၏ခရီးစဉ်အတွင်း အတည်ပြုချက်ပေးခဲ့ရာတွင် တိုကျိုသည် မြန်မာနိုင်ငံက တင်ရှိသောကြွေးမြီ ၅၀၀ ဘီလီယံ ယန်း(ဒေါ်လာ ၅.၇၄ ဘီလီယံ)၏ တစ်စိတ်တစ်ပိုင်းကို လျော်ပစ်ပေးမည်ဖြစ်ကြောင်းနှင့် ချေးငွေသစ် ၅၀ ဘီလီယံယန်းပေးမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပါသည်။ ချေးငွေ၏ တစ်စိတ်တစ်ပိုင်းကို သီလဝါတည်ဆောက်ရေးအမြန်စတင်နိုင်ရန် အသုံးပြုမည်ဖြစ်ပါသည်။"မြန်မာဖက်ကလည်း သူတို့ကြွေးမြီတွေကို အကြိမ်ကြိမ်လျော် ပစ်ပေးနေတော့ ကျေးဇူးတင်နေပါတယ်။ ဒါပာာ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာမှာ ပထမခြေလှမ်းဖြစ်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်"ပာု Aso က ဖသတင်းထောက်များသို့ ရန်ကုန်တွင်ပြောပါသည်။

Aso သည် ဂျပန်-မြန်မာအသင်းကြီး၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကာ ၎င်းယခု ရာထူးမရမီကပင် ယခုခရီးစဉ်ကို စီစဉ်ထားခဲ့ခြင်းဖြစ်ပါ သည်။ ပြည်တွင်းအစီအစဉ်များ များပြားနေသည့်ကြားမှ မြန်မာနိုင်ငံသို့သွားရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အများကအံအားသင့်လျက်ရှိပါသည်။ Shinzo Abe ၏အစိုးရသစ်သည် Beijing နှင့်ဆက်ဆံရေး မပြေလည်မှုကြောင့် စီးပွားရေးအရ သက်ရောက်မှုများကို သက်သာစေရန် အခြားအာရှ     အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကောင်းစေရန် ရည်ရွယ်ခဲ့ပါသည်။ တောင်ကိုရီးယား၊ ရုရှားတို့နှင့်ဆက်ဆံရေးတိုးတက်စေရန် အထူးကိုယ်စားလှယ်များ စေလွှတ်ရန် စီစဉ်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို အတည်ပြုခဲ့ပြီးနောက် အထူးစီးပွားရေးဇုန်များအတွက် ဥပဒေများကို ပြန်လည်အသက်သွင်းနေဆဲဖြစ်ပါသည်။မြန်မာအစိုးရတာဝန်ရှိသူများက သီလဝါသည် အလုပ်အကိုင်ရှားပါးသော ၎င်းတို့နိုင်ငံအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိလာနိုင်မည်ပာု မျှော်လင့်နေပါသည်။ တိုင်းပြည်၏ လက်ရှိလုပ်ဆောင်နေသော စီးပွားရေးနှင့် လူမှုရေးပြောင်းလဲမှုများကြောင့် စိုးရိမ်ဖွယ်ဖြစ် သောမတည်ငြိမ်မှုများကို တည်ငြိမ်မှုရစေရန် အထောက်အကူပြုမည်ပာု မျှော်လင့်ရပါသည်။

"ဂျပန်နိုင်ငံရဲ့ အကူအညီ၊ နည်းပညာအကူအညီတွေကြောင့် ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုခေတ်သစ်ကိုရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"ပာု အစုအဖွဲ့ကြီး၏ မြန်မာဖက်မှအကြီးအကဲ ဦးဝင်းအောင်က ပြောပါသည်။ ဂျပန်နိုင်ငံသည်လက်ရှိ ရေးဆွဲထားမှုအရ အရှေ့တောင်အာရှ၏အကြီးဆုံး စက်မှုဇုန်ဖြစ်လာမည့် ထားဝယ်စီးပွားရေးဇုန်တွင်လည်း ရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။

        *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive