Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၁.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနှင့်တရုတ်တို့၏ ဝိရောဓိဖြစ်နေသော ဆက်ဆံရေး

(18 jan 2013 ရက်စွဲပါ The Economist မှ “Myanmar and China have a conflicted friendship ကိုဘာသာပြန်ပါသည်)

  1. ထိုင်းဗိုလ်ချုပ်က ရိုဟင်ဂျာဒုက္ခသည်စခန်း ဖွင့်လှစ်ရန်ဆန့်ကျင်

(18 Jan 2013 ရက်စွဲပါ UPI မှ Thailand general against refugee camp ကို ဘာသာပြန်ပါသည်)

  1. တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စေချင်

(UPI News မှ 18 Jan 2013 ရက်စွဲပါ “China wants Northern Myanmar cease-fire” သတင်းကိုဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

မြန်မာနှင့်တရုတ်တို့၏ ဝိရောဓိဖြစ်နေသော ဆက်ဆံရေး

(18 jan 2013 ရက်စွဲပါ The Economist မှ “Myanmar and China have a conflicted friendship ကိုဘာသာပြန်ပါသည်)

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားကချင်သူပုန်များကြား တိုက်ပွဲများအတွင်း တရုတ်နယ်မြေအတွင်းသို့ ဗုံးတစ်လုံးကျရောက်ခဲ့ကြောင်း တရုတ် အစိုးရ တာဝန်ရှိသူများက ဇန်နဝါရီလ (၁၇) ရက်နေ့က အတည်ပြု ခဲ့ပါသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ မြန်မာစစ်တပ်နှင့် ကေအိုင်အေ တို့၏စစ်ပွဲများ ပြန်လည်ဖြစ်ပွားကတည်းက တရုတ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံသည် ခြိမ်းခြောက်မှုများ ရှိလာပါသည်။ ၂၀၁၂ ခုနှစ် အတွင်းဝယ် တရုတ်နိုင်ငံယူနန်ပြည်နယ်အတွင်းသို့ ဒုက္ခသည် (၁၀၀၀၀) ခန့် ဝင်ရောက် လာခဲ့ပါသည်။ တရုတ်အစိုးရသည် ဒုက္ခသည်ပြဿနာကို တရားဝင်အသိအမှတ်ပြုခြင်းမရှိပဲ၊ ဝင်ရောက်လာသူ အချို့ကို မြန်မာနိုင်ငံသို့ပြန်လည် နှင်ထုတ် ခဲ့ပါသည်။ နယ်စပ်တစ်လျှောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ လုံခြုံရေး ပြဿနာကို လျှော့ပေါ့စဉ်းစားရန်မှာ စမ်းသပ်မှုတစ်ခု ဖြစ်လာပါသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများသည် တရုတ်ပိုင်နက်အတွင်း မီတာ (၅၀၀) ခန့်အထိ ဗုံးတစ်လုံးကျရောက်ခဲ့ခြင်းနှင့် ပက်သက်၍ မြန်မာအစိုးရအပေါ် ကျေနပ်မှုမရှိခြင်းနှင့် ကြီးစွာသောစိုးရီမ် ပူပန်ရမှုကို လျင်မြန်စွာဖေိာပြခဲ့ကြပါသည်။ အဆိုပါဗုံးကို မည်သူပစ်သည်ဟု အတည်မပြု နိုင် ပါ။ ဒီဇင်ဘာလကုန်ပိုင်းကလည်း ဗုံးသုံးလုံး (လက်နက်ဗုံး ဖြစ်နိုင်ပါသည်) တရုတ်နယ်ထဲသို့ ကျရောက်ခဲ့ပါသေးသည်။ ထိုကိစ္စကို အရေးယူ ဆောင်ရွက်မှု များ ပြုလုပ်မှသာ နောင်အလားတူဖြစ်ရပ်မျိုး ကြိုတင်ကာကွယ်နိုင်မည်ဟု ဝန်ကြီးဌာနက ပြောပါသည်။ ယခုအခါ တရုတ်က နှစ်ဖက်တိုက်ပွဲဝင်နေသူများ အား ချက်ခြင်း အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရန် တောင်းဆိုခဲ့ပါသည်။

ယခု အဖြစ်အပျက်များနှင့် ပတ်သက်၍ တရုတ်အစိုးရသည် ဆုံးဖြတ်ရခက်သော အခြေအနေကို ဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသည် နိုင်ငံရေးအရ ဖြေလျှော့မှုများ ပြုလုပ်နေခြင်းကြောင့်အမေရိကန်ကဲ့သို့သော အနောက်နိုင်ငံများနှင့် ပိုမိုနီးစပ် သွားခဲ့ပါသည်။ ထိုသို့ဖြစ်ခဲ့ခြင်းကြောင့် တရုတ်၏သြဇာလွှမ်းမိုးမှုကို အားနည်းသွားစေပြီး မြန်မာနိုင်ငံမှ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ၏ အခြေအနေကို စိုးရိမ်ရမှုတိုးပွါးစေပါသည်။ တရုတ်၏ မြန်မာအစိုးရနှင့်၎င်း၊ မြန်မာစစ်တပ်နှင့်၎င်း ဆက်ဆံရေးမှာ အားကောင်းနေဆဲ ဖြစ်ပါသည်။ သို့သော် တရုတ် အာဏာပိုင်များက မြန်မာနိုင်ငံကို အနောက်နိုင်ငံများနှင့် များစွာနီးစပ်မှုကို မလိုလားပေ။ ထို့အတွက်ကြောင့် တရုတ်တို့အနေဖြင့်၎င်းတို့နယ်မြေ အတွင်းဗုံး                                                                                                                                                                                                                                                                       ကျ ရောက်လာမှုကို ထိထိရောက်ရောက် တုန့်ပြန်ရေးအတွက် အကန့်အသတ် ဖြစ်နေပါသည်။

မြန်မာအစိုးရသည် တိုင်ပွဲများ ရပ်ဆိုင်းသွားရေးအတွက် အနည်းငယ်သာလုပ်ဆောင်နိုင်ခဲ့ပါသည်။ အစောပိုင်းက အစိုးရ၏ တိုင်းရင်းသား သူပုန်များ  အပေါ် တိုက်ခိုက်မှုများရပ်ဆိုင်းရန် တောင်းဆိုမှုကို မြန်မာစစ်တပ်က လစ်လျူရှုခဲ့ပြီး ဖြစ်ပါသည်။ တိုင်းရင်းသားကိစ္စများတွင် စစ်တပ်အား စိန်ခေါ်ရခြင်းမှာ မြန်မာအစိုးရအတွက် အန္တရာယ်ရှိပါသည်။ စစ်တပ်မှ အာဏာရှိသော ပုဂ္ဂိုလ်များက ဦးသိန်းစိန်၏ အစိုးရသည် အမျိုးသား စည်းလုံး ညီညွတ်ရေးကို ခြိမ်းခြောက်လာသည်ဟု ရှုမြင်လာပါက စစ်တပ်သည် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးနှင့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွား နိုင်သည့် လုပ်ဆောင်မှုများလုပ်ဆောင်လာနိုင်ပေသည်။

-----------------------------------------------------------------------------

ထိုင်းဗိုလ်ချုပ်က ရိုဟင်ဂျာဒုက္ခသည်စခန်း ဖွင့်လှစ်ရန်ဆန့်ကျင်

(18 Jan 2013 ရက်စွဲပါ UPI မှ Thailand general against refugee camp ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအတွက် ဒုက္ခသည်စခန်း တည်ထောင်ပေးခြင်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်စေကြာင်း ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီး တစ်ဦး ကသောကြာနေ့က ပြောဆိုခဲ့ပါသည်။

ထိုင်းစစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ Thanasak Patimapakorn ကပြောကြားရာတွင် ရိုဟင်ဂျာများအတွက် ထိုင်းနိုင်ငံတွင်ဒုက္ခသည်စခန်း တည်ထောင်သင့်သလော။ ထိုင်းနိုင်ငံသည် ဒုက္ခသည်များ ကိစ္စကို အပြည့်အဝတာဝန်ယူရလိမ့်မည် ဖြစ်ကြောင်းဆိုခဲ့သည်ကို Bangkok Post ကသတင်း ရေးသားဖော်ပြခဲ့ပါသည်။

လက်ရှိအားဖြင့် ရိုဟင်ဂျာဒုက္ခသည်များသည် Songkhla ၏ Hat Yai နယ်ရှိ Thung Lung ရဲစခန်းတွင် ထိန်းသိမ်းခြင်း  ခံထားရပါသည်။

“ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒုက္ခသည်စခန်း ထူထောင်ပေးမယ်၊ မပေးဘူးဆိုတာကတော့ အစိုးရက ဆုံးဖြတ်ရမှာပါ။ လူသားချင်းစာနာမှု အရ အစပိုင်းမှာ သူတို့ကို ဥပဒေနှင့် အညီနေစရာ၊ စားစရာတွေ ပေးသင့်ပေမယ့် ရေရှည်မှ သူတို့ပြန်လည် ထွက်ခွာသွားရမှာ ဖြစ်ပါတယ်” ဟု Thanasak ကပြောပါသည်။

“နိုင်ငံခြားတိုင်းပြည်တွေက ထိုင်းနိုင်ငံကို ရိုဟင်ဂျာတွေအပေါ် အကူအညီပေးစေလိုကြပါတယ်။ ဒါပေမယ့် ထိုင်းကို ဝင်ကူညီပေးဖို့ သူတို့ မပြော ကြဘူး” ဟု ၎င်းကပြောပါသည်။

ဒုတိယဝန်ကြီးချုပ် Chalerm Yubamrung ကပြောကြားရာတွင် ရိုဟင်ဂျာ ဒုက္ခသည်များကို အခြားတိုင်းပြည်များသို့ ပို့ရမည် ဖြစ်ကြောင်း ဆိုခဲ့ပါ သည်။

“ရိုဟင်ဂျာတွေကို နှင်ထုတ်ရင် နိုင်ငံတကာအသိုင်းအဝိုင်းက ထိုင်းနိုင်ငံကို ရက်စက်တယ်လို့ မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် တချိန်တည်းမှာ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုလည်း ကာကွယ်ရပါလိမ့်မယ်” ဟု Chalerm ကပြောပါသည်။

ထိုင်းနိုင်ငံရှိ Human Rights Watch အာရှဌာနခွဲ၏ အကြီးတန်း သုတေသနပြုသူ Sunai Phasuk က အာဆီယံအနေဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အား ရိုဟင်ဂျာများအပေါ် နိုင်ငံသားခွင့်ပြုရေး ဖိအားပေးရန် တောင်းဆိုခဲ့ပါသည်။

-------------------------------------------------------------------

တရုတ်က မြန်မာနိုင်ငံမြောက်ပိုင်းတွင် အပစ်အခတ်ရပ်စေချင်

(UPI News မှ 18 Jan 2013 ရက်စွဲပါ “China wants Northern Myanmar cease-fire” သတင်းကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမြောက်ပိုင်းမှ ပဋိပက္ခတွင်ပါဝင်ပတ်သက်နေကြသော အုပ်စုအားလုံးအား အပစ်ရပ်သဘော တူညီချက် မြန်မြန်ရရှိအောင် ကြိုးပမ်း ကြရန် တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါသည်။

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် မြန်မာနယ်စပ်မှ တစ်မို်ငခန့်အကွာ တရုတ်ပိုင်နက်ထဲသို့ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပြောကြားကြောင်း Xinhua သတင်းဌာနက ကြာသာပတေးနေ့ တွင် သတင်းထုတ်ပြန်သည်။

တရုတ်နိုင်ငံက ၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ ကြီးမားစွာစိုးရိမ်မှု၊ စိတ်အနှောင့်အယှက် ဖြစ်ရမှုတို့ကို ဖော်ပြရန် မြန်မာနိုင်ငံသို့ အရေးပေါ် အကြောင်း ကြားစာပေးပို့ထားသည်ဟု ဟောင်လီက ပြောကြားသည်။

မြန်မာနိုင်ငံဖက်မှ ပဋိပက္ခကြောင့်တရုတ်ပိုင်နက်အတွင်းသို့ လေးကြိမ်မြောက်ကျရောက်လာသော ဗုံးကြောင့် သေကြေထိခိုက်မှုတစ်စုံတရာ မရှိဟု သိရှိရသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအား၎င်းကိစ္စကို စုံစမ်းစစ်ဆေးရန်နှင့် အလားတူဖြစ်ရပ်မျိုး နောက်တစ်ကြိမ် မဖြစ်အောင် အာမခံရန် တောင်းဆိုထား သည်။

ကချင်ပြည်နယ်တွင် ရင်ဆိုင်တိုက်ခိုက်နေကြသော အုပ်စုများအား ဟောင်လီက “အဆုံးစွန် စိတ်ရှည် သည်းခံကြရန်၊ စေ့စပ်ညှိနှိုင်းမှုမှ တဆင့် ဖြေရှင်းကြရန်၊ နှစ်နိုင်ငံနယ်စပ်အနီး တည်ငြိမ်မှုကို ထိန်းသိမ်းကြရန်” တိုက်တွန်းပြောကြားပါသည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အနေအထားတိုးတက်မှုတွေ နယ်စပ်နယ်မြေစိုးမိုးမှုတွေ ကို အရင်ကတည်းက အနီးကပ်စောင့်ကြည့် နေခဲ့ပါတယ်။” ဟု ဟောင်လီက ဆိုသည်။

မြန်မာနယ်စပ်မှ ပဋိပက္ခကြောင့် တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ကချင်ဒုက္ခသည်အရေအတွက်တိုးပွားလာကြောင်း တရုတ်သတင်းဌာနများက ရေးသားကြသော်လည်း အရေအတွက် ခန့်မှန်းပြောကြားခြင်းမရှိဟု New York Times က သတင်းဖော်ပြသည်။

အိုးမဲ့အိမ်မဲ့ ဖြစ်၍ ရောက်ရှိလာကြသော ဒုက္ခသည်များအတွက် သောက်ရေ သုံးရေနှင့် လျှပ်စစ်ဓါတ်အား ဖြည့်ဆည်းပေးထားသော ဒုက္ခသည် စခန်းကို ယူနန်ပြည်နယ် ယင်ဂျန်းခရိုင် တာဝန်ရှိသူများက ထူထောင်ပေးထားသည်ဟု ဆိုပါသည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ဇွန်လ၌ ၁၇ နှစ်အကြာ အပစ်အခတ်ရပ်စဲမှု ကျိုးပေါက်သွားပြီးနောက်ပိုင်း ဒေသတွင်းနယ်မြေအများစု ထိန်းချုပ်ထား သော ကေအိုင်အေ တပ်ဖွဲ့ကို မြန်မာအစိုးရတပ်များက တိုက်ခိုက်လျက်ရှိသည်။ ပြီးခဲ့သော ဒီဇင်ဘာလလယ်တွင် မြန်မာအစိုးရတပ်ဖွဲ့များက ထိုးစစ် အသစ်စတင်ခဲ့ပြီး ကေအိုင်အေ ဌာနချုပ် လိုင်ဇာ၏ အနီးတဝိုက် စခန်းများကို သိမ်းပိုက်ရန်အတွက် လက်နက်ကြီးများ၊ ရဟတ်ယဉ်များ၊ တိုက်လေယာဉ် များ ကို အသုံးပြုခဲ့သည်ဟု အကဲခတ်လေ့လာသူများက ပြောကြားကြသည်။

ထို့နောက်တွင် ကချင်ပြည်နယ်တွင် တိုက်ခိုက်မှု ရပ်ဆိုင်းကြောင်း အစိုးရတာဝန်ရှိသူများက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

***************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

၂၀.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏လုပ်ဆာင်ချက်များကို သတင်းထုတ်ပြန်
  2. လူအခွင့်အရေးကော်မရှင် ပဋိပက္ခဖြစ်ပွားရှိရာသို့ သွားရောက်လေ့လာမည်
  3. ကသာခရိုင် အင်းတော်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်
  4. ကာမိုင်းရဲစခန်းတွင် KIA နှင့် တိုက်ပွဲဖြစ်ပွား

*************************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏လုပ်ဆာင်ချက်များကို သတင်းထုတ်ပြန်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းများနှင့် ပတ်သက်ပြီး၎င်းတို့ အဖွဲ့၏ ဆောင်ရွက်နေမှုများကို သိရှိရန် အတွက် နိုင်ငံတော်သမ္မတထံသို့ လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် ကြားဖြတ်အစီရင်ခံစာကို ၄၈ နာရီအတွင်း တင်ပြရန် စီစဉ်လျက်ရှိကြောင်းကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် နေ့ တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ သတင်းထုတ်ပြန်ချက် အမှတ် (၂/၂၀၁၃) ဖြင့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် အဖွဲ့များဖွဲ့၍ ဆောင်ရွက်နေမှု၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအဝင် စံပယ် တောင်၊ ကြေးစင်တောင်တွင် သတ္တုတူးဖော် လုပ်ကိုင်နေမှုများအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် ပတ်သက်သော လေ့လာ တွေ့ရှိချက်များ၊ သာသနိက အဆောက်အအုံများနှင့် ပတ်သက်ပြီး ဆရာတော်များ၏ မိန့်ကြားချက်များ၊ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ၏ တင်ပြ ချက်များကို ကြားဖြတ် အစီရင်ခံစာ တွင်ထည့်သွင်းရန်အတွက်ဆွေးနွေးခဲ့ပါသည်။

ဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် သပိတ်စခန်းဖြိုခွင်းခဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့်လည်း တွေ့ဆုံခဲ့သည့်ဆွေးနွေးချက်များကို အစီရင်ခံစာတွင် တင်ပြသွား မည်ဖြစ်ကြောင်းသိရသည်။

ယခုနိုင်ငံတော်သမ္မတထံသို့ တင်သွင်းမည့် ကြားဖြတ်အစီရင်ခံစာသည် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ဆာင်နေမှု များနှင့် ပတ်သက်ပြီး တင်ပြခြင်းသာ ဖြစ်၍ထုတ်ပြန်ကြေညာချက်များကိုမူ အပြီးသတ် အစီရင် ခံစာတင်ပြသည့်အချိန်မှသာ အသေးစိတ်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

YC

------------------------------------------------------------

လူအခွင့်အရေးကော်မရှင် ပဋိပက္ခဖြစ်ပွားရှိရာသို့ သွားရောက်လေ့လာမည်

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေး ကော်မရှင်၏ အဖွဲ့ဝင် ၄ ဦးပါဝင်သော အဖွဲ့သည် ပဋိပက္ခဖြစ်ပွားရာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ကြောင့်နေရပ်မှစွန့်ခွာလာသော ပြည်သူများ၏အခြေအနေကို သိရှိရန်အတွက် ကိုယ်တိုင်သွားရောက်လေ့လာမှုနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်လိုက်ကြောင်းသိရှိရ သည်။

အဆိုပါအဖွဲ့သည် စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်နေရသော ပြည်သူများကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးနေ သော ကချင်ပြည်နယ် အစိုးရအဖွဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ အကူအညီများ ပိုမိုပေးအပ်နိုင်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆက်သွယ်ညှိနှိုင်း ခဲ့ပြီးအကူအညီများ တိုးမြင့်ပေးနိုင်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တိုင်ပွဲများဖြစ်ပွားနေသည့်ကြားမှ ငြိမ်းချမ်းရေးဖော်ဆောင်နေသော အဖွဲ့ဝင်များ၏ဆောင်ရွက်မှုကို ကော်မတီ အနေဖြင့် ချီးကျူးပါကြောင်း၊ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလုံခြုံ  စွာရောက်ရှိနိုင်ရန်အတွက် မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်သင့် သည်ဆိုသောကိစ္စရပ်များကိုလည်း ငြိမ်းချမ်းရေးဆွေးနွေး ရာတွင်ထည့်သွင်းဆွေးနွေးရန် အကြံပြုတိုင်တွန်းလိုက်ကြောင်းကိုပါ ဖော်ပြထားသည်။

မြန်မာနိုင်ငံ အမျိုသား လူအခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ၄ ဦးပါဝင်သောအဖွဲ့သည် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်မှ စွန်ခွာတိမ်းရှောင်လာသော ဒုက္ခသည်များ၏အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ သိရှိရန်အတွက် ၂၀၁၁ ဒီဇင်ဘာလ တွင် ပထမဆုံးအကြိမ် သွားရောက်ခဲ့ကြောင်းသိရှိရသည်။

ပဋိပက္ခဖြစ်ပွားနေသောကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် လူသားချင်စာနာထောက်ထားမှုအကူအညီများ ကိုလည်း ICRC အနေဖြင့် အကူ အညီများ တိုးမြင့်ပေးသွားမည်ဖြစ်ကြောင်းကို အဆိပါဥက္ကဋ္ဌက နိုင်ငံတော်သမ္မတနှင့် ဇန်နဝါရီလ ၁၇ ရက်နေ့က တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

YC

--------------------------------------------------------

ကသာခရိုင် အင်းတော်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်တော်မြို့နယ်တွင်ခရီးသွား ပြည်သူလူထု၏ အသက်စည်းစိမ်နှင့် နိုင်ငံပိုင် ပစ္စည်းများဆုံးရှုံးခြင်းမှကာ ကွယ်ရန်တွက် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အထိ ညမထွက်ရအမိန့်ကို အင်းတော်မြို့နယ်အုပ်ချုပ်ရေးမ က အမိန်အမှတ်(၁/၂၀၁၃)ပုဒ်မ ၁၄၄ အရ ထုတ်ပြန် လိုက်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် မီးရထားသံလမ်းများတွင် ဗုံးထောင်ပေါက်ကွဲမှုများကြောင့် ကချင်ပြည်နယ်အစ နန်းစီးအောင်ဘူတာမှ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း မဲဇာဘူတာအထိဘူတာ ၇ ဘူတာအပါအဝင် အင်းတော်မြို့နယ် နိမိတ် အတွင်း ည ၈ နာရီမှစတင်ကာ မနက် ၅ နာရီအထိ ဖြတ်သန်း သွာလာခွင့်ပြုမည်မဟုတ်ကြောင်းသိရသည်။ သို့သော် မြန်မာမီးရထား ဧရိယာ ဘူတာပတ်ဝန်းကျင်များတွင်ပါဝင်မှုမရှိကြောင်းသိရသည်။

အဆိုပါထုတ်ပြန်ချက်များကို သံလမ်းတလျောက်ရှိ နီးစပ်ရာကျေးရွာများတွင်လည်း ကြေညာချက်များကိုထုတ်ပြန် ပေးသွားပြီးဖြစ်ကြောင်းနှင့် နန်းစီးအောင်ဘူတာမှစတင်ကာ မြစ်ကြီးနားမြိုတွင်အဆိုပါအမိန့်ထုတ်ပြန်ထားခြင်းမရှိကြောင်း ကိုသက်ဆိုင်ရာဝန်ထမ်းများက ပြောကြားသည်။

ကေအိုင်အို/ကေအိုင်အေအဖွဲ့အနေဖြင့် မန္တလေး-မြစ်ကြီးနား မီးရထားတွင်မိုင်းခွဲတိုက်ခိုက်မှု ၅၆ ကြိမ်နှင့် မြစ်ကြီးနား-ဗန်မော် ကားလမ်းတွင် မိုင်းခွဲ တိုက်ခိုက်မှု ၄၂ ကြိမ်ခန့် ပြုလုပ်ခဲ့ကြောင်းကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားကြောင်းသိရသည်။

YC

----------------------------------------------------------

ကာမိုင်းရဲစခန်းတွင် KIA နှင့် တိုက်ပွဲဖြစ်ပွား

အစိုးရစစ်တပ် စခန်းချထားသည့် ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းတွင် ဇန်နဝါရီလ နံနက် ၄ နာရီမှစတင်ကာ အစိုးရစစ်တပ်နှင့် KIA အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်မှ လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ဇန်နဝါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်ပြီး ရပ်ဆိုင်းမည်ဟု ဇန်နဝါရီလ ၁၈ ရက်နေ့ကသတင်း ထုတ်ပြန်ချက်အမှတ် ၃/၂၀၁၃ ဖြင့် သတင်းထုတ်ပြန်ပြီးနောက်တွင်မှ ကာမိုင်းရဲစခန်း၌ တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပသော ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ယခုအခါ တပ်မတော်က အကန့်အသတ်ဖြင့် ဆောင်ရွက်နေသော စစ်ရေးကိစ္စဆောင်ရွက်မှုများ ရပ်ဆိုင်းရန် အမိန့်ပေးထားပြီးဖြစ်ပါ ကြောင်း၊ တစ်ဖက်ကလည်း အလားတူ ရပ်ဆိုင်း ပေးသွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသွားခဲ့သည်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာကမူ သတင်းထုတ်ပြန်ချက်မှာ လဂျားယန်ဒေသ တစ်ခုတည်းကိုသာ ပြောကြားထား သဖြင့်ကျန်ဒေသများတွင် မသက်ရောက်ကြောင်း၊ ကချင်ဒေသတစ်ခုလုံး အပစ်အခတ် ရပ်တာမျိုး ဖြစ်သင့်ကြောင်း ပြောကြားသည်ဟု သိရသည်။

ကာမိုင်းရဲစခန်းတွင် ဖြစ်ပွားသောတိုက်ပွဲမှာ KIA တပ်ဖွဲ့က အလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၉ နာရီခွဲအထိ ဝိုင်းဝန်း တိုက်ခိုက်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင် (၂) ဦး ကျဆုံးပြီး အဆောက်အအုံများ မီးလောင်သွားခဲ့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ   ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

 *************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လဂျားယန်စစ်ဆင်ရေးကို ရပ်လိုက်မယ်။ လုံးဝအပစ်အခတ်ရပ်စဲလိုက်တာကို KIA ဘက်ကလည်း ဘယ်ဥစ္စာ တွေကို မိုင်းမခွဲနဲ့ ၊ ဘယ်ဥစ္စာကို မတိုက်နဲ့ ဆိုတော့ စွပ်စွဲအပစ်တင်ရာရောက်မှာလဲ ကြည့်ရမယ်။ ကိုယ့်ဘက် ပစ်တာခတ်တာကို ကိုယ်ထိန်း ၊ KIA ဘက်ကလည်း ကိုယ့်ဟာကိုယ် ထိန်းသိမ်း၊ နှစ်ဦးနှစ်ဖက် ထိန်းသိန်းတဲ့ နေရာမှာ သူကစတိုက်တာ ငါကစတိုက်တာ ဆိုတာမျိုးဖြစ်ဦးမယ်။ ကလေးနှစ် ယောက်ရန်ဖြစ်တဲ့အခါ ဘယ်သူက အရင်စထိုးထိုး လူကြီးရှေ့မှောက်ရောက်တဲ့အခါ သူအရင်လုပ်တာလို့ပြောတာ”

(ဇန်နဝါရီ ၂၀ ရက်ထုတ် Messanger ဂျာနယ် အတွဲ (၃) အမှတ် (၃၅) တွင်ပါရှိသည့် “တပ်မတော်မှ ကချင်ပြည်နယ် လဂျားယန်ဒေသတွင် နယ်မြေ ရှင်းလင်းမှုရပ်ဆိုင်း” သတင်းမှ နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဦးထင်လင်းဦး ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။)

-----------------------------------------------------------------------------

“ဒီလောက်ကြီးတဲ့ ဆင်းရဲနွမ်းပါးမှုကို အသေးစားချေးငွေနဲ့တော့မရဘူး။ ချေးတဲ့ပမာဏ နည်းရင် စီးပွားရေးတွက် ခြေမကိုက်ဘူး။ ငွေမချေးဘဲ အလုပ်လုပ်နိုင်အောင် မတည်ပေးရမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အခြေခံအဆောက်အအုံ ပြင်ဆင်တာတွေကိုပါ သမဝါယမက ဆောင်ရွက်ပေးဖို့ လိုတယ်”

(ဇန်နဝါရီ ၂၀ရက်ထုတ် Flower Newsဂျာနယ် အတွဲ(၉) အမှတ်(၄)တွင် ပါရှိသည့် “ဆင်းရဲနွမ်းပါးသူများ အပေါင်ပစ္စည်းထား ရန်မလိုဘဲ ငွေချေးနိုင်တော့မည်” သတင်းမှ ဒေါက်တာအောင်ထွန်းသက်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်။)

-----------------------------------------------------------------------------

“စုံစမ်းရေးကော်မရှင်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီး လုံးဝရပ်ဆိုင်းမယ်လို့ ဦးဇင်းတော့မထင်ဘူး။ အခုလိုစီမံကိန်း ကြီးမရပ်ဆိုင်းဘူး ဆိုရင်တော့ အမြို့မြို့ အနယ်နယ်မှာ ဆန္ဒပြမှုတွေထပ်ဖြစ်လာမယ်လို့ ဦးဇင်း တို့ ယုံကြည်တယ်”

ဇန်နဝါရီ ၂၀ရက်ထုတ် Open Newsဂျာနယ် အတွဲ(၅) အမှတ်(၁၆)တွင် ပါရှိသည့် “လက်ပံတောင်းတောင် စီမံ ကိန်း ကြားဖြတ်အစီရင်ခံစာ လမကုန်ခင် ထွက်မည်” သတင်းမှ ပတုံကျေးရွာ သပိတ်စခန်းမှ ဆရာတော် ဦးလောက၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

 *******************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive