Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၂၈.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်ပြည်နယ်တွင်းတိုက်ပွဲများအပေါ် အမေရိကန်အထူးစိုးရိမ်နေ

 (VOA သတင်းဌာနမှ 24 Jan 2013 ရက်စွဲပါ US Deeply Concerned About Burma Fighting ကိုဘာသာပြန်ဆိုသည်)

  1. ကြွေးကျန်များပေးဆပ်ရေး နှင့် ဖွံ့ဖြိုးရေးချေးငွေသစ်များရနိုင်ရေးအတွက် မြန်မာကိုဂျပန်ကူညီ

(Global Post မှ 27 Jan 2013 ရက်စွဲပါ Japan helps Myanmar clear debts, qualify for new development loans ကိုဘာသာပြန်ဆိုသည်)

  1. သမ္မတလောင်းစာရင်းမဝင်အောင် ပိတ်ပင်ထားမှုအဆုံးသတ်ရေးဒေါ်အောင်ဆန်းစုကြည်မျှော်လင့်

(The Associated Press မှ 26 Jan 2013 ရက်စွဲပါ “Suu Kyi hopeful on ending Myanmar presidency ban”သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်တွင်းတိုက်ပွဲများအပေါ် အမေရိကန်အထူးစိုးရိမ်နေ

 (VOA သတင်းဌာနမှ 24 Jan 2013 ရက်စွဲပါ US Deeply Concerned About Burma Fighting ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကေအိုင်အေသူပုန်များအကြား ဖြစ်ပွားလျက်ရှိသောအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အလွန်အမင်းစိုးရိမ်ပူပန်ရကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ဖော်ပြောဆိုသည်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကထုတ်ပြန်သော ကြေညာချက်တွင် "မြန်မာစစ်တပ်သည် မြောက်ပိုင်းဒေသရှိကချင်ပြည်နယ်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း၊ ယင်းသို့ထိုးစစ်ဆင်မှုများက အရပ်သားများထိခိုက်သေဆုံးမှုကို ဖြစ်ပေါ်စေပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးပမ်းမှုများကိုလည်း ထိခိုက်နစ်နာစေကြောင်း" မီဒီယာများနှင့် NGO များ၏ သတင်းပေးပို့ချက်များကို ကိုးကားဖော်ပြသည်။

မြန်မာသမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်သံရုံး၏ ကြေညာချက်သည် မျှတမှု မရှိကြောင်း ပြောကြားသည်။

“ကချင်ပြည်နယ်တွင်း အခြေအနေအရပ်ရပ်အတွက် အမေရိကန်အစိုးရက စိုးရိမ်ပူပန်တယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမဲ့ မျှမျှတတဖြစ်အောင်ပြောရမယ်ဆိုရင် သူတို့အနေနဲ့ နှစ်ဖက်စလုံးရဲ့ပစ်ခတ်တိုက်ခိုက်မှုတွေကို ထုတ်ဖော်ပြောဆိုရမှာ ဖြစ်ပါတယ်။ အစိုးရဘက်ကိုချည်းပဲ အပြစ်ပုံချပြောဆိုတာ မျှတမှုမရှိပါဘူး” ဟု သမ္မတဦးသိန်းစိန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်က ပြောကြားသည်။

မြန်မာအစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကေအိုင်အေနှင့် အပစ်အခတ်ရပ်စဲမည်ဟု တစ်ဖက်သတ် ကြေညာခဲ့သည်။ သို့သော် ပစ်ခတ်တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ မျက်မြင်သက်သေများနှင့် လက်နက်ကိုင်သူပုန်အဖွဲ့မှ တာဝန်ရှိသူများက VOA သို့ ပြောပြချက်အရ မြန်မာစစ်တပ်သည် ကေအိုင်အေလက်နက်ကိုင်များ၏ အခြေအနေအပေါ် အသာစီးရရန်အလို့ငှာ ခဏတာမျှ နှစ်သိမ့်မှုပေးခြင်းပင် ဖြစ်သည်ဟုသိရသည်။

သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် အစိုးရတပ်ဖွဲ့ဝင်များသည် တရုတ်နယ်စပ်ဒေသလိုင်ဇာမြို့ရှိ ကေအိုင်အေဌာနချုပ်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ဘဲနေကြောင်းပြောကြားသည်။

မြန်မာတပ်မတော်မှ စစ်ကြောင်းများအားစိတ်ရင်းစေတနာမှန်ကို ထုတ်ဖော်ပြသသည့်အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ရန် အမိန့် ပေးထားကြောင်း ဦးသိန်းစိန်က ပြောကြားပြီး ကေအိုင်အေတို့အနေဖြင့်လည်း ဆွေးနွေးပွဲစကားဝိုင်းသို့ အမြန်ဆုံးပြန်လည်ဝင်ရောက်ရန် တိုက်တွန်းသည်။

အမေရိကန်သံရုံး၏ ကြေညာချက်တွင်မူ နှစ်ဦးနှစ်ဖက်အနေဖြင့် ဒိုင်ယာလော့ခ်ပြုလုပ်နိုင်မည့် အနေအထားတစ်ခုကို ဖန်တီးနိုင်မည့် အဆင့်သို့ တက်လှမ်းသင့်ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအေဂျင်စီများအနေဖြင့် အကူအညီလိုအပ်နေသော ဒုက္ခသည်များအား ကူညီခွင့်ရရှိအောင် ပြုလုပ်ပေးသင့်ကြောင်း တိုက်တွန်းဖော်ပြသည်။

မြန်မာနိုင်ငံတွင် အစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်သူပုန်များသည် နှစ်ပေါင်း ၁၇ နှစ်ကြာ ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပယ်ပျက်သွားပြီးနောက် ၂၀၁၁ ခုနှစ်မှစတင်ကာ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းတိုက်ပွဲများသည် မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးသော ပြည်တွင်းစစ်တစ်ရပ်လည်းဖြစ်သည်။ အခြားတိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှာမူ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားပြီးဖြစ်သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်းထွက်ပြေးခဲ့ကြရသလို လက်ရှိအစိုးရကအကောင်အထည်ဖော်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာလည်း များစွာထိခိုက်နစ်နာလျက်ရှိသည်။

                                        --------------------------------------------------------------------------------------------------

ကြွေးကျန်များပေးဆပ်ရေး နှင့် ဖွံ့ဖြိုးရေးချေးငွေသစ်များရနိုင်ရေးအတွက် မြန်မာကိုဂျပန်ကူညီ

(Global Post မှ 27 Jan 2013 ရက်စွဲပါ Japan helps Myanmar clear debts, qualify for new development loans ကိုဘာသာပြန်ဆိုသည်)

photo credit - AFP

ယခုအခါ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအနေဖြင့် ပေးရန်ရှိသည့် ကြွေးကျန် ဒေါ်လာသန်း ၉၀၀ ကိုပေးဆပ်နိုင်ရေးအတွက် ပေါင်းကူး ချေးငွေ (Bridge Loan) တစ်ရပ် ထောက်ပံ့ပေးလိုက်ပြီဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်အခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) သို့ပေးရန်ကျန်ရှိနေသောကြွေးမြီ ဒေါ်လာသန်း ၉၀၀ ပေးဆောင်နိုင်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဘဏ် ကပေါင်းကူးချေးငွေ ထောက်ပံ့ပေးခဲ့ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။

ရိုက်တာသတင်းအဆိုအရ မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှု အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခြင်းကြောင့် အနောက်နိုင်ငံများက ၎င်းတို့၏ ပိတ်ဆို့အရေးယူမှုများကို စတင်ဖယ်ရှားပေးခဲ့သည်။

သို့သော် မြန်မာသည် ၁၉၈၇ ခုနှစ်ဝန်းကျင်ခန့်လောက်က ပေးရန်ရှိသောကြွေးမြီများ ပေးဆပ်မှု မပြုလုပ်ခဲ့သောကြောင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများထံမှ ကြွေးမြီသစ်များထပ်မံရယူရန် အခက်အခဲကြုံတွေ့နေရကြောင်း AP သတင်းဌာနကဆိုသည်။

ADB ၏ ကြေညာချက်အရ မြန်မာနိုင်ငံက ပေးရန်ရှိသည့်ကြွေးကျန်များ ရှင်းလင်းသွားသည်နှင့် ချေးငွေသစ် ဒေါ်လာ ၅၁၂ သန်း ပေးမည်ဖြစ်ကြောင်း၊ ယင်းချေးငွေသည် မြန်မာနိုင်ငံတစ်ဝန်း၊ အထူးသဖြင့် ကျေးလက်ဒေသများတွင် ဘဏ်လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွန်းလာရေးအတွက်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အမျိုးသားဘတ်ဂျက်ဆိုင်ရာလုပ်ငန်းစဉ် ပြင်ဆင်ရေးအတွက် အစိုးရ၏ကြိုးပမ်းချက်များ အထောက်အပံ့ဖြစ်ရေးနှင့် အခွန်ကောက်ခံမှုစနစ်ခေတ်မီဆန်းသစ်ရေးအတွက်လည်း ရည်ရွယ်ကြောင်း ADB ကဆိုသည်။

ရိုက်တာသတင်းဌာနအဆိုအရ ADB သည်နှစ်ပေါင်း ၃၀ အတွင်းပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကိုချေးငွေထုတ်ပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ကြွေးကျန်များရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက်တည်း ကမ္ဘာ့ဘဏ် (World Bank) ကလည်း လက်ရှိဦးသိန်းစိန်အစိုးရ အကောင်အထည်ဖော်လျက်ရှိသော အရေးကြီးသည့် ပြုပြင်ပြောင်းလဲမှုများကိုထောက်ပံ့ပေးရေး၊ မက်ခရိုစီးပွားရေးတည်ငြိမ်မှု အင်အားကောင်းမွန်လာရေး၊ အများပြည်သူဘဏ္ဍာရေးစီမံခန့်ခွဲမှုများ တိုးတက်ကောင်းမွန်ရေး၊ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်များ တိုးတက်ကောင်းမွန်ရေး တို့အတွက် ချေးငွေ ဒေါ်လာသန်း ၄၄၀ ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာသည်။ AP သတင်းအဆိုအရ ကမ္ဘာ့ဘဏ်၏ ချေးငွေများဖြင့် ဂျပန်နိုင်ငံ၏ ပေါင်းကူးချေးငွေများကို ပြန်လည်ပေးဆပ်မည်ဟုသိရသည်။

------------------------------------------------------------------------------------------------------------

သမ္မတလောင်းစာရင်းမဝင်အောင် ပိတ်ပင်ထားမှုအဆုံးသတ်ရေးဒေါ်အောင်ဆန်းစုကြည်မျှော်လင့်

(The Associated Press မှ 26 Jan 2013 ရက်စွဲပါ “Suu Kyi hopeful on ending Myanmar presidency ban”သတင်းကိုဘာသာပြန်ဆိုသည်)

photo credit - internet

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမသမ္မတတာဝန်ထမ်းဆောင်ခွင့်ရအောင် အခြေခံဥပဒေပြေင်းလဲပြင်ဆင်ရေးကို နိုင်ငံ၏ အင်အားကြီးတပ်မတော်က ထောက်ခံလိမ့်မည်ပာု ယုံကြည်စိတ်ချကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည်။

လက်ရှိ ပြုပြင်ပြောင်းလဲမှုများမတိုင်ခင်အထိ နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသူ ဒီမိုကရေစီခေါင်းဆောင်က လွှတ်တော်တွင်းအရေးကြီးသောနေရာအရေအတွက်ကို တပ်မတော်ကထိန်းချုပ်ထားသည့်တိုင်အောင် အခြေခံဥပဒေ ပြင်ဆင်မှုကို လွှတ်တော်ကအတည်ပြုလိမ့်မည်ပာု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မဒီကိစ္စကိုအလွန်အကျွံ့မစိုးရိမ်ပါဘူး။ ကျွန်မတို့ရဲ့ တပ်မတော်သားတွေပာာလည်း ကျန်တဲ့တစ်နိုင်ငံလုံးကသူတွေလိုပဲ ပိုပြီးပျော်စရာ၊ ပိုပြီးခိုင်မာ၊ ပိုပြီးညီညွှတ်မျှတတဲ့ မြန်မာနိုင်ငံကို မြင်ချင်ကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်”ပာုသူမကဆိုပါသည်။

“ဒီအတွက်ကြောင့် ညှိနှိုင်းအလျှော့အတင်းလုပ်မှုကတစ်ဆင့် ပြင်ဆင်နိုင်မယ့်အလားအလာကို ကျွန်မလျှော့မတွက်ပါဘူး”ပာု ပာာဝိုင်ရီတွင် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က East-West Center တွင် သောကြာနေ့က ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိသမ္မတဦးသိန်းစိန်သည် ၂၀၁၁ မတ်လတွင် အာဏာလွှဲပြောင်းလက်ခံပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများစွာ လွှတ်ပေးခြင်း၊ ဆင်ဆာပိတ်ပင်မှုကိုဖြေလျှော့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကိုလွှတ်တော်ရွေးကောက်ပွဲ ဝင်ခွင့်ပေးခြင်းတို့အပါအဝင် တစ်သီတစ်တန်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခင်ပြစ်တက်ဝေဖန်သူများပင် အံအားသင့်ခဲ့ကြရသည်။

သမ္မတဦးသိန်းစိန်ကလာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရရှိပါက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်လက်ခံမည် ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။ သို့သော်လည်း သဘောထားတင်းမာသူများက တပ်မတော်အာဏာစွန့်ရန် လိုလားပါ့မလားပာု အကဲခတ် လေ့လာသူများက သံသယရှိနေကြသည်။

၂၀၀၈ အခြေခံဥပဒေအရမိသားစုဝင်များ ပြည်ပနိုင်ငံသားအဖြစ်ခံယူထားသော မည်သူမဆိုသမ္မတလောင်းမဖြစ်နိုင်ပာုတားမြစ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ကွယ်လွန်သူ ဗြိတိသျှပါမောက္ခ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။

သမ္မတတာဝန်ထမ်းဆောင်လိုကြောင်း မကြာသေးမီကထုတ်ဖော်ပြောကြားထားသူ ဒေါ်အောင်ဆန်းစုကြည်က “တစ်ယောက်ယောက်ကို တစ်သက်လုံး အာဏာရနိုင်အောင် ဒါမှမဟုတ် တစ်ယောက်ယောက်ကို တစ်သက်လုံးအာဏာမရနိုင်အောင် ရည်ရွယ်ရေးဆွဲထားတဲ့ ဘယ်လိုအခြေခံဥပဒေကိုမဆို မှန်ကန်တယ်လို့ ကျွန်မမယူဆပါဘူး”ပာု ပြောကြားသည်။

“ဒါကိုလက်မခံနိုင်ရုံသာမကပါဘူး။ ဒါပာာဒီမိုကရေစီနည်းလမ်းမကျသေးပါဘူး။ ဒါပာာအခြေခံဥပဒေနဲ့ပတ်သက်လို့ အကုန်မပာုတ်သေးပါဘူး” ပာု သူမကဆိုပါသည်။၏

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နိုင်ငံရေးအရာရောက်မှုများကြောင့်သာမကပဲ သူမ၏ ဖခင် တပ်မတော်ကိုထူထောင်သူ ဗိုလ်ချုပ်အောင်ဆန်းကို အကြောင်းပြု၍ အချို့အရာရှိများအကြား လေးစားခြင်းခံရသူဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စု၏ တန်ဘိုးများဝေမျှရေးအစီအစဉ်အရ ပာာဝိုင်ရီသို့ ရောက်ရှိနေခြင်းဖြစ်သည်။                  

                                        **********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၂၈.၁.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“ကျွန်တော်တို့ UNFC နဲ့နိုင်ငံရေးအကြိုဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ဒီဇင်ဘာလအတွင်းက တရားဝင် ဖိတ်ခေါ်ထားပါတယ်။ ဇန်နဝါရီလအတွင်းမှာ ဆွေးနွေးနိုင်ဖို့ မျှော်မှန်းထားပေမယ့် UNFC က အကြောင်းပြန်ကြားခြင်း မရှိတဲ့အတွက် ဒီလထဲမှာ မဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ ကျွန်တော်တို့အနေနဲ့ UNFC နဲ့ ဆွေးနွေးဖို့ အမြဲကမ်းလှမ်းထားပါတယ်။ သူတို့ရဲ့ အကြောင်းပြန်တာကို စောင့်နေတာပါ။ ဖေဖဝါရီလထဲမှာ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၁၇) အမှတ် (၈) တွင်ပါရှိသော “UNFC နှင့် နိုင်ငံရေးအကြိုဆွေးနွေးပွဲကို ဖေဖဝါရီလတွင် ပြုလုပ်နိုင်မည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ မျှော်မှန်း” သတင်းမှ ဒေါက်တာမင်းဇော်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

“သူတို့ဘက်ကသာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ၊ ထိုးစစ်လုပ်ခဲ့တာတွေ ရှိခဲ့တာပါ။ ပြန်ကြားရေးက သတင်းထုတ်ပြီးတော့ ကျွန်တော်တို့လည်း တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ သူတို့ဘက်က ထိုးတက်လာခဲ့ရင်တောင် ရှောင်ပေးခဲ့တာတွေရှိပါတယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၁၇) အမှတ် (၈) တွင်ပါရှိသော “လိုင်ဇာအနီးရှိ ခိုင်ယာဘွမ်စခန်းကို တပ်မတော်မှ ထိုးစစ်ဆင်ပြီး ဆက်လက်သိမ်းယူ လဂျားယန်ဒေသမှလွဲ၍ KIA တပ်ရင်းများရှိရာ ကျန်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ” သတင်းမှ KIO ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး  ဦးဖော်ဒွဲ ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 “ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ တရုတ်အစိုးရက အမြဲအာမခံချက်ပေးပါတယ်။ကျွန်တော်တို့ကလည်းလက်ခံပါတယ်”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၅) တွင်ပါရှိသော “ ‘ဝ’ တပ်မတော်ကို တရုတ်က လက်နက်များရောင်းချ ” သတင်းမှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၏ ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

“ပြီးခဲ့တဲ့ နှစ်က ရင်းနှီးမြှုပ်နှံသူအများအပြားဟာ ကျွန်တော်တို့နိုင်ငံအပေါ် လေ့လာမှုတွေ အများကြီး ပြုလုပ်ခဲ့ကြပြီးပါပြီ။ ဒီနှစ်မှာတော့ အဲဒီလူတွေနဲ့ ကျွန်တော်တို့ ပိုပြီးရင်းနှီးမှုရှိလာတဲ့အတွက် ရင်းနှီးမြှုပ်မှုတွေကလည်း တိုးတက်လာပါလိမ့်မယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၅) တွင်ပါရှိသော “ တိုက်ပွဲများဖြစ်ပွားနေသော်လည်း  မြန်မာနိုင်ငံသို့လာရောက်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ခြိမ်းခြောက်နိုင်မည်မဟုတ်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပြောကြား” သတင်းမှ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ပြောကြားချက်အားကောက်နှုတ်ချက်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

“Sing Tel ဟာ ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ဖို့ စိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံလို ဈေးကွက်မျိုးကို ဝင်ရောက်ဖို့ဆိုတာ အပြောင်းအလဲဖြစ်နေတဲ့ အခြေအနေတစ်ရပ်ဖြစ်တာကြောင့် အရမ်းကောင်းမွန်တဲ့ အခွင့်အရေးတစ်ရပ်လို့ဆိုနိုင်ပါတယ်။”

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် မြန်မာပို့စ် ဂျာနယ် အတွဲ (၅) အမှတ် (၅) တွင်ပါရှိသော “ မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတကာ ကုမ္ပဏီလေးခု စီစဉ်နေ” သတင်းမှ Singapore Telecommuncation မှ တာဝန်ရှိသူတစ်ဦး ၏ပြောကြားချက်အားကောက်နှုတ်ချက် 

**************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၈.၁.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ဓာတုဗေဒပစ္စည်းများနှင့် ပတ်သက်သည့် ဥပဒေကြမ်းကိုလွှတ်တော်တွင်တင်သွင်းမည်
  2. ပုဂ္ဂလိကဘဏ်များတွင်လယ်ယာမြေများပေါင်နှံခွင့်ပေးမည်
  3. ကြိုးနီစနစ်ဆန်သည့် အကောက်ခွန်ဦးစီးဌာန၏ လာဘ်စားမှုများအား Eleven Media Group တိုင်ကြား
  4. ချင်းပြည်နယ် မြွေတောင်၊ ဖားတောင်တွင် သတ္တုစီမံကိန်းများပွင်လင်းမြင်သာရန်လိုအပ်
  5. အင်းအားသုံးသောင်းရှိ ဝ တပ်မတော်ကိုတရုတ်မှလက်နက်ရောင်းကြောင်းငြင်းဆို

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ဓာတုဗေဒပစ္စည်းများနှင့် ပတ်သက်သည့် ဥပဒေကြမ်းကိုလွှတ်တော်တွင်တင်သွင်းမည်

photo credit - internet

ဓာတုဗေဒပစ္စည်းများနှင့် ဆက်စပ်ပတ်သက်သည့်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ဥပဒေပါအချက်အလက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို လွှတ်တော်သို့တင်သွင်းတော့မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှသိရသည်။

အဆိုပါဥပဒေကြမ်းတွင် ဓာတုဗေဒလုပ်ငန်းများနှင့် ပတ်သက်သည့်ဆက်စပ်လုပ်ငန်းများကို နိုင်ငံတကာမှ ပြည်တွင်းသို့တင်သွင်းရာမှစတင်ကာ ပြည်တွင်းဖြန့်ဖြူးခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ တင်သွင်းကုန်ပစ္စည်းများကို ပြန်လည်ပြုပြင်ခြင်း၊ ကန့်သတ်ကုန်ပစ္စည်းများသတ်မှတ်ခြင်း၊ ပြန်လည် စွန့်ပစ်ခြင်းအပါအဝင် အခန်း ၁၅ ခန်းဖြင့် စက်မှုဝန်ကြီးဌာနနှင့် ပညာရှင်များကပူးပေါင်းရေးဆွဲထားခြင်းဖြစ်ကြောင်းသိရသည်။

ပြန်လည်စွန့်ပစ်ရာတွင်လည်းဥပဒေနှင့်အညီစွန့်ပစ်ရန်၊ သယ်ယူပို့ဆောင်ရာတွင်လည်း အန္တရာယ်သတိပေးအမှတ်အသားများနှင့် ကုန်ပစ္စည်း အမည်များဖေါ်ပြရန်၊ ကန့်သတ်တားမြစ်ထားသည့် ဓာတုဗေဒကုန်ပစ္စည်းများကို တင်သွင်းခြင်းမပြုရန် စသည်အချက်များကို လိုက်နာခြင်းမရှိပါက ထောင်ဒဏ်နှင့်ငွေဒဏ်  သို့မဟုတ် ဒဏ်ငွေနှစ်ရပ်လုံးကို ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် ကုန်ပစ္စည်းများကိုလည်းပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်းထည့်သွင်းဖော်ပြထားသည်။

ယခင်က ဓာတုဗေဒကုန်ပစ္စည်းများနှင့်ပတ်သက်သည့် ဥပဒေများမရှိသည့်အတွက် စက်ရုံ၊ အလုပ်ရုံများအနေဖြင့် စနစ်တကျစွန့်ပစ်ခြင်းမရှိသဖြင့် သက်ဆိုင်ရာအာဏာပိုင်များ အရေးယူဆောင်ရွက်ရာတွင် ထိရောက်မှုမရှိခဲ့ပေ။ ယခုအခါ ဥပဒေပြဋ္ဌာန်းပြီးပါကစည်းကမ်းမဲ့ စွန့်ပစ်၊ သယ်ယူ၊ ပို့ဆောင်၊ တင်သွင်း၊ ထုတ်လုပ်ခြင်းများအပေါ် ဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

YC

----------------------------------------------------------------

ပုဂ္ဂလိကဘဏ်များတွင်လယ်ယာမြေများပေါင်နှံခွင့်ပေးမည်

နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုထားသည့် ပုဂ္ဂလိကဘဏ် ၁၇ ခုတွင် လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ လယ်ယာမြေများ ပေါင်နှံနိုင်တော့မည်ဖြစ်ကြောင်းကို မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောကြားကြောင်းသိရသည်။

လယ်ယာမြေများကိုပေါင်နှံရာတွင် ဘဏ်များမှထုတ်ချေးပေးနိုင်သည့် ငွေကြေးပမာဏကိုသတ်မှတ် ထုတ်ပြန်ခြင်း မပြုလုပ်ရသေးသော်လည်း တစ်ဧကလျှင် ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိ ထုတ်ချေးပေးရန် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ တင်ပြထားကြောင်း၊ ဘဏ်များတွင် လယ် ပေါင်နှံခွင့်ရသည့်အတွက် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်ရမည့်အချိန်တွင် စပါးများကိုစုပုံရောင်းချရသည့်အဖြစ်များမှ ကင်းဝေးနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယခုကဲသို့လယ်ယာမြေများပေါင်နှံခွင့်ပေးခြင်းသည် လယ်သမားများအတွင်းစိုက်ပျိုးရေးနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းသည့်ကိစ္စရပ်များထဲမှ တစ်ခုသာဖြစ်နိုင်ကြောင်း၊ စိုက်ပျိုးရေးစရိတ်အတွက် ငွေချေးပေးသော်လည်း စပါးနှင့်သီးနှံဈေးကျပါက စိုက်ပျိုးရေးစရိတ်ရှုံးနိုင်သည့်အတွက် အစိုးရအနေဖြင့် အာမခံဈေးနှုန်းများ သက်မှတ်ပေးသင့်ကြောင်းကို လယ်ယာလုပ်ကိုင်နေသူ တောင်သူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် လယ်ယာမြေမှတ်ပုံတင်ခြင်းကိစ္စများကိုမတ်လ ၃၁ရက်နေ့ နောက်ဆုံးထားကာ ဆောင်ရွက်ပေးမည်ဖြစ်ပြီးမှတ်ပုံတင်ထားသည့် လယ်ယာမြေများသည် ဧပြီလ ၁ ရက်နေ့မှ စတင်ကာဘဏ်များတွင် ပေါင်နှံနိုင်ကြောင်းသိရသည်။

YC

------------------------------------------------------------------------------

ကြိုးနီစနစ်ဆန်သည့် အကောက်ခွန်ဦးစီးဌာန၏ လာဘ်စားမှုများအား Eleven Media Group တိုင်ကြား

photo credit - internet

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနလက်အောက်တွင်ရှိသော အကောက်ခွန်ဦးစီးဌာနရှိ အကြီးအကဲပုဂ္ဂိုလ်အချို့၏ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် Eleven Media Group ၏ ညီနောင်မီဒီယာတစ်ခုဖြစ်သော Eleven Trading မှ လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းထံသို့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါတိုင်ကြားစာတွင် အကောက်ခွန်ဦးစီးဌာန၏ ဌာနတွင်းလုပ်ဆောင်မှုများမှာ ယခင်အစိုးရလက်ထက်ကတည်းကကဲ့သို့ပင် ကြိုးနီစနစ် ဆန်သည့်အတွက် လာဘ်ပေးလာဘ်ယူမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။ ထိုသို့ ဌာနတွင်းလာဘ်ပေးလာဘ်ယူမှုများကြောင့် အခွန်ထမ်းပြည်သူများ အနေဖြင့် အခက်အခဲ၊ ဖိစီးမှုများကိုတွေ့ကြုံခံစားခဲ့ရသည့်အပြင် အစိုးရမှ ဝန်ကြီးဌာနများ၏ လာဘ်ပေးလာဘ်ယူမှုများကို အရေးယူ ဆောင်ရွက်ခဲ့သော်လည်း ဌာနတွင်းလုပ်ထုံးလုပ်နည်းများကြောင့် အောက်ခြေမှစ၍ အထက်အဆင့်ဆင့်ထိတိုင် လာဘ်ပေးလာဘ်ယူမှုများမှာ လျော့ပါးသွားခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် အကောက်ခွန်ဦးစီးဌာနရှိ အကြီးအကဲအချို့နှင့်ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်ရာတွင် တာဝန်အရှိဆုံးပုဂ္ဂိုလ်များဖြစ်သော ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးများ၊ တာဝန်အရှိဆုံးပုဂ္ဂိုလ်များကိုကော်မတီမှ စုံစမ်းစစ်ဆေး ပေးရန် Eleven Trading မှ တိုင်ကြားခဲ့ကြောင်းသိရသည်။

ထို့ပြင် လက်ရှိအကောက်ခွန်ဦးစီးဌာနသည် လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုအများဆုံးဝန်ကြီးဌာနအဖြစ် ပြည်သူများအကြား ကျော်ကြားလျက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ ထိပ်ပိုင်းတာဝန်ရှိသူများ၏ တရားဝင်လစာနှင့် ၎င်းတို့၏ လက်ရှိပိုင်ဆိုင်မှုများကို စစ်ဆေးပါက လာဘ်ပေးလာဘ်ယူအဂတိလိုက်စားမှုများကို သိရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

YC

 ----------------------------------------------------------------

ချင်းပြည်နယ် မြွေတောင်၊ ဖားတောင်တွင် သတ္တုစီမံကိန်းများပွင်လင်းမြင်သာရန်လိုအပ်

photo credit - internet

သတ္တုတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ရန်စီမံထားသည့် ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် တည်ရှိသည့် မြွေတောင်နှင့် ဖားတောင်တိုတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ပွင့်လင်းမြင်သာမှုရှိရန်နှင့် တူဖော်ရေးလုပ်ငန်းများ လုပ်ဆာင်ရွက်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်သင့်ကြောင်း သောကနဒီစိမ်းလန်းစိုပြေရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

မြွေတောင်နှင့် ဖားတောင်ကို ၁၉၇၂ ခုနှစ်တွင် ဂျာမနီမှ ပညာရှင်နှစ်ဦးက ကွင်းဆင်းလေ့လာရာ၌ ပလက်တီနမ်၊ ခရိုမီနီယံအပြင် အနက်ပိုင်း နေရာများတွင် ယူရေနီယမ်သတ္တုများပင်ရှိကြောင်း၊ သက်တမ်းနုနယ်သည့်အတွက် တူးဖော်ရန်မဖြစ်နိုင်သေးကြောင်း၊ သိုသော် ၎င်းတို့ကွယ်လွန်ခါနီး ချိန်တွင် သတ္တုများမရှိပါဟု ပြန်လည်ပြောကြားသွားကြောင်းကို အထက်ချင်းတွင်းဒေသလူငယ်များကွန်ယက်အဖွဲ့ဝင် ချင်းတိုင်းရင်းသားပညာရှင် ဒေါက်တာဗန်ဆွန်းက ပြောကြားသည်။

လက်ပံတောင်းတောင်စီမံကိန်းတွင် ဖြစ်ပွားသည့်ပြသာနာများကဲ့သို့ မဖြစ်စေရန်အတွက် မြွေတောင်၊ ဖားတောင်နှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေးအဖွဲ့ကို ဇန်နဝါရီလ ၁၀ ရက်နေ့၌ ကလေးမြို့ ဘုန်းတော်ကြီးကျောင်း လူမှုရေးပရဟိတအသင်းအဖွဲ့များ၊ အထက်ချင်းတွင်းလူငယ် ကွန်ရက်များနှင့် နိုင်ငံရေးအဖွဲ့များစုပေါင်း၍ ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

အဆိုပါအဖွဲ့အနေဖြင့် စီမံကိန်းနှင့် နီးကပ်သောနေရာဒေသများသို့သွားရောက်ပြီး ဖြစ်ပေါ်လာနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးများနှင့် သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ဗဟုသုတများကို အသေးစိတ်ဆွေးနွေး ဟောပြောသွားမည်ဖြစ်ကြောင်းသိရသည်။

 

                                                                                                                                                    YC

----------------------------------------------------------------

အင်းအားသုံးသောင်းရှိ ဝ တပ်မတော်ကိုတရုတ်မှလက်နက်ရောင်းကြောင်းငြင်းဆို

တရုတ်-မြန်မာနယ်စပ်တွင်တည်ရှိပြီး မြန်မာနိုင်ငံတွင် တပ်ဖွဲ့ဝင်အင်အားသုံးသောင်းခန့်ရှိသည့် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို တရုတ်နိုင်ငံမှ ခေတ်မှီလက်နက်များရောင်းချနေသည်ဟု သတင်းများအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီလ ၂၇ ၇က်နေ့တွင် သတင်းထုတ်ပြန်ကာ ငြင်းဆိုလိုက်သည်။

လုံခြုံရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Jane’s Intelligence Review ၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ချက်ကို တရုတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကိုလေးစားပါကြောင်း        ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သို့ လက်နက်ရောင်းချခြင်း ဟူသည့် ရေးသားဖော်ပြမှုသည် အခြေအမြစ်မရှိ၍ မှန်ကန်မှုမရှိကြောင်းတရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Jane’s Intelligence Review ၏ အစီရင်ခံစာတွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်အတွက် တရုတ် နိုင်ငံမှရောင်းချရာတွင် ခေတ်မီလက်နက်များဖြစ်သည့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ တင့်ကားဖျက်လက်နက်များ၊ တင့်ကား ၁၂ စီးလည်းပါဝင်ကြောင်း သိရသည်။ အဆိုပါ အစီရင်ခံစာကိုရေးသားသူ Anthony Davis က တရုတ်နိုင်ငံမှ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သို့ လက်နက်ရောင်းချမှုသည် မြင့်တက်လာကြောင်းကို ၎င်းကဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကို တက်ကြွစွာ အကူအညီပေးခဲ့ကြောင်းသတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

Jane’s Intelligence Review ၏ အစီရင်ခံစာနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဇန်နဝါရီလ ၂၇ ရက်နေတွင်အခြေအမြစ်မရှိသည့် သတင်းအဖြစ် ငြင်းဆိုကာ ပြန်လည်တုန့်ပြန်ခဲ့သည်။

YC

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive