Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များ နှင့်သတင်းတို

“ဖြစ်လာဖို့များပါတယ်။ ရွေးကောက်ပွဲမှာ PR သုံးခဲ့ရင် ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် အခုစီစဉ်နေတဲ့ ပါတီသစ်က လက်နက်တစ်ခုလို အားကိုးရလာနိုင်ပါတယ်။”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၀၃) တွင်ပါရှိသော “လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးပါက တိုင်းရင်းသားပါတီများပေါင်း၍ ပါတီသစ်ထောင်ဖွယ်ရှိ” သတင်းမှ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးဖေသန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခြေအနေကတော့ ကျွန်တော်တို့လုပ်နေဆဲပဲ။ လောလောဆယ်တော့ဒီမှာ ဖြစ်နေဆဲပဲ။ တိုင်းတပ်ဖွဲ့မှူးတို့၊ ဒုတိုင်း တပ်ဖွဲ့မှူးတို့၊ ခရိုင်တပ်ဖွဲ့မှူးတို့ အကုန်လုံးဒီမှာရှိနေပါတယ်။ ရဲမှူးကြီးဦးစီးတဲ့အင်အား ၁၉၀ ရောက်နေပါပြီ။ မန္တလေးက လည်း အင်အား ၅၀ ကျော်ရောက်နေပါပြီ။ ကျွန်တော်တို့ မိတ္ထီလာနယ်ခံ ၁၅၀ လောက်နဲ့ အားလုံးပေါင်း အင်အား သုံး၊ လေး ရာလောက်ရှိတာပဲ။ သူတို့ဖျက်စီးတာကို ကျွန်တော်တို့ လိုက်ထိန်းသိမ်းရမှာပေါ့။ အင်အားတွေကတော့ တော်တော် များများ ရောက်နေပါပြီ။ ရဲအင်အား လုံလောက်မှုရှိ ပါတယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၀၃) တွင်ပါရှိသော “ရွှေပြန်လည်ရောင်းချသူအား ရိုက်နှက်သည့် တိုင်းရင်းသားမဟုတ်သော လူ့အသိုင်းအဝိုင်းမှ လင်မယားနှစ်ဦးအား ပုဒ်မ ၄ ခုဖြင့်အမှုဖွင့် မိတ္ထီလာမြို့တွင် အပြန်အလှန် ဖျက်စီးမှုများနှင့် မီးရှို့မှုများ ဖြစ်ပွားလျက်ရှိ” သတင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အားလုံးကျေနပ်အောင်ဖြစ်ဖို့ကတော့ မလွယ်ပါဘူး။ ဘယ်သူတွေ ဘယ်လိုပြောပြော ကျွန်တော်တို့ ဘက်ကတော့ တွေ့ရှိချက်တွေအပေါ်အခြေခံပြီး နိုင်ငံနဲ့ပြည်သူ့အကျိုးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အကြံပြုချက်တွေကို တင်ပြထား တယ်။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်မယ့်နည်းလမ်းတွေပေါ့။ ဒါပေမယ့် ဒီအချက်တွေကို လက်တွေ့အကောင် အထည်ဖော်ဖို့ကတော့ အစိုးရနဲ့လူထုအဖွဲ့အစည်းတွေမှာ မူတည်ပါ တယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်းမ်  ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၃) တွင်ပါရှိသော “စာမျက်နှာ ၅၀ ပါဝင်မည့်ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ မတ်လ ၃၁ ရက် သမ္မတထံ တင်မည်” သတင်းမှ ကော်မရှင်အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သဘောအားဖြင့်တော့ သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့မညီပဲ ဥက္ကဋ္ဌတာဝန်ကို ရယူခြင်း၊ ဆောင်ရွက်ခြင်း မပြုတော့ကြောင်း အတိအလင်းပြောကြားနိုင်ပါတယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်းမ်  ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၃) တွင်ပါရှိသော “သူရဦးရွှေမန်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်” သတင်းမှ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး (၃) ဖြစ်သူ သူရဦးအောင်ကို၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံရေးရဲ့ အဓိကဟာကွက်ကြီးတွေက တစ်ခုကတော့ အင်စတီကျူးရှင်းတွေ အားနည်းတာ၊ စနစ်မကျတာပါ။ အဲဒါကို NLD အပါအဝင်ရှိပြီးသား အင်စတီကျူးရှင်းတွေက အားကောင်းအောင် စနစ်ကျ အောင်လုပ်ရမည်နည်းတူ ၈၈ လိုအဖွဲ့မျိုးကလည်း အင်စတီကျူးရှင်း ကျကျအလုပ်လုပ်လာဖို့ လိုပါတယ်။ အဲဒီလို မလုပ်နိုင်သရွေ့ ကျွန်တော်တို့နိုင်ငံရေးဟာ ဝေလေလေအဆင့်ကို ကျော်နိုင်ဦးမှာမဟုတ်ပါဘူး”

မတ်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၅) အမှတ် (၅၁) တွင်ပါရှိသော “၈၈ မျိုးဆက် ကျောင်းသားများ နိုင်ငံရေးပါတီထောင်မည်” သတင်းမှ နိုင်ငံရေးဆောင်ပါးများရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 NEWS IN BRIEF

 

  1. မထ္တီလာပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့

မိထ္တီလာပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး အပါအဝင် ၄ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

  1. ချင်းပြည်နယ်တွင်အခွန်လွတ်နယ်စပ် ကုန်သွယ်ရေးစခန်း မကြာမီဖွင့်လှစ်မည်

ချင်းပြည်နယ်၏သွားရေးလာရေးခက်ခဲသည့်ဒေသ အိန္ဒိယနယ်စပ်ဒေသများဖြစ်ကြသည့် မြန်မာပြည်နှင့် မီဇိုရမ် ပြည်နယ်အကြားရှိ ကျေးရွာများတွင် ဒေသတွင်းဖွံ့ဖြိုးရေးနှင့် ဒေသခံများအလုပ်အကိုင်ရရှိရေး တို့ကိုရည်ရွယ်၍ ပြည်နယ်၊ပြည်မမှ အခွန်ကောက်ယူမှုမရှိသော နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ယခုနယ်စပ် ကုန်သွယ်ရေးစခန်း ၅ ခုဖွင့်လှစ်လိုက်ပါက ချင်းပြည်နယ်တွင် နယ်စပ် ကုန်သွယ်ရေး စခန်း ပေါင်း ၆ ခုရှိလာမည်ဖြစ်ကြောင်း သိရသည်။ထိုနယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးမှာလည်း တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် အများဆုံးဆက်သွယ် ရောင်းဝယ်နိုင်မည်ဖြစ်သည်။

  1. အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းပေါင်း (၄၅၅) ဖွဲ့ဖွဲ့စည်းထားပြီဖြစ်

အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့ အစည်းများကို အသိအမှတ်ပြု ဖွဲ့စည်းပေးခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အဖွဲ့အစည်းပေါင်း (၄၅၀) ကျော်ကို ဖွဲ့စည်းပေး နိုင်ခဲ့ကြောင်း ကို လူမှုဖူလုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်မှ သိရှိရသည်။ အခြေခံ အလုပ်ရှင် နှင့်အလုပ်သမားအဖွဲ့ အစည်းစတင် ဖွဲ့စည်းနိုင်မှုကို (၂၀၁၂) ခုနှစ် ဧပြီ (၂၅) တွင်စတင်ခွင့်ပြုပေးခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် (၄၄၇)ဖွဲ့ / မြို့နယ်အဆင့် အနေဖြင့် (၆) ဖွဲ့၊အဖွဲ့ချုပ် အနေဖြင့်နှစ်ဖွဲ့ ဖွဲ့စည်းပေးခဲ့ရာ စုစုပေါင်း (၄၅၅) ဖွဲ့ဖြစ်ကြောင်း သိရသည်။

  1. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများနှင့်တွေးဆုံဆွေးနွေးရန်ဖိတ်ကြား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့်မတ်လ နောက်ဆုံးပတ်အတွင်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးပါတီများထံသို့ အစည်းအဝေးဖိတ်စာများ ပေးပို့ထားကြောင်း သိရသည်။ ထို ဖိတ်စာတွင် အစည်းအဝေး၌ တင်ပြလိုသည့်အကြောင်းအရာများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် အသိပေးခြင်း ဖြစ်ကြောင်းနှင့် ဆွေးနွေးမည့် အကြောင်းအရာကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. မြန်မာနိုင်ငံတွင် ရေနံနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကြား အဆက်အစပ်ရှိဟုဆို

(19 Mar 2013 ရက်စွဲပါ UPI မှ Oil, abuse link seen in Myanmar ကိုဘာသာပြန်ဆိုသည်။)

  1. မြန်မာသမ္မတခရီးစဉ်ကို ဆစ်ဒနီတွင် ဆန္ဒပြ

(World News Australia မှ 19 Mar 2013 ရက်စွဲပါ “Protest Slams Myanmar president visit” သတင်းကို ဘာသာပြန် ဆိုသည်။)

  1. တရုတ်အိမ်သစ်ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်း မြင့်တက်

(18 Mar 2013 ရက်စွဲပါ BBC News မှ “China New Home prices rise in February” ကို ဘာသာပြန်ဆိုသည်)

  1. မုတ်သုန်မဝင်မှီ ရိုဟင်ဂျာများကို နေရာချထားပေးရန် ကုလတောင်းဆိုမှုကို မြန်မာငြင်းဆို

(Radio Australia News မှ 20 March 2013 ရက်စွဲပါ “Myanmar dismisses UN call to relocate Rohingyas ” သတင်း ကို ဘာသာပြန်ဆိုပါသည်)


မြန်မာနိုင်ငံတွင် ရေနံနှင့် လူ့အခွင့်အရေးချိုးဖောက်မှုကြား အဆက်အစပ်ရှိဟုဆို

(19 Mar 2013 ရက်စွဲပါ UPI မှ Oil, abuse link seen in Myanmar ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် ရေနံဖွံ့ဖြိုးတိုးတက်မှုနှင့် ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကြားတွင် ဆက်စပ်မှု တစ်ခု ရှိနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောပါသည်။

မြန်မာနိုင်ငံတွင် ၎င်း၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အသိအ မှတ်ပြုမှုရှိခဲ့သော်လည်း လူ့အခွင့်အရေးမှတ်တမ်းများသည် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် ထိပ်တန်းစိုးရိမ်ဖွယ် ကိစ္စ ဖြစ်နေဆဲဖြစ်ပါသည်။

Save the Rohingya တည်ထောင်သူ Jamila Hanan က Oil Change International သို့ပြောကြားရာတွင် ရေနံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရိုဟင်ဂျာနှင့်ပတ်သက်သော ပဋိပက္ခကြားတွင် သေချာပေါက်ဆက်စပ်မှုရှိမည်ဖြစ်ကြောင်းဆိုပါသည်။

တရုတ်နိုင်ငံအနောက်တောင်ဘက်သို့ ပိုက်လိုင်းစီမံကိန်းသည် ပြဿနာ၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သူက ပြောကြားသည်။

‘ရဝမ်ဒါမှာ ဖြစ်ပျက်ခဲ့တဲ့ စကေးအတိုင်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်တဲ့ပွဲကြီး တတိယအကြိမ် ဖြစ်လာ လိမ့်ဦးမယ်လို့ ကျွန်မတို့သတင်းရထားပါတယ်။ အခုကနေ ဧပြီလလယ်အတွင်းမှာဖြစ်နိုင်တယ်လို့ ကျွန်မတို့ သတင်းရထားပါတယ်’ ဟု Hanan ကပြောပါသည်။

ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ရိုဟင်ဂျာနှင့် ဗုဒ္ဓဘာသာများကြား ပဋိပက္ခများအကြား အနည်းဆုံး လူ ၇၆ ဦး သေဆုံးပြီး လူပေါင်း သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ကြရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံအစိုးရများက အရေးယူမှုများဖြေလျော့ခဲ့ခြင်းကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် စီးပွားရေးအခွင့်အလမ်းများရှာဖွေလျှက်ရှိပါသည်။ China International Petroleum Corp က ပြောကြား ရာတွင် မြန်မာနိုင်ငံမှ ရေနံပိုက်လိုင်းတွင် ရေနံများစတင်ပို့လွှတ်မှု အစောဆုံး ဇွန်လတွင် ဖြစ်နိုင်မည်ဟု ဆိုပါသည်။


မြန်မာသမ္မတခရီးစဉ်ကို ဆစ်ဒနီတွင် ဆန္ဒပြ

(World News Australia မှ 19 Mar 2013 ရက်စွဲပါ “Protest Slams Myanmar president visit” သတင်းကိုဘာသာပြန် ဆိုသည်။)

ဆစ်ဒနီမြို့နိုင်ငံခြားရေးရုံးရှေ့တွင် လူ ၁၀၀ ခန့်စုဝေးကာ မြန်မာသမ္မတ၏ ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြသည်ဟု သိရသည်။

သြစတေးလျနိုင်၊ ဆစ်ဒနီမြို့ နိုင်ငံခြားရေးရုံးရှေ့တွင် ဆန္ဒပြသူ ၁၀၀ ခန့်က မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများအပေါ် သြစတေးလျအစိုးရက ပြတ်သားစွားရပ်တည်ရန် တိုက်တွန်းတောင်းဆိုကြခြင်းဖြစ်သည်။

ထိုသို့ဆန္ဒပြမှုသည် ဦးသိန်းစိန်၏ အင်္ဂါနေ့ခရီးနှင့် တိုက်ဆိုင်နေပြီး မတိုင်ခင်တစ်ရက်က ဦးသိန်းစိန်နှင့် ဝန်ကြီး ချုပ် ဂျူလီယာဂီးလ်ဘတ်တို့ ကမ်ဘာရာတွင် တွေ့ဆုံခဲ့ကြသည်။

သြစတေးလျဝန်ကြီးချုပ် မစ္စစ်ဂီးလ်ဘတ်က ရန်ကုန်မြို့တော်တွင် စစ်သံမှူးနှင့် ကုန်သွယ်ရေးသံမှူး ခန့်အပ်ထား ရှိခြင်းအပါအဝင် ၂ နှစ်စာဒေါ်လာသန်း၂၀ ထောက်ပံ့ကူညီမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စများ တိုးတက်မှုရှိအောင် လုပ်စရာ များစွာ ကျန်သေးသည်ဟု သူမက ထုတ်ဖော်ပြောကြားသည်။

Burma Campaign Australia မှ ညှိနှိုင်းရေးတာဝန်ခံ ဇက်တီဘရိတ်ကမူ သြစတေးလျအစိုးရသည် မြန်မာပြည် သူများအပေါ် ပျက်ကွက်နေသည်ဟု ဝေဖန်သည်။

“ဖက်ဒရယ်အစိုးရ (သြစတေးလျအစိုးရ) ဟာ ဦးသိန်းစိန်ရဲ့ ခရီးစဉ်မှာ လူ့အခွင့်အရေးလေးစားရေး၊ ပြည်တွင်း စစ်အဆုံးသတ်ရေးတို့ကို တွန်းအားပေးရမယ့်အစား သူ့ကို အမြောက် ၂၁ ချက်ဖောက် ကြိုဆိုပြီးတော့ မြန်မာနိုင်ငံကို စစ်သံ မှူးလွှတ်ပေးဖို့ သဘောတူခဲ့ပါတယ်” ဟု ဇက်တီဘရိတ်က ဝေဖန်ပြောဆိုသည်။

“အခုလိုသြစတေးလျအစိုးရက လူ့အခွင့်အရေးကိစ္စကို ဦးစားမပေးဘဲ မြန်မာပြည်သူတွေအပေါ် နောက်တစ်ကြိမ် ပျက်ကွက်ခဲ့တာဟာ စိတ်ပျက်စရာပါပဲ”ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဦးသိန်းစိန်အစိုးရအာဏာရလာပြီး နောက်ပိုင်း တပ်မတော်ထိုးစစ်များ အကြမ်းဖက်မှုများ ပဋိပက္ခ များကြောင့် လူပေါင်း ၂၅၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု မစ္စတာဘရိတ်က ထောက်ပြပြောဆိုသွားသည်။


တရုတ်အိမ်သစ်ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်း မြင့်တက်

(18 Mar 2013 ရက်စွဲပါ BBC News မှ “China New Home prices rise in February” ကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံ၏ မြို့ကြီး ၇၀ ထဲမှ ၆၆ မြို့တွင် အိမ်သစ်ဈေးနှုန်းများ ဖေဖော်ဝါရီလအတွင်းက မြင့်တက်ခဲ့သည်။ ၎င်းကို ထိန်းချုပ်ရန်မှာ တရုတ်၏ခေါင်းဆောင်အသစ် ရင်ဆိုင်ရမည့် စိန်ခေါ်မှုပင်ဖြစ်သည်။

အခြေပစ္စည်းဈေးနှုန်းများ တိုးတက်နေမှုကို ရပ်တန့်အောင်လုပ်ရန်မှာ ဘေဂျင်းအတွက် အဓိကအစီအစဉ်တစ်ခု ဖြစ်နေသည်။ အထူးသဖြင့်  ပိုင်ဆိုင်မှုပူဖောင်းပါက်မှု စိုးရိမ်ပူပန်မှုကြောင့်ဖြစ်သည်။ ယခုလ အစောပိုင်းတွင် ယင်းကဏ္ဍနှင့် ပတ်သက်သောအစီအစဉ်သစ်များကို ထုတ်ဖော်ကြေညာခဲ့ရာ ကနဦးငွေပေးသွင်းမှု မြှင့်လိုက်ခြင်းဖြင့် တက်ဈေးမျှော်ရိုက်သူ များအား ထိန်းချုပ်ရန် စီစဉ်ခဲ့ပါသည်။

သို့သော်လည်း အလွန်အကျွံတင်းကျပ်မှုများက စီးပွားရေးတိုးတက်နှုန်းကို ထိခိုက်စေနိုင်သည်ဟူသော ပူပန်မှုများ ကလည်း ရှိနေဆဲဖြစ်သည်။

“အစိုးရက တကယ်ကို အကျပ်အတည်းအခြေအနေ ဖြစ်နေတာပါ။ အိမ်ဈေးတွေကို သာမန်တရုတ်လူမျိုးတွေ တတ်နိုင်တဲ့ ဈေးအဖြစ် ထားနိုင်ဖို့လိုအပ်ပါတယ်” ဟု တရုတ်ဈေးကွက်သုတေသနအဖွဲ့မှ Managing Director ရှောင်ရိန်းက ပြောကြားခဲ့သည်။

“ဒါပေမယ့် တချိန်တည်းမှာပဲ တိုးတက်မှုရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ အိမ်ခြံမြေကဏ္ဍနဲ့ ဆောက်လုပ်ရေး နယ်ပယ်တွေမှာ  ဘေဂျင်းအနေနဲ့ ဈေးတွေသိသိသာသာကျဆင်းအောင် လုပ်ဖို့ မတတ်နိုင်သေးဘူး။”

ဘေဂျင်းတွင် အိမ်သစ်ဈေးနှုန်းများမှာ ဖေဖော်ဝါရီလက ၅ ဒဿမ ၉ ရာခိုင်နှုန်း မနှစ်ကထက်တိုးတက်ခဲ့သည်။ ထိုစဉ်တွင်  ဂွမ်ဆိုး၌ ၈ ဒဿမ ၁ ရာခိုင်နှုန်းနှင့် ရှန်ဟိုင်း၌ ၃ ဒဿမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးဖြစ်သည်။

အစီအစဉ်ကောင်းများ တရုတ်သည် မြင့်တက်လာသောဈေးနှုန်းများကို လွန်ခဲ့သောနှစ်နှစ်ခွဲကလို အကောင်းဆုံး အခြေအနေရောက်အောင်   ကြိုးပမ်းတိုက်ပွဲဝင်နေသည်။

၂၀၁၀ တွင် ပိုင်ဆိုင်မှုပူဖောင်းပါက်မည့် စိုးရိမ်ပူပန်မှုက အစိုးရကို ယင်းကဏ္ဍတွင် ရင်နှီးမြှုပ်နှံခြင်းအား ထိန်းချုပ်ရန် ရည်ရွယ်သည့် အစီအစဉ်မျိုးစုံနှင့် မိတ်ဆက်ပေးခဲ့သည်။

ယင်းအစီအစဉ်များက ဈေးနှုန်းများ လျှော့ချရန်အတွက် အထောက်အကူဖြစ်ခဲ့သော်လည်း တရုတ်၏ စီးပွားရေး တိုးတက်မှုလည်း နှေးကွေးသွားခဲ့သည်။

စီးပွားရေးတိုးတက်မှု ရေရှည်ခံရန် ကြိုးပမ်းရာတွင် တရုတ်သည် သူ၏ ဘဏ္ဍာရေးမူဝါဒအချို့ကို မနှစ်က ဖြေလျော့ ပေးခဲ့ရသည်။

ယင်းမူဝါဒထဲတွင် အတိုးနှုန်း နှစ်ခုကို လျော့ချခဲ့ပြီး ငွေချေးခြင်းကို အားပေးရန် ဘဏ်များအနေဖြင့် သီးသန့် ရန်ပုံ ငွေထားရှိသော ပမာဏကိုလည်း လျှော့ချခဲ့သည်။

သို့ရာတွင် လှုပ်ရှားမှုများသည် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်မှုဈေးနှုန်းများ တဖန်ထပ်၍ စတင်မြင့်တက်လာခြင်းကို မြင် တွေ့ခဲ့ရသည်။ ရလဒ်အားဖြင့် ယခုနှစ် မတ်လ ၁ ရက်နေ့တွင် တရုတ်သည် ဈေးနှုန်းတိုးတက်မှု ရပ်တန့်စေရန်  ဆန်းသစ် သော အစီအစဉ်များကို ကြေညာခဲ့သည်။

ယင်းအစီအစဉ်သစ်များတွင် ဈေးနှုန်းများ လျင်မြန်စွာမြင့်တက်နေသော မြို့ကြီးများ၌ တဆင့်ခံ ဝယ်သူများ အတွက် အပေါင်တိုးနှုန်းများကို တိုးမြှင့်ထားသည်။

အစိုးရက အိမ်ခြံမြေရောင်းဝယ်မှုမှရသော အမြတ်၏ ၂၀ ရာခိုင်နှုန်းကို အခွန်ဆောင်စေလိမ့်မည်ဟု ပြောခဲ့သေး သည်။

သုံးသပ်သူများက အစီအစဉ်များသည် လာမည့်လများအတွင်း ဈေးနှုန်းများ လျော့ကျသွားမည့်ပုံ ရှိသည်ဟု ပြောကြားခဲ့သည်။

“ဈေးတက်နေတာတွေ ကျသွားလိမ့်မယ်။ ဒါပေမယ့် တောင်ပိုင်းကိုတော့ ဦးမတည်ဘူး”ဟု Mizuho Securities Asia ၏ တရုတ်စီးပွားရေးကျွမ်းကျင် ပညာရှင် Jianguang Shen က ပြောကြားခဲ့ပါသည်။


မုတ်သုန်မဝင်မှီ ရိုဟင်ဂျာများကို နေရာချထားပေးရန် ကုလတောင်းဆိုမှုကို မြန်မာငြင်းဆို

(Radio Australia News မှ 20 March 2013 ရက်စွဲပါ “Myanmar dismisses UN call to relocate Rohingyas” သတင်းကို ဘာသာပြန်ဆိုပါသည်)

Photo Credit by internet

လာမည့် မုန်သုန်ရာသီတွင် ရိုဟင်ဂျာ ဒုက္ခသည်ထောင်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်အောင် အရေးပေါ် ဆောင်ရွက်ရန် ကုလသမဂ္ဂအစီရင်ခံစာက တောင်းဆိုထားခြင်းကို မြန်မာနိုင်ငံက ကန့်ကွက်လိုက်ပါသည်။

ဒုက္ခသည်စခန်းများရှိ ယာယီတဲများသည် ခန့်မှန်းခြေလူပေါင်း ၁၂၀၀၀၀ ခန့်အတွက် လုံလောက်မှုရှိသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က Australia Network  ၏  Newsline အစီအစဉ်သို့ ပြောကြားသည်။

“ဒုက္ခသည်အများစုဟာ စခန်းမှာနေကြတုန်းဆိုပေမယ့် လာမယ့်မိုးရာသီအတွက် နေစရာနဲ့ ရိက္ခာ လုံလောက် မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုဦးရဲထွဋ်က ဆိုပါသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ်အိုဂျာ ကင်တာနာ က သူ၏အစီရင်ခံစာတွင် ဒုက္ခသည် စခန်းများ လအနည်းငယ်အတွင်းရေမြှပ်သွားမည်ကို စိုးရိမ်ကြောင်းပြောကြားထားပြီး ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်း ထဲသို့ သွတ်သွင်းရန်အကြံပြုထားသည်။

“မေလမှာ ကျရောက်လာတော့မည့် မိုးရာသီမှာ ဒီဒုက္ခသည်စခန်းအများစုရေဝင်ပြီး မြှုပ်သွားပါလိမ့်မယ်။ လူသား ချင်းစာနာမှုနဲ့ဆိုင်တဲ့ ဖြစ်ရပ်ဆိုးတွေကို ရှောင်ရှားဖို့အတွက် အရေးပေါ်နေရာရွှေ့ပြောင်းမှုတွေ တိုးမြှင့်ပြုလုပ်ဖို့လိုပါတယ်” ဟု ကင်တာနာ က ပြောကြားသည်။

မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်တွင် ဒေသခံရခိုင်များနှင့် ရိုဟင်ဂျာရွှေ့ပြောင်းနေထိုင်သူများ အကြား သွေးစွန်းသော လူမျိုးစုအဓိကရုဏ်းနှစ်ကြိမ်တိုင်တိုင် ယခင်နှစ်က ဖြစ်ပွားခဲ့သည်။

ယင်းကဲ့သို့ အပြန်အလှန်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အသိုင်းအဝိုင်းနှစ်စုကွဲသွားပြီး၊ ရိုဟင်ဂျာ မူဆလင် များမှာ ယာယီဒုက္ခသည်စခန်းများသို့ သီးခြားဖယ်ထုတ်ခြင်းခံခဲ့ကြရသည်။

မကြာသေးမှီက တူရကီနိုင်ငံ၏ အကူအညီဖြင့် ရိုဟင်ဂျာများ အိမ်ဆောက်ပေးမည့် အစီအစဉ်ကို ဒေသခံရခိုင် အသိုင်းအဝိုင်းက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။

နိုင်ငံသားဖြစ်ခွင့်

ကုလသမဂ္ဂကဖိအားပေးနေသော်လည်း ရိုဟင်ဂျာများကို အထူးအခွင့်အရေး သို့ နိုင်ငံသားဖြစ်ခွင့် ပေးမည် မဟုတ်ကြောင်း မြန်မာနိုင်ငံက ထပ်မံအတည်ပြုပြောကြားသည်။

ဦးရဲထွဋ်က ဆက်လက်၍ “အရေအတွက်ထောင်နှင့်ချီသော နိုင်ငံမဲ့ ဒုက္ခသည်များသည် နိုင်ငံသားခံယူခွင့်အတွက် အစိုးရက သတ်မှတ်ထားသော စံညွှန်းများနှင့် ကိုက်ညီဖို့လိုကြောင်း သတ်မှတ်ချက် ကိုက်ညီသူတိုင်း နိုင်ငံသားခံယူခွင့် ရမည်ဖြစ်ကြောင်း သို့သော် ထိုဒေသတွင်တရားမဝင် ခိုးဝင်လာသူများရှိ နေဆဲဖြစ်၍ ထိုပြဿနာကို ဖြေရှင်းရဦးမည်ဖြစ် ကြောင်း” ရှင်းလင်းပြောကြားသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကင်တာနာက မြန်မာနိုင်ငံအား လူ့အခွင့်အရေးအနေအထား ချို့ယွင်းမှုများ (အထူးသဖြင့် ရိုဟင်ဂျာများနှင့်ပတ်သက်၍) ကို ဖြေရှင်းဆောင်ရွက်ရန်တိုက်တွန်းထားပါသည်။

ဦးရဲထွဋ်က “ပြီးခဲ့သည့် ဇွန်လနဲ့ အောက်တိုဘာလ နှစ်ကြိမ်အကြမ်းဖက် ဖြစ်ရပ်များအတွင်းရခိုင် ပြည်နယ်၌ ဖြစ်ခဲ့သော အမှန်တရားကို အစိုးရကဖော်ထုတ်ရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တာဝန်ရှိသူများ ကို တာဝန်ယူစေမည်ဖြစ်ကြောင်း” ပြောကြားသွားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive