Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတို

“PR စနစ်ဆိုတာ ကမ္ဘာ့နိုင်ငံအများစု ကျင့်သုံးနေတဲ့အရာပါ။ ကမ္ဘာ့နိုင်ငံအများစုထဲကကျင့်သုံးနေတဲ့ နိုင်ငံ တွေကို လေ့လာ ကြည့်ရင် ပညာတက်လူတန်းစား၊ ပညာရှိကိုယ်စားလှယ်တွေ များပါတယ်။ ဒီတော့ ကျွန်တော် တို့နိုင်ငံမှာရော ပညာတတ်၊ ပညာရှိလူတန်းစားတွေရှိနေပြီလား၊ နောက်တစ်ခုက ညွှန့်ပေါင်းအစိုးရ အဖွဲ့တွေ ဖွဲ့ပြီးပြီလား။ ဒီအခြေခံတွေကို မေးဖို့လိုအပ် တယ်။ ဒီတော့ ဒီအခြေခံတွေရှိနေပြီလား၊ ကျွန်တော်တို့နိုင်ငံက တစ်ပါတီထဲမှာတောင် လက်တွဲလုပ်ဖို့ တော်တော်ခက်ခဲတဲ့ နိုင်ငံလေ။ စနစ်ကို ကျွန်တော်တို့ ပါတီမူအရ ကန့်ကွက်မယ်။ ဒီအဆိုကို ပြည်ထောင်စုလွှတ်တော်က မဲစနစ်နဲ့ ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ပို့မယ်။ ပြည်ခိုင်ဖြိုးပါတီကလက်ခံရင် အတည်ဖြစ်မယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ ပါတီရဲ့မူအရ PR စနစ်ကို ကန့်ကွက်မယ်။ သို့ပေမယ့်လည်း PR စနစ်အတိုင်း ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။”

ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ်အတွဲ (၁) အမှတ် (၅) တွင်ပါရှိသော “PR စနစ်အပေါ် နိုင်ငံရေး ပါတီတို့၏ အမြင်” သတင်းမှ ဦးသိန်းညွန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) အမျိုးသားဒီမိုကရေစီ ပါတီသစ် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ပဋိပက္ခတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့လုပ်ကိုင်ဆောင်ရွက်မှုတွေကို မေးခွန်းအများကြီးထုတ်စရာရှိပါတယ်။ အစိုးရရဲ့ လုပ်ကိုင်မှုတချို့အပေါ် အများကြီး သံသယဖြစ်မိပါတယ်။ ဖြစ်နေတဲ့ကိစ္စတွေမှာ မမြင်ရတဲ့ လက်တွေရဲ့ စွက်ဖက်မှု တွေပါတယ်လို့ ယုံကြည်ပါတယ်။ သက်ဆိုင်ရာထောက်လှမ်းရေး အဖွဲ့အစည်းတွေက ရခိုင်အမျိုးသားကွန်ယက်ရဲ့ ဗဟိုကော်မတီဝင်တွေပါ စုံစမ်းတာတွေရှိတယ်။ ကျွန်တော့်ကိုတောင် အမည်တပ် ပြီးစွပ်စွဲတာတွေရှိပါတယ်။ အတိအကျ ပြောရရင် ဒီပဋိပက္ခတွေမှာ ရခိုင်အမျိုးသားကွန်ယက်အနေနဲ့ အားပေးထောက်ခံခြင်းမရှိသလို ပါဝင်ပတ်သက်ခြင်းလည်း မရှိပါဘူး”

ဧပြီလ ၁၁ ရက်နေ့ထုတ် ပြည်သူ့ဆန္ဒဂျာနယ်အတွဲ (၁) အမှတ် (၅) တွင်ပါရှိသော “ပဋိပက္ခနှင့်ပတ်သက်ပြီး အစိုးရရဲ့ လုပ်ကိုင်မှုတချို့အပေါ် သံသယဖြစ်” သတင်းမှ ရိခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ UN ရော၊  US , UK ရယ်၊ တရုတ်နိုင်ငံအစိုးရကနေ ပြီးတော့ Observer အနေနဲ့ပါဝင်တက်ရောက်ဖို့ ကျွန်တော်တို့ ညှိနှိုင်းထားတာရှိတယ်။ ကျွန်တော်တို့ တရားဝင်စာနဲ့ပေးပို့ပြီးသားဖြစ်တယ်။ ဒါပေမယ့် တချို့နိုင်ငံတွေ ကနေပြီးတော့ ဒီဆွေးနွေးပွဲမှာ စုံစုံလင်လင်တက်ရောက်ဖို့ဆိုတာ သိပ်အဆင်မပြေဘူး ဖြစ်နေတယ် ”

ဧပြီလ ၁၁ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၇) တွင်ပါရှိသော “ဧပြီလကုန်ပိုင်းလောက်မှ KIO နှင့်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နိုင်မည်” သတင်းမှ KIO ၏ပြောရေးဆိုခွင့်ရှိသူ ဦးလနန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“သက်ဆိုင်ရာမြို့နယ်မှာရှိတဲ့ ဘာသာရေးခေါင်းဆောင်အဖွဲ့အစည်းတွှေက စုစုစည်းစည်းနဲ့ ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး ကာကွယ်ခြင်းလို့ မြင်ပါတယ်။ အဓိက ဒီမိုကရေစီအခြေခံကာ အရပ်ဖက်အဖွဲ့အစည်းတွေ အားကောင်းဖို့ ဝိုင်းပြီး ကြိုးစားရလိမ့်မယ်”

ဧပြီလ ၁၁ ရက်နေ့ထုတ် Envoy Journal အတွဲ (၃) အမှတ် (၄၇) တွင်ပါရှိသော “မတူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံဆော်မှုများနှင့် အကြမ်းဖတ်သတ်ဖြတ်မှုများအား ၈၈ မျိုးဆက်အနေဖြင့် လုံးဝလက်မခံနိုင်ကြောင်း သဘောထားထုတ်ပြန်” သတင်းမှ  ကိုဂျင်မီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တွေ့ခဲ့တဲ့ ဝန်ကြီးဦးအောင်မင်းဆိုရင် ဒါနဲ့ပတ်သက်ပြီး ကျွန်တော်မေးပါတယ်။ သူ့အနေနဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြိုးစားဆောင်ရွက်နေတာကို ပြောပါတယ်။ နောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်း တွေကြားမှာ လည်း သူတို့အချင်းချင်းယုံကြည်မှုရအောင်လည်း ကြိုးစားဆောင်ရွက်နေတယ်လို့၊ သိရပါတယ်။ ဒါ့ကြောင့် အားလုံးကို အကြီးမားဆုံးပြဿနာက ဘာလဲလို့ ကျွန်တော်မေးတဲ့အခါမှာ ယုံကြည်မှုကင်းမဲ့ခြင်းလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒါနဲ့ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ကျွန်တော်မေးပါတယ်။ ဘာ့ကြောင့်လဲလို့ သူတို့ကို မေးတဲ့အခါမှာ တစ်ယောက်ကို တစ်ယောက်ယုံကြည်မှုမရှိဘူးလို့ ပြောပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ယုံကြည်မှု ရှိလာနိုင်မယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းလာနိုင်မှာ ဖြစ်ပါတယ်”

ဧပြီလ ၁၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ (၈) အမှတ် (၂၇) တွင်ပါရှိသော “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တစ်ဦးကိုတစ်ဦး ယုံကြည်မှုရှိလာပါက ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတဟောင်းဂျင်မီကာတာ ပြောကြား” သတင်းမှ ဂျင်မီကာတာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


  NEWS IN BRIEF

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းသို့ပင်လယ်ရေအောက်ဖိုက်ဘာဆက်သွယ်ရေးဆောင်ရွက်

ထိုင်းနိုင်ငံပိုင် ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီဖြစ်သည့် CAT Telecom က မြန်မာနိုင်ငံ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ထိုင်းနိုင်ငံတောင်ပိုင်း တို့ကိုဆက်သွယ်မည့် ပင်လယ်ရေ အောက်ဖိုက်ဘာဆက်ကြောင်း အတွက်လုပ်ငန်းများဆောင်ရွက်ရန် စိတ်ဝင်စားလျက်ရှိပြီး မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်ကို စောင့်နေကြောင်း ယင်းကုမ္ပဏီမှ ဒုတိယဥက္ကဌ Surapon Sanguansilp မှပြောသည်။

 

မြန်မာနိုင်ငံတွင် အင်ဒိုနီးရှားဘဏ် BNI ရုံးခွဲဖွင့်လှစ်ရန်ရှိ

အင်ဒိုနီးရှားနိုင်ငံပိုင် ဘဏ်တစ်ခုဖြစ်သော Bank Negara Indonesis (BNI) သည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း အင်ဒိုနီးရှားသမ္မတနိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီး H.E.Mr. Hatta Rajasa မှ ပြောကြားခဲ့ကြောင်း အင်ဒိုနီးရှားမီဒီယာများတွင် ဖော်ပြထားကြောင်းသိရသည်။

 

ရခိုင်ပြည်နယ်တွင်း ငါးဖမ်းကွက်များတွင် လွတ်လပ်စွာဖမ်းဆီးခွင့်ပြု

ရခိုင်ပြည်နယ် အတွင်းရှိ မြစ်ချောင်းအင်းအိုင်များတွင်ရှိသော ငါးပုဇွန်လုပ်ကွက်များကို ၂၀၁၃-၁၄ အတွက် လေလံပေးမည် မဟုတ်ပဲ လွတ်လပ်စွာ ငါးဖမ်းဆီးခွင့်ပြုကြောင်း ပြည်နယ်လွှတ်တော်မှ ဧပြီလ ၄ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

 

 

မြန်မာ့ဘဏ်လုပ်ငန်းများတိုးတက်စေရန် စင်ကာပူသို့သွားရောက်လေ့လာ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးသိန်းဇော် ဦးဆောင်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သမဝါယမဘဏ် လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊ မြဝတီဘဏ် လီမိတက်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ ဧရာဝတီဘဏ် လီမိတက် တို့မှညွှန်ကြားရေးမှူးများ၊ အုပ်ချုပ်မှု ဒါရိုက်တာများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာအချက်အလက်များ အဆင့်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် စင်ကာပူနိုင်ငံ ချေးငွေ သတင်းအချက်အလက် ဗဟိုဌာန (Credit Bureau Singapore) သို့လက်တွေ့ကွင်းဆင်း လေ့လာနိုင်ရန်အတွက် ဧပြီလ ၇ ရက်နေ့တွင် စင်ကာပူနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်းသိရသည်။

 

မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှု အပြီးတိုင်ဖယ်ရှားရေး ဆွေးနွေး

မြန်မာဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Mr.Charles Collyns တို့သည် ဧပြီလ ၃ ရက်နေ့ နံနပ်ပိုင်းတွင် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့၌ တွေ့ဆုံခဲ့ပြီး အမေရိကန်မှ မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့အရေးယူမှုများကို အပြီးတိုင် ဖယ်ရှားပေးရေး၊ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အကူအညီပေးရေးနှု့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ မြို့ပြတည်ဆောက်ရေးနှင့် ပာိုတယ်လုပ်ငန်းတွင် စင်္ကာပူရင်းနှီးမြှုပ်နှံမည်

မြန်မာနိုင်ငံ၏ မြို့ပြတည်ဆောက်ရေးလုပ်ငန်းများနှင့် ပာိုတယ်လုပ်ငန်းများ အဆင့်မြင့်တက်လာနိုင်စေရေးအတွက် စင်္ကာပူနိုင်ငံမှအဆိုပါ ကဏ္ဍများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံမှ ထိုသို့ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း မြေယာရရှိမှုအခက်အခဲများရှိနေသည့်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဖက်စပ်လုပ်ကိုင်သွားနိုင်မည့် အနေအထားမျိုးရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အစိုးရနှင့် KIO တို့ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုတ်ရခြင်းမှာ တရုတ်ကြောင့်မပာုတ်ကြောင်း ဖော်ပြ

အစိုးရ၏ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIO)တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သင်္ကြန်နှောင်းပိုင်းသို့ နောက်ဆုတ်သွားရခြင်းဖြစ်ကြောင်း တရုတ်၏ဆန့်ကျင် ကန့်ကွက်မှုများကြောင့်မပာုတ်ဘဲ သွားလာ ပို့ဆောင်ရေးအစီအစဉ် အခက်အခဲများကြောင့်သာဖြစ်ကြောင်း တရုတ်သံရုံး၏ တရားဝင် Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။

အစိုးရနှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မူလက ဧပြီ ၆ ရက်နေ့တွင် မြစ်ကြီးနား၌ ပြုလုပ်သွားမည်ပာု စီစဉ်ထားသော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ရက်ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

 

လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေး ဆက်လက်ဆန္ဒထုတ်ဖော်မည်

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် သက်ဆိုင်ရာမှခွင့်ပြုချက်ယူ၍ ဆန္ဒပြမှုများပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာမှ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် ဥပဒေအရ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆည်တည်းကျေးရွာဒေသခံတစ်ဦးက ပြောကြားသည်။

ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းရန် သက်ဆိုင်ရာ၏ ခွင့်ပြုချုက်ဖြင့် ဆည်တည်းကျေးရွာမှဦးဆောင်၍ ရွာခုနှစ်ရွာစုပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတရုတ်ဝမ်ပေါင်ကုမ္ပဏီမှ လယ်သမားများအား ပေးအပ်လျက်ရှိသော လျော်ကြေးငွေကိစ္စမှာ လူကြားကောင်းရုံသာဖြစ်ကြောင်း သိရသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. သင်္ကြန်ကာလအတွင်း အကောက်ခွန်နှင့် သင်္ဘောကုန်တင်၊ ကုန်ချလုပ်ငန်း လျင်မြန်စွာဆောင်ရွက်ပေးမည်
  2. လာမည့် နွေရာသီ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် နိုင်ငံရေးပါတီအချို့မျှော်လင့်
  3. ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ရရှိနိုင်ရေးအတွက် Digicel မှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည်
  4. အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများသေဆုံးမှု သံတမန်နည်းအရ ဖြေရှင်းမည်


သင်္ကြန်ကာလအတွင်း အကောက်ခွန်နှင့် သင်္ဘောကုန်တင်၊ ကုန်ချလုပ်ငန်း လျင်မြန်စွာ ဆောင်ရွက်ပေးမည်

ယခုနှစ် မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ၊ သင်္ဘောကုန်တင်/ကုန်ချ လုပ်ငန်းများ လျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ပေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အကောက်ခွန်ဦးစီးဌာန(ရုံးချုပ်)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အကောက်ခွန်ဦးစီးဌာနအနေဖြင့် အကောက်ခွန်ဆိုင်ရာ ပို့ကုန်/သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဧပြီ ၁၂ ရက်၊ ၁၃ ရက်၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ပို့/သွင်း ကုန်ရုံးချုပ်၊ ဆိပ်ကမ်း၊ လေဆိပ်ကုန်လှောင်ရုံနှင့် စက်လှေဆိပ်များကို နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ ရုံးဖွင့်လှစ်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်သည့်အပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များအနေဖြင့်လည်း ကုန်ပစ္စည်းများ ထုတ်ယူရေးအတွက် ကုန်ပစ္စည်း ထုတ်ပေးခွင့်အမိန့် (Delivery Order)ကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာနက ဧပြီလ ၁၂ ရက်၊ ၁၄ ရက်၊ ၁၆ ရက်၊ ၁၈ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် ရုံးဖွင့်လှစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)ကလည်း ဧပြီ ၁၃ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ရုံးဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်ပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံကုန်သေတ္တာယာဉ်ပိုင်ရှင်များအသင်းမှ ကုန်သေတ္တာသယ်ယာဉ် အလုံအလောက် ရရှိရေးအတွက် ဧပြီ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် ဂိတ်သုံးဂိတ်ဖွင့်လှစ်၍ ဧပြီ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် ဂိတ်အားလုံးဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာဆိပ်ကမ်းများမှလည်း ကုန်ပစ္စည်း တင်သွင်း/တင်ပို့မှုများအတွက် ဧပြီ ၁၂ ၊ ၁၃၊ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့များတွင် လုပ်ငန်းများလျင်မြန်ချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး အရေးကြီးတင်သွင်း/တင်ပို့လိုပါက အကောက်ခွန်ဦးစီးဌာနနှင့် ဆိပ်ကမ်းသို့ ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းကြားရမည်ဖြစ်ကြောင်း သိရသည်။

YC


လာမည့် နွေရာသီ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရန် နိုင်ငံရေးပါတီအချို့မျှော်လင့်

လာမည့် နွေရာသီကာလအတွင်း ယခင် လုံခြုံရေးအခြေအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် ကြားဖြတ် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ် စုစုပေါင်း(၁၂)ခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ပြုလုပ်ပေးနိုင်ရေးအတွက် နိုင်ငံရေးပါတီအချို့မှ မျှော်လင့်လျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသည့် အဆိုပါမဲဆန္ဒနယ်(၁၂)ခုနှစ်တွင် ကိုယ်စားလှယ် (၂၈)ဦး လစ်လပ်လျက်ရှိပြီး ဧပြီလ ၈ ရက်နေ့၌ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် အဆိုပါကိစ္စအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များ၌ လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အငြင်းပွားမှုများဖြင့် ကိုယ်စားလှယ်အများဆုံး အနိုင်ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ လစ်လပ်မဲဆန္ဒနယ်(၄၅)နေရာအနက် (၄၃)နေရာတွင် ကိုယ်စားလှယ်အများဆုံးအနိုင်ရရှိခဲ့ကြောင်း သိရသည်။

YC


ဆက်သွယ်ရေးလုပ်ငန်းလိုင်စင် ရရှိနိုင်ရေးအတွက် Digicel မှ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံမှ လုပ်ကိုင်ခွင့်ပြုမည့် ဆက်သွယ်ရေး လိုင်စင် (၂)နေရာလျှောက်ထားမှုတွင် လိုင်စင်သစ်(၁)နေရာ ရရှိနိုင်ရေးအတွက် ကမ္ဘာတစ်ဝှမ်းရှိ တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ကျယ်ပြန့်စွာလုပ်ကိုင် ဆောင်ရွက်လျှက်ရှိသော Digicel Group Co.,Ltd မှ လိုင်စင်ရွေးချယ်ရေးလုပ်ငန်းစဉ်၏ အစိတ်ပိုင်းတစ်ခု ဖြစ်သော အကြိုအရည်ချင်းစစ် လျှောက်လွှာကို မတ်လ ၇ ရက်နေ့တွင် လျှောက်ထားခဲ့ကြောင်း သိရသည်။

Digicel ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်ရန် ပြင်ဆင်ရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငွေအရင်းအနှီးများဖြင့် လုပ်ဆောင်ရသည့် လုပ်ငန်းစတင်မှုများ၊ ဝယ်ယူရေးကိစ္စများ၊ ရှယ်ယာတန်ဖိုးမြှင့်တင်ရေး စသော ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိသော George Soros ၏ Quantum Strategic Partners Ltd. နှင့် မြန်မာနိုင်ငံမှ Yoma Strategic Holdings ကုမ္ပဏီတို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

Digicel အနေဖြင့် ကမ္ဘာအနှံ့ရှိ တယ်လီဖုန်းအသုံးပြုမှုနည်းပါးလျက်ရှိနေသေးသည့် နိုင်ငံများကို တယ်လီဖုန်း အသုံးပြုမှုပိုမိုတိုးတက်လာစေရန်နှင့် ပွင့်လင်းလာသော ဈေးကွက်များအတွင်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ရာ အောင်မြင်မှုများစွာ ရရှိခဲ့သော လုပ်ငန်းကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် လက်ရှိမိုဘိုင်းလ်ဖုန်း ကိုင်ဆောင်နိုင်မှုမှာ (၁၀)ရာခိုင်နှုန်းအောက်သာ ရှိနေသေးသည့်အတွက် Digicel မှ ကမ္ဘာ့အဆင့်မီ တယ်လီကွန်း ဆက်သွယ်ရေး ကွန်ရက်ကို မြန်မာနိုင်ငံအားပေးရန် ဆုံးဖြတ်ခဲ့ကြောင်း Digicel Group ကို စတင်တည်ထောင်သူ Denis O’ Brein က ပြောကြား ခဲ့ကြောင်း သိရသည်။

Digicel Group Ltd. သည် ကာရေဘီယံဒေသ၊ ဗဟိုအမေရိကဒေသနှင့် အာရှပစိဖိတ်ဒေသများရှိ ဈေးကွက်  (၃၁)ခု၌ တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး စုစုပေါင်း ရင်းနှီးမြုပ်နှံမှုအဖြစ် ကမ္ဘာနှင့်အဝှမ်းတွင် အမေရိကန်ဒေါ်လာ ( ၄.၅ ) ဘီလီယံ ရှိကြောင်း သိရှိရသည်။

လာမည့် ဧပြီလ ၂၄ ရက်နေ့မှစတင်၍ ကျပ် ၁၅၀၀ တန် မိုဘိုင်လ်ဖုန်းဆင်းကတ်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ အစီအစဉ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဧပြီလ ၃ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

YC


အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများသေဆုံးမှု သံတမန်နည်းအရ ဖြေရှင်းမည်

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း၊ ဘီလာဝီဆိပ်ကမ်း အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော မြန်မာများနှင့် ရိုဟင်ဂျာများ ပဋိပက္ခဖြစ်ပွား၍ မြန်မာနိုင်ငံသား ရှစ်ဦး သေးဆုံခဲ့ရမှုများအပေါ် နှစ်နိုင်ငံအကြား ခိုင်မာသောနားလည်မှုများ အရ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်မည်မဟုတ်ဘဲ သံတမန်နည်းလမ်း အရသာ ဆောင်ရွက် သွားမည် ဖြစ် ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ကပြောကြားခဲ့ ကြောင်း သိရှိရသည်။

အဆိုပါကိစ္စရပ်များဆောင်ရွက်ရာတွင် နှစ်နိုင်ငံနိုင်ငံခြားရေး ၀န်ကြီးဌာနများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး အမှုမှန်ပေါ်ပေါက်နိုင်ရေး၊ အပြစ်ရှိသူများကို အရေးယူနိုင်ရေးတို့အတွက်လည်း နှစ်နိုင်ငံတာဝန် ရှိသူများက ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံနယ်စပ်ရှိ ရိုဟင်ဂျာအချို့မှာ အင်ဒိုနီးရှားနိုင်ငံတွင်းသို့ လှေများဖြင့် တရားမဝင် ဝင်ရောက်သူများနှင့် အင်ဒိုနီးရှားရေပိုက်နက်အတွင်း တရားမဝင် ငါးဝင်ရောက်ဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသားများအား အင်ဒိုနီးရှားအစိုးရမှ ဖမ်းဆီး၍ ဘီလာဝမ်ဆိပ်ကမ်းရှိ လူဝင်မှု ကြီးကြပ်ရေး အကျဉ်းထောင်ထောင်အတွင်း အတူတကွ ထိန်းသိမ်းထားစဉ် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ၌ မြန်မာ ၈ ဦးသေဆုံးမှုနှင့်ပတ်သက်၍ မှန်မှန်ကန်ကန် တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရေး၊(ဓား သို့မဟုတ် သေကြေစေသော ကိရိယာများ Detention Centre အတွင်း ရောက်ရှိနေရခြင်း အကြောင်းရင်း၊ Detention Centre ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ကြပ် ထိန်းသိမ်းမှု အခြေအနေ)၊ စုံစမ်း ဖော်ထုတ်ချက်အရ အပြစ်ရှိသူများ၊ ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အပြစ်ပေး အရေးယူရေး အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးကို အလေးထား ဆောင်ရွက်ဖြေရှင်းပေးရန် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးက အင်ဒိုနီးရှားအစိုးရထံတောင်းဆိုခဲ့ကြောင် သိရသည်။

                YC


                

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive