Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းနှင့် ဆောင်းပါးမှ ကောက်နှုတ်ချက်များနှင့် သတင်းတိုများ

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 “အရေအတွက်ဘယ်လောက်ရမယ်ဆိုတာ မသိရသေးပါဘူး။ အစည်းအဝေးမှာတုန်းကတော့ လူဦးရေ အချိုးအစားအလိုက် ပေးမယ်ပြောပါတယ်။ ရလာမယ့်ခွဲတမ်းရဲ့ သုံးပုံတစ်ပုံကို ဝန်ထမ်းတွေနဲ့ ကျန်နှစ်ပုံကို ပြည်သူလူထုကိုရောင်းချပေးဖို့ နေပြည်တော်အစည်းအဝေးတုန်းကတော့ သမ္မတကြီးက ညွှန်ကြားထားတာ ရှိပါတယ်။ လက်ရှိတော့ ကျွန်တော်တို့မြို့နယ် အလိုက် လူဦးရေစာရင်းကောက်နေပါတယ်။ ရောင်းချရေး အစီအစဉ်ကတော့ အတိအကျမသိသေးပါဘူး”

ဧပြီလ ၁၂ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၆) တွင်ပါရှိသော “တန်ဖိုးနည်းဖုန်း ရောင်းချရေး ဒေသဆိုင်ရာ အစိုးရအဖွဲ့များ အစီအစဉ်အတိအကျမသိ” သတင်းမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်မတို့ (KOICA) ကအရင်ကတည်းက မြန်မာနဲ့နိုင်ငံအတွက် စီမံကိန်းတွေအများကြီး လုပ်ဖူးပါတယ်။ ဒီစီမံကိန်းကတော့ ၂၀၁၃ ခုနှစ် အတွက် ပထမဦးဆုံးပါ။ ပထမဦးဆုံးစီမံကိန်းကို အခုအချိန်ကနေ စတင်လုပ် ကိုင်သွားမှာဖြစ်ပြီး စီမံကိန်း ကာလကတော့ တစ်နှစ်ကျော်ကြာမြင့်မှာပါ။ ဒီစီမံကိန်းကတော့ မြန်မာနိုင်ငံက အဝေးပြေးလမ်းမကြီးတွေအတွက် Master Plan ကို ကိုးရီးယားပညာရှင်တွေနဲ့ မြန်မာပြည်က ပညာရှင်တွေ ပူးပေါင်းရေးဆွဲသွားမှာပါ။ နောက်ပြီး မုံရွာ၊ ပုလဲ နဲ့ဂန့်ဂေါ ဘက်ကိုတော့ ဆက်ပြီးတိုးချဲ့နိုင်မလားဆိုတာကို လေ့လာမှုတွေလုပ်ဖို့ရှိတယ်”

ဧပြီလ ၁၂ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၆) တွင်ပါရှိသော “အဝေးပြေးလမ်းကြီး များစီမံကိန်းအား ကိုရီးယားက ရေးဆွဲမည်” သတင်းမှ KOICA မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ မခင်သက်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခုထုတ်ချေးမယ့်ချေးငွေတွေက တောင်သူတွေအတွက် တစ်ဝက်က အကြွေးပြန်ဆပ်ဖို့ဖြစ်မယ်။ ဒီတော့ မှတ်ပုံမတင်ရ သေးလည်း  ချေးငွေရရှိအောင် လုပ်ဖို့လိုတယ်။ စိုက်ပျိုးရေးချေးငွေ ထုတ်ပေးတဲ့ ဘဏ်တွေနဲ့ လည်း ဟိုဘဏ်ကထုတ်ချေး ပေးမယ်၊ ဒီဘဏ်ကထုတ်ချေးပေးမယ်လို့ သဘောမထားနဲ့။ လယ်ယာကဏ္ဍကို ရင်းနှီးမြှုပ်နှံတယ်လို့ သဘောထားရမယ်။ ဒီငွေကြေးတွေဟာ ပြည်သူ့ဘဏ္ဍာဖြစ်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေအကျိုးအတွက်ပဲ ပြန်အသုံးပြုပေးသွားမှာပါ”

ဧပြီလ ၁၁ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “လယ်ယာမြေမှတ်ပုံတင် မပြီးပေမယ့် မေလမှာ ငွေချေးမယ် ဟိုဘက်ဒီဘက် သဘောမထားနဲ့ ရင်းနှီးမြှုပ်နှံတာ” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်ဘက်ကသူ့ကိုပေးထားချက်ကို ပြန်ပြီးသုံးသပ်သင့်တယ်။ လူ့အခွင့်အရေးကော်မရှင်အဖြစ် လက်ခံ သင့် မသင့်၊ ဘာကြောင့်လဲဆိုရင် နှစ်ဖက်အမြင်ကိုမပြောဘဲ တစ်ဖက်အမြင်ပဲ လုပ်တဲ့အတွက် သူ့ကို ကျွန်တော်တို့တိုင်းပြည်ထဲ နောက်ထပ်လာပြီးတော့ လူ့အခွင့်အရေးစုံစမ်းမှု ပြုတဲ့အခါတွေမှာ သံတမန်အရရော အပ်စပ်ရဲ့လားဆိုတာ မေးခွန်းထုတ်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ သူ့ကို အခုအချိန်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးအဖြစ် ခွင့်မပြုသင့် တော့ဘူး”

ဧပြီလ ၁၆ ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၃) တွင်ပါရှိသော “မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ခွင့်မပြုသင့်တော့ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်ပြော” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သမ္မတ Tony Tan ကတိပေးခဲ့တဲ့အတိုင်း မြန်မာလုပ်သားတွေ၊ ဝန်ထမ်းတွေကို ကျွမ်းကျင်အဆင့်ရောက် အောင် ပြုစုပျိုးထောင်ပေးဖို့ရန်ကုန်မှာ အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းတည်ထောင် သွားမှာပါ”

ဧပြီလ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “စင်ကာပူက လူ့စွမ်းအားရင်းမြစ် အရည်အသွေး တိုးတက်ရေး ကူညီမည်” သတင်းမှ စင်ကာပူ ဖွံ့ဖြိုးရေးဝန်ကြီး Khaw Boon Wan ၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။


 သတင်းတိုများ

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြရန် သက်ဆိုင်ရာအစိုးရမှ ခွင့်ပြု

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်နိုင်ငံ (CNPC)ကုမ္ပဏီမှတည်ဆောက်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း ရပ်ဆိုင်းရေး၊ ဆုံးရှုံးလယ်ယာမြေများ လျော်ကြေးငွေအပြည့်အဝရရှိရေးနှင့် ကျေးရွာများအား လျှပ်စစ်မီးအပြည့်အဝ ပေးရေးတို့အတွက် အဆိုပါဒေသရှိ ဒေသခံများက ဆန္ဒပြရန်လျှောက်ထားမှုအား သက်ဆိုင်ရာပြည်နယ်အစိုးရမှ ခွင့်ပြုပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။

 

၄၈ လမ်း၊ ဗလီမီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာထုတ်ပြန်

ဗိုလ်တစ်ထောင်မြို့နယ်၊ (၄၈)လမ်း ဗလီမီးလောင်ရာတွင် လူ ၁၃ ဦးသေဆုံးခဲ့ရသည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရာတွင် ဗလီဆရာနှစ်ဦး၏ ပေါ့လျော့အားနည်းမှုများကြောင့် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါမီးလောင်မှု၏ အဓိကတရားခံများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

၄၈ လမ်းဗလီမီးလောင်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဧပြီလ ၂ ရက်နေ့တွင် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့သော သတင်းမီဒီယာတွေ့ဆုံရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ရှမ်းပြည်နယ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစိုးရအကာအကွယ်ပေးနေပာု PWO စွပ်စွဲ

လက်ရှိအချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ မြန်မာအစိုးရမှ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုများအပေါ် အရေးယူ ဆောင်ရွက်ခြင်းမရှိသည့်အပြင် အကာအကွယ်ပေးမှုများပါ ပြုလုပ်လျက်ရှိသည့်အတွက် အဆိုပါဒေသ၌ ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများ ပိုမိုများပြားလာလျက်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် PWO မှ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ပန်းဆေးဒေသရှိ ဘိန်းချက်စခန်း ၃ ခုကို တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အစိုးရအဖွဲ့နှင့် ပန်းဆေးပြည်သူ့ စစ်များက ပူးပေါင်း၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး ဧပြီလ ၉ ရက်နေ့ထိတိုင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

 

ယခုနှစ်သင်္ကြန် အမျိုးသမီးများဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ကြောညာချက် ထုတ်ပြန်

၂၀၁၃ မြန်မာ့သင်္ကြန်ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော ဝတ်စားဆင်ယင်မှုများ၊ မဖွယ်မရာ ပြုမှုများကိုတွေ့ရှိပါက ဒဏ်ငွေ ၂၀၀ ကျပ်ဖြစ်စေ၊ ထောင်ဒဏ်သုံးလဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ပြစ်မှုပုဒ်မ ၂၉၀/၂၉၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယခင် သင်္ကြန်ပွဲတော်ကာလများအတွင်း အမျိုးသမီးများ၏ အဆင်မခြင်ဝတ်ဆင်မှုများ၊ မဖွယ်မရာပြုမူသည့် ပုံနှင့် စာများမှာ အင်တာနက်နှင့် ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ပျံ့နှံ့ခဲ့သည့်အတွက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်၍ တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွက် ဘတ်ဂျက်လိုငွေပြ

မတ်လနောက်ဆုံးပတ်၌ ကျင်းပခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အသုံးစရိတ်အတွက် လျာထားချက်တွင် ကျပ်ငွေ ၄၈ ဘီလီယံ(ကျပ်သန်းပေါင်း ၄၈,၁၇၅.၈ သန်း) လိုငွေပြလျက်ရှိကြောင်း တင်ပြခဲ့သည်။

လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းတံတားများ တိုးချဲ့ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လျာထားသည့် ယခုကဲ့သို့ လိုငွေပြရခြင်းဖြစ်ကြောင်း ဝန်ကြီးတစ်ဦးက ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေ
  2. မြန်မာ့သတင်းအဖွဲ့(BNI)မှ ဦးဆောင်၍ တိုင်းရင်းသားမီဒီယာညီလာခံတစ်ခု ကျင်းပမည်
  3. ပါတီအချို့ပြည်ပအလှူငွေ လက်ခံမှု ကော်မရှင် သတိပေး
  4. သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများ ရပ်တန့်ထားရန် ရှမ်းပတ်ဝန်းကျင်အဖွဲ့တောင်းဆို

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေ

မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းစီမံကိန်း တည်ဆောက်မှုများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိသည့်အပြင် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်းရှိကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးအတွက် နမ္မတူမြို့နယ် (၈) ရပ်ကွက်အတွင်း နေထိုင်သူများအား ရပ်ကွက်လူကြီးနှင့် အပေါင်းအဖော်များက ပိုက်လိုင်းဆောက်လုပ်ရေးပစ္စည်းများ သယ်ရန် အဓမ္မစေခိုင်းမှုများပြုလုပ်ခဲ့သည့်အပြင် အမျိုးသားများက ပိုက်လိုင်းအတွက် မြောင်းများတူးဖော်ရပြီး အမျိုးသမီး များက ဆောက်လုပ်ရေးအတွက် အခြားလိုအပ်သည့် အုတ်ခဲနှင့် အခြားကိရိယာများကို သယ်ဆောင်ရကြောင်း သိရသည်။

ထို့ပြင် အဆိုပါ စီမံကိန်းတည်ဆောက်ရန် တအောင်း(ပလောင်)ဒေသခံများ၏ သိမ်းဆည်းခံလယ်ယာ မြေလျော်ကြေး များ ပေးအပ်ရာတွင် လုံလောက်မျှတမှုမရှိခြင်း၊ သောက်သုံးရေးရှားပါးမှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကြောင့် ဒေသခံကလေးသူငယ်များနှင့် အမျိုးသမီးမှာ အခက်အခဲ အကြပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ နေရ လျက်ရှိကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတည်ဆောက်နေစဉ်အတွင်း ပေါက်ကွဲမှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်နိုင်ငံ (CNPC)ကုမ္ပဏီမှတည်ဆောက်လျက်ရှိသော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ရပ်ဆိုင်းရေး၊ ဆုံးရှုံးလယ်ယာမြေများ လျော်ကြေးငွေအပြည့်အဝရရှိရေးနှင့် ကျေးရွာများအား လျှပ်စစ်မီးအပြည့်အဝပေးရေးတို့အတွက် အဆိုပါဒေသရှိ ဒေသခံများက ဆန္ဒပြရန်လျှောက်ထားမှုအား သက်ဆိုင်ရာပြည်နယ် အစိုးရမှ ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရွှေသဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းများမှတစ်ဆင့် မြန်မာနိုင်ငံမှထွက်ရှိသည့် ရေနံနှင့်ဓာတ်ငွေ့များကို ရခိုင် ပြည်နယ်မှစတင်၍ မြန်မာနိုင်ငံအလယ်ပိုင်းမှဖြတ်ကာ ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ဇူလိုင်လတွင် စတင်ပေးပို့တော့မည်ဖြစ်ကြောင်းသိရသည်။

YC


မြန်မာ့သတင်းအဖွဲ့(BNI)မှ ဦးဆောင်၍ တိုင်းရင်းသားမီဒီယာညီလာခံတစ်ခု ကျင်းပမည်

မြန်မာ့သတင်းအဖွဲ့(BNI)မှဦးဆောင်၍ တိုင်းရင်းသားမီဒီယာညီလာခံတစ်ခုကို ဧပြီလ ၂၅ ရက်နေ့မှစတင်၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စထရင်းပာိုတယ်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါညီလာခံသို့ BNI အဖွဲ့မှ ကိုယ်စားလှယ်များ၊ မွန်ပြည်နယ်အခြေစိုက် မီဒီယာကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားမီဒီယာကိုယ်စားလှယ်များ၊ နိုင်ငံတကာ မီဒီယာကျွမ်းကျင်သူများ၊ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်အမတ်များ၊ အစိုးရပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် ပြည်ထောင်စုဝန်ကြီးအချို့အား တက်ရောက်ရန် ဖိတ်ကြားထား ကြောင်း သိရသည်။

တိုင်းရင်းသားမီဒီယာများညီလာခံတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာစံချိန်၊ စံညွန်းနှင့်ပြည့်စုံ၍ ဒီမိုကရေစီ နည်းနှင့်အညီ ရေးဆွဲထားသည့် မီဒီယာဥပဒေတစ်ရပ် ပေါ်ထွန်းလာနိုင်ရေး၊ တိုင်းရင်းသားဒေသများတွင် ဘက်စုံ မာလ်တီမီဒီယာများ ပေါ်ထွန်းလာရေးနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းရင်းသားမီဒီယာတို့၏ အခန်းကဏ္ဍ တိုးတက်မြင့်မားလာရေး တို့ကို အဓိကဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ပြည်တွင်း၊ ပြည်ပအခြေစိုက် မီဒီယာသတင်းဌာန(၁၁)ခုရှိပြီး ယင်းတို့မှာ KNG၊ ကုလားတန်၊ ကန္တရဝတီ၊ ရွှေဟင်္သာ၊ ကေအိုင်စီ၊ ခိုနုမ်းထုန်၊ နိရဉ္စရာ၊ မဇ္ဈိမ၊ အဲန်အမ်ဂျီ၊ သျှမ်းသံတော်ဆင့် စသည်တို့ဖြစ်ကြောင်း သိရသည်။

YC


ပါတီအချို့ပြည်ပအလှူငွေ လက်ခံမှု ကော်မရှင် သတိပေး

တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီအချို့သည် ပြည်ပအလှူငွေများ လက်ခံနေခြင်းမှာ ရွေးကောက်ပွဲ ဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တို့ကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် အနေဖြင့် အရေးယူနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အကူအညီအထောက်အပံ့များယူနေသော နိုင်ငံရေးပါတီအချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၇ (ဂ) နိုင်ငံရေးပါတီများဆိုင်ရာအခန်းနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၇ (ဃ) နှင့် ၁၅ (က) တို့ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၎င်းက ဧပြီလ ၈ ရက်နေ့ က ပြုလုပ်သော ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်လာသော နိုင်ငံရေးပါတီတစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက NLD ပါတီ လုပ်ကိုင်နေသော ကျန်းမာရေးကွန်ရက်ကို တရုတ်ပြည်သူသမ္မတနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက ငွေ လှူဒါန်းခြင်းနှင့် ပတ်သက်၍ မေးမြန်းသောကြောင့် အဆိုပါရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောကြားခဲ့သည်။

အခြေခံဥပဒေပုဒ်မ ၄၀၇ (ဂ) နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ (ဃ) နှင့် ၁၅ (က) တို့တွင် နိုင်ငံ ရေးပါတီများသည် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ အစိုးရ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အခြားအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်းအခြားအထောက်အပံ့များ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်းပြုပါက နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဖော်ပြပါရှိ ထားကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ အခန်း(၄) ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေး၊ ပစ္စည်းများထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း ခေါင်းစဉ်အောက်ရှိ ပုဒ်မ (၂၃) တွင် ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန်လိုအပ်လျှင် ကော်မရှင်က (သို့မဟုတ်) ကော်မရှင်၏ တာဝန်ပေးချက်ဖြင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့က စစ်ဆေးနိုင်သည်။ ယင်းသို့ စစ်ဆေးရာတွင် ကော်မရှင် (သို့မဟုတ်) ကော်မရှင် အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူညီရယူနိုင်သည် ဟုပြဋ္ဌာန်း ပါရှိသည်။

YC


သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများ ရပ်တန့်ထားရန် ရှမ်းပတ်ဝန်းကျင်အဖွဲ့တောင်းဆို

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းနေစဉ်အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း အားလုံးကို ခတ္တရပ်ဆိုင်းထားရန် ရှမ်းသဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးအဖွဲ့က တိုက်တွန်းလိုက်ကြောင်း သိရှိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း (၆) ခုအား JV/BOT စနစ်ဖြင့် အကောင်အထည်ဖော်ရန် ရည်ရွယ် ထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရေအားလျှပ်စစ် စီမံကိန်း ခြောက်ခုအနက် ကွမ်းလုံ၊ နောင်ဖ၊ မန်တောင်နှင့် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းတို့မှာ ရှမ်းပြည်နယ်တွင် တည်ရှိကြောင်းသိရသည်။

၎င်းတို့အနက် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် တည်ရှိသော နောင်ဖနှင့် မန်တောင်စီမံကိန်းအား တရုတ်နိုင်ငံ Hydro China ကုမ္ပဏီနှင့် တိုင်းရင်းသားကုမ္ပဏီဖြစ်သော International Group of Entrepre- neurs တို့မှ အကောင်အထည်ဖော်ဆောင်ရွက်ရန် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် MOU ရေးထိုးခဲ့ပြီး အဆိုပါစီမံကိန်းမှ စုစုပေါင်းလျှပ်စစ်ဓါတ်အား မဂ္ဂဝပ် ၁,၂၀၀ ထွက်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနထံ စီမံကိန်းဆိုင်ရာ အကြိုလေ့လာမှုစာတမ်းအား တင်ပြထားကြောင်း သိရသည်။

သို့ရာတွင် စီမံကိန်းဧရိယာဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နယ်မြေအချို့မှာ ၁၉၈၉ ခုနှစ် အပစ်အခတ် ရပ်စဲရေးသဘောတူညီမှုအရသော် လည်းကောင်း၊ ယခု ၂၀၁၂ခုနှစ် တွင် အသစ်တစ်ဖန် ချုပ်ဆိုထားသော ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအရသော်လည်းကောင်း အစိုးရမှ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအား နေရာပေးခဲ့ပြီး ဖြစ်ကြောင်း ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သဘာဝ သယံဇာတ ထုတ်ယူရောင်းချခြင်းသည် ရှမ်းပြည်နယ်တွင် ပဋိပက္ခဖြစ်စေသော အဓိကအကြောင်းရင်း တစ်ခုဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်းမပြုဘဲ သံလွင်မြစ်၏ ရေအရင်းအမြစ် ကိုရောင်းစား နေခြင်းသည် ပဋိပက္ခဖြစ်ပွားစေနိုင်ကြောင်း ရှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောကြား ခဲ့ကြောင်း သိရသည်။

 စီမံကိန်းဧရိယာဖြစ်သော သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ရှမ်းပြည်နယ်တပ်မတော်မြောက်ပိုင်းမှ တပ်စွဲ ထားရာ အစိုးရမှ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် နယ်မြေရှင်းလင်းမှုများ ပြုလုပ်ရာတွင် နှစ်ဖက် ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ယင်းပဋိပက္ခများကြောင့် လူဦးရေ သုံးသောင်းခန့်မှာ ဒုက္ခသည် အဖြစ် နေထိုင်နေရကြောင်း သိရှိရသည်။

YC


Yagon Chronicle သတင်းဌာန၏ နေ့စဉ်နှင့် အပတ်စဉ်ထုတ်လွှင့်နေမှုများအား တစ်ပတ်ရပ်နားမည်

၂၀၁၃ မပာာသင်္ကြန်ကာလအတွင်း Yangon Chronicle သတင်းဌာန၏ နေ့စဉ်နှင့် အပတ်စဉ်သတင်း ထုတ်လွှင့်နေမှုများအား ဧပြီလ ၁၂ ရက်နေ့မှစတင်၍ ဧပြီလ ၁၇ ရက်နေ့ထိ ရပ်နားထားမည်ဖြစ်ကြောင်း Yangon Chronicle သတင်းဌာန၏ စာဖတ်ပရိသတ်များအား လေးစားစွာအသိပေး အကြောင်းကြားအပ်ပါသည်။


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive