Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မြန်မာ့ တိုက်ပွဲခေါ်သံ

(20 April 2013 ရက်စွဲပါ Cyprus Mail မှ Gwynne Dyer ရေးသားသောThe Battle for Burma သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ အကျဉ်းသားများလွှတ်ပေးခြင်းကို အမေရိကန်ကြိုဆို

(m.apa.az မှ 24 April 2013 ရက်စွဲပါ U.S welcomes Myanmar’s release of prisoners သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ယင်းလတ်သည် ဦးသိန်းစိန်နှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံမည်

(24 April 2013 ရက်စွဲပါ The Nation မှ Juarawee Kittisilpa ရေးသားသော Yingluck to meet Thein Sein Thursday ကို ဘာသာပြန်ဆိုသည်)


မြန်မာ့ တိုက်ပွဲခေါ်သံ

(20 April 2013 ရက်စွဲပါ Cyprus Mail မှ Gwynne Dyer ရေးသားသောThe Battle for Burma သတင်းကို ဘာသာပြန်ဆိုသည်)

photo credit by online

ပြီးခဲ့သောလက မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှ မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက် လုပ်ရပ်များသည် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အထိ ကူးစက်ပြန့်နှံ့ခဲ့သည်။

ပြီးခဲ့သောလကပင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နေ့၌ ဗိုလ်ချုပ်များကြားတွင်ထိုင်လျှက် စစ်ရေးပြ အခမ်းအနားကို ကြည့်ရှုအားပေးခဲ့သည်။ သူမသည် လူအများကြားတွင် သူတော်စင်တစ်ယောက်ကဲ့သို့ ဖြစ်သော်လည်း အနည်းဆုံး လူ ၄၀ သေဆုံးကာ လူပေါင်း ၁၂၀၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော မိတ္ထီလာကိစ္စကိုမူ တစုံတရာ ပြောကြားခြင်း မရှိပေ။

မနှစ်ကတုန်းကလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပိုမိုဆိုးရွားသော ရိုဟင်ဂျာမူဆလင် ဆန့်ကျင်ရေး အကြမ်း ဖက်မှုများကို သူမအနေဖြင့် ကန့်ကွက်ရှုတ်ချမှုမပြုခဲ့ပေ။

သို့သော် ယင်းအုပ်စုသည် စစ်တပ်ကပုံဖော်သကဲ့သို့ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင်ခိုးဝင်လာသူများဟူ၍ မူဆင်ခြေ ပါးပါးလေး သူမထားခဲ့သည်။ စစ်တပ်အနေဖြင့် သူတို့၏ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအား ပယ်ဖျက်ခဲ့လျှင်ပင်မူ သူတို့ သည် နိုင်ငံသားဖြစ်ခွင့် ရှိတော့မည်မဟုတ်ပေ။ ရိုဟင်ဂျာများအား နိုင်ငံခြားသားများအဖြစ် စွပ်စွဲမှုသည် စက်ဆုပ်ဖွယ်ရာ လိမ်ညာမှုတစ်ခုသာဖြစ်သည်။ ရခိုင်မှတ်တမ်းတွင် ရိုဟင်ဂျာများအား ပထမဆုံး စတင်ဖော်ပြခဲ့သည်မှာ ၁၇၉၉ ခုနှစ်က ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ ထိုကိစ္စကို ဘာမှမပြောခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်က“ကျွန်မတို့မှာ နိုင်ငံသားဖြစ်မှု ဥပဒေကဘာ၊ ဘယ်သူတွေကို နိုင်ငံသားဖြစ်ခွင့် ပေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိပြီးသားဖြစ်ပါတယ်”ဟုသာ ရေရွတ်ပြောဆိုခဲ့သည်။

သို့သော်လည်း မိတ္ထီလာ အဖြစ်အပျက်မှာမူ ခြားနားပေသည်။ မိတ္ထီလာမြို့၏ လူဦးရေသုံးချိုးတစ်ချိုးရှိသော မူဆလင်များသည် ရိုဟင်ဂျာများ မဟုတ်ပေ။ သူတို့သည် မြန်မာနိုင်ငံသား ဆိုသည်ကိုလည်း အငြင်းပွားစရာ မရှိပေ။ မိတ္ထီလာတွင် အခြေစိုက်ထားသော အင်အားကြီးစစ်တပ်လည်း ရှိနေသည်။ သို့သော် နှစ်ရက်တာအကြမ်းဖက်မှု ဖြစ်စဉ် အတွင်း စစ်တပ်မှာမူဆလင်များအား အကာအကွယ်ပေးကူညီခဲ့ခြင်းမျိုးမရှိခဲ့ပေ။ တစ်ခါထပ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ဖြစ်ခဲ့သည်များအပေါ် ကန့်ကွက်မှု မပြုခဲ့ပေ။ ဤနေရာတွင် မည်သို့ဆက်ဖြစ်ကြဦးမည်နည်း။

မြန်မာနိုင်ငံသည် ရှည်လျားသောကစားပွဲတစ်ခုကို ဆက်လက်ကစားနေရဦးမည် ဖြစ်သည်။ ၂၀၁၅ တွင် ကျင်းပမည့် ပြည်ထောင်စု ရွေးကောက်ပွဲအထိ မည်သို့အဖြေထွက်လာမည်ကိုလည်း ကျွန်ုပ်တို့ မသိနိုင်ပေ။ ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံဒီမိုကရေစီ အပြောင်းအလဲကိုဖော်ဆောင်နေသည့် ဗိုလ်ချုပ်သိန်းစိန်တဖြစ်လဲ သမ္မတ ဦးသိန်းစိန်သည်မြန်မာနိုင်ငံအား နှစ်ပေါင်း ၅၀ ကြာ စစ်အုပ်ချုပ်ရေးမှ အရပ်သားအစိုးရအုပ်ချုပ်မှုသို့ ပြန်ရောက်စေလိုသော ဆန္ဒရှိသော်ငြားလည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် စစ်တပ်၏အခန်းကဏ္ဍကို အဓိကနေရာတွင် ထိန်းသိမ်းထားလို သော ရည်ရွယ်ရင်း ရှိသည်။

ဦးသိန်းစိန်၏ စစ်တပ်အာဏာကို ရုတ်သိမ်းလိုသော အဓိကရည်ရွယ်ချက်မှာ တိုင်းပြည်၏ အပယ်ခံအခြေအနေကို အဆုံးသတ်လိုခြင်း ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်များ၏ လာဘ်စားမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့၏ အကျိုးရလဒ်အနေဖြင့် တိုင်းပြည် သည် ဒေသတွင်းအဆင်းရဲဆုံး တိုင်းပြည်အဖြစ် ကာလကြာရှည်နေခဲ့ရပြီးဖြစ်သည်။ သို့သော်သူ့အနေဖြင့် စစ်တပ်၏လွှမ်းမိုး ချုပ်ကိုင်မှု အနေအထားကို မည်သည့်အတွက်ကြောင့် မြင့်မားနေစေချင်သည်မှာမူ အကြောင်းပြချက်အချို့ ရှိမည် ဖြစ်သည်။

အကြောင်းပြချက် တစ်ခုမှာ သူ၏ ယခင်လုပ်ဖော်ကိုင်ဖက် စစ်ဗိုလ်ချုပ်များ၏ အတိတ်ကကျူးလွန်ခဲ့သော အပြစ်များအတွက် တရားစွဲခံရခြင်းမှ အကာအကွယ်မပေးနိုင်ခဲ့သော် ၎င်းတို့ကသူ့အား ဖြုတ်ချပစ်မည်ကို စိုးရိမ်ခြင်းဖြစ် သည်။ အခြားတစ်ခုမှာ စစ်တပ်ကို ဗမာအမျိုးသားစည်းလုံးညီညွတ်ရေး ထိန်းသိမ်းရေးဆိုသည့် အတွေးအခေါ် ရိုက်သွင်း ထားခြင်းဖြစ် သည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆၀ ရှိသည့်အနက် သုံးပုံနှစ်ပုံမှာ ဗမာလူမျိုးများသာဖြစ်ကာ အများစုမှာဧရာဝတီ မြစ်ကြောတစ်လျှောက်နေထိုင်ကြသည်။ နယ်စပ်လိုင်းတစ်လျှောက် နေထိုင်ကြသူများမှာမူ ရှမ်း၊ကချင်၊ ကရင်၊ မွန် တို့ကဲ့သို့ လူနည်းစုတိုင်းရင်းသားအုပ်စုကြီးများ ဖြစ်ကြသည်။ ၎င်းတို့မှ အများစုသည် အတိတ်ကစစ်အာဏာရှင် အုပ်ချုပ်ရေး၏ ဗဟို ချုပ်ကိုင်မှု မူဝါဒအား ဆန့်ကျင်တိုက်ခိုက်ကြသူများဖြစ်ကြသည်။ တင်းကျပ်သော အရပ်သား အစိုးရတရပ်သည် တိုင်းပြည်ကို တစုတစည်းတည်းဖြစ်အောင် ထိန်းသိမ်းထားနိုင်မည်ဟု စစ်တပ်က မယုံကြည်ပေ။ ထို့ကြောင့် သူတို့သည် အာဏာကို လုံးလုံးလက်လွှတ်ရန် မရည်ရွယ်ထားပေ။

photo credit by online

သို့သော်လည်း ယခုအခြေအနေအရဆိုလျှင် မနှစ်ကကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် လွှတ်တော်ကိုယ်စားလှယ် ၄၄ နေရာစာ ရှိသည့်အနက် ၄၃ နေရာ အနိုင်ရခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ဘာဖြစ်မည်ဆိုသည်မှာ သေချာနေပြီဖြစ်သည်။ စစ်တပ်မှ ရွေးကောက်ပွဲ ဝင်မည့်သူများကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရိုးရှင်းစွာပင် ဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။

photo credit by online

စစ်တပ်အနေဖြင့် သူတို့ကိုယ်သူတို့ နိုင်ငံရေးအရထင်ထင်ရှားရှားဖြစ်လာစေရန် နည်းလမ်းများရှာဖွေလာပြီး တစ်ခုသော ထင်ရှားသည့်နည်းလမ်းမှာ စစ်တပ်သည် အန္တရာယ်ပေးနိုင်သော လူနည်းစုတိုင်းရင်းသားများအား ဆန့်ကျင် တိုက်ခိုက်၍ မြန်မာတိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲစေရန် ကာကွယ်ပေးသူအနေဖြင့် နေရာယူရန်ဖြစ်သည်။ သို့ ဆိုလျှင် လူဦးရေအများဆုံးဖြစ်သော မြန်မာလူမျိုးများ၏ထောက်ခံမှုဖြင့် အနိုင်ရရှိနိုင်လိမ့်မည်ဟု ပြတ်ပြတ်သားသားပင် ယုံကြည်နေသည်။

အမှန်တကယ် ခွဲထွက်လိုသော တိုင်းရင်းသားလူမျိုးစုများမှာ နယ်စပ်ဒေသများတွင်သာ ရှိကြပြီးလူများစု မြန်မာတို့ ၏ မျက်ကွယ်တွင်နေထိုင်ကြသည်။ သို့သော်လည်းမူဆလင်(၅%)၊ တရုတ်(၂.၅%)နှင့် အိန္ဒိယ/ ဟိန္ဒူ(၁.၅%)တို့မှာမူ မြန်မာ လူမျိုးလူများစုတို့၏ကြားထဲတွင် အနီးကပ်နေထိုင်လျှက် ရှိကြသည်။ ယခုထိမူမူဆလင်များကိုသာ ပစ်မှတ်ထားကြသော် လည်း ပထမဆုံးရခိုင်တွင်ဖြစ်ပွားသော ရိုဟင်ဂျာဆန့်ကျင်ရေး အကြမ်းဖက်မှု လုပ်ရပ်ကတည်းကပင် စစ်တပ်ကို ကြံရာပါ ဖြစ်သည်ဟု သံသယရှိစရာ အကြောင်းရှိပါသည်။

ယခုမူ မြန်မာနိုင်ငံ တနံတလျားတွင် ဖြစ်ပွားခဲ့သော မူဆလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများတွင် စစ်တပ်က ပါဝင်ပတ်သက်နေသည်မှာ သေချာသွားပြီဖြစ်သည်။ စစ်တပ်က အောင်ဆန်းစုကြည်သည် မူဆလင်များအပေါ် ခုခံကာကွယ် ၍ ပြောဆိုလိမ့်မည်၊ ထိုအခါ သူမသည် လူမျိုးကြီးမြန်မာများ၏ သူမအပေါ်တခဲနက် ထောက်ခံမှုကို ဆုံးရှုံးလိမ့်မည်ဟု အတိအကျ မျှော်မှန်းထားသည်။ ဤသည်ကိုသိသော ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုထိ ဆိတ်ဆိတ်သာ နေနေကာ ထိုကိစ္စအားလုံးကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပြီးမှသာ ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု ခန့်မှန်းတွေးတော ရပါသည်။ ဤသည်မှာ အမှားအယွင်းတစ်ခုပင် ဖြစ်တော့သည်။ ကာလရှည်ကြာ အာဏာရှင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီ သို့ အသွင်ကူးပြောင်းရေးသည် လူမျိုးရေး တိုင်းရင်းသားအရေး ရှုပ်ထွေးလှသော တိုင်းပြည်များတွင် အမှန်ပင်သိမ်မွေ့ နက်နဲလွန်းပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား လမ်းပြပေးသကဲ့သို့ ရှိသောနမူနာယူစရာ လတ်တလောဥပမာနှစ်ခု ရှိပါ သည်။

တစ်ခုမှာ ၁၉၉၁ က ကွန်မြူနစ် ယူဂိုစလားဗီးယားနိုင်ငံ၏ အဆုံးသတ်ဖြစ်သည်။ Slobodan Milosevic ဦးဆောင်သော ဆားဘီးယားကွန်မြူနစ် အီလစ်များသည် အခြားသောလူမျိုးများအပေါ် ဆာဘီးယား၏ မကျေနပ်ချက်များ အပေါ် အသုံးချကစားခြင်းအားဖြင့် ၎င်းတို့၏ လက်ရှိအာဏာကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ သည်။ ရလဒ်မှာ ဆယ်စုနှစ်တစ်ခု စာစစ်ပွဲနှင့် ယူဂိုစလားဗီးယားပြည်ထောင်စု နိုင်ငံအဖြစ်မှ နိုင်ငံငယ် ၇ ခုအဖြစ်သို့ ပြိုကွဲ သွားခြင်းပင်ဖြစ်သည်။

အခြားဥပမာတစ်ခုမှာ တောင်အာဖရိကနိုင်ငံ၏    ပိုမိုရှုပ်ထွေးပွေလီသော စိတ်ပျက်ဖွယ် တိုင်းရင်းသားရေးရာ ကိစ္စပင် ဖြစ်သည်။ အုပ်ချုပ်သူ လူဖြူလူနည်းစုသည် အလိုအလျောက်ပင် အာဏာကို လက်လျော့ပေးခဲ့ပြီး နယ်လဆင် မင်ဒဲလား၏ African National Congress သည် နိုင်ငံရေးလက်စားချေမှု မပြုလုပ်ခဲ့ပေ။ ရလဒ်မှာ တောင်အာဖရိက နိုင်ငံသည် ဒီမိုကရေစီ နိုင်ငံဖြစ်သွားပြီး ယခုထိစည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသည်။ နောက်နှစ်နှစ်ဝန်းကျင်တွင် ဒေါ်အောင်ဆန်းစုကြည် သည် သူမ မည်သည့်လမ်းကြောင်းက သွားလိုသည်ဆိုသည်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။


မြန်မာနိုင်ငံမှ အကျဉ်းသားများလွှတ်ပေးခြင်းကို အမေရိကန်ကြိုဆို

(m.apa.az မှ 24 April 2013 ရက်စွဲပါ U.S welcomes Myanmar’s release of prisoners သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်အစိုးရက မြန်မာနိုင်ငံ၏အကျဉ်းသား ၉၀ ကျော်ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့်လွှတ် ပေးခဲ့ခြင်းအား ကြိုဆိုပါသည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အင်္ဂါနေ့ကပြောကြားခဲ့ကြောင်း Xinhua တွင်ဖော်ပြထားသော သတင်းကို ကိုးကား၍ APA  ကသတင်းဖေါ်ပြပါသည်။

“မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား ၅၀ လောက်အပါအဝင် အကျဉ်းသား ၉၃ ယောက်ကျော်ကို ဒီနေ့လွှတ်ပေး တဲ့ ကြေညာချက် ထုတ်ပြန်တာကို ကျွန်တော်တို့ သဘောတူထောက်ခံပါတယ်”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Patrick Ventrell က သတင်းထုတ်ပြန် ရှင်းလင်းပွဲပြုလုပ်ရာတွင် ပြောကြားခဲ့သည်။

“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ကို ကြိုဆိုတယ်။ အားပေးတယ်။ ဒါပေမယ့် ဒီနေ့လွှတ်တဲ့ အယောက် ၅၀ လောက်ကိုလည်း ကျွန်တော်တို့ မှတ်တမ်းတင်ထားပါတယ်”ဟု ၎င်းကသတင်း ထောက်များအား ပြောကြားသည်။

အကျဉ်းသားများ လွှတ်ပေးခြင်းသည် မြန်မာ့နှစ်သစ်ကူးအပြီး တစ်ပတ်အကြာတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြား သား သုံးယောက်နှင့် နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်သည်ဟု အရှေ့တောင်အာရှနိုင်ငံမှ မီဒီယာ တင်ပြချက်များ အရ သိရသည်။

တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့စေရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်တွင် အားလုံးပါဝင်နိုင်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လွတ်မြောက်လာသော အကျဉ်း သားများ၏ ကောင်းမွန်သောမျှဝေခြင်းများ ပြုလုပ်လာနိုင်ရေးတို့ သေသေချာချာဖြစ်ထွန်း ပေါ်ပေါက်လာရန်အတွက် အရွေ့ တစ်ခုကို ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း မြန်မာသမ္မတဦးသိန်းစိန် ထုတ်ပြန်သော အမိန့်က ဆိုသည်။

၂၀၁၂ နိုဝင်ဘာလထဲ၌ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှစ်ခုဖြင့် မြန်မာနိုင်ငံတွင်  နိုင်ငံခြားသား ၃၁ ဦး အပါအဝင် အကျဉ်းသား ၅၁၈ ဦးကို လွှတ်ပေးခဲ့သည်။

၂၀၁၁ မတ် ၃၀ ရက်နေ့ မြန်မာနိုင်ငံ၏ အရပ်သားအစိုးရသစ် တက်ကတည်းက စုစုပေါင်းအကျဉ်းသား ၂၉၆၆၈ ဦး အား လွှတ်ပေးခဲ့ပြီးဖြစ်သည်။

အင်္ဂါနေ့က သတင်းအကျဉ်းတင်ပြမှုတွင် Ventrell က ပြောကြားရာ၌ မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်များအတွက် ဝါရှင်တန်က အမေရိကန်ငွေကြေး ဝန်ဆောင်မှုများတင်ပို့ရေး အခွင့်အာဏာနှင့် မြန်မာနိုင်ငံတွင် အမေရိကန် ရင်းနှိးမြှပ်နှံမှု အသစ်များခွင့်ပြုရေးအပါအဝင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများ ဖြေလျော့ပေးခဲ့သည်ဟု ဆိုပါသည်။

"ဒါပေမယ့် ကျွန်တော်တို့မှာ ပြုပြင်ပြောင်းလဲရေးတွေ တိုးတက်မှုရှိအောင် အားပေးမယ့် အရေးယူမှုအာဏာ ပါဝင်တဲ့ စံသတ်မှတ်ချက်တွေ ပြုထားတဲ့ မူဝါဒရှိပါတယ်"ဟု သူကဖြည့်စွက်ပြောပါသည်။


ယင်းလတ်သည် ဦးသိန်းစိန်နှင့် ကြာသာပတေးနေ့တွင် တွေ့ဆုံမည်

(24 April 2013 ရက်စွဲပါ The Nation မှ Juarawee Kittisilpa ရေးသားသော Yingluck to meet Thein Sein Thursday ကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ်ထရာသည် ကြာသာပတေးနေ့တွင် အာဆီယံထိပ်သီးအစည်းအဝေး၏ အရန်တွေ့ဆုံမှုအဖြစ် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထားဝယ်စီမံကိန်းအစီအစဉ်များ၏ တိုးတက်မှုနောက်ဆုံးအခြေအနေများ ပြောကြားရန် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Sihasak Phuanketkeow က ပြောကြားခဲ့ပါသည်။

ယင်းလတ်သည် နိုင်ငံတကာကွန်ဖရင့်များ ကျင်းပသည့်အခါတိုင်း ဦးသိန်းစိန်နှင့် တွေ့ဆုံရန် ကြိုးစားခဲ့ပြီး အဆိုပါစီမံကိန်းအတွက် နောက်ဆုံးတိုးတက်မှုများကို ဆွေးနွေးလေ့ရှိပါသည်။ ထိုင်းနိုင်ငံသည် အနောက်ဘက် ပင်လယ်ထွက်ပေါက်အဖြစ် ထားဝယ်ဆိပ်ကမ်းကို အလိုရှိနေပါသည်။ မကြာသေးမီက အစိုးရအဖွဲ့သည် အဆိုပါစီမံကိန်းကို ကြီးကြပ်ရန် နည်းပညာကော်မတီတစ်ခု တည်ထောင်ရန် အတည်ပြုခဲ့ပါသည်။

အာဆီယံထိပ်သီးအစည်းအဝေးတွင် ကြာသာပတေးနေ့၌ ခေါင်းဆောင်များသည် အာဆီယံအသိုင်းအဝိုင်း တည်ဆောက်ရေးကို ရည်မှန်း၍ ဒေသတွင်း တည်ငြိမ်လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စရပ်အမျိုးမျိုး ရှေ့ဆက်သွားနိုင်ရေးကို ဆွေးနွေးကြမည်ဖြစ်ပါသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံသားတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ တကယ့်အနေအထားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အာမခံ ချက်ရှိတဲ့ အနေအထားတစ်ခုတောင် မရောက်သေးပါဘူး။ အခု ရရှိထားတာကလည်း အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ။ ဒါတွေ က မနက်ဖြန်၊ သန်ဘက်ခါ ပြန်ပြီးတိုက်ပွဲ ဖြစ်နိုင်တာပဲ။ ကျွန်တော်ကတော့ ထိုက်တန်တယ်၊ မထိုက်တန်တယ်ဆိုတာထက် ဒီဆုဟာ အခုဖြစ်နေတဲ့ အခြေအနေတွေကို ပိုကောင်းအောင်လုပ်ဖို့ တွန်းအားပေးလိုက်တာလို့မြင်တယ်။ ဒါကို သမ္မတကြီးကို လည်း နားလည်စေချင်တယ်”

ဧပြီလ ၂၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၈) တွင်ပါရှိသော “နိုင်ငံတကာ ဝေဖန် မှုများကြား မှ ICG ၏ ငြိမ်းချမ်းရေးဆု သမ္မတဦးသိန်းစိန်ရရှိခဲ့”သတင်းမှ ကချင်လူမျိုး ကိုဂျော်ဂွန်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ပဋိပက္ခဆိုတာ တစ်ဖက်တည်းမဟုတ်ဘူး။ ဘက်ပေါင်းစုံက ကြည့်ရတာ။ ပြည်တွင်းအနေအထားကို အပြင်ကကြည့်တာနဲ့ ပြည်တွင်းကကြည့်တာ မတူပါဘူး။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကာလမှာ အရင်တုန်းက မကျေနပ်ချက်တွေ တောင်းဆိုလာကြတာဟာ အထူးအဆန်းမဟုတ်ပါဘူး။ လွတ်လပ်မှုကြောင်း ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေကိုလည်း ပိတ်ပင် လို့ မရပါဘူး။ ဒီဝေဖန်မှုကနေ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေ၊ နောက် Change of Commands မှာ ပြဿနာ ရှိနေလားဆိုတာတွေကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ထင်တယ်”

ဧပြီလ ၂၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၈) တွင်ပါရှိသော “ရခိုင်ကော်မရှင်၏ အစီရင်ခံစာ သမ္မတရုံးသို့ တင်ပြထားပြီးဖြစ်”သတင်းမှ  ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လာမယ့် လွှတ်တော်မှာ လယ်သမားအတွက်ရော၊ လက်ရှိပြောင်းလာတဲ့စနစ်အရရော ခေတ်မမီတော့တဲ့ ၁၈၉၄ မြေသိမ်း အက်ဥပဒေကို ပြင်ဆင်ဖို့ တင်ပြသွားမှာပါ။ ၁၈၉၄ ကတည်းက ဖြစ်တဲ့အတွက် တော်တော့ကိုလည်း ကြာနေပြီ။ ပြီးတော့ အဲဒီ ဥပဒေပြင်ဆင်ရေးအပြင် သောင်ထွန်းလယ်မြေတွေကို မြေအသိမ်းခံလယ်သမားတွေကို အချိုးကျပြန်လည် ခွဲဝေပေးဖို့ ကိစ္စ ကိုလည်း လာမယ့်လွှတ်တော်မှာ ဆက်လက်ကြိုးစား တင်ပြသွားမှာပါ”

ဧပြီလ ၂၅ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၇) တွင်ပါရှိသော “ခေတ်မမီတော့သည့် ၁၈၉၄ မြေသိမ်းအက်ဥပဒေပြင်ဆင်ရေးအတွက် လာမည့်လွှတ်တော်တွင် တင်ပြနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဋ္ဌ ဥိးအောင်သိန်းလင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံဆိုတာ ပြင်လို့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေအတွက် အကျိုးရှိရမယ်။ ပြင်ရုံမက အသစ်တောင် ဆွဲခဲ့သေးတာပဲ။ ခေတ်အဆက်ဆက် နိုင်ငံရေးလမ်းကြောင်း ရွေးတဲ့အခါမှာလည်း ပြည်သူတွေအတွက် နိုင်ငံအတွက် အကျိုးရှိမှာကိုပဲ ရွေးခဲ့ တာ။ တစ်ပါတီစနစ် သွားတုန်းကလည်း ဖွဲ့စည်းပုံအသစ် ဆွဲခဲ့တာပဲ။ အဲဒါက ၁၉၇၄ မှာနောက်ကျတော့ တစ်ပါတီစနစ်သည် မကောင်းဘူး။ အပြန်အလှန် ထိန်းကျောင်းမှုစနစ်အရ တစ်ဦးတစ်ယောက်တည်းမှာ အာဏာအများကြီး ပေးထားရင် မှား တက်တယ်။ ဒါ့ကြောင့် ပါတီစုံစနစ်လို လက်ခံကျင့်သုံးမယ်ဆိုပြီး ၂၀၀၈ မှာ အသစ် ရေးဆွဲခဲ့တာပဲလေ။ ဒီတော့ ဖွဲ့စည်းပုံက ပြင်ရုံမက အသစ်ပါရေးလို့ရတယ်။ ဒါပေမယ့် ဒီလိုပြင်ခြင်းက နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှီမှာလား၊ နောက်ဘာကြောင့် ပြင်မှာလည်းဆိုတဲ့ အကြောင်းပြချက်ကလည်း အရေးကြီးတယ်။ တစ်ဦးတစ်ယောက်အတွက်လား အဖွဲ့အစည်းတစ်ခု အတွက်လားဆိုတာလည်း စဉ်းစားရမယ်။ ဒီအချက်တွေစုံလင်ပြီဆို ဘာကိုပြင်မှာလဲဆိုတာလည်း စဉ်းစားရမယ်”

ဧပြီလ ၂၅ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၇) တွင်ပါရှိသော “ဖွဲ့စည်းပုံ ဥပဒေ၌ ပြင်မည့်အချက်များ ပြည်သူလူထု အကျိုးကိုသာ ကိုယ်စားပြုရန်လို” သတင်းမှ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံတွင်း ကျနော်တို့ လုပ်ငန်းတွေမှာတော့ ကျနော်တို့အာရုံထားလုပ်ကိုင်တဲ့ ကိစ္စတချို့ရှိပါတယ်။ ပထမတခု ကတော့ ဈေးကွက်ဖွင့်ပြီး စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့၊ နောက် ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို အားပေးကူညီဖို့၊ သိပ်မကြာခင်က ကျနော် မြန်မာပြည်ကိုသွားခဲ့တုန်းကလည်း ကျနော် နဲ့အတူ အမေရိကန်က နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေလိုက်ပါပြီး အဆင့်မြင့်ပညာရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ ရှာဖွေဖို့ ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။"

ဗီအိုအေ သတင်းဌာနတွင်ပါဝင်သော “မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်ကူညီ” သတင်းမှ USAID အကြီးအကဲ ရာဂျစ်ရှား (Rajiv Shah) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive