Transparency Myanmar

transparency.myanmar@gmail.com

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

ယခုတစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ  Yangon Chronicle မှ စုစည်းတင်ပြအပ်ပါသည်။

သတင်းအဖွဲ့

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆောက်အဦးပြိုကျမှုနှင့် ဘာသာရေးဆိုင်ရာပဋိပက္ခများ

Photo Credit by Reuters

ဧပြီလ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သော အဆောက်အဦးပြိုကျမှုတွင် သေဆုံးသူအရေအတွက်သည် ယနေ့တွင် ၇၈၂ ယောက်အထိရှိနေပြီ ဖြစ်သည်။ အဆောက်အဦး ပိုင်ရှင်လည်းဖြစ်၊ အဆောက်အဦးထဲတွင်ရှိသော အထည်ချုပ်ပိုင်ရှင်လည်းဖြစ်သူ မိုဟာမက် ဆိုဟဲလ် ရာနာ (Mohammed Sohel Rana) ၏ ပိုင်ဆိုင်မှုများအား သိမ်းဆည်းထိန်းချုပ် ထားရန် အာဏာပိုင်များက အင်္ဂါနေ့တွင် အထက်တရားရုံးမှ အမိန့်ချခဲ့သည်။ အဆောက် အဦးပြိုကျခြင်းနှင့် ပတ်သက်၍ အဆောက်အဦး အင်ဂျင်နီယာ အပါအ၀င် လူ ၉ ယောက် ထက်မနည်း အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

ထို့အပြင်  ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် ဘာသာရေးကိုစော်ကားပြောဆိုခြင်းဆိုင်ရာ ဥပဒေသစ် တစ်ရပ်တောင်းဆိုမှုဖြင့် များစွာသော အစ္စလာမ်မ္မစ်များနှင့် ရဲများကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ ပြင်းထန်သော ဆန္ဒပြမှုများတွင် ရဲများ၏နှိမ်နှင်းမှုကြောင့် အစ္စလာမ်မ္မစ် ပေါင်း ၂၂ ဦးထက် မနည်းသေဆုံးခဲ့ရကြောင်း သိရှိရသည်။ ယင်းအကြမ်းဖက်မှုများသည် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းမှဖြစ်ပွားခဲ့ကာ တနလာင်္နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

 

မလေးရှားနိုင်ငံ၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲ ရလဒ်

 

Photo Credit by AFP

မေလ ၅ ရက်နေ့ စနေနေ့တွင် ကျင်းပခဲ့သော မလေးရှားရွေးကောက်ပွဲတွင် လက်ရှိ အုပ်ချုပ်နေသည့် ၀န်ကြီးချုပ် ဘက်ဒူလာ ဘာဒါဝီ (Abdullah Badawi) ၏ ညွှန့်ပေါင်း အစိုးရအဖွဲ့ အနိုင်ရရှိခဲ့သည်။ အဓိကယှဉ်ပြိုင်ခဲ့သော အဖွဲ့နှစ်ခုမှာ ညွန့်ပေါင်းအဖွဲ့နှင့် ပိုမိုလွတ်လပ်သော လူမှုပတ်ဝန်းကျင်ကို ဖန်တီးမည်ဟု ကတိပြုထားသည့် အတိုက်အခံအဖွဲ့တစ်ဖွဲ့ တို့ဖြစ်သည်။   မလေးရှား နိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၏ မဲပေးစနစ်များသည် အားနည်းချက်များ များစွာရှိနေပြီး တရားမျှတမှု မရှိဟု လွတ်လပ်သောရွေးကောက်ပွဲစောင့်ကြည့်သည့်အဖွဲ့များက ထုတ်ပြန်ကြေညာခဲ့သည်။ အတိုက်အခံပါတီ ခေါင်းဆောင်ဖြစ်သူ အန်ဝါအီဘရာဟင် ကမူ မဲမသမာမှုများကို ဖော်ထုတ်၍ ရွေးကောက်ပွဲ၏ ဆိုးရွားသော ရလဒ်ကို ဆန့်ကျင်ဆန္ဒပြမှုများလုပ်ဆောင်သွားမည် ဟုပြောကြားခဲ့သည်။ ယင်းကဲ့သို့ ဆန္ဒပြမှုများကို ရဲတပ်ဖွဲ့ က အရေးယူမည်ဟုပြောကြားထားခဲ့သော် လည်း လူပေါင်းလေးသောင်းလောက်ဟာ ကွာလာလမ်ပူမြို့၏ အားကစားရုံတွင် စုဝေးခဲ့ကြကြောင်းသိရသည်။

 

ပါကစ္စတန်ရွေးကောက်ပွဲမကျင်းပမီ ဖြစ်ပေါ်နေသော နိုင်ငံရေးပဋိပက္ခများ

              မေ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါကစ္စတန်ရွေးကောက်ပွဲတွင် အသေခံဗုံးဖောက်ခွဲမှုများ လုပ်ဆောင် သွားမည်ဟု တာလီဘန်များက ခြိမ်းခြောက်နေသည်။ ယခု ရွေးကောက်ပွဲတွင် ယခင်ဝန်ကြီးချုပ်ဟောင်း  နာဝပ်ဇ် ရှာရစ်ဖ် သာအနိုင်ပြန်ရရန် ရှိနေသည်။    တာလီဘန်ခေါင်းဆောင် ဟာကီမူလာဆွတ်သည် တာလီဘန်စစ်သွေးကြွများ အား နိုင်ငံတစ်ဝန်းရွေးကောက်ပွဲကျင်းပမည့်နေရာများတွင်  အသေခံဗုံးဖောက်ခွဲ မှုများပြုလုပ်ရန် ညွှန်ကြားထားသည်ဟု သိရှိရသည်။ ယင်းကဲ့သို့ သတင်းများကြောင့် ပါကစ္စတန်အစိုးရသည် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် လုံခြုံရေး ၆၀၀၀၀၀ ကျော်ချထားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။ တာလီဘန်များသည် ပါကစ္စတန်ပြည်သူ့ပါတီ (PPP) နှင့် ၎င်းတို့၏ အဓိကမိတ်ဖက်များ မဲဆွယ်စဉ် အချိန်အတွင်းတွင်လည်း တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ ယင်းကဲ့သို့ တိုက်ခိုက်မှု များကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ဒဏ်ရာအများအပြားလည်း ရရှိခဲ့ကြပါသည်။ တာလီဘန်များသည်  ပါကစ္စတန် ၏ဒီမိုကရေစီလမ်းလျှောက်လှမ်းခြင်းကို ဆန့်ကျင်သောအနေဖြင့် ရွေးကောက်ပွဲတွင်ပါဝင်သူများအား  ပစ်မှတ်ထား၍တိုက်ခိုက်နေခြင်း ဖြစ်သည်။့

ယင်းကဲ့သို့ ခြိမ်းခြောက်မှုများဖြစ်ပေါ်နေစဉ်အတွင်းမှာပင် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ယူဆွတ်ရာဇာဂီနီ ၏သားဖြစ်သူ အလီ ဟေဒါ ဂီလာနီ အား သေနတ်သမားများက ဝင်ရောက်တိုက်ခိုက်၍ ပြန်ပေးဆွဲခြင်း ဖြစ်ပွားခဲ့သည်။ မူလ်တန်မြို့ထဲတွင် ကျင်းပမည့် လူထုစုဝေးပွဲသို့အသွား လမ်းတွင် တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်ပါသည်။ တိုက်ခိုက်မှုများတွင် မစ္စတာဂီလာနီ၏ လူတစ်ဦးလည်း သေဆုံးခဲ့ရပါသည်။ ယင်းတိုက်ခိုက်မှုအား တာလီဘန်များက ယင်းတို့လုပ်ဆောင်သည်ဟု ပြောကြားခြင်းမရှိသေးပေ။

မြောက်ကိုရီးယားနိုင်ငံတွင် ထိန်းသိမ်းထားခံရသော အမေရိကန်နိုင်ငံသား

              အစိုးရဆန့်ကျင်ရေးပြစ်မှုဖြင့် မြောက်ကိုရီးယားနိုင်ငံတွင် ၆ လကြာထိန်းသိမ်းထားခံရသော ကိုရီးယား-အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သူ ကန်းနက်ဘေး အားအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ပြစ်ဒဏ်ချမှတ် လိုက်ကြောင်းသိရှိရသည်။ မြောက်ကိုရီးယားမီဒီယာသည် ကန်နက်ဘေးသည် အစိုးရဖြုတ်ချရန် ကြိုးပမ်းမှုနှင့် မြောက်ကိုရီးယားနိုင်ငံအား ဆန့်ကျင်သည့် ပြစ်မှုများအားဝန်ခံကြောင်းဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ တတိယမြောက်နျူကလီးယားစမ်းသပ်မှုအပြီး အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား တင်းမာမှု များဖြစ်ပေါ်နေစဉ် ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုကိစ္စရပ်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ ပြစ်ဒဏ်ပေး ထောင်ချမှုအား အမေရိကန်နိုင်ငံမှ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

ဆီးရီးယားနိုင်ငံငြိမ်းချမ်းရေး ပူးတွဲဆောင်ရွက်ရန် အမေရိကန်နှင့် ရုရှား သဘောတူ

ဆီးရီးယားနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက်နိုင်ငံတကာ အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်နိုင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့်ရုရှားသမ္မ ဗလာဒီမာပူတင်တို့ မေလ ၇ ရက်နေ့က သဘောတူ ညီခဲ့ကြသည်။ အမေရိကန်နှင့် ရုရှား နှစ်နိုင်ငံတို့ ပူးပေါင်း၍ ဆီးရီးယားအစိုးရနှင့် အတိုက်အခံအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ကြိုးစားသွားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ရုရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှုများ

မေလ ၅ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်အစိုးရအဖွဲ့အား လူပေါင်း နှစ်သောင်းကျော် ဆန္ဒပြမှုတစ်ခုဖြစ်ပွားခဲ့သည်။ မေလ ၅ ရက်နေ့သည် ရုရှားအစိုးရမှ အတိုက်အခံများအား ဖမ်းဆီးထောင်ချ သည့် တစ်နှစ်ပြည့်သည့်နေ့လည်း ဖြစ်သည်။ ပူတင်အစိုးရလက်ထက်တွင် ဖြစ်ပေါ်နေသည့် အကျင့်ပျက်မှုများ အဆုံးသတ်ရန်၊ နိုင်ငံရေးလွတ်လပ်ခွင့်များရရှိရေးနှင့် ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများအား ပြန်လည်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ယင်း ဆန္ဒပြမှုတွင် မော်စကိုမြို့ရှိ ရဲ ၈၀၀၀ နီးပါး လုံခြုံရေးရယူခဲ့ရပြီး ဆန္ဒပြသူ ၆ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

WTO ၏အကြီးအကဲအဖြစ်ရွေးချယ်ခံရသော ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို

Photo Credit by AFP

WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ လက်ရှိ အကြီးအကဲဖြစ်သူ ပတ်စ်ကယ်လ် လမီ ၏နေရာအား လက်တင် အမေရိကတိုက်သားတစ်ဦးဖြစ်သူ ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို အား တာဝန်ထမ်းဆောင်ရန် ရွေးချယ်လိုက်ပါတယ်။ ပထမဆုံး လက်တင်အမေရိကတိုက်သားအား ရွေးချယ်ခြင်း ဖြစ်ပြီး စက်တင်ဘာလတွင် တာဝန်လွှဲပြောင်းထမ်းဆောင်ရမည် ဖြစ်ပါသည်။ BRIC ဟုခေါ်သော စီးပွားရေး ထွန်းသစ်စနိုင်ငံများ အဖွဲ့ဝင်နိုင်ငံ တစ်ခုမှ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးအား ဦးဆောင်ရန် ပထမဆုံး ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။ လယ်ယာထွက်ကုန်တွေများအတွက်  အထောက်အပံ့ပေးရေးကိစ္စ၊ ထုတ်ကုန်ပစ္စည်းများအပေါ် အခွန်သတ်မှတ်သည့် ကိစ္စနှင့်  ကမ္ဘာ့ဈေးကွက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများဝင်ရောက်နိုင်ရန် အခွင့်အလမ်းများနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ ကြားတွင်  သဘောတူညီမှု ရရှိရန် အခက်အခဲများ၂၀၀၁ ခုနှစ်ထဲက ညှိနှိုင်း၍မရသေးသော ကိစ္စရပ်များဖြစ်သည်။ ယင်းကိစ္စရပ်များသည် WTO ၏ အကြီးအကဲအသစ်အဖြစ်တာဝန်ထမ်းဆောင်ရာတွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများလည်း ဖြစ်ပါသည်။ ၆ လခန့်ကြာမြင့်အောင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အကြီးအကဲသစ်ရွေးချယ်မှုတွင် မစ္စတာ ရိုဘာတို အဇေဗီရဲဒို အားရွေးချယ်ခံရမှုအပေါ်တွင် ဘရာဇီးသမ္မတ Dilma Rousseff ကကြိုဆိုခဲ့ပြီး WTO အဖွဲ့ကြီးအတွက် အောင်မြင်ဖြစ်သည်ဟု ထုတ်ပြောပြောကြားခဲ့ကြောင်း သိရှိရပါသည်


 

 

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN POLITIC
Document WEEK IN POLITIC

Snapshot of the item below:
WEEK IN POLITIC

တစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းဖြစ်စဉ်

သတင်းအဖွဲ့

ယခုတစ်ပတ်အတွင်း ထင်ရှားသော နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲများကို အများပြည်သူတို့ သိစေရန်အလို့ငှာ YC အဖွဲ့သားများမှ စုစည်းတင်ပြလိုက်ရပါသည်။

ပဋိပက္ခ

လက်ရှိ မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသောလူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စဉ်များချုပ်ငြိမ်းစေရေးအတွက် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်များတွင် နောက်ကွယ်မှကြိုးကိုင်ဆောင်ရွက်နေသူများအားနိုင်ငံတော်အစိုးရအနေဖြင့် ထိရောက်စွာအရေးယူပေးရန်နှင့် နိုင်ငံသားဗုဒ္ဓဘာသာဝင်များအပေါ် ဆန့်ကျင်တိုက်ခိုက်ရန် ပြည်ပမှ လှုံဆော်နေမှုများအား လုံးဝလက်မခံကြောင်း မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာရေးအဖွဲ့အစည်းလေးခုမှ မေလ ၆ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့သည်။

Photo Credit by Online

ထို့ပြင် လက်ရှိ မြန်မာနိုင်ငံအတွင်းဗုဒ္ဓဘာသာများနှင့် မွတ်စလင်များအကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များအား အစိုးရမှလုပ်ဆောင်မည့် အချက်အလက်များနှင့်ပတ်သက်၍ မေလ ၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် လက်ရှိဘာသာနှစ်ခုအကြား ဖြစ်ပွားလျက်ရှိသောပဋိပက္ခများကို လွဲမှားစွာပုံဖော်ခြင်းအားဖြင့် ကြုံတွေ့နေရသော ပြဿနာများအားဖြေရှင်းရန် ပိုမိုခက်ခဲသွားစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မတူညီသည့် ကိုးကွယ်ယုံကြည်မှုများကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရရှိရေးအတွက် အခြေခံအနှစ်သာရမှာ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားခြင်းဖြစ်ပြီး ထိုသို့အပြန်အလှန် လေးစားမှု ရှိမှသာ နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့မှ အစဉ်လေးစား ကာကွယ် ပေးသွားနိုင်မည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

 

ငြိမ်းချမ်းရေး

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမေလပိုင်းအတွင်း ပြည်တွင်း၌ပြုလုပ်နိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ထပ်မံကမ်းလှမ်းခဲ့ကြောင်းသိရသည်။ ထိုသို့ ထပ်မံကမ်းလှမ်းလျက်ရှိသော်လည်းလက်ရှိအချိန်တွင် KIA အနေဖြင့် တရုတ်၊ အမေရိကန်၊ ကုလသမဂ္ဂမှကိုယ်စားလှယ်များဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အစိုးရမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း တပ်မတော်နှင့် ကလိုထူးဘောအဖွဲ့(DKBA)တို့မှာ ပာတ်ကြီးရေကာတာစီမံကိန်းအား အကြောင်းပြု၍ သဘောထား တင်းမာလျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သည့် မေလ၂ရက်နေ့တွင်တပ်မတော်မှ ပာတ်ကြီးရေကာတာ စီမံကိန်းဆောင်ရွက်နိုင်ရန် အဆိုပါဒေသအတွင်းရှိ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကလို့ထူးဘောအဖွဲ့ (DKBA)အဖွဲ့များမှ မေလ ၄ ရက်နေ့နောက်ဆုံးထား၍ ပြောင်းရွှေ့ပေးရန် အကြောင်းကြားခဲ့သည့်အပေါ် DKBA မှ လုံးဝလက်မခံနိုင်ကြောင်းနှင့် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုလုပ်လာပါက ပြန်လည်ခုခံတိုက်ခိုက်သွားမည် ဖြစ်ကြောင်းမေလ ၆ ရက်နေ့တွင် ပြန်လည်အကြောင်းကြားခဲ့သည်။

အစိုးရ၏တပ်မတော်မှ ပြီးခဲ့သည့်မေလ ၉ ရက်နေ့တွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA စခန်းချရာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းရှိ အမှတ်(၇၀၁)နယ်မြေများအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ များမှ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။ ထိုသို့တိုက်ပွဲပြင်းထန်မှုများကြောင့် တပ်မတော်ဘက်မှ ၉ ဦးကျဆုံးခဲ့ပြီး ၈ ဦးမှ ဒဏ်ရာပြင်းထန်စွာဖြင့် နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။

ထို့ပြင် တပ်မတော်နှင့် ရှမ်းမြောက်လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ဖြစ်သည့်(SSA)အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားရာတွင် တပ်မတော်မှ ဒေသခံပလောင်လူမျိုးများအပေါ် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အဓမ္မပြုကျင့်ခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်လျက်ရှိကြောင်း ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၊ ပလောင်(တအောင်း) ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO)တို့မှ စစ်တမ်းကောက်ယူ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ထိုသို့ တပ်မတော်၏ ရှမ်းမြောက်ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖောက်နေမှုများအားအရေးယူဆောင်ရွက်ပေးရန် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတရုံးနှင့် အခြားသက်ဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံရေးပါတီကြီးများထံသို့ စာပေးပို့တောင်းဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

ပါတီနိုင်ငံရေး

Photo Credit by Myanmar Daily News

ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပြည်တွင်းရှိ နိုင်ငံရေးပါတီ(၁၈)ခုနှင့် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးအဆိုပါ ဆွေးနွေးပွဲ၌ ပြည်တွင်းပဋိပက္ခဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များအား အဓိကထားဆွေးနွေးခဲ့ကြောင်းသိရသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ အမျိုးသားရေး ရည်မှန်းချက်အနေဖြင့် လွတ်လပ်ပွင့်လင်းပြီးအားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်စဉ်နှင့် တန်းတူယှဉ်ပြိုင်နိုင်ခွင့်ရှိသည့် စီးပွားရေးဖြစ်စဉ်များဖြင့် တည်ဆောက်ထားသည့် မြန်မာနိုင်ငံတော်သစ် တည်ထောင်ရန်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရတပ်ဖွဲ့တည်းလုပ်ဆောင်နေခြင်းမပာုတ်ဘဲ လွှတ်တော် အဆင့်ဆင့်၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး လိုလားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့သည်။

ယခင်အစိုးရလက်ထက်တွင် မတရားအသင်းအဖြစ် ကြေညာခြင်းခံထားရသည့်အတွက် ထိုင်းနိုင်ငံမဲဆောက်၌ နှစ်ပေါင်း ၂၀ ကျော်ကြာရပ်တည်ခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှာလည်းလာမည့်သုံးလအတွင်း ပြည်တွင်းသို့ ပြန်လည်ပြောင်းရွှေ့အခြေစိုက်တော့မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံအတွင်းတရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်သွားမည် ဖြစ်ပြီးပါတီစုစည်းရေးလုပ်ငန်းများ၊ ဒေသဆိုင်ရာစုစည်းရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် ပါတီစည်းရုံးရေး ကော်မတီကို မေလဒုတိယပတ်အတွင်း ရန်ကုန်မြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင်လွှတ်တော်တွင်းဒုတိယအင်အားကြီးပါတီအဖြစ် ရပ်တည်လျက်ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ ပထမဆုံးအကြိမ် ဗပာိုကော်မတီအစည်းအဝေးကိုမေလ ၂၆ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ရွေးကောက်တင်မြှောက်ခြင်းခံရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဗပာိုကော်မတီဝင်များဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 

ဌာနဆိုင်ရာအပြောင်းအရွှေ့

ယခုအပတ်တွင် ထူးခြားမှုအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိပညာရေးဝန်ကြီးဌာန၊ အမှတ်(၁)အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့်ဦးက္ကဒ္ဓိလှကိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံဝန်ထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များအရ ရာထူးမှ ထုတ်ပယ်ခဲ့ပြီးအခြားဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိရှစ်ဦးကိုအငြိမ်းစားပေးလိုက်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်တမ်းကိုမေလ ၃ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ကြေညာခဲ့သည်။

 

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ရာထူးကိုဦးစိုးသိန်းအစားဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်အား တာဝန်ပေးအပ်ခဲ့ပြီး အတွင်းရေးမှူးအဖြစ်အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးသူရဦးသောင်းလွင်တို့အား ပြောင်းတာဝန်ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာကျွမ်းကျင်သူ လုပ်ငန်းရှင်များ ပါဝင်သည့် အဖွဲ့ဝင် ၁၁ ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

 

ဝေဖန်မှုများရှိနေသည့် နိုင်ငံရေးအကျဉ်းသားအရေး

နိုင်ငံတော်သမ္မတရုံးမှ မေလ ၈ ရက်နေ့တွင် လက်ရှိအကျဉ်းထောင်များအတွင်း ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံရေးအကျဉ်းသားများအားလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးနိုင်ရန် အစိုးရဌာနဆိုင်ရာကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုရေးအဖွဲ့အစည်းရှိကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ဝင်(၁၉)ဦးဖြင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေး ကော်မတီကိုတိုးချဲ့ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း အမိန့်ကြေငြာစာအမှတ်(၄၃/၂၀၁၃)ကိုထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကို ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း ဒဏ်ငွေနှစ်သောင်းပေးဆောင်ခြင်း မရှိဘဲထောင်ဒဏ်သုံးလသာကျခံမည်ပာုရွေးချယ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားပောာင်း ဖြစ်သူဗိုလ်ကြီးနေမျိုးဇင်အား ပြည်ထဲရေးဝန်ကြီးဌာနမှယခင်ကြွေးကျန်ထောင်ဒဏ် ၆ နှစ်ပြန်လည်ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် နိုင်ငံရေးအကျဉ်းသားပောာင်းများကအဆိုပါလုပ်ရပ်များမှာ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်ကြောင်းသုံးသပ်ပြောကြားခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive