Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲထပ်မံရွှေ့ဆိုင်း
  2. ရှမ်းမြောက်တိုက်ပွဲများကြောင့် ရှောင်တိမ်းခဲ့သည့် ဒုက္ခသည်များ နေရပ်သို့ပြန်ပြီ
  3. အမေရိကန်မှ မြန်မာနိုင်ငံအတွက်  ၂၀၁၄ဘဏ္ဍာရေးနှစ်၌ ကန်ဒေါ်လာ ၇၅  ဒသမ ၄သန်း သုံးစွဲမည်

အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲထပ်မံရွှေ့ဆိုင်း

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)တို့၏ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယခင် မေလ နောက်ဆုံး ပတ်မှ ဇွန်လ ပထမပတ်သို့ ထပ်မံရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် လာမည့်ဇွန်လ ပထမပတ်တွင်တွေ့ဆုံမည့် အစိုးရနှင့် KIO တို့၏ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်ပ လေ့လာ သူများကို ဖိတ်ကြားတော့မည်မပာုတ်ဘဲ ပြည်တွင်းရှိ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များကိုသာ တက်ရောက်ရန် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နှစ်ဖက်သဘောတူချက် ရရှိခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲမှတစ်ဆင့် အစိုးရနှင့် KIO အကြားအပြုသဘောဆောင်သည့် သဘောတူညီချက်တစ်ခု ရရှိနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမည့်ရက် အတိအကျထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဆွေးနွေးရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဦးဆန်းအောင်က ပြောကြားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIO နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံအား လေ့လာသူအဖြစ် ဖိတ်ကြား၍ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ စစ်ရေးအရှိန်လျှော့ချနိုင်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့၌ ထပ်မံတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက် ဖိအားပေးမှုများကြောင့် အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ကာ နောက်တစ်ရက်ကူးသည်ထိတိုင် ဆွေးနွေးအပြီး နှစ်ဖက်သဘောတူညီမှု ကြေညာချက် ငါးရပ်ကို ထုတ်ပြန်နိုင်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် အစိုးရနှင့် KIO တို့ ဧပြီလ ၆ ရက်နေ့တွင် ပြည်ပလေ့လာသူများအဖြစ် အမေရိကန်၊ ဗြိတိန်၊ ဥရောနိုင်ငံတို့အား ဖိတ်ကြားကာ ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ကန့်ကွက်ခဲ့သည့်အတွက် အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

YC


ရှမ်းမြောက်တိုက်ပွဲများကြောင့် ရှောင်တိမ်းခဲ့သည့် ဒုက္ခသည်များ နေရပ်သို့ပြန်ပြီ

အစိုးရ၏ တပ်မတော်နှင့် ရှမ်းတပ်မတော်(RCSS/SSA) တို့၏ တိုက်ပွဲဖြစ်ပွားမှုများကြောင့် လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့သော ရှမ်းမြောက်စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်သို့ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းအုံက ပြောကြားသည်။

အဆိုပါရောက်ရှိလာသည့် ဒုက္ခသည်များအား အစိုးရမှ ဆေးဝါးစောင့်ရှောက်မှုပေးခြင်း၊ ဆန်များဝေငှပေးခြင်းနှင့် ပျက်စီးနေအိမ်များကိုလည်း ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ရွှေလီမြစ်ကူးတို့ဆိပ်ကိုလည်း ပြန်လည်ဖွင့်လိုက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ၌ မေလ ၁၃ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်၊ နောင်မပာာကျေးရွာအနီးရှိ မြန်မာ့ရေနံနှင့် အလုပ်စခန်းနေရာသို့ အမည်မသိလက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ပစ်ခတ်မှုမှာ RCSS/SSA အဖွဲ့မှဖြစ်ပြီး ယင်းသို့ပစ်ခတ်မှုများကြောင့် အမျိုးသားနှစ်ဦး၊ အမျိုးသားတစ်ဦး ထိမှန်ဒဏ်ရာရခဲ့သည့်အပြင် ဦးမင်းဒင်(၃၈)နှစ်နှင့် ဦးစိုင်းဇာအောင်(၃၂)တို့မှာ သေဆုံးခဲ့ရကြောင်း စွပ်စွဲဖော်ပြမှုများအပေါ် SSA အဖွဲ့က ၎င်းတို့မပာုတ်ကြောင်း ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့်ထိပ်ပိုင်း ခေါင်းဆောင်များက ပြန်လည် ငြင်းဆိုခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်အဖွဲ့နှင့် SSPP/SSA အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစဝ်ခေးတိုင်း ဦးဆောင်သောအဖွဲ့တို့မှ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်၍ အချက် ၄ ချက်ပါ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်တွင် ယခင်ဆွေးနွေးခဲ့ပြီးဖြစ်သည့် ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့်မှ သဘောတူညီချက်များအား နှစ်ဖက်စလုံးမှ အလေးအနက်ထားဆောင်ရွက်ရန်၊ တပ်မတော်နှင့် SSPP/SSA တပ်ဖွဲ့များ တပ်ဖြန့်ခွဲမှု၊ တပ်လှုပ်ရှားမှုများနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာအတူတကွ ညှိနှိုင်းဖြေရှင်းရန်၊ ပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် ဥပဒေမဲ့လုပ်ရပ်များအား ရှောင်ရှားရန်၊ နှစ်ဖက်သံသယဖြစ်ဖွယ်ကိစ္စရပ်များနှင့် ပြဿနာဖြစ်ဖွယ်ရာ ကိစ္စရပ်များပေါ်လာပါက နှစ်ဖက်ကိုယ်စားလှယ်များ အမြန်ဆုံးတွေ့ဆုံ၍ ပွင့်လင်းမြင်သာမှုရှိစွာ ညှိနှိုင်းအဖြေရှာရန် သဘောတူညီခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများအကြား လွတ်လပ်စွာဆက်သွယ်ပြောဆို ဆွေးနွေးမှုများပြုလုပ်နိုင်ရန် ယခင်အစိုးရလက်ထက်ကပင် ပြဋ္ဌာန်းထားရှိသည့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ ကိုပယ်ဖျက်ပေးရန်အချက်အပါအဝင် အချက်(၁၂)ချက်ကို ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA)နှင့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များက မေလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်း ဗပာိုဌာန(MPC)၌ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA)မှ တာဝန် ရှိသူတို့၏ တွေ့ဆုံဆွေးနွေးပွဲ တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

အစိုးရနှင့် အပတ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးဖြစ်သည့် SSA အဖွဲ့နှင့် တပ်မတော်တို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှစတင်၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မေလ ၉ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မကျေးရွာတွင် အခြေစိုက်လှုပ်ရှားလျက်ရှိသော SSA တောင်ပိုင်းတပ်ဖွဲ့ဝင်များ၏ တပ်စခန်းတစ်ခုကို အစိုးရတပ်မှ လက်နက်ကြီးများအသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

YC


အမေရိကန်မှ မြန်မာနိုင်ငံအတွက်  ၂၀၁၄ဘဏ္ဍာရေးနှစ်၌ ကန်ဒေါ်လာ ၇၅  ဒသမ ၄သန်း သုံးစွဲမည်

အမေရိကန်နိုင်ငံ၏ ၂၀၁၄ ဘဏ္ဍာနှစ်အတွက် အရှေ့အာရှနှင့် ပစိတ်ဖိတ်ဒေသဆိုင်ရာ ဘတ်ဂျက်တောင်းခံလွှာတွင် မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၇၅ ဒသမ၄သန်းအား အသုံးပြုသွားမည်ဖြစ်ကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် ယခုထောက်ပံ့မည့်ငွေများကို မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးကာကွယ်ပေးရေးနှင့် ခိုင်မာသော အရပ်ဘက် လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာရေး စသည့်ကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း လာမည့် ၂၀၁၅ ခုနစ်၌ ပြုလုပ်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီစံနှုန်းများနှင့် အညီကျင်းပနိုင်စေရေးအတွက်လည်း အမေရိကန်နိုင်ငံအနေဖြင့် (USAID)အဖွဲ့မှတစ်ဆင့် အကူအညီ ပေးသွားမည်ဖြစ်သည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေး၊ ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ပြည်တွင်းစစ်ဘေးဒဏ်သင့် ပြည်သူများ အတွက်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပါ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအား အကူအညီပေးရန် အမေရိကန်နိုင်ငံမှ တိုးမြှင့်လိုက်သည့် ဘတ်ဂျက်သည် ၂၀၁၂ ထောက်ပံ့မှုနှင့် နှိုင်းယှဉ်လျှင် ၃ ဆခန့်ထိုးတက်လာပြီး အဆိုပါ ဘတ်ဂျက်ကို အမေရိကန်၏ အာရှချိန်ခွင်လျှာညှိရေးမူဝါဒအရ ဒေသတွင်းလုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်မှုခိုင်မာရေး၊ စီးပွားရေးပေါင်းစည်းမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး၊ မဲခေါင်မြစ်အောက်ပိုင်းဒေသဖွံ့ဖြိုးမှုတိုးမြှင့်ရေး၊ ဒီမိုကရေစီဖော်ဆောင်မှု ထောက်ပံ့ကူညီရေးနှင့် လက်ကျန်စစ်ပွဲပြဿနများ ဖြေရှင်းဆောင်ရွက်ရေး အချက်များအပေါ် မူတည်၍ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ ခဲ့သည့်အတွက် မြန်မာနိုင်ငံအားနှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံမှ ဖြေလျော့မှုများပြုလုပ်ပေးခဲ့သည့်အပြင် ၂၀၁၂ ဘဏ္ဍာနှစ်မှစတင်၍ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် အမေရိကန်ဒေါ်လာ ၂၈ ဒဿမ ၈ သန်းကိုထောက်ပံကူညီပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အမေရိကန်အစိုးရနှင့် US-AID အဖွဲ့တို့မှ မြန်မာနိုင်ငံအား ထောက်ပံ့ကူညီပေးမည့် ငွေကြေးများသည် အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတစ်လျောက်တွင် ပမာဏအများဆုံးပေးအပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့မှုများကို G to G ( Government to Govenment )စနစ်အရ နိုင်ငံအစိုးရအချင်းချင်းသာမက လူမှုအရက်ဘက်အဖွဲ့အစည်း( NGO)များအတွက်လည်း သုံးစွဲသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

အမေရိကန်နိုင်ငံ သမ္မတအိုဘားမား၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံတော် မေလ ၁၇ ရက်နေ့ညပိုင်းတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပထမဆုံးအကြိမ် သမိုင်းဝင်အမေရိကန်ခရီးစဉ်ကိုစတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် မေလ ၂၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်၍ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်များကို သဘောတူလက်မှတ်ရေးထိုး သွားနိုင်ဖွယ်ရှိသည့်အပြင် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထောက်ပံ့ငွေတိုးမြှင့်ရေး အစီအစဉ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. တရုတ်သည် သတိမူခြင်းမရှိ နယ်ချဲ့နေသလော။

(1st May 2013 ရက်စွဲပါ Robert Farley ၏ Is China carelessly overextending itself? ကို ဘာသာပြန်ပါသည်။)

  1. စင်္ကာပူသို့ သစ်သီးဝလံတင်ပို့မှု မြန်မာစတင်

(Asia Fruit မှ 17 May 2013 ရက်စွဲပါ “Myanmar begins fruit shipments to Singapore” သတင်းကို ဘာသာမြန်ဆိုသည်။)

  1. Myanmar ဖြစ်စေ၊ Burma ဖြစ်စေ၊ သမ္မတကတော့ အိမ်ဖြူတော်သို့ လာလည်တော့မည်

( Planet Washington မှ16 May 2013 ရက်စွဲပါ Myanmar or Burma? Nation`s president will visit the White House  သတင်းကိုဘာသာပြန်ဆိုသည်။)


တရုတ်သည် သတိမူခြင်းမရှိ နယ်ချဲ့နေသလော။

(1st May 2013 ရက်စွဲပါ Robert Farley ၏ Is China carelessly overextending itself? ကို ဘာသာပြန်ပါသည်။)

Photo Credit by The Diplomat

လွန်ခဲ့သောနှစ်ပတ်ခန့်က အိန္ဒိယ-တရုတ် နှစ်နိုင်ငံအငြင်းပွားနေသော ဟိမဝန္တာနယ်စပ်တွင် အခြားနိုင်ငံမှ တပ်များ နယ်စပ်ကိုကျော်၍ ဝင်ရောက်မှုများရှိခဲ့ကြောင်း အိန္ဒိယမီဒီယာများက သတင်းထုတ် ပြန်ခဲ့ ပါသည်။  အိန္ဒိယအစိုးရက အဆိုပါ အဖြစ်အပျက်ကို ပုံကြီးမချဲ့ခဲ့သော်လည်း အန္ဒိယမဟာဗျူဟာကိစ္စရပ်များကို ဝေဖန်သူများက တရုတ်သည် ဒေသတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ အသာစီးရမှုမှတဆင့် သြဇာလွှမ်းမိုးရန် လုပ်ဆောင်နေကြောင်း ဆိုပါသည်။

ထိုအချိန်နှင့် တချိန်တည်းမှာပင် တရုတ်သည် ဂျပန်နှင့် အငြင်းပွားနေသော Senkaku / Diaoyus ကျွန်းများ အနီးတွင် ရေကြောင်းနှင့်လေကြောင်း ကင်းလှည့်မှုများ ပိုမိုချထားခဲ့ပြီး အဆိုပါကျွန်းများမှာ တရုတ် နိုင်ငံခြားရေးမူဝါဒများ၏ ပင်မစိတ်ဝင်စားသည့် ကိစ္စများဖြစ်ကြောင်း ကျေညာခဲ့ပါသည်။

အခြေအနေနှစ်ရပ်စလုံးတွင် တရုတ်ထံ၌ တရားဝင်စေရန် အကြောင်းပြချက်များ ပြောခဲ့ပါသည်။ အရှေ့တရုတ် ပင်လယ်တွင် တရုတ်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ရန်စသောကြေညာချက်များကို တုန့်ပြန်ခြင်းဖြစ်ပါသည်။ အိန္ဒိယနှင့်နယ်စပ်ကိစ္စများမှာမှု ရှုတ်ထွေးနေဆဲဖြစ်ပြီး၊ တရုတ်၏ နယ်မြေတောင်းဆို ဖိအားပေးမှုသည် မှားယွင်းနေသည်ဟု ချက်ခြင်းရှင်းရှင်းလင်းလင်းမသိနိုင်ပေ။

သို့သော် အဘယ်ကြောင့် တရုတ်သည် ဤအငြင်းပွားမှုများကို တချိန်တည်းတွင် ဆုံးဖြတ်ချက်ခိုင်မာစွာ လုပ်ဆောင်ခဲ့သည်ဆိုသည်ကို ရှင်းလင်းစွာ မသိရပေ။ သမိုင်းကြောင်းအရ လုံခြုံရေးပြဿနာ ကျယ်ပြန့်စွာရှိနေသော နိုင်ငံများသည် ထိုပြဿနာများကို သီးခြားစီခွဲထားပြီး၊ တစ်ကြိမ်လျှင်တစ်ခုသာဖြေရှင်းရန်မှာ အကောင်းဆုံးဟု အကြံဥာဏ်ပြုထားပါသည်။ ယခုကိစ္စတွင် ဟိမ၀န္တာပြဿနာနှင့် အရှေ့တရုတ်ပင်လယ်ပြဿနာများနှင့် ပတ်သက်၍ မူဝါဒချမှတ်ဆုံးဖြတ်ချက်ပေးသူမှာ တစ်ဦးတည်းကပြုလုပ်သလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။

တရုတ်၏နိုင်ငံခြားရေးနှင့် စစ်ရေးမူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်သည် လုံးဝရှုပ်ထွေးပြီး၊ ဒေသဆိုင်ရာအာ ဏာပိုင်များသည် နယ်စပ်မူဝါဒများတွင် သြဇာလွှမ်းမိုးမှုအချို့ရှိပါသည်။ သို့သော် ယခုကိစ္စရပ်နှစ်ခုစလုံးတွင် တရုတ်၏လုပ်ရပ်သည် မှန်ကန်သည်ဟုဆိုလျှင်တောင်၊ ၎င်း၏အင်အားကြီးအိမ်နီးချင်းနှစ်နိုင်ငံအပေါ် တစ်ကြိမ် တည်းတွင် စိတ်ဆိုးအောင် တစ်ပြိုင်နက်ပြုလုပ်ရခြင်း၏ အဓိပ္ပါယ်ကို ခက်ခက်ခဲခဲ စဉ်းစားရပေသည်။

အိန္ဒိယနှင့်ဂျပန်ကြား အားကောင်းသောဆက်ဆံရေး၏ မဟာဗျူဟာကျသော ကျိုးကြောင်းဆင်ခြင်မှုပြုရန် ထူးထူးခြားခြားစွမ်းရည် မလိုအပ်လှပေ။ တိုကျိုနှင့်နယူးဒေလီကြားတွင် အမြန်ဆုံးဆက်သွယ်မှုပြုရန် လမ်းကြောင်း ကိုယ်စီရှိကြပါသည်။ အရေးကြီးပြီဟုဆိုပါက ၀ါရှင်တန်ကလည်း နှစ်ဖက်ဆက်သွယ်မှုပြုရန် သေချာပေါက် စိတ်အားထက်သန်မှု ရှိပေလိမ့်မည်။ အချို့အိန္ဒိယဝေဖန်သုံးသပ်သူများက ပိုမိုအားကောင်းသော တုန့်ပြန်မှုများပြုလုပ်ရန် တောင်းဆိုထားကြပြီးဖြစ်ပါသည်။ နယ်စပ်တွင်ဖြစ်သော အခြေအနေနှင့် လိုက်လျောညီစွာ တရုတ်၏ ရေပိုင်နက် အငြင်းပွားမှုအတွက် အိန္ဒိယ၏ထောက်ခံမှုကို တိုင်းတာခြင်းများအပါအ၀င် အားကောင်းသောတုန့်ပြန်မှုများ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ရုရှားနှင့် ကာလကြာရှည်ဖြစ်နေသော နယ်စပ်အငြင်းပွါးမှုများကို ညှိုနှိုင်းရန် လုပ်ဆောင်လာခြင်းကြောင့်၊ တရုတ်နှင့်ပြဿနာမှာ သိသာစွာသက်သာ ရာရနေခြင်းဖြစ်ပါသည်။ နောက်ဆုံးတွင် ဂျပန်နှင့်လည်းကောင်း၊ ရုရှားနှင့်လည်းကောင်း ငြိမ်းချမ်းရေးစာချုပ် မသေချာဟု ရှိခဲ့စေဦးတော့၊ ဂျပန်နိုင်ငံ၏ ယခုကြိုးပမ်းမှုသည် တိုကျိုအနေဖြင့်၎င်း၏ နိုင်ငံတကာပြဿနာများကို စီမံခန့်ခွဲနိုင်ရန် လိုအပ်ပုံကို အလေးအနက် ခံယူထားသည်ကို ပြဆိုနေပါသည်။

ဒေသတွင်းလုံခြုံရေးသည် ကမ္ဘာအနှံ့ပျံ့နှံ့နေသော ပဋိပက္ခများနှင့် ပါဝင်ပတ်သက်မှုရှိသော နိုင်ငံအနည်းငယ်တွင် တရုတ်နိုင်ငံပါဝင်ပါသည်။ ဂျပန် - အိန္ဒိယ ၀င်ရိုးတန်းဖွဲ့စည်းမှုသည် တရုတ်၏ ရန်စမှုမှ ကင်းလွတ်ရန်ဖြစ်နေချိန်တွင် Beijing အတွက် ပေးရမည့်အကောင်းဆုံးအကြံဥာဏ်မှာ ဒေသဆိုင်ရာအငြင်းပွါးမှုများကို အနိုင်ရရန်ကြိုးပမ်းရုံမျှဖြင့် ကမ္ဘာလုံးဆိုင်ရာပြဿနာများဖန်တီးမှု ပြီးဆုံးမသွားနိုင်ဟူ၍ ဖြစ်ပါသည်။


စင်္ကာပူသို့ သစ်သီးဝလံတင်ပို့မှု မြန်မာစတင်

(Asia Fruit မှ 17 May 2013 ရက်စွဲပါ “Myanmar begins fruit shipments to Singapore” သတင်းကို ဘာသာပြန် ဆိုသည်။)

Photo Credit by Asiafruit

မြန်မာနိုင်ငံသည် စင်္ကာပူသို့ သရက်သီးနှင့်ဖရဲသီးများ ပထမဦးဆုံးအကြိမ်တင်ပို့မှုကို ယခင်အပတ်က စတင်လို်က်ကြောင်း မြန်မာသစ်သီးဝလံထုတ်လုပ် တင်ပို့သူများအသင်းက ထုတ်ပြန်ကြေညာသည်။

“မြန်မာသရက်သီးတွေကို စင်္ကာပူကလက်ခံပါတယ်။ အခု သရက်သီးသုံးတန်တင်ပို့ပြီးပါပြီ။ နောက်ထပ် တင်ပို့ဖို့ကတော့ ကျွန်တော်တို့ရဲ့လုပ်ဆောင်နိုင်မှုပေါ်မှာမူတည်ပါတယ်။ ရာသီကုန်တဲ့အထိ သရက်သီးတွေ တင်ပို့ဖို့ ရည်ရွယ်ထားပါတယ်။” ဟု သရက်သီးနှင့်ဖရဲသီးတင်ပို့သော Myanmar Golden produce Co တာဝန်ရှိသူက မြန်မာပြည်တွင်းမီဒီယာသို့ပြောကြားသည်။

ရှိနှင့်ပြီးသားတရုတ်နိုင်ငံလမ်းကြောင်းအပြင် စင်္ကာပူသို့ တင်ပို့နိုင်ခဲ့သည့်တိုးတက်မှုကို မြန်မာသစ်သီး ဝလံ ထုတ်လုပ်တင်ပို့သူများအသင်းဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။

“အစေ့မပါတဲ့ဖရဲကို နယ်စပ်ကတဆင့် တရုတ်ဖက်ကိုပို့နေတာ ၅ နှစ်လောက်ရှိပါပြီ။ အစောပိုင်းကတော့ လေကြောင်းကနေ ပို့ဖို့ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် ကုန်ချိန်ကလေးတော့ အဆင်မပြေပါဘူး။ အခုတော့သင်္ဘောလိုင်းနဲ့ စင်္ကာပူကိုတင်ပို့နိုင်ခဲ့ပါပြီ” ဟု၎င်းကဆိုပါသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပြင် အခြားဈေးကွက်သစ်များသို့ ခြေလှမ်းချဲ့ရန် လွန်ခဲ့သော သုံးနှစ်ခန့်ကပင် စတင်ကြိုးစားနေခဲ့ခြင်းဖြစ်ပြီး၊ ယခုအခါ နိုင်ငံတကာသစ်သီးဝလံပြပွဲများတွင် ပါဝင်ဆင်နွဲ နေသည့်အပြင် စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းဈေးကွက်များသို့ ထုတ်ကုန်များ တင်ပို့သွားရန် ရည်မှန်းလျှက်ရှိသည်။


Myanmar ဖြစ်စေ၊ Burma ဖြစ်စေ၊ သမ္မတကတော့ အိမ်ဖြူတော်သို့ လာလည်တော့မည်

( Planet Washington မှ16 May 2013 ရက်စွဲပါ Myanmar or Burma? Nation`s president will visit the White House  သတင်းကိုဘာသာပြန်ဆိုသည်။)

Photo Credit by Global Post

သမ္မတ အိုဘားမား ယခင်နှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန်သမ္မတဖြစ်လာ ချိန်က အိမ်ဖြူတော်သည် မြန်မာနိုင်ငံအား ယခင်နာမည် Burma ဟု အထူးသတိထားခေါ်ဝေါ်ခဲ့သည်။

သို့သော် ယခုသီတင်းပတ်တွင်မူ ထိုနိုင်ငံမှ သမ္မတလာရောက်လည်ပတ်မည့်ခရီးစဉ်ကို အိမ်ဖြူတော် တာဝန်ရှိသူများက ထုတ်ပြန်ကြေညာရာတွင် Myanmar ဟု သုံးနှုန်းလိုက်ကြသည်။

အဘယ်အကြောင်းကြောင့် ပြောင်းလဲသွားရပါသလဲ

အမေရိကန်အစိုးရသည် သံတမန်ချစ်ကြည်ရေးအရ Myanmar အမည်နာမက အကန့်အသတ်ဖြင့် စတင် သုံးနှုန်းနေသော်ငြားလည်း Burma သည်သာနာမည်ရင်းဖြစ်သည်ဟု မူဝါဒဆက်လက်ချမှတ်ထားကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံဟာ အပြုသဘောပြုပြင်ပြောင်းလဲမူတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့က လည်း မြန်မာအစိုးရနဲ့ထိတွေ sanctions တွေဖြေလျော့ပေးခြင်းအားဖြင့် အသိအမှတ်ပြု တုန့်ပြန်ခဲ့ပါတယ်။ ပြီးတော့ သံတမန်ချစ်ကြည်ရေးသဘောအရ Myanmar ဆိုတဲ့အမည်ကို မကြာခဏ ပိုမိုသုံးနှုန်းပေးနေပါတယ်။

“ရည်မှန်းချက်ကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို လုပ်ဆောင်နေတဲ့ မြန်မာအစိုးရအပေါ် လေးစားမှု ပြသတာဟာ သူတို့ရဲ့ ကြိုးပမ်းမူကို အားပေးထောက်ခံတဲ့ အရေးကြီးလက္ခဏာတစ်ခုဖြစ်ပြီး၊ အသွင်ကူးပြောင်းမှု အောင်မြင်အောင် ကူညီပေးချင်တဲ့ ဆန္ဒကို ထင်ဟပ်ပြသတာဖြစ်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။” ဟု သူမက ရှင်းလင်းပြောကြားသည်။

စစ်အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ကမ္ဘာတွင်အပယ်ခံဖြစ်ခဲ့သော်လည်း ယခုအခါ ဒီမိုကရေစီသို့ ကူးပြောင်းနေသော တိုင်းပြည်အဖြစ် ခေါင်းပြူလာပြီဖြစ်သည်။ မြန်မာအာဏာပိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမူများကို ဖြစ်ပေါ်စေခဲ့သော “မြန်မာနိုင်ငံအပေါ် တရားဝင်ပြန်လည် သုံးသပ်မူ” ကို 2009 ခုနှစ်တွင် အိုဘားမားအစိုးရက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း 2010 ရွေးကောက်ပွဲအပြီး ဆက်လက်ပေါ်ထွက်လာသော ပြောင်းလဲမှုများတွင် တိုင်းရင်းသားအုပ်စုများစွာနှင့် အပစ်ရပ်ခြင်း၊ နိုင်ငံသားအကျဉ်းသား မြောက်များစွာလွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာချုပ်ချယ်မူရုတ်သိမ်း ပေးခြင်း၊ အလုပ်သမားဥပဒေများ ပြင်ဆင်ပေးခြင်းတို့ ပါဝင်ပါသည်။

လာမည့် တနင်္လာနေ့တွင်မူ အိမ်ဖြူတော်သို့ သမ္မတဦးသိန်းစိန်လာရောက် လည်ပတ်တော့မည် ဖြစ်သည်။

သမ္မတအိုဘားမားသည် မြန်မာ့ဒီမိုကရေစီဖွံ့ဖြိုးရန်၊ လူမျိုးရေးတိုင်းရင်းသားရေး တင်းမာမူများကို ဖြေရှင်းရန်၊ မြန်မာပြည်သူများအတွက် စီးပွားရေးအခွင့်အရေးများ ယူဆောင်ပေးရန် လုပ်ဆောင်ကြရမည့် ကျန်ရှိ စိမ်ခေါ်မူများစွာကို သမ္မတဦးသိန်းစိန်နှင့်  ဆွေးနွေးမည်ဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သို့ ကူညီပေးနိုင်မည်ဆိုသည်ကိုလည်း လေ့လာသုံးသပ်ကြမည်ဟု အိမ်ဖြူတော်က ဆိုပါသည်။

“ပြုပြင်ပြောင်းလဲရေးကိုအားပေးဖို့ အရေးပါတဲ့ဆုံးဖြတ်ချက်ချခဲ့ကြတဲ့ အစိုးရတွေကို ထောက်ခံ အားပေးသွားမယ် ဆိုတဲ့ သမ္မတအိုဘားမားရဲ့ တာဝန်ခံမူကို သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်က ပြသနေပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ သာမန်ထက်ထူးကဲတဲ့ သူတို့တိုင်းပြည်ရဲ့ အလားအလာကောင်းတွေကို သိရှိသွားအောင် ကူညီပေးချင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ရင်းစေတနာကိုလည်း ထင်ဟပ်ပြသနေ ပါတယ်” ဟု အိမ်ဖြူတော် တာဝန်ရှိသူက ပြောကြားသွားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive