Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အစိုးရ အနေနဲ့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ ငြိမ်းချမ်းရေး ဘယ်လိုလုပ်ကြမလဲ။ အခုကအသက် ရှူခွင့်သာ ရပါသေးတယ်။ အသက်ရှည်ခွင့်မရသေးဘူး။ တိုင်းရင်းသား အားလုံး စုပေါင်းညီညွတ်ဖို့ လိုပါတယ်”

ဇွန်လ ၁၈ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ငြိမ်းချမ်းရေး အကြောင်း အဓိကထား၊ တိုင်းရင်း သားပေါင်းစုံ ဆွေးနွေး” သတင်းမှ D.K.B.A စစ်ဦးစီးချုပ် စောလားပွယ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ၊ ပြည်တွင်းစစ်တွေ ဆက်ရှိဦးမယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးဖို့ နောက်ကျဦးမှာ ဖြစ်ပါတယ်။ နိုင်ငံ ရေးပုံစံဟာ ဖက်ဒရယ်ပုံစံပြောင်းမှသာ တိုင်းပြည်ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ ဖက်ဒရယ် တောင်းတာ တိုင်းရင်းသားလူမျိုး တစ်မျိုး တည်းအတွက် သက်သက် မဟုတ်ပါဘူး။ ပြည်နယ်မှာ ရှိတဲ့ ပြည်သူပြည်သားတွေ အားလုံး အကျိုးခံစားရဖို့ ဖြစ်ပါတယ်”

ဇွန်လ ၁၈ ရက်နေ့ စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဖက်ဒရယ်ပုံစံ နိုင်ငံရေးမှ တိုင်းပြည်ဖွံ့ဖြိုးနိုင်မည် ဆို” သတင်းမှ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးနိုင်တလည်ညီ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “အခုလို ပူးပေါင်းလိုက်တာဟာ အမျိုးသားပါတီ တစ်ရပ်ကို တစ်မျိုးသားလုံးက တောင်းဆိုတယ်၊ ဒါ့အပြင် အမျိုးသားပါတီကြီး တစ်ရပ်ကို ထူထောင်ဖို့ လိုအပ်တယ်ဆိုတာကို ရွေးကောက်ပွဲတစ်လျှောက်လုံးမှာ ပြောလာပါတယ်၊ နောက်ပြီး မဲဆန္ဒနယ် တစ်ခုမှာ အချင်းချင်း ပြိုင်နေတာဟာလဲ ၂၀၁၅ အလွန်မှာ ခိုင်မာတဲ့ အစိုးရတစ်ရပ်ဟာ မပေါ်နိုင်ဘူးလို့ ယူဆတယ်၊ ဒါကြောင့် နှစ်ပါတီ ပူးပေါင်းပြီး အင်အားတောင့်တင်းတဲ့ အမျိုးသားပါတီကို တည်ထောင်တာဖြစ်တယ်”

ဇွန်လ ၁၈ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ပါရှိသော “နှစ်ပါတီ ပေါင်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ” သတင်းမှ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “မြန်မာနိုင်ငံ အနေနဲ့ လယ်ယာလုပ်ငန်း အာမခံက မရှိမဖြစ် လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီအာမခံစနစ် ပေါ်လာဖို့ အတွက်က အချိန်လိုတယ်။ ပုဂ္ဂလိက အာမခံကုမ္ပဏီတွေ အနေနဲ့ကလည်း ပေါ်ပေါက်လာတာ မကြာသေးတဲ့ အတွက် အခြေကျဖို့ လိုအပ် တယ်။ သူတို့ အခြေကျပြီဆိုရင်တော့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ နိုင်ငံခြားမှာ လုပ်နေတဲ့ လယ်ယာလုပ်ငန်း အာမခံကို မြန်မာနိုင်ငံက အခြေအနေတွေ၊ ရာသီဥတု အခြေအနေတွေနဲ့ ကိုက်ညီအောင် လုပ်ပြီးမှ လုပ်လို့ရမှာပါ”

ဇွန်လ ၁၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်း အာမခံ ပေါ်ပေါက်လာစေရန် ဂျပန်နိုင်ငံမှ နည်းပညာ အကူအညီပေးမည်” သတင်းမှ မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “နိုင်ငံရေးမှာ ဆိုရင် အရင်တုန်းက တစ်ဦးတစ်ယောက်တည်း ချုပ်ကိုင်တာ လုပ်တယ်။ အာဏာရှင်စနစ်က အရမ်း ပြင်းလည်း ပြင်းပါတယ်။ ခံရတဲ့သူတွေ အများကြီး အနစ်နာခံရတာတွေရှိတယ်။ ဒါတွေအားလုံးက ကျွန်တော်တို့အတွက် အမွေဆိုး တွေပေါ့။ သို့သော်လည်းပဲ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီဆိုတဲ့ တင်းပြည့်ကျပ်ပြည့် ပြီးပြည့်စုံတဲ့ နိုင်ငံတော်သစ်ကြီးကို ရောက်သွားမှာပေါ့။ အခု ပွင့်သွားပြီ။ ဒီမိုကရေစီ ရတော့မယ်။ ၂၀၁၅-၂၀၁၆ ဆို ရတော့မယ်။ သို့သော် အဲသည် ဒီမိုကရေစီ ခေတ်မှာ လာမယ့် အုပ်ချုပ်ရေး စနစ်က အာဏာရှင်လောက်တော့ မပြင်းထန်ပေမဲ့ အာဏာရှင်ကဲ့သို့ ချုပ်ကိုင်မှုတွေ အများ ကြီး ဖြစ်နိုင်မယ်။ အသစ်အဆန်းတွေ အများကြီးနဲ့ နည်းလမ်းသစ်တွေနဲ့ အခွင့်ကောင်းယူမယ့် ဟာတွေရှိတယ်။ အမြတ်ထုတ် မယ့် ဟာတွေရှိတယ်။”

ဇွန်လ ၁၈ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ပါရှိသော “နိုင်ငံတော်သမ္မတရဲ့ စီးပွားရေး အကြံပေး ဒေါက်တာဇော်ဦးနှင့် တွေ့ဆုံခြင်း” အင်တာဗျူးမှ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦး၏ ပြောကြားချက်အား ကောက် နှုတ်ချက်။


သတင်းတိုများ

ဖက်ဒရယ်ကို ခွဲထွက်ခွင့် တောင်းဆိုခြင်းဟု မှားယွင်းစွာ လက်ခံမိခဲ့ကြောင်း သူရဦးရွှေမန်း ၀န်ခံ

ပြည်သူ့လွှတ်တော် သူရဦးရွှေမန်းက မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ကို တည်ဆောက်ရမည်ဖြစ်ပြီး ယခင်က မိမိ သည် ဖက်ဒရယ်စနစ်ကို ခွဲထွက်ခွင့် တောင်းဆိုခြင်းဟုသာ မှားယွင်းစွာ လက်ခံမိခဲ့ကြောင်း ဇွန်လ ၁၆ ရက်နေ့ ဆန်ဖရန် စစ္စကိုမြို့ မြန်မာမိသားစုများနှင့် တွေ့ဆုံရာတွင် ပြောကြားသွားခဲ့သည်ဟု  RFA သတင်းဌာနတွင် ဖော်ပြထားချက်အရ သိရ သည်။


ပါတီခေါင်းဆောင်ပိုင်းက နိုင်ငံခြားငွေလက်ခံဟု စွပ်စွဲချက်မှာ နိုင်ငံရေးဥပဓိရုပ်ကို ရိုက်ချိုးခြင်းဟုဆို

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီတွင် ပါတီခေါင်းဆောင်ပိုင်းက နိုင်ငံခြားငွေလက်ခံခြင်းဟု ပါတီဝင်များ၏ စွပ်စွဲချက်မှာ ပါတီ၏ နိုင်ငံရေး ဥပဓိရုပ်ကို ဘုန်းဘုန်းလဲကျအောင် ရိုက်ချိုးခြင်းဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင် ဆွေက စတုတ္ထအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်ဟု သိရသည်။ ထို့နောက် မိမိတို့ပါတီသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ စည်းရုံးဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို လူငယ်များ နှင့် အားဖြည့်လုပ်ဆောင်သွားတော့မည် ဖြစ်ကြောင်း၊ ပါတီကို အမျိုးသမီးရေးရာ အင်အားများဖြင့် ပိုမိုခိုင်ခန့်အောင် တည်ဆောက်ကာ တိုင်းနှင့် ပြည်နယ် စည်းရုံးရေးကော်မတီများကလည်း ပြည်သူနှင့် ထိတွေ့ပြီး လူထုအစည်းအဝေးပွဲများ ပြုလုပ်ကာ စည်းရုံးရေး လမ်းကြောင်းများ မြှင့်တင်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသွား ခဲ့သည်ဟု သိရှိရသည်။


အစိုးရနှင့် လတ်တလော အပစ်အခတ် ရပ်စဲထားခြင်းသည် အသက်ရှုခွင့်မျှသာ ဖြစ်ကြောင်း DKBA စစ်ဦးစီးချုပ်ဆို

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ လတ်တလော ရရှိထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များသည် အသက်ရှုခွင့်သာ ရရှိထားသည့် အနေအထား တစ်ရပ်မျှသာ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် ယုံကြည်မှုသည် အဓိက အရေးကြီးဆုံးတစ်ခု ဖြစ်ကြောင်း၊ ဒီမိုကရေစီကို ပြောနေရုံနှင့်မရဘဲ တိုင်းရင်းသားများအနေဖြင့် စည်းစည်းလုံးလုံး နှင့် အရေးဆိုကာ လက်တွေ့ အကောင်အထည် ဖော်သွားရမည်ဖြစ်ကြောင်း ကလိုထူးဘော အခြေချ စစ်ဗျူဟာမှူး DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ်က ဇွန်လ ၁၅ ရက်နေ့ DKBA ဌာနချုပ်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ပြောကြားသွားခဲ့သည်ဟု သိရသည်။


ရခိုင် နှစ်ပါတီ ပူးပေါင်း၍ အမျိုးသားပါတီအဖြစ် ဖွဲ့စည်း

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် တစ်ပါတီတည်း အဖြစ် ပူးပေါင်းရေး အတွက် သဘောတူညီခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီ (Arakan National Party- ANP) အဖြစ် အမည်ပြောင်းလဲကာ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်နေ့ တရားဝင် ဆုံးဖြတ်ချက်အရ သိရသည်။

အဆိုပါ ရခိုင်အမျိုးသားပါတီ (ANP)ကို နှစ်ပါတီ ကိုယ်စားလှယ်ပေါင်း ၁၂ ဦးပါဝင်သော အဖွဲ့ဖြင့် ဇွန် ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက် ဆွေးနွေးခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


၈၈ ကျောင်းသား ခေါင်းဆောင်များ ဗြိတိန်သို့သွားမည်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် ဇွန်လ ၁၈ ရက်မှ ၂၅ ရက်အထိ ဗြိတိန်နိုင်ငံသို့ အလည်အပတ် ခရီး သွားရောက်ကြမည်ဖြစ်ကြောင်းသိရသည်။ အဖွဲ့ဝင်ရှစ်ဦးပါသည့် အဆိုပါ အဖွဲ့ကို ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးမင်းကိုနိုင် နှင့် ဦးကိုကိုကြီးတို့က ဦးဆောင်မည်ဖြစ်ပြီး အဖွဲ့ဝင် များအဖြစ် ကိုမြအေး၊ ကိုဌေးကြွယ်၊ မသင်းသင်းအေး၊ ကိုမင်းဇေယျ၊ ကိုကျော်ကျော်ထွေးနှင့် မနီလာသိန်း တို့ ပါဝင်သည်ဟု သိရသည်။

ရန်ကုန် ဗြိတိသျှသံရုံးနှင့် ဗြိတိသျှကောင်စီတို့ ပူးတွဲစီစဉ်ပေးသည့် အဆိုပါ ခရီးစဉ်အတွင်း၊ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ ဗြိတိသျှဝန်ကြီးများနှင့် တွေ့ဆုံမှု အပါအ၀င် မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး အတွက် ဗြိတိသျှပါလီမန် အောက်လွှတ်တော်မှ ပါတီအားလုံး၏ ပါလီမန်ဆိုင်ရာ အဖွဲ့နှင့်လည်း တွေ့ဆုံကာ ဆွေးနွေးပွဲများ  ကျင်းပသွား မည်ဖြစ် ကြောင်း သိရသည်။

ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရယ်ရှင်းသည် အသစ်တည်ထောင်မည့် ပါတီ၏ လုပ်ငန်းများကိုသာ ဦးစား ပေးလုပ်ဆောင်သွားမည် ဖြစ်ခြင်းကြောင့် ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အနေဖြင့် ပါဝင်တော့မည် မဟုတ်ကြောင်း SNDP ပါတီ၏ အတွင်းရေးမှူးက ပြောဆိုသွားခဲ့သည်။


မလေးရှားမှ ပြန်လာမည့် မြန်မာများကို အလုပ်အကိုင်များ ပေးသွားမည်ဟု အလုပ်သမားဝန်ကြီးပြော

မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံသို့ ပြန်လာကြမည့် မြန်မာနိုင်ငံသားများအား အလုပ်အကိုင်များ ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား ၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသွားခဲ့သည်ဟု သိရသည်။


KNPP နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွင် တပ်မတော်ပါဝင်မည်

ဒုတိယအကြိမ်မြောက် ကရင်နီ ပြည်သူ့တိုးတက်ရေးပါတီ (KNPP) နှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ တိုင်းမှူးအဆင့်ပါ တက်ရောက်ဆွေးနွေးမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက်အရ သိရသည်။ ကရင်နီ ပြည်သူ့တိုးတက်ရေးပါတီနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့သည် ပြည်တွင်းတွင် တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် လွိုင်ကော်မြို့တွင် တွေ့ဆုံခြင်း သည် ပြည်ထောင်စုအဆင့်ဖြင့် ဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ကာ နှစ်ကုန်တွင် ကျင်းပရန်ရည်မှန်းထားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး အတွက်လည်း အစပျိုးဆွေးနွေးမည်ဟု သိရှိရသည်။


သယံဇာတ စီမံခန့်ခွဲမှု အမေရိကန်နှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မည်

သံတမန်ဆက်ဆံရေး ပုံမန် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံနှင့် အမေရိကန်အစိုးရတို့သည် မြန်မာနိုင်ငံ၏ သယံဇာတ ထုတ်ယူသုံးစွဲရေး စီမံခန့်ခွဲမှုများအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇွန်လ ၁၅ ရက်နေ့ အမေရိ ကန်အစိုးရ ပြောရေး ဆိုခွင့် အရာရှိ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

သယံဇာတများ ထုတ်ယူရာတွင် ပွင့်လင်းမြင်သာပြီး ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အမေရိကန် အစိုးရက ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကာအကွယ် ပေးနိုင်ခြင်း၊ ဒေသခံ ပြည်သူများနှင့် သယံဇာတများ ခွဲဝေအသုံးပြုနိုင်ခြင်းတို့အပြင် ပဋိပက္ခလျှော့ချရေး လုပ်ငန်းစဉ်များ  အတွက်ပါ အထောက်အကူ ဖြစ်စေ နိုင်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရှိရသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရန်ကုန်မြို့ ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားတင်ဒါများခေါ်မည်

(16 June 2013 ရက်စွဲပါ Bangkok Post မှ Myanmar to take foreign tenders ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့ရေနံလုပ်ကွက်သစ်များအတွက် အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီများ တင်ဒါဝင်ဆွဲကြမည်

(Natural Gas Asia မှ 14 Jun 2013 ရက်စွဲပါ “Indian State firms to bid for Myanmar oil, gas blocks”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မကြာမီ တရုတ်သို့ ရေနံနှင့် ဓာတ်ငွေ့များ မြန်မာစတင်ပို့လွှတ်ဖွယ်ရှိ

(The Gulf Today မှ 17 Jun 2013 ရက်စွဲပါ “Myanmar may start pumping oil,gas to China”သတင်းကို ဘာသာပြန်ဆိုသည်)


ရန်ကုန်မြို့ ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားတင်ဒါများခေါ်မည်

(16 June 2013 ရက်စွဲပါ Bangkok Post မှ Myanmar to take foreign tenders ကိုဘာသာပြန်ဆိုသည်)

ရန်ကုန်မြောက်ပိုင်းတွင် မြို့ကြီးတစ်မြို့ဖြစ်ရန် ရည်ရွယ်သော ပရောဂျက်အတွက် နိုင်ငံခြားကုမ္ပဏီများကို တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

“ပြည်တွင်းကုမ္ပဏီတွေဆီကရော နိုင်ငံခြားကုမ္ပဏီတွေဆီကပါ တင်ဒါတွေမကြာခင် ခေါ်ယူသွားမှာဖြစ်ပါတယ်”ပာု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီတင်ဒါတွေဆီမှာ ပာိုတယ်၊ ဈေးဝယ်စင်တာနဲ့ နေအိမ်တွေအပါအဝင် အဆောက်အဦးဆောက်လုပ်မှုတွေ ပါဝင် ပါမယ်။ မရမ်းကုန်းမြို့နယ်မှာ သုံးနှစ်အတွင်းဆောက်ရပါမယ်”ပာု အမည်မဖော်လိုသူ အဆိုပါတာဝန်ရှိသူကဆိုပါသည်။

မရမ်းကုန်းမြို့နယ်တွင်(၁၆၂)ပာက်တာ အကျယ်အဝန်းရှိ ဖွံ့ဖြိုးမှုစီမံကိန်းသည် မြန်မာအစိုးရ၏ မပာာရန်ကုန်ဖွံ့ဖြိုး တိုးတက်မှု မပာာဗျူပာာစီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်းအေဂျင်စီထံမှနည်းပညာကူညီ မှုများ ရယူလျက်ရှိပါသည်။

စီမံကိန်းတွင် လမ်းသစ်များ၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများနှင့် စိမ်းလန်းရေးဇုန်နှင့် အိမ်ယာစီမံကိန်းကြီးများ ပါဝင်ပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေယာဌာနက ပြီးခဲ့သည့်လက ကြေညာခဲ့ရာတွင် ရန်ကုန် သည် ၂၀၄၀ တွင် မြို့တော်ကြီးတစ်ခုဖြစ်ပြီး လူဦးရေ(၁၀)သန်းကျော် နေထိုင်နိုင်ရန် ဖြစ်လာမည်ဖြစ်ပြီး၊ ယခုလက်ရှိ (၅.၁၄) သန်း နေထိုင်နေသည်ပာုဆိုပါသည်။


မြန်မာ့ရေနံလုပ်ကွက်သစ်များအတွက် အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီများ တင်ဒါဝင်ဆွဲကြမည်

(Natural Gas Asia မှ 14 Jun 2013 ရက်စွဲပါ “Indian State firms to bid for Myanmar oil, gas blocks”သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံပိုင် ရေနံကုမ္ပဏီများဖြစ်ကြသော ONGC Videsh Ltd. Indian Oil Corp နှင့် GAIL တို့သည် မြန်မာ နိုင်ငံမှ ရေနံဓာတ်ငွေ့လုပ်ကွက်(၈)ခုကို တင်ဒါဆွဲကြလိမ့်မည်ပာု Dow Jones Newswire က ရေနံဝန်ကြီး ဗီရာပါမွိုင်လီ၏ စကားကို ကိုးကား၍သတင်းထုတ်ပြန်သည်။

ကုမ္ပဏီသုံးခုသည် ကုမ္ပဏီတစ်ခုတည်းဖြစ်စေ၊ ပူးတွဲဖြစ်စေ တင်ဒါဆွဲကြလိမ့်မည်ပာု ဝန်ကြီးမွိုင်လီက ဆိုပါသည်။

မြန်မာကမ်းလွန်ရှိ ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက်သစ် ၃၀ ကိုလုပ်ကိုင်ရန်တင်ဒါခေါ်ခြင်းကို သောကြာနေ့က ပိတ်သွား ပြီးနောက် မွိုင်လီက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်ပာု Dow Jones News wire ကဆိုပါသည်။

ရေနက်ပိုင်းလုပ်ကွက် ၁၉ ခုအတွက်တင်ဒါအောင်သော ကုမ္ပဏီများသည်နိုင်ငံပိုင် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း MOGE နှင့် ထုတ်လုပ်ခွဲဝေရေးဆိုင်ရာ စာချုပ်များချုပ်ဆိုရမည်ဖြစ်ပြီး၊ ကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက်(၁၁)ကွက်အတွက် တင်ဒါအောင်သော ကုမ္ပဏီများမှာမူ ပြည်တွင်းကုမ္ပဏီများ(မြန်မာကုမ္ပဏီများ)နှင့် ဖက်စပ်လုပ်ကိုင်ကြရမည်ပာု Dow Jones သတင်းတွင် ပါရှိသည်။

ရေနံဓာတ်ငွေ့ နယ်ပယ်တွင် ပြည်ပကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ခြင်းမှာ သဘာဝကျသော် လည်း၊အရင်းအနှီးနှင့် နည်းပညာနှစ်မျိုးစလုံးချို့တဲ့သည့် ပြည်တွင်းကုမ္ပဏီများကအကျိုးအမြတ်ဝင်ယူသည့် ကိစ္စမှာမူအငြင်း ပွားစရာ မူဝါဒတစ်ခုဖြစ်နေကြောင်း ပြည်တွင်းမှ အကဲခတ်လေ့လာသူများက သုံးသပ်ပြောကြားသည်။


 

မကြာမီ တရုတ်သို့ ရေနံနှင့် ဓာတ်ငွေ့များ မြန်မာစတင်ပို့လွှတ်ဖွယ်ရှိ

(The Gulf Today မှ 17 Jun 2013 ရက်စွဲပါ “Myanmar may start pumping oil,gas to China”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည်တစ်ရက်လျှင်အကြမ်းဖျင်း ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိသောရေနံနှင့်ဓာတ်ငွေ့များကို တရုတ်နိုင်ငံ သို့ပိုက်လိုင်းဖြင့်လာမည့်လအနည်းငယ်အတွင်း စတင်ပို့လွှတ်ရန်စီစဉ်နေပါသည်။ တရုတ်နိုင်ငံ၏ကြီးထွားနေသောစီးပွားရေး ကဏ္ဍအတွက်အသက် သွေးကြောသဖွယ် အရေးပါသော စွမ်းအင်ရင်းမြစ်များသည် ရေကြောင်းကြပ်ညှပ် ပိတ်ဆို့နေသော မလက္ကာရေလက်ကြားနှင့် စင်္ကာပူတို့ကို ရှောင်ကွင်းနိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံကမ်းလွန်မှ ရေနံနှင့်ဓာတ်ငွေ့များကို ရှာဖွေတူးဖော်ရန် စိတ်ဝင်စားနေသော ပြည်ပနိုင်ငံများသည် စီးပွား ဖက်အဖြစ် ဆွေးနွေးရမည့်အစား ဝယ်ယူမည့်ဖောက်သည်အဖြစ် မြန်မာနိုင်ငံနှင့် ညှိနှိုင်းကြရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ဖောက်သည်ပောာင်းများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာမူ ယခင်လက်မှတ်ရေးထိုးပြီးသား အရောင်းအဝယ် သဘော တူစာချုပ်ပောာင်းများကို ပြန်လည်ပြင်ဆင်ချုပ်ဆိုထားကြပြီဖြစ်သည်။

တပ်မတော်အစိုးရ လက်ထက်တွင် ဘက်ပေါင်းစုံ ယိုယွင်းပြိုလဲသွားခဲ့သော မြန်မာနိုင်ငံသည် သယံဇာတ ရင်းမြစ် များကြွယ်ဝသော်ငြားလည် နိုင်ငံဖွံ့ဖြိုးရေးအတွက် သယံဇာတများကိုအသုံးချနိုင်စွမ်း အနည်းငယ်သာရှိသည်။ တပ်မတော် အစိုးရ ခေါင်းဆောင်များသည် ပြည်တွင်းထွက်သဘာဝဓာတ်ငွေ့ကို နိုင်ငံစီးပွားရေးဖွံ့ဖြိုးအောင် အသုံးချရမည့်အစား ၎င်းတို့ မက်မောသော နိုင်ငံခြားငွေရရှိအောင် ရောင်းချခဲ့ကြသည်။

အာဏာရှင်အကြီးအကဲ၏ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ဒေသတွင်းနိုင်ငံများအကြား ဆိုးဆိုးဝါးဝါးနိမ့်ကျ ကျန် ရစ်ခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်တာဝန်နှင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်တို့ကို လက်ခံထားသော်လည်း လူဦးရေသန်း ၆၀ ၏လေးပုံတစ်ပုံ(သို့) နိုင်ငံသားလေးဦးလျှင် တစ်ဦးသာ လျှပ်စစ်မီးသုံးစွဲနိုင်သည့် အဆင့်တွင်ရှိသည်။

နိုင်ငံတကာရေနံကုမ္ပဏီများအနေဖြင့် ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်များတွင် ပြည်တွင်းကုမ္ပဏီနှင့် လက်တွဲရန် မလိုသော်လည်း ရေတိမ်ပိုင်းနှင့် ကုန်းတွင်းလုပ်ကွက်များ၌ ပြည်တွင်းကုမ္ပဏီ(မြန်မာကုမ္ပဏီ)နှင့် လက်တွဲရန် အစိုးရက စည်းကမ်းသတ်မှတ်ထားခြင်းကို ယခုအခါပြန်လည်သုံးသပ်ပြင်ဆင်ရန်လိုကြောင်းနှင့် အရင်းအနှီးကော၊ နည်းပညာပါ နှစ်မျိုး လုံးချို့တဲ့သည့် ပြည်တွင်းကုမ္ပဏီများအားရေနံဓာတ်ငွေ့ကဏ္ဍ၌ အခွင့်ထူးပေးထားခြင်းသည် နောက်ထပ်ခရိုနီနယ်ပယ်သစ် တစ်ခုကို ဖန်တီးရာရောက်ကြောင်း ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးထားသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive