Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မဲခေါင်မူးယစ်နှိမ်နှိင်းရေး စီမံချက်အတွင်း သံသယရှိသူ ၁၃ဝဝ ခန့်ကို ဖမ်းဆီး

(Ximhua မှ 25 Jun 2013 ရက်ပါ “1300 arrested in Merkong anti-drug campaign”  သတင်းကို ဘာသာပြန် ဆိုသည်)

  1.  အော်ပရေတာလိုင်စင်သည်  မြန်မာနိုင်ငံအတွက် စမ်းသပ်မှုတစ်ခု

(Reuters မှ  25 Jun 2013 ရက်စွဲပါ  Mobile Licences Test Case  For Myanmar  သတင်းကို ဘာသာပြန်ဆို သည်)

  1. မြန်မာတို့ လှမ်းရမည့် ခြေလှမ်း( ၁၀) လှမ်း

( 24 June 2013 ရက်စွဲပါ CNN မှ  Suzanne Dimaggio နှင့် Priscilla Clapp တို့ ရေးသားသော 10 Steps Myanmar Must Take ကိုဘာသာပြန်ပါသည်)


မဲခေါင်မူးယစ်နှိမ်နှိင်းရေး စီမံချက်အတွင်း သံသယရှိသူ ၁၃ဝဝ ခန့်ကို ဖမ်းဆီး

(Ximhua မှ 25 Jun 2013 ရက်ပါ “1300 arrested in Merkong anti-drug campaign”  သတင်းကို ဘာသာပြန်ဆို သည်)

ဧပြီလတွင် စတင်သော နှစ်လကြာ မဲခေါင်မြစ်ကြောင်း မူးယစ်ဆေးဝါး နှိပ်နှိင်းရေးစီမံချက်ကာလအတွင်း သံသယ ရှိသူ ၁၃ဝဝခန့်နှင့် မူယစ်ဆေးဝါး ၃.၉တန်ကို တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းရဲများက ဖမ်းဆီးခဲ့ကြောင်း တရုတ်ပြည်သူ့လုံခြုံ ရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာသည်။

စီမံချက်ကာလအတွင်း သေနတ် ၂၉လက်၊ ကျည်ဆံ ၇၉၇တောင့် နှင့် မူယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြု သော ဓာတုပစ္စည်း ၇၈.၇ တန်ကို ရဲများက သိမ်းဆည်းရမိခဲ့သည်ဟု ဝန်ကြီးဌာနအဆိုအရ သိရှိရသည်။

ထို့အပြင် စီမံချက်ကာလအတွင်း မူယစ်ဆက်စပ်မှုခင်း ၁ဝ၃၇မှုကို ရဲများက ရှင်းလင်းခဲ့သည်ဟု ဆိုသည်။

မဲခေါင်မြစ်အတွင်း မူယစ်ဆေးဆက်စပ် ရာဇဝတ်မှုများမကြာခဏ ဖြစ်ပွားနေမှုကို ထိထိရောက်ရောက် ထိန်းချုပ်ထား နိုင်ပြီဟု တရုတ်ပြည်သူ့ဝန်ကြီးဌာနက ပြောကြားသည်။

ဘေးကင်းသောမြစ်(Safe River) ဟု အမည်ပေးထားသော မဲခေါင်မြစ်ကြောင်း မူးယစ်ဆေးဝါး ပူးတွဲနှိပ်နှိင်းရေး စီမံချက်ကို ဧပြီလ ၂ဝ မှ ဇွန်လ ၂ဝ အထိ နှစ်လကြာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှ၏ အဓိက ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက် နမ် နိုင်ငံများကို ဖြတ်သန်းစီဆင်းသွားသော မဲခေါင်မြစ်သည် အထက်ပိုင်းလေးနိုင်ငံ ထိစပ်နေသော နေရာတစ်ဝိုက် တွင် မူးယစ်ဆေးဝါး ဆက်စပ် ရာဇဝတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး မကြာသေးခင် ကာလအထိ နှိပ်နှင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။

ပြီးခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပက်သက်နေသော တရုတ်နိုင်ငံသား ၁၃ဦး အသတ်ခံရသော အမှုဖြစ်ပွားခဲ့ပြီးနောက်တွင် မချိမခံသာ ဖြစ်ပွားသွားသော တရုတ်နိုင်ငံက လာအို၊ မြန်မာ၊ ထိုင်း၊ အိမ်နီးချင်း သုံးနိုင်ငံကို ဖိအားပေးကာ မဲခေါင်မြစ်မူယစ်ဆေးဝါး ပူးတွဲနှိမ်နှိင်းရေး စီမံချက်ကို ကမကထပြု အကောင်အထည်ဖော်နေခြင်းဖြစ်သည်။


 အော်ပရေတာလိုင်စင်သည်  မြန်မာနိုင်ငံအတွက် စမ်းသပ်မှုတစ်ခု

(Reuters မှ  25 Jun 2013 ရက်စွဲပါ  Mobile Licences Test Case  For Myanmar  သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံပိုင်ဆက်သွယ်ရေးလုပ်ငန်းများက  အဓိကပလေယာ ဖြစ်နေဆဲ  မြန်မာနိုင်ငံတွင် ယခုသီတင်း ပတ် တယ်လီ ကွန်အော်ပရေတာ လိုင်စင်ခွင့်ပြုချက်ရမည့်  Company များအနေဖြင့် နိုင်ငံတစ်လွှား ကွန်ရက်ဖြန့်ရန် ဒေါ်လာဘီလီယံနှင့်ချီ ၍  သုံးစွဲဖို့လိုပါလိမ့်မည်။

တင်ဒါပြိုင်သည့် ကုမ္ပဏီများအနက် စင်ကာပူ  MI Telecom နှင့် ဝန်ကြီးဦးအောင်သောင်း၏ သားများပိုင်သော  IGE ကုမ္ပဏီလက်ထောက်ခံ အမရာ  Amara Communications တို့ ပူးပေါင်း ဖွဲ့စည်းထားသော MIN ကုမ္ပဏီလည်းပါဝင်သည်ဟု သိရှိရသည်။

အော်ပရေတာလိုင်စင် တင်ဒါသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်အပေါ်  အနီးကပ်စောင့်ကြည့်ရမည့် စမ်းသပ်မှုတစ်ခု ဖြစ်နေသော်လည်း  ကနဦးအဆင့်တွင်  နိုင်ငံတကာ  ကုမ္ပဏီ ၉၀ ခန့်အဆိုပြုလွှာ တင်သွင်းခြင်းကို တားဆီး နိုင်ခြင်း မရှိခဲ့ပေ။

သို့ရာတွင် ရင်းနှီးမြှုပ်နှံမှု ကြီးမားခြင်း ၊ အကျိုးအမြတ်မရေရာခြင်းတို့နှင့် ရင်ဆိုင်ရသောကြောင့်  Vodafone နှင့် China Mobile တို့က  ၄င်းတို့၏ ရင်းနှီးမြှုပ်နှံမှု စံညွှန်းများနှင့် ကိုက်ညီမှုမရှိဟု ပြောကြားကာ ပြိုင်ပွဲမှ ထွက်သွားသည်။

နောက်ဆုံးအဆင့် ဆန်ကာတင် စာရင်းဝင် ကုမ္ပဏီ ၁၁ခုတွင် ဂျပန် KDDI နှင့် နော်ဝေ Telenor တို့ပါဝင်နေဆဲ ဖြစ်ပါသည်။

“ဒီဆက်သွယ်ရေးကဏ္ဍကို အစိုးရက ဘယ်လိုတိုင်တွယ်မှာလဲ ဆိုတာကို  ဘယ်သူမှ မမှန်းဆနိုင်ကြပါဘူး” ဟု မြန်မာနိုင်ငံရောက် နိုင်ငံတကာကုမ္ပဏီများကို အကြံပေးနေသူ ရန်ကုန်အခြေစိုက် VDB Loi ရှေ့နေလုပ်ငန်းမှ  အက်ဒွင်ဗန်ဒါ ဘရူဂန် က ပြောကြားသည်။

တပ်မတော်အစိုးရလက်ထက် နိုင်ငံတကာ အပယ်ခံရခြင်း၊ စီမံခန့်ခွဲမှု လွဲမှားခြင်း၊နိုင်ငံကိုတံခါး ပိတ်၍ စီးပွားရှာ အမြတ်ထုတ်ခြင်း တို့ကြောင့် စီးပွားရေး ပြိုလဲလှောင်ပိတ်မိနေသော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ပျံ့နှံ့မှုနှုန်းသည်  ၅% မှ ၉% သာရှိပြီး မြောက်ကိုရီးယားကိုပင် မမှီဟု သိရှိရသည်။ အခြေခံ အဆောက်အဦးစနစ် အနိမ့်ဆုံးသို့ ကျဆင်းနေသော မြန်မာ နိုင်ငံတွင်  ဖုန်းကွန်ရက်ဖြန့်ရန်  ဒေါ်လာ ၂ဘီလီယံခန့် လိုလိမ့်မည်ဟု ဗန်ဒါဘရူဂန် ကခန့်မှန်းသည်။

လက်ရှိအစိုးရသည် ၂၀၁၁ မှစ၍ နိုင်ငံရေး၊စီးပွားရေး အပြောင်းအလဲများကို  တွန်းအားပေးနေ သော်လည်း ဆက် သွယ်ရေးဥပဒေမှာ လွှတ်တော်တွင် ဆွေးနွေးနေဆဲပင် ရှိသေးသည်။ “တိကျတဲ့ ဆက်သွယ်ရေးဥပဒေ မရှိသေးတာ၊ ထုတ်ပြန် မယ့် အချိန်အတိအကျ မသတ်မှတ်ရ သေးတာတွေဟာ တင်ဒါပြိုင်တဲ့ ကုမ္ပဏီတွေအတွက် ကြီးမားတဲ့ မရေရာမှုကို ပေးနေပါ တယ်” ဟု  စင်ကာပူအခြေစိုက်  Allen ရှေ့နေလုပ်ငန်းမှ မာရေးကိုင်တာ ကပြောကြားသည်။

Human Rights Watch အဖွဲ့ကလည်း လူ့အခွင့်အရေး ချိုးဖောက်နိုင်မှု အလားအလာ များရှိကြောင်း  သတိပေး ထားသည်။ တင်ဒါဖိတ်ကြားမှု လျို့ဝှက်ကန့်သတ်စည်းကမ်းအရ  အော်ပရေတာ ကုမ္ပဏီသည် အရေးပေါ်အခြေအနေတွင် ဆက်သွယ်မှုများ တင်းကြပ်ခြင်း၊ ဖြတ်တောက်ခြင်း (သို့) အစိုးရအား ထိုသို့ လုပ်ခွင့်ပေးခြင်း တို့ကို ခွင့်ပြုရဖွယ်ရှိသည်ဟု သိရှိရသည်။

အစိုးရက ၂၀၁၅ နောက်ဆုံးထား၍ ဆက်သွယ်ရေးဥပဒေသစ်ကို ရေးဆွဲရန် စီစဉ်နေသည်ဟု ပြောကြားထားပါ သည်။


မြန်မာတို့ လှမ်းရမည့် ခြေလှမ်း( ၁၀) လှမ်း

 ( 24 June 2013 ရက်စွဲပါ CNN မှ  Suzanne Dimaggio နှင့် Priscilla Clapp တို့ ရေးသားသော 10 Steps Myanmar Must Take ကိုဘာသာပြန်ပါသည်)

 

         မြန်မာနိုင်ငံတွင် ယခုမှ စတင်ကာစရှိသေးသော  အသွင်ကူးပြောင်းရေးသည်  ယနေ့ကမ္ဘာပေါ်တွင် ရှိသော ဒီမိုကရေစီ ဖော်ဆောင်မှုများတွင်  သံဓိဌာန် အခိုင်မာဆုံး ကြိုးပမ်းမှုအဖြစ် ထွက်ပေါ်လာနေပါသည်။ မြန်မာနိုင်ငံတွင် ရာစုနှစ် တစ်ဝက်ခန့် သွေးထွက်သံယိုများ ဖြစ်စေပြီး  တိုင်းပြည်အား ချွတ်ခြုံကျစေသည့် စစ်အုပ်ချုပ်ရေးအပြီးတွင် စီမံတွက်ချက် ထားသော ထိပ်ပိုင်းမှ စသော အပြောင်းအလဲကို စတင်ခဲ့ရာ အောက်ခြေမှ စ၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူထုအခြေပြု အဖွဲ့အ စည်း လှုပ်ရှားမှုများတွင်  အောက်ခြေမှ စတင် လုပ်ဆောင်ရန် တွန်းအားပေးနေပါသည်။

ယနေ့အထိ တိုးတက်မှုများရှိနေသည် ဆိုသော်လည်း ၊ ယခုမှစ၍ ၂၀၁၅ ရွေးကောက်ပွဲအထိ ၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်များဖြစ်သော သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းတို့သည် စိန်ခေါ်မှု အမျိုးမျိုးကို ကြုံတွေ့ရမည်ဖြစ်ပြီး ၊ အဆိုပါ စိန်ခေါ်မှုများသည် ၄င်းတို့၏ စွမ်းဆောင်ရည်နှင့် အသွင်ကူးပြောင်းရေးကာလ၏ ခံနိုင်ရည်ရှိမှု တို့အပေါ် စမ်းသပ်မှု သဖွယ်ရှိလာပေလိမ့်မည်။ အရေးပေါ် ဦးစားပေးရမည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသော လူ့အဖွဲ့အစည်းအတွင်း တိုင်းရင်းသားနှင့် ဘာသာရေး ပဋိပက္ခများကို အဖြေရှာရေး ၊ ဆင်းရဲမွဲတေနေသော ပြည်သူအများစုကြား အလုပ်အကိုင် ဖန်တီးပေးရေး ၊ စစ်တပ်၏ အခန်းကဏ္ဍကို ဆက်လက်အသွင်ပြောင်းရေး၊ အဂတိလိုက်စားမှုကို တိုတ်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးမှုကို လုပ်ဆောင်ခြင်းများ ပါဝင် ပါသည်။

စာရေးသူတို့သည် မကြာမီက မြန်မာနိုင်ငံသို့ သွားရောက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ အကြီးတန်း အစိုးရ တာဝန်ရှိသူများ၊ သမ္မတ၏အကြံပေးများ၊ စီးပွားရေးနှင့် လူထုအခြေပြုအဖွဲ့အစည်းများ ၊တက်ကြွလှုပ်ရှားသူများ၊ သတင်းစာ ဆရာများနှင့် တွေ့ဆုံခဲ့၍ အစည်းအဝေးများ အကြံပြုမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုများမှတဆင့် ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် စေရန် ၊ မြန်မာခေါင်းဆောင်များ ထိန်းချုပ်ရမည့် အဓိက သော့ချက်စိန်ခေါ်မှု ဆယ်ခုကို စာရေးသူတို့ ဖော်ထုတ်ခဲ့ပါသည်။

၁။ စစ်တပ်၏ နိုင်ငံရေးနှင့် စီးပွားရေးအခန်းကဏ္ဍကို ပြန်လည်သတ်မှတ်၍ ပရောဖက်ရှင်နယ်ကျကျ လုပ်ဆောင်ရန်

တိုင်းပြည်တွင် စစ်တပ်၏စီးပွားရေးအရ လွှမ်းမိုးထားမှုကို ဖယ်ရှားမပစ်မချင်း တိုင်းရင်းသားလူနည်းစုနှင့် နိုင်ငံရေး အရ ပြန်လည်ပေါင်းစည်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရန် ခက်ခဲနေဦးမည်ဖြစ်ပါသည်။အကယ်၍ တိုင်းပြည် ၏ပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်၏ဆိုးရွားစွာ ဆင်းရဲမွဲတေနေရမှုကို သက်သာရာရစေမည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မဆောင်ကြည်းနိုင်ပါက တိုင်းပြည်မတည်ငြိမ်မှုအတွက် ခြိမ်းခြောက်မှုရှိနေမည်ဖြစ်ပါသည်။

၂ ။တရားဥပဒေစိုးမိုးရေးနှင့် တရားရေးမဏိုင်ကို ခိုင်မာစွာထူထောင်ရန်

 အစိုးရသစ်၏ ဖွဲ့စည်းတည်ဆောက်မှုတွင် တရားရေးမိုင်သည်  အဓိကအားနည်းချက်အဖြစ် ရှိနေဆဲဖြစ် ပါသည်။ယင်းမှာ ဖွဲ့စည်းမှုပုံစံတွင် ပြဿနာဖြစ်နေသည်မှာ တစိတ်တပိုင်းဖြစ်ပြီး၊ စစ်အစိုးရအဆက်ဆက် တရားစီရင်မှုဆိုင်ရာ ကျုးလွန်မှုများ၏ ရလာဒ်ကြောင့်လည်း တစိတ်တပိုင်းဖြစ်ပါသည်။ ယင်းသို့ အဆက်မပြက်နေမှုများကြောင့်  ပြည်သူများက တရားမျှတစွာ တရားစီရင်နိုင်စွမ်းရှိပြီး တရားဥပဒေ စိုးမိုးမှုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ရမည့် တရားရုံးများ ဖွံ့ ဖြိုးလာရေးတွင် ပြဿနာရှိလာပါသည်။

၃ ။ လူတစ်ဦးချင်း ရပိုင်ခွင့်များ အကာအကွယ်ပေးရန်

လွန်ခဲ့သောနှစ်နှစ်ကတည်းက လွတ်လပ်မှုအသစ်များအတွက်  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်က တံခါးဖွင့်ပေးခဲ့ သော်လည်းဥပဒေအရ  လိုက်နာအကာအကွယ်ပေးမှုများ မရှိသေးပေး။ ၂၀၀၈  အခြေခံဥပဒေတွင် ဖော်ပြထားသော်လည်း ၊တစ်ဦးချင်းရပိုင်ခွင့်များကို ဥပဒေဖြင့်အကာအကွယ်ပေးမှုများ မရှိသေးပေ။တကယ်တမ်း ဆိုရလျှင် ၁၉၆၂ ကတည်းက ချမှတ် ကျင့်သုံးလာခဲ့သော ဥပဒေများ၊ စည်းမျဉ်းများသည် လုံခြုံရေးကိုသာ အဓိကထားပြီး အာရုံပြုခဲ့ပြီး၊ယခုအထိ စာအုပ်များတွင် ရှိနေဆဲဖြစ်ပါသည်။

အဆိုပါ ဥပဒေကိုပင် လုံခြုံရေးတပ်ဖွဲ့များက လိုအပ်ပါက အသုံးပြုနေဆဲဖြစ်ပါသည်။

၎ ။ တိုင်းရင်းသားများ တန်းတူညီမျှရေးအတွက်  ထိရောက်သော ဖော်မြူလာများ ဖွံ့ဖြိုးစေရေး

နိုင်ငံရေးအရ အသွင်ကူးပြောင်းရေး တစ်ခုတည်းသက်သက်ဖြင့် တိုင်းရင်းသားများတန်းတူညီမျှရေးကို မဖော် ဆောင်ပေးနိုင်ပါ။နိုင်ငံရေးနှင့် စီးပွားရေးအပါအဝင် အာဏာခွဲဝေရေးနှင့်ပတ်သက်သော အချို့ခက်ခဲသော နိုင်ငံရေးအရ ဆုံးဖြတ်ချက်များ လိုအပ်ပြီး ၊ တဖြည်းဖြည်းအခြေခံ ဥပဒေ ပြင်ဆင်မှုများပါ လိုအပ်ပါသည်။မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် ကိုအစိပ္ပယ် သတ်မှတ်ရန်နှင့် ဖက်ဒရယ်အဆင့်တွင် အုပ်ချုပ်ရေးအာဏဗဟိုချုပ်ကိုင်မှု လျော့ချရေးနှင့်ဒေသဆိုင်ရာ အစိုးရ များအား ကောင်းစေရေးတို့အတွက်  အလေးအနက် အခြေအတင်ဆွေးနွေးမှုများ တိုးတက်လာရမည်ဖြစ်၍ ၄င်းတို့ သည် အရေးကြီးသောခြေလှမ်းဖြစ်ပြီး၊  ရှေ့ဆက်သွားရန် များစွာ ကျန်ရှိနေပါသေးသည်။

၅။ လူမှုရေးအရ လည်းကောင်း ဘာသာရေးအရ လည်းကောင်း သည်းခံစိတ်များ တဖြည်းဖြည်း မွေးလာစေရန်

ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်များကြားတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများသည် ပြဿနာရှာလို့သူ အနည်းစုက ဒေသတစ်ခုမှ အငြင်းပွားမှုလေးတစ်ခုကိုအဓိကကျသော ပဋိပက္ခအဖြစ် အသွင်ပြောင်းနိုင်ရန် ရေခံမြေခံများပင် ဖြစ်ပါသည်။ ရဲတပ်ဖွဲ့သည် လူအုပ်ကြီးဖြင့် အကြမ်းဖက်မှုကို ထိရောက်စွာကာကွယ်ရန်နှင့်တုံပြန်ရန် သေချာဖွဲ့စည်း၍ လေ့ကျင့် ထားသင်ပါသည်။တချိန်တည်းမှာပင် အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ ဘာသာရေးနှင့်အစိုးရခေါင်းဆောင်များသည် စိတ်ရှည် ရန်နှင့် သံသယများကို ဖော်ထုတ်ရန် ပညာပေးမှုများနှင့် ဆွေးနွေးမှုများ အဆက်မပြတ် ပြုလုပ်သင့်ပါသည်။

၆။ အဂတိလိုက်စားမှုသည် မြန်မာအစိုးရနှင့် စီးပွားရေးတွင် အမြစ်တွယ်နေပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်

ဒီမိုကရေစီဖော်ဆောင်ရေး၊ စီးပွားရေးဖြေလျော့မှုများတွင် ကြီးစွာသောစိန်ခေါ်မှုဖြစ်ပါသည်။အကယ်၍ ယနေ့ရှိနေ သော အဂတိလိုက်စားမှု အဆင့်ကို ၂၀၁၅ မတိုင်မီ အရေးပါစွာ လျော့မချနိုင်ပါက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးသည် ကမ္ဘာအနှံတွင် တွေ့ရလေ့ရှိသည် မကျက်တကျက် ဒီမိုကရေစီသာ ဖြစ်လာလိမ့်မည်ဖြစ်ပါသည်။

၇။ အစိုးရနှင့်စီးပွားရေးတွင် စွမ်းဆောင်ရည် ကွက်လပ်ဖြစ်နေသော အလယ်လွှာ ပျောက်ဆုံးနေမှုကို ဖော်ထုတ်ခြင်း

 

`        မြန်မာခေါင်းဆောင်ပိုင်းသည် မြန်ဆန်သော  ပြုပြင်ပြောင်းလဲရေးကို ကောက်ရိုးမီးကဲ့သို့ ဝုန်းခနဲ စနစ်မျိုးဖြင့် ဖိအား ပေးလျက်ရှိပါသည်။ အရပ်ဖက်လူ့အဖွဲ့အစည်းများကလည်း လက်တွေ့ အောက်ခြေတွင် တုန့်ပြန်မှုများရှိရန် ကျယ်ကျယ် လောင်လောင် ပြောဆိုလျက် ရှိပါသည်။ မူဝါဒကို လက်တွေ့အကောင်အထည်ဖော်ရေး အဆင့်သို့ ပြောင်းပေးမည့် အလယ် လွှာ ပျောက်ဆုံးနေပါသည်။ အဆိုပါအလွှာသည် စွမ်းအားမရှိဘဲ အထက်ပါကိစ္စရပ်များကို ကိုင်တွယ်ရန်နှင့် အကောင်အ ထည်ဖော် ရန် စွမ်းဆောင်ရည် မရှိပေ။

၈။ပြုပြင်ပြောင်းလဲရေး၏ အကျိုးအမြတ်ကို  ပြည်သူလူထု၏ ကျယ်ပြန့်သော အလွှာများထံ ဝေငှနိုင်ရေး

မက်ခရိုစီးပွားရေး တည်ငြိမ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များအတွက် စီးပွားရေး ပတ်ဝန်းကျင် တိုးတက်ရေးအတွက် အဓိက ခြေလှမ်းများဖြစ်ပါသည်။ အဆိုပါ ကြိုးပမ်းမှုများကို  ဆက်လက်လုပ်ဆောင် နေစဉ်မှာပင် အစိုးရသည်  အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို အလုပ်အကိုင် ဖန်တီးမှုနှင့် သာမန်လယ်သမားများ  စွမ်းအားထက်စေ ရေးကို  ဦးတည်ရန်  အားပေးရမည်ဖြစ်ပြီး ခရိုနီ လူတန်းစားထဲ မရောက်ရန် လုပ်ဆောင်ရပါမည်။ လက်ရှိ စစ်တပ်နှင့် ခရိုနီ များကသာ စီးပွားရေးကို ထိန်းချုပ်ထားခြင်းသည် ကျယ်ပြန့်မှုကို အခြေခံသော  င်္စိးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်  ကြီးမား သော အတားအဆီးများ ဖြစ်ပါသည်။

၉။မြေယာနှင့် ပစ္စည်းရပိုင်ခွင့်ကို ဖော်ထုတ်ရန်

လွှတ်တော်တွင် မြေယာနှင့် ပတ်သက်သော ဥပဒေသစ်များအတွက်  စင်္ကြံရှိနေသော်လည်း လက်တွေ့တွင် မြန်မာ နိုင်ငံမှ ပြည်သူများသည် စီးပွားရေးလုပ်ငန်းများ ၊စိုက်ပျိုးရေးစီမံကိန်းများ အတွက် လုံလောက်သော လျော်ကြေး(သို့) ဘဝပြန် လည်ထူထောင်ရေးအတွက် လုပ်ဆောင်မပေးနိုင် ဘဲ တရားမျှတမှု မရှိစွာ နေရာဖယ်ပေးနေရခြင်းများ ရှိနေဆဲ ဖြစ်ပါသည်။ တရားမျှတသော တရားစီရင်ရေးစနစ် မရှိခြင်းကြောင့် ပြည်သူများသည်  အဆိုပါ နေရာဖယ်ပေးခဲ့ရမှုများအပေါ် ဘာမျှ မလုပ် နိုင်ခဲ့ပေ။ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအသစ်များသည် ဒေသခံများအတွက်  မျှတသော မျှဝေခံစားမှုရှိရမည်။ ပုံစံသစ်နှင့် မြေယာ များမှ  မတရားဖယ်ရှားမခံရရေး တည်ငြိမ်သော မြေယာပိုင်ခွင့်များ သေချာစေရပါမည်။

၁၀။စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှု၊ ပတ်ဝန်းကျင် အကာအကွယ်ပေးရေးကြားတွင် ချိန်ခွင်လျှာညီရန် ဆွေးနွေးသည့် ယန္တရား တိုးတက်ရန်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်နှင့်အမျှ ဒေသခံအသိုင်းအဝိုင်များတွင် ဖွံ့ဖြိုးရေးစီမံကိန်း များကြောင့် လိုအပ်ချက်များနှင့် တိုင်းရင်းသား ဒေသခံများတွင် အမျိုးသားအခြေခံ အဆောက်အဦလုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည့် ဆန္ဒပြမှုများအတွက် ၄င်းအသိုင်းအဝိုင်းများနှင့်အတူ  လုပ်ကိုင်ရန် လိုအပ်ပါသည်။ ကြီးမာသော သယံဇာတ ထုတ်ယူမှုများ တွင် ဒေသခံများနှင့် မျှတစွာ မျှဝေရေးကို သေချာစေရန် လိုအပ်ပါသည်။

အသွင်ကူးပြောင်းရေးဟူသည် ဘယ်သောအခါမှ ချေမွေ့သည်ဟု မရှိပေ။ မြန်မာနိုင်ငံမှ လက်တွေ့အခြေအနေမှာ လည်း ပိုမိုကောင်းမွန်သော အနေအထားမရောက်မီ  ပိုမိုခက်ခဲသော အပိုင်းကို ကြုံရမည်ဖြစ်ပါသည်။ယခုပင် ကျွန်ုပ်တို့သည် လက်ရှိလုပ်ငန်းစဉ်မှ အကျိုးအမြတ်ရှိသူများ၊ ဆုံးရုံးမှုရှိသူများကို စတင်တွေ့မြင်လာရမည် ဖြစ်ပါသည်။ စီင်္းပွားရေး ဖွံ့ဖြိုးတိုး တက်မှုမှာလည်း မညီမျှနိုင်သေးပေ။ ရင်းနှီးမြှုပ်နှံမှုများမှာလည်း ကျုယ်ပြန့်မှုကို အခြေမခံနိုင်သေးပေ။ မြေယာရပိုင်ခွင့် အငြင်း ပွားမှုများကို အလွယ်တကူ မဖြေရှင်းနိုင်သေးပေ။ ပြည်သူများလည်း နေရာရွေ့ပြောင်းပေးရဦးမည်။ တိုင်းရင်းသားနှင့် ဘာသာ ရေး ပဋိပက္ခများမှာ အားလုံးလက်ခံနိုင်သော အဖြေမရမချင်း ဆက်လက်ရှိနေနိုင်ပါသည်။ လက်ရှိအခြေအနေကို ပေးထား ချက်အဖြစ် ခံယူ၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံကို  ၂၀၁၅ နှင့်  ၄င်းကို ကျော်၍ လက်ရှိ အပေါင်းလက္ခဏာ ဆောင်သော လမ်းကြောင်းကို  ဆက်လက်လျှောက်လှမ်းနိုင်ရေးကို သေချာစေရန်  ယုံကြည်စိတ်ချရသော ပါတနာအဖြစ် လုပ် သင့်လုပ်ထိုက်သည်များ လုပ်ပေးရမည်ဖြစ်သည်။

(Suzanne  Dimaggio)သည် Asia Society  မှ ကမ္ဘာလုံးဆိုင်ရာ မူဝါဒ အစီအစဉ်  ဒုဥက္ကဋ္ဌဖြစ်ပြီး Priscilla Clapp သည် အမေရိကန်နိုင်ငံခြားရေး  ကောင်စစ်ဝန် ဝန်ကြီး ဖြစ်ပြီး မြန်မာနိုင်ငံရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံဖြစ်ပါသည်။

(အထက်ပါတို့မှာ  ၄င်းတို့၏ အမြင်ဖြစ်ပါသည်)


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံတကာ အလှူရှင်တွေကို MPC ကပဲ ချုပ်ကိုင်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ အလှူရှင်တွေကနေ ပြီးတော့ တိုင်းရင်း သား လက်နက်ကိုင်တွေကို ပေးတဲ့ဟာ MPC က တစ်ဆင့် သွားတယ်ဆိုတာလည်း ရှိမှ မရှိတာ ဘယ်လို ပြောပြရမလဲ။ ကျွန်တော် ကိုယ်တိုင် MPC မှာ လုပ်နေပေမယ့် ကျွန်တော့်အတွက် ထိုင်ခုံ မရှိပါဘူး”

၂၀၁၃ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ် အတွဲ (၅) ၊ အမှတ် (၂၅) တွင် ပါရှိသော “ငြိမ်းချမ်းရေး စင်တာ၏ လုပ်ဆောင်ချက် ဒေါက်တာနိုင်အောင် ဝေဖန်” သတင်းမှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြောင်းလဲရေးနဲ့ ပတ်သက်လို့ ဆိုလို့ရှိရင် အန်တီတို့အနေနဲ့ကတော့ ပြည်သူကို ရှင်းပြဖို့ သိပ် အရေး ကြီးတဲ့ကိစ္စတစ်ခုလို့ ဒီလိုပဲမြင်တယ်။ ဘာဖြစ်လို့ ပြောင်းလဲချင်တာလဲ၊ ပြောင်းလဲခြင်းအား ဖြင့် ဒီနိုင်ငံအတွက် ဘာအ ကျိုးရှိမလဲ၊ နိုင်ငံအတွင်းက ပြည်သူတွေနဲ့ အဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းတွေဆို တာ ပြောရမယ်ဆိုရင် တပ်မတော် အပါအ ၀င် ပြည်သူတွေအတွက် အကျိုးတွေ ရှိမယ် ထင်သလဲဆိုတာ ဒါတွေ ရှင်းပြရမယ်။ ရှင်းပြပြီးတော့ ပြည်သူလူထုက သဘော ပေါက်ပြီး လက်ခံသွားပြီဆိုရင် အောင်မြင်ကို အောင်မြင်ရမယ်။ အနှေးနဲ့ အမြန်ပေါ့။ အမြန်ဆိုတော့ ပိုကောင်းတာပေါ့”

၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “သမ္မတဖြစ်ရေး သူရဦး ရွှေမန်း အပြော ဒေါ်အောင်ဆန်းစုကြည် သဘောကျ” သတင်းမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“အဲဒီ အသေးစိတ်ကတော့ ကျွန်တော် မပြောနိုင်ဘူး။ ကျွန်တော် ပြောနိုင်တာကတော့ အခုကလေးနဲ့ တမူးမှာ ဒုတိယ ရဲချုပ် ခေါင်းဆောင်ပြီးတော့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်တဲ့ဟာက ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်တယ်။ မူးယစ်ဆေးဝါးထိ ပြဿနာကို ပြည်သူလူထုက တင်ပြလို့ လူထုက ရတဲ့ သတင်းနဲ့ အခုလို အရေးယူဆောင်ရွက်တဲ့ ပုံမျိုးကို အဲဒီလိုပဲ လူထုတိုင်ကြားတဲ့ပေါ် မူတည်ပြီးတော့ ကျန်တဲ့ တရားသူကြီးတွေ အပါအ၀င်ပေါ့။ ကျန်တဲ့ အကျင့်ပျက်တဲ့လူတွေကို သက်ဆိုင်ရာ ဌာနအသီးသီးက အခု ကလေးနဲ့ တမူးမှာ လုပ်သလို အရေးယူ ဆောင်ရွက်ခြင်းဟာ သမ္မတကြီးပြောတဲ့ သန့်စင်တဲ့အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး တည်ထောင်ဖို့အတွက် အင်မတန် လိုအပ်တဲ့ ခြေလှမ်းပဲလို့ ကျွန်တော်မြင် တယ်”

၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် Popular News ဂျာနယ် အတွဲ (၅) ၊ အမှတ် (၂၅) တွင် ပါရှိသော “ကလေးမြို့ သာဓကနှင့် အကျင့်ပျက်ခြစားမှု ပြဿနာ ဘယ်လို ကိုင်တွယ်ကြမလဲ” သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ဦးဝီရသူ ဘက်ကနေ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်။ အခြေခံဥပဒေ ကလည်း ကာကွယ်ထားတယ်။ ဗုဒ္ဓဘာသာကလည်း သိမ်မွေ့နက်နဲတဲ့ နူးညံ့တဲ့ငြိမ်းချမ်းရေးကို လုပ်တဲ့ဘာသာ ဖြစ်တယ်။ အခုအချိန်မှာ ပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက်နေတယ်။ အခုလို ဆောင်ရွက်နေတဲ့အချိန်မှာ ရေးသား ထားတဲ့ အတွက် ကန့်ကွက်ရတာဖြစ်ပါတယ်ဗျ”

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် လူထုပုံရိပ် ဂျာနယ် အတွဲ (၁) အမှတ် (၃၉) တွင်ပါရှိသော “တိုင်းမဂ္ဂဇင်းကို အရေးယူ ပေးရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံ မေတ္တာရပ်ခံ” သတင်းမှ နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “အဲဒါကိုတော့ ကျွန်တော်တို့ သဘောမတူပါဘူး။ တစ်ခုရှိတာက ကျွန်တော်တို့က လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ဒါတွေနဲ့ ပတ်သက်လို့ လွတ်လပ်ခွင့် ပေးထားပါတယ်။ အဲတော့ ဘာသာ နှစ်ခု အပြန်အလှန် လေးစားကြဖို့ပါပဲ”

၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မျိုးစောင့် ဥပဒေကို သဘော မတူ ဟု မြန်မာ့လူ့အခွင့်အရေးကော်မရှင် ပြော” အမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

 ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် မပါဝင်ပါက  သြစတြေးလျ ကူညီတော့ မည် မဟုတ်ဟုဆို

လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်အား သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်း မရှိဘဲ ဆက်လက်တားမြစ် ထားမည်ဆိုပါက အဆိုပါရွေးကောက်ပွဲတွင် သြစတြေးလျအစိုးရအနေဖြင့် ဝင်ရောက်အကူအညီ ပေးမည်မပာုတ်ကြောင်း သိရသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ဝင်ရောက်အရွေးချယ်ခံရန် တားမြစ်ထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်ကို အသိအမှတ်ပြုထားသော ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ ထောက်ခံအားပေးမှုများကို ပျက်ပြားစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 လက်ရှိအချိန်တွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌  သမ္မတတာဝန်ကို ထမ်းဆောင်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လက်ရှိသမ္မတဖြစ်သူ ဦးသိန်းစိန်တို့က ဝန်ခံပြောကြားထားသည်။


 အထူးစီးပွားရေးဇုန်များတွင်  နိုင်ငံခြားသားများ ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ရရှိရန် လွှတ်တော်တွင် ဆွေးနွေးမည်

လက်ရှိ ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသည့် မြန်မာ့အထူးစီးပွားရေးဇုန် ဥပဒေကြမ်းတွင် ပါရှိသော အထူး စီးပွားရေး ဇုန်များတွင်  နိုင်ငံသားနှင့် နိုင်ငံခြားသားများကို ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ပြုရန် သင့်၊  မသင့် ကိစ္စရပ် နှင့်ပတ် သက်၍ စီးပွားရေးဇုန်များတွင် နိုင်ငံခြားသားများ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့်ရရှိရန် ဇွန်  ၂၆ ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေကြမ်းကို ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်သည့် ပြည်သူလွှတ်တော်အစည်းအဝေး၌ အတည်ပြုနိုင်ရေး အတွက် ဆွေးနွေးခဲ့ပြီး ယင်းအထူးစီးပွားရေးဇုန်များကို ကွပ်ကဲမည့် ဗဟိုအဆင့်လုပ်ငန်း အဖွဲ့များ၊ စီမံခန့်ခွဲရေးကော်မတီများ တွင်  ပြည်ပမှပညာရှင်များကိုလည်း ပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း  သိရသည်။


 KIO  ဘက်မှ ငြိမ်းချမ်းရေးဆိုင်ရာ အလုပ်အဖွဲ့ ဖွဲ့စည်းရေး ရှင်းလင်း

အစိုးရ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တို့အကြား သဘောတူညီ ထားသော အလုပ်အဖွဲ့(Technical Team) ဖွဲ့စည်းရေးမူကြမ်းကို မြစ်ကြီးနားမြို့ရှိ လူမှုအခြေပြုအဖွဲ့အစည်းများ နှင့် ကချင်လူထုအား ဇွန်လ ၂၂ ရက်နေ့က ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈၊  ၁၉ ရက်နေ့တို့တွင် ပြုလုပ်သော KIO ငြိမ်းချမ်းရေး ခေါင်းဆောင်များ၊ PCG နှင့် ဘာသာရေး ခေါင်းဆောင်များ၏  အစည်းအဝေးများတွင် Technical Team အဖွဲ့ကိုဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး  ယင်းအဖွဲ့ တွင် ပါဝင်မည့် သူများကို ဇွန်လ ၂၆ ရက်၌ အပြီးသတ်ရွေးချယ်ကာ  ဇွန်လ ၂၇ ရက်နေ့မှစတင်၍ မြစ်ကြီးနားမြို့  KIO ဆက်ဆံရေးရုံး၌ ရုံးထိုင်ရမည်ဖြစ်ကြောင်း သိရသည်။


 

မျိုးစောင့်ဥပဒေကို သဘောမတူဟု မြန်မာ့လူ့အခွင့်အရေးကော်မရှင်ပြော

မျိုးစောင့်ဥပဒေဟု အမည်ပေးထားသည့် “ မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေ”တွင်ပါရှိသည့် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ လက်ထပ်မည့် အမျိုးသားသည် လူမျိုးခြား ဖြစ်ပါက  ဗုဒ္ဓဘာ သာဝင်အဖြစ် ကူးပြောင်းပြီးမှသာ လက်ထပ်ရမည်ဆိုသောအချက်အား အမျိုးသားလူ့အခွင့် အရေးကော်မရှင်က သဘောမ တူကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

အဆိုပါ မျိုးစောင့်ဥပဒေကြမ်းသည် ဇွန်လ ၁၃ ရက်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် ဓမ္မဒူတ ဇေတဝန်တောရ အရှင်ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပသော ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြိုညှိနှိုင်း ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

အမျိုးဘာသာသာသနာအား စောင့်ရှောက်ခြင်းသည် နိုင်ငံသားများ၏ ထိန်းသိမ်းရမည့် တာဝန်ဖြစ်ပြီး  လူမျိုးခြား၊ ဘာသာခြားများအား လက်ထပ်ခြင်း၊ ကိုးကွယ်ခြင်းသည် ပြည်သူများ၏ ခံယူချက်သက်သက်သာ ဖြစ်ကြောင်း  လူ့အခွင့် အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောဆိုခဲ့သည်။


 ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာ ငါးစောင်အား ယာယီထုတ်ဝေခွင့်ပြု

ပြန်ကြားရေးဝန်ကြီးဌာနမှ  ပုဂလိကနေ့စဉ်သတင်းစာများအား  ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်မှ စတင်၍  တတိယ အကြိမ်အဖြစ် သတင်းစာစောင်ရေ စုစုပေါင်း ၂၆ စောင်အထိ  ထုတ်ဝေခွင့်ပြုခဲ့ပြီး ယခု စတုထ္ထအကြိမ်မြောက် အဖြစ်   ၂၀၁၃ ခုနှစ် ဇွန်လ  ၁ ရက်မှ စတင်၍ People Net Daily ၊ မြန်မာ့သဝဏ်နေ့စဉ်( The Myanmar Thawon Daily )၊ မြန်မာဝတီ နေ့စဉ်သတင်းစာ (The Myanmar Wady Daily)၊ မြန်မာ့ဝတီနေ့စဉ်(The Myanmar Daily)၊ Victory  နေ့စဉ်သတင်းစာ တို့ကို ယာယီထုတ်ဝေခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။


 

မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံး

မူးယစ်သယ်ဆောင်မှု သတင်းရရှိချက်အရ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ နမ့်ခမ်းမြို့နယ် လွယ်လင်ကန်ကျေးရွာ အတွင်း ဇွန်လ ၂၅ ရက်နေ့ ညနေ ၆ နာရီတွင် သွားရောက်စောင့်ဆိုင်းရာတွင် ဗုံးခွဲတိုက်ခိုက်ခံရပြီး အဆိုပါအဖွဲ့မှ တစ်ဦးပွဲ ချင်းပြီးသေဆုံးကာ ၂ ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်မှာ ယင်းနယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိသည့် ပန်ဆေးကျော်မြင့်အဖွဲ့ဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုခဲ့ပြီး ပြီးခဲ့သည့် မေလအတွင်း ကလည်း အမည်မသိအဖွဲ့တစ်ခုမှ နမ့်ခမ်းမြို့နယ်၊ အောင်မေတ္တာရပ်ကွက်ရှိ ပရိပတ္ထိစာသင်တိုက်ကျောင်း အနီးတွင် ရဲတပ်ဖွဲ့ အား တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။


 မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် တရုတ်(CPI) ကချင်ဘာသာရေးခေါင်းဆောင်များအား စည်းရုံး        

နိုင်ငံတော်သမ္မတအမိန့်ဖြင့် ရပ်ဆိုင်းထားသော ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည် စတင်နိုင်ရန် တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(CPI)ကုမ္ပဏမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦး အပါအဝင် အင်ဂျင်နီ ယာ ၆ ဦးတို့က ကချင်ဘာသာရေးခေါင်းဆောင်အချို့ကို သွားရောက်တွေ့ဆုံ၍ စည်းရုံးမှုများ ပြုလုပ်လျက်ရှိကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချိကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုဖွံ့ဖြိုးရန် ပိုမိုနက်နဲစွာ ဆောင်ရွက်လျက်ရှိသည် ဟုပြော ဆိုမှုမှာ မြစ်ဆုံအရေးအတွက် ရတက်မအေးစရာ ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။

တရုတ်အစိုးရသည် မြစ်ဆုံစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာတာစီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားကြောင်းသိရ သည်။

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive