Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“အရေးပေါ်အဆို ဆိုပြီး တင်တာဖြစ်ပါတယ်။ မနက်ဖြန် ဆက်သွယ်ရေးကုမ္ပဏီ ရွေးချယ်ရေးအတွက် အထ မမြောက်ချင်လို့ လွှတ်တော်က အရေးပေါ်လုပ်လိုက်တာလို့ နားလည်ပါတယ်။ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံး နားလည် လိုက်တာကတော့ ခရိုနီတွေကို ကာကွယ်ပေးတဲ့ အဆိုလို့ပဲ သတ်မှတ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ မမျှော်လင့်ဘဲ တင်သွင်းတဲ့အဆို ဖြစ်နေတယ်။ ကျွန်မတို့ အားလုံး ထောက်ခံပါတယ်၊ ကန့်ကွက်ပါတယ်လို့ ပြောခွင့်မရှိဘဲ အရေးကြီး အဆိုအဖြစ် တစ်ဦးက တင်သွင်းပြီး နောက်တစ်ယောက်က ထောက်ခံလိုက်ပါတယ်။ ပြည်တွင်း ပြည်ပ ဖက်စပ်ကုမ္ပဏီ တွေ ကိုပဲ ပေးရမယ်ဆိုတာ ကိုလည်း သဘောမတူပါဘူး။ ပြည်ပ ကုမ္ပဏီတွေကို ပေးရင်လည်း ဆွေးနွေးသွားသလို လက်ဝါးကြီး အုပ်တွေ ဖြစ်လာနိုင်စရာ မရှိပါဘူး။ ဥပဒေတွေနဲ့ ထိန်းချုပ်လို့ ရပါတယ်။”

၂၀၁၃ ဇွန်လ ၂၇ ရက်နေ့ Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးမှ မိုဘိုင်း အော်ပရေတာ ရွေးချယ်ရန် လွှတ်တော်အတည်ပြု” သတင်းမှ မန္တလေးတိုင်းဒေသကြီး ဇမ္ဗူသီရိ မဲဆန္ဒနယ် ပြည်သူ့ကိုယ် စားလှယ် ဒေါ်စန္ဒာမင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူကိုယ်စား လုပ်ဆောင်ပေးရတာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်းမှာ ရွေးကောက်တင်မြှောက်ပိုင်ခွင့်နဲ့ ရွေးကောက်တင်မြှောက်ခွင့် ရှိတယ်။ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ခွင့် မရှိတော့ ဘူး။ လွှတ်တော်ကိုယ်စားလှယ် မရှိရင် နိုင်ငံသား အခွင့်အရေး ဆုံးရှုံးတာပါ။ ဒါကြောင့် ဒီမေးခွန်းကို မေးဖြစ်တာပါ”

၂၀၁၃ ဇွန်လ ၂၇ ရက်နေ့ ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ် သဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်မရှိဟု ပြောကြား” သတင်းမှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခု ကျွန်တော်တို့ အစိုးရ လက်ထက်မှာ Refugee ကို လက်ခံပါတယ်။ IDP ကို လက်ခံပါတယ်။ Migrant Worker ကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေပဲ ဖြစ်တယ်။ ကျွန်တော်တို့ သားသမီးတွေပဲဖြစ် တယ်။ ဒါတွေအတွက် လုပ်ရမယ့် တာဝန်က နိုင်ငံတော်အစိုးရရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အခုလည်း ခင်ဗျားတို့ မြင်လိမ့် မယ်။ လုပ်ကိုင်နေတာ။ မလေးရှားမှာလည်း ပြဿနာဖြစ်တဲ့ အခါကျတော့ ကျွန်တော်တို့ဆီက ဒု-၀န်ကြီး ဦးဇင်ယော်တို့ သွားပြီး ဆောင်ရွက်တာတွေကို ခင်ဗျားတို့ မြင်တွေ့ရမှာဖြစ်တယ်။ ကျွန်တော်ပြောချင်တာတော့ စနစ်တွေ ပြောင်းပါပြီ။ ခေတ် တွေ ပြောင်းပါပြီ။ အမှန်ကို အမှန်အတိုင်းပဲ လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ဆက်လက်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”

၂၀၁၃ ဇွန်လ ၂၈ ရက်နေ့ထုတ် First Weekly ဂျာနယ် အတွဲ (၂) အမှတ် (၈၅) တွင် ပါရှိသော “ဒုက္ခသည်အများဆုံး ရှိတဲ့ ကမ္ဘာ့နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် အဆင့် ၇ တွင် ရှိ၊ လက်ရှိ အိမ်နီးချင်း ဒုက္ခသည်စခန်းများမှာ မြန်မာ ဒုက္ခသည်အရေအတွက် သုံးသိန်းခွဲကျော်ရှိကြောင်း သိရ” သတင်းမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ညွှန့်ပေါင်းသွားမယ်လို့ ဆိုနေကြတာဟာ မိမိကိုယ်မိမိ ယုံကြည်မှု မရှိလို့ဘဲ။ ဘာလို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲကြီးမှာ အနိုင်ရခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ဘာလို့ ညွှန့်ပေါင်း မဖွဲ့သလဲ။ သူ အကုန်နိုင်တာပဲ။ လက်ရှိ အစိုးရအဖွဲ့ထဲ မှာလည်း အပြင်လူ ဆိုလို့ ဒုဝန်ကြီး ဒေါက်တာတင်ရွှေ တစ်ယောက်ပဲ ရှိတာ။ ၂၀၁၅ မှာ ပါတီတွေပြိုင်လို့ သုံးချိုးတစ်ချိုးသာ နိုင်ရင်တော့ ညွှန့် ပေါင်းဖွဲ့ပေါ့။ ဒီဟာကလည်း အစိုးရက ပြန်ပြီးရွေးရမှာ။ ဘာလို့ဆိုတော့ အစိုးရက အမတ်ရွေးခွင့်ရှိတာ မဟုတ်ဘူး။ ပြည်သူက ရွေးချယ် တင်မြှောက်ထားတဲ့ အမတ်တွေထဲကနေ အစိုးရအဖွဲ့ဝင်အဖြစ် ပြန်ရွေးရမှာ။ ပြည်သူရွေးချယ်လိုက်တဲ့ထဲက ကိုယ့် လူက အမတ်နေရာ နည်းနေမယ်ဆိုရင်တော့ ညွှန့်ပေါင်းသွားရမယ်ပေါ့နော်။ ကိုယ်ကသာ အင်အားအကြီးဆုံး ဖြစ်သွားရင် တော့ အချိုးပြောင်းရမှာပေါ့ဗျာ”

၂၀၁၃ ဇွန်လ ၂၈ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ (၃) အမှတ် (၁၄၆)တွင် ပါရှိသော “၂၀၁၅ အတွက် ကိုယ့်ကိုယ် ကို ယုံကြည်မှုရှိပါက ညွှန့်ပေါင်းဖွဲ့မည် အသံထွက်လာစရာ မရှိဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံ (၇)ခု နှင့် လွှတ်တော်ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းရန် လွှတ်တော်တွင်အတည်ပြု

မြန်မာနိုင်ငံရှိ လွှတ်တော်နှစ်ရပ်နှင့် ဥရောပအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပြင်သစ်နိုင်ငံ၏ လွှတ်တော် အပါအဝင် အာရှတိုက်ရှိ သြစတြေးလျ၊ ဗီယက်နမ်၊ ဂျပန်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများရှိ လွှတ်တော်များနှင့် လွှတ်တော် အချင်း ချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်ချစ်ကြည်ရင်းနှီးရေး အသင်းဖွဲ့စည်းရန် ဇွန်လ ၂၆ ရက်နေ့ တွင် ကျင်းပ ခဲ့သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။


အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်း၍ ပညာရေးအဆင့်မြှင့်တင်မှုဆိုင်ရာမူဝါဒများ ဆွေးနွေးမည်

အစိုးရဝန်ကြီးဌာနများ၊ ပြင်ပ ပညာရေး အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အဖွဲ့အ စည်းများမှ ပူးပေါင်း၍ အဆင့်မြင့် ပညာရေး မြှင့်တင်မှုဆိုင်ရာ မူဝါဒများအကြောင်း ဆွေးနွေး တိုင်ပင်မည် ဖြစ်ကြောင်း ဗြိတိ သျှကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါ အဆင့်မြင့်ပညာရေး မူဝါဒများရေးဆွဲရေးကို အဆင့်မြင့် ပညာ ရေးဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီ၊  ရန်ကုန်တက္ကသိုလ် ပြန်လည်အဆင့်မြှင့်တင်ရေးနှင့် မွမ်းမံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၊ လွှတ်တော်ပညာရေးဆိုင်ရာ ကော်မတီဝင်များ၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ အဖွဲ့ဝင်များ နှင့် နိုင်ငံတကာ ပညာရေးအဖွဲ့အစည်းတို့မှ ပူးပေါင်း၍ ဆွေးနွေးကြမည်ဖြစ်သည်။


တမူးမြို့တွင် မူးယစ် အထူးတပ်ဖွဲ့ ဆက်ဆံရေးရုံးဖွင့်မည်

အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော ကလေး-တမူး နယ်စပ် ဝင်ပေါက်မှ မြန်မာနိုင်ငံ အတွင်းသို့ စိတ်ကြွရူးသွပ် ဆေးဝါးများ တရားမဝင် ဝင်ရောက်မှု များပြားလျက်ရှိသည့်အတွက် တမူးမြို့တွင် နှစ်နိုင်ငံ မူးယစ်အထူးတပ်ဖွဲ့ ဆက်ဆံရေးရုံးကို ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုတပ်ဖွဲ့၏ ပြောကြားချက်အရ သိရှိရသည်။ လက်ရှိအချိန် တွင် မြန်မာနိုင်ငံ နယ်စပ်တွင် မူးယစ်ဆေးဝါး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ် ဆောင်ရန် တာချီလိတ်နှင့် မြဝတီမြို့တို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သိရသည်။


 

ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ရိက္ခာဖြတ်တောက်မည်ဟု သတင်းများထွက်ပေါ်နေ

ထိုင်း - မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်   ဒုက္ခသည်များအတွက်  အထောက်အပံ့ပေးထားသော ရိက္ခာများ ကို ထပ်မံဖြတ်တောက်သွားမည်ဖြစ်ကြောင်း KIC (Karen Information Center)၌ ဖော်ပြချက်အရ  သိရသည်။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုကို အထောက်အပံ့ပေးနေသည့် နိုင်ငံတကာ အလှူရှင်များမှ အထောက်အပံ့များ လျှော့ချလိုက် ခြင်းကြောင့် The Border Consortium (TBC)၏ စားနပ်ရိက္ခာထောက်ပံ့ပေးမှုကို လျှော့ချရခြင်း ဖြစ်သည်။ TBC ၏ တာဝန်ရှိ သူများကလည်း စားနပ်ရိက္ခာများကို လျှော့ချသည်မှာ မှန်သော်လည်း စခန်းများအတွင်းရှိ လူတို့အား ကြည့်ရူ၍  လိုတိုးပို လျှော့ လုပ်မည်ဖြစ်ကြောင်း သိရသည်။ TBC ၏ အလုပ်အမှုဆောင် ဒါရိုက်တာမစ္စဆယ်လီသွန်မဆင်က ၄င်းတို့အနေဖြင့် အခက်အခဲ ရှိသည်မှာ မှန်ကန်သော်လည်း ဒုက္ခသည်များအား ဆက်လက်အကူအညီပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။


 ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးဆွဲရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးရန်ရှိ

ဇွန်လ ၁၅ ရက်နေ့တွင် မြဝတီမြို့ DKBA ဌာနချုပ်၌ပြုလုပ်ကျင်းပခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုပေါင်းတွေ့ဆုံသော ပြည်ထောင်စု တိုင်းရင်းသားပေါင်းစုံ သဘောထား အမြင်များ ဖလှယ်ပွဲတွင် တိုင်းရင်းသားလက်နက် ကိုင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၈၄ ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေး ဆွဲရေးအတွက် အမျိုးသားညီလာခံတစ်ရပ် ခေါ်ယူနိုင်ရေးကို  သဘောတူခဲ့ကြောင်း သိရသည်။

ထိုသို့ အမျိုးသားညီလာခံတစ်ရပ် ကျင်းပရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင်  အဖွဲ့အစည်း  ၃၉ ခုကလည်း ဇွန်လ ၁၇ ရက်နေ့က သဘောတူညီခဲ့ကြောင်း သိရသည်။ ထို့ကြောင့် တိုင်းရင်းသားကိုယ်စားလှယ် အားလုံး ပါဝင်သော အမျိုးသားညီလာခံကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထား၍ ကျင်းပနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှမ်းတပ်ပေါင်းစုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ကြောင်း သိရသည်။


 

ဒေါ်လာ ပြင်ပဈေး ကျပ်တစ်ထောင်ရောက်

ဗဟိုဘဏ်က ဇွန်လ ၂၆ ရက်နေ့က  အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ပေါက်ဈေး ၉၆၉ သတ်မှတ်ချိန်တွင်  ပြင်ပဈေးကွက်၌ ငွေလဲနှုန်းပမာဏမှာ တစ်ဒေါ်လာလျှင်  ကျပ် ၁၀၀၀ အထိ ပေါက်ဈေး မြင့်တက်လျက်ရှိ ကြောင်း သိရသည်။ ဒေါ်လာထပ်တက်လာမည်ကိုစိုးရိမ်၍  ပိုမိုဝယ်ယူလာသောကြောင့် ဝယ်လိုအား မြင့်တက်လာပြီး ဈေးတက်လာခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် တရားဝင် ငွေလဲကောင်တာများတွင်လည်း ဇွန်လ ၂၆ ရက်နေ့၌ တစ်ဒေါ် လာလျှင် ၉၆၃ ကျပ်ဝန်းကျင် အထိ ဖြစ်လာခဲ့ကြောင်း ပြင်ပရှိ နိုင်ငံခြားငွေလဲလှယ်ရေး လုပ်ကိုင်သူများနှင့် ပုဂ္ဂလိက ဘဏ် လုပ်ငန်းရှင်များက ထံ  မှ သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေလဲနှုန်းမှာ နေ့စဉ်မြင့်တက်လျှက်ရှိပြီး ငွေလဲကောင်တာမျာ၌ သတ်မှတ်ထားသော ငွေလဲနှုန်းမှာလည်း ပြင်ပရှိ ငွေလဲနှုန်းထက် နိမ့်သည့် အတွက် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာတွင် ခက်ခဲသောကြောင့် နိုင်ငံခြားငွေလဲလှယ်ရာတွင်လည်း လိုအပ်သ လောက် လဲလှယ်ပေးနိုင်ခြင်း မရှိကြောင်း သိရသည်။


 အခြေခံဥပဒေပါ ပုဒ်မ ၉၀ ခန့်သည် ပြင်မရနိုင်ဟုဆို

လက်ရှိပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပတွင် ပုဒ်မ ၉၀ ခုခန့်သည် ပြင်၍မရနိုင်စေရန် ရေးဆွဲထားသော ဥပဒေများဖြစ်ကြောင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်။ တပ်မတော် အစိုးရမှ နိုင်ငံတော်အာဏာ ရယူထားချိန်တွင် အမျိုးသားညီလာခံခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၏  ပုဒ်မပေါင်း ၄၅၇ ခုကို ၁၄ နှစ်ခန့် အချိန်ယူ၍ ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း ပြည်သူများ ထောက်ခံပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မည်ဟု ပြောကြားခဲ့လေသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည်ကမ္ဘာပေါ်တွင် ပြင်ဆင်ရန် အခက်ခဲဆုံး ဥပဒေတစ်ခုဖြစ် ကြောင်း ဥပဒေပညာရှင်များကလည်း သုံးသပ်ပြောဆိုခဲ့ကြောင်း သိရသည်။

 


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ကျန်းမာရေးကဏ္ဍတွင် နိုင်ငံခြားသီးသန့် ရင်းနှီးမြှုပ်နှံမှု ခွင့်မပြု
  2. ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အစီစဉ်မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ပြော ကြား
  3. ဟတ်ကြီး ရေအားလျှပ်စစ်ဓါတ်အား စီမံကိန်းမှ ဓါတ်အား ပြည်ပသို့တင်ပို့ ရောင်းချပါက DKBA လက်မခံ
  4. ရှမ်းပြည်နယ် မူးယစ်ဆေးဝါးပြဿနာ ဆိုးရွားနေ

ကျန်းမာရေးကဏ္ဍတွင် နိုင်ငံခြားသီးသန့် ရင်းနှီးမြှုပ်နှံမှု ခွင့်မပြု

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ထိန်းချုပ်ရန်အတွက် ဥပဒေနှင့် နည်းဥပဒေများ လိုအပ် ချက်ရှိသေးသဖြင့် ခွင့်ပြုခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မူအရ ပြည်ပလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း၌ သီးသန့်ဆေးရုံ၊ ဆေးခန်းများဖွင့် ခွင့်မပြုသေးကြောင်း၊ အကယ်၍ဖွင့်လှစ်လိုပါကလည်း ပြည်တွင်းရှိ ဆရာဝန် (သို့) ဆေးပညာ ရှင်တစ်ဦးက မှတ်ပုံတင်ပြုလုပ်ပေး၍ ၎င်းလုပ်ငန်းအား ကြီးကြပ်ပေးမှသာ ရင်းနှီးမြှပ်နှံခွင့်ရရှိ မည်ဖြစ်ပြီး နိုင်ငံခြားသား သီးသန့် အနေဖြင့် ရင်းနှီးမြှပ်နှံခွင့် မရှိကြောင်းသိရသည်။

ထိုသို့ခွင့်မပြုရခြင်းမှာ မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်ဝင်ရောက်လာပါက ဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲထုတ်ပြန်ရန် လိုအပ်ချက်များရှိနေသော ကြောင့်ဖြစ် သည်။ “တစ်ဖက်က ရင်းနှီးမြှုပ်နှံမှုဥပဒေထွက်တယ်ဆိုပေမယ့် လက်ရှိကျန်းမာရေး ကဏ္ဍမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ် ထားတဲ့ ဥပဒေမရေးဆွဲနိုင်သေးဘူး။ ဒီလိုမရေးဆွဲနိုင်တဲ့အတွက် အခုအချိန်မှာ Freedom လုပ်လို့မရသေးဘူး။ ဒါအတွက် ကြောင့်ပါ ” ဟု ဆရာဝန်အသင်းမှ ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

ထိုသို့ ကျန်းမာရေးကဏ္ဍ၌ နိုင်ငံခြားသီးသန့် လုပ်ကိုင်ခွင့်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်မပြုရခြင်းမှာ မြန်မာနိုင်ငံ၏ အခြားသော နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများတွင် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအား ထိန်းချုပ် ကာကွယ်သော ဥပဒေများရှိ သော်လည်း ကျန်းမာရေးကဏ္ဍတွင်မှု ထိုသို့ထိန်းကွပ်မည့် ဥပဒေများ အားနည်းနေသည့်အပြင် ပြဿနာတစ်စုံတစ်ရာ ပေါ် ပေါက် လာပါကလည်း ဖြေရှင်းရန်နည်းလမ်းများ မရှိသေးသည့်အတွက် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် အရည်အချင်းမရှိသော နိုင်ငံခြားလုပ် ငန်းရှင်များ နှင့် အရည်အသွေး နိမ့်သော ဆေးဝါးများဖြင့် ဝင်ရောက် ကုသစေခြင်းပြုလုပ်မည်ကို စိုးရိမ်နေသည်မှာလည်း နိုင်ငံခြားသီးသန့် လုပ်ကိုင်ခွင့်မပြုရ ခြင်း၏ အချက်တစ်ခုဖြစ်ကြောင်း သိရသည်။ ထို့အတွက် လက်ရှိ မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင် လိုသော ပြည်ပရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ပြည်တွင်းရှိ မြန်မာအထူးကုဆရာဝန်ကြီးများဆီမှ သဘောထားမှတ်ချက်ရ ယူကာ မြန်မာနိုင်ငံသား ဆရာဝန်များ ဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ကြောင်းနှင့် ထိုသို့မဟုတ်ပါက ပြည်ပရင်နှီးမြှပ်နှံမှုအား လုံးဝ ခွင့်ပြုခြင်းမရှိကြောင်း သိရသည်။


ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန်အစီစဉ်မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား

ပုသိမ်မြို့နယ်နှင့်ဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်နှင့် မြေပုံဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းတို့ မှ လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရန် အစီစဉ်ရှိမရှိ အဆိုအား ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့ရာတွင်လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျှက်ရှိ သော မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်ရန် အစီစဉ်မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး က ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိအချိန်တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများ မှာ ပြည်သူ့လွှတ်တော်တွင် ခြောက်နေရာ၊ အမျိုးသားလွှတ်တော်တွင် ငါးနေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် ငါးနေရာ လစ်လပ်လျက် ရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် နည်းပါးခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွတ်တော်နေရာများ လစ်လပ် တိုင်း ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပသွားမည် မဟုတ်ဘဲ  သင့်လျော်သော လစ်လပ်မဲဆန္ဒနယ်အရေအတွက် အတိုင်းသာ အခါအား လျော်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းဖြေကြားခဲ့သည်။

ထို့အတူ မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းမှ ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်နိုင်ရေး အတွက် အချိန်ကာလတစ်ခု သတ်မှတ်ပြဋ္ဌာန်းပေးရန် အစီစဉ် ရှိမရှိနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာတွင်လည်း ဖွဲ့စည်းပုံအခြေခံ အရ သတ်မှတ်နိုင်ခြင်းမရှိပါကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး က ပြန်လည်ဖြေကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။


ဟတ်ကြီး ရေအားလျှပ်စစ်ဓါတ်အား စီမံကိန်းမှ ဓါတ်အား ပြည်ပသို့တင်ပို့ ရောင်းချပါက DKBA လက်မခံ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မကြာသေးမီအချိန်များက စတင်တည်ဆောက် နေသော ဟတ်ကြီးလျှပ်စစ်ဓါတ်အား စီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ်ဓါတ်အားများကို အစိုးရအနေဖြင့် ပြည်တွင်း၌ အသုံး ပြုခြင်းမရှိဘဲ ပြည်ပသို့ တင်ပို့ရောင်းချမှုများပြုလုပ်သွားမည်ဆိုပါက ယင်းဒေသမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ် သော ‘တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)’ အနေဖြင့် ကန့်ကွက်သွားမည် ဖြစ်ကြောင်း DKBA မှ စစ်ဗျူဟာမှူး ဗိုလ်မှူးဆန်းအောင်က ပြောကြားခဲ့သည်။

“အခုကျွန်တော်ကြားနေတာ ဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းက ထွက်တဲ့လျှပ်စစ် ဓါတ်အား ၇၀ ရာခိုင်နှုန်း ထိုင်းကို ရောင်းမယ်။ မြန်မာနိုင်ငံက ၃၀ ရာခိုင်နှုန်းပဲရမယ်လို့ကြားတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှ လျှပ်စစ်ဓါတ်အားလိုတဲ့ နေရာတွေအများကြီးရှိနေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဒီဟက်ကြီး ရေအားလျှပ်စစ်စီမံကိန်းက ထွက်တဲ့ ဓါတ်အားတွေကို မြန်မာအတွက်အသုံးမချဘဲ အခြားနိုင်ငံတွေကို ရောင်းချမယ်ဆိုရင် ဘယ်လိုမှ လက်မခံပါဘူး” ဟု၎င်းက ပြောကြားခဲ့သည်။

DKBA အနေနှင့် မြန်မာနိုင်ငံမှထွက်ရှိသော သယံဇာတများအပေါ်တွင် မိမိတို့ နိုင်ငံသားများသာ အကျိုးခံစားခွင့် ရသင့်၊ ရလိုကြောင်းနှင့် ထိုသို့မဟုတ်ဘဲ နိုင်ငံခြားသို့ တင်ပို့ရောင်းချပါက လက်ခံနိုင်မည်မဟုတ်ကြောင်း သိရသည်။ “မြန်မာ နိုင်ငံကထွက်တဲ့သယံဇာတကို နိုင်ငံသားတွေပဲခံ စားသင့်တယ်။ ဒါကိုမှမဟုတ်ဘဲ တခြားနိုင်ငံတွေကို ထုတ်ရောင်းမယ် ဆိုရင် မဟုတ်သေးဘူး၊ နောက်တစ်ခုက ဘာလဲဆိုတော့ စီမံကိန်းတစ်ခုလုပ်တော့မယ်ဆိုရင် ပြည်သူတွေကို ချမပြဘူး။ မတိုင်ပင်ဘူး။ မဆွေးနွေးဘူး။ စီမံကိန်းကို လုပ်ကိုင်တော့မှ ပြည်သူတွေကိုချပြတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အစိုးရနဲ့ ကျွန်တော်တို့ တပ်တွေ အပစ်အခတ်တွေ ရှိခဲ့တယ်” ဟု ဗိုလ်မှူးဆန်းအောင်မှ ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် DKBA နှင့် အစိုးရသည် ၂၀၁၀ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူနိုင် ခဲ့သော် လည်း အဆိုပါဟက်ကြီးရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်မှ စတင်ကာ အပစ်အခတ် အနည်းငယ် ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ် မူးယစ်ဆေးဝါးပြဿနာ ဆိုးရွားနေ

တစ်နှစ်တာကာလအတွင်း မြန်မာတစ်ပြည်လုံး အနှံ့ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၏ ၈၀ ရာခိုင်နှုန်းမှာ ရှမ်းပြည် နယ်မှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ဖြစ်နေကြောင်း ရန်ကုန်မြို့ ဇွန်လ ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် ပြုလုပ်ခဲ့သော ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက် ဆီးပွဲတွင် မူးယစ်ဗဟိုအဖွဲ့မှ ဒုတိယ ရဲမှူးကြီး တင်အောင်က ပြောကြားသွားခဲ့သည်။

“အခု မီးရှို့ဖျက်ဆီးတဲ့အထဲမှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ဆို ငွေကျပ် သန်းပေါင်း ခုနစ်သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ဒါဟာ ရှမ်းပြည်မှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုလည်း တိုးလာသလို တစ်ဖက်ကလည်း ကျွန်တော်တို့ ဖမ်းဆီးနှိမ်နင်းရတဲ့ အမှုတွေလည်း များလာတာကို ပြနေပါတယ်” ၎င်းက ဆိုသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ ၂၀၁၂ ခုနှစ်၌ ထုတ်ပြန်ခဲ့သော စစ်တမ်းများအရ မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်နေပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူများ ၏ ၉၀ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ်တွင် နေထိုင်သူများ ဖြစ်နေကြောင်း သိရသည်။

ယခုအခါ ရှမ်းပြည်နယ် မြောက်ပိုင်း၌ အစိုးရတပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်မြေ မအေးချမ်းမှုကြောင့် ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများအတွက် အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ဒုတိယရဲမှူးကြီး တင်အောင်က ပြောကြားသည်။

ရှမ်းပြည်နယ်တွင် ယခုကဲ့သို့ မူးယစ်ဆေးဝါး ဖမ်းဆီးမှု ပမာဏ များပြားရခြင်းမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး စီးပွားရေး အခွင့်အလမ်းနည်းပါးကာ နယ်မြေ မအေးချမ်းမှုများနှင့် တရားဥပဒေစိုးမိုးမှု နည်းပါးခြင်း၊ ဘိန်း အစားထိုးသီးနှံ စီမံ ကိန်းများ မပြုလုပ်နိုင်သေးခြင်းတို့ကြောင့်ဖြစ်ပြီး အဆိုပါကိစ္စရပ်များသည် ဘိန်း စိုက်ပျိုးမှုများကို တားဆီးထိန်းချုပ်ရာတွင် အဓိ က စိန်ခေါ်မှုများ ဖြစ်နေကြောင်း ဒုတိယရဲမှူးကြီးက ဆက် လက်ပြောကြားသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ မတိုင်မီ ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း လွယ်လင်ကန်ကျေးရွာအနီး မူးယစ် ဆေးဝါး ဖမ်းဆီးရှာဖွေရေး လုပ်ဆောင်နေသော ရဲတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါး သယ်ဆောင်မှုများအတွက် သတင်းအရ သွား ရောက်စောင့်ဆိုင်း ရှာဖွေနေစဉ် တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သေးကြောင်း ရဲတပ်ဖွဲ့နှင့်မြို့ခံ များ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံသည် ယခုနှစ်ဆန်းပိုင်းက အမေရိကန်-မြန်မာ နှစ်နိုင်ငံ မူးယစ်တိုက်ဖျက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ်တွင် ဘိန်းခင်းတိုင်းတာရေး လုပ်ငန်းများ၊ ဘိန်း အစားထိုးသီးနှံ စီမံကိန်းများကို စတင် ဆောင်ရွက်နေပြီဖြစ်သော်လည်း မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းရန် အစိုးရ၏ လက်တွေ့ကျသော ပူးပေါင်းပါဝင်မှုများကို လိုအပ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က UNODC နှင့် တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အမှုပေါင်း ၄,၀၀၀ ကျော် ဖမ်းဆီး နိုင်ခဲ့ပြီး လူ ၆,၀၀၀ နီးပါးကို အရေးယူနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive