Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ထိုင်းနိုင်ငံသို့ လှေဖြင့်ထွက်ပြေးသူရိုဟင်ဂျာများ ထိန်းသိမ်းသတ်မှတ်ရက် ခြောက်လပြည့်မှုနီးလာ ပြီဖြစ်သည်ဟုဆို

( 27 June 2013 ရက်စွဲပါ CNN News မှ Steve Sandford ရေးသားသော Homeless Rohingya boat people face detention deadline ကို ဘာသာပြန်ပါသည်)

  1. မန်မာတယ်လီဖုန်းစီးပွားရေးခွင်ကို စိတ်ဝင်စားနေဆဲဟု တောင်အာဖရိက  MTN ကုမ္မဏီပြောကြား

( Reuter မှ 27 June 2013 ရက်စွဲပါ “ South Africa’s MTN Says still keen on a Myanmar telecom business” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းခေတ်ပြောင်းတော်လှန်ရေးစတင်

(Associated Press မှ 27 June 2013 ရက်စွဲပါ “Mobile phone revolution begins in Burmese” သတင်းကို ဘာသာ ပြန်သည် )


ထိုင်းနိုင်ငံသို့ လှေဖြင့်ထွက်ပြေးသူရိုဟင်ဂျာများ ထိန်းသိမ်းသတ်မှတ်ရက် ခြောက်လပြည့်မှုနီးလာ ပြီဖြစ်သည်ဟုဆို

( 27 June 2013 ရက်စွဲပါ CNN News မှ Steve Sandford ရေးသားသော Homeless Rohingya boat people face detention deadline ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများကြောင့် လှေဖြင့်ထွက်ပြေးလာသော ရိုဟင်ဂျာဦးရေ (၂၀၀၀ ) ခန့်ကို ယာယီနေ ထိုင်ခွင့်ခြောက်လပေးထားရာ လာမည့်လတွင် ကုန်ဆုံးမည်ဖြစ်ပါသည်။ ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ထိန်းသိမ်းရေး စခန်းများ တွင် မှားယွင်းစွာ ကိုင်တွယ်မှုများအပေါ် သတင်းများရေးသားခဲ့ပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း တောင်ထူထပ်သောဒေသတွင် ဒေသခံရာဘာခြစ်သူများသည် မူလနေထိုင်သူများဖြစ်ပါ သည်။ သို့သော် ပြီးခဲ့သည့်လများအတွင်း ဒေသခံများအပြင် အခြားလူများပါ တွေ့လာရသည်။

ယခုနှစ်တွင် အစောပိုင်းက ဒေသခံ Arun Somphot သည် နံနက်မိုးလင်း အိပ်ယာမှနိုးသောအခါ အိမ်ရှေ့ ကွပ်ပြစ်တွင် လှေဖြင့်ဝင်လာသော လူတစ်စုအိပ်နေသည်ကိုတွေ့ရသည်ဟု ဆိုပါသည်။

“ကျွန်တော်က သူတို့အိပ်နေတာတွေ့ရတော့၊ တံခါးနောက်မှာရပ်ပြီး ဘယ်သူတွေလဲဆိုတာကြည့်ပါတယ်။ ကျွန်တော့်အမျိုးတွေက အနီးအနားကအိမ်တွေမှာနေ နေကြတာ။ တံခါးဖွင့်လိုက်တော့ သူတို့က ထ ထိုင်ကြတယ်။ ကျွန်တော် အော်လိုက်တယ်” ဟု Arun ကပြောပါသည်။

ဇန်နဝါရီလကတည်းက လှေဖြင့်ဝင်လာသူ ရိုဟင်ဂျာ (၂၀၀၀ ) နီးပါးမှာ မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးလာသူများဖြစ်ပြီး ထိုင်းအာဏာပိုင်များက ဖမ်းဆီး၍ ထိန်းသိမ်းထားပါသည်။

၎င်းတို့သည် သူတို့၏တိုင်းပြည်တွင် နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံရသူများဖြစ်ပြီး၊ အရေးယူခံရမည်ကိုကြောက်ရွံ၍ စိတ်ပျက်ပြီး ထွက်ပြေးလာကြသူများ ဖြစ်ပါသည်။

အဗဒူစလမန်သည် ၄င်းအားမြန်မာနိုင်ငံမှ ခေါ်ယူလာသူများနှင့်အတူ ထိုင်းနိုင်ငံတောထဲတွင် အဖမ်းခံရပါသည်။ ၄င်း၏ မလေးရှားရှိဆွေမျိုးများက ဒေါ်လာ (1500) ပေးသောကြောင့် လွတ်လာခဲ့ပါသည်။

ယခုအခါ သူသည်လုံခြုံရာအိမ်တွင် နေထိုင်နေပြီး၊ ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ လူများစွာပြည့်ကြပ်နေသော ထိန်းသိမ်းရေးစခန်းများတွင် လှေဖြင့်ဝင်လာပြီး ထိန်းသိမ်းထားသူများကို ကျွေးမွေးရန် ချက်ပြုတ်ပေးလျက်ရှိပါသည်။

 “အရင်တုန်းကတော့ ကျွန်တော် တော်တော်ခံစားရပေမယ့် အခုတော့ ကျွန်တော်လွတ်လပ်သွားပါပြီ။ ဒါပေမယ့် ကျွန်တော့သူငယ်ချင်းတွေကတော့ ကြောက်စရာကောင်းတဲ့အခြေအနေမှရှိနေပြီး၊ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်”ဟု ၄င်းကရှင်းပါသည်။

အဆိုပါလူများအပေါ် မတရားပြုမူနေပုံများကို ဗွီဒီယိုဖြင့်ထုတ်လွှင့်ပြီး လူ့အခွင့်ရေးအုပ်စုများက ကန့်ကွက်နေ သော်လည်း၊ ၄င်းတို့၏အခြေအနေများမှာ မပြောင်းလဲသေးပေ။

သို့သော်လည်း မီဒီယာသတင်းများတွင် အချို့ရိုဟင်ဂျာများ လူကုန်ကူးမှုကိစ္စတွင် ထိုင်းလုံခြုံရေးများ ပါဝင်ပတ် သတ်သည်ဟု ဖော်ပြကြခြင်းကြောင့် ထိပ်တန်းတာဝန်ရှိသူများက အာရုံပြုလာကြသည်ကို တွေ့ရပါသည်။

“ဒီနေရာတွေမှာ လူတွေပြည့်ကျပ်နေပြီဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့်သူတို့အတွက် နေရာအသစ်ချဲ့နေ ပါတယ်။ ဒီနေရာသစ်တွေမှာ သူတို့အတွက် ဆရာဝန်တွေဆေးကုပေးမယ့် အစီအစဉ်တွေပါဝင်ပါတယ်” ဟု အမျိုးသားလုံခြုံ ရေးကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီး Paradorm Paltanatabu ကပြောကြားပါသည်။

ယာယီနေထိုင်ခွင့်ကာလ ခြောက်လကုန်ဆုံးမည့်သူများအတွက် ရိုဟင်ဂျာများမည့်သို့ စခန်းသွားကြရမည်ကို မေးခွန်းထုတ်လျက်ရှိပါသည်။


မန်မာတယ်လီဖုန်းစီးပွားရေးခွင်ကို စိတ်ဝင်စားနေဆဲဟု တောင်အာဖရိက  MTN ကုမ္မဏီပြောကြား

( Reuter မှ 27 June 2013 ရက်စွဲပါ “ South Africa’s MTN Says still keen on a Myanmar telecom business” သတင်းကို ဘာသာပြန်ဆိုသည်)

နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်နေသော မြန်မာနိုင်ငံတွင် တယ်လီကွန်အော်ပရေတာလိုင်စင် တင်ဒါရှုံးနိမ့်သွားပြီးနောက် အာဖရိက၏အကြီးဆုံး တယ်လီကွမ်း ကုမ္မဏီ MTN က ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် အခွင့် အလမ်းများ ဆက်လက်ရှာဖွေသွားဦးမည်ဖြစ်ကြောင်း ကြသပတေးနေ့တွင် ပြောကြားပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္မဏီများအတွက်ရည်ရွယ်ထားသော အော်ပရေတာလိုင်စင်နှစ်ခုအတွက် ပြည်တွင်း၊ ပြည်ပကုမ္မဏီပေါင်း ၉၀ ခန့်သို့ တင်ဒါဝင်ပြိုင်ခဲ့ကြပြီးနောက် ဆန်ကာတင်ကုမ္မဏီ ၁၁ခု ကျန်ခဲ့ပြီး နောက်ဆုံးတင်ဒါအောင်သူ နှစ်ဦးကိုထုတ်ပြန်ကြေညာခါနီးအဆင့်တွင် ၄င်းလုပ်ငန်းစဉ် ဆိုင်းငံ့ထားရန် တောင်းဆိုသော လွှတ်တော်၏ကြိုးပမ်းမှု အံ့အား သင့်ဖွယ် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ပြည်တွင်းကုမ္မဏီများနှင့်ပူးပေါင်းထားသော ဖက်စပ်ကုမ္မဏီများကို ဦးစားပေးသင့် သည်ဟုလည်း လွှတ်တော်တွင်တောင်းဆိုကြောင်း ကြားသိရသည်။

နောက်ဆုံးတွင်မူ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာပြည်သူတစ်ရပ်လုံး အနီးကပ်စောင့်ကြည့်နေသော ယင်း လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သင့်ကြောင်း အစိုးရက လွှတ်တော်တွင် ရှင်းလင်းတင်ပြကာ တင်ဒါအောင်သူအဖြစ် Telenor, Oredoo တို့နှင့် အရံလူအဖြစ် Orage တို့ကို ထုတ်ပြန်ကြေညာပေးခဲ့သည်။

တင်ဒါရှုံးနိမ့်သွားသော အာဖရိက MTN ကုမ္မဏီသည် ပြည်တွင်းမှ အမရာ Amara Communication နှင့် ပူးပေါင်းထားပြီး၊ ၄င်း Amara Communication သည် ဝန်ကြီး ဦးအောင်သောင်း၏သားများပိုင်ဆိုင်သော IGE ကုမ္မဏီ၏ လက်အောက်ခံကုမ္မဏီဖြစ်သည်ဟု သိရှိရသည်။


မန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းခေတ်ပြောင်းတော်လှန်ရေးစတင်

(Associated Press မှ 27 June 2013 ရက်စွဲပါ “Mobile phone revolution begins in Burmese” သတင်းကို ဘာသာ ပြန်သည် )

မြန်မာနိုင်ငံသည် ပထမဆုံးနိုင်ငံခြားတယ်လီဖုန်း အော်ပရေတာ ကွန်ယက်များ တည်ဆောက်ရန်အတွက် နော်ဝေ ၏ Telenor နှင့် ကာတာ၏ Ooredoo တို့ကို ခွင့်ပြုချက်လိုင်စင်ပေးလိုက်ပြီ ဖြစ်သည်။

လူဦးရေ သန်း ၆၀ ရှိသောမြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းကိုင်ဆောင်သူအရေအတွက်မှာ ၆ သန်းပင် မပြည့်သေးပေ။ ထို့ကြောင့် လက်ရှိမိုဘိုင်းဖုန်း ပျံ့နှံ့သုံးစွဲနှုန်း ၂% ကို  ၂၀၁၆ မတိုင်မှီ ၈၀% သို့တိုးမြှင့်ပေးရန် မြန်မာအစိုးရက ကြိုးစားလျက် ရှိသည်။

ဆက်သွယ်ရေးဥပဒေသစ် ထွက်ပေါ်လာချိန်အထိ တင်ဒါရွေးချယ်သည့် ဆုံးဖြတ်ချက်ကို  ဆိုင်းငံ့ထားရန် လွှတ် တော်အမတ်များက ၁၁နာရီကြာ တွန်းအားပေးခဲ့သည့်ကြားမှ နောက်ဆုံးတွင် အစိုးရက အော်ပရေတာလိုင်စင်ကို ချပေးလိုက် ပါသည်။

တပ်မတော်အစိုးရလက်ထက်တွင် ဆင်းရဲတွင်းနက်သောနိုင်ငံအဖြစ်ကျရောက်သွားခဲ့သော မြန်မာနိုင်ငံတွင် မူလ ရှိပြီးသားဖုန်းကွန်ယက်မှာ သုံးစွဲသူအနည်းငယ်အတွက်သာ ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်၍ လက်ရှိအာဏာရအစိုးရက ဆက်သွယ်ရေးကဏ္ဍကို အစအဆုံးပြုပြင်ပြောင်းလဲပစ်ရန် ကြိုးစားလျက်ရှိသည်။ လွန်ခဲ့သောနှစ်အနည်းငယ်ကဆိုလျှင် မိုဘိုင်းဖုန်း sim card တစ်ခု၏ဈေးနှုန်းမှာ ဒေါ်လာ ၂၀၀၀ (ကျပ်ငွေ သိန်း၂၀ ကျော်) ခန့်အထိ ရောက်ရှိခဲ့သည်။

ယခုအခါ တင်ဒါအောင်သွားသူနှစ်ဦး ( Telenor နှင့် Ooredoo) အနက်မှ နောက်ပိုင်းကန်ထရိုက်စည်းကမ်းများ မလိုက်နာသူရှိခဲ့ပါက အစားထိုးရန်အတွက် အရံအနေဖြင့် ပြင်သစ်၏  Orange (ဂျပန် မာရူဘီနီ ကော်ပရေးရှင်းနှင့် လက်တွဲ ထားသူ) ကုမ္မဏီကို ရွေးချယ်ထားကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

နော်ဝေ Telenor ကုမ္မဏီသည် ကမ္ဘာတစ်လွှားသုံးစွဲသူ သန်း၁၅၀ခန့်ကို ဝန်ဆောင်မှုပေးနေပြီး၊ အိမ်နီးခြင်းဘင်္ဂ လားဒေ့ရှ်နှင့်ထိုင်းနိုင်ငံတို့နှင့်လည်း ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ကာတာအခြေစိုက် Ooredoo ကုမ္မဏီသည်လည်း အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အရှေ့တောင်အာရှ တစ်လွှား ခေါင်းပြူစဈေးကွက်များတွင် ဆက်သွယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသော အကြီးဆုံးနှင့် အင်အားအကောင်းဆုံး ကုမ္မဏီတစ်ခုဖြစ်သည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“Ooredoo ကုမ္ပဏီက ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ရပြီဆိုရင် သူ့အနေနဲ့ အမေရိကန် ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမယ်လို့ သိရတယ်။ ဒီရင်းနှီးမြှုပ်နှံ ပမာဏဟာ မြန်မာပြည်သူတွေအတွက်  မိုဘိုင်းဖုန်းပါဝင် အခြားနည်းပညာ ကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာမှာပါ။ Telenor  ကုမ္ပဏီဆိုရင်လည်း မြန်မာနိုင်ငံသား အလုပ်ရရှိမှုကို ၉၉ ရာခိုင်နှုန်းအထိ ရရှိစေနိုင်မယ်လို့ ပြောထားတာတွေ ရှိပါတယ်။ မကြာခင်ကာလတွေမှာ မြန်မာနိုင်ငံအနေနဲ့ မိုဘိုင်းဖုန်းဆင်းကတ်တွေကို အခမဲ့ရရှိနိုင်မှာ ဖြစ်သလို ကွန်ရက်ပိုင်းတွေပါ ကောင်းမွန်မှု ရှိလာမှာပါ”

၂၀၁၃ ခုနှစ် ဇွန်လ၂၈ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာ တွင် ပါရှိသော “Telenor နှင့် Ooredoo တို့ ဆက် သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိသည့်အတွက် မြန်မာ့မိုဘိုင်းကဏ္ဍ အာရှ အဆင့် မီလာနိုင် ” သတင်းမှ  Today Mobile   ဖုန်းအရောင်းဆိုင်မှ ဦးနေလင်းထွန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “နိုင်ငံခြားသား ဘာသာခြားကို လက်မထပ်ဖို့ ဆွေးနွေးမှာမဟုတ်ပါဘူး။ မြန်မာအမျိုးသမီးတွေရဲ့ ရပိုင်ခွင့် ဆုံးရှုံးနေတာကို မဆုံးရှုံးအောင် နိုင်ငံတော်က ဥပဒေပြဋ္ဌာန်းပေးဖို့ လုပ်တာပါ”

၂၀၁၃ ခုနှစ် ဇူလိုင် ၂ ရက်နေ့ထုတ် News Watch  ဂျာနယ် အတွဲ( ၈ )အမှတ်(၄)တွင် ပါရှိသော  “သံဃာတော်များသည်  အမျိုးဘာသာသာသနာအား ဘယ်တော့မှသစ္စာမဖောက်”သတင်းမှ  ဗုဒ္ပတက္ကသိုလ်မှ ဆရာတော်တစ်ပါး၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့လွှတ်တော်နဲ့အမြင်ချင်းမတူ၊ သဘောထားကွဲလွဲနေတယ် ပဋိပက္ခများဖြစ်နေတယ်ဆိုပြီးတော့ ဘေးမှာ ကောလ ဟလ ပြောဆိုမှုတွေ ရှိနေပါတယ်။ တကယ်တမ်းကျတော့ လွှတ်တော်ဟာ လွှတ်တော်ရဲ့ လုပ်ငန်းကို လုပ်နေပါတယ်။ အုပ် ချုပ်ရေး အစိုးရအဖွဲ့အစည်းက အုပ်ချုပ်ရေးလုပ်ငန်းကို လုပ်နေပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ နေရာမှာ အချင်းချင်း အပြန် အလည်ထိန်းညှိဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်”

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာ တွင် ပါရှိသော “လွှတ်တော်နှင့် အစိုးရအ ဖွဲ့ကြား ပဋိပက္ခဖြစ်ပေါ်နေသည်ဆိုခြင်းမှာ မဟုတ်ဟုပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ငြင်းဆို” သတင်းမှ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 “နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာတွေကို သက်တမ်း ၂၇ လ သာရှိသေးတဲ့ အစိုးရက ရောဂါဆိုးကြီးတစ်ခုလို့ မြင်ပါတယ်။ လက်ရှိမှာ နိုင်ငံရေး အစိုးရဖြစ်လာလို့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေကို နိုင်ငံ ရေးစားပွဲဝိုင်းမှာ ဆွေးနွေးနိုင်ပြီ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း အဖြေတစ်ခု မရမချင်းဆွေးနွေးချင် နေကြ တယ်”

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်  အမှတ် ( ၃၆၃ )တွင်ပါရှိသော  “ ကိုယ့်ပြည်နယ် ကိုယ်အုပ် ချုပ်ခွင့်ရရေး စားပွဲဝိုင်းလာဖို့ သမ္မတရုံးးဝန်ကြီးပြော ”သတင်းမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 “မိုင်းက နှစ်ဦးနှစ်ဖက် တိုက်ခိုက်လို့ အခြေခံထောင်ကြတယ်။ နှစ်ဖက်ယုံကြည်မှုကို အဓိကတည်ဆောက်ပြီး အပြန်အလည် တွေ့ဆုံ၊ အလုံးစုံပြည်စုံတဲ့ လုံးဝအပစ်ရပ်တဲ့ အနေအထားရောက်မှ အစိုးရနဲ့  Code of Conduct  အရ ပူးတွဲသဘောတူညီ ချက်ရမှ မိုင်းရှင်းသွားမယ်။ အခုပြည်သူတွေ နေထိုင်ရာဒေသတွေမှာ ရှင်းလင်းပြီး ဖြစ်တယ်”

၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ်  The Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကရင်ပြည်နယ်တွင် အလုံးစုံအပစ်အခတ်ရပ်နိုင်မှသာ မိုင်းရှင်းလင်းရေးကို ဆောင်ရွက်နိုင်မည်”သတင်းမှ  KNU  ဗဟိုကော်မတီဝင် ဖဒိုမန်း ငြိမ်းမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံတော်အဆင့် တက္ကသိုလ်ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံ၏ နိုင်ငံတော်အဆင့်ရှိ တက္ကသိုလ်ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကြီးကို ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များတွင်  ကျင်းပသွားရန်ရှိပြီး မြန်မာနိုင်ငံမှ ပညာရှင်များလည်းပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ လက် ရှိမြန်မာနိုင်ငံ၏ တက္ကသိုလ် ပညာရေးစနစ်သည် နိုင်ငံတကာနှင့် ပြည်တွင်းလူထုအကြား ယုံကြည်မှု လျော့ကျ လျက်ရှိပြီး မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ရရှိလာသော ဘွဲ့လက်မှတ်များမှာလည်း လုပ်ငန်းခွင်ဝင်ရောက်ချိန်တွင် လိုအပ်သော အထောက်အပံ့ဖြစ်ရေးကို လုံလောက်စွာ ထောက်ပံ့မှု ပေးနိုင်ခြင်းမရှိကြောင်း သိရသည်။


မြန်မာ-အမေရိကန် စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဆက်အောင်နှင့် အမေရိကန်သံ အမတ်ကြီး H.E. Mr Derek J. Mitchell တို့သည် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အစည်းအ ဝေးခန်းမ၌ မြန်မာ-အမေရိကန် စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ဇွန်လ ၂၇ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ သဘောတူချက်၌ မြန်မာနိုင်ငံတွင်လိုအပ်လျက်ရှိသော နည်းပညာနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို အမေရိကန်အစိုးရမှ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ အကူအညီများပေးအပ်ခြင်းကြောင့် မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက် ရေး ကိစ္စရပ်များသာမက ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများလည်း တိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။


မန်မာနိုင်ငံ၏ အလုပ်သမားအရေးနှင့် ပတ်သက်ပြီး ILO အား ကူညီပေးရန် ဖိတ်ခေါ်

မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှုများနှင့် ကလေးလုပ်သားများ ပပျောက်သည်အထိ ILO မှ အစီရင်ခံစာများ နှင့် တင်ပြကူညီပေးရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ထို့ပြင် အဓမ္မခိုင်းစေမှုများ ပပျောက်ရေး၊ အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရေးနှင့် အသစ်သစ်သော ရင်းနှီးမြှုပ်နှံမှုအသစ်များ ဖြစ်ပေါ်လာရေး တို့အတွက် ILO နှင့် ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ အပြန်အလှန် ဆွေးနွေး ပြောဆိုမှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။


လူမျိုးရေး၊ ဘာသာရေးပဋိပကများအရေးနှင့် ပတ်သက်၍ ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းပေးရန်မလိုအပ်သေးဟု ပြည်ထဲရေး ဒုဝန်ကြီးဆို

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများအား အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းပေးရန် မလိုအပ်သေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများထပ်မံမဖြစ်ပွားစေရန်  အဓိက တာဝန်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က စီမံချက်များရေးဆွဲ၍ စနစ်တကျ အရေးယူသွားနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


တိုင်းမဂ္ဂဇင်း၏ ဆောင်းပါးအား သံဇာတော်များကန့်ကွတ်

တိုင်းမ် မဂ္ဂဇင်းပါ “ဗုဒ္ဓဘာသာများ ဆိုးသွမ်းသောအခါ” ဆောင်းပါးနှင့် မဂ္ဂဇင်းရှေ့မျက်နှာဖုံးပါ ဆရာတော် ဦးဝီ ရသူ၏ ပုံဖော်ပြမှုနှင့် ပတ်သက်၍ ဇွန်လ ၂၇ ရက်နေ့ အင်းစိန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော အမျိုးဘာသာ၊ သာသနာစောင့် ရှောက်ရေး သြဝါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံပွဲတွင် တက်ရောက်လာသော သံဃာတော်များမှ ကန့်ကွက် လိုက်ကြောင်း သိရသည်။ ယခုကဲ့သို့ တိုင်းမ် မဂ္ဂဇင်းနှင့် ဆောင်းပါးရှင်အား ကန့်ကွက်ခြင်းမှာ အစ္စလာမ်ဘာသာကိုးကွယ် သူများအား တစ်စုံတစ်ရာ ထိခိုက်နစ်နာစေလိုသည့် စိတ်မျိုးမရှိ ကြောင်း နှင့် ၎င်းတို့အား ကန့်ကွက်ခြင်းမဟုတ်ကြောင်း ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သြဝါဒခံယူပွဲကို မြန်မာနိုင်ငံရှိ တိပိဋကဆရာတော် ကိုးပါးစလုံး တက်ရာက်ခဲ့သည့် အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ သံဃာတော်အပါး ၁၅၀၀ ကျော်ခန့် လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


ပဋိပကများစီမံခန့်ခွဲမှု သင်တန်း နေပြည်တော်တွင် ဖွင့်လှစ်

ပဋိပက္ခများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတစ်ခုကို နေပြည်တော်၌ ဇွန်လ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့ အထိ လေးရက်ကြာ သင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံခန့်ခွဲမှုသင်တန်းကို ပို့ချနိုင်ရန်အတွက် ကာကွယ်ရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် HD Center တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ HD Center သည်ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အခြေစိုက်ပြီး လက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေးနှင့် အကြမ်း ဖက်မှု ကြောင့် ထိခိုက်ခံစားမှုများ လျှော့ချနိုင်ရေးအတွက် စေ့စပ်ညှိနှိုင်း အဖြေရှာနည်းနှင့် ပဋိပက္ခ စီမံခန့်ခွဲနည်း သင်တန်း များကို သင်တန်းပို့ချပေးလျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။


 

အထည်ချုပ်ကဏ္ဍတွင် အထည်ချုပ်လုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရ

မန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်လာခဲ့သော်လည်း ပြည် တွင်း၌ အထည်ချုပ်လုပ်သားရှားပါးမှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ပြည်တွင်းအထည်ချုပ်လုပ်ငန်းမှ သိရသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများ၌ ကိုရီးယား၊ ဂျပန်၊ အမေရိကန်နှင့် တရုတ်နိုင်ငံများမှ နိုင်ငံခြား ရင်းနှီး မြှပ်နှံမှုများ ဝင်ရောက်လာကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း မှ FOB တန်ဖိုး အမေရိကန်ဒေါ်လာ ၉၂၄ သန်းခန့် ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံခန့် ရှိကြောင်း သိရသည်။

 


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်တွင်း ပြည်ပကုမ္မဏီများနှင့် ပေါင်း၍ အများပိုင်ဖွဲ့မည်

လက်ရှိမြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးနေသော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၏ တယ်လီဖုန်းမိုဘိုင်း အော်ပရေ တာ လုပ်ငန်းများမှာ ဈေးနှုန်းမြင့်မားပြီး ဝန်ဆောင်မှု အားနည်းချက်များရှိသောကြောင့် သုံးစွဲသူများအနေဖြင့် ယခုထက် ပိုမိုအ ဆင်ပြေစေရန် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းကာ အများပိုင်ကုမ္မဏီအဖြစ် အသစ်ပြန်လည် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးမြတ်ဟိန်းက ပြည်သူ့လွှတ်တော်တွင် ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားသွားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား မကြာမီအချိန် အတွင်း အများပိုင်ကုမ္ပဏီအဖြစ် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာ သုံးစွဲမှုကိုလျှော့ချကာ သီးသန့်ရပ် တည်သည့်အခါတွင် အခက်အခဲများ ရှိလာနိုင်သောကြောင့် ပြည်တွင်း ပြည်ပမှ လူ့စွမ်းအားအရင်းအမြစ်၊ ငွေကြေးနှင့်နည်းပ ညာပိုင်း ပူးပေါင်းဆောင်ရွက်မှု ပြုမည့် ကုမ္မဏီများနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသွား သည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive