Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပြည်သူ့ဘဏ္ဍာငွေစာရင်းများ ထားသိုမှုစနစ်များကို နိုင်ငံတကာစံညွှန်းနှင့်ညီစေရေး ဆောင်ရွက်ရန် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ တိုက်တွန်း
  2.  ကရင်နီပြည်နယ်အတွင်း တရုတ်ကုမ္ပဏီတစ်ခုကို သတ္တုတူးဖော်ရေးထုတ်လုပ်ခွင့်ပြု
  3. အမေရိကန်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဥက္ကဋ္ဌအား တွေ့ဆုံပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အကူအညီပေးစေလို ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် တောင်းဆို

ပြည်သူ့ဘဏ္ဍာငွေစာရင်းများ ထားသိုမှုစနစ်များကို နိုင်ငံတကာစံညွှန်းနှင့်ညီစေရေး ဆောင်ရွက်ရန် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ တိုက်တွန်း

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ထင်သာမြင်သာဖြစ်စေရန်အတွက် စာရင်းထားသို မှုစနစ်များကို နိုင်ငံတကာစံညွှန်းနှင့်အညီ ဖြစ်စေရေး ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ဇူလိုင်လ ၁၁ ရက်နေ့၌ ပြည်ထောင်စုလွှတ် တော်တွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တိုက်တွန်းပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများမှ စာရင်းဇယားများသည် မှားယွင်းနေခြင်း၊ အချိန်မီတင်ပြနိုင်မှု မရှိခြင်း၊ ဖြည့်စွက် ရန်ပုံငွေကို လိုအပ်သည်ထက် ပိုမိုတောင်းခံပြီး ရာခိုင်နှုန်းမြင့်မားစွာ ပြန်လည်အပ်နှံမှုများ ဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၂၀၁၁/ ၂၀၁၂ ဘဏ္ဍာနှစ် နိုင်ငံတော် အရ အသုံးစာရင်းများအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးတွေ့ရှိချက်နှင့် စပ်လျဉ်းသည့်  ၃/၂၀၁၃ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်တွင် ဖတ်ကြား တင်ပြခဲ့သည်။

ထို့ပြင် ၂၀၁၁/ ၂၀၁၂ ဘဏ္ဍာနှစ်အတွက် အစိုးရ ဝန်ကြီးဌာန ၁၁ ခုအောက်ရှိ နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်း ၂၀ ၏ ရငွေ သုံးငွေ စာရင်းများအား ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးရာတွင် တွေ့ရှိရသည့် စာရင်းများနှင့် ရသုံးမှန်းခြေ ငွေစာရင်းဌာနမှ ပေါင်းချုပ်ထားသော စာရင်းများကို တိုက်ဆိုင်စစ်ဆေးရာတွင် ကွဲလွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်ဟုလည်း ၎င်းက အစီရင်ခံထားသည်။

နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများ၏ ရငွေ သုံးငွေ ကွဲလွဲချက်ဖြစ်ပေါ်ရခြင်းများကို စီစစ်ရာတွင် ဌာနမှ ရသုံးမှန်းခြေငွေ စာရင်းဦးစီး ဌာနသို့ မတ်လ (ယာယီ)စာရင်းသာ ပေးပို့ခဲ့ပြီး မတ်လ (အပြီးသတ်) စာရင်း ပေးပို့မှုမရှိ၍ ကွာခြားရခြင်း၊ ငွေသားစာရင်း နှင့် ကုန်သွယ် မှုစာရင်း မှားယွင်းဖော်ပြမှုကြောင့် ကွာခြားရခြင်း၊ ကြွေးမြီအတွက် အရင်းပေးဆပ်ငွေများအား သာမန်အသုံးစားရိတ် တွင် မှားယွင်းဖော်ပြခြင်း၊ နိုင်ငံတော် ထည့်ဝင်ငွေများ ယာယီနှင့် ကြွေးမြီများအား သာမန်အသုံးစားရိတ်တွင် စုပေါင်းဖော်ပြမိခြင်း၊ ငွေလုံးငွေရင်း အသုံးစားရိတ်အား ကြွှေးမြီအဖြစ် မှားယွင်းဖော်ပြခြင်း၊ ကြိုတင်ငွေနှင့် သာမန်အသုံးစရိတ်တွင် စာရင်းဝင်ခြင်းများ ကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု သိရသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအချို့၏ စာရင်းများကို အမှန် စီစစ်ရန် မတတ်နိုင်ဖြစ်နေရကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ ကာကွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့များသည် ဘတ်ဂျက်တွင် ပါဝင်သော်လည်း အမှန်ရငွေ သုံးငွေများအတွက် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနမှ စာရင်းပေါင်းချုပ်သော ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်း၏ ရငွေ သုံးငွေခေါင်းစဉ်တွင် မပါဝင်သည့်အတွက် ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးအနေဖြင့် မစစ်ဆေးနိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပုဒ်မ (၁၁/ဂ)အရ စာရင်းအင်းထားသိုပုံ နည်းစနစ်များအား ပြည်ထောင်စု စာရင်းစစ်ချုပ်မှ သတ်မှတ်ပေးရမည်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် သုံးသပ်ထားပြီး စာရင်းရေးဆွဲခြင်း၊ စာရင်းစစ် ခြင်းများကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ လိုအပ်သလို ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်ဟု သိရှိရသည်။

YC


 ကရင်နီပြည်နယ်အတွင်း တရုတ်ကုမ္ပဏီတစ်ခုကို သတ္တုတူးဖော်ရေးထုတ်လုပ်ခွင့်ပြု

ကရင်နီပြည်နယ်၊ မော်ချီးဆလ်သုံးကုန်းတွင် တရုတ်ကုမ္ပဏီတစ်ခုမှ သတ္တုတူးဖော်ရေး အကောင်အထည်ဖော်ရန် စတင်ပြင် ဆင်လျှက်ရှိပြီး ထိုသို့ပြုလုပ်သည်မှာ အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အကြား ချုပ်ဆိုခဲ့သော ငြိမ်းချမ်းရေး သဘောတူညီချက်ပါ အချက်ကို ချိုးဖောက်ရာရောက်ကြောင်း မိုလိုအမျိုးသမီး သတ္တုတွင်း လေ့လာစောင့်ကြည့်ရေးကွန်ရက်က ဇူလိုင် လ ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့က အစိုးရနှင့် KNPP ချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်တွင် အစိုးရမှ မည် သည့်အကြီးစား စီမံကိန်းအသစ်ကိုမဆို ကရင်နီပြည်နယ်တွင် အကောင်အထည်ဖော်ရာ၌ တာဝန်ခံမှုရှိရမည်ဖြစ်ကာ ဒေသခံပြည် သူများအတွက် ဆုံးရှုံးနစ်နာမှု မဖြစ်ပေါ်စေရန် သဘောတူညီခဲ့သော်လည်း ယခု သတ္တုတူးဖော်ရေးလုပ်ငန်း စတင်ပြင်ဆင်နေမှုမှာ ဒေသခံများထံသို့ အသိပေး အကြောင်းကြားခြင်း တစုံတရာ မရှိခဲ့ကြောင်း အထက်ပါကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာအစိုးရအနေဖြင့် ကရင်နီပြည်နယ်အတွင်း သတ္တုတိုးချဲ့ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းမှာ ဒေသခံပြည်သူတို့၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် ဒေသခံ ၂၀၀ နီးပါးက လက်မှတ်ရေးထိုးထား သော ကန့်ကွက်စာအား KNPP သို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကရင်နီပြည်နယ်အတွင်းမှ တောင်များတွင် တရုတ်များအား သတ္တုတူးဖော်စေခြင်းအား ခွင့်ပြုလိုက်သည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရဘက်မှ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း မိုလိုအမျိုးသမီး သတ္တုတွင်း လေ့လာစောင့်ကြည့်ရေး ကွန်ယက်မှ ၎င်းတို့၏ ထင်မြင်ယူဆချက်ကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) ကမူ MIC မှ ခွင့်ပြု၍ လုပ်ကိုင်သည်ဆိုပါက လုပ်သင့်လုပ်ထိုက်၍ လုပ်ခြင်းသာဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် မိုလိုအမျိုးသမီး သတ္တုတွင်းလေ့လာစောင့်ကြည့်ရေး ကွန်ရက်က သတ္တုတွင်း လုပ်ငန်းတိုးချဲ့လုပ်ကိုင်ခြင်းကို ချက် ချင်းရပ်တန့်ပေးရန်နှင့် ကရင်နီလူထုကိုယ်တိုင်က မိမိတို့၏ သယံဇာတများအား ကိုယ်ပိုင်ရောင်းချခွင့်နှင့် အသုံးပြုပိုင်ခွင့်များ အတွက် အာမခံပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေရှိရန် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးဟူသည့် အချက်ပါဝင်သည့် စေ့စပ်ညှိနှိုင်းမှု တစ်ခု ပြုလုပ်ရန် အစိုးရထံမှ တောင်းဆိုထားသည်။

မိုလိုအမျိုးသမီး သတ္တုတွင်းလေ့လာစောင့်ကြည့်ရေး ကွန်ရက်မှာ ကယား(ကရင်နီ)ပြည်နယ်အတွင်း သတ္တုတွင်းလုပ်ငန်းများ ၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအား လေ့လာစောင့်ကြည့်ကာ ယင်းတို့နှင့်ပတ်သက်၍ အမျိုးသမီးတို့၏ ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို ကူညီဖြေရှင်းပေးနေသော အဖွဲ့တစ်ခုဖြစ်သည်။

YC


အမေရိကန်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဥက္ကဋ္ဌအား တွေ့ဆုံပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အကူအညီပေးစေလို ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန် တောင်းဆို

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော  အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ (US- ASEAN Business Council) ဥက္ကဋ္ဌ Mr. Alexander နှင့် ဇူလိုင်လ ၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြပြီး  ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တု၊ သစ်တော၊ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာ စသည့် ကဏ္ဍများနှင့် ပတ်သက်ပြီး ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ တွေ့ဆုံစဉ်အတွင်း ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံတွင်းရှိ လူဦးရေ ၈ဝ ရာခိုင်နှုန်းကို မိုဘိုင်းလ်ဖုန်းရရှိစေရန် ဆက်သွယ် ရေး ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ဆင်းရဲမွဲတေမှုနှုန်း ပိုမိုလျှော့ချနိုင်ရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရှိလာရန် အကူ အညီပေးစေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းများ ရှိနေပြီး သယံဇာတများစွာ လည်း ရှိပြီးဖြစ် သည့်အတွက် အရင်းအနှီးနှင့် နည်းပညာသာလိုအပ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က တောင်းဆို ပြောကြားခဲ့သည်။

ထို့နောက် အမေရိကန် - အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ Mr. Alender Feldfman က အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့တားဆီးမှုများကို ဖြေလျှော့ပြီး နောက်တွင် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ မြှင့်တက်လာစေရန် အထောက်အကူပြုမည့် အစီအစဉ်များနှင့် အခြေခံအဆောက်အဦကဏ္ဍများ ဖွံ့ဖြိုးလာစေ ရန် အစီအစဉ်များ ရေးဆွဲထားပြီး အဆိုပါ ကဏ္ဍများ၌ အမေရိကန်ကုမ္ပဏီများ အနေဖြင့် စတင်ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့ထားမှုများ ဖယ်ရှားပြီးသည့် နောက်တွင် အမေရိကန် ထိပ်တန်းကုန်စည်များ ဖြစ်သည့် Coca Cola, Pepsi, GM, GE, Ford, Visa, Master, Western Union စသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုကုမ္ပဏီများ ဝင်ရောက် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး အမေရိကန် ရေနံကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံအတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခုလက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် ၂ဝ၁၃ ခုနှစ် ဇွန်လ ၃ဝ ရက် အထိ အမေရိကန်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၄၃ သန်း ဒသမ ၅၆၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး နိုင်ငံအလိုက် အဆင့် ရပ်တည်မှုမှာ အဆင့် ၉ နေရာတွင် ရှိနေ ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် အရပ်သား အစိုးရပြောင်းလဲပြီး ၂ဝ၁၂ ခုနှစ်မှစ၍ မြန်မာဈေးကွက်သို့ အမေရိကန် ကုမ္ပဏီများ စတင်ဝင်ရောက်လာခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာသည့်နှင့်အမျှ လာမည့် နှစ် အနည်းငယ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်လာဖွယ် ရှိနေကြောင်း သိရသည်။

                                                                                                        YC


        

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရခိုင်ပြည်နယ်အတွက် ဒေါ်လာ ၃.၂ သန်း ထပ်မံပေးအပ်ရန် Bob Carr ကြေငြာ

( 10 July 2013 ရက်စွဲပါ  Yahoo မှ  ABC သတင်းဌာန၏  Bob Carr announces $ 3.2 Million and boost for Myanmar’s Rakhine State ကိုဘာသာပြန်ပါသည် )

  1.  တရုတ် အာဆီယံ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် မြန်မာသမ္မတ မျှော်လင့်

( xinhua  မှ 10 July 2013  ရက်စွဲပါ “ Myanmar President hopes better China Asean relation ” သတင်း ကိုဘာသာပြန်ဆိုသည်)

  1.  ဂျပန်  Aeon ကုမ္ပဏီမြန်မာနိုင်ငံတွင် ကရက်ဒစ်ဝန်ဆောင်မှု စတင်

(The Japan News မှ  11 July 2013  ရက်စွဲပါ “ Aeon Launches Credit Service In Myanmar”  သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဂျာကာတာက ရိုဟင်ဂျာများ တရားဝင်ရပိုင်ခွင့်အတွက် မြန်မာနိုင်ငံကို ဖိအားပေး

(10 July 2013 ရက်စွဲပါ  VOA News မှ Ron Corben ၏ Jakarta pressing Burma on Rohingya Legal  rights  ကို ဘာသာပြန်ပါသည်)


ရခိုင်ပြည်နယ်အတွက် ဒေါ်လာ ၃.၂ သန်း ထပ်မံပေးအပ်ရန် Bob Carr ကြေငြာ

( 10 July 2013 ရက်စွဲပါ  Yahoo မှ  ABC သတင်းဌာန၏  Bob Carr announces $ 3.2 Million and boost for Myanmar’s Rakhine State ကိုဘာသာပြန်ပါသည် )

သြစတြေးလျအစိုးရသည်  မြန်မာနိုင်ငံရခိုင်ပြည်နယ် မငြိမ်သက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ရသူများအတွက် စာနာ သော အကူအညီများပေးရန် နောက်ထပ်ဒေါ်လာ ၃ .၂ သန်းကူညီရန် ကြေငြာခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီး Bob Carr သည် ရန်ကုန်မြို့တွင် ရောက်ရှိနေပြီး သမ္မတဦးသိန်းစိန်နှင့် လည်းကောင်း၊ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်ပါသည်။

ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများကြောင့် လူပေါင်း ( ၁၉၂ ) ဦး သေဆုံးပြီး၊ လူပေါင်း ( ၁၄၀၀၀၀ )ခန့် အိုးမဲ့အိမ် မဲ့ဖြစ်ကြရပါသည်။

ဆီနီတာ Carr ကပြောကြားရာတွင် ယခုထပ်မံပေးအပ်ခဲ့သော အကူအညီကြောင့် ရခိုင်ပြည်နယ်အတွက် သြစတြေး လျ၏  စုစုပေါင်း အကူအညီသည် ဒေါ်လာ ( ၉ )သန်းအထိရောက်ရှိဟု ဆိုပါသည်။

“  ကျွန်တော်တို့ရဲ့ အကူအညီက နောက်ထပ် ထပ်တိုးလာတဲ့ လူ( ၉၀၀၀) အတွက် အိမ်အမိုးအကာ ရဖို့ ဖြစ်ပါတယ်” ဟု ၄င်းက ပြောပါသည်။

“ အဲဒီငွေနဲ့ စခန်းတွေမှာ ရေနဲ သန့်ရှင်းမှု တိုးတက်အောင် လုပ်ရပါမယ်။ အိုးမဲ့အိမ်မဲ့လူတွေ၊ အထူးသဖြင့် အမျိုး သမီးများနဲ့ ကလေးများကို လုံခြုံမှုနဲ့ လုံခြုံရေးကို ကူညီသွားမှာပါ”ဟု ဆိုပါသည်။

“ သြစတြေးလျဟာ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှုဆိုင်ရာပြဿနာတွေရဲ့ ဆိုးရွားမှုတွေကို ကူညီဖို့ အများ ဆုံးအလှူရှင် ဖြစ်ပါတယ်” ဟု ဆိုပါသည်။

သြစတြေးလျအစိုးရသည် နှစ်ပေါင်း (၃၀)အတွင်း မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်သန်းခေါင်စာရင်း ကောက်ယူရေး အတွက် ဒေါ်လာ(၃)သန်းပေးလှူခဲ့ပါသေးသည်။


 တရုတ် အာဆီယံ ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် မြန်မာသမ္မတ မျှော်လင့်

(  xinhua  မှ 10 July 2013  ရက်စွဲပါ “ Myanmar President hopes better China Asean relation ” သတင်းကိုဘာသာ ပြန်ဆိုသည်)

တရုတ်နှင့် အာဆီယံဆက်ဆံရေးသည် ယခုအခါ အချိန်ကောင်းနှင့် ကြုံတွေ့နေရပြီး၊ တရုတ်- အာဆီယံ မဟာဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက် လက်တွဲမှုသည် ရှေ့လျှောက်ပိုမို တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပါသည်။

တရုတ် - အာဆီယံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လက်တွဲမှု ၁၀ နှစ်မြောက် အထိမ်းအမှတ် အတွက်  documentory ရိုက်ကူးသည့် အဖွဲ့နှင့်  Xinhua သတင်းဌာန တို့ ပူးပေါင်းပြုလုပ်သော အင်တာဗျူးတွင်  မြန်မာသမ္မတက ထို့သို့မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်သည် တရုတ်- အာဆီယံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် လက်တွဲမှု ၁၀ နှစ်ပြည့်ခဲ့သောကြောင့်ထူးခြားသောနှစ် ဖြစ်သည်ဟု ဦးသိန်းစိန်က ဆိုပါသည်။

“  မြန်မာနိုင်ငံဟာ ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ယူတော့မှာ ဖြစ်ပါသည်။ လက်ရှိ အချိန်မှာ တရုတ်- အာဆီယံ ဆက်ဆံရေး ကောင်းနေပါတယ်။ အနာဂတ်မှာ ပိုပြီးတော့ ကောင်းလာဦးမှာပါ။ ဒီထက် ပို၍ ပို၍ ကောင်း လာလိမ့်ဦးမယ် လို့လည်း မျှော်လင့်ပါတယ်” ဟု ဦးသိန်းစိန်ကပြောကြားသည်။

တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဦးသိန်းစိန်က မှတ်ချက်ပေးရာတွင် တရုတ်- မြန်မာနှစ်နိုင်ငံသည် နှစ်ဖက်ပြည်သူများအကြား ကာလရှည် ချစ်ကြည်ရင်းနှီးခဲ့ကြသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော်အဆင့်မှ မဟာဗျူဟာမြောက် ပူးပေါင်းလက်တွဲဖော်အဆင့်သို့ မြှင့်တင်နေကြောင်း မြန်မာနိုင်ငံအခက်အခဲတွေ နေချိန်တွင်  တရုတ်နိုင်ငံ မြန်မာ ဘက်မှ ရပ်တည်ကာ၊ အကူအညီများ ပေးခဲ့ကြောင်း ရှင်းလင်း ပြောဆိုပါသည်။

ထို့အပြင် တရုတ်နိုင်ငံသည်  မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ယူနန်ပြည်နယ်နှင့် ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်နေခြင်းကြောင့် ပုံမှန်ကုန်သွယ်ရေးအပြင် နယ်စပ်ကုန်သွယ်ရေးကိုပါ လုပ်ကိုင်ခဲ့ကြသည်ဟု ဦးသိန်းစိန်က ဆိုပါ သည်။

မကြာသေးခင်အချိန်က ကျယ့်ကျယ့်ပြန့်ပြန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်လက်တွဲရေးနှင့် ပတ်သက် သည့် အကောင်အထည်ဖော်မှု အစီအစဉ်ကို နှစ်နိုင်ငံ လက်မှတ်ထိုးခဲ့ကြပြီး ပိုမိုရင်းနှီးမြှုပ်နှံမှုများနှင့်စီးပွားရေး ဆက်ဆံရေး ကောင်းမွန်မှုများကြောင့်နှစ်နိုင်ငံ ကုန်သွယ်ရေး ချဲ့ထွင်နိုင်ကြမည်ဟု ယုံကြည်ကြောင်း ဦးသိန်းစိန်က ဆက်လက်ပြောကြား သည်။

အင်တာဗျူး အဆုံးသတ်တွင် ဦးသိန်းစိန်က တရုတ်-မြန်မာဆက်ဆံရေးသည် လက်ရှိတွင် ကောင်းမွန်နေပြီး၊ နောက်တွင် ပို၍ပင် ကောင်းမွန်လာဦးမည်ဖြစ်ကြောင်း အထူးအလေးထားပြောဆိုသွားပါသည်။

တရုတ်-မြန်မာဆက်ဆံရေးသည် ယခုမျိုးဆက်တွင် သာမကပဲ အနာဂတ်မျိုးဆက်များတွင်လည်း ဆက်လက်ခိုင်မာ တိုးတက်နေဦးမည်ဟု ဦးသိန်းစိန်က မျှော်လင့်ယုံကြည်နေပါသည်။


 ဂျပန်  Aeon ကုမ္ပဏီ မြန်မာနိုင်ငံတွင် ကရက်ဒစ်ဝန်ဆောင်မှု စတင်

(The Japan News မှ  11 July 2013  ရက်စွဲပါ “ Aeon Launches Credit Service In Myanmar”  သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံမှ  Aeon Financial Service  ငွေကြေးဝန်ဆောင်မှုကုမ္ပဏီသည် ရန်ကုန်မြို့တွင် အသစ်ဖွင့်လှစ်သော လက်အောက်ခံကုမ္ပဏီမှတဆင့် မြန်မာနိုင်ငံတွင် စားသုံးသူချေးငွေဝန်ဆောင်မှုကို စတင်တော့မည် ဖြစ်သည်။

ရန်ကုန်မြို့တော်တွင် လုပ်ငန်းဆောင်ရွက်ရန် ဒေသအာဏာပိုင်များထံမှ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း Aeon Co ၏ ဘဏ္ဍာရေးဌာနက အင်္ဂါနေ့က ပြောကြားပါသည်။

လက်အောက်ခံကုမ္ပဏီခွဲ အသစ်ဖြစ်သည့် Aeon Microfinance ( Myanmar) Co သည်အိမ်အသုံးအဆောင်နှင့် ပရိဘောဂ အဓိကရောင်းချသော အဖွဲ့ဝင် စတိုးဆိုင် ၁၀၀ ခန့် အား အရစ်ကျငွေပေးချေခြင်း ဝန်ဆောင်မှုများကို ကမ်းလှမ်း ဆောင်ရွက်ပေးမည်ဖြစ်သည်။

နောက်ကာလတွင် အကြွေးဝယ်ကရက်ဒစ်ကဒ်များကိုပါ ထုတ်ပေးသွားရန် ကုမ္ပဏီက စီစဉ်ထားသည်။

Aeon Financial Service   ကုမ္ပဏီ၏ အဆိုအရ ၄င်းတို့ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်  Consumer Credit Services ပေးသော ပထမဆုံး ဂျပန်ကုမ္ပဏီဖြစ်သည် ဟု သိရှိရသည်။


ဂျာကာတာက ရိုဟင်ဂျာများ တရားဝင်ရပိုင်ခွင့်အတွက် မြန်မာနိုင်ငံကို ဖိအားပေး

(10 July 2013 ရက်စွဲပါ  VOA News မှ Ron Corben ၏ Jakarta pressing Burma on Rohingya Legal  rights  ကို ဘာသာပြန်ပါသည်)

အင်ဒိုနီးရှားနိုင်ငံက မြန်မာအစိုးရအား မူဆလင်ရိုဟင်ဂျာများအား တရားဝင်အနေအထား ခွင့်ပြုရန် ဖိအားပေးခဲ့ပါ သည်။  ရိုဟင်ဂျာများသည် အင်ဒိုနီးရှားနှင့် အခြားတိုင်းပြည်များသို့ ခိုလှုံရန် ထွက်ပြေးလျက်ရှိရာ၊ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး မာတီနာတာလီဂါဝါက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း လူမျိုးရေးအကြမ်းဖက်မှုများကို ပြီးဆုံးသွားအောင် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောခဲ့သည်ဟု Ron Corben က သတင်းပေးပို့ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက  မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး များကို ဖိဖိစီးစီးပြုလုပ်ရန် နှင့် နိုင်ငံမဲ့ ဖြစ်နေသော မူဆလင် ရိုဟင်ဂျာများကို  တရားဝင် ရပိုင်ခွင့်များ အသိအမှတ်ပြုရန် ပြောကြားခဲ့ပါသည်။

နာတာလီဂါဝါက ဗုဒ္ဓဟူးနေ့က သတင်းထောက်များအား ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

“ဒီကိစ္စက တရားဝင် ရပ်တည်ခွင့်ကိစ္စ ဖြစ်ပါတယ်။တဖက်က ကြည့်လျှင် နိုင်ငံရေးအရရော တရားဥပဒေရေးရာ အရ လည်းကောင်း  ဆက်စပ်နေပါတယ်။ အခုကျွန်တော်တို့က မြန်မာအစိုးရကို  အခြေခံကျတဲ့နည်းလမ်းနဲ့ ကိုင်တွယ်ဖို့ အားပေး နေတာပါ။ ဒါမှသာ ရိုဟင်ဂျာတွေဟာ အခြားနိုင်ငံ သားများနည်းတူ  တရားဝင်ရပ်တည်ခွင့်နဲ့  တရားဥပဒေဆိုင်ရာ ပိုင်ခွင့်များ ခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု နာတာလီဂါဝါက ပြောပါသည်။

မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများသည်  အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများအဖြစ် ရှင်းပြပြီး  ရိုဟင် ဂျာများကို အသိအမှတ်ပြုခဲ့ခြင်း မရှိပေ။

နာတာလီဂါဝါ က ပြောကြားရာတွင် ယခုအခါ မြန်မာနိုင်ငံတွင် ဘာသာရေးအရ သွေးထွက်သံ ယိုဖြစ်မှုကြောင့် လူများစု ဗုဒ္ဓဘာသာများနှင့်  မူဆလင် လူနည်းစုကြားတွင် တစ်ဦးအပေါ်တစ်ဦး  မယုံကြည်မှု ကြီးစွာဖြစ်လျက်ရှိသည်ဟု ဆိုပါ သည်။ အင်ဒိုနီးရှားတွင်လည်း ဒီမိုကရေစီ ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်စဉ်  1990 နှောင်းပိုင်းက ထိုသို့သောအကြမ်းဖက် မှုမျိုးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ဘူး သည်ဟု ၄င်းက ဆိုပါသည်။အင်ဒိုနီးရှားအနေဖြင့်  အသိုင်းအဝိုင်းကြား နားလည်မှု ပြန်လည်  တည်ဆောက်ရေးအတွက်  မြန်မာနိုင်ငံမှ  အာဏာပိုင်များအား  အတွေ့အကြုံများ မျှဝေရန်အသင့်ရှိသည်ဟု ဆိုပါ သည်။

“ဒါကြောင့် ကိုင်တွယ်ဖြေရှင်းရမည့် အရေးကိစ္စတစ်ခုတော့ ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ဒါပေမယ့် ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုရဲ့   မလုပ်မဖြစ်လုပ်ရမဲ့  ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကို သတ်သတ် ခွဲခြားဖြေရှင်းလို့ မရနိုင်ပါဘူး။ ဒီမိုကရေစီနည်းကျကျ အသွင်ပြောင်းနိုင်ဖို့ လူမျိုးရေး တင်းမာမှုတွေနဲ့  အလျားလိုက်ကျုတဲ့  ပဋိပက္ခတွေကို တစ်ခုပြီးမှ တစ်ခု မဟုတ်ဘဲ တပြိုင်နက် ကိုင်တွယ်ဖြေရှင်းရပါလိမ့်မည်” ဟု  ၄င်းက ပြောပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင်  လူကုန်ကူးမှုများနှင့် ဒေသတွင်း လှေဖြင့် လူများ ထွက်ပြေးလာမှုကို တိုက်ဖျက် ရန် အဓိကကျသော  ဒေသတွင်း ကွန်ဖရင့် တစ်ခု ကျင်းပရန် စီစဉ် လျက်ရှိပါသည်။

 


 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive