Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အာဘော်အရဆိုရင်တော့ တိုင်းရင်းသားတွေဘက်ကလည်း တစ်ပြည်လုံး အပစ်ရပ်ရေး ဆိုတာကို သဘောတူဖို့ နိုင်ငံရေးဆွေးနွေးပွဲ အချိန်ဇယားတွေပါ တစ်ပါတည်းထည့်ပြီး လက်မှတ် ရေးထိုးမယ်ဆိုရင်တော့ ဖြစ်လာနိုင်ပါတယ်။ နို့မို့ဆိုရင်တော့ အဓိပ္ပာယ်ပြည့်ဝတဲ့ တစ်ပြည်လုံး အပစ်ရပ်ရေး သဘောတူမှုဆိုတာ မရနိုင်ပါဘူး”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ Yangon Times နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “တစ်ပြည်လုံး အပစ်ရပ်ရေး သဘောတူညီမှုလုပ်လျှင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ လက်ခံနိုင်ဖွယ်ရှိ” သတင်းမှ ယခင် ကေအိုင်အို ဒုတိယဥက္ကဋ္ဌ ဒေါက်တာတူးဂျာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ဆီမှာ ထုတ်ပြန်ထားတဲ့ တချို့ မီဒီယာဥပဒေတွေမှာတော့ နိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနဲ့ ပတ်သက်ပြီး တချို့တစ်ဝက်ကတော့ ထိန်းချုပ်ထားတာ ကောင်းပါလိမ့်မယ်။ ဒါ ကျွန်တော်တို့ နိုင်ငံတင် မဟုတ်ပါဘူး။ တချို့ နိုင်ငံတွေမှာလည်း ဒီလိုပါပဲ။ မီဒီယာလွတ်လပ်ခွင့်ကတော့ ကျွန်တော်တို့ အစိုးရသက်တမ်း ၂ နှစ်အတွင်း အတိုင်းအတာအရ တော့ တော်တော်များများ ပေးထားပြီးပြီလို့ ပြောနိုင်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ 7 Day Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မီဒီယာဥပဒေများ နိုင်ငံလုံခြုံ ရေးနှင့် နိုင်ငံ တည်ငြိမ်ရေးအတွက် ထိန်းချုပ်ထားမှုများ ပါဝင်နိုင်ဟု သမ္မတပြော” သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လိုင်စင် ကျွန်တော်တို့လက်ထဲကို ရောက်နေပြီဆိုတာနဲ့ အဲဒါရပြီး ရှစ်လကြာတာနဲ့ လုပ်ငန်းစမယ်။ လုပ်မယ့် လုပ်ငန်း အသေးစိတ် အချက်အလက်တွေကို အဲဒီ အချိန်ကျရင် ထပ်ကြေညာပေးမယ်”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ Empire Daily နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “Telenor ကုမ္ပဏီ၏ ဖုန်း ဆင်းမ်ကတ်များကို မြန်မာပြည်အတွင်း အရောင်းဌာနပေါင်း ၇ သောင်းဖွင့်၍ ရောင်းချမည်” သတင်းမှ Telenor Myanmar အမှုဆောင်အရာရှိချုပ် Petter Furberg ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အသင်းချုပ်မှာ အသင်းသားဦးရေ (၂၀၀၀၀) ကျော်ရှိတဲ့အထဲမှာ ဆန္ဒမဲပေးသူ (၄၀၀) ကျော်ပဲရှိပါတယ်။ ဒါပေမဲ့ တချို့ ဆန္ဒမဲပေးသူတွေက ဆန္ဒမဲငါးစောင်ကနေ ဆယ်စောင်အထိ မဲပေးတဲ့အတွက် ဆန္ဒမဲ (၇၂၂) မဲရှိသွားပါတယ်။ ရွေးချယ်ပွဲမှာ တရားမျှတမှုရှိအောင် ပညာရှင် (၁၁) ဦး ရွေးချယ်သော်လည်း တကယ် လက်တွေ့မှာ ရွေးချယ်မှု မမှန်ကန်ခဲ့ပါဘူး။ ဒါကြောင့် တရားမျှတတဲ့ နည်းလမ်းနဲ့ ပြန်လည် ရွေးချယ်ပေးစေလိုပါတယ်”

၂၀၁၃ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် Hot News ဂျာနယ် အတွဲ(၃)၊ အမှတ် (၁၄၉) တွင် ပါရှိသော “UMFCCI အမှု ဆောင် ရွေးချယ်မှုဂယက်ကြောင့် ကြေညာချက် ထုတ်ပြန်ရ” သတင်းမှ ဇောတိကသင်္ကန်းတိုက် ပိုင်ရှင် ဦးခင်လှိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံမှာ ဒေါ်လာဈေးကို မြင့်တက်လာအောင် လုပ်ချင်တဲ့အုပ်စုနဲ့ မလုပ်ချင်တဲ့ အုပ်စုဆိုပြီး နှစ်မျိုးပေါ်နေတယ်။ ဒေါ်လာဈေးတက်တော့ ပို့ကုန်ဈေးကွက်အတွက် အဆင်ပြေတာမှန်တယ်။ သွင်းကုန်အတွက်ကျတော့ အရမ်းထိခိုက်တယ်။ မြန်မာနိုင်ငံက ပို့ကုန်ရငွေကို အဓိကမှီခိုနေရတာ မှန်ပေမယ့် အသုံးများတာကတော့ နိုင်ငံခြားပစ္စည်း၊ ဆေးဝါးကအစ စားသောက်ကုန်အဆုံး၊ ဒီတော့ ဒေါ်လာ ဈေးမြင့်တက်မှုက လူနည်းစုကောင်းစားရေး အတွက်ပဲလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်”

၂၀၁၃ ဇူလိုင်လ ၁၈ ရက်နေ့ စံတော်ချိန်နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “မြန်မာငွေနှင့် ကန်ဒေါ်လာ တန်ဖိုးကွာပာမှု ရွှေ့ပြောင်းသယ်ယူရာ၌ အခက်အခဲရှိနေ”သတင်းမှ  စီးပွားရေးပညာရှင် ဦးရူပ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


သတင်းတိုများ

နိုင်ငံရေး

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရန် လိုအပ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS တို့က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန် သည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးမှု ကဏ္ဍများတွင် နှစ်ဖက် အဖွဲ့အစည်းများ သာမက တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် ဒေါ်အောင်ဆန်းစုကြည် စသည့် အဓိက အဖွဲ့အစည်း ခေါင်းဆောင်အားလုံး တက်တက်ကြွကြွ ပါဝင်ရန် လိုအပ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် RCSS ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်တို့ တွေ့ဆုံ ဆွေးနွေး မှုအပြီး ယင်းသို့ ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။

တပ်မတော်သား၂၅ ရာခိုင်နှုန်း ပါဝင် တက်ရောက်လျက်ရှိသော လွှတ်တော် အစည်းအဝေးများတွင် ရင့်သီး ပုတ်ခတ်သည့် စကားလုံးများဖြင့် တပ်မတော် ကို ဝေဖန်ခြင်း မပြုရန် လွှတ်တော် ကိုယ်စားလှယ်များကို တားမြစ်သွား မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးအပြီး သတင်းထောက် များနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်က ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လယ်မြေများနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာ အပိုင်း (၁)၊ အပိုင်း (၂)ကို အတည်ပြုရန် လွှတ်တော် ကိုယ်စားလှယ် အချို့က ဆွေးနွေးစဉ် တပ်မတော်ကို စစ် အစိုးရ၊ စစ် အာဏာရှင်စသည့် အသုံးအနှုန်းများ သုံးနှုန်းခဲ့ပြီး ယင်းအသုံးအနှုန်းများ သည် တစ်ဖက်နှင့်တစ်ဖက် ထိခိုက် နစ်နာမှုများ ရှိလာစေသောကြောင့် တားမြစ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဒေသနှင့် အခြားဒေသများရှိ ထားဝယ်လူမျိုးများ စုစည်း၍ ထားဝယ်တိုင်းရင်းသားများပါတီ တစ်ခု တည် ထောင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဇော်ဦးက The Voice သို့ ပြောကြား သည်။အဆိုပါ ထားဝယ်တိုင်းရင်းသားများပါတီ ဖြစ်မြောက်ရေးကို အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ပါတီတည်ထောင်ခွင့် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ထံသို့ ဇူလိုင်လ ၁၆ ရက်နေ့တွင် တရားဝင် လျှောက်ထား ခဲ့ကြောင်း ၎င်းကထပ် လောင်း ပြောကြားသည်။ထားဝယ်တိုင်းရင်းသားများပါတီ အနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သော် လည်း ပြည်ထောင်စုမြန်မာ နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ထားဝယ် တိုင်းရင်းသားများ ပါဝင်နိုင်ရေး၊ တိုင်းရင်းသား ဆိုင်ရာ သမိုင်းနှင့် ယဉ်ကျေးမှု ကိစ္စရပ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် မဲခေါင်ဒေသ၏ အချက်အချာနေရာ တစ်ခု ဖြစ်လာသည့်အခါ နိုင်ငံရေး ပလက်ဖောင်း

တစ်ရပ် ဖြည့်ဆည်းနိုင်ရေး အဓိက ရည်ရွယ်ကြောင်း ဦးဇော်ဦးက ပြောကြားသည်။


ပဋိပက္ခစီမံခန့်ခွဲမှု

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် နိုင်ငံဘတ်ဂျက်၊ ပြည်သူ့ငွေများကို အဓိကထား စဉ်းစား၍ သုံးစွဲခြင်းအားဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်ကြောင်း၊ ငြိမ်းချမ်းရေး အတွက် အခြားနိုင်ငံအဖွဲ့ အစည်းများကို အားကိုးမည့်အစား ပြည်တွင်းရှိ ပြည်သူတို့၏ ငွေများဖြင့်သာ ဆောင်ရွက်သွားမည်ဆိုပါက လွှတ်တော် အနေဖြင့် ၀မ်းမြောက်စွာ ကြိုဆို၍ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၁၇ ရက်နေ့ လွှတ်တော် အစည်းအဝေး အပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံချိန်တွင် ပြောကြားသွားခဲ့သည်။


အုပ်ချုပ်ရေး

အဆိုးဝါးဆုံး ပုံစံဖြင့် ကလေးသူငယ် လုပ်သားများကို ခိုင်းစေမှု ပပျောက်ရေး ပြဋ္ဌာန်းချက် ၁၈၂ ကို မြန်မာနိုင်ငံ သမ္မတ လက်မှတ်ရေးထိုးရန် သဘောတူညီထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ Steve Marshall က ပြောကြားသည်။ အဆိုးဝါးဆုံး နေရာဟု ခေါ်ဆိုသည့် အသက် အန္တရာယ်နှင့် အလုပ် မလုပ်ကိုင်သင့်သည့် နေရာများ ဖြစ်သော မိုင်းတွင်း၊ ကလေး စစ်သား၊ ပြည့်တန်ဆာ စသည့် လုပ်ငန်း များတွင် ကလေးသူငယ်များ ပပျောက်ရေးအတွက်ဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရက အာဆီယံ ဥက္ကဋ္ဌ တာဝန် မယူမီ လက်မှတ် ရေးထိုး နိုင်မည်ဟု ယူဆကြောင်း ILO မှ စီမံကိန်း တာဝန်ခံ ဦးချစ်တင်က ဆိုသည်။ အဆိုပါ ပြဋ္ဌာန်းချက် အပါအဝင် အိမ်ဖော်များနှင့် ပတ်သက်သည့် ပြဋ္ဌာန်း ချက် တစ်ရပ်ကိုပါ လက်မှတ် ရေးထိုးရန် သဘောတူညီမှု ရရှိထားကြောင်း Steve Marshall က ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမား ဦးရေကို ၂၀၁၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာ ရင်း ကောက်ခံစဉ် တစ်ပြိုင်တည်း ကောက်ခံရန် နိုင်ငံတော် သမ္မတက ခွင့်ပြုထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ Steve Marshall က ပြောကြားသည်။ အလုပ်သမား စာရင်း ကောက်ခံရာတွင် အခြားသူထံတွင် အလုပ် လုပ်ကိုင် သည့် ဦးရေ၊ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်သူ ဦးရေ၊ လုပ်ငန်း အမျိုးအစား လိုက် အလုပ်သမား ဦးရေနှင့် အလုပ်လက်မဲ့ ဦးရေများကို ကောက်ခံ မည်ဖြစ်ပြီး စာရင်း ကောက်ယူမှု လိုအပ် ချက်များကို နိုင်ငံတော်ကို တင်ပြ သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမှန်တကယ် အလုပ် လုပ်ကိုင်နိုင်သော ဦးရေ ၅၆ ဒသမ ၅၄ရာခိုင်နှုန်းရှိပြီး အလုပ် လက်မဲ့နှုန်းမှာ ၂၈ ဒသမ ၄ ရာခိုင်နှုန်းရှိသဖြင့် လူဦးရေဖြင့်ဆိုလျှင် ၁၀ သန်း ဝန်းကျင် အလုပ်လက်မဲ့ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ပါဝင်ရန် RCSS နှင့် KNU တို့ ပူးတွဲ ထုတ်ပြန်
  2. ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် သမ္မတဦးသိန်းစိန်အား ပြင်သစ်သမ္မတ တိုက်တွန်း
  3. စစ်အစိုးရလက်ထက် သေဆုံးခဲ့ရသော သတင်းမီဒီယာများအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း၍စုံစမ်း ဖော်ထုတ် ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နယ်စည်းမခြားသတင်းထောက်များအဖွဲ့ တိုက်တွန်း


 

ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်တို့ပါဝင်ရန် RCSS နှင့် KNU တို့ ပူးတွဲထုတ်ပြန်

အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်၊ လွှတ်တော်၊ အစိုးရဌာနများရှိ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီအသီးသီးမှ ပါတီပြောရေးဆိုခွင့်ရှိသူများ တက်ကြွစွာပါဝင်စေလိုကြောင်း ကရင်အမျိုးသား အစည်း အရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် ပြည်တွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်မည့်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း မည်သို့ ငြိမ်းချမ်းရေး ဆောင်ကြဉ်းရမည်ပာူသည့် ကိစ္စရပ်အား မြန်မာနိုင်ငံနှင့် သက်ဆိုင်သူအားလုံး အတူတကွတိုင်ပင် ဆွေးနွေးသင့် ကြောင်း ဖော်ပြ ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၁၆)ရက်နေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် တို့တွေ့ဆုံဆွေးနွေးမှုပြုလုပ်အပြီးတွင် ယခုကဲ့သို့ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်သည့် ပြည်ထောင်စုညီလာခံတစ်ရပ် ကျင်းပနိုင်ရေး ကြိုးစားသွားရန်လည်း နှစ်ဖွဲ့သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ဒေါ်အောင်ဆန်းစုကြည်ပါဝင်နိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြီးခဲ့ သည့် ဇူလိုင်လဒုတိယပတ်အတွင်းက ကျင်းပခဲ့သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)အစည်းအဝေး၌ ပြန်လည်ဖွဲ့စည်း ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗပာိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ထည့်သွင်းရန် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြည်တွင်းရှိတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့်ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး (၁၀)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးဖြစ်ကာ KIO/KIA နှင့် လက်မှတ်ရေး ထိုးရန်ကျန်ရှိနေသေးသည့်အတွက် ယခုလအတွင်းအဆိုပါအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးကာ တိုင်းရင်းသား လက် နက်ကိုင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့၌ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီမှ နည်းပညာ အထောက်အကူပြုအဖွဲ့(Technical Teams)နှင့် Myanmar Peace Center မှ နည်းပညာအထောက်အကူပြု အဖွဲ့များမှတွေ့ဆုံ၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်သင့်သောအချက်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) အနေဖြင့် အစိုးရ၏ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ်ပူးတွဲကြေညာချက် ထုတ် ပြန်ခြင်းဖြစ်သည်။


ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် သမ္မတဦးသိန်းစိန်အား ပြင်သစ်သမ္မတ တိုက်တွန်း

သမ္မတဦးသိန်းစိန်နှင့် ပြင်သစ်သမ္မတ ဖရန်ကို့စ် ဟိုလန်ဒေးတို့ ဇူလိုင်လ ၁၇ ရက်နေ့က ပါရီမြို့၌ တွေ့ဆုံရာတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးမည်ဆိုသည့် ကတိအတိုင်းဆောင် ရွက်ရန် သမ္မတ ဦးသိန်းစိန်အား ပြင်သစ်သမ္မတက တိုက်တွန်းခဲ့ကြောင်း သိရသည်။

ပြင်သစ်နန်းတော် Elysee ၌ ၄၅ မိနစ်ကြာ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင် ရန် ပြင်သစ်သမ္မတက တိုက်တွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြင်သစ်သမ္မတက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိဘဲ လွတ်ပေးရန်အတွက် သမ္မတဦးသိန်းစိန် အားတိုက်တွန်း ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဥရောပနိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန်အတွက် ဇူလိုင်လ ၁၄ ရက်က တရားဝင်ပြည်ပ ခရီးစဉ်ကို စတင်ထွက်ခွာခဲ့သည့် သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ တွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ယခုနှစ်မကုန်မှီ လွှတ်ပေးမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်တွင် လန်ဒန်မြို့၊ Chatham House ပညာရှင်များ အဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုများ အဆုံးသတ်ရေးကိုလည်း မကြာမီ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားထားသည်။

ကြက်ခြေနီအဖွဲ့အရာရှိများ မြန်မာနိုင်ငံရှိအကျဉ်းထောင်များသို့ သွားရောက်ကြည့်ရှုခွင့် ရရှိခြင်းသည်လည်း တိုးတက်မှုတစ် ခုဖြစ်ကြောင်း Elysee Palace မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည့် လူမှုရေးပဋိပက္ခများနှင့် ပတ်သက်၍ ပြင်သစ်အစိုးရက စိုးရိမ်နေဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ သမ္မတဦးသိန်းစိန်အား ဖိအားပေးရန် နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ နှင့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ပူးတွဲလက်မှတ်ရေးထိုးထားသည့် စာတစ်စောင်ကို ပြင်သစ်သမ္မတ ထံပေးပို့ထားကြောင်း သိရသည်။

ပြင်သစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးသဘောတူစာချုပ်များ ထပ်မံရေးထိုး ရန် ဆွေးနွေးနေသည့် ကုမ္ပဏီ များဖြစ်သည့် Vinci Bouygues, Total, Orange တို့၏ အကျိုးစီးပွားကိုသာ မကြည့်ရန်အဆိုပါစာတွင် ဖော်ပြထားကြောင်းသိရ သည်။


စစ်အစိုးရလက်ထက် သေဆုံးခဲ့ရသော သတင်းမီဒီယာများအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း၍စုံစမ်း ဖော်ထုတ်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား နယ်စည်းမခြားသတင်းထောက်များအဖွဲ့ တိုက်တွန်း

ဥရောပသို့ အလည်အပတ် ခရီးစဉ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (အာရ်အက်စ်အက်ဖ်) က ယခင်စစ်အစိုးရ   တာဝန်ယူချိန် လက်ထက် သတင်း တာဝန်ထမ်းဆောင်ချိန်နှင့် ဖမ်းဆီးထိန်းသိမ်းခံရချိန်များအတွင်း သတင်းထောက် ခြောက်ဦး သေဆုံးခဲ့ရမှု အပါအ၀င် သတင်းမီဒီယာ သများ အပေါ် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများကို ပြန်လည် စုံစမ်းဖော်ထုတ်ပေးရန် ဇူလိုင်လ ၁၆ ရက် နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ကာ တိုက်တွန်း တောင်းဆိုလိုက်ကြောင်း သိရသည်။

အဆိုပါ ပေးစာတွင် ၁၉၆၂ ခုနှစ်ကတည်းက မီဒီယာများအပေါ်  ကျုးလွန်ခဲ့သည့် ရာဇ၀တ်မှုများ၊ စစ်အစိုးရလက်ထက် ဂျာနယ်လစ် များ၊ ဘလော့ဂါများနှင့် အွန်လိုင်းပေါ်သို့ သတင်းနှင့် အချက်အလက်များ ပေးပို့သည့် နိုင်ငံရေးလှုပ်ရှားသူများကို ကျူးလွန်ခဲ့သည့် ပြစ်မှုများကို သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သော မြန်မာအစိုးရအနေဖြင့် စုံစမ်းစစ် ဆေးရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းကာ စုံစမ်းဖော်ထုတ်သင့်ကြောင်း ဖော်ပြပါရှိသည်။

စစ်အစိုးရတာဝန်ယူချိန်အတွင်း အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည့် သတင်းမီဒီယာများအတွက် စုံစမ်းဖော် ထုတ်ပေးရန် တရားဝင် ကြိုးပမ်းမှု မရှိခဲ့ပါက ယခု မြန်မာအစိုးရ လက်ရှိလုပ်ဆောင်လျက်ရှိသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှာ ပြီးပြည့်စုံလိမ့် မည် မဟုတ်ကြောင်း အဆိုပါပေးစာတွင် ဆက်လက်ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း မြန်မာစစ်အစိုးရ၏ လက်ချက်ကြောင့် မီဒီယာ သမား ခြောက်ဦးအထိ သေဆုံးခဲ့ သည်ဟု သိရှိရသည်။ အဆိုပါ မီဒီယာသမားများမှာ ၁၉၉၁ ခုနှစ် မေလ အတွင်းက ကွယ်လွန်သွားခဲ့သူ ကိုနေ၀င်း (အဆာဟိရှင်ဘွန်း)၊ ၁၉၉၁ ဇွန်လက ကွယ်လွန်ခဲ့သော ကိုဘသော် (သတင်းစာဆရာ မောင်သော်က)၊ ၁၉၉၈ သြဂုတ်လက ကွယ်လွန်သွားခဲ့သော ကိုစောဝင်း (ဗိုလ်တထောင် သတင်းစာ အယ်ဒီတာ)၊ ၁၉၉၉ စက်တင်ဘာတွင် ကွယ်လွန်ခဲ့သူ ကိုသာဝင်း (ကြေးမုံသတင်းစာ ဓါတ်ပုံဆရာ)၊ ၂၀၀၃ မေလတွင် ကွယ်လွန်ခဲ့သူ ကိုတင်မောင်ဦး (ဓါတ်ပုံဆရာ) နှင့် ၂၀၀၇ စက်တင်ဘာလက ကွယ်လွန်သွား ခဲ့သော ဂျပန်ဓါတ်ပုံဆရာ ကန်ဂျီ နာဂါအီ (APF သတင်းဌာန) တို့ ဖြစ်ကြသည်။

ယခင် အစိုးရလက်ထက်က သတင်းမီဒီယာသမားများ အပေါ် ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် စာရင်းပြုစုထားနိုင်ခြင်း မရှိသော်လည်း စစ်အစိုးရ ပယောဂကြောင့် သေဆုံးခဲ့ ရသူ သတင်းသမား ခြောက်ဦးအထိ ရှိခဲ့ကြောင်း၊ ထို့အတူ ယခု မိမိတို့ ဖွဲ့စည်းရန် တိုက်တွန်းထားသည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အဓိကတာဝန်မှာ ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် ၁၉၉၁ ခုနှစ်မှ ၂၀၀၇ ခုနှစ် အကြားတွင် သေဆုံးခဲ့ရသော မြန်မာသတင်းသမား ငါးဦးနှင့် ဂျပန်သတင်းသမား တစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ထိရောက်စွာ ပြုလုပ်နိုင်ရေး ဖြစ်ကြောင်း နယ်စည်းမခြားသတင်းထောက်များ အဖွဲ့က ပြောကြားသည်။

ထို့ပြင် စစ်အစိုးရလက်ထက် တစ်လျှောက် မြန်မာမီဒီယာသမား များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် နှစ်ရှည်ထောင် ဒဏ်များ ချမှတ်ခံခဲ့ရမှုများကို ပြန်လည်စစ်ဆေး၍ ထိုစဉ်က တာဝန်ရှိသူများ ကို ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ပေးစေလိုကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် မီဒီယာကဏ္ဍနှင့် ပတ်သက်၍ အရပ်သားအစိုးရ တက်လာပြီးသည့်နောက်ပိုင်းတွင် ဖြေလျှော့မှုများ ပြုလုပ်ခဲ့သော် လည်း မကြာသေးမီကမှ လွှတ်တော်တွင် အတည်ပြုခဲ့သည့် ပြန်ကြားရေးဝန်ကြီး ဌာနမှ တင်သွင်းခဲ့သော အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေကြမ်းနှဥပဒေကြမ်းတွင် ပါရှိသော မီဒီယာလောကကို စစ်အစိုးရလက်ထက်ကဲ့သို့ ပြန်လည်ချုပ်ကိုင် လွှမ်းမိုးလိုသည့် အချက်များကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ အကြား ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် စတုတ္ထမဏ္ဍိုင် တစ်ခုဖြစ်သော မီဒီယာကဏ္ဍှနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲများ ပြုလုပ်လျက်ရှိသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကမူ မီဒီယာဥပဒေများသည် နိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို အဓိကထားဆောင်ရွက်ရသဖြင့် တချို့တ၀က် ထိန်းချုပ်ထားရခြင်း ဖြစ်ကြောင်း၊ မိမိအစိုးရ သက်တမ်း ၂ နှစ်ကာလအတွင်း မီဒီယာချုပ်ကိုင်မှု တော်တော်များများကို လျှော့ပေးခဲ့ပြီး ဖြစ် ကြောင်း ဗြိတိန်နိုင်ငံ ခရီးစဉ်အတွင်း ပြောကြားထားသည်။


        

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive