Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေတာကြာပြီဖြစ်လို့ ဒီမိုကရေစီရေးနဲ့ လူ့ အခွင့်အရေးကို ပြန်လည်ဖော်ဆောင်ဖို့လိုသလို ဗမာအာဏာရှင် ကျွန်ဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကိုလည်း  ကျွန်တော်တို့မေ့မထားသင့်ဘူးလို့ ယူဆပါတယ်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးစု တွေ တိုက်ပွဲဝင်တောင်းဆိုနေတဲ့ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးကို ဖြေရှင်းနိုင်မှ ပြည်ထောင်စု မြန်မာ နိုင်ငံမှာ ပြည်တွင်းစစ်ကြီးရပ်စဲပြီး တရားဥပဒေစိုးမိုးမှုရှိပါမယ်။ တည်ငြိမ်အေးချမ်းမှုတွေရှိပါမယ်။ အဲဒီအခါမှ ဒီမိုကရေစီ အရေးတွေ၊ လူအခွင့်အရေးတွေကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အထက်ပါအရေးအားလုံးကို ဖြေရှင်းနိုင်ဖို့ဆိုရင် သော့ချက် ပြဿနာက စစ်အာဏာရှင်အုပ်စု ဆယ်နှစ်ကျော်ကြာ စိတ်ကြိုက်ရေးဆွဲထားတဲ့ နာဂစ်မုန်တိုင်းကြားထဲက  ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေကို ပထမဦးဆုံး ပြင်ရပါမယ်”

ဇူလိုင်လ ၂၆ ရက်နေ့ထုတ် Myanmar Post Global ဂျာနယ် အမှတ်(၁၁၉)တွင်ပါရှိသော “ဒီမိုကရေစီရေး လူ့အခွင့် အရေးများကို ဖော်ဆောင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လိုကြောင်း ရှမ်းပြည်တပ်မတော်ပြောကြား” သတင်းမှ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း နာယက ဗိုလ်ချုပ်ဆေထင်၏ ပြောကြားချက်အား  ကောက်နှုတ်ချက်။


 

“အစီရင်ခံစာမှာ ဝန်ကြီးဌာနတွေကို အရေးယူပေးဖို့ အစိုးရကို တိုက်တွန်းထားတယ်။ ကျနော်တို့ လွှတ်တော်ဘက်က လည်း အရေးယူလို့ရမယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနေကြတယ်။ ဆိုလိုတာက စာရင်းစစ်ချုပ်ရုံးက အခုနောက် ပိုင်း အားလုံးပြေလည်သွားပြီဆိုပြီး တင်ပြနေတယ်။ ဦးလွန်းမောင် (ယခင် စာရင်းစစ်ချုပ်ဟောင်း)တုန်းက ဘာဖြစ်တယ်၊ ဘယ်လိုဖြစ်တယ်ဆိုတာကို ထောက်ပြတယ်။ အခုစာရင်းစစ်ချုပ်အသစ်က အဲလိုမဟုတ်ဘူး။ သိပ်ပြီး သဘောမကျဘူး။ စာရင်းစစ်က ပြေလည်ပါတယ်ဆိုတိုင်း ပြီးသွားမှာလား။ ဒါဆိုရင် ပြည်သူ့ငွေစာရင်း ကော်မတီဆိုတာ ထားဖို့ မလိုတော့ဘူး။ ကျနော်တို့က စာရင်းစစ်ချုပ် စစ်ဆေးဖို့ လိုတာတွေကို ထောက်ပြဖို့ နည်းလမ်းတွေရှာနေကြတယ်။ အစိုးရပိုင်းကအရေးယူဖို့ တိုက်တွန်းထားသလို လွှတ်တော်ဘက်ကလည်း စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ ထုတ်တာတွေ ရှိလာမယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ  ၂၅ ရက်နေ့ ဧရာဝတီသတင်းဝက်ဆိုဒ်တွင် ပါရှိသော “ဝန်ကြီးဌာနများ ဘတ်ဂျက်ငွေစာရင်း မှားယွင်းမှု အရေးယူရန် လွှတ်တော်နည်းလမ်းရှာ”သတင်းမှ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


မေး။ ။တပ်တွင်းသက်သာချောင်ချိရေးအတွက် တပ်မတော်ရဲ့မူဝါဒအရ မြေလွတ်၊ မြေရိုင်းတွေကိုပဲ သိမ်းပြီး တပ်တွင်း ရဲဘော်တွေရဲ့ စားဝတ်နေရေး ထောက်ပံ့ရမယ်ဆိုပေမဲ့ နောက်ပိုင်းလုပ်ကိုင်သူရှိနေတဲ့ မြေတွေကို သိမ်းလာတာ ကိုယ်ကျိုး ပါလာတာတွေဟာ စနစ်ရဲ့ အားနည်းချက်လို့ရော ဆိုလို့ရမလား

ဖြေ။ ။ခုခေတ်က ပွင့်လင်းမြင်သာတဲ့ခေတ်၊ ဒါမျိုးတွေလာလုပ်လို့မရဘူး။ စနစ်က အကောင်းဘက်ကို ဦးတည်ပြီး ပြည်သူကို အလုပ်အကျွေးပြုဖို့ ဦးတည်နေပြီ။ ပန်းတိုင်ကို ပြည်သူလူထုနဲ့ လက်တွဲပြီး တက်ညီလက်ညီ ချီတက်နေပြီ။ ဒီအချိန်မှာ စနစ်ကြောင့်လို့ ပြောလို့မရတော့ဘူး။ စဉ်းစားတွေးခေါ်မှုနည်းတဲ့ လက်တစ်လုံးခြား ကိုယ်ကျိုးရှာနေတဲ့ အောက်ခြေပိုင်း တပ်အရာရှိတွေကြောင့်ပဲ မိခင်တပ်မတော်ကြီးကလည်း ပြည်သူနစ်နာအောင် မလုပ်ဘူး။ တပ်မတော် အကြီးအကဲ တွေကလည်း သဘောထားက ပြည်သူကို အဆင်ပြေစေလိုတာပဲရှိတာ။ ဒီကြားထဲကမှ မိခင်တပ်မတော်ကြီးရဲ့ အစဉ်အလာ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို ဥပေက္ခာပြုနေတဲ့သူတွေမှာပဲ တာဝန်ရှိတာ၊ သူတို့အားနည်းချက်ကြောင့် ဖြစ်တာ။ နမူနာဖြစ် အောင် ပြင်းပြင်းထန်ထန် အရေးယူလိုက်စေချင်တယ်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ်   The Hot News  ဂျာနယ် အတွဲ ( ၃ ) အမှတ် ( ၁၅၀ )တွင် ပါရှိသော “ ပြည်သူ့ လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်သိန်းလင်းနှင့် တွေ့ဆုံခြင်း ”သတင်းမှ ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်း လင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံး တပ်တစ်ခုတည်းဖြစ်ဖို့ ဆိုတာကတော့ဖြစ်နိုင်မယ်လို့ မထင်သေးဘူး။  DKAB တို့၊ KNU/ KNLA   Kတို့ဆိုတာ  KNU က ခွဲထွက်သွားတဲ့ အဖွဲ့တွေလေ။ နောက်ပြီး  BGF (နယ်ခြားစောင့်တပ်) ဖြစ်သွားတဲ့ အဖွဲ့တွေလည်းရှိတယ်။ BGF ဆိုတာ အစိုးရရဲ့အောက်မှာနေပြီး လှုပ်ရှားရတာဖြစ်တဲ့အတွက် မဖြစ်နိုင် သေးဘူး။ KNU မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မူဝါဒတွေရှိထားပြီးသားလေ။ အခုအချိန်မှာတော့ အမျိုးသားရေး ပူးပေါင်းဆောင်ရွက်ဖို့၊ တစ်ဖက်နဲ့ တစ်ဖက်တိုက်ပွဲ မဖြစ်နိုင်ဖို့တွေကိုဘဲ ဆွေးနွေးဖြစ်မှာပါ ”

၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့ထုတ်  The   Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့်  KNU၊  DKBA နှင့်  KNU / KNLA တို့ မြဝတီမြို့၌ ငြိမ်းချမ်းရေးနှင့် တပ်ကိစ္စများ တွေ့ဆုံဆွေးနွေး” သတင်းမှ  KNU အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုးမန်းမန်း၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“ဥပမာပြောရရင် နိုင်ငံသားတွေဟာ ဥပဒေအရာမှာ အညီအမျှ ဖြစ်ရမယ်။ ဒါအခြေခံမူပဲ ပြင်လို့မရဘူး။ ဒါပေမဲ့ အဲဒါကို ဖွဲ့စည်းပုံမှာ ပြင်ထားတယ်။ နိုင်ငံသားတစ်ဦးဟာ မိမိသော်လည်းကောင်း၊ သားသမီးသော်လည်းကောင်း၊ မိမိ၏ ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားသားနဲ့ လက်ထပ်ရင် သမ္မတမဖြစ်ရဘူး။ ဒါနိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းတာပဲ။ တစ်နည်းပြော ရင် ရှေ့ပြဋ္ဌာန်းချက်နဲ့ နောက်ပြဋ္ဌာန်းချက် မညီညွတ်တာပဲ။ ဒါမျိုးတခြားအချက်တွေမှာလဲ ရှိတယ်။  ဒါတွေနဲ့ ပတ်သက်ပြီး လေ့လာထားတာတွေရှိတယ်။ ထောက်ပြချိန်ရောက်ရင် ထောက်ပြသွားမယ်”

၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့ထုတ်         The Yangon Times    နေ့စဉ်ထုတ်သတင်းစာ အတွဲ( ၁) အမှတ် (၇၄ )တွင် ပါရှိသော “  ဖွဲ့စည်းပုံမှ နိုင်ငံရေးအခြေအနေနှင့် ပြည်သူများ အကျိုးရှိစေမည့် အချက်များ ရှေးရှုပြင်ဆင်ရန်  NLD စီစဉ်နေ” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်း၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. အစိုးရတပ်မတော်နှင့် KIA တပ်ရင်းတို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွား
  2. ကျေးလက်ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးရန် ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်
  3.  လူ့အခွင့်အရေးလှုပ်ရှားသူများ ဖမ်းဆီးနေမှု ရပ်တန့်ပေးရန် ဥရောပနိုင်ငံများ တောင်းဆိုမည်


အစိုးရတပ်မတော်နှင့် KIA တပ်ရင်းတို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွား

အစိုးရတပ်မတော် ခလရ(၁၂၃)မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ နယ်မြေများ အနက် တစ်ခုဖြစ်သော မုန်ဂိုးဒေသ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ဖိုင်းကောင်းမြို့အား ချဉ်းကပ်လာမှုကြောင့် KIA တပ်ရင်း (၃၆)နှင့် ဇူလိုင် လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူတို့က ကျွန်တော်တို့ နေရာယူထားတဲ့စခန်းမှာ တက်လာလို့ ညနေ ၅ နာရီလောက်ထိ တိုက်ပွဲဖြစ်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ဘက်က လက်နက်ပြန်ရဖို့ သူတို့ကို ပြန်ပစ်တာ”ဟု KIA ပြည်သူ့စစ်တပ်ခွဲ ၅ တပ်ရင်းမှူး ဇော်ဆိုင်းက ပြောကြားသည်။

ထို့ပြင် အစိုးရတပ်မတော်မှ KIO ပြည်သူ့စစ်တပ်ဖွဲ့များရှိရာသို့ တပ်စွဲ၍ ချဉ်းကပ်မှုများလည်း ရှိခြင်းကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခန့်အထိ ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများ မရှိသေးကြောင်း တပ်ရင်းမှူး ဇော်ဆိုင်းက ဆိုသည်။

အလားတူ တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေအတွင်းသို့ အစိုးရ၏စစ်တပ်မှထိုးစစ်ဆင် ဝင်ရောက်လာခဲ့သည့်အတွက် မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးတွင် အစိုးရစစ်တပ်၏ ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ အခြေစိုက် ခမရ (၅၀၆)တပ်ဖွဲ့နှင့် တအောင်း လွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မန်တုံမြို့နယ် ပန်ကန်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ကျနော်တို့(၁၀၁)တပ်ရင်း အဖွဲ့နဲ့ဖြစ်တယ်။ သူတို့က အင်အား (၁၀၀)ကျော်မယ်။ ကျနော်တို့စခန်းကိုတိုက်ဖို့ တက်လာတာကို ကြိုသိထားတော့ သွားစောင့်နေလိုက်ပါတယ်။ သူတို့တက်လာတဲ့ လမ်းကြောင်းတွေမှာပေါ့။ သေသေချာချာ နေရာယူပြီး တစ်နာရီလောက် ပြင်းပြင်းထန်ထန် တိုက်လိုက် တော့ အထိနာပြီး ပြန်ဆုတ် သွားပါတယ်”ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲတွင် အစိုးရစစ်တပ်ဖက်မှ သုံးဦးကျဆုံးခဲ့ပြီး (၆)ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒုတိယဗိုလ်မှူးကြီး ပြောကြားချက်အရ သိရပြီး ယခုအခါ အစိုးရတပ်ရင်း(၅၀၆)တပ်ရင်းသည် ယခင်ဆောင်ရွက်နေကျအတိုင်း TNLA တပ်ရင်း၏ မနီးမဝေး (နာရီဝက်ကြာ ခရီး)တွင် တပ်စွဲထားသည်ဟု သိရှိရသည်။

ထိုသို့ တပ်စခန်းချင်း အနီးကပ်ထား၍ တိုက်ခိုက်သည့်စနစ်ကို အသုံးပြုကာ ထိုးစစ်ဆင်နိုင်ရန်အတွက် အစိုးရတပ်များကို တပ်ရင်း(၃၀)ကျော် အင်အား(၇၅၀၀)ခန့်အထိ တိုးချဲ့ထားပြီး အဆိုပါ အင်အားဖြင့် တအောင်းဒေသ၌ ရှိနေသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တပ်ဖွဲ့ များကိုပါ ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

TNLA အဖွဲ့သည် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့နှင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်တစ်ကြိမ် တွေ့ဆုံပြီးနောက်ပိုင်း ထပ်မံ တွေ့ဆုံကြခြင်း မရှိတော့ဘဲ လက်ရှိအချိန်အထိ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော်လည်း KIO/KIA တပ်များနှင့်မူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုအခါ အစိုးရတပ်များသည် တအောင်းဒေသသို့ ရောက်ရှိနေသော TNLA အပါဝင် အပစ်အခတ်ရပ်စဲထားသော KIA ၊ SSPP ၊ RCSS တပ်ဖွဲ့များနှင့်လည်း နေ့စဉ်တိုက်ပွဲငယ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် TNLA ဘက်မှ ငြိမ်းချမ်းရေးအတွက် အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းလာပါက အစိုးရ အနေဖြင့် သဘောတူမည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးမိုင်းအိုက်ညမ်းက ပြောကြားခဲ့ဖူးကြောင်း သိရသည်။ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်အမှု အဖွဲ့ကလည်း TNLA အဖွဲ့နှင့် တွေ့ဆုံရန် ကြိုးစားမှုများရှိခဲ့ကြောင်း သိရသည်။

YC


ကျေးလက်ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးရန် ရွေးကောက်ပွဲကော်မရှင် ပြင်ဆင်

မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသနှင့်  နယ်စပ်ဒေသများရှိ ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသခံတိုင်းရင်းသူဆရာမ ၁၄ ဦး၊ ကော်မရှင်ရုံးမှ အရာထမ်း ခြောက်ဦး အပါအဝင် သင်တန်းသား၊ သင်တန်းသူ ၂၃ ဦးအား မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်   The International Foundation For Electoral Systems(IFES–Myanmar)တို့မှ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ နှစ်ပတ်ကြာ သင်တန်းများ ပို့ချပေး သွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲကော်မရှင်မှ ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများပို့ချရခြင်းမှာ လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ၌ အထောက်အကူပြုနိုင်စေရန်ဖြစ်ပြီး ယင်းသင်တန်းသို့ တက်ရောက် လာမည့် သင်တန်းသားများကို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များကိုပါ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရွေးချယ်ထားတာက တိုင်းနဲ့ ပြည်နယ် ၁၄ ခုက တစ်ယောက်နှုန်းနဲ့ ရွေးထားတာပါ။ ကော်မရှင်အနေနဲ့ကတော့ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်စရာရှိတဲ့ လုပ်ငန်းတွေမှန်သမျှ ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ညွန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားခဲ့သည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ရွေးကောက်ပွဲများမှတစ်ဆင့် နိုင်ငံတော်ကိုဦးဆောင်နိုင်မည့် ပြည်သူ့ ကိုယ်စားလှယ်များ ကို ရွေးချယ်ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အနာဂါတ်တွင် ကြုံတွေ့လာရမည့် ရွေးကောက်ပွဲများနှင့် ပတ်သက်၍ ပြည်သူလူထုတစ် ရပ်လုံးမှ နှံ့စပ်စွာ သိရှိထားရန် လိုအပ်သည့်အပြင် နေ့စဉ်စားဝတ်နေရေးအတွက် လုံးပန်းရှာဖွေနေရသော ပြည်သူများမှာ ရွေးကောက် ပွဲဆိုင်ရာ ဗဟုသုတအားနည်းချက်များကြောင့် ရွေးချယ်မှုများ မှားယွင်းနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း၊ မဲဆန္ဒရှင်များအား ပညာပေးခြင်း၊ သတင်းအချက်အလက် နည်းပညာများနှင့်ပတ်သက်၍ သင်တန်းပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များထုတ် ပြန်ခြင်း စသည်တို့အပါအဝင် အခန်း ၂၅ ခန်း ပါဝင်ကြောင်း သိရသည်။ ယင်းသင်တန်းတက်ရောက်ရန် ဆရာ/ဆရာမများအား ပညာရေးဝန်ကြီးဌာနမှ ရွေးချယ်ထားပြီး သင်တန်းပြီးဆုံးသွားပါက သက်ဆိုင်ရာဒေသများတွင် ဆင့်ပွားသင်တန်းများကို ပြန်လည်ပို့ချ ပေးရမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပသော ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများ တွင် မဲရုံးမှူးများနှင့် မဲရုံတာဝန်ခံများကို ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများကိုသာ ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

YC


 

 လူ့အခွင့်အရေးလှုပ်ရှားသူများ ဖမ်းဆီးနေမှု ရပ်တန့်ပေးရန် ဥရောပနိုင်ငံများ တောင်းဆိုမည်

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်လုပ်ဆောင်နေသော မြန်မာနိုင်ငံအစိုးရ အနေဖြင့် လူ့အခွင့်ရေးတက်ကြွ လှုပ်ရှားသူများကို ဖမ်းဆီးနေခြင်းအား ရပ်တန့်ပေးရန် အတွက် ဗြိတိန်၊ ပြင်သစ်နှင့် ဥရောပသမဂ္ဂနိုင်ငံများက တိုက်တွန်းတောင်း ဆိုသွားမည် ဖြစ်ကြောင်း ဗြိတိန်နှင့် ပြင်သစ်သံရုံးများမှ သံရုံးအရာရှိများက ဇူလိုင်လ ၂၄ ရက်နေ့က ကျင်းပပြုလုပ်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချ ခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးကို ထိခိုက်လာစေနိုင်သည့် အတွက် ယင်းကဲ့သို့တောင်းဆိုရခြင်းဖြစ်သည်ဟုလည်း သံရုံးအရာရှိများက ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီးရာတွင် တစ်ခု ထက်မကသော ပုဒ်မများဖြင့် ဖမ်းဆီး နေသည့်အတွက် လက်ရှိအစိုးရအနေဖြင့်  လွတ်ငြိမ်းချမ်းသာခွင့်ပေးနေသော်လည်း လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားနေ သူများကို ဆက်လက်ဖမ်းဆီးနေခြင်းမှာ အပြောနှင့်အလုပ် မညီညွှတ်ခြင်းသာဖြစ် ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ ဥက္ကဋ္ဌ ဦးကြီးမြင့်က ပြောကြားခဲ့သည်။

ထို့ကဲ့သို့ လူ့အခွင့်အရေးလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြင့် နိုင်ငံတကာ ၏ ယုံကြည်မှုကိုလည်း လျော့နည်း သွားစေနိုင်သည်ဟုလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ဖြင့် လူ့အခွင့်ရေးလှုပ်ရှားသူ Generation Wave အတွင်းရေးမှူး ဦးဝေဖြိုးအောင်နှင့် အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကိုယ် စားပြု ဖားကန့်မြို့နယ်မှ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာတို့ကို ဇူလိုင်လ တတိယအပတ်အတွင်း ကြွေးကျန်ပြစ်မှုများဖြင့် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားသည်။

YC


 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive