Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးရဖို့ဆိုရင် တိုင်းရင်းသားတွေအနေနဲ့ တန်းတူညီတူရှိရေးတို့၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေးတို့ဆိုတဲ့ အခြေခံသဘောထားတွေ ရှိဖို့လိုတယ်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သူတို့ လုပ်ပိုင်ခွင့် ဇယား ၂ သည် တစ်နည်းအားဖြင့် အာဏာခွဲဝေခြင်းသည် သူတို့ လိုချင်တဲ့ ဆန္ဒနဲ့မကိုက်ညီဘူးလို့ ကျွန်တော်တို့ ခံယူတယ်။ တစ်နည်းအားဖြင့် Decentralization ပေါ့။ ဗဟိုက ကိုင်တွယ်ထားတဲ့ လုပ်ငန်းတွေ၊ အာဏာတွေကို တော်တော်များများ လျှော့ပြီး တိုင်းရင်းသားတွေအတွက် ပေးရမယ်”

စက်တင်ဘာလ ၂၀ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် အခွန်ကောက်ခံမှုဆိုင်ရာများ ပြင်ဆင်ရေး တစညပါတီ လွှတ်တော်သို့ တင်ပြရမည်” သတင်းမှ တစညပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဟန်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုလုပ်မယ့်  လွှတ်တော်မှာ အစိုးရဝန်ကြီးဌာန အသီးသီးရဲ့ ထပ်တိုးဘတ်ဂျတ်တွေ ထပ်တင်လာမယ်။ တချို့ ဝန်ကြီး ဌာနတွေက ငွေစာရင်းကို ခေါင်းစဉ်ပြောင်းသုံးဖို့ တင်လာတာတွေလည်း ရှိနိုင်တယ်။ အများစု ကတော့ လွှတ်တော်က ခွင့်ပြုပေးထားပြီးဖြစ်တဲ့ ဘတ်ဂျတ်နဲ့ မလုံလောက်တဲ့အတွက် ထပ်တောင်းတာတွေ ဖြစ်မယ်။ တချို့ဆို မူလက ၁၀၀ ခွင့်ပြုထားရင် မလောက်လို့ နောက်ထပ် ၁၀၀ လောက်ထပ်တောင်းတာ တွေရှိတယ်။ အဲ့ဒီလိုတောင်းတာတွေကို ဖြစ်သင့် မဖြစ်သင့်၊ သုံးသင့် မသုံးသင့်ကို ဝေဖန်ဆုံးဖြတ်”

စက်တင်ဘာလ ၂၀ ရက်နေ့ Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရဝန်ကြီး ဌာနများက ထပ်မံတောင်းခံလာသည့် ဝန်ကြီးဌာန အသီးသီး၏ ထပ်တိုးဘတ်ဂျတ်များ သုံးသင့် မသုံးသင့် ကို လွှတ်တော်ကော်မတီများအလိုက်စီစစ်မည်”သတင်းမှ ပြည်သူ့လွှတ်တော်၊ ငွေစာရင်းအဖွဲ့ဝင် ဦးကြည်သာ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လက်တစ်ခုကို ကြည့်တဲ့အခါ လက်ဖမိုးကိုပဲ ကြည့်လိုမရဘူး။ လက်ဖဝါးကိုလည်းကြည့်ရတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီရင် ပြင်ကို ပြင်ရမယ်။ အာဏာရှင် စနစ်ကို အကာ အကွယ်ပေးပြီး အာဏာရှင်ခေတ်က ရေးဆွဲခဲ့တာ ဖြစ်လို့ ပြင်ကို ပြင်ရမယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံဆိုရင် ဆိုရှယ်လစ်စနစ်ကို အကာအကွယ်ပေးထားတယ်။ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံဆိုရင် ဆိုရှယ်လစ်စနစ်ကို အကာ အကွယ်ပေးထားတယ်။ လူတစ်ဦး သမ္မတဖြစ်ဖို့ ပြင်ဆင်ရမယ်လို့ မဆိုလိုဘူး။ ဒီမိုကရေစီစနစ်နဲ့ သွားချင်ရင်၊ ကိုက်ညီချင်ရင်တော့  ပြင်ရမှာပေါ့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖောက်ဖျက်ရန် မဆိုထားနဲ့ ဆို တာမျိုး ပြောနေသူတွေကို အကြံပေးချင်တာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဒီမိုကရေစီနဲ့ မကိုက်ညီ တာ ဘာလဲဆိုတာ သေသေချာချာ ဖတ်ကြည့်ပါဆိုတာပါပဲ”

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် News Watch Journal  အတွဲ (၈)၊ အမှတ် (၁၆) တွင်ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ သည် ပြည်သူ့သဘောထားနှင့် အမှန်တကယ် ကိုက်ညီမှု ရှိမရှိ ဆန်းစစ်သင့်ပြီ” သတင်းမှ နိုင်ငံရေး ကျွမ်း ကျင်သူ ဦးရန်ကျော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့ ဆီက အသေးစားလုပ်ငန်းတွေက ကိုယ့်ရဲ့ထုတ်ကုန်တွေကို ပြည်ပတင်ပို့ရင်ပဲ ဖြစ်ဖြစ်၊ ကုန်ကြမ်း ပစ္စည်းတွေကို တင်သွင်းရင်ပဲ ဖြစ်ဖြစ် တစ်ဆင့်ခံ ကုမ္ပဏီတွေကို အားကိုးနေကြတယ်။ ကိုယ်ပိုင် ကုမ္ပဏီ ဘယ်လိုထောင်မယ် ၊ ထောင်ရင်ဘယ်လို ခံစားခွင့်တွေ ရှိမယ်ဆိုတာကို အများစုက မသိကြဘူး။ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ မှု ဥပဒေဆိုတာ ရှိသလို မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံ မှု ဥပဒေဆိုတာရှိပါတယ်။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ကိုယ့်နိုင်ငံထဲကို လာလုပ်တဲ့ နိုင်ငံခြား သားကို အခွန်ကင်းလွတ်ခွင့်၊ အကောက်ခွန်ကင်းလွတ်ခွင့် အပြင် ကျန်တဲ့ သက်သာခွင့်တွေကို ပေးပါတယ်။ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာလည်း နိုင်ငံခြားသားတွေကို ပေးတဲ့အခွင့် အရေးမျိုး မြန်မာနိုင်ငံသားတွေကို ပေးထားပါတယ်။ ကုမ္ပဏီ တည်ထောင်တဲ့အခါမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို မတင်ဘဲလည်း လုပ်နိုင်ပေမယ့် ကော်မရှင်က ပါမစ်ရယူပြီး ကုမ္ပဏီတည်ထောင်တာက ကိုယ့်အတွက် အခွင့်အရေးတွေ အများကြီး ရနိုင်ပါတယ်”

စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် The Myanmar Times Journal အတွဲ (၃၂)၊ အမှတ် (၆၃၉) တွင်ပါရှိ သော “အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များက ကိုယ်ပိုင် ကုမ္ပဏီတည်ထောင် လုပ်ကိုင်သင့်ဟုဆို ” သတင်းမှ ပုဂ္ဂလိက ကဏ္ဍပြောင်းလဲ ဖွဲ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီ အထွေအထွေ အတွင်းရေးမှူး ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး။         ။ဒါဆိုလက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှု ကာလမှာ အဘိုးတို့အတွက် အခက်အခဲ၊ လိုအပ်ချက် က ဘာလဲ။ ဖြေ။        ။ ဒါက နံပါတ်တစ် အစိုးရက  ငြိမ်းချမ်းရေးလုပ်နေတဲ့ သူတွေရဲ့ စိတ်ရင်းစေတနာမှန်ဖို့ လိုတယ်။ နံပါတ်နှစ်က ငြိမ်းချမ်းရေး အကြောင်းပြုပြီး ဝန်ကြီးတွေနားမှာ ကပ်ပြီး ကိုယ်ရေးကိုယ်တာလုပ် နေတဲ့သူတွေရှိတယ်။ သမ္မတကြီးတို့က ကောင်းတဲ့ လူတွေ။ သူတို့ သိက္ခာလည်းထိခိုက်တယ်။ သူကတစ်မျိုးပြော အောက်က ဖျက်ဆီးတယ်။ မြွေပွေး ခါးပိုက်ပိုက်တာမျိုး မဖြစ်စေချင်လို့ သမ္မတကြီးကို အကြံပေးချင်တယ်။ နောက်တစ်ခုက တစ်တိုင်းပြည်လုံး ကောင်းစားဖို့၊ အဖွဲ့အစည်းတစ်ခုလုံး ကောင်းစားဖို့ အတိုင်းအတာတွေမှာ စစ်မှန်တဲ့ လူတွေနဲ့ စကားပြောဖို့ အရေးကြီးတယ်။ ဒါဆိုရင် ဦးအောင်မင်းတို့ ဦးစိုးသိန်းတို့ ကြိုးစားတာဖြစ်မှာပါ။ ကောင်းတဲ့လူတွေကို အဘိုးတို့ အားပေးမယ်။ ၂၀၁၅ မှာလည်း ကောင်းတဲ့သူတွေ အုပ်ချုပ်တာ ပဲ လိုချင်တယ်။ ဘယ်သူကောင်းတယ်ဆိုတာ ထောက်လှမ်း၊ နားစွင့်နေ တယ်။ ဒေတာတွေ ကောက်ယူနေတယ်။”

စက်တင်ဘာလ ၂၀ ရက်နေ့ထုတ် မြန်မာပိုစ့်ဂလိုဘယ် ဂျာနယ် အမှတ် (၁၂၇) တွင်ပါရှိသော “ကရင်ပြည်နယ် မဖွံ့ဖြိုးတိုးတက်တာ အသားပဲ့တာနဲ့ အတူတူပဲ၊ KNU ၊ KNLA ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ်ဒေါက်တာ တင်မိုသီနှင့် တွေ့ဆုံမေးမြန်းခြင်း” အင်တာဗျူးသတင်းမှ KNU ငြိမ်းချမ်းရေး ကော်စီ ဗိုလ်ချုပ် ဒေါက်တာ တင်မိုသီ၏ ပြောကြားချက်အားကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


မြန်မာနိုင်ငံ၏ အခွန်ရရှိနှုန်း ဂျီဒီပီ၏ လေးရာခိုင်နှုန်းခန့်သာ ရှိနေ

မြန်မာနိုင်ငံ၏ အခွန်ရရှိနှုန်းမှာ တစ်နိုင်ငံလုံး၏ အသားတင်ထုတ်ကုန်ရလဒ် (Gross Domestic Product) ဂျီဒီပီ၏ လေးရာခိုင်နှုန်းသာရှိပြီး အာဆီယံနိုင်ငံများထဲတွင် အခွန်ရရှိမှုအနည်းဆုံးဖြစ်ကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရဦးသောင်းလွင်က စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ ပြည်တွင်းအခွန်များဦးစီးဌာန၌ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

“ မြန်မာနိုင်ငံမှာ အခွန်ရရှိနှုန်းက ဂျီဒီပီရဲ့ သုံးရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်းလောက်ပဲရှိတယ်။ ဒါက အာဆီယံ နိုင်ငံတွေထဲမှာ အခွန်ရရှိမှုအနည်းဆုံး ရာခိုင်နှုန်းလည်းဖြစ်တယ်။ ဂျီဒီပီက နည်းရတဲ့အထဲ အခွန်ရရှိမှုကလည်း နည်းပါးတဲ့ အတွက် ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့အခါမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါကြောင့် အခွန်ပေးဆောင်သင့်တဲ့သူတွေက တာဝန်ကျေကျေ နဲ့ထမ်းဆောင်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု သူရဦးသောင်းလွင်က ပြောသည်။

အမေရိကန်နိုင်ငံတွင် အခွန်ရရှိနှုန်းမှာ ဂျီဒီပီ၏ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းရှိပြီး၊ နော်ဝေ၊ ဆွီဒင်နှင့် ဒိန်းမတ်နိုင်ငံတို့တွင် အခွန်ရရှိနှုန်းမှာ ဂျီဒီပီ၏ ရာခိုင်နှုန်းထက်ဝက်ခန့်ရှိကြောင်း၊ ထို့ကြောင့် အဆိုပါနိုင်ငံများမှ ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားစွာ နေထိုင်နိုင်ရေးအတွက် အစိုးရက ပံ့ပိုးထားနိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အစိုးသစ်လက်ထက်တွင် အခွန်ပိုမိုရရှိလာစေရန်အတွက် အခွန်ထမ်းများ မှန်ကန်စွာ အခွန်ထမ်းဆောင်လာရန် အခွန်နှုန်းထားများ လျှော့ချပေးခြင်း၊ အခွန်ထမ်းဆောင်သူများအား မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြခြင်း၊ သမ္မတ၏ ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့် စသည့်တို့ကို ပြုလုပ်ပေးလျှက်ရှိသော်လည်း အစိုးရ၏ အခွန်ရရှိရေး ဆွဲဆောင်မှုများမှာ အားနည်းလျှက်ရှိသေးကြောင်း စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်ထားသည်။

“မြန်မာနိုင်ငံမှာ နိုင်ငံခြားကို ပို့ကုန်ပို့ရင် ၁၀ ရာခိုင်နှုန်း အခွန်ကောက်နေတဲ့အချိန်မှာ တရုတ်နိုင်ငံမှာ အစိုးရက နိုင်ငံခြားပို့ကန် ပို့တဲ့သူတွေကို ၁၀ ရာခိုင်နှုန်း ပြန်ချီးမြှင့်တယ်။ အကျိုးဆက်က မြန်မာနိုင်ငံမှာ ၁၀ ရာခိုင်နှုန်း အခွန်ဆောင်လိုက်ကြရတဲ့အတွက် အမြတ်ပြန်ရအောင် နည်းလမ်းအမျိုးမျိုးနဲ့ ပြန်ပြီး အခွန်ရှောင်ကြပြီး ပြန်ရှာကြတဲ့ ဒဏ်ကို ခံရတယ်။  တရုတ်နိုင်ငံမှာတော့ ၁၀ ရာခိုင်နှုန်းထုတ်ပေးလိုက်တဲ့အတွက် တိကျတဲ့ ကိန်းဂဏန်း အချက်အလက်တွေကို ရရှိပြီး အခွန်ကောက်တဲ့နေရာမှာ တိတိကျကျ စိစစ်နိုင်ပြီး အခွန်ငွေတွေ ပြန်ရလာပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အစိုးရ၏ အခွန်ရရှိရန် ဆွဲဆောင်စည်းရုံးမှုမှာ အလွန်ရိုးစင်းကာ အခွန်ပေးဆောင်ကြရန်သာ ဇောင်းပေးပြော ဆိုနေပြီး ၎င်းတို့၏ စည်းရုံးလုပ်ဆောင်မှုများမှာ အခွန်ထမ်းဆောင်သူအနည်းငယ်ခန့်ကိုသာ စည်းရုံးဆွဲဆောင်နိုင်ပြီး ပြည်သူအားလုံး လိုလိုချင်ချင် အခွန်ထမ်းဆောင်ချင်ရန် မက်လုံးပေးစည်းရုံးမှုများ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်နေသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

အခွန်အများဆုံးထမ်းဆောင်သည့် ကုမ္ပဏီ ၅၀၀ စာရင်းတွင် နာမည်ကြီး ထိပ်တန်းကုမ္ပဏီများ ပါဝင်လာခြင်း မရှိသည်မှာ အခွန်ထမ်းဆောင်မှုနှင့် ပတ်သတ်၍ ဝေဖန်ထောက်ပြစရာဖြစ်လာခဲ့ပြီး လုပ်ငန်းအရှုံးပြကာ အခွန်ရှောင်မှုများကို အစိုးရသစ် လက်ထက်တွင် ဖွဲ့စည်းလိုက်သည့် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့မှ စိစစ်ကြပ်မတ်ပြီး ဥပဒေနှင့်အညီ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

YC


ပြည်ထောင်စုလွှတ်တော်မှ ရေးဆွဲသော ဆက်သွယ်ရေးဥပဒေကြမ်း နိုင်ငံတော်သမ္မတ အတည်ပြုခြင်းမရှိ

သြဂုတ်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ရာတွင် နိုင်ငံတော်သမ္မတမှ သဘောတူညီချက်မရှိဘဲ သဘောထားမှတ်ချက်များဖြင့်သာ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့ကြောင်း ပြည်ထောင်စုလွှတ် တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဦးစောလှထွန်းမှ ဆိုသည်။

အဆိုပါ ဆက်သွယ်ရေး ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတမှ အတည်ပြုခြင်းမရှိသဖြင့် လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးသွားရမည်ပြီး နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို လာမည့် လွှတ်တော် အစည်းအဝေးများ မစတင်မီ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် ဆွေးနွေးနိုင်ပြီး အောက်တိုဘာလဆန်း၌ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပြန်လည် စတင်သည့်အချိန်တွင် ဆုံးဖြတ် အတည်ပြု နိုင်ဖွယ်ရှိကြောင်း အဆိုပါ ကော်မတီဝင် ဦးသိန်းထွန်း ဦးက ရှင်းပြသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၀ ရာခိုင်နှုန်း မိုဘိုင်းလ်ဖုန်း အသုံးပြုနိုင်ရန် သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် ရွေးချယ် ခွင့်ပြုထားသော ပြည်ပကုမ္ပဏီနှစ်ခုသည့် Telenor နှင့် Oreedoo တို့သည် ၎င်းတို့၏ ဝန်ဆောင်မှု လုပ်ငန်းများကို ဇန်နဝါရီလတွင် စတင်မည် ဖြစ်ကြောင်း ကြေညာထားပြီး ယင်းသို့စတင်နိုင်ရန် ဆက်သွယ်ရေး ဥပဒေတစ်ရပ် အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းပေးရမည် ဖြစ်သည်။

YC


လယ်ယာမြေပြဿနာများ အမြန်ဆုံးဖြေရှင်းရေး သက်ဆိုင်သူအားလုံးပါဝင်နိုင်ရန် ဒုသမ္မတ ပြောကြား

ယခင် တပ်မတော်  အစိုးရလက်ထက်က တပ်မတော်၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ သိမ်းယူခဲ့သော သိမ်းဆည်းခံလယ်ယာမြေပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဝိုင်းဝန်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း ယင်းအဖွဲ့ ၏ ဥက္ကဋ္ဌ နိုင်ငံတော် ဒု-သမ္မတ ဦးဥာဏ်ထွန်းက စက်တင်ဘာလ ၁၈ ရက်နေ့က နေပြည်တော် နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြေယာ အသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

အဆိုပါ သိမ်းဆည်းခံလယ်ယာမြေများကို တောင်သူများလက်သို့ ပြန်လည် ပေးအပ်ရေးအတွက်  နိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်သော မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် အစိုးရအဖွဲ့မှ ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဝန်ကြီးချုပ်များ၊ အခြားအဆင့်မြင့် အရာရှိကြီးများတို့ဖြင့်  ဖွဲ့စည်းခဲ့ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရှိရ သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအနေဖြင့် မြေယာပြဿနာများကို ဖြေရှင်းရာတွင် တရားဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်ကြောင်းနှင့် ဆောင်ရွက်ချက်များကို ပြည်သူများကို အသိပေးရမည်ဖြစ်ကြောင်း ဒုသမ္မတက ထပ်မံပြောကြားခဲ့ သည်။

ဆက်လက်ပြီး ယင်းတွေ့ဆုံပွဲတွင် စီမံကိန်းလိုအပ်ချက်များအရ လယ်မြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း များလည်း ရှိကြောင်း ပြောကြားလိုက်ပြီး ယင်းသို့သိမ်းဆည်းခံရခြင်းမှာ နိုင်ငံတော်၏ ရှေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေ ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်မှ သိမ်းဆည်းထားသည့် လယ်ယာမြေဧက နှစ်သိန်းကျော်ရှိပြီး တပ်မတော် စီမံကိန်း မဆောင်ရွက်ဖြစ်သည့် မြေယာများကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောဆိုထားကြောင်း သိရသည်။

“လယ်ယာမြေ ပြဿနာက အစိုးရသစ် သက်တမ်းတစ်လျှောက် အဆူညံဆုံးကိစ္စတစ်ခုပဲ။ သတင်းတွေမှာလည်း လယ်ယာမြေတွေနဲ့ပတ်သက်ပြီး အစိုးရက အလေးထားဆောင်ရွက်နေတယ်လို့ ရေးထားတာတွေ့တယ်။ အစိုးရအရာရှိတွေ အချို့တောင်လယ်သိမ်းတယ် အတိုင်ခံနေရတော့ တကယ်ပဲ သေချာလုပ်မှာလားဆိုတာ စောင့်ကြည့်ရမယ်”ဟု မကွေး တိုင်းဒေသကြီးအတွင်းမှ လယ်သမားအရေးလှုပ်ရှားသူတစ်ဦးက ဝေဖန်ပြောဆိုခဲ့သည်။

ယခင် အစိုးရလက်ထက်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအတွက် တောင်ပိုင်းခရိုင်၊ သန်လျင်ဒေသ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်းကို မြေဧက ၇၁၈၉ ဒသမ ၃၆၂ကို လျာထားဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက စက်တင်ဘာလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

အလုပ်သမား၊ လယ်သမား အများစုရှိသည့် မြန်မာနိုင်ငံတွင် လယ်သမား၊ အလုပ်သမား တို့၏ ပြဿနာများကို ပြေလည်အောင်မဖြေရှင်းပေးနိုင်လျှင် အစိုးရအပေါ်များစွာဝန်ပိလာဖို့ရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦး ကပြောဆိုခဲ့သည်

YC

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive