Transparency Myanmar

transparency.myanmar@gmail.com

Current News
Document

Snapshot of the item below:
Current News

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


 အကြမ်းဖက်သူများကို အရေးယူရန်နှင့် နိုင်/ကျဉ်းများ လွှတ်ပေးရန် ဂျင်မီကာနှင့်အဖွဲ့ တိုက်တွန်း

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာပါဝင်သော ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ (The Elders) က အစ္စလာမ်ဘာသာဝင် များအား အကြမ်းဖက်သူများကို အရေးယူရန်နှင့် နိုင်ငံရေးအကျဉ်းသားများ အကုန်အစင်လွှတ်ပေးရန် မြန်မာအစိုးရ အားတိုက်တွန်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များ နှင့်ပတ်သတ်သော တွေ့ရှိချက်များကို စက်တင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအပြီးတွင် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ (The Elders) ဒုတိယဥက္ကဋ္ဌ ဂရိုဟာလမ် ဘရန်တ့်လန်းက “သေသေချာချာချိန်ရွယ်ပြီးလုပ်တဲ့ ရခိုင်ဒေသက မွတ်ဆလင်အနည်းစုအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေးရေးကို ဦးစားပေးပါ။ ရခိုင်ဒေသမှာရှိတဲ့သူတွေ အားလုံး မည်သည့်ဘာသာဝင်ဖြစ်စေ သူတို့အားလုံးရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ စားနပ်ရိက္ခာ၊ ပညာရေး၊ လုံခြုံရေးတွေ ဖြည့်ဆည်းပေးဖို့လိုပါတယ်” ဟုပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားစဉ် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၈၇၂ ဦးရှိပြီး စစ်တွေမှ ၁၃၆ ဦး၊ ရသေ့တောင်မှ ၁၈၁ ဦး၊ ကျောက်တော်မှ ၁၈ ဦး၊ မင်းပြားမှ ၄ ဦး၊ မောင်တောမှ ၄၉၃ ဦး၊ ဘူးသီးတောင်မှ ၃၅ ဦး၊ သံတွဲမှ ၄ ဦး၊ ကျောက်ဖြူမှ ၁ ဦးတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။

ထို့အပြင်ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းကဖြစ်ပွားခဲ့သော မောင်တောမြို့မှ ပဋိပက္ခများတွင် ပါဝင်ပတ်သတ်ခဲ့သော ဘင်္ဂါလီ ၂၉ ဦးကို မောင်တောခရိုင်တရားရုံးက ၂၀၁၃ ခုနှစ် စက်တင်ဘာလထဲတွင် ထောင်ဒဏ် ခုနှစ်နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့က သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနေခြင်း သည် အားတက်စရာကောင်းကြောင်းနှင့် ကျနရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကိုလည်း ယခုနှစ်ပိုင်း တွင် မခြွင်းမချန် လွှတ်ပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“သမ္မတကြီး ကတိပေးခဲ့သလို ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝမရှိလောက်တော့ဘူးလို့ ယုံကြည်ပါတယ်” ဟု The Elders အဖွဲ့ဝင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ကဆိုသည်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ပေါင်း ဆယ်ကြိမ်ပေးခဲ့ပြီးသော်လည်း လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၁၂၂ ဦးကျန်ရှိနေသေးသည်ဟု လက်ကျန် နိုင်/ကျဉ်း စိစစ်ရေးကော်မတီ၏ စာရင်းအင်းများအရ သိရသည်။

အဆိုပါ The Elders အဖွဲ့သည် မြန်မာနိုင်ငံသို့ သုံးရက်တာ လာရောက်စဉ်အတွင်း ပြည်သူများ၏ အသံကို နားထောင်ရန် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် စက်တင်ဘာလ ၂၆ ရက်နေ့တွေ့ဆုံခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်တွင်လည်း သမ္မတဦးသိန်းစိန်၊ လွှတ်တော်အကြီးအကဲများ၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ ကို ၂၀၀၇ ခုနှစ်တွင် လွတ်လပ်သော ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးအတွက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်း ဖြစ်သည်။

YC


မြန်မာအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ ပူးပေါင်း၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး မူဘောင်သစ် တရားဝင် ထုတ်ပြန်မည်

မြန်မာအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင်  ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းရေးဆွဲထားသော အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်တစ်ခုကို အောက်တိုဘာ ၃ ရက်တွင် နေပြည်တော်၌ တရားဝင်ထုတ်ပြန် တော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းမူဘောင်သစ်တွင် အဓိကအချက်များအဖြစ် အမျိုးသမီးများနှင့် ကျန်းမာရေး၊ ပညာရေးနှင့် ကလေး သူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထည့်သွင်းရေးဆွဲထားကြောင်း သိရသည်။

“ဒီမူဘောင်ကို ဘေဂျင်းအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင် ၁၂ ချက်နဲ့ စီဒေါကို အခြေခံပြီးတော့ ရေးထားတာပါ”အမျိုးသမီးအဖွဲ့များကွန်ရက် WON မှ ဒေါ်စူစန်နာလှလှစိုးက ပြောဆိုခဲ့သည်။

 ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းတိုက်ခတ်ခံခဲ့ရပြီး အရေးပေါ်အခြေအနေအများတွင် အမျိုးသမီးများအား ကူညီပေးနိုင်ရေးအတွက်  Gender Equality Myanmar က ဦးဆောင်ပြီး နိုင်ငံတကာ အင်ဂျီအိုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ WON အဖွဲ့နှင့် UN တို့က ပူးပေါင်း၍ ယင်းမူဘောင်သစ်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား ခွဲခြားဆက်ဆံခြင်းအား လုံးဝပပျောက်ရေး သဘောတူစာချုပ်(စီဒေါ) ကို လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင်နိုင်ငံများတွင် အပါအဝင်ဖြစ်သော်လည်း စာချုပ်နှင့် ကိုက်ညီအောင် အမျိုးသမီးများကဏ္ဍကို လုပ်ဆောင်ပေးနိုင်ခြင်း နည်းပါးကြောင်း အမျိုးသမီးအဖွဲ့များက ဝေဖန်သုံး သပ်ပြောဆိုကြသည်။

မကြာသေးခင်ကလည်း  ထိုင်းနိုင်ငံမှ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB နှင့် WON အဖွဲ့တို့ ပူးပေါင်းကာ ပြည်တွင်းမှ အမျိုးသမီးအဖွဲ့များနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံ၍ မြန်မာအမျိုးသမီးဖိုရမ်ကို ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်မှ ၂၃ အထိ   ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုဖိုရမ်အစည်းအဝေးပွဲတွင် အမျိုးသမီးများအား တန်းတူအခွင့်အရေးပေးရေး၊ အမျိုးသမီးများ ဘဝမြင့်တင်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်တည်ဆောက်ရေးတွင် အမျိုးသမီးများ ဝင်ရောက်ပါဝင်နိုင်သော အခန်းကဏ္ဍများကို တင်ပြဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အမျိုးသမီးများ တွေ့ကြုံနေရသော အခက်အခဲများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB နှင့် အမျိုးသမီးအဖွဲ့များကွန်ရက်(WON)တို့က ပူးပေါင်း၍လည်း ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

“အမျိုးသမီးတွေရဲ့ ဘဝမြင့်မားလာစေရေးနဲ့ တန်းတူညီအခွင့်အရေးကို အာမခံနိုင်ဖို့ အမျိုးသမီးတွေကို တရားဥပဒေအရ မှန်မှန်ကန်ကန်ကာကွယ်ပေးနိုင်ဖို့အတွက် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စီဒေါစာချုပ်ပါ အချက်များနှင့် အညီ ပြန်လည်သုံးသပ်ပြင်ဆင်ဖို့လိုပါတယ်”ဟု WLB မှ သဘာပတိအဖွဲ့ဝင် စောစံငြိမ်းသူက ယင်းဖိုရမ်တွင် ပြောဆိုခဲ့သည်။

ထိုအပြင် အမျိုးသမီးကဏ္ဍနှင့် ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် အမျိုးသမီးများ၏ ဦးဆောင်မှုရှိ လာခဲ့သော်လည်း နိုင်ငံရေးဖြစ်စဉ်များတွင်မူ အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အမျိုးသမီးများ ပါဝင်နိုင်မှုမှာ နည်းပါးနေ သေးသည်ဟု စက်တင်ဘာလ ၂၆ ရက်က ရန်ကုန်မြို့ကမ်းနားလမ်းရှိ   The Strand Hotel ၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်လည်း   အမေရိကန်သမ္မတဟောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာ က ၄င်း၏အမြင်ကို သုံးသပ် ပြောကြားခဲ့သည်။                      

YC


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“စီမံကိန်းအကောင်အထည်ဖော်ဖို့ North Mininy Investment Company နဲ့ ပြည်ထောင်စုအစိုးရကြားမှာ သဘောတူစာချုပ် ချုပ်ဆိုထားတာ မရှိသေးဘူးလို့တော့ပြောတယ်။ နောက်ပြည်ထောင်စုအဆင့်နဲ့ ဆွေးနွေးဖို့၊ အခုရထားတဲ့ အချက်အလက် တွေကိုလည်း သက်ဆိုင်ရာ အစိုးရဌာန၊ ကုမ္ပဏီ၊ သံရုံးတွေကို ဆက်သွယ်ရှင်းပြမှာပေါ့။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော် အထိ ဆွေးနွေးနိုင်အောင် ဆောင်ရွက်မယ်။ နိုင်ငံတကာရဲ့ သဘော ထား အကြံဥာဏ်တွေကိုလည်း တောင်းခံသွားမယ်။”

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ် အတွဲ (၃၂) အမှတ် (၆၄၀) တွင်ပါရှိသော “မြွေတောင် ဖားတောင် သတ္တုစီမံကိန်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် ချင်းပြည်နယ် ဒေသခံများတောင်း ဆို” သတင်းမှ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့ပါတီ အနေနဲ့က တရားမျှတစွာ ယှဉ်ပြိုင်ခဲ့တဲ့အတွက် အနိုင်ရခဲ့တာ။ ကျွန်တော်တို့သာ ဥပဒေမဲ့ ဆောင်ရွက်ခဲ့ရင် ကော်မရှင်ကအရေးယူမှာပဲ။ အင်အားကြီးပါတီဆိုပေမယ့် ကျွန်တော်တို့ ဥပဒေမဲ့တာမျိုး မလုပ်ပါဘူး။ အခြားပါတီတွေတော့ မသိဘူး”

စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲ မျှတမှုရှိရေး ရွေးကောက်ပွဲကော်မရှင်သာမက ပါတီများပါရိုးသားရန်လိုအပ်ဟု တ-စ-ညပါတီပြော” သတင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“လွှတ်တော်တွင်းတပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်မှုက တစ်စုံတစ်ရာ ဘာမှထိခိုက်စရာ အကြောင်းမရှိဘူး။ နောက်ပြီးတော့ လွှတ်တော်တို့ရဲ့ လွှတ်တော်တွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း၊ သူတို့က သဘောတူရင် တူတယ်။ မတူရင်မတူဘူးပြောဆိုတာပဲလေ။ လက်ရှိတပ်မတော်ရဲ့ အခန်းကဏ္ဍလို့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာမတည်ငြိမ်မှု၊ မအေးချမ်းဖြစ်နေတဲ့ အနေအထားတွေအများကြီးရှိတယ်။ ဒီကနေ့ လူတိုင်းက လိုချင်နေကြတဲ့ တည်ငြိမ်အေးချမ်းမှုဆိုပြီး၊ အဲဒီတည်ငြိမ်အေးချမ်းမှုကို တကယ်လုပ်ပေးနိုင်တာတပ်ပဲ။ ဘယ်နိုင်ငံရေးသမားမှလည်း မလုပ်ပေးနိုင်ဘူး။ ဒါ့ကြောင်းတပ်ရဲ့ အခန်းကဏ္ဍသည်လိုဦးမှာပဲ၊ အချို့နေရာတွေက တပ်ကထဲထဲဝင်ဝင် မပါတော့ဘူး ဆိုသော်လည်း တည်ငြိမ်အေးချမ်းမှုပျက်ပြားနိုင်တဲ့အရာ တွေရှိနေဦးမယ်ဆိုရင် တပ်ရဲ့အခန်းကဏ္ဍက လိုဦးမှာပဲ”

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၅၉) တွင်ပါရှိသော “နိုင်ငံရေး သမားတွေ မလုပ်နိုင်တဲ့ တည်ငြိမ်အေးချမ်းမှုကို တပ်မတော်ကပဲ လုပ်ပေးနိုင်တယ်ဟုဆို”သတင်းမှ ဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အခုဆောင်ရွက်မယ့် စီမံကိန်းက မြန်မာ့စွမ်းအင်ကဏ္ဍအတွက် ပိုမိုထိရောက်ပြီး ပွင့်လင်းမြင်သာမှုရှိစေဖို့ လုပ်ဆောင်တဲ့ ကမ္ဘာဘဏ်ရဲ့ ပထမဦးဆုံးအစီအစဉ်ဖြစ်ပါတယ်။ ဒီ အစီအစဉ်ကြောင့် အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတွေနေထိုင်တဲ့ ကျေးလက်ဒေသအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်”

စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် Trade Times Journal အတွဲ (၂) အမှတ် (၇၆) တွင်ပါရှိသော “ကမ္ဘာ့ ဘဏ်မှ အတိုးမဲ့ချေးငွေ ဒေါ်လာ သန်း ၁၄၀ ပေးမည်” သတင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ ခန်သန်ရှန်ကာ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ရခိုင်ပြည်နယ်အတွက် သယံဇာတ ခွဲဝေရေးကို ပါတီရဲ သဘောထားကတော့ ၅၀ ရာခိုင်နှုန်းတော့ရှိသင့်တယ်။ အခုရနေတဲ့ ရာခိုင်နှုန်းတွေက ပြောမပြတက်လောက်အောင်သေးသေးလေးတွေ။ ဒေသခံတွေကို အခွင့်အရေးပေးသင့်တယ်။ ဒီလိုမှ မဟုတ်ရင် ဒေသခံတွေလုပ်လို့ ရင်းနှီးမြှုပ်နှံမှုတွေ နောက်ဆုတ်လာနိုင်တယ်။”

စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် Unity Journal အတွဲ (၂) အမှတ် (၃၈) တွင်ပါရှိသော “ရခိုင်အဖွဲ့အစည်း၊ ပါတီများနှင့် သူရဦးရွှေမန်း တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးရရှိရေးနှင့် သယံဇာတ ခွဲဝေရေးအပိုင်း တို့အား ဆွေးနွေးမည်” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်၏ ပြောကြားချက် အားကောက်နှုတ်ချက်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive