Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

-

နိုင်ငံတကာသတင်းများ (၁)

(27 Sept 2013 ရက်စွဲပါ Bangkok Post မှ Violence threatens Myanmar reform ကို ဘာသာပြန်ဆိုသည်)

(Channel News Asia မှ 27 Sept 2013 ရက်စွဲပါ “Challenges facing Dawei project in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)


အကြမ်းဖက်မှုများက မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုများကို ခြိမ်းခြောက်

(27 Sept 2013 ရက်စွဲပါ Bangkok Post မှ Violence threatens Myanmar reform ကို ဘာသာပြန်ဆိုသည်)

အနောက်တိုင်းနှင့် အာရှနိုင်ငံများမှ အစိုးရများပါဝင်သော အုပ်စုတစ်ခုက မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင် မှုအတွက် တိုးတက်မှုများကို ချီးကျူးခဲ့ပါသည်။ သို့သော် လူမျိုးရေးအကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းသည် ပြုပြင်ပြောင်း လဲမှုများကို အားနည်းစေကြောင်း သတိပေးခဲ့ပါသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး၏ အရန်ဆွေးနွေးပွဲအဖြစ် နိုင်ငံခြားရေးဝန်ကြီးများ၏ ကြာသာပ တေးနေ့က အစည်းအဝေးအပြီး ကျေညာချက်တွင် မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ တောင်းဆိုထားသော နိုင်ငံသား ဖြစ်မှုအပါအဝင် ရိုဟင်ဂျာများအပေါ် နိုင်ငံရေးအရ၊ စီးပွားရေးအရ တရားမျှတမှု မရှိခြင်းများအပေါ် အမြန်ဆုံးကိုင်တွယ် ဖြေရှင်းရန် လိုအပ်ကြောင်း ဖော်ပြခဲ့ပါသည်။

ရိုဟင်ဂျာများသည် လူနည်းစုမွတ်ဆလင်များဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဘာသာရေးအရ ရန်ပွဲများတွင် ဆိုးဆိုး ရွားရွား ခံစားကြရပါသည်။ လုံခြုံရေးတပ်ဖွဲ့များကလည်း ရပ်ကြည့်နေခဲ့ကြပြီး၊ ဝင်ရောက်ထိန်းသိမ်းရန် ငြင်းဆိုခဲ့ကြ သည်ဟု ဆိုပါသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း ကပြောကြားရာတွင် ကျူးလွန်သူများကို အရေးယူမှုများ သေချာစေရေးအတွက် များစွာလုပ်ဆောင်ရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက သဘောထားများ ပြောင်းလဲလာခြင်း၏ လက္ခဏာရပ်အနေဖြင့် “မြန်မာနိုင်ငံ ၏ မိတ်ဆွေများအုပ်စု” အစည်းအဝေးသို့ မြန်မာနိုင်ငံကို တက်ရောက်ရန် ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားခြင်း ခံရပါသည်။


ထားဝယ်စီမံကိန်းရင်ဆိုင်နေရသော စိန်ခေါ်မှုများ

(Channel News Asia မှ 27 Sept 2013 ရက်စွဲပါ “Challenges facing Dawei project in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတောင်ဖက် ကမ်းရိုးတန်းမှ ထားဝယ်အကြီးစားစီမံကိန်းသည် ရေနက်ဆိပ်ကမ်းနှင့် ထုတ်လုပ်ရေး၊ ပို့ဆောင်ရေး ဗဟိုချက်တို့ကို တွဲဖက်ထားမည့် စီမံကိန်းတစ်ခု ဖြစ်သည်။

သို့ရာတွင် အကောင်အထည်ဖော်သူများ ကတိပြုထားသည့် အကျိုးအမြတ်များရရှိနိုင်ရန်နှင့် လုပ်ငန်းလည်ပတ် နိုင်ရန်အတွက် နှစ်အတော်အတန်ကြာလိမ့်ဦးမည်ဟု ဆန်းစစ်သူများက ဆိုကြသည်။

မြန်မာနိုင်ငံ၏ လေတံခွန်အမြီးပိုင်းဟုခေါ်သော တောင်ပိုင်းရှိ ထားဝယ်စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး စက်မှုဇုန်ထက် ၁၀ ဆခန့် ကြီးပါလိမ့်မည်။

ယင်လပ်အစိုးရ၏ အကူအညီဖြင့် အကောင်အထည်ဖော်ကြမည့် Italian Thai နှင့် Rogana ကုမ္ပဏီများက ထားဝယ်ကို ၎င်းတို့ အမြဲတမ်းတောင့်တနေသော အနောက်ဖက်ကမ်းရိုးတမ်း စက်မှုဇုန်တစ်ခုဖြစ်လာရန် မျှော်လင့်ထား ကြသည်။

သို့သော် ထိုသို့ဖြစ်လာရန် အချိန်ယူရပေလိမ့်မည်။

အီတာလျံထိုင်းမှ စီမံကိန်း အင်ဂျင်နီယာ ပီဆစ်ဂတ်မွန်ကို က “စီမံကိန်းပုံစံ (သို့) မူဘောင် သဘောတူညီချက် လက်မှတ်ထိုးပြီးတဲ့တိုင်အောင် အပြောင်းအလဲတွေ ရှိနိုင်ပါသေးတယ်။ ဒါကတော့ ထိုင်းနဲ့မြန်မာ အစိုးရတွေရဲ့ တာဝန်ယူ မှုနဲ့ ဆိုင်ပါတယ်။ သူတို့က စီမံကိန်းရဲ့ အချိန်ကာလ သတ်မှတ်ချက်ကို ပြောင်းပစ်နိုင်ပါတယ်။” ဟု ပြောကြားသည်။

“ဘယ်လိုပဲဖြစ်ဖြစ်၊ ထားဝယ်စီမံကိန်းရဲ့ ကနဦးအစီအစဉ်အရ တည်ဆောက်ရေးအဆင့် တစ်ဆင့်စီ အတွက် ငါးနှစ်ကြာမှာဆိုတော့ အဆင့် ၃ ဆင့်စလုံး ပြီးစီးဖို့ ၁၅ နှစ်ကြာမှာဖြစ်ပါတယ်။” ဟု ၎င်းကဆိုသည်။

အဝေးကြီးဆက်သွားရဦးမည့် ထားဝယ်စီမံကိန်း အိမ်မက် အမှန်တကယ်ဖြစ်လာစေရန်အတွက် ကားလမ်းများ သည် အကြီးစားမော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းများ၏ ဝန်ကို ခံနိုင်ဖို့လိုပါသည်။

အင်ဂျင်နီယာများကမူ စီမံကိန်းသည် လက်ရှိ phase zero အဆင့်၌သာ ရှိသေးသည်ဟု ပြောကြားသည်။

စီမံကိန်းပြီးစီးရေးနှင့် ပတ်သက်သည့်အရာရာသည် ထိုင်းနိုင်ငံမှလာသော ကားလမ်းပေါ်တွင် မူတည်နေသည်။ ကနဦးအစီအစဉ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဖက်မှ လတ်တလော အပြောင်းအလဲများက ထားဝယ်စီမံကိန်းသည် ယခင် မျှော်မှန်းထားသလောက်ဖြစ်လာမည်မဟုတ်ကြောင်း ထင်ဟပ်နေသည်။

လောလောဆယ်တွင်မူ ထားဝယ်သည်သဘာဝကမ်းခြေနှင့် ပကတိမုတ်သုန်သစ်တော အသွင်အပြင်အတိုင်း ရှိနေသေးသည်။

စီမံကိန်းဦးဆောင် ကန်ထရိုက်တာ အီတာလျံထိုင်း ကုမ္ပဏီက ကော်ပိုရိတ်အဆင့် လူမှုဆိုင်ရာတာဝန်ယူခြင်း အစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိသည်။

လူမှုဆိုင်ရာတာဝန်ယူခြင်းအစီအစဉ်တွင် ရွှေ့ပြောင်းအခြေချကျေးရွာများကို ဒေသခံကန်ထရိုက်တာများအား ဆောက်လုပ်စေခြင်းမှသည် သက်မွေးပညာလေ့ကျင့်ပေးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများအထိ ပါဝင်သည်။

၎င်းတို့က မြေအောက်ရေနှင့် လေထု၏ အရည်အသွေးကိုလည်း စောင့်ကြည့်စစ်ဆေးမည်ဟု ကတိပြုထား သော်လည်း ကိစ္စတစ်စုံတစ်ရာ ဖြစ်မလာသေးပါ။

အချို့သော ဒေသခံများမှာ ထားဝယ်စီမံကိန်းကြောင့် နေရာဖယ်ပေးပြီးပါက ဘယ်မှာနေကြမလဲ၊ ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲဟူသော မရေရာသည့် အနာဂတ်ကို ရင်ဆိုင်နေကြရသည်။ ၎င်းတို့ အများစုမှာ နေအိမ် (သို့) လယ်ပိုင်မရှိသောကြောင့်၊ လျှော်ကြေးရရန် အကြုံးမဝင်ဟု သိရှိရသည်။

မြန်မာနိုင်ငံသည် ခေတ်မှီစက်မှုဖွင့်ဖြိုးသောနိုင်ငံဖြစ်လာအောင် တံခါးဖွင့်ကြိုးပမ်းနေသော်လည်း တက်ညီ လက်ညီ ဖွင့်ဖြိုးလာသည့် အရပ်ဖက်အဖွဲ့အစည်း အနည်းငယ်မျှသာ ရှိပါသည်။

Thammasat Business School မှ International Business, Logistics and Transport ဌာနမှူး ဒေါက်တာရုသ်ဘာနွန်မောင် က “ဒီစီမံကိန်းမှာပါတဲ့ကုမ္ပဏီတွေက အစကတော့ NGO တွေ အများကြီးရှိတဲ့ ထိုင်းနိုင်ငံမှာ လို စိုးရိမ်နေစရာ မလိုတော့ဘူးဆိုတဲ့ အကြံနဲ့ သွားလုပ်ကြတာပါ။ မျှော်လင့်ထားတာထက် ပိုမိုရှုတ်ထွေးနေရတာက လည်း ဒီအချက်ကြောင့်ပါပဲ ” ဟု မှတ်ချက်ပေးသည်။

NGO လှုပ်ရှားသူ ထားဝယ်ဒေသခံတစ်ဦိးကလည်း             ဤကိစ္စနှင့် ပတ်သက်၍ အကူအညီပေးနေသူများမှာ ထိုင်း၊ NGO မိတ်ဆွေများ ဖြစ်သည်ဟု ပြောကြားသည်။

“ထိုင်းကုမ္ပဏီတွေနဲ့ ထိုင်းအစိုးရက ကျွန်တော်တို့အတွက် ထည့်မစဉ်းစားပါဘူး။ ကျွန်တော်တို့ကို ဒီဆိုးကျိုး တွေနဲ့ ပတ်သက်လို့ ပထမဆုံးအသိပေး၊ ပညာပေး၊ အကြံပေး၊ အကူအညီပေးနေတာက ထိုင်း NGO အဖွဲ့တွေ ပါ။” ဟု Civil Initiative မှ အကြံပေး ကိုရဲလင်းမြင့် က ပြောကြားသည်။

ထားဝယ်သည်ကမ္ဘာပေါ်တွင် မိုးအများဆုံးဒေသတစ်ခုဖြစ်၍ ရေစီမံခန့်ခွဲမှုမှာ လွန်စွာအရေးကြီးသည်။ မြစ် ကို တမံပိတ်ပါက ရေအားလျှပ်စစ်ထုတ်ရန် အလားအလာကောင်းသည်။

တစ်ဖက်တွင်လည်း အနီးအနားမှ ခေတ်ဟောင်းဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝန်းရံထားသော ကျေးရွာ တစ်ခုလုံး ရေမြှုပ်သွားပေလိမ့်မည်။

သို့ဖြစ်ရာ အခြားနည်းလမ်းရှာဖွေရန်အတွက် လွတ်လပ်သော ဘူမိဗေဒ ပညာရှင်တစ်ဦးကို ဒေသခံများက ငှားရမ်းထားကြရသည်။

၎င်းဘုန်းကြီးကျောင်းမှ ဆရာတော်က “ကျုပ်တို့ တစ်ရွာလုံးနေရာရွှေ့ပေးရမယ်လို့ သတင်းကြားရတော့၊ တစ်ခြားနည်းလမ်း အစီအစဉ်တစ်ခုရေးဆွဲပြီး အစိုးရနဲ့ကုမ္ပဏီ ကိုတင်ပြခဲ့ပါတယ်။ ဒါပေမယ့် ကျုပ်တို့ အဆိုပြုချက်ကို သူတို့က သဘောမတူကြဘူး။” ဟု ပြောကြားသည်။

သို့ဖြစ်ရာ အားလုံးအတွက် စီးပွားရေးအကျိုးအမြတ် ဆောင်ကြဉ်းပေးမည်ဟုဆိုသော စီမံကိန်းကြောင့် အခက် အခဲ ကြုံနေရသော ဒေသခံပြည်သူများအတွက် တိကျရေရာသော အာမခံချက်ပေးမှုများ ယခုတိုင် မရှိသေးပေ။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ပွင့်လင်းမြင်သာမှုမရှိဘူး။ ပြည်သူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ပေးလိုက်ရတယ်။ ဟိုတုန်းက အလံစိုက်လိုက်ရင် သိမ်းလိုက်ပြီ။ ပြီးပြီ။ အမှန်က မြေသိမ်းဥပဒေအရဆိုရင် ကြေညာချက်တွေထုတ်ရမယ်။ အကြောင်းပြချက်ရှိရမယ်။ နိုင်ငံတော်က အလိုရှိရင်လည်း မြေသိမ်းဥပဒေအရ စနစ်တကျလုပ်ရမယ်။ ကြေညာချက်ထုတ်ရမယ်။ အသိပေးရမယ်။ မြေရဲ့ ရာဇဝင်တွေ လုပ်ရမယ်။ အဲဒါဆိုရင် အကြောင်းမဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုမရှိဘူး။ အလံလေးစိုက်လိုက်တယ်။ တပ်က လည်း သိမ်းလိုက်တယ်။ ကုမ္မဏီကလည်း သိမ်းလိုက်ရင် ဒါပဲဆိုတော့။ ပြည်သူကလည်း အကြောက်တရားတွေရှိနေတော့ ခေါင်းငုံခံနေရတယ်။ ဒီနေ့ခေတ် ပွင့်လင်းမြင်သာမှုရှိလာတဲ့အခါကျတော့ လယ်ယာမြေအမှုတွေဖြစ်ကြပြီ။ ဒါကို လွှတ်တော်က ပြည်သူတွေကို ပွင့်လင်းအောင် ပြောနိုင်ဖို့ လုပ်နေတယ်။ အစိုးရကလည်း ပြည်သူတွေမနစ်နာအောင် ဆောင်ရွက်ပေးမယ်။”

စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ် အတွဲ (၂) အမှတ် (၂၉) တွင်ပါရှိသော “ဧရာဝတီ တိုင်းဒေသကြီးအတွင်း ကော်မရှင်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၊ မြေသိမ်းခံရမှုများတွင် တည်ဆဲဥပဒေများ နှင့်အညီ တိတိကျကျ ဆောင်ရွက်ထားခြင်းမရှိ” သတင်းမှ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်း ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကောင်းတဲ့ အဆိုဆိုရင်တော့ ထောက်ခံရမှာပေါ့။ ပါတီခွဲခြားလုပ်တာမျိုးဆိုရင် အင်မတန်သေးသိမ်တာပေါ့။ အခု နောက်ပိုင်း လေ့လာကြည့်မိသလောက် ယေဘူယျအားဖြင့် လွှတ်တော်အရည်အချင်းတွေတက်လာတာ တွေ့ရတယ်။ အတိုက်အခံ လည်းရှိရမယ်။ ဝေဖန်သုံးသပ်မှုတွေရှိရမယ်။ ဘယ်လိုပဲဖြစ်ဖြစ်တိုင်းပြည်အတွက် အကျိုးရှိတာကို ဆွေးနွေးပြီး ပူးပေါင်း လုပ်ဆောင်မှု အမြဲရှိရမယ်။ အကောင်းဆုံးဝိုင်းဝန်းလုပ်ရမယ်။”

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “ပြည်သူများအတွက် အမှန်တကယ်လိုအပ်နေသည့်အဆိုများ အတည်ပြုရာတွင် အာဏာရပါတီကိုယ်စားလှယ်များ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် မရဟု အတိုက်အခံအင်အားစုများဝေဖန်” သတင်းမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးအရွေ့နှုန်းက အတော်လေးအားရကျေနပ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ ဟာ ပိုပြီးပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း တစ်ခုဖြစ်နေပါပြီ။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခြင်းဟာ ပိုပြီး စိတ်အားတက်စရာကောင်းပါတယ်။ သမ္မတကြီးက ကတိပေးခဲ့သလို ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိ လောက်တော့ဘူးလို့ ယုံကြည်ပါတယ်။”

စက်တင်ဘာလ ၂၇ ရက်နေ့ထုတ် ပြည်မြန်မာနေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “နိုင်ငံတော်သမ္မတ၏ ကတိစကားကို ယုံကြည်သဖြင့် ယခုနှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝမရှိနိုင်တော့ကြောင်း အမေရိကန်သမ္မတဟောင်း ပြောကြား” သတင်းမှ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၏ ပြောကြား ချက်အားကောက်နှုတ်ချက်။


“ဒီကော်မတီမှာ အပြင်ကပညာရှင်တွေ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေအရ ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီးတော့ ပြည်သူတွေရဲ့ ငွေစာရင်းတွေကို တိကျသေချာမှန်ကန်စွာ အသုံးချဖို့၊ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့ရည်ရွယ်ပြီး လွှတ်တော်ရဲ့ကော်မတီအနေနဲ့ ရှိသင့်တယ်လို့ပြောခဲ့တယ်။ ဒါ လွှတ်တော်ရဲ့အရေးကြီးတဲ့ ကော်မတီလည်းဖြစ်တယ်။ ဒါကို လွှတ်တော်ကို တိုက်တွန်းပေမယ့် ဥက္ကဌကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုပြီး ပယ်ချခဲ့တယ်”

အောက်တိုဘာလ ၁ ရက်နေ့ထုတ် News Watch Journal အတွဲ (၈) အမှတ် (၁၇) တွင်ပါရှိသော “တိုင်းဒေသ ကြီး အစိုးရအဖွဲ့၏ ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်စစ်ဆေးရန် တိုင်းဒေသကြီးလွှတ်တော်၌ ပြည်သူ့ငွေစာရင်း ကော်မတီ လိုအပ်ဟုဆို” သတင်းမှ ဗဟန်းမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“လွတ်လပ်ရေးမတိုင်မီကတည်းက စခဲ့တဲ့ပျက်ပြားတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအခုထိ မပြီးသေးဘူး။ ၁၉၆၂ ခုနှစ်လောက် ကစပြီး ပျက်လာတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေကလည်း ဆိုးသထက်ဆိုးလာတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောဖူး တဲ့ စကားအတိုင်း ပြောရမယ်ဆိုရင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ လွှတ်တော်အဖွဲ့ဝင်တွေ အဲဒီလူတွေကို ကပ်မြှောင် စားသောက်နေတဲ့ မင်းကပ်မင်းမြှောင်တွေ၊ အဲဒီလိုလူတွေအတွက်သာ အကျိုးရှိတယ်။ လွတ်လပ်ရေးအရသာကို သူတို့ပဲ ခံစားနေရတာဖြစ်တယ်။ အထူးသဖြင့် ခရိုနီတွေ အင်မတန်တိုးတက်ကြီးပွားခဲ့တယ်။ စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ ဖက်ဒရယ်မူတွေရဖို့အတွက် အများကြီးအလုပ်လုပ်ရမယ်။”

စက်တင်ဘာလ၂၉ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၄၀) တွင်ပါရှိသော “ဒီမိုကရေစီတိုက်ပွဲကြီး မပြီးဆုံးသေးဟုဆို” သတင်းမှ အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲတွင် ပါဝင်သူ ဦးဇော်ဖေဝင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive