Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 

“အဲဒီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတာနဲ့ ဘာလုပ်မလဲ။ ခိုင်မာတဲ့လုပ်ငန်းစဉ်တွေ။ ဥပမာ နိုင်ငံရေး ဆွေးနွေး တိုင်ပင်ဖို့ Planning တွေချထားပြီလား။ ဒါတွေအားလုံးသဘောတူပြီးတော့မှ တိုင်းရင်းသား တွေနဲ့ လက်မှတ်ထိုးမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါမှမဟုတ်ဘဲ လက်မှတ်ထိုးလိုက်၊ ပြန်ပစ်လိုက် ဒီလို ခဏခဏ လက်မှတ်ထိုးတာ မကောင်းဘူး။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ KIO လက်မှတ်မထိုးသင့်ဟု ကချင်လူမှုအဖွဲ့အစည်းတို့ပြော” သတင်းမှ ကချင် အတိုင် အပင်ခံအဖွဲ့ အတွင်းရေးမှူး ဦးဂမ်အောင် ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်ရမယ့်နည်းလမ်း ရှိပါတယ်။ အသစ်ဆွဲရမယ်ဆိုတဲ့ နည်းလမ်းမပါဘူး။ အသစ်ဆွဲမယ်ဆိုရင် ဒါကြီးဖျက်ပစ်ရမယ်။ ဘယ်သူဖျက်မလဲ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ  ပျက်ရင် လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ ပျက်သွားမှာပေါ့။ ဒီလွှတ်တော်ပျက်သွားမှာပေါ့။ ကျွန်တော်တို့ ပါတီတွေလည်း တရားဝင်ပါတီတွေ မဟုတ်တော့ဘူး။ ဒါတွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ထားတာဆိုတော့ ဖျက်မယ်ဆိုရင် ကျွန်တော်တို့လည်း မဟုတ်တော့ဘူး။ လွှတ်တော်လည်း မဟုတ်တော့ဘူး။ အစိုးရလည်း မဟုတ်တော့ဘူး။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ပြန်လည်ရေးဆွဲမည်ဆိုပါက အစိုးရ၊ လွှတ်တော်နှင့် ပါတီများ၏ အခန်းကဏ္ဍပျောက်ဆုံးသွားမည်” သတင်းမှ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“EITI လုပ်ဆောင်ခြင်းက အစိုးရ၊ ကုမ္ပဏီနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း သုံးဖက်စလုံးကို အကျိုးကျေးဇူးရစေပါတယ်။ EITI လုပ်ဆောင်ရင် ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ခံမှုရှိခြင်းအပေါ် နိုင်ငံတကာရဲ့ထောက်ခံမှု၊ လက်ခံမှုရရှိနိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။ သဘာဝသယံဇာတတူးဖော်ထုတ်လုပ်ရေး နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ ရရှိနိုင်ပါတယ်။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “EITI လုပ်ဆောင်ခြင်းက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရာတွင် အထောက်အကူပြုနိုင်” သတင်းမှ EITI အရပ်ဘက်လူမှု စုပေါင်းအဖွဲ့မှ ဒေါက်တာ စောမွန်သိမ့် ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ရထားတဲ့ အချက်အလက်တွေနဲ့ပဲ သိသလောက်ကြည့်ရတဲ့အခါ အဆိုးတွေပဲများနေတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးကိုယှဉ်ပြီး ပြည်သူကိုချပြရမယ်။ Public Hearing လိုတယ်။ ဟိုတယ်တစ်ခုမှာ ပွဲလုပ်ပြီး ရှင်းလင်းတာက ပြည်သူ ကိုချပြတယ်လို့ မပြောနိုင်ဘူး။”

အောက်တိုဘာလ ၄ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၇၇) တွင်ပါရှိသော “မြစ်ဆုံစီမံကိန်း ပြည်သူ့ ဆုံးဖြတ်ချက်အပေါ်မူတည်” သတင်းမှ သဘာဝပတ်ဝန်းကျင်ပညာရှင် ဦးဝင်းမျိုးသူ ၏ပြောကြားချက် အား ကောက်နှုတ်ချက်။


“တရားစီရင်တယ်ဆိုတာ ပြည်သူအချင်းချင်းဖြစ်တဲ့ကိစ္စရော၊ ပြည်သူနဲ့ နိုင်ငံတော်ကြားဖြစ်တဲ့ ကိစ္စကိုပါ အားလုံးကို တရားရုံး က စီရင်ပေးရတယ်။ တရားသူကြီးတွေဟာ ဘယ်ဘက်ကမှ မရပ်ရဘူး။ နိုင်ငံတော်ဘက်က မှားလည်း နိုင်ငံတော်မှားတယ်လို့ ဆုံးဖြတ်ရမယ်။ နိုင်ငံသားဘက်ကမှားလည်း နိုင်ငံသားမှားတယ်လို့ ဆုံးဖြတ်ရမယ်။ အဲဒီအနေအထားမျိုးမရှိသေးဘူး။ များသောအားဖြင့်ဆရာတို့ တရားရေးဌာနက ပုဂ္ဂိုလ်တွေက နိုင်ငံတော်ဘက်ကပဲ ရပ်နေကြတယ်။ တရားဥပဒေစိုးမိုးမှု မရှိခြင်းရဲ့ သင်္ကေတတစ်ခုပဲ။”

အောက်တိုဘာလ ၆ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ် အတွဲ (၁) အမှတ် (၄၁) တွင်ပါရှိသော “တရား စီရင်ရေးအားနည်းခြင်းသည် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်နေဟု ဒေါက်တာသောင်းထွန်းဆို” သတင်းမှ တရားလွှတ်တော်ရှေ့နေဦးကိုနီ ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

 


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


EITI အဖွဲ့ဝင်နိုင်ရန် အရပ်ဘက်နှင့် ကုမ္ပဏီကိုယ်စားလှယ်ရွှေးချယ်မှု အစိုးရစွက်ဖက်မည်မဟုတ်

နိုင်ငံတကာတွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ဖော်ဆောင်ရေး (EITI) အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အရပ်ဘက်၊ အစိုးရ၊ ကုမ္ပဏီများ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းများ (အန်ဂျီအိုများ)နှင့် ကုမ္ပဏီများ၏ ကိုယ်စားလှယ်ခေါင်းဆောင်များ ရွေးချယ်ရာ  တွင် အစိုးရကပါဝင်စွက်ဖက်မည်မဟုတ်ကြောင်း EITI လုပ်ငန်းဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဦးမောင်မောင်သိမ်း ကပြောသည်။

“အရပ်ဘက်အဖွဲ့အစည်းကလည်းကိုယ့်ဘာသာ ကိုယ်ဖွဲ့ထားတဲ့ အဖွဲ့တွေကနေ ကိုယ်စားလှယ် ကိုယ့်သဘောတိုင်းပဲ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်။ အစိုးရက စွက်ဖက်မှာ မဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ အစိုးရရဲ့ သဘောအတိုင်း လုပ်စရာမလိုဘူး။ ဖိအားလည်း မပေးဘူး။ မတင်းလည်း မတင်းကျပ်ဘူး” ဟု ၎င်းကပြောသည်။

နိုင်ငံကရရှိသည့် တွင်းထွက် သယံဇာတငွေများကို ချပြရမည်ဖြစ်သောကြောင့် EITI အဖွဲ့ဝင် နိုင်ငံ လျှောက်ထားရေးအတွက် သမ္မတ၏ ညွှန်ကြားချက်ကို ယုံကြည်မှုရှိသော်လည်း အဖွဲ့တွင် သုံးပွင့်ဆိုင် ကိုယ်စားလှယ်များရွေးချယ်ရာတွင် လက်ဝါးချင်းရိုက်ပြီး လုပ်ဆောင်လာမည်ကို အရပ်ဘက်အဖွဲ့အစည်း များက စိုးရိမ်ပူပန်မှုများရှိနေကြကြောင်း သိရသည်။

EITI အဖွဲ့ဝင်ဖြစ်လာရန်အတွက် မြန်မာနိုင်ငံက ယခုနှစ်ဒီဇင်ဘာလတွင် လျှောက်ထားမည်ဖြစ်ပြီး အဖွဲ့ဝင်ဖြစ်ရေးအတွက် အရပ်ဘက်အဖွဲ့အစည်း၊ ကုမ္ပဏီများမှ ကိုယ်စားလှယ်နှင့် အစိုးရကိုယ်စားလှယ် များ ပူးပေါင်းပြီး လျှောက်ထားရမည်ဖြစ်သည်။

“နိုင်ငံမှာရှိတဲ့ တွင်းထွက် သယံဇာတတွေက အဲ့ဒီနိုင်ငံက ပြည်သူတွေက ပိုင်ဆိုင်ကြပါတယ်။ သယံဇာတ ထုတ်ယူသုံးစွဲမှုနှင့်ဆိုင်တဲ့ အစိုးရရဲ့ ပြန်ရငွေကို ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိသင့်ပါတယ်။ အဲဒါမှလည်း ပြည်သူတွေက စောင့်ကြည့်ပြီး အစိုးရကို ပြောဆိုခွင့်ရလာနိုင်ပါတယ်” ဟု EITI အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်ရွေးချယ်သည့်အဖွဲ့များတွင် ပါဝင်သူ ဦးဝင်းမျိုးသူက ပြောသည်။

မြန်မာနိုင်ငံအတွင်း တွင်းထွက်သယံဇာတတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်သူအများစုသည် အစိုးရနှင့် ပတ်သတ်သည့် ကုမ္ပဏီကြီးများ၊ တပ်မတော်က ရင်းနှီးမြှုပ်နှံမှုအများဆုံးပါဝင်သည့် ဦးပိုင်ကုမ္ပဏီများက သာ လုပ်ကိုင်နေသောကြောင့် လက်ဝါးရိုက်ထိန်းချုပ်မှုများရှိလာမည်ကို စိုးရိမ်သောကြောင့် တောင်းဆိုခြင်း ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

အရပ်ဘက်အဖွဲ့အစည်းများက EITI စံသတ်မှတ်ချက်အရ အရပ်ဘက်အဖွဲ့အစည်းများ၏ လွတ်လပ်စွာ ပြောဆိုစည်းရုံး၊ တင်ပြဆွေးနွေးခွင့်၊ ပြန်ကြားဆက်သွယ်နိုင်ခွင့် ကတိကဝတ်များကို နိုင်ငံတော်က တရားဝင် ကြေညာချက်ပြုလုပ်ပေးရန်၊ သုံးပွင့်ဆိုင်အစည်းအဝေးကို လေးလတစ်ကြိမ် ပုံမှန်တွေ့ဆုံဆွေး နွေးပြီး ဆွေးနွေးချက်များကို တုံ့ပြန်ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

 YC


သံတွဲအကြမ်းဖက်လှုပ်ရှားမှုသည် မိမိခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဝေဖန်ပြောကြား

ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ်အဖြစ်သွားရောက်ခဲ့သည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ခရီးစဉ်အတွင်း အောက်တိုဘာလ ၁ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိနေစဉ် သံတွဲမြို့နယ်အတွင်း သာမန်အငြင်းပွားမှုမှ အကြမ်းဖက်မှု များအထိ ဖြစ်ပွားခဲ့ခြင်းမှာ မိမိခရီးစဉ်နှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ပာု သံသယရှိကြောင်း နိုင်ငံတော်သမ္မတ က အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၈ နာရီက သံတွဲမြို့ အဏ္ဍဝါရိပ်သာ၌ ပြုလုပ်သော ရခိုင်တိုင်းရင်းသား ရပ်မိရပ်ဖများနှင့် ကမန်တိုင်းရင်းသား ရပ်မိရပ်ဖ တို့၏ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတမှ မိမိတို့မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပွားခဲ့ခြင်းကြောင့် တိုင်းပြည်ကသာ နစ်နာဆုံးရှုံးမှုများကြုံတွေ့ခဲ့ရကြောင်း၊ ယခုအခါ စေ့စပ်ညှိနှိုင်း၍ နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အားလုံးကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍  ယခုဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၏ သာမန်အငြင်းပွားမှုကို ပဋိပက္ခအသွင်မှ  အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင်    ကျူးလွန်လာခြင်းကို လက်မခံနိုင်ကြောင်း၊ ယင်းအကြမ်းဖက်မှုများသည် ပြဿနာကို ဖြေရှင်းနိုင်သည့် နည်းလမ်းမဟုတ်ဘဲ ပို၍အရှိန်မြင့်စေသဖြင့် အဆိုပါပြဿနာများ ဖြေရှင်းနိုင်မည့် နည်းလမ်းများ ကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့်သာ  အဖြေရှာသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ရခိုင်တိုင်းရင်းသားများနှင့် ကမန်တိုင်းရင်းသားများသည် နှစ်ပေါင်းများစွာ အေးချမ်းစွာအတူတကွ ယှဉ်တွဲ နေထိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ဘေးပယာဂများကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့် အတွက် တည်ငြိမ်အေးချမ်းခြင်းမရှိတော့ဘဲ  ပြည်သူများ စိုးရိမ်ကြောင့်လန့်မှုများဖြစ်ပေါ်ကာ အချိန်တိုင်း စိုးရိမ်နေရသည့် အခြေအနေကိုလက်မခံနိုင်ကြောင်း             ယင်းပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကို ကျဆင်းခဲ့ရကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရမှ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုများ ရရှိစေရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါရှိသော နည်းလမ်းများအတိုင်း  မဖြစ်မနေဆောင်ရွက်သွားမည်ဖြစ်ပြီး လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ တရားဥပဒေအတိုင်း တိကျစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ထိုပြင် ရခိုင်ပြည်နယ်၊ သံတွဲဒေသရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှ စီမံချက်များ ရေးဆွဲဆောင်ရွက်သွားကာ ဒေသခံပြည်သူများကလည်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ရှိစေရန် ဝိုင်းဝန်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် သံတွဲမြို့တွင် လုံခြုံရေးအင်အား ၂၅၀ ကျော်နှင့် စစ်တပ်အင်အား ၂၀၀ ခန့်ချထားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများကြောင့် အိမ်ခြေပေါင်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။ ယင်းသို့ အိုးအိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်များကို ယာယီတဲများဖြင့် လုံခြုံရေးချထားပေးကာ နေအိမ်များ ပြန်လည်ဆောက်လုပ်ရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ မှလည်း ကူညီသွားရန် သမ္မတက ညွန်ကြားချက်ထုတ်ပြန်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများကို အောက်တိုဘာလ ၃ ရက်နေ့မှ စတင်ဖမ်းဆီးစစ်ဆေးခဲ့ရာ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးမောင်ပု အပါအဝင် ခြောက်ဦးခန့်ထက်မနည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း  သိရသည်။

YC


 ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ ဖွဲ့စည်းပုံပြင်ဆင်ရေး အကြံပြုချက်များ ပေးပို့နိုင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ဖြည့်စွက်ပြင်ဆင်လိုသည့်အချက်များကို အကြံပြုနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံမှ သိရသည်။ ပြင်ဆင်ဖြည့်စွက်လို သည့်  နိုင်ငံရေး ပါတီ များအနေဖြင့် မိမိတို့၏ အကြံပြုချက်များကို နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီထံသို့ ပေးပို့နိုင်ကြောင်း အဆိုပါကော်မ တီ မှ အောက်တိုဘာလ ၃ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အကြံပြုချက်များလက်ခံရာတွင် တရားစီရင်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့မှ အကြံပြုချက်များ ကို ပြည်ထောင်စုလွှတ်တော်မှ တိုက်ရိုက်လက်ခံသွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ၊ အသင်းအဖွဲ့များ၊ လူပုဂ္ဂိုလ်များ၏ အကြံပြုချက်များကို သက်ဆိုင်ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှတစ်ဆင့် ကောမတီ အတွင်းရေးမှူးထံသို့ ပေးပို့နိုင်ကြောင်း ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုသို့ အကြံပြုချက်များ ပေးပို့ရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီရုံး ရုံးအမှတ် ၂၀ လွှတ်တော်ရုံး နေပြည်တော်သို့ လိပ်မူပြီး ပေးပို့နိုင်ကြောင်း သိရသည်။

“သူတို့အနေနဲ့က ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံကပြောတာကို သိချင်တဲ့သဘောပါပဲ။ ဒါပေမဲ့ကော်မတီ မှာ ပြည်ခိုင်ဖြိုးက အများဆုံးပါတာဆိုတော့ ပြည်ခိုင်ဖြိုးကပြင်ချင်တဲ့အချက်တွေပဲ လွှတ်တော်ကို ပါသွားနိုင်တယ်။ အများကြီး မမျှော်လင့်ထားဘူး” ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသည် နိုင်ငံတော် တည်တံ့ခိုင်မြဲမှု၊ အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ခေတ်စနစ်နှင့် အညီတည်ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးး၊ တိုင်းရင်းသားမျိုး နွယ်စုများအကြား ယုံကြည်မှု ခိုင်မာသော အမျိုးသား စည်းလုံးညီညွှတ်မှုကို တည်ဆောက်နိုင်ခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန် မပြတ် လုပ်ဆောင်နိုင်ရေး တို့ကို ဦးတည်ထားကြောင်း ၎င်း၏ အောက်တိုဘာလ ၃ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖွဲ့စည်းပုံအခြခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ “ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဘူး ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်မှာ မဟုတ်ဘူး။ မဲထည့်တဲ့နေရာမှာတော့ လွတ်လပ်ရင်လွတ်လပ်လိမ့်မယ်။ ဒါပေမယ့် အစကတည်းက မျှတမှု မရှိတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ ဘယ် လိုမှ တရာမမျှတမှာ မဟုတ်ဘူး။ အဲ့ဒီ မမျှတတဲ့ အကျိုးဆက်တွေအဖြစ်နဲ့ ပြဿနာတွေ အများကြီး ပေါ်လာနိုင် တယ်”  ဟုမှတ်ချက်ပြုပြာကြားသည်။

 YC


 

 

 

 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive