Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

ဗီယက်နမ် နှင့် မြန်မာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ပြု

(Thanh  Nien News မှ  8 Oct 2013  ရက်စွဲပါ “ Vietnam , Myanmar Waive visas for each other ” သတင်းကို ဘာသာပြန်ဆိုသည်)

ဗီယက်နမ် နှင့် မြန်မာ နှစ်နိုင်ငံအကြား ရိုးရိုး ပတ်စ်ပို့ ကိုင်ဆောင်သူများအတွက်  ဗီဇာကင်းလွတ်ခွင့် ဆိုင်ရာ သဘောတူညီမှုသည် အောက်တိုဘာ  ၂၆ ရက်တွင် စတင်အကြုံးဝင် သက်ရောက်မည်ဖြစ်ရာ ဗီယက်နမ်နှင့် မြန်မာနိုင်ငံသား များ ဗီဇာမလိုဘဲ  အပြန်အလှန် သွားလာနိုင်တော့မည်ဟု အစိုးရသတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၎င်းသဘောတူညီချက်အရ ဗီဇာသက်တမ်း အနည်းဆုံး ၆လ ကျန်ရှိသော ရိုးရိုးပတ်စ်ပို့ ကိုင်ဆောင်သူ  နိုင်ငံသားများသည် အဝင်၊ အထွက် ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး ခေတ္တတစ်ထောက်နားသည့် ထရန်စစ်ဗီဇာအနေဖြင့် နှစ်နိုင်ငံစလုံးတွင်  ၁၄ ရက် နေထိုင်ခွင့် ရရှိမည် ဖြစ်သည်။

၁၄ ရက်ထက် ပိုမိုနေထိုင်သူများအနေဖြင့် ဗီဇာလျှောက်ထားရန် လိုသည်ဟု သိရှိရသည်။ အဆိုပါ ဗီယက်နမ်နှင့် မြန်မာ အကြား ရိုးရိုး(သာမန်) ပတ်စ်ပို့ ကိုင်းဆောင်သူများ ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူညီချက်ကို စက်တင်ဘာ ၂၇ ရက် နေ့က နယူးယောက်မြို့တွင်  ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖန်ဘင်မင်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ နှစ်ဦး လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဗီယက်နမ် ပတ်စ်ပို့ ကိုင်ဆောင်သူများသည် အာဆီယံဒေသတွင်း ကိုးနိုင်ငံသို့ ဗီဇာမလိုဘဲ သွားရောက် နိုင်ကြပြီဖြစ်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“သူရဦးရွှေမန်းကတော့ လွှတ်တော်ကိုတောင် အာဏာပိုင်လွှတ်တော်ဖြစ်အောင် လုပ်နေတာ၊ သူသမ္မတဖြစ် ရင် အရင် အာဏာအငွေ့အသက်တွေ ပြန်ပေါ်လာနိုင်ပါတယ်။ သမ္မတ ဦးသိန်းစိန်လောက် ပျော့ပြောင်းမယ် လို့ တော့ အခုလွှတ်လည်း လွှတ်တော်မှာ ဖိထားတာမြင်နေတာပဲ၊ သမ္မတဖြစ်လို့ ဖိထားရင် ဒီမိုကရေစီတိုင်းပြည် ဆက်သွား၊ မသွား အဲ့ဒါမေးရမယ်။ သမ္မတမဖြစ်ရင်တော့ ၂၀၁၅ မှာ နိုင်ငံရေးနယ်ပယ်မှာက မတွေ့ရတော့ပါဘူး”

အောက်တိုဘာလ ၁၃ ရက်နေ့ထုတ် Messenger Journal အတွဲ၎၊ အမှတ် ၂ တွင်ပါရှိသော “သမ္မတဖြစ်ရင် -မဖြစ်ရင်” ဆောင်းပါးမှ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော့အမြင်အရတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်းဆိုင်တယ်၊ လွတ်ပေးတဲ့အထဲမှာ နိုင်ငံရေးသမား နည်းနည်းပဲပါပြီး ခိုးဆိုးနှိုက် ဒုစရိုက်သမားတွေအများကြီးပါနေတယ်။ အဲ့ဒီလူတွေ အပြင်ကို ရောက်လာပြီး အလုပ်အကိုင်က အဆင်မပြေတော့ သူကျင်လည်ခဲ့တဲ့ ခိုးဆိုးနှိုက်လုပ်ငန်းတွေပဲ ပြန်လုပ်ကြတာပေါ့။ မြန်မာ တစ်ပြည်လုံးမှာ အခုလိုခိုးဆိုးနှိုက်တွေ များလာတော့ လူသတ်မှုတွေ၊ လုယက်မှုတွေ၊ မုဒိမ်းမှုတွေ စတဲ့ မှုခင်း တွေ အဖြစ်များနေတာပဲ ဖြစ်တယ်”

အောက်တိုဘာလ ၁၄ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ ၉၊ အမှတ် ၁ တွင်ပါရှိသော “ပဲခူးတိုင်း ဒေသကြီး အမျိုးသမီးတစ်ဦး ခေါင်းဖြတ်သတ်ခံရမှု … ဗုံးတွေ့ရှိမှု စသည့်ဖြစ်စဉ်များ ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေး” သတင်းမှ ဒုရဲမှူး အငြိမ်းစား ဦးစံလှ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မေး - အရင်ကလည်း ပြည်ပအဖွဲ့အစည်းတွေက မြန်မာနိုင်ငံလုံခြုံရေးနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်ထားတာ တွေရှိတယ်ခင်ဗျ၊ အခုလိုလုပ်ဆောင်တာ ပြည်ပက အဖွဲ့အစည်းများ ဖြစ်နိုင်မလား၊ ပြည်တွင်းကပဲ ဖြစ်နိုင်မလား၊ ဒီအပေါ်သုံးသပ်ပေး ပါဦးခင်ဗျ။ ဖြေ - တို့လည်း ခြိမ်းခြောက်ထားတာ သိတယ်။ အခုအဖွဲ့အစည်း ဟာပြည်ပအဖွဲ့အစည်းကလုပ်တာလား၊ ပြည်တွင်း အဖွဲ့အစည်းက လုပ်တာလားဆိုတာတော့ အတိအကျ ပြောလို့ မရသေးပါဘူး။ လက်ရှိဖြစ်ရပ်က ဖောက်ခွဲရေး ပစ္စည်းက Ready Made ဖောက်ခွဲလို့ရတဲ့ ဗုံးတွေမဟုတ်ဘူး။ သင်တန်းတက်ထားပြီးမှ လုပ်ဆောင်လို့ ရမယ့် ပစ္စည်းတွေပါ ပြည်ပအဖွဲ့အစည်းကလို့ လည်း ပြောလို့မရသေးပါဘူး။ သေသေချာချာ စစ်ဆေးပြီးမှ ပြောလို့ရမှာပါ။ ဒါနဲ့ ပတ်သက်ပြီး သိလို့ရှိရင် တို့တွေ ထုတ်ပြန်သွားမှာပါ။”

အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် Venus News Journal အတွဲ ၅၊ အမှတ် ၁၂ တွင် ပါရှိသော “လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့် တွေ့ဆုံခြင်း” အင်တာဗျူးမှ ဗိုလ်မှူးကြီး တင်ဝင်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်ဆိုတာကတော့ သေချာပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်နေတာဆိုတာနဲ့ ဘာကြောင့်ဖြစ် တယ်ဆိုတာတွေကတော့ အတိအကျ မသိသေးဘူး။ ဖြစ်နေတယ်ဆိုတာက အောက်က မှားပစ်တာ တွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က တိုက်ပွဲဖြစ်တယ်ဆိုတိုင်း ငြိမ်းချမ်းရေးအတွက် ထိခိုက်တယ်လို့တော့ ပြောလို့မရဘူး။ အဲ့တော့ ဖြစ်ပြီဆို ရင်တော့ တားသင့်တာတား၊ လုပ်သင့်တာလုပ်ရတော့တာပေါ့။ ဘာကြောင့် ဖြစ်တာလဲ၊ ဘာညာပြန်မေးရမှာတွေ ရှိသေးသ ကိုး။ ဖြစ်တယ်ဆိုတာကတော့ မှားယွင်းလို့လည်း ဖြစ်နိုင်တာပဲ နောက်ပြီး နားလည်မှုလွဲတာလဲ ဖြစ်နိုင်တာပဲ။ လက်နက်ပါ တဲ့လူနှစ်ယောက်ကတော့ ဒီလိုမျိုးဖြစ်ဖို့ အလားအလာ အများကြီးရှိတာပဲ”

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးပွဲတွင် ပါဝင်ရန် သဘောတူထားသည့် RCSS/SSA  နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွား” သတင်းမှ RCSS/SSA ၏တောင်ကြီးမြို့ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးစိုင်းမောင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နောက်တစ်ခေါက်တွေ့တဲ့အခါကျရင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရနိုင်ဖို့ဆိုတာကလည်း နှစ်ဖက်တွေ့ ဆုံဆွေးနွေး ညှိနှိုင်းနိုင်ကြမယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့ ဖြစ်နေတဲ့ ယုံကြည်မှု တည်ဆောက်နိုင် တဲ့ ပြဿနာတွေ၊ တိုက်ပွဲဖြစ်နေတဲ့ ပြဿနာတွေ၊ စစ်ရေးလှုပ်ရှားမှုတွေဆက်နေတယ်။ အပြန်အလှန် ယုံကြည်မှုရောက်အောင် ဘယ်လိုလုပ်ဆောင်နိုင်ကြမလဲဆိုတဲ့ ညှိနှိုင်းနိုင်မှုပေါ် မူတည်တယ်”

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ်သတင်းစာတွင် ပါရှိသော “အစိုးရနှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦးတို့ အောက်တိုဘာ ဒုတိယပတ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမည်” သတင်းမှ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး၏ အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး တားဘုန်းကျော်၏ ပြော ကြားချက်အား ကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive