Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

  

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဗုံးခွဲတဲ့အဖွဲ့အစည်းဆိုတော့ ဗုံးတွေနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေပဲပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ဒါမျိုးကတော့ မဖြစ်သင့်တဲ့၊ မလုပ်သင့်တဲ့ လုပ်ရပ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ စနစ်ပြောင်းလဲရေးမှာလည်း အထောက်အကူ မဖြစ်ဘူးလို့မြင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့လည်း မပတ်သက်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြသ လဲ ဆိုတာကတော့ လုပ်တဲ့သူတွေပဲ သိပါလိမ့်မယ်။”

အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ (၃၃) အမှတ် (၆၃၄) တွင်ပါရှိသော “ဗုံးပေါက်ကွဲ မှုများကို လွှတ်တော်ကိုယ်စားလှယ်များ ရှုတ်ချ” သတင်းမှ ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယဥက္ကဌ ဦးဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံပြင်တာ၊ မပြင်တာတို့နဲ့ မဆိုင်ပါဘူး။ ဘယ် အစိုးရတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရတာပဲလို့ မပြောပါနဲ့။ အစိုးရမကောင်းရင် ကိုယ့်ထမင်းကိုယ်ရှာစားဖို့တောင် မရပါဘူး။ အဲဒီတော့ ဒီဖွဲ့စည်းပုံ ဥပဒေနဲ့ ဒီအစိုးရကို ပြည်သူက မထိန်းကျောင်းဘူးဆိုရင် ဒီမိုကရေစီကို အနံတောင်ရှုလို့ရမှာ မဟုတ်ဘူး။ နိုင်ငံတော်သမ္မတက အများဆန္ဒရှိရင် ပြင်သင့်တာ ပြင်မယ်လို့ ပြောထားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီကိုလည်း ၁၀၉ ယောက်နဲ့ ဖွဲ့စည်းပေး ထားပါပြီ။ အဲဒီတော့ ပြင်ဆင်မှဖြစ်ပါမယ်။ အဖုံးချန်ပြီး ကျန်တာ အကုန်ပြင်သင့်ရင် ပြင်ရပါမယ်။”

အောက်တိုဘာလ ၂၀ ရက်နေ့ထုတ် The Reporter Journal အမှတ် (၄၂) တွင်ပါရှိသော “ဒီဖွဲ့စည်းပုံနဲ့ ဒီအစိုးရကို ပြည်သူက မထိန်းကျောင်းဘူးဆိုရင် ဒီမိုကရေစီကို အနံတောင်ရှူလို့ရမှာ မဟုတ်ဘူး” သတင်းမှ နိုင်ငံရေးဆောင်းပါးများရေးသားသူ ဆရာထင်လင်ဦး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


“ရတနာနဲ့ ရဲတံခွန် သဘာဝဓါတ်ငွေ့စီမံကိန်းတွေက ထိုင်းကို သဘာဝဓါတ်ငွေ့တင်ပို့တာ စပို့တဲ့ခုနှစ်တွေမှာ အမေရိကန်ဒေါ်လာ ၈၀၀ မီလျံလောက်ရတယ်။ ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်မှာ နှစ်ဘီလျံလောက် ဖြစ်လာပြီး၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ သုံးဘီလျံနီးပါး ဖြစ်လာပါတယ်။ တစ်နှစ်ကို အဲဒီလောက်အထိ ငွေတွေရနေတာပါ။ အဲဒီငွေတွေ ဘယ်ရောက်သွားသလဲ။ ပြည်သူတွေအတွက် အကျိုးရှိတာတွေ၊ တိုင်းပြည်တိုးတက်တာတွေ မရှိခဲ့ပါဘူး။”

အောက်တိုဘာလ ၁၉ ရက်နေ့ထုတ် Trade Time Journal အတွဲ (၂) အမှတ် (၇၉) တွင်ပါရှိသော “မြန်မာ့ သယံဇာတအကျိုးကျေးဇူးကို ယခုထိပြည်သူများ မခံစားရသေး” သတင်းမှ ရွှေသဘာဝဓါတ်ငွေ့လှုပ်ရှား မှုအဖွဲ့ တာဝန်ခံဦးဝင်းအောင် ၏ပြောကြားချက်အားကောက်နှုတ်ချက်။


“ဝန်ကြီးဌာနတွေအနေနဲ့ လယ်သမားတွေအတွက် ဆည်တွေဆောက်နေပေမယ့် လယ်သမားတွေအတွက် တကယ်အကျိုး ရှိမယ့် အခြေအနေ ရောက်မလာဘူး။ တချို့ဆည်တွေက ရေခမ်းပြီး မြစ်ရေလဲတက်လာရော ဆည်ကရေလျှံပြီး လယ်တွေ ပျက်စီးကုန်တယ်။ လယ်ယာဖွံ့ဖြိုးဖို့လုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနတွေက နိုင်ငံတော်ရဲ့ ငွေတွေကို ဒီလိုမြေယာ၊ ရေစီမံခန့်ခွဲ မှုတွေကို သေခာမလုပ်ဘူးဆိုရင် လယ်သမားတွေ မွဲပြီးရင်း မွဲမယ်။”

အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၉) အမှတ် (၁၆) တွင်ပါရှိသော “လယ်ယာ ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျတ်များ စနစ်တကျမသုံးစွဲပါက လယ်သမားများ မွဲပြီးရင်းမွဲနေဦးမည်ဟု စိုက်ပျိုးရေး ပညာရှင် ပြောကြား” သတင်းမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စိုက်ပျိုးရေး အကြံပေး ပညာရှင် ဒေါက်တာ ထွန်းဝင်း ၏ပြောကြားချက်အားကောက်နှုတ်ချက်။


 

“အခု သူတို့တွေအနေနဲ့ လေ့လာဆန်းစစ်မှုတွေလုပ်နေတယ်လို့ သိရတယ်။ တိုက်တေနီယမ် သတ္တုထွက် တယ်ဆိုတာ ရသေ့တောင်၊ မောင်တောတစ်ခုထဲမှာမှ မဟုတ်ပါဘူး။ မင်းပုဂံမှာပါတယ်။ သူတို့ ဒီလိုလာလုပ်တယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်လား၊ မထိခိုက်ဘူးလားဆိုတာ အရင်ဆန်းစစ်သင့်တယ်။ အဲဒီလိုမှ မဟုတ်ပဲ သူတို့တိုင်းပြည်မှာ မရှိတဲ့ ဓါတ်သတ္တုကို မြန်မာနိုင်ငံမှာလာတူးပြီး မြန်မာနိုင်ငံဘာဖြစ်ဖြစ် စိတ်ဓါတ်နဲ့တူးရင် လက်မခံနိုင်ဘူး။”

အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် Hot News Journal အတွဲ (၄) အမှတ် (၁၆၂) တွင်ပါရှိသော “ပြည်ထောင် စု အစိုးရက တိုက်ရိုက်လုပ်တဲ့ စီမံကိန်း ပြည်နယ်အစိုးရမသိဖြစ်နေ” သတင်းမှ ရခိုင်ပြည်နယ် ကျောက်တောမြို့ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာစိန်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲခံရမှု KNU လုပ်ဆောင်ခြင်းမရှိဟုဆို

ရန်ကုန်မြို့တော်ရှိ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်ကွဲမှုသည် ကရင်အမျိုးအသားအစည်းအရုံး KNU က လုပ်ဆောင်ခြင်းဖြစ်သည်ဟု နိုင်ငံတကာသတင်းဌာနများ၏ အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားချက်များမှာ မှားယွင်းပြီး KNU ကယင်းသို့ လုပ်ဆောင်ခြင်းမရှိကြောင်း အဆိုပါအစည်းအရုံး၏ ကာကွယ်ရေးဌာနတာဝန်ခံ ဖဒိုစော ရောဂျာခင် ကပြောသည်။

စက်တင်ဘာ ၁၄ ရက်နေ့ညက ကုန်သည်ကြီးများဟိုတယ် ပေါက်ကွဲခဲ့မှုသည် KNU ၏ လုပ်ဆောင်ချက် ဖြစ်ကြောင်း နိုင်ငံခြားသတင်းဌာနများ၏ အင်တာနက်စာမျက်နှာများတွင် ဖော်ပြမှုနှင့်ပတ်သတ်ပြီး ၎င်းကယင်းသို့ ငြင်းဆန်လိုက် ခြင်းဖြစ်သည်။

“အဲလိုမျိုး စွပ်စွဲမယ်ဆိုရင်တောင် ကျွန်တော်တို့က လက်အောက်ခံတပ်မဟာတွေကို စစ်ဆေးရမယ်။ အစိုးရစွပ်စွဲ တာလား၊ သတင်းကစွပ်စွဲတာလား၊ ကျွန်တော်တို့မှာတော့ ဖောက်ခွဲရေးလုပ်ဖို့ ပေါ်လစီမရှိဘူး”ဟု ၎င်းကဆိုသည်။

တိုင်းရင်းသားများအားလုံး နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက် ဦးတည်သွားနေသောအချိန်တွင် KNU အနေနှင့် ယင်းသို့လုပ်ဆောင်မည်မဟုတ်ကြောင်း KNU တပ်မဟာ(၇) မှ ဗိုလ်မှူးကြီးဇော်ရှိုးက ပြောကြားသည်။

“အစိုးရနဲ့ KNU ခေါင်းဆောင်ပိုင်းတွေနဲ့ မကြခဏအဆက်အသွယ်ရှိပါတယ်။ လုံးဝမလုပ်ပါဘူး” ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းကို အားဆက်သွယ်မေးမြန်းရာတွင် မည့်သည့်မှတ်ချက်မျှမပေးနိုင်ကြောင်း ၎င်းကဆိုသည်။

“ ရှေ့မှာ သတင်းထုတ်ပြန်ပြီးသားဘဲ။ အဲဒီကိစ္စကိုဖြေဖို့ အချိန်မရှိဘူး။ မအားဘူး” ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြား သည်။

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ကုန်သည်ကြီးများဟိုတယ် ဗုံးပေါက်မှုကို ကျူးလွန်သည်ဟု သံသယရှိသူ ဖာပွန် မြို့နယ် သူမွဲထကျေးရွာတွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် စောမြင့်လွင်ကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် သထုံခရိုင် ဘီလင်း - နတ်ကြီးကားလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင်း မြို့ကြီးအချို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဗုံးပေါက်ကွဲမှုခြောက်ကြိမ်၊ ဗုံးတွေ့ ရှိရမှု လေးကြိမ်၊ ဗုံးလန့်မှု ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကာ လေးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ယုံကြည်မှုတည်ဆောက်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ခေါင်းဆောင်များသည် စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံထားသည်။

KNU ကို ၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီးနောက် အစိုးရကို နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင်တိုက်ခိုက်ခဲ့ပြီး သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရသစ်လက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

YC


၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာငွေရသုံးနှင့် ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ပြုလုပ်မည်

လာမည့် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံးဆိုင်ရာများနှင့် ပတ်သတ်၍ အဓိကထားဆွေးနွေးမည့် ပထမအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၃ ကို နိုဝင်ဘာ ၄ ရက်မှ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုပြုလုပ်မည့်အစည်းအဝေးတွင် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေရသုံးဆိုင်ရာများကို အဓိကထား ဆွေးနွေးမည့်အပြင် သယ်ယူပို့ဆောင်ရေးဆိုင်ရာဥပဒေကြမ်းအား ဆွေးနွေးခြင်းနှင့် လွှတ်တော်ကိုယ်စား လှယ်များက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းများ ဖြေကြားခြင်းနှင့် အဆိုတင်သွင်းခြင်းတို့ကိုလည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်၏ ဘဏ္ဍာငွေရသုံးဆိုင်ရာနဲ့ ပတ်သက်ပြီး ဒီအစည်းအဝေးမှာဘဲ အတည်ပြု မှာဖြစ်ပါတယ်။ လုံခြုံရေးကိစ္စနဲ့တော့ မဆိုင်ပါဘူး။ လုံခြုံရေးကိစ္စရပ်တွေကတော့ အစိုးရအဖွဲ့ကဘဲ လုပ်တာပါ။ လွှတ်တော်တင်ပြလေ့မရှိပါဘူး”ဟု ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားရန် ကျန်ရှိသည့် မေးခွန်း ၁၁ ခုနှင့် အဆို နှစ်ခုတို့ကိုလည်း ယခုအစည်းအဝေးတွင် ဖြေကြားမှုပြုလုပ်မည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး အကြံပြုချက်များကိုလည်း လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်ဖြစ်စေ၊ ပါတီအနေဖြင့်ဖြစ်စေ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့ရန်ရှိကြောင်း တာမွေမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးဝင်းထိန်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။

“ဒီအစည်းအဝေးက ဘတ်ဂျက်ကိစ္စကိုဘဲ အဓိကထားဆွေးနွေးမှာပါ။ အစည်းအဝေးက အနည်းဆုံးလေး ရက်ကနေ အများဆုံးအထိ ကြာနိုင်တယ်။ ဒီလိုအထူးအစည်းအဝေးက ပြီးခဲ့တဲ့နှစ်ကလည်း ခေါ်ခဲ့ဖူးပါတယ်” ဟုတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဆိုသည်။

ပြီးခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၂၊ ၁၃၊ ၁၆၊ ၁၇၊ ၁၈၊ ၂၀၊ ၂၃၊ ၂၄၊ ၃၀ ရက်များနှင့် အောက်တိုဘာ ၁ ရက် တို့တွင် ပြုလုပ်ခဲ့ပြီး ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေး နှစ် အတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုကို အတည်ပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကြမ်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းနှင့် ကုန်တင်ချအလုပ်သမား ဥပဒေ ကြမ်း တို့ကိုလည်း အတည်ပြုခဲ့ကြောင်း သိရသည်။

YC 


တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အမြတ်မထုတ်ရန်လိုကြောင်း ဟု ကာချုပ်ပြောကြား

မြန်မာတပ်မတော်အနေဖြင့်  လက်နက်ကိုင်တပ်ဖွဲ့အများစု လှုပ်ရှားရာ ဒေသဖြစ်သည့် တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေး ကိစ္စရပ်များကို အမှန်တကယ် ငြိမ်းချမ်းစေလိုသည် စိတ်ရင်းစေတနာမှန်ဖြင့် ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရိုးသားမှုရှိစွာ နှင့် အမြက်မထုတ်ရန် လိုကြောင်း ဟု တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းအောင်လှိုင်က  အောက်တိုဘာ ၁၄ ရက်နေ့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့သို့ ရောက်ရှိနေချိန် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui နှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းတွင် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက်  ငြိမ်းချမ်းရေးကို တပ်မတော်အနေဖြင့် အမှန်တကယ်လို လားကြောင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် တပ်မတော်က ပြည်သူလူထုအပေါ်ကို ဖိအားပေး မှုမဖြစ်စေရေးကို အဓိကထား ဆောင်ရွက်သွားပြီ ငြိမ်းချမ်းရေးကို ပြည်သူများက အမှန်တကယ် ရရှိလိုပါက မရနိုင်စရာ အကြောင်းမရှိဟု  ၄င်းက ဆက်လက်ပြောဆိုခဲ့သည်။

ထို့ပြင် တပ်မတော်ဘက်ကလည်း နိုင်ငံတော်လုံခြုံအောင် ကာကွယ်ရေးကို  အဓိကတာဝန်ထားပြီး  အိမ်နီးချင်း နိုင်ငံများ ၊ အာဆီယံနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံများနှင့်ပါ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးတိုးမြှင့်အောင်လုပ်ဆောင် နေကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုကို လေးစားကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆောင်ရွက်ချက်များကို ထောက်ခံအားပေးကြောင်းနှင့် တရုတ်- မြန်မာနယ်စပ်ဒေ သတစ်လျှောက်တွင် မြန်မာအစိုးရကို ဆန့်ကျင်လှုပ်ရှားဆောင်ရွက်မှုများကို ခွင့်မပြုနိုင်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ဘက်ကလည်း ပြောဆိုခဲ့သည်။

အနာဂတ်တွင်လည်း နယ်စပ်ဒေသများ အေးချမ်းတည်ငြိမ်ရေးနှင့် နှစ်နိုင်ငံအကြား စစ်မက်ရေးရာ ဆက်ဆံရေး တိုးမြှင့်ရန် မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံများနှင့်ပါ ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးတိုးမြှင်အောင်လုပ်ဆောင်နေကြောင်း သိရသည်။

ယင်းခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တရုတ်နိုင်ငံ၏ သံချပ်ကာယာဉ်များ တည်ဆောက်ရေးနှင့် လေယာဉ်တည်ဆောက်မှု နည်းပညာများကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဖယ်ဒရယ်မှုနှင့် ၄င်းတို့ လိုလားသည့် ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့်များကို ဆွေးနွေးနိုင်မှသာ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်မည်ဖြစ်ကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း ဝေဖန်ပြောဆိုခဲ့သည်။

 YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive