Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်မူ နှင့် ဘုံသဘောတူညီချက်များ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့မှ လက်မှတ်ရေးထိုး

အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကချင်ပြည်နယ် လိုင်ဇာရှိ ကေအိုင်အို ဌာနချုပ်တွင် ကျင်းပခဲ့ သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ ကွန်ဖရင့် (Ethnic Armed Organizations Conference – Laiza) တွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့တို့မှ အစိုးရနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မူကြမ်းကို လက်မှတ်ရေးထိုးရန် သဘောတူခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်နှင့် ပတ်သက်၍ ဘုံသဘောတူညီ ချက် ၁၁ ချက် အပါအဝင် အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဦးနိုင်ဟံသာက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ မည်ဖြစ်ကာ ပဒိုကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ်ဂွမ်မော်တို့က ဒုတိယခေါင်းဆောင်များအဖြစ် တာဝန်ယူဆောင်ရွက်မည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြောင်း အဆိုပါ ကွန့်ဖရင့်အပြီး ထုတ်ပြန်ချက်များမှ သိရသည်။

လိုင်ဇာတိုင်းရင်းသားညီလာခံ၏ သဘောတူညီချက်မူဘောင် ၁၁ ချက်တွင် အခြေခံမူများ၊ ရည်ရွယ်ချက်၊ နှစ်ဖက်လက်ခံ နိုင်သော နိုင်ငံရေးလမ်းပြမြေပုံချမှတ်ခြင်း၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့်အချက်များ၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ အကောင်အထည်ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့်အချက်များ၊ ဆွေးနွေးရေးကာလ အစီအမံများ၊ လက်မှတ်ရေး ထိုးခြင်းနှင့် အတည်ပြုခြင်း၊ အထွေထွေ အစရှိသည်တို့ ပါဝင်သည်။

ထိုသို့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲများ (Political Dialogue) ကို ၂၀၁၅ မတိုင်မီ ပြုလုပ်သွားရန် အပြင် အချိန်ကာလအားဖြင့် အပစ်ရပ်လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေး ပွဲမူဘောင် (Political Dialogue Framework ) ကိုရေးဆွဲကာ နောက်ထပ်ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူ အပြီးသတ်ရေးဆွဲ ရန် လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်များက သဘောတူခဲ့သည်။

အဆိုပါ သဘောတူညီချက်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS) အနေဖြင့် ဝင်ရောက်လက်မှတ်ထိုးခြင်းမရှိသေးကြောင်း သိရသည်။ ထိုသို့ လက်မှတ် ရေးထိုးခြင်းမရှိခဲ့သည်မှာ အသစ်ထပ်မံဖွဲ့စည်းခဲ့သော ရှမ်းပြည်ညီညွှတ်ရေးလုပ်ငန်းကော်မတီ၏ သဘောထားကောက်ခံ ရန် လိုအပ်နေသေး၍ ဖြစ်ကြောင်း RCSS/SSA ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းလှက ဆိုသည်။

“တကယ်တော့ သဘောမတူလို့ မထိုးနိုင်တာမဟုတ်ပါဘူး။ အားလုံးသဘောတူတယ်။ RCSS ရဲ့ချမှတ်ထားတဲ့ မူတွေနဲ့လည်း တစ်သွေမတိမ်း မထိုးနိုင်သေးတာပဲဖြစ်ပါတယ်ခင်ဗျာ။ ဗဟိုကို ကျွန်တော်တင်ပြပါတယ်။ ဗဟိုကပြောလာ တာက ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကို ရယူရမှာဖြစ်သလို ကျွန်တော်တို့ ရှမ်းပြည်ညီညွှတ်ရေး လုပ်ငန်းကော်မတီရဲ့ သဘောထားကို ရယူရန် လိုအပ်တဲ့အတွက် လက်မှတ်မထိုးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်က တိုင်းရင်းသားအားလုံးရဲ့ ရည်မှန်းချက်နဲ့ တန်းတူဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

လိုင်ဇာဆွေးနွေးပွဲသို့ ရခိုင်တပ်မတော် (AA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ပအိုဝ့်အမျိုးသားလွှတ် မြောက်ရေးအဖွဲ့ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ တအောင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ 'ဝ'အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကချင်အမျိုးသား လွှတ်မြောက် ရေးအဖွဲ့ (KIO) နှင့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့တက်ရောက် ဆွေးနွေးကာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး သက်သေများအဖြစ် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) နှင့် ဥရောပ-မြန်မာသံရုံး (EBO) မှဒါရိုက်တာ ဦးဟန်ညောင်ဝေ တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ပြင် လိုင်ဇာတိုင်းရင်းသားညီလာခံသို့ 'ဝ'ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP) နှင့် မိုင်းလားအဖွဲ့ (NDAA) တို့မှာ ဖိတ်ကြားထားသော်လည်း နှစ်ဖွဲ့စလုံး၏ ခေါင်းဆောင်များ ကျန်းမာရေးအခြေအနေကို အကြောင်းပြကာ တက်ရောက် ဆွေးနွေးခဲ့ခြင်းမရှိခဲ့ပေ။

YC


အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဥပဒေလာမည့်လွှတ်တော်တွင် အတည်ပြုနိုင်ရန်စီစဉ်

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်းကို ရေးဆွဲပြီးဖြစ်ကာ  နောက်တစ် ကြိမ်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှု ညွန်ကြား မှုဦးစီးဌာနမှ သတင်းရရှိသည်။

“စီးပွားရေးလုပ်ငန်းတွေကို ဥပဒေနဲ့အညီလုပ်နိုင်ကိုင်နိုင်အောင်ပေါ့။ ဒီအသေးစား၊ အလတ်စားလုပ်ငန်းတွေရဲ့ ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို ဥပဒေထဲမှာ ထင်သာမြင်သာရှိအောင် ထည့်သွင်းထားပါတယ်။ သူတို့ကိုအကာ အကွယ်ပေးရာမှာ ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်အောင်ပေါ့။ သူတို့ရဲ့ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ အခွန်သက်သာခွင့်၊ ဘဏ်ချေးငွေ၊ နည်းပညာနဲ့ ငွေကြေးအရင်းအနှီးရနိုင်ဖို့ ဆိုတာမျိုးတွေပါမယ်။ အလားတူ ပြစ်မှု၊ ပြစ်ဒဏ်တွေဆိုတာမျိုးတွေ ပါလာမယ်”ဟု စက်မှုဝန်ကြီးဌာန၊ စက်မှုညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသောင်းမြင့်က ပြောသည်။

အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ သဘောတူညီချက်အရ စီးဝင်လာမည့် ကုန်စည်ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုများအား ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိရန်နှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများကြောင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပြိုလဲထိခိုက်မှုမရှိစေရန်နှင့် အသေးစား အလတ်စားစီးပွားရေးလုပ် ငန်းများ ရှင်သန်ကြီးထွားနိုင်စေရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေရေးဆွဲခြင်းဖြစ်ကြောင်း သိရ သည်။

“ယခင်ဥပဒေအရ လက်ရှိအချိန်မှာ အကြီး၊ အသေး၊ အလတ် သတ်မှတ်တာကအစ ခေတ်နဲ့ လျော်ညီမှုမ ရှိတော့ဘူး။ အဲ့ဒါတွေကို ခေတ်နှင့်အညီဖြစ်အောင် ပြင်ဆင်သတ်မှတ်မယ်။ ပြီးတော့ အခုဥပဒေမှာ စက်မှုလုပ်ငန်းတွေ တင် မဟုတ်ဘဲနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားကုမ္ပဏီတွေ၊ အခြားစီးပွားရေးဆိုင်ရာလုပ်ငန်းတွေကို လည်း ထည့်သွင်းပြီး ဥပဒေနဲ့အကျုံးဝင်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်” ဟု ဦးသောင်းမြင့်ကဆိုသည်။

မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသော စက်မှုဇုန်လုပ်ငန်းများရှိ လုပ်ငန်းစုစုပေါင်း၏ ၉၉ ဒသမ ၄ ရာခိုင်နှုန်းမှာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်ပြီး ၎င်းလုပ်ငန်းများကို ၁၉၉၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းထားခဲ့သည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းဥပဒေဖြင့်သာ လုပ်ငန်းဆောင်ရွက်နေကြောင်း စက်မှုဝန်ကြီးဌာနမှ သတင်းရ ရှိသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစေရန်အတွက် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ မကြာမီအတည်ပြုမည်ဖြစ်သလို မြန်မာ့စက်မှုဇုန်ဥပဒေ၊ မြန်မာ့စက်မှု လုပ်ငန်း ဥပဒေတို့ကိုလည်း အတည်ပြုပြဋ္ဌာန်းနိုင်ရန် ရေးဆွဲနေကြောင်း စက်မှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

YC


 

တရုတ်၏မဟာဗျုဟာလွှမ်းမိုးမှုအားထိန်းညှိရန် အိန္ဒိယက မြန်မာကို စစ်ရေးအကူအညီပေးမည်

မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ မဟာဗျုဟာလွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာနှင့် ပိုမိုပူးပေါင်း ကာ စစ်ရေးအကူအညီ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း The Time of India သတင်းစာ၏ ဖော်ပြချက် အရ သိရှိရသည်။

“ မြန်မာဟာ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ခြင်း၊ စစ်ရေးလေ့ကျင့်ပေးခြင်းနဲ့ နယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက် ရေးအစရှိတဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ အိန္ဒိယနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကို တိုးမြှင့်ဖို့ စိတ်အား ထက်သန်နေပါ တယ်။ အိန္ဒိယတပ်မတော် လေ့ကျင့်ရေးအဖွဲ့တစ်ခုကို သိပ်မကြာခင်အချိန်မှာ မြန်မာ့မြေပေါ်မှာ ထားရှိဖို့ ကိုလည်း သဘောတူခဲ့ပါတယ်” ဟုအိန္ဒိယတပ်မတော်မှ အရာရှိတစ်ဦးက ဆိုသည်။

အိန္ဒိယကြည်းတပ်ဦးစီးချုပ်၏ မြန်မာနိုင်ငံသို့လာရောက်သည့်ခရီးစဉ်တွင် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကာကွယ် ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိန္ဒိယကြည်းတပ်ဦးစီးချုပ်၏ ခရီးစဉ်တွင် မြန်မာ့တပ်မတော်လေ့ကျင့်ရေးတွင် အသုံးပြုရန်အတွက် စစ်ရေးလေ့ကျင့်မှု ဆော့ဖ်ဝဲလ်နှစ်ခုဖြစ်သည့် စစ်မြေပြင်ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ခြေလျင်တပ်မှူးလေ့ကျင့်ရေး ဆော့ဖ်ဝဲလ်များလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

“အခုလက်ရှိမှာကိုဘဲ မြန်မာ့တပ်မတော်က နှစ်စဉ် စစ်အရာရှိဦးရေ ၁၀၀ ခန့်ဟာ အိန္ဒိယမှာရှိတဲ့ စစ်သင်တန်း ကျောင်း တွေမှာ တက်ရောက်လေ့ကျင့်သင်ကြားနေပါတယ်”ဟု အဆိုပါစစ်အရာရှိကပင် ဆက်လက်ပြောကြားခဲ့သည်။

မြန်မာတပ်မတော်မှ လာရောက်သင်ယူနေသည့် စစ်အရာရှိများမှာ တခြားနယ်ပယ်ပညာရပ်များထက် သံချပ်ကာတပ် များတွင်ပါဝင်သည့် တင့်ကားနှင့် ခြေလျင်တိုက်ပွဲဝင်ယာဉ်သင်တန်းများ၊ နည်းပညာသင်တန်းများနှင့် အင်္ဂလိပ်စာနှင့် ထောက်လှမ်းရေးသင်တန်းများကို သင်ယူရန် ပိုမိုစိတ်ဝင်စားသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် အိန္ဒိယကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

YC


 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

အိန္ဒိယနှင့် နယ်စပ်လုံခြုံရေးကိစ္စ မြန်မာကာကွယ်ရေးဦးစီးချုပ် အလေးထားပြောဆို

(IANS မှ 31 Oct 2013 ရက်စွဲပါ “Myanmar defense chief stresses border security with India” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံနှင့် နယ်စပ်တွင် တည်ငြိမ်မှုနှင့် လုံခြုံမှုရှိရန် လိုအပ်ကြောင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလေးထားပြောဆိုသည်ဟု ကြာသာပတေးနေ့ သတင်းများက ဆိုပါသည်။

နေပြည်တော်တွင် အိန္ဒိယစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီဂရမ်ဆင်းနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အေးချမ်းမှုနှင့် တည်ငြိမ်မှုသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အောင်မြင်ရေးတွင် အရေးကြီး သော ကဏ္ဍမှပါဝင်သည်ဟုလည်း ပြောကြားခဲ့ကြောင်း Yinhua သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံအကြား ဆယ်စုနှစ်ချီ ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုများရှိခဲ့ခြင်း နယ်စပ်ဒေ သများတွင် ပိုမိုအေးချမ်းခြင်း၊ အခြားဒေသများထက် ပိုမိုတည်ငြိမ်မှုရှိခြင်းတို့အတွက် ကျေးဇူးတင် ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဗိုလ်ချုပ်ကြီး ဘီဂရမ်ဆင်း ကလည်း နယ်စပ်တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများတွင် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံ အတည်ပြုပြော ဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး ဘီဂရမ်ဆင်း သည် ဗုဒ္ဓဟူးနေ့တွင် မြန်မာသမ္မတဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ထိုးထားသော နောက်ဆုံးသဘောတူညီချက်များ အကောင်အထည်ဖော်ရေး နှင့် မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံက အကူအညီပေးရေး တို့ကိုဆွေးနွေးခဲ့သည်ဟု သိရှိရ သည်။

အိန္ဒိယစစ်တပ်အကြီးအကဲသည် နှစ်ရက်အကြာ အလည်အပတ်ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က နေပြည်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလ ကလည်း အိန္ဒိယကာကွယ်ရေး ဝန်ကြီး အေကေအန်တိုနီ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။

အိန္ဒိယနိုင်ငံသည် ရေတပ်သုံး ရေဒါထောက်လှမ်းရေးစနစ်တစ်မျိုးကို မကြာသေးမှီက မြန်မာနိုင်ငံသို့ ရောင်းချပေး ခဲ့ပြီး မြန်မာ့တပ်မတော် ခေတ်မှီရေးအတွက် စစ်လက်နက်ပစ္စည်းကိရိယာများ ရောင်းချပေးရန် ရှိသည်ဟုသိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive