Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

(4 Nov 2013 ရက်စွဲပါ SBS မှ AAP ၏ Burma still fragile: Peace Prize Winner ကိုဘာသာပြန်ဆိုသည်)

(Radio Australia မှ 5 Nov 2013 ရက်စွဲပါ Myanmar democracy figure Aung San Suu Kyi to tour Australia ကို ဘာသာပြန်ဆိုသည်)


မြန်မာနိုင်ငံ၏အခြေအနေမှာ ကျိုးပျက်လွယ်ဖြစ်နေသေးကြောင်း ဆစ်ဒနီငြိမ်းချမ်းရေးဆုရှင်ပြော

(4 Nov 2013 ရက်စွဲပါ SBS မှ AAP ၏ Burma still fragile: Peace Prize Winner ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နှိပ်စက်သောစစ်အစိုးရအုပ်ချုပ်ရေးမှ ဝေးရာသို့သွားနေသော်လည်း တိုင်းပြည်၏ ဒုက္ခသည်များ ကိစ္စကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန် အလှမ်းဝေးနေသေးကြောင်း ဆစ်ဒနီမှ အသစ်ချီးမြှင့်သော ငြိမ်းချမ်းရေးဆုရသူ ဒေါက်တာစင်သီယာမောင် က ပြောကြားခဲ့ပါသည်။

ဒေါက်တာစင်သီယာမောင်သည် တိုင်းရင်းသား ကရင်လူမျိုးဖြစ်ပြီး ၁၉၈၈ အရေးအခင်းအပြီးတွင် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေးခဲ့သူ ဖြစ်ပါသည်။ သူသည် နယ်စပ်ရှိအိမ်ကလေးမှ စတင်၍ မယ်တော်ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် လူ (၁၅၀၀၀၀) ခန့်ကို စောင့်ရှောက်မှုပေးနေပါသည်။

ဆေးခန်း၏လူနာအများစုမှာ ပြည်တွင်းမှ အိုးမဲ့၊အိမ်မဲ့များ (IDFs) နှင့် ထိုင်းနိုင်ငံတွင် တရားဝင်စာရွက်စာတမ်း မရှိပဲ အလုပ်လုပ်နေသူမြန်မာများဖြစ်ပါသည်။

ဆေးခန်းသည် သားဖွားဆရာမများ၊ ကျန်းမာရေးလုပ်သားများကိုလည်း လေ့ကျင့်သင်ကြားပေးပြီး မြန်မာနိုင်ငံ၏ ကလေးငယ်သေဆုံးမှုနှုန်းမြင့်မားမှုကို လျှော့ချရန် ရည်ရွယ်ခဲ့ပါသည်။

မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ကလေးသူငယ်များ၏ တစ်ဝက်ခန့်မှာ အိမ်တွင် မွေးဖွားကြရပါသည်။ နယ်စပ်မြို့ များနှင့် တိုင်းရင်းသားဒေသများတွင် အဆိုပါကိန်းဂဏန်းမှာ ၉၀% ခန့်ရှိလာသည်ဟု ၎င်းက ပြောပါသည်။

ထိုသို့သော ကျန်းမာရေးအရ ဆိုးရွားနေသည့် အခြေအနေများရှိသည့်အပြင် နေအိမ်တွင် မွေးဖွားသော ကလေးများ သည် မျိုးဆက်တစ်ခုလုံး ဒုက္ခသည်ဖြစ်စေရန်ဖန်တီးလာရကြောင်း အကြောင်းမှာ ၎င်းတို့မှာ မှတ်ပုံတင်၍ မရသဖြင့် နိုင်ငံ သားဖြစ်ခွင့်လည်းမရသောကြောင့် ဖြစ်သည်ဟု Dr မောင် ကဆိုပါသည်။

“ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ကလေးငယ်များစွာဟာ ဆိုးရွားတဲ့အခြေအနေမှာရှိနေပြီး ကလေးအလုပ်သမားနဲ့ လူကုန်ကူးမှုတွေဖြစ်စေပါတယ်။” ဟု ၎င်းက AAP သို့ တနလာင်္နေ့ကပြောကြားပါသည်။

မကြာသေးမီက ဆေးခန်းသည် ကျောင်းတစ်ကျောင်းဖွင့်လှစ်ခဲ့ရာ ကျောင်းသို့ လာရောက်ကျသော ကလေးများ၏ ၇၀% သည် စာအုပ်မပါကြကြောင်း သူက ပြောပါသည်။

Dr.မောင်က ပြောကြားရာတွင် ဆုကိုအသုံးပြု၍ သြစတြေးလျလူမျိုးများကို သတိပေးလိုသည်မှာ မြန်မာနိုင်ငံက ဖိနှိပ်သောစစ်အစိုးရ၏ သမိုင်းကို ထားခဲ့ရန်ကြိုးစားနေသော်လည်း တိုင်းပြည်၏ တိုင်းရင်းသား လူဦးရေအများစု မှာ နေအိမ်များ စွန့်ခွာထွက်ပြေးရဆဲ ဟုဆိုပါသည်။

“အပစ်အခတ်ရပ်စဲရေးက သိပ်မခိုင်မာလှသေးပါဘူး။ ဒုက္ခသည်တွေက သူတို့အရပ်ပြန်ချင်ပေမယ့် ကြောက်နေ ကြသေးတယ်” ဟု သူကဆိုပါသည်။

“မြေယာသိမ်းဆည်းမှုများမှာလည်း ဒုက္ခသည်တွေ နေရပ်ပြန်မယ့်ကိစ္စမှာ အတားအဆီးဖြစ်နေတဲ့ကိစ္စတစ်ခု ဖြစ်ပါ တယ်” ဟု ဆိုပါသည်။

Dr.မောင် သည် ကြာသာပတေးနေ့တွင် ဆုလက်ခံမယူမီ ဗုဒ္ဒဟူးနေ့၌ ဆစ်ဒနီမြို့တော်ခန်းမတွင် ငြိမ်းချမ်းရေး ဆုအမှာစကားပြောကြားမည် ဖြစ်ပါသည်။

ယခင်က ထိုဆုရရှိခဲ့ဖူးသူများတွင် ဘုန်းတော်ကြီး ဒက်စမွန်တူး၊ ပါမောက္ခ ချောင်စကီတို့ပါဝင်ပြီး၊ ပြီးခဲ့သည့်နှစ် က ဇင်ဘာဘွေ ဆီနိတ်တာ Sekai Holland ကရရှိပါသည်။


သြစတြေးလျသို့ ဒီမိုကရေစီပြယုဂ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်လည်ပတ်မည်

(Radio Australia မှ 5 Nov 2013 ရက်စွဲပါ Myanmar democracy figure Aung San Suu Kyi to tour Australia ကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင်နှင့် ဒီမိုကရေစီရေးဆော်သြသူ ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံသို့ ယခုနိုဝင်ဘာလအတွင်းသွားရောက်လည်ပတ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီ၊ ကန်ဘာရာနှင့် မဲလ်ဘုန်းမြို့များသို့ နိုဝင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိသွားရောက်မည်ဖြစ်သည်။

ခရီးစဉ်အတွင်း သူမအနေဖြင့် ဆစ်ဒနီတွင်ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ကွန်ဖရင့်အပါအဝင် အများပြည်သူ နှင့်ဆိုင်သော အခမ်းအနားများသို့ တက်ရောက်ရန်ရှိပြီး သြစတြေးလျမှ မြန်မာများနှင့်လည်း တွေ့ဆုံသွားမည် ဟုသိရ သည်။

သြစတြေးလျ အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး Julie Bishop က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုရမည့်အတွက် ဝမ်းသာကြည်နူးမိပါကြောင်း ပြောကြားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်


ပြည်ထောင်စုလွှတ်တော်မှအတည်ပြုပေးခဲ့သည့် ဘတ်ဂျက်စာရင်းနှင့်ပတ်သက်၍ Myanmar Egress နှင့် Action Aid တိုမှ့ပူးပေါင်းစစ်တမ်းကောက်ယူ

သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ရသုံးမှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ တောင်းခံလာမှုအား ပြည်ထောင်စု လွှတ်တော်မှ စီစစ်အတည်ပြုပေးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဘတ်ဂျက် နှင့်ပတ်သက်၍ ပြည်သူများ၏ နားလည် သဘောပေါက်မှု စစ်တမ်းကို Myanmar Egress နှင့် Action Aid တို့မှ ပူးပေါင်းစစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်တမ်းကောက်ယူရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၄ မြို့နယ်၊ ကရင်ပြည် နယ်ရှိ မြို့နယ် ၄ မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တို့တွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော်ကြာ တပ်မတော်အစိုးရများ၏ ထိန်းချုပ်မှုအောက်တွင် နိုင်ငံရေး ပါဝင် ပတ်သက်ခွင့်များ၊ သတင်းမှန်ရေးသားတင်ပြမှုများကို ကန့်သတ်ပိတ်ပင်ခံထားရသည့်အတွက် မြန်မာ့လူ့အဖွဲ့အစည်း အတွင်း နိုင်ငံ့ရေးရာကိစ္စရပ်များ၌ အကြောက်တရားများသာစိမ့်ဝင်ကာ အသိဥာဏ်ပညာ ကွာပာချက်များလည်း ကြီးထွားလာခဲ့ရသည်။ ယင်းအကြောက်တရားများမှာ လက်ရှိအစိုးရသစ်လက်ထက်ထိတိုင် ပါလာခဲ့ပြီး ယခုကဲ့သို့  စစ်တမ်း ကောက်ယူရာတွင်လည်း ရသုံးမှန်း ခြေငွေစာရင်းနှင့်ပတ်သက်၍ မေးမြန်းရာ၌ ရှောင်လွှဲခြင်းနှင့် နိုင်ငံ့ရေးရာ ကိစ္စရပ်များ တွင် နားလည် နိုင်စွမ်း ကင်းမဲ့လာခဲ့ကြောင်း ယင်းစစ်တမ်းမှ ဖော်ပြထားသည်။

“ကျွန်တော်တို့ကို ဒီလို တွေဖြေခိုင်းတာက ကျွန်တော်တို့ ပြည်သူတွေအတွက် ဘာပြန်ရမှာလဲ။ နောက်ဆုံး အစိုးရက ပြည်သူတွေဆီကနေ ထောက်ခံချက်တွေ ရပြီဟေ့ဆိုပြီး လုပ်ချင်ရာလုပ်မှာ ဆိုရင်တော့ မဖြေနိုင်ပါဘူး။ နောက်တစ်ခုက ဘတ်ဂျက်ဆိုတာ ဘာမှန်းမသိတာကို လာဖြေခိုင်း နေတော့ ဘယ်လိုဖြေရမလဲ ထင်တာတွေပဲ လျှောက်ဖြေနေရမှာပဲ။ ဒီတော့ကျွန်တော်တို့ ပြည်သူတွေ အသိပညာတွေအရင်  ပေးသင့်တယ်လို့ ထင်ပါတယ်”ပာု ဒေါပုံမြို့နယ်အတွင်းမှ ပြည်သူတစ်ဦးက ပြောကြားသည်။

“ပြည်သူတွေဆီကစစ်တမ်းကောက်တဲ့အခါမှာသူတို့ တွေနားမလည်တဲ့ အတွက်ရှင်းပြရတာ တော်တော်လေး ကိုအခက်အခဲတွေ့ ပါတယ်။ အဲဒီိလို့အချိန်မျိုးမှာ စစ်တမ်းကောက်တဲ့သူတွေက စိတ်ရှည်ရပါမယ်ဆိုတာကို နားလည်သွား ပါတယ်။ အဓိကကတော့ ပြည်သူတွေက ဘတ်ဂျက်ဆိုတဲ့ အကြောင်းအရာကို မသိရှိကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်’ပာု မှော်ဘီမြို့နယ်အတွင်း စစ်တမ်း ကောက်ယူခဲ့သူတစ်ဦးက ပြောကြားခဲ့သည်။

စစ်းတမ်းကောက်ယူရာတွင် ရလဒ်များအနေဖြင့် မြန်မာလူ့အဖွဲ့အစည်းအတွင်း နိုင်ငံတော်၏ ရသုံးမှန်းခြေ ငွေစာရင်း နှင့်ပတ်သက်၍ အဆိုပါစကားလုံးအား ကြားဖူးသူ ၇၂ ရာခိုင်နှုန်း၊ အခြေခံ သိနားလည်သူ ၂ ရာခိုင်နှုန်း သာ ရှိကြောင်း စစ်တမ်းအရ သိရသည်။ ထို့ကြောင့် အစိုးရ အနေဖြင့် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း နှင့် ပတ်သက် သည့်အသိပညာ၊ ဗပာုသုတများကို ပြည်သူများ သိရှိနိုင်စေရန် ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံအချို့ က ပြောကြားခဲ့သည်။

ယင်းသို့ သိစေခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်ချက်တစ်ခုတည်ဆောက်နိုင်ကာ နိုင်ငံ၏ အသွင်ကူးပြောင်းယန္တယားများကိုလည်းယခုထက်ပို၍ သိမ်မွေ့ညင်သာစွာ ဆောင်ရွက်သွား နိုင်လိမ့်မည်ဟုလည်း ယင်းစစ်တမ်းက သုံးသပ်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိအစိုးရသစ်လက်ထက်မှစတင်ကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ရေးဆွဲ တင်ပြမှုအား ပြည်ထောင်စုလွှတ်တော်မှ စီစစ်အတည်ပြုခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် ပါရှိသည့် စစ်အသုံး စရိတ်နှင့်ပတ်သက်၍ လက်ရှိ ပြင်ပတွင် ဝေဖန်သံများ ထွက်ပေါ် လျက်ရှိသည်။

YC 


ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်အယောင်များဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကြမ်းအား လွှတ်တော်တွင်ဆွေးနွေးမည်

နိုင်ငံတော်သမ္မတ ကျပ် ၁၅ သိန်း၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်ထောင်စုတရားသူကြီးချုပ် ကျပ် ၁၂ သိန်း စသည်ဖြင့် လစဉ်ချီးမြှင့်ငွေများခံစားခွင့်ရှိမည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ အဆောင်ဘ အယောင်များ ဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်တွင် ဘဏ္ဍာရေးဝန်ကြီးဌာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လင်းအောင်က အဆိုင်တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိသည့်အတွက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်မှာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ နဲ့ ကောင်စီဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေကို နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်အရ လျှော့ပြီး ခံစားနေကြပါတယ်။ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မခံစားဘဲလျှော့ပြီး ဆက်လက်ခံစားမည် ဆိုပါက သက်ဆိုင်ရာဥပဒေများကို လျှော့ချပြင်ဆင်ပြဋ္ဌာန်းပေးပြီး လက်တွေ့ကျကျဆောင်ရွက်ဖို့ လိုပါတယ်”ဟု အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင် ဦးစောမော်ထွန်းက ဆိုသည်။

အဆိုပါဥပဒေကြမ်းအား အဓိကပြင်ဆင်ရသည့် အကြောင်းအရာမှာ ဝင်ငွေခွန်ဥပဒေအရ အခွန်ကောက်ခံ နိုင်ရန်အတွက် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေအသီးသီးတွင် “ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်” ဆိုသည့် အခွန်ကင်းလွတ်ခွင့်ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန်အတွက် ဆောင်ရွက်ခြင်းကြောင်း၊ မည်သူမဆို လစာခေါင်းစဉ်မှ ဝင်ငွေအပေါ် သတ်မှတ်ထားသော သက်သာခွင့်များကို ယခုနှိမ်ပြီးနောက် ကျန်လစာ ဝင်ငွေအပေါ်တွင် ဝင်ငွေခွန်ပေး ဆောင်ရန်နှင့် ထို့သို့ပေးဆောင်ရာတွင်လည်း ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်မှသာ ပေးဆောင်ရန် ထည့်သွင်းဖော်ပြထား သဖြင့် အကျုံးဝင်သူများအားလုံးအခွန်ပေးဆောင်နိုင်ရေးအတွက် ဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာဥပဒေကြမ်းအား  ဆွေးနွေးမည့် ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။

YC


လုံခြုံရေးအခြေအနေကြောင့် ကချင်စစ်ပြေးဒုက္ခသည်တို့ကို မကူညီနိုင်ဟု UN ပြော

ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ ကချင်စစ်ပြေး ဒုက္ခသည်တို့အတွက် ကယ်ဆယ်ရေး အကူအညီများ သွားရောက်ပေးအပ် လိုသော်လည်း လုံခြုံရေးအခြေအနေ မကောင်းသည့်အတွက် သွားရောက်နိုင်ခြင်း မရှိသေးဟု ကုလသမဂ္ဂ ပြန်ကြားရေး ဌာနမှ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောသည်။

“မန်စီမှာရှိတဲ့ ဒုက္ခသည်တွေဆီကို သွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် လုံခြုံရေးအရ ဘယ်လိုမှ စိတ်မ ချရသေးဘူး။ လုံခြုံရေးကို စိတ်ပူလို့ မသွားဖြစ်သေးတာပါ။ ကူညီတဲ့ အစီအစဉ် ဘာမှ မစရသေးပါဘူး။ အဓိကက လုံခြုံရေး မကောင်းလို့ပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

အောက်တိုဘာ ၂၂ မှ စတင်၍ စတင်၍ အစိုးရ စစ်ကြောင်းချီတက်လာရာမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် မန်စီမြို့နယ် နမ့်လင်းပါးကျေးရွာတွင် ဒုက္ခသည် ၁၆၀၀ ခန့် ရှိနေကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံတို့ စားနပ်ရိက္ခာ ပြတ်လပ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်းများလည်း လုပ်ဆောင်၍ မရသေးဟု ဒုက္ခသည်များကို အကူအညီပေးနေသူ ဗန်းမော်မြို့ခံ မကေသီက ဆိုသည်။

“စစ်တပ်က တားထားတယ်ရယ် မဟုတ်ပေမယ့် သူတို့တပ်တွေက ရှေ့ကနေ ပစ်နေတော့ ဘယ်လိုမှ ဆက်သွားလို့ မရဘူး” ဟု ယင်းက ပြောကြားသည်။

ဒုက္ခသည်တို့အတွက် ဗန်းမော်မြို့မှ ဂရုဏာမြန်မာ လူမှုမြှင့်တင်ရေးအဖွဲ့၊ မိုင်းခေါင်ကျေးရွာမှ KBC ဘုရား ကျောင်း၊ ကတ်သလစ်အသင်းတော် ကျောင်းများမှ ရိက္ခာထောက်ပံ့ပေးရန် လုပ်ဆောင်လျက်ရှိသော်လည်း အခက်အခဲ များရှိနေကြောင်း သိရသည်။

ဒုက္ခသည်တို့အတွက် စားနပ်ရိက္ခာများ နိုဝင်ဘာလ ၂၉ ရက်ကတည်းက ပြတ်လပ်လျက်ရှိရာ စိုးရိမ်စရာ အခြေအနေ ဖြစ်နေသည်ဟု ဂရုဏာ မြန်မာလူမှု မြှင့်တင်ရေးအဖွဲ့ဝင် ဦးနော်ဒင့်က ပြောသည်။

“ကျွန်တော်တို့ ကြိုးစားလုပ်နေပေမယ့် ဆန်တွေကို ပို့ဖို့က အခက်အခဲဖြစ်နေတယ်။ ရွာကသူတွေက သူတို့ စိုက်ထားတဲ့ စိုက်ခင်းတွေကလည်း ဘာမှ မရှိတော့ဘူး။ ရှိတာတွေလည်း အပြင်ထွက် ရိတ်သိမ်းလို့မရနဲ့ ဘာတွေ စားနေကြလဲပဲ စိတ်ပူနေတာ” ဟု ၎င်းက ဆိုသည်။

၂၀၁၁ ခုနှစ် ဇွန်လကတည်းက အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တိုက်ပွဲများအတွင်း ထွက်ပြေး တိမ်းရှောင်နေသည့် ကချင်ဒုက္ခသည် ခုနှစ်သောင်းနီးပါး ရှိနေနိုင်သည်ဟု ဒုက္ခသည်အရေး ကူညီနေသည့် အဖွဲ့အစည်း များက ဆိုသည်။

ဒုက္ခသည်များအတွက် အကူအညီပေးရာတွင် အတားအဆီးများ ရှိနေခြင်းကြောင့် ဒုက္ခသည်အားလုံး၏ ၂၀ ရာခိုင်နှုန်းကိုသာ ကူညီနိုင်သေးသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေး ရေးရုံး UNOCHA ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 YC


 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive